YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Miraculous.Brothers.S01E09.1080p(CM).mp4

773.44 MB N/A video/mp4 139 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Happy Gilmore
6.6

လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။ File size…(2.82GB)  / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Min Khant Kyi Win

Romance
6.6 1996 92 mins
Happy Gilmore
The Mystery of Her
6.8

IMDb Rating - 7.9/10 အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ The Mystery of Her ဆိုတဲ့ Teen Drama ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ အယ်လီဆန် စပန်ဆာဆိုတဲ့ အထက်‌တန်းကျောင်းသူ တစ်ယောက်ဟာ ကားမတော်တဆမှု ဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးနေခဲ့ပါတယ်။ ကျောင်းကအပြန်လမ်းပျောက်နေတုန်း သူ့ကို သိတယ်ဆိုတဲ့ ကင်မရွန်းဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့လည်း ဆုံဖြစ်ခဲ့လေသည်။ တစ်ရက်တွင် အခန်းရှင်းရင်း ကဗျာတွေရေးထားသော စာအုပ်တစ်အုပ် သူ့အိပ်ရာအောက်မှ ထွက်လာလေသည်။ ထိုစာအုပ်အကြောင်းကို အရင်းနှီးဆုံးဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ရည်းစားဖြစ်သူ မေးကြည့်သော်လည်း ဘယ်သူမှမသိကြပေ။ ထိုစာအုပ်ထဲက ကဗျာတွေကို ဘယ်သူ့ကိုမှ မပြဘဲ တစ်ယောက်တည်း သိမ်းထားရင်း သူရေးတာရော ဟုတ်ရဲ့လားဟု ပဟေဠိဖြစ်နေလေသည်။ ကင်မရွန်းနဲ့ ထပ်မံဆုံတွေ့ဖြစ်ရာမှ ထိုစာအုပ်ရဲ့ ပဟေဠိကို ဖြေရှင်းဖို့ကြိုးစားရင်း မှတ်ဉာဏ်မပျောက်ဆုံးခင်က သူဘယ်လိုလူလဲဆိုတာ ပြန်လည်ရှာဖွေဖို့ ဖြစ်လာပါတော့တယ်။ အယ်လီဆန် စပန်ဆာဆိုတဲ့ ကောင်မလေးက ဘယ်လိုလူဆိုတဲ့ ပဟေဠိကို အယ်လီ၊ ကင်မရွန်းတို့နဲ့အတူ လိုက်ပါရှာဖွေကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin, Pyg တို့ဖြစ်ပါတယ်) File Size - (1.67 GB) / (830 MB) / (547 MB) Quality – WebDL 1080p / 720p/480p Duration - 1h 48mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama Translator – Leonard Lin, Pyg Encoder – SWM

Comedy • Crime • Thriller
6.8 2022 109 mins
The Mystery of Her
She Will
5.4

She will (2021) =========== ဒီဇာတ်ကားကတော့ 2021 မှာ ထွက်ရှိခဲ့ပြီး IMDb 5.5 ရရှိထားတဲ့ Psychological Horror and Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းကတော့ ဗရိုနီကာ ဂန့်ထ် ဆိုတဲ့ နာမည်ကြီးမင်းသမီးကြီး တစ်လက်ဟာ ခွဲစိတ်မှုတစ်ခုကို ခံယူပြီး ပြန်လည်ထူထောင်ရေးအတွက် စကော့တလန်နယ်ဘက်မှာ သွားရောက်နေထိုင်ရာမှ စတင်လာပါတယ်။ ဒေစီ ဆိုတဲ့ သူနာပြုအကူတစ်ယောက်လည်း ဗရိုနီကာ့ကို ပြုစုပေးဖို့အတွက် သူမနဲ့အတူတူ လိုက်ပါလာခဲ့တယ်။ အဆိုပါနေရာက ဆက်သွယ်မှုပြင်ပ ဧရိယာတစ်ခုဖြစ်ပြီး ထိတ်လန့်ဖွယ် အဖြစ်ဆိုးတွေနဲ့ တည်ရှိနေခဲ့တဲ့ နေရာတစ်ခုပါ။ လူထောင်ချီ မီးလောင်သေဆုံးခဲ့ရပြီး ထူးဆန်းဖွယ် ရွှံ့နွံတွေအပြည့်နဲ့ နေရာမှာ ဗရိုနီကာတို့လိုပဲ အနားယူဖို့ လာရောက်ကြတဲ့ လူထူးဆန်းတွေလည်း ရှိလို့နေပါတယ်။ ဗရိုနီကာလည်း အဲဒီကိုရောက်မှ သူမရဲ့ ငယ်ဘဝက စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာပြီး အိပ်မက်တွေနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအင် တွေ ရရှိလာတာကို သိလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကြောက်လန့်ဖွယ် အဖြစ်အပျက်တွေနဲ့ ထိတ်လန့်ဖွယ်အတိတ်ဆိုးတွေ ပြန်လည်စတင်လာပါတော့တယ်။ မီးလောင်မှုတွေနဲ့ ရွှံ့နွံတွေကြား ဆက်စပ်မှုတွေ၊ စုန်းမငှက်မွှေးလို့ခေါ်ကြတဲ့ ကျပ်ခိုးတွေနဲ့ အမှောင်ထုတွေကြားက ဒဏ္ဍာရီဆန်ဆန်ဇာတ်လမ်းတွေကို မြင်တွေ့ရမှာမို့ Psychological Horror and Thriller ကြိုက်တဲ့သူတွေအဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)

Sci-Fi & Fantasy • Western
5.4 2021
She Will
Pachuvum Athbhuthavilakkum
7.6

Paachuvum Albhuthavilakkum 2023 2023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ် ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ ‌အကြောင်းပါ ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါ ပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ်

7.6 2023
Pachuvum Athbhuthavilakkum
Adam’s Apples
Three Wise Men and a Baby
7.6

Three Wise Men and a Baby (2022) ========================== IMDb Rating – 7.6/10 ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။ သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (604 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Ngwe Zin Encoder……….SWM

7.6 2022 84 mins
Three Wise Men and a Baby
Humanist Vampire Seeking Consenting Suicidal Person
7.2

Humanist Vampire Seeking Consenting Suicidal Person (2023) ~ IMDb – 7.2/10, Rotten Tomatoes – 82% ~ “ရိုးရှင်းခြင်း၌ အလှတရားရှိ၏” တဲ့။ အိုင်ဒီယာလည်းမဆန်းဘူး။ တင်ပြပုံလည်းမဆန်းဘူး။ ဆန်းတာက ဒီလိုတင်ပြသွားလို့ လှသွားတဲ့အချက်ပဲ။ တခြားကားတွေမှာဆိုရင်တော့ ဒါက သိပ်မဆန်းဘူး။ ဒီမှာဆန်းတာက ဇာတ်က အိုင်ဒီယာမဆန်းပေမဲ့ ဆန်းဆန်းပဲတင်ပြကြတတ်ကြတဲ့ဇာတ်မျိုး။ ဒါကို ရိုးရိုးလေးပြသွားတော့ ဆန်းသွားတယ်။ ဇာတ်က Vampire ဇာတ်။ ဒါမဲ့ Vampire ဇာတ်လို့ မထင်ရအောင် ရိုးရှင်းတယ်။ ဗင်ပိုင်းယားမလေးရဲ့မွေးနေ့မှာ သူ့မိသားစုဝင်တွေက သူ့ကို သွေးသောက်စရာလူတစ်ယောက်ရှာလာပေးတယ်။ ပထမဆုံးသွေးသောက်ဖို့ပေါ့။ ဒါပေမဲ့ ကောင်မလေးက သနားတတ်လွန်းတော့ မသောက်ရက်သလို သူ့အစွယ်ကလည်း ထွက်မလာဘူး။ ဒီတော့ ဗင်ပိုင်းယားဆရာဝန်တွေဆီ သွားပြတယ်။ စိတ်ရောဂါဖြစ်မယ်လို့ ထင်ကြေးပေးလိုက်ကြတယ်။ ဒီနောက် သူ့ကို‌ လူ့သွေးသောက်တတ်အောင် သင်ပေးဖို့ သူ့အစ်မဝမ်းကွဲဆီ ပို့ထားလိုက်ကြတယ်။ ဒီကားရဲ့ နာမည်ကို ကားနဲ့ဆီလျော်ပြီး နားလည်လွယ်အောင်‌ ပြောရရင် “သတ်သေချင်သူများအား မေတ္တာဖြင့် သတ်ဖြတ်ပေးမည့် လူသားဆန်သူ ဗင်ပိုင်းယားမလေး”တဲ့။ ဆိုတော့ ဘာတွေဆက်ဖြစ်မလဲ ရိပ်ဖမ်းသံဖမ်းတော့ သိလောက်ရောပေါ့။ Humanist Vampire Seeking Consenting Suicidal Person ဟာ ရိုးရိုးလေးနဲ့ ဇာတ်ဝင်ခန်းတွေက ကြည့်လို့ကောင်းနေတဲ့ ရုပ်ရှင်မျိုးပေါ့။ အားလုံးနဲ့ အံကိုက်ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 855MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023 91 mins
Humanist Vampire Seeking Consenting Suicidal Person
The Dancing Hawk
6.7

ဘဝမှာ ဆင်းဆင်းရဲရဲနဲ့မွေးလာတာ အပြစ်မဟုတ်ပေမဲ့ ဆင်းဆင်းရဲရဲနဲ့သေသွားရင်တော့ ကိုယ့်အပြစ်လို့ ပြောကြတာပါပဲ…. ဒီကားလေးထဲမှာတော့ ဆင်းဆင်းရဲရဲ ဒုက္ခပေါင်းများစွာနဲ့ မွေးလာခဲ့ပေမဲ့ ကြိုးစားရုန်းကန်ခဲ့လို့ မြို့ပေါ်က စက်ရုံကြီးတစ်ရုံမှာ ရာထူးမြင့်ပိုင်းရသွားတဲ့သူအကြောင်းရိုက်ပြထားတာပါ…… ရာထူးရသွားပေမဲ့ အဲဒီနေရာကိုရောက်ဖို့ သူဘာတွေရင်နှီးခဲ့ရလဲ ဘာတွေပေးဆပ်လိုက်ရလဲ အဆင့်မြင့်သွားတဲ့ဘဝနဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုရောရပါ့မလား……သာယာတဲ့ဘဝလေးထက် ချမ်းသာပြီးစိတ်ပူနေရတဲ့ဘဝကပိုကောင်းနိုင်ပါ့မလား စတာတွေကို အေးအေးဆေးဆေးရိုက်ပြထားတာမို့ အေးအေးဆေးဆေးလေးသာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့….. File size…(1.6 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:38:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by ….Garfield

6.7 1977
The Dancing Hawk
Seven Samurai
8.6

၁၉၅၄ ခုနှစ်က ထွက်ခဲ့တဲ့ ဂျပန်ကားတစ်ကားကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးကားတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ နှောင်းခေတ်ရုပ်ရှင်တွေဟာလည်း ဒီရုပ်ရှင်ကနေ ပညာတွေအများကြီးယူကြရတယ်လို့ ပြောကြတယ် (ဘာတွေလဲတော့ နားမလည်ပါဘူး)။ ဒီရုပ်ရှင်ရဲ့ဘတ်ဂျက်ကတော့ အဲဒီခေတ်အခါကဆို အတော်မာျးပါတယ်။ ရုပ်ရှင်ကားကြီးတွေကို $70000 လောက်နဲ့ ရိုက်နေကြချိန်မှာ ဒီရုပ်ရှင်ရဲ့ ဘက်ဂျက်ဟာ $ 500 000 ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်ကူးချိန်လည်း ကြာလွန်းတော့ ပရိုဂျူဆာတွေက ၂ ခါတိတိ ပိတ်ချခဲ့ပါတယ်။ ဒါရိုက်တာ အကီရာ ကူရိုဆာဝါကတော့ ပိတ်ချခံရတိုင်း ငြင်းခုံမနေဘဲ အသာလေး ငါးမျှားထွက်သွားလိုက်တာပါပဲ။ ပရိုဂျူဆာတွေ ပြန်လိုက်ခေါ်မယ်ဆိုတာ သိပြီးသားမို့ပါ။ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကလည်း အဲဒီခေတ်အခါကဆို All stars လို့ပဲ ပြောရပါလိမ့်မယ်။ သုံးနာရီကျော်ကြာတဲ့ ဒီအဖြူအမည်းရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးက နှစ်သက်လက်ခံတဲ့ ရုပ်ရှင်ကြီးတစ်ခုဖြစ်လာခဲံ့ပါတယ်။ ဒီရုပ်ရှင်ကို မှီးပြီး ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင် Magnificent seven ဟာလည်း ကမ္ဘာကျော်ခဲ့ပြီး ၂၀၁၆ မှာ ထပ်မံရိုက်ကူးထားတာလည်း ရှိပါတယ်။ ဇာတ်လမ်းအကျဉ်း ကတော့ ရိုးရှင်းပါတယ်။ ရွာလေးတစ်ရွာထဲကို ဓားပြတွေ လေးဆယ်ကျော် အင်အားနဲ့ အမြဲလိုလိုလာလုယက်ကြပြီး မသေရုံတမယ် ရိက္ခာလေးတွေပဲ လယ်သမားတွေအတွက် ချန်ခဲ့ပြီး အကုန်ယူသွားကြလေ့ရှိပါတယ်။ တစ်ကြိမ်မှာတော့ မခံနိုင်တော့တဲ့ လယ်သမားတွေက ရှိသမျှလေးတွေစုပြီး သူတို့ကို ကာကွယ်ဖို့ ဆာမူရိုင်းတွေကို ရှာငှားပါတော့တယ်။ ထမင်းစားရရုံလေးနဲ့ အသက်စွန့်တိုက်ပေးမယ့် ဆာမူရိုင်းကို ရှာဖို့ဆိုတာ အိပ်မက်လိုပါပဲ။ ဒါပေမယ့် သူတို့အတွက်ကူညီမယ့် ဆာမူရိုင်း ၇ ယောက် ပေါ်လာခဲ့ပါပြီ။ ဒီ ၇ ယောက်ထဲက ရွာသားတွေကို စုစည်းပြီး ဓားပြအုပ်ကြီးကို ခုခံကြတဲ့အခါ….. Tartee Poe ဘာသာပြန်ပေးထားပါတယ်။

8.6 1954 207 mins
Seven Samurai
The Twilight Samurai

IMDb – 8.1/10 Rotten Tomatoes – 99% ဂျပန်မင်းသားလို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ပရိတ်သတ်တွေ အရင်ဆုံးပြေးမြင်ကြမှာကတော့ “Hiroyuki Sanada” ပဲဖြစ်မှာပါ။ The Last Samurai, 47 Ronin, John Wick, Mortal Combat နဲ့ Shōgun တို့အပြင် များစွာသောဟောလိဝုဒ်ထိပ်တန်း ဇာတ်ကားတွေမှာ ဂျပန်ဆိုတာနဲ့ သူ့မျက်နှာကြီးပဲပေါ်ပေါ်လာတဲ့အထိအောင်မြင်တဲ့ ဆရာသမားပါ။ သူအဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ထားတဲ့ ဒီ The Twilight Samurai ဆိုတဲ့ historical-drama ရုပ်ရှင်ဟာလည်း ဂျပန်ပြည်တွင်းမှာ Japanese Academy Awards ၁၂ ဆုအထိ စံချိန်တင်ရရှိခဲ့ပြီး Hollywood’s 76th Academy Awards မှာလည်း အကောင်းဆုံးနိုင်ငံခြားရုပ်ရှင်ဆုအတွက် ဇကာတင်ချိတ်နိုင်ခဲ့ပါတယ်။ ကဲ… ဘုန်းတော်ဖွဲ့နေတာတွေရပ်ပြီး ဇာတ်လမ်းအကြောင်းပြောပါ့မယ်။ ဇာတ်အိမ်က ၁၉ ရာစုအလယ်ပိုင်း ဂျပန်နိုင်ငံမှာ တည်ပါတယ်။ အဲဒီတုန်းက ဂျပန်ဟာ နိုင်ငံရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် ပြည်သူတွေမှာလည်း အငတ်ဘေး ရောဂါဘေးဆိုက်နေတဲ့ကာလ၊ “အိဂုချိ” ဆိုတဲ့ ဆင်းရဲပေမယ့် စိတ်ထားမွန်မြတ်တဲ့လူတစ်ယောက်ဟာ သူ့နယ်မြေနန်းတော်မှာ အငယ်တမ်းဆာမူရိုင်းအဖြစ် အမှုတော်ထမ်းနေပါတယ်။ အစိုးရအောက်တန်းစာရေးလို ရာထူးမျိုးဆိုတော့ သိကြတဲ့အတိုင်း မလောက်မငှရတဲ့အထဲမှာ မိန်းမက တီဘီဖြစ်ပြီး ဆုံးလေရဲ့။ လူမမယ်သမီးလေးနှစ်ယောက်ရယ်၊ ရောဂါသည် အမေအိုကြီးရယ်နဲ့ အိဂုချိတစ်ယောက် လောကအလယ်မှာ ဒေါင်ချာစိုင်းပြီးကျန်ခဲ့တုန်း ငယ်ချစ်ဦး “တိုမိုအဲ” နဲ့ မထင်မှတ်ပဲ ပြန်တွေ့ဖို့အကြောင်းဖန်လာပါတယ်။ တိုမိုအဲက သူဘာကောင်ကြီးဖြစ်နေနေ မေတ္တာရှိရှာပေမယ့် ကလေးနှစ်ကောင်နဲ့ လုံးလည်ချာလည်လိုက်ပြီး ရေတောင် နပ်မှန်အောင်မချိုးနိုင်တဲ့ အစိုးရဝန်ထမ်း ဘဝသမားလေး အိဂုချိကတော့ တိုမိုအဲကိုပါ ဒုက္ခတွင်းထဲ ဆွဲမသွင်းရက်ဘူးပေါ့လေ။ အမှန်တော့ သူကလည်း ကြိုက်ပါတယ်။ ကြိုက်လို့ပဲ မမူနိုင်တော့တဲ့အဆုံး ဖွင့်ပြောပြီး လက်ထပ်ခွင့်တောင်းမယ်လည်းဆိုရော ကံဆိုးမ အိဂုချိတစ်ယောက် အသက်နဲ့ရင်းပြီးထမ်းဆောင်ရမယ့်တာဝန်တစ်ခု ပေးအပ်ချင်းခံရပါတော့တယ်။ ဘယ်လိုတာဝန်မျိုးလဲ… အိဂုချိတစ်ယောက် အသက်ရှင်ရက်မှ ပြန်လာနိုင်ပါ့မလား… ချစ်လှစွာသော တိုမိုအဲကရော သူပြန်လာတဲ့အချိန်ထိ သစ္စာရှိရှိစောင့်နေမှာလား… လက်ရှိအနေအထားနဲ့ ဆန့်ကျင်ဘက် ၁၉ ရာစုနှစ် ဂျပန်နိုင်ငံကြီးကို နောက်ခံထားပြီး ကြည်နူးချည်တစ်ဖုံ ရင်မောချည်တစ်လှည့် ဆက်လက်ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thant Sin

0 2002
The Twilight Samurai
I Want to Talk
7.1

I Want to Talk (2024) “ဒုတိယအခွင့်အရေး” IMDb 7.1 မင်းသားအမီတာဘဂျမ်းရဲ့ သားဖြစ်သူ အာဘီရှက်ဘဂျမ်း သရုပ်ဆောင်တဲ့ ဟင်ဒီဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် အိန္ဒိယဖွား အမေရိကန်အခြေစိုက်သူ မစ္စတာစန်ဟာဆိုရင် မားကတ်တင်းအလုပ်ကိုကျွမ်းကျင်ပြီး စကားအပြောအဆို သွက်လက်ညက်ညောတဲ့လူ အိမ်ထောင်ရေးပြိုကွဲမှုကြောင့် သမီးငယ်ဖြစ်သူ ရီယာကို သတ်မှတ်ရက်မှာသာ ထိန်းကျောင်းခွင့်ရပြီး အဖေနဲ့သမီးဆက်ဆံရေးဟာတော့ သူ့အလုပ်လောက် မချောမွေ့လှပါဘူး တစ်ရက်အလုပ်မှာ ချောင်းဆိုးရင်းသွေးပါလာတော့ ဆေးစစ်ရာမှာ လည်ချောင်းကင်ဆာဖြစ်နေမှန်းသိလိုက်ရတဲ့အပြင် အသက်ရှင်သန်ခွင့် ရက် ၁၀၀ ထက်နည်းမယ်လို့ ခန့်မှန်းရတာကြောင့် သူ့ဘဝဟာ နေ့ချင်းညချင်းပြောင်းလဲသွားခဲ့ပြီးနောက်မှာ ဘဝကိုဘယ်လိုကြိုးစားရင်ဆိုင်သွားမှာလဲ သမီးဖြစ်သူနဲ့ ဆက်ဆံရေးတိုးတက်လာအောင် သူဘယ်လိုပြုပြင်မှာလဲ ဒီရုပ်ရှင်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Action • Thriller
7.1 2024
I Want to Talk
Deadland
5.6

Deadland (2024) နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိ Angel Walter ဟာ ကင်းလှည့်နေချိန်မှာ နယ်စပ်ကို တရားမဝင်ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက် မြစ်ထဲကနေ ဖြတ်လာတာကို တွေ့ခဲ့ရတယ်။ မြစ်ရေဟာအန္တရာယ်များလို့ မကူးလာဖို့ ပြောနေချိန်မှာပဲ အဲ့ဒီလူဟာ မြစ်ရေနဲ့အတူ မျောပါပြီး သေဆုံးသွားခဲ့တယ်။ အရာရှိ Angel ဟာအလောင်းကို အိတ်ထဲထည့်ပြီး ပြန်လာချိန်မှာ သူ့ကားနောက်ခန်းထဲက ရေနစ်သေထားတဲ့အလောင်းကောင်ကြီးက နိုးထလာခဲ့တယ်။ သေဆုံးသွားပြီလို့ ယူဆထားတဲ့ ဒီလူထူးဆန်းကို ဆေးကုသပေးဖို့ သူ့သူငယ်ချင်း စစ်ဆရာဝန်မတစ်ယောက်ဆီကို ပို့ပေးပြီး သူ့ဇနီးသည်ပြန်ခေါ်တာကြောင့် အရေးတကြီးအိမ်ကိုပြန်သွားခဲ့တယ်။ သူအိမ်ပြန်ရောက်ချိန်မှာ သူ့အိမ်မှာလည်း ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့ လူထူးဆန်းတစ်ယောက်ဟာ သူ့အဖေဆိုပြီးတော့ အိမ်ပေါ်ကို ရောက်နေခဲ့တယ်။ ဆေးကုသဖို့ ပို့ပေးခဲ့တဲ့လူထူးဆန်းကို အကြောင်းကိစ္စတစ်ချို့ကြောင့် သူ့ရဲ့ လက်အောက်အရာရှိ ရေးနဲ့ ဆရာဝန်ခရုစ်တို့က သေနတ်နဲ့ ပစ်သတ်မိသွားခဲ့ပါတယ်။ သူတို့သုံးယောက်ဟာ ဒီကိစ္စကို ဖုံးဖိဖို့ဆုံးဖြတ်လိုက်ပြီး အလောင်းကို မြေမြုပ်ခဲ့တယ်… ဒါပေမဲ့ နောက်ရက်တွေမှာ အဲ့အလောင်းဟာ သူတို့မြုပ်ထားတဲ့နေရာမှာမရှိဘဲ စခန်းကိုပြန်ပြန်ရောက်လာခဲ့တဲ့အခါမှာ ဒီဖြစ်ပျက်နေတဲ့ ထူးခြားတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးကြရင်း ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို ရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.7 GB) / (810 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller, Western Duration….01:32:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Drama • Romance
5.6 2024 91 mins
Deadland
Home Sweet Home: Rebirth
5.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် သဘာဝလွန် Fantasy ဇာတ်ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဂျိတ် ဟာ ရဲတပ်ဖွဲ့ကနေ အနားယူပြီးနောက် သာမန် စီးပွားရေးသမားတစ်ယောက်ဖြစ်လာပြီး အားလပ်ရက်မှာ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးလေး ပရန်း၊ သမီးလေးဖြစ်သူ လူး တို့နဲ့ အတူ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ဘန်ကောက်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုန်းကြီး တစ်ပါးနဲ့ ဆုံပြီး ဘုန်းကြီးက ဂျိတ်ရဲ့ အနာဂတ်မှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်မဲ့အကြောင်း ကြိုတင်နိမိတ်ဖတ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးတော့ စျေးဝယ်စင်တာ အရောက်မှာတော့ သေနတ်ကိုင် အကြမ်းဖက်သမား တစ်ယောက်နဲ့ ဆုံပါတော့တယ်။ ဒီလိုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြားထဲမှာ ပြေးရင်းလွှားရင်း ပရလောက စည်းပေါက်သွားပြီး ပရလောကသားနတ်ဆိုးတွေပါ ကမ္ဘာပေါ်ကလူသားတွေကို ပူးကပ်သွားတဲ့အခါမှာတော့ …. ဂျိတ် တို့ မိသားစု ဘယ်လိုတွေကြုံတွေ့ရမလဲ…. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေခဲ့တာလဲ…. ဘုန်းကြီးဟောတဲ့ ဂျိတ်ရဲ့ ကံကြမ္မာကရော ဘယ်လိုလဲ…. သည်းထိတ်ရင်ဖို တစ်ချက်မှ ပျင်းစရာမရှိအောင် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……… File size… (854MB) Quality… WEB-DL 720p Format…mkv / mp4 Duration….1h 33m Genre …..Action , Horror , Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2025
Home Sweet Home: Rebirth
The Unofficial Science of Die Hard
5.9

The Unofficial Science of Die Hard (2024) TV programmme Die Hard ဇာတ်ကားတွေက ကျွန်တော်တို့ အတော်များများရဲ့ ရင်ထဲက လက်ခံထားတဲ့ အက်ရှင် ဇာတ်ကားကောင်းတွေဖြစ်ပါတယ်။ ၁၉၈၈ မှာထွက်ရှိခဲ့ပေမဲ့လည်း ဒီနေ့ထက်ထိ ပြန်ကြည့်လို့ကောင်းနေဆဲပါပဲ။ အကြမ်းစား အလန်းစား ချခန်းတွေ ဖောက်ခွဲတဲ့ ပြကွက်တွေနဲ့အတူ စိန်ခေါ်မှုများတာကတော့ စတန့်လုပ်တာပါပဲ။ Die Hard လိုအက်ရှင်ကားမှာလည်းပဲ လှပတဲ့ စတန့်ပြကွက်များစွာပါပါတယ်။ ဆိုတော့ ဒီတီဗီရှိုးက အဲဒီစတန့်ပြကွက်တွေဟာ အပြင်မှာတကယ်လုပ်လို့ရမလား လုပ်ရင်ရော ဘယ်လောက်အောင်မြင်နိုင်ခြေရှိမလဲဆိုတာ ခရစ်စ်နဲ့ပေါလ်တို့က အတူလေ့လာထားကြတာပါ။ ခေါင်မိုးပေါ်က ခုန်ချပြီး မှန်ကိုသေနတ်နဲ့ပစ်ခွဲပြီး ပြတင်းပေါက်ကို ပြန်ဝင်တဲ့အခန်းတွေ မှန်ကွဲစတွေပေါ် ဖိနပ်မပါဘဲ လမ်းလျှောက်တာတွေ အစရှိသဖြင့်ပေါ့။ ဒီရှိုးလေးထဲမှာ အစရှိတာတွေကို ခေတ်မီ သိပ္ပံရှုထောင့်ကနေ သေချာစမ်းစစ်လေ့လာပြီး လက်တွေ့တွေလုပ်ပြခဲ့တာကြောင့် စိတ်ဝင်စားစရာကောင်းပြီး ဗဟုသုတအနည်းငယ် ရရှိစေမှာပါ။ Die Hardဇာတ်လမ်းတွေကို အရူးအမူးကြိုက်နှစ်သက်တဲ့လူတွေအနေနဲ့ သူတို့အက်ရှင်တွေ စတန့်ခန်းတွေကို ဘယ်လို လုပ်ဆောင် ရိုက်ကူးခဲ့လဲဆိုတာ ဗဟုသုတအနေနဲ့ ကြည့်ရှုနိုင်မယ့် တီဗီပရိုဂရမ် ရှိုးလေးတစ်ခုဖြစ်ပါတယ်။

Drama • Thriller
5.9 2024
The Unofficial Science of Die Hard