YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Miraculous 5(2022)Ep.1.mp4

1.03 GB N/A video/mp4 1008 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mudbound
7.4

IMDb Rating - 7.4/10 ဒီကားက သရုပ်ဆောင်တွေက တော်တော်တော့မိုက်ပါတယ်။ ပထမဆုံးတစ်ယောက်အနေနဲ့ ဂတ်စ်ဘီကားနဲ့ အားလုံးအချစ် ခံခဲ့ရတဲ့ ဒေစီတစ်ဖြစ်လဲ Carey Mulliganဟာ တကယ့်ထိပ် တန်းမင်းသမီးလို့‌ ပြောလို့ရပါ့မလား သေချာတော့မသိပေမဲ့ သရုပ်ဆောင်အရာမှာတော့ အခုထိလည်း ကိုယ့်ကိုယ်ကိုယ် တစ်စထက်တစ် သွေးနေတုန်း၊ စိတ်နှစ်ကိုယ်နှစ်သရုပ်ဆောင် တဲ့ မင်းသမီးဆိုတာတော့ သေချာပါတယ်။ နောက် ဂတ်စ်ဘီကားမှာပဲ ဒေစီ့ယောက်ျားနဲ့ ဖောက်ပြန်တဲ့ မိန်းမရဲ့ ယောက်ျားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jason Clarke လည်းပါပါတယ်။ သံသရာတစ်ပတ်လည်ပြီး ဒီထဲမှာတော့ သူတို့၂ယောက်လင်မယားဖြစ်လာခဲ့တာပါ။ နောက် Tron မင်းသား Garrett Hedlundနဲ့ လူမဲဘဝသရုပ်ဖော်ကားဆိုတော့ သရုပ်ဆောင်ကောင်းတဲ့ လူမဲတွေတော်တော်ပါပါတယ်။ ဇာတ်ပို့ ဇာတ်ဆောင်အကောင် သရုပ်ဆောင်တာတွေက သူ့နည်းသူ့ဟန်နဲ့ အံဝင်ခွင်ကျဖြစ်နေတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်ကတော့ ဒုတိယကမ္ဘာ စစ်ကာလရယ် လူမဲဖိနှိပ်ခံဘဝရယ်ကို ဖော်ပြဖို့ ကျေးလက်ဒေသက လယ်ယာစိုက်ပျိုးရေးနဲ့ တွဲဖက်ပုံဖော်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မီးက သူ့ဘာသာလောင် လူတွေကလည်း သူ့အပူနဲ့ သူ့စားဝတ်နေရေး သူ့အတ္တအတွက် သူ့ဘာသာလောင်နေတဲ့ကာလ တစ်ခုပေါ့။ လူဖြူလယ်လုပ်ငန်းရှင်တစ်ယောက်ဟာ လူမဲမိသားစု တစ်စုကို လူငှားချပြီး အနိုင်ကျင့်တာတွေကို ကျွန်တော်တို့မြင်ရတယ်။ လူဖြူမိသားစုက ညီငယ်က ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြန်လာတဲ့အချိန် လူမဲမိသားစုက သားကြီးကလည်း ပြန်လာခဲ့တယ်။ သူတို့၂ယောက်မှာ တူညီတာက စစ်ရဲ့အနိဠာရုံတွေကို‌ ‌ကြောက်တဲ့စိတ် အခုထိကျန်နေ သေးတာပဲ။ မတူညီတာကတော့ ဘဝတွေပေါ့။ စိတ်ဒဏ်ရာတူညီတဲ့ သူတို့က သူငယ်ချင်းတွေဖြစ်လာကြတယ်။ ဒါပေမဲ့ လူမဲကိုနိမ့်ကျတယ် ထင်တဲ့ လူဖြူတွေက မကြည်ကြဘူး။ ဒီလိုနဲ့ နောက်ဆက်တွဲတွေဖြစ်လာ တယ်။ ဒီဇာတ်လမ်းကိုမှ တော်တော်ကြည့်ကောင်းအောင် ရက်ရက်စက် စက်ပုံဖော်ထားတာပါ။ ခရမ်းချဉ်သီး ၉၇လုံးရထားတဲ့ဇာတ်မို့ မကောင်းမှာ တော့ ပူစရာမရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.7 GB) / (685 MB) / (397 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hr 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, War Translator.......WiRa Aung Encoder..........Zin Phyo Aung

Comedy • Romance
7.4 2017 135 mins
Mudbound
Great Expectations
6.7

ဒီဇာတ်ကားကပေးတဲ့သင်ခန်းစာကတော့ ဘဝမှာ မမျှော်လင့်သင့်တဲ့သူကိုမျှော်လင့်မိရင်၊ အချိန်တန်ဖြတ်သင့်တဲ့ကြိုးကိုမဖြတ်ပဲနေရင် ကိုယ့်ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေဆုံးရှုံးရနိုင်တယ်ဆိုတာပါပဲ။ လူတိုင်းက ကိုယ့်လိုမဟုတ်ပါဘူး။ တချို့အရာတွေကို ကိုယ့်ဘက်ကသာ လေးလေးနက်နက်သဘောထားပေမဲ့ တဖက်လူအတွက်ဆိုရင် ကိုယ်ကအသုံးချခံတစ်ယောက်လည်းဖြစ်နေနိုင်ပါတယ်။ လူတွေက အချင်းချင်း false hopeတွေပေးတတ်ကြတယ်။ အဲဒါကြောင့် အကောင်းဆုံးက ငါးစာပဲမြင်ပြီးငါးမျှားချိတ်ကိုမမေ့တတ်ဖို့ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်နားနီးမြို့လေးမှာနေတဲ့ ဖင်းဆိုတဲ့ကောင်လေးက မြို့မှာအချမ်းသာဆုံးဖြစ်တဲ့နိုရာဒရစ်ဂါဒင်စမောတို့အိမ်မှာ အလုပ်လုပ်ရဖို့ဖြစ်လာတယ်။ ဒင်စမောဆိုတဲ့အဖွားကြီးက အသဲကွဲပြီးယောကျ်ားတွေကိုမုန်းတီးနေသူပါ။ ဖင်းရဲ့အလုပ်က ထွေထွေထူးထူးမဟုတ်ပဲ ဒင်စမောရဲ့အိမ်က ကလေးမလေးအက်စတယ်လာကိုအဖော်ပြုပေးဖို့ပါပဲ။ အက်စတယ်လာကိုစတွေ့တွေ့ချင်း ချစ်မိခဲ့တဲ့ဖင်းကအပတ်တိုင်း ထိုအိမ်ကိုသွားပြီး ပုံဆွဲ၊ အတူကပေးရင်းအဖော်ပြုပေးခဲ့တယ်။ ငယ်စဥ်ကလေးဘဝကတည်းက ချစ်ခဲ့တဲ့အက်စတယ်လာကို လူပျိုပေါက်အရွယ်ရောက်သည့်တိုင်အောင် ဖင်းရဲ့ခံစားချက်တွေက မပြောင်းလဲခဲ့ပါဘူး။ အက်စတယ်လာ့အတွက်တော့ ဖင်းက အိမ်ကိုလာနေကျအလုပ်သမားတစ်ဦးဆိုတာထက်မပိုခဲ့ဘူး။ ဒါတွေကို ဖင်းဘက်က သိချင်မှသိခဲ့မှာပါ။ အချစ်ဦးအက်စတယ်လာကလည်း သူ့အပေါ်မှာခံစားချက်တွေရှိနေတယ်လို့ ဖင်းက တဖက်သတ်ယုံကြည်နေခဲ့တယ်။ နောက်ပိုင်းမှာ ဖင်းတစ်ယောက်ဘာတွေဆက်ဖြစ်မယ်၊ ဖင်းရဲ့ဘဝဘယ်လိုတွေပြောင်းလဲလာမယ်၊ ဖင်းနဲ့အက်စတယ်လာတို့ရဲ့ကံကြမ္မာကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ...။ File size…(2.3 GB)/(1.2 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Adventure • Comedy • Family • Romance
6.7 1998 111 mins
Great Expectations
River Road
5

IMDb - 7.1 ထရာဗစ်က ​နာမည်ရက​​နေဒါ​​ရော့ခ်တီးဝိုင်းတစ်ခုရဲ့ ဂစ်တာသမားဖြစ်ပြီး အဖွဲ့ရဲ့နယ်လှည့်​​ဖျော်​ဖြေပွဲ​​တွေအပြီး ဇာတိ​မြေက​နေဒါက အ​ဒေါ်ဖြစ်သူရဲ့အိမ်မှာ အနားယူဖို့ ​ရောက်ရှိ​နေတာပါ။ အဲဒီအိမ်မှာ ရှိ​နေစဉ်မှာပဲ ဇိုအီဆိုတဲ့ အ​မေရိကန်သူ မိန်းက​လေးတစ်​ယောက်နဲ့ စတင်ဆုံစည်းခဲ့ပါတယ်။ စ​တွေ့ကတည်းက တခြားသူ​တွေနဲ့ မတူ ထူးခြားတဲ့ ဇိုအီကို ထရာဗစ်အ​နေနဲ့ မြင်မြင်ချင်းမှာပဲ စိတ်ဝင်စား သွားခဲ့ပါတယ်။ ဒီလိုနဲ့ ၂​ယောက်သား စ​တွဲရင်း ဟီးရိုးအင်းဆိုတဲ့ မူးယစ်​ဆေးကို သုံးမိပြီး ချစ်သူ၂​​ယောက်ရဲ့ ဘဝ​​တွေ ​ဇောက်ထိုးမိုး​မျှော် စဖြစ်လာသလို မူးယစ်​ဆေးရဲ့သား​ကောင်​အဖြစ် ဥပ​ဒေနဲ့မညီတဲ့ ပြစ်မှု​တွေကိုပါ အတူတူကျူးလွန်မိခဲ့ပါတယ်။ တစ်​နေ့မှာ ထရာဗစ်က ထူးဆန်းတဲ့ဇိုအီရဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိခဲ့သလို အသက်ပါဆုံးနိုင်တဲ့ ကိစ္စတစ်ခုကို ရူးမိုက်စွာ လုပ်ခဲ့ပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 800MB | 320MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Mystery • Thriller
5 2021 91 mins
River Road
Robin Hood: Prince of Thieves
6.8

ရော်ဘင်ဟုဒ်ကားတွေအများကြီးထဲကမှ ဗားရှင်းတမျိုးကားကောင်း အဟောင်းလေးတခုနဲ့မိတ်ဆက်ပေးပါမယ်။ Kevin Costner Alan Rickman တို့လို ဝါရင့်သရုပ်ဆောင်ကြီး တွေမှလည်းပါ၀င်ထားပါတယ် ရော်ဘင် လော့စလေ ဟာ ခရူးဆိပ်စစ်ပွဲမှာ အဖမ်းခံရပြီး ငါးနှစ်အကြာမှာအိမ်ပြန်လာနိုင်ခဲ့သူပါ။ ဒါပေမဲ့သူပြန်‌ရောက်လာခဲ့ချိန်မှာသူ့အိမ်ဖြစ်တဲ့လော့စလေ နယ်မြေ ကတော့ နော့တင်ဟမ်မြို့စားကြီးရဲ့အကောက်ကြံမှုအောက်မှာအလူး အလိမ့်ခံစားနေရပါတယ်။ ဖခင်ဖြစ်သူကလည်းအသတ်ခံရသလိုမိမိ အိမ်ကိုလည်းဆုံးရှုံးခဲ့ရတဲ့ရော်ဘင်တယောက် မြို့စားကြီးလက်ကနေ လွတ်အောင်ပြေးရင်း ရှားဝုဒ်တောထဲကဂျွန် လစ်တဲယ်ရဲ့လူတစုနဲ့ တွေ့သွားခဲ့တဲ့အခါမှာတော့ ရော်ဘင်လော့စလေတဖြစ်လဲ ရော်ဘင်ဟုဒ်ဟာ မြို့စားကြီးရဲ့အကြံစည်‌တွေကိုစတင်‌ နှောင့်ယှက် ပါတော့တယ်။ ရော်ဘင်တယောက်မြို့စားကြီးကိုအနိုင်ယူနိုင်ပါ့မလား။ သူ့ရဲ့သူငယ်ချင်းပီတာက မသေခင်တောင်းဆိုခဲ့တဲ့မေရီယန်ဆိုတဲ့ ပီတာ့ညီမလေးကိုရော ကာကွယ်ပေးနိုင်ပါ့မလား။ မြို့စားကြီးကရော ဘာတွေကြံစည်နေတာလဲ အဆုံးမှာဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို Robin Hood Prince of Thieves ဆိုတဲ့ဇာတ်ကားလေးမှာရှုစားပေးကြပါဦး... File size…3.13GB / 1.22GB / 658MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 23m Genre ..... Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Fantasy • Romance • TV Movie
6.8 1991 143 mins
Robin Hood: Prince of Thieves
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
Are You Ok Baby?
8.8

Are You Ok Baby? (2023) မေမေ့ကလေးငယ် ယခုတစ်ခေါက်မှာတော့ IMDb Rating 9/10 ရရှိထားတဲ့ မိသားစုဒရမ်မာဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အချစ်တွေအမျိုးမျိုးရှိတဲ့ကြားက မိခင်တစ်ယောက်က သူ့ကလေးအပေါ်မှာထားရှိတဲ့မေတ္တာတရားကတော့ ကြားဝင်နှောင့်ယှက်လို့မရတဲ့အရာတစ်ခုပါ။ ဒီလိုမျိုးပဲ ယနေ့ခေတ်မှာဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်ပေါက်လာပြီး လူထုကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖန်တီးစေပြီး ဆက်ဆံရေးတွေကြား ပြဿနာတွေကြား ကြားဝင်နှောင့်ယှက်တတ်တဲ့အရာတစ်ခုကတော့ ဆိုရှယ်မီဒီယာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ အချစ်ကို မှားယွင်းစွာနဲ့ ကိုးကွယ်ခဲ့မိတဲ့ မိန်းကလေးတစ်ယောက်က ယောက်ျားကလည်းရှာမကျွေး၊ ကိုယ့်ကိုမှီခိုနေရတဲ့ အမေနဲ့ညီမလေးကလည်းရှိနေ‌တော့ မမွေးဖွားရသေးတဲ့ဗိုက်ထဲက အချစ်စုဘူးကို မွေးစားခိုင်းဖို့အတွက် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ကလေးအပေါ်မှာ မစွန့်လွှတ်နိုင်တဲ့ မိခင်ဖြစ်သူရဲ့ မေတ္တာတရားလေးက ယှဉ်တွဲ‌လာတဲ့အခါ …. ကိစ္စတစ်ခုခုကိုဆို မကြီးကြီးအောင် ပုံကြီးချဲ့တတ်တဲ့ ဆိုရှယ်မီဒီယာသမားတွေကတော့ ‌ဒီလိုကိစ္စမျိုးတွေကို ပုံပြပြီး လူထု attention ရှာလို့ရအောင် ဒီကောင်မလေးဆီကို ချန်နယ်ပေါင်းစုံကနေ ဆက်သွယ်လာပါတယ်။ ဒီလိုကနေ ဥပဒေကိစ္စတွေနဲ့ ရောထွေးလာပြီး ပြဿနာတွေက ပိုကြီးလာတဲ့အခါ မူလဦးတည်ချက်ဖြစ်တဲ့ ကလေးငယ်စောင့်ရှောက်ခွင့်ကိုရော ပြန်ရနိုင်ပါ့မလား ….မီဒီယာသမားတွေကရော ဘယ်လိုနည်းလမ်းပေါင်းစုံနဲ့ ဝင်မွှေကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦးရှင် ဒီဇာတ်လမ်းလေးကိုတော့ Dee~ Yoon~ Alex~ ToMo ~ BpL မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.8 2023
Are You Ok Baby?
The Thing
8.2

The Thing (1982) ~ IMDb – 8.2/10, Rotten Tomatoes – 85% ~ The Thing ကို အကောင်းဆုံးဂန္ထဝင်ဟော်ရာကားတွေထဲက တစ်ကားအဖြစ် စာရင်းသွင်းထားကြတယ်။ ဒီလိုသွင်းဖို့တန်အောင်လည်း The Thing ဟာ သူ့ခေတ်သူ့အခါအနေနဲ့ Practical Effect တွေရော ဇာတ်လမ်းရော အကုန်နီးပါးကောင်းခဲ့တဲ့ ဟော်ရာရုပ်ရှင်ဖြစ်ခဲ့တယ်။ ရိုက်တဲ့လူကလည်း John Carpenter… သူ့ကို ဟော်ရာရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူလို့ သတ်မှတ်ကြတယ်။ သူ့ကို ခင်ဗျားတို့မသိရင်တောင် ဟော်ရာရုပ်ရှင်ဖန် မှန်ရင် ခင်ဗျားတို့ သူ့ကားတွေနဲ့ ဘယ်လိုမှမကင်းနိုင်ဘူး။ Halloween (1978), The Fog (1980), Escape from New York (1981) နဲ့ Starman (1984) စတဲ့ နာမည်ကျော်ကားတွေကို သူကိုယ်တိုင်ရိုက်ခဲ့တာပဲ။ သူက ဂီတနောက်ခံတေးသွားတွေ ဖန်တီးတဲ့သူလည်းဟုတ်တယ်။ ဟောလိုးဝင်းနောက်ထွက်ကားတွေမှာ သူဟာ ဂီတနောက်ခံတေးသွားဖန်တီးသူအဖြစ်ရော Executive Producer အဖြစ်ပါ ပြန်ပါဝင်လာခဲ့တယ်။ မနှစ်ကထွက်ခဲ့တဲ့ ဟောလိုးဝင်းကားအထိပေါ့။ ကာပန်တာဟာ ဘတ်ဂျက်နည်းနည်းနဲ့ အမြတ်အစွန်းများအောင် လုပ်နိုင်တဲ့ ရုပ်ရှင်ဖန်တီးသူတစ်ယောက်ပဲ။ သူရွေးထားတဲ့လိုင်းကလည်း ဟော်ရာဖြစ်နေသကိုး။ ဒါပေမဲ့ The Thing ကတော့ သူ့အတွက် ပြောင်းပြန်ဖြစ်ခဲ့တယ်။ ရှေ့က သူ့အောင်မြင်မှုတွေအားလုံးကို ရိုက်ချိုးခဲ့တဲ့ကားဖြစ်ခဲ့တယ်။ The Thing အတွက် သူဘတ်ဂျက်တော်တော်သုံးခဲ့ပေမဲ့ စိတ်ညစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်ကလည်း မကြိုက်ကြသလို သူနောက်ရိုက်ရမယ့်ကားတွေကိုပါ မရိုက်ရတော့တဲ့အထိ သက်ရောက်ခဲ့တယ်။ The Thing ဟာ သူ့ဘဝကို ဖျက်ခဲ့တဲ့ရုပ်ရှင်လို့တောင်ပြောရမယ်။ Worst Musical Score ဆုကိုပါ Razzie Awards မှာရလိုက်သေးတယ်။ ဒါပေမဲ့လည်း ခေတ်တစ်ခေတ်ကို ကျော်လွန်အပြီးမှာတော့ The Thing ကို ဟော်ရာရုပ်ရှင်တွေရဲ့ မိုင်တိုင်တစ်ခုအဖြစ်သတ်မှတ်လာကြသလို The Thing ဟာ ကလပ်စစ်တန်းဝင် ဟော်ရာကားတစ်ကားဖြစ်လာခဲ့တယ်။ The Thing ဟာ ဂျွန်ကာပန်တာရဲ့ အထင်ကရအဖြစ်ဆုံးကားလည်းဖြစ်လာခဲ့တယ်။ ဇာတ်လမ်းကတော့ အန္တာတိကတိုက်မှာ သုသေသနလုပ်ဖို့ သိပ္ပံပညာရှင်တစ်စု စခန်းချနေကြတာနဲ့ အစပျိုးထားတယ်။ တစ်နေ့မှာတော့ အနီးနားမှာရှိတဲ့ တခြားနိုင်ငံက သုသေသနစခန်းဖက်က ရဟတ်ယာဉ်တစ်စီး စက်သေနတ်ရမ်းရင်း သူတို့နားမှာ ပျက်ကျသွားတယ်။ အကြောင်းအရင်းကို စုံစမ်းဖို့နဲ့ အကူအညီလိုရင် ကူညီပေးဖို့အတွက် သူတို့တွေ အိမ်နီးချင်းစခန်းဆီကိုသွားတဲ့အခါမှာ အသက်ရှင်နေတဲ့ လူတွေကို မတွေ့ရတော့ဘူး။ အဲဒီစခန်းက အလောင်းတစ်လောင်းကို စစ်ဆေးကြည့်ဖို့ သူတို့စခန်းကိုပြန်သယ်လာပြီး စစ်ကြည့်နေတုန်းမှာ ထူးဆန်းတာတွေ တွေ့လာရပြီးတော့ သူတို့ရဲ့ ခွေးလှောင်အိမ်ထဲမှာ အမျိုးအမည်မသိ သတ္တဝါတစ်ကောင်ရောက်နေတာကို တွေ့လိုက်ရတဲ့ အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 875MB Quality – 1080p, 720p IMDb Rating – 8.2/10 Format – mp4 Duration – 1H 49Min Genre – Horror, Mystery, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

8.2 1982
The Thing
Secrets at the Inn
5.7

Natalie က New York က နာမည်ကြီးစာဖိုမှူး တစ်ယောက်ပါ။ တရက်မှာ ဖုန်းတစ်ခုဝင်လာပြီး သတင်းဆိုးကြားခဲ့ရပါတယ်။ သူ့အမွှာအစ်မဖြစ်သူက မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပြီး သူ့အစ်မမှာ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်ကျန်နေခဲ့ပါတယ်။ ဒီတော့ Natalie တစ်ယောက် အလုပ်ကခွင့်ယူပြီး အစ်မဖြစ်သူရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ တူမဖြစ်သူကို စောင့်ရှောက်ဖို့ အစ်မနေတဲ့ မြို့ကို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တူမဖြစ်သူSabrinaနဲ့ ဘယ်လိုမှ အဆီအငေါ်မတည့်ခဲ့ပါဘူး။ Sabrinaမှာ Elijah ဆိုတဲ့ကောင်လေးလည်းရှိပါတယ်။ အစ်မဖြစ်သူ ဝယ်ယူပြီး ပြင်ဆင်ထားတဲ့ Hannaway ဆိုတဲ့ အိမ်ကြီးရှိပါတယ်။ ဒီလိုနဲ့ အင်းဖွင့်ဖို့ ပြင်ထားတဲ့ အိမ်ကြီးမှာနေထိုင်ရင်းနဲ့ ထူးဆန်းတဲ့ ကိစ္စရပ်တွေနဲ့ ကြုံလာရပြီး သူ့အစ်မ သေဆုံးမှုကရော သွေးရိုးသွေးတမ်းဖြစ်ခဲ့ရဲ့လားဆိုတာ သံသယဝင်လာပါတော့တယ်။ File size…(1.4 GB)/(560 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

5.7 2022
Secrets at the Inn
Brother’s Keeper
7.3

တူရကီ နိုင်ငံရဲ့ အရှေ့ဘက်အစွန် ဆီနှင်းတွေထူထပ်နေတဲ့နေရာမှာ အထီးကျန်စွာတည်ရှိနေတဲ့ ယောက်ျား‌လေးဘော်ဒါကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို အငြိမ်လေး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေကြားက အေးစက်ပြီး ဗျုရိုကရေစီဆန်တဲ့ ဆက်ဆံရေးကို ရိုက်ပြထားပြီး ဇာတ်လမ်းတစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားရ‌စေမှာပါ။ ဒါရိုက်တာ Ferit Karahan က သူ့ရဲ့ မသာယာတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရိုက်ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ မယ်မတ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ သေလုမျောပါးနေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း ယူဆုဖ်က သူ့ကိုပြုစုစောင့်ရှောက်ရင်းနဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေကိုအသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတဲ့အခါ ကလေးဟာ အပြစ်ပေးခံရလို့ ဒီလိုဖြစ်သွားတာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ ဘာလို့ အပြစ်ပေးခံရတာလဲ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူလဲ၊ ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca

Comedy • Science Fiction
7.3 2021
Brother’s Keeper
Zhu Bei Uncrackable Cases
6

မှုခင်းရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်မုံ့တုန်းဟာ ရာထူးခန့်အပ်ခါစမှာပဲ ခြေထောက်ပြတ်တစ်ခုကို မြစ်ထဲက ဆယ်ခဲ့ရပြီး အမှုစစ်ဆေးစရာဖြစ်လာပါတယ်။ ဒီအမှုအတွက်ကျူးပေမြို့ကလေးက တံငါသည် ရှီဆွေရှန်းက ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တဲ့အတွက် မုံ့တုန်းစိတ်ထဲ သံသယ ပိုများနေခဲ့ပါတယ်။ ရှီဆွေရှန်းရဲ့ ပြီးပြည့်စုံလှတဲ့ ဖြောင့်ချက်ကတစ်ဆင့် မုံ့တုန်းဟာ သဲလွန်စတွေ ရှာဖွေနိုင်ခဲ့ပြီး လီလောင်စန်းကို သံသယဖြစ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးနောက်မှာတော့ မုံ့တုန်းဟာ မတော်တဆ လူသတ်မိတဲ့ လီလောင်စန်းကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံကို ရှာတွေ့ပြီအထင်နဲ့ အမှုပိတ်ခါနီးမှာ ခရိုင်မြို့မှ DNA စစ်ဆေးချက်အဖြေကို ရရှိခဲ့ပြီး ခြေထောက်ပြတ်ရဲ့ ပိုင်ရှင်ဟာ တခြားလူတစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ…… မုံ့တုန်းတို့အဖွဲ့ တရားခံအစစ်ကို ဖမ်းဆီးနိုင်ပါ့မလား…… ရထားတဲ့ သဲလွန်စတွေထဲမှာ ဘယ်လောက်ကအစစ်ဖြစ်ပြီး ဘယ်လောက်က အတုတွေ ဖြစ်နေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

6 2022
Zhu Bei Uncrackable Cases
Salmon Fishing in the Yemen
6.8

cm ပရိသတ်ကြီးကို ဒီတစ်ခါ ရိုမန့်ဟာသဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားအမည်ကအတိုင်း ယီမင်နိုင်ငံလို အပူပိုင်းဒေသ နိုင်ငံတစ်ခုမှာ ဆယ်လ်မွန်ငါးတွေ မွေးမြူဖို့ ကြိုးစားတာပါ။ ဆယ်လ်မွန်ငါးတွေရဲ့ တခြားငါးတွေနဲ့ မတူတဲ့ သဘောသဘာဝက အားလုံးသိကြတဲ့ အတိုင်းပဲ သူတို့ဟာ ရေငံမှာ ကြီးထွားရှင်သန် ကျက်စားကြပြီး ဥဥမျိုးပွားချိန်အတွက်ကျမှ ရေကိုဆန်တက်ပြီး သူတို့ရဲ့ ဇာတိမူလ မြစ်ဖျားခံရာ ရေချိုဒေသတွေဆီ ကူးခတ်ပြန် ကြတာပါ။ ဆယ်လ်မွန်ငါးတို့ရဲ့ ဇွဲလုံ့လ ဝီရိယဉာဉ်ဟာ လူသားတွေအတွက် အားကျပမာယူစရာ ဖြစ်သလို ငါးဖမ်းသမားတွေအတွက်လည်း ဆယ်လ်မွန်ငါးတွေဟာ တန်ဖိုးရှိတဲ့ ငါးမျိုးစိတ်ပါပဲ။ ဇာတ်ကားမှာတော့ ယီမင်နိုင်ငံက ခေါင်းဆာင် စော်ဘွားကြီး တစ်ယောက်ဟာ သူသဘောကျလှတဲ့ ဆယ်လ်မွန်ငါးတွေကို နိုင်ငံထဲမှာ ရှိစေချင်တဲ့ ဆန္ဒအရ ငွေကုန်ကြေးကျ ဘယ်လောက် များနေပါစေ..ရအောင်လုပ်မယ်ဆိုပြီး ပရောဂျက်အတွက် အကြံပေးကုမ္ပဏီက သူ့ကိုယ်စားလှယ်ဖြစ်တဲ့ ဟယ်ရီယက်ဆိုတဲ့ အမျိုးသမီးလေးကို တာဝန်ပေးလိုက်ပါတယ်။ ဒေါက်တာအဲဖရက်ဒ်ဂျုံးစ်ဆိုတဲ့ ငါးပါရဂူဘွဲ့ရ အစိုးရအရာရှိ တစ်ယောက်ကို နိုင်ငံရေးအရ ချစ်ကြည်ရေးအတွက်ရော မီဒီယာ အာရုံလွှဲပြောင်းတဲ့ အနေနဲ့ပါ ဒီဖြစ်နိုင်ခြေ နည်းပါးလှတဲ့ ပရောဂျက်ကို ဟယ်ရီယက်နဲ့ အလုပ်အတူ တွဲလုပ်ဖို့ ဖိအားပေး တာဝန်ပေးလိုက် ချိန်မှာတော့….။ သူတို့နှစ်ဦးကြားက ကတောက်ကဆဖြစ်မှုလေးတွေနဲ့ ပရောဂျက် တစ်လျှောက် ရင်ဆိုင်ရတဲ့ နိုင်ငံရေး၊ လူမှုရေးတွေကို ဟာသနှော ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.45GB / 751MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 47m Genre ….. Comedy , Romance , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.8 2011 107 mins
Salmon Fishing in the Yemen
Attack Jiajin Mountain
5.7

တရုတ်ကွန်မြူနစ်တပ်တွေရဲ့တော်လှန်ရေးသမိုင်းမှာ အရေးကြီးတဲ့နှင်းတောင်ကြီးဖြစ်တဲ့ ကျာကျင်းတောင်ကိုကျော်နိုင်ဖို့လမ်းကြောင်းရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ကျာကျင်းတောင်ရှိရာနယ် ရွာလေးမှာနေတဲ့တိဘက်တန်ရွာသားလေးက ကူမင်တန် စစ်သားစုဆောင်းရေးမှာပါသွားပြီး သူ့ဆန္ဒမပါပဲစစ်တက်ထဲဝင်ခဲ့ရတယ်။ အခွင့်အရေးရတာနဲ့ သူတို့ညီအစ်ကိုကထွက်ပြေးခဲ့ကြတယ် ဒါပေမယ့် အစ်ကိုဖြစ်သူက ကူမင်တန်တွေရဲ့သေနတ်အောက်မှာ သေခဲ့ရတယ်။ အဲ့ဒီအချိန်မှာ လူတစ်စုရောက်လာပြီး သူတို့ကိုကျာကျင်းတောင်ကိုခေါ်သွားပေးဖို့ လမ်းပြအဖြစ်ငှါးခဲ့တယ်။ လမ်းတစ်လျှောက် ရွာလုံးကျွတ်သတ်ဖြတ်တဲ့ ကူမင်တန်တွေရဲ့ စက်ဆုတ်ဖို့ကောင်းတဲ့လုပ်ရပ်တွေကိုမြင်ကြရတယ်။ ကူမင်တန်တွေရဲ့ရန်ကလွတ်အောင်ရှောင်ပြေးရင်း ကြမ်းတမ်းတဲ့တောလမ်းခရီးကို ကျော်ဖြတ်ရင်း တပ်ဖွဲ့ကြီးအတွက် ကျာကျင်းတောင်ကို မရောက်ရောက်အောင်သွားတဲ့ ကွန်မြူနစ်တွေရဲ့ဇွဲကိုပြတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

5.7 2024
Attack Jiajin Mountain
Immaculate City
5.8

တရုတ်အစိုးရက နိုင်ငံတိုးချဲ့ရေး စီမံကိန်းအနေနဲ့ အိမ်ရာတွေကို ဈေးကြီးပေးဝယ်တာတွေ တခြားနေရာမှာ အစားထိုး ပြန်ပေးတာမျိုး လုပ်ပေးတတ်ပြီး အိမ်ရှင်တွေက ချမ်းသာသွားကြတာမျိုး ဖြစ်လေ့ရှိပါတယ်။ အခုရုပ်ရှင်ကလည်း အဲလိုချမ်းသာသွားတဲ့ သူဌေးသား ယန်ယိုချိုင်ကို အဓိကထားပြီး ဇာတ်လမ်းတည်ထားတဲ့ ဒုစရိုက်ဟာသ ရုပ်ရှင်ဖြစ်ပါတယ်။ သူဌေးသား ယန်ယိုချိုင်ဟာ ပြိုင်ကားတစ်စီးဝယ်ချင်နေတဲ့အချိန် လောင်းကစားသမား ဟူချုံးနဲ့ ကားအငှားကုမ္ပဏီက လော်ကျင်းလုံတို့နဲ့ တွေ့ခဲ့ပြီး ရယ်ရမလို ငိုရမလို အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ လူတစ်ဖွဲ့က ယန်မိသားစုရဲ့ ပိုင်ဆိုင်မှုကို လိမ်ချင်ခဲ့ပြီး သူတို့ အဆင့်ဆင့်တွက်ချက်သမျှက နောက်ဆုံးမှာ အလဟဿဖြစ်ခဲ့ရပါတယ်။ စိတ်ထဲမှာ မကောင်းမှုတွေးနေရင် ဘေးဒုက္ခကြုံရပြီး စိတ်ထဲမှာ အလင်းရောင်ရှိသူကတော့ အရာအားလုံးဖြောင့်ဖြူးမယ် ဆိုတဲ့ သဘောတရားကို ရုပ်ရှင်လှည့်ကွက်တွေနဲ့ သရုပ်ဖော်သွားခဲ့တာ ဖြစ်ပါတယ်။

Horror • Comedy • Crime • Thriller
5.8 2025
Immaculate City
Hidden Player
5.5

အွန်လိုင်းဂိမ်းတွေဟာအရမ်းကိုကျယ်ပြန့်လာပြီး နေရာယူလာတာနဲ့အမျှ ကစားသူတွေရဲ့လုံခြုံရေးအတွက်အွန်လိုင်းဂိမ်းတွေကို စုံစမ်းစီစစ်ရတဲ့ PNG ဌာနတစ်ခုဖြစ်လာခဲ့တယ်။ လတ်တလောမှာ တရားမဝင်အွန်လိုင်းဂိမ်းတစ်ခုကြောင့် ကစားသူတွေရဲ့စိတ်တွေကအဲဒီဂိမ်းထဲမှာပဲနစ်မြုပ်သွားပြီးတော့ ပြန်မနိုးလာကြတဲ့ကိစ္စတွေဖြစ်နေခဲ့တယ်။ အဲဒီကိစ္စကိုစုံစမ်းဖို့အတွက် ယွင်ရှင်းဟာ PNGကအလုပ်ကိုထွက်ပြီး အသွင်ယူပြီး လျှို့ဝှက်ကစားသူအနေနဲ့ဝင်ကစားခဲ့တယ်။ လူတွေရဲ့အသိစိတ်ကို ထိန်းချုပ်ပိတ်နှောင်ထားနိုင်တဲ့ဒီဂိမ်းရဲ့ဖန်တီးသူကိုတွေ့အောင်ရှာပြီး ဒီဂိမ်းထဲမှာပိတ်မိနေတဲ့သူတွေကိုကယ်တင်သွားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

Action • Comedy
5.5 2025
Hidden Player
Dangerous Beauty
7.1

Dangerous Beauty (1998) IMDb Rating (7.1) / Rotten Tomatoes (70%) ၁၆ ရာစုဝန်းကျင်က ဗင်းနစ်မြို့ဟာအပျော်အပါး၊အနုပညာ၊ကဗျာ စာပေတွေနဲ့မွေ့လျော်နေတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့က ဗရော်နီကာဆိုတဲ့ မိန်းမငယ်လေးဟာလည်း ချစ်ရသူနဲ့ အသိုင်းအဝိုင်းကွာခြားမှုကြောင့် မပေါင်းစပ်နိုင်ကြောင်း သိရှိပြီးနောက်မှာ မိသားစုအတွက် ပြည့်တန်ဆာအဖြစ်နေထိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ချောမောပြီးထက်မြတ်လှတဲ့ ဗရော်နီကာဟာ သူ၏ချောမောမှု ဉာဏ်ရွှင်မှု အပြုအစုကောင်းမှုတွေကြောင့် ဗင်းနစ်မြို့ရဲ့ထိပ်တန်းအမျိုးသားတွေရဲ့ အသည်းစွဲဖြစ်လာခဲ့ရပါတယ်။ ဗရော်နီကာတစ်ယောက် ပြည့်တန်ဆာဖြစ်လာပြီး နောက်ပိုင်းမှာရော ချစ်ရသူရဲ့အချစ်တွေကို ထိန်းသိမ်းထားနိုင်ဦးမှာလား ? သူတို့နှစ်ယောက်ရဲ့အချစ်ခရီးလမ်းကရော ဘယ်လိုရှေ့ဆက်သွားမှာလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, Romance Duration…. 01:51:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eunice

7.1 1998 111 mins
Dangerous Beauty