YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mind Game.2021.EP6.(CM).mp4

593.51 MB N/A video/mp4 1016 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Kiss Me

~ IMDb rating - 6.8/10 ~ (ဝတ်လစ်စလစ်အခန်း​တွေ ချစ်ရည်လူးခန်း​တွေ တပုံကြီးပါလို့ ၁၈ နှစ်ပြည့်မှ ကြည့်ကြဖို့ တိုက်တွန်းပါတယ်ခင်ဗျာ) 2011 မှာ ထွက်ရှိထားတဲ့ ဆွီဒင်ကား​​​လေး Kiss Me ဟာ Rating ​​ကောင်း​ကောင်းရထားတဲ့ ဒရာမာ GL ကား​​လေးတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မိဘချင်း​​စေ့စပ်ပွဲမှာ ​တွေ့ကြတဲ့ မီယာနဲ့ ဖရီဒါဆိုတဲ့ မိန်းက​လေးနှစ်​ယောက် အလုပ်ကိစ္စခရီးသွားကြရင်း တစ်​ယောက်ကိုတစ်​ယောက် ခံစားချက်​တွေတဆင့်ပိုလာတဲ့အခါ တစ်​ယောက်ကိုတစ်​​ယောက်မချစ်မိ​အောင် ကြိုးစားကြရတာကို မြင်ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ​နောက် ၃ လ​နေရင် ​ကောင်​​လေးဖြစ်သူနဲ့ လက်ထပ်​တော့မယ့် မီယာနှလုံးသား​နေရာမှာ ဖရီဒါအစားထိုးလာတဲ့အခါ မီယာတစ်​ယောက် ဘယ်လို​တွေဖြတ်သန်းခဲ့ရလဲ... သူကိုယ်တိုင်‌ရော မိန်းက​လေးချင်းချစ်တာကို​ရော လက်ခံခဲ့လား... ဖရီဒါအ​နေနဲ့လည်း သူ့ဘဝမှာ ပိုင်ရှင်ရှိတဲ့သူနဲ့ဘယ်​တော့မှ ​မ​ဖောက်ပြန်ဘူးလို့ ​ကြွေး​ကြော်ရင်း မီယာကိုမှချစ်မိသွားတဲ့အခါ ဘယ်လိုခက်ခက်ခဲခဲ​တွေဖြတ်သန်းခဲ့ကြမလဲဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ဒရာမာဆန်ဆန် ရိုက်ပြထားပြီး ဒရာမာကြိုက်တဲ့သူ​တွေအတွက် ကြည့်လို့​ကောင်းမယ့်ကား​လေးတစ်ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 830MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 29Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

null 2011 89 mins
[18+] Kiss Me
Almost Pyaar with DJ Mohabbat
8

ယခုတစ်ခါအလှည့်ကျတာကတော့ Parallel Universe အကြောင်း စိတ်ဝင်စားသူတွေအကြိုက်တွေ့စေမဲ့ အပြိုင်စကြဝဠာအကြောင်းပါ မင်းသမီးချောလေး အာလ်ယာအက်ဖ်နဲ့ မင်းသား ကာရန်မဲဟ်သာတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အပြိုင်စကြဝဠာ ..တစ်ဖက်စကြဝဠာကကိုယ်ကဒီအချိန်ဘာတွေလုပ်နေလိမ့်မလဲ ဒီဘက်မှာစော်မရှိတဲ့လူတွေရော ဟိုဘက်လောကမှာရည်းစားရနေမလား ဒါကတော့တော်တော်များများတွေးဖူးကြမှာပါ ဒါဆိုရင်တော့ဒီကားကိုကြည့်သင့်ပါတယ်။ ဟာမိနဲ့ အိုင်ရှာကတစ်တွဲ ယာဂုနဲ့ အမ်ရီတာကတစ်တွဲ ပြသွားမဲ့ပုံစံပဲဖြစ်ပါတယ် ဟာမိနဲ့အိုင်ရှာကတော့ဘားတစ်ခုမှာတွေ့ဆုံရာကစပြီးဖြစ်တည်လာမဲ့စုံတွဲဖြစ်ပြီး ယာဂုနဲ့အမ်ရီတာကတော့ ဟိုလီပွဲကိုအကြောင်းပြပြီးတွေ့ဆုံရမှာပါ။ တစ်ပိုင်းချင်းစီကိုသေချာလေးကြည့်ရင်တော့ ဟာကွက်မရှိတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါလို့ညွှန်းဆိုရင်း... ဘာသာပြန်တွေကတော့ Yunni,Bplနဲ့ Thaik Sanတို့ဖြစ်ပါတယ်။ File size…1.5GB / 659MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~ Thaik San

Drama • History • Music
8 2023 119 mins
Almost Pyaar with DJ Mohabbat
Creed
7.4

Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (950 MB)  Quality : Blu-Ray 720p Running Time : 2hr 13min Format : Mp4 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hein Min Tun Encoded by Thanhtike Zaw

Action • Drama • History • Mystery
7.4 2015 133 mins
Creed
Liberal Arts
6.5

Cast တွေကို ကြည့်လိုက်ရုံနဲ့တင် ပေါ့ပေါ့တန်တန်ကား မဟုတ်တာ သဘောပေါက်ကြမယ့် ၂၀၁၂ ထွက် Drama Comedy ဇာတ်ကားလေးတစ်ကားပါ။ ပုရိသတို့အသည်းစွဲ မမ Elizabeth Olsen ရယ်၊ HIMYM က ကိုယ်တွေရဲ့ ဘော်ဒါကြီးတက်ဒ် ဖြစ်တဲ့ Josh Radnor တို့ရယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ ဒီဇာတ်ကားလေးမှာတော့ တက်ဒ်ဟာ ကျောင်း၀င်ခွင့်အရာရှိတစ်ယောက်ဖြစ်တဲ့ ဂျက်ဆီနေရာကနေ သရုပ်ဆောင်ထားပါတယ်။ HIMYM မှာကတည်းက အသည်းကွဲဘော်ဒါကြီး တက်ဒ်ဟာတော့ ဒီထဲမှာလည်း အိမ်ထောင်ကွဲခါစ အသည်းကွဲသမားကြီး ဖြစ်နေပြန်ပါတယ်။ ဂျက်ဆီရဲ့ ကျောင်းသားဘ၀က ဆရာဖြစ်သူ ပီတာရဲ့ အငြိမ်းစားယူပွဲလေးကြောင့် ကောလိပ်တက်ခဲ့ရာ‌ဒေသကို ခဏပြန်လာခဲ့ရင်း ကျောင်းသူတစ်ဦးဖြစ်တဲ့ ဇစ်ဘီနဲ့ ဆုံမိကြတယ်။ အိမ်ထောင်ကွဲခါစ ဂျက်ဆီနဲ့ ကောလိပ်က တွဲပြတ်ထုံးစံကြီးနဲ့ ချစ်ရေးချစ်ရာကို အသားမကျတဲ့ ဇစ်ဘီတို့ဟာ အသက် ၁၈ နှစ်ကွာပေမယ့် ခပ်မြန်မြန်ပဲ ရင်းနှီးခဲ့ကြတယ်။ သူတို့နှစ်ဦးဟာ လမ်းခုလတ်မှာ ခဏတဖြုတ်တွေ့ဆုံကြမယ့်သူတွေလား၊ ဘ၀လက်တွဲဖော် ဖူးစာဆုံကြမယ့်သူတွေလားဆိုတာကို အချစ်ဒဿန ဘ၀ဒဿနတွေနဲ့ ခပ်ပါးပါးလေးပုတ်ထားတဲ့ ဇာတ်ကားတစ်ကားမို့ ကြည့်ဖို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း အသိပေးလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

TV Movie • Thriller
6.5 2012 97 mins
Liberal Arts
Naanum Rowdydhaan
6.4

နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni

Action • Adventure • Comedy
6.4 2015 140 mins
Naanum Rowdydhaan
Duplicate
6

လောကမှာ လူသူမရှား နာမည်တူမရှားဆိုပြီး ပြောစမှတ်တွင်ခဲ့ကြတယ်မလား ဒီဇာတ်ကားလေးမှာလည်း မင်းသားကြီး ရှာရွတ်ခန်းက နှစ်ကိုယ်ခွဲနေရာက သရုပ်ဆောင်ထားတယ်... တစ်ယောက်က ငွေရဖို့အတွက်ဆိုရင် ကမ္ဘာမီးလောင်လည်း သားကောင်ချနင်းမယ့် လူစားမျိုးဖြစ်တဲ့ လူမိုက်ကြီးမန်နူးဒါဒါ... နောက်တစ်ယောက်ကတော့ မိခင်ကိုပျော်အောင်ထားပြီး ကမ္ဘာ့အတော်ဆုံး စားဖိုမှူးလေးဖြစ်ချင်နေတဲ့ ဘဗ်လူး... မန်နူးကို လိုက်ဖမ်းရင်းနဲ့ ရဲတွေက ဘဗ်လူးကို မှားဖမ်းမိတဲ့အခါ အရှုပ်တော်ပုံတွေ ပေါ်လာရပါတော့တယ်။ ရိုးသားဖြူစင်တဲ့ဘဗ်လူးကို အကောက်ကြံပြီး သူ့ဘဝကိုပါ လုယူချင်လာတဲ့ မန်နူးနဲ့ ကြောက်တတ်ပေမယ့်လည်း အနိုင်ကျင့်သူကို သင်ခန်းစာပြန်ပေးဖို့ကြိုးစားရမယ့် ဘဗ်လူးတို့ကြား သူတို့ရဲ့ ချစ်သူတွေ မိသားစုတွေပါ ပါလာတဲ့အခါမှာတော့... ဘယ်လိုတွေဇာတ်ရှိန်တက်လာမလဲဆိုတာ.........။ ရှရွတ်ခန်း ၂ ကိုယ်ခွဲနဲ့ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးကို ရုပ်ရှင်ရုံထဲ လိုက်ကြည့်ရသလို အကအလှရသအစုံ ခံစားရမှာပါ။ File size…(4 GB)/(1.6 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:44:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Drama • Horror • Mystery
6 1998 165 mins
Duplicate
The Invisible Thread
6.7

ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။ 2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။ သို့ပေမဲ့ ထူးဆန်းတာတစ်ခုက လီယိုနဲ့‌ေသွးသား‌‌ တော်စပ်တဲ့အဖေရင်းကို လီယိုကိုယ်တိုင်အပြင် သူ့ဖခင်နှစ်ယောက်လုံးကပါမသိပါဘူး။ ဘာလို့လဲဆိုတော့ ..... အဖေနှစ်ယောက်လုံးရဲ့သုက်ပိုးကို စမ်းသပ်ဖန်ပြွန်ထဲရောထည့်ပြီးမှ အလှူရှင်မမျိုးဥနဲ့ပေါင်း၊ သန္ဓေသားဖြစ်တည်လာမှ အငှားကိုယ်ဝန်ဆောင်သူရဲ့သားအိမ်ထဲထည့်ခဲ့တာကြောင့်ပါတဲ့။ အဲ့လိုနဲ့ပဲ ဖခင်နှစ်ယောက်ရဲ့ 20th anniversary ကိုရောက်လာတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့သူတစ်ယောက်ရောက်လာတဲ့အခါမှာ ... အရောင်အသွေးစုံလင်ခဲ့တဲ့မိသားစုလေးရဲ့ချစ်ခြင်းတရားတွေ အဆုံးသတ်သွားတော့မှာလား??? လီယိုရဲ့ အဖေရင်း ဘယ်သူဆိုတာကိုရော ဖော်ထုတ်သိသွားမှာလား ဆိုတာတွေကို ပေါ့ပေါ့ပါးပါး တလွဲတချော်ဟာသတွေနဲ့ပေါင်းစပ်ပြီးကြည့်ရှုရမယ့် family drama လေးပဲဖြစ်ပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Genre.....Comdedy, Drama, Family Quality….WEB-DL 1080p and 720p File size…1.6GB, 822MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator .....Thwal Yadi Encoder ..... August

Action • Adventure • Thriller
6.7 2022 109 mins
The Invisible Thread
The Dead Don't Die
5.4

သေခြင်းတရားဟာ မသေဆုံးပါဘူး။ အဆို‌တော်တစ်ယောက်ရဲ့နာမည်ကြီးဇာတ်ဝင်သီချင်းတစ်ပုဒ်။ လူ‌တွေဟာ Polar Fracking ကနေ စွမ်းအင်ထုတ်ယူ သုံးစွဲခဲ့ကြတယ်။ အလွန်အကျွံ သုံးစွဲမှုတွေရဲ့နောက်ဆက်တွဲ အနေနဲ့ ကမ္ဘာ‌‌မြေကြီးဟာ Polar Fracking ကြောင့် သူ့ဝင်ရိုးပေါ်ကနေ တိမ်းစောင်းခဲ့ပါတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ ..... နေ့အလင်းရောင်ဟာ တော်တော်နဲ့မကုန်တော့ပါဘူး။ နေ့တာရှည်လာပါတယ်။ ရေဒီယိုတွေ လိုင်းမကောင်းချင်တော့ပါဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်ကုန်ပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေ ပျောက်တဲ့ကောင်ပျောက်ကုန်ပါတယ်။ အမူအကျင့်တွေ ‌ပြောင်းလဲကုန်ပါတယ်။ အဲဒီထက် ဆိုးတာကတော့ ဒီဇာတ်လမ်းရဲ့ ခေါင်းစဉ်အတိုင်းပါပဲ။ သေဆုံးခြင်းက မသေဆုံးတော့တဲ့အခါ ..... တစ်နည်းအားဖြင့် သေပြီးသားလူတွေ အသက်ပြန်ရှင်လာကြတဲ့အခါ ..... ခင်ဗျားတို့ရော တွေးကြည့်ဖူးလား????? Zombie ကားကို အတွေးအခေါ်တစ်မျိုးနဲ့ ထပ်ကြည့်ကြည့်ပါ။ Horror ကား ကောင်းကောင်း ကြိုက်တတ်သူများ လက်မလွှတ်စေချင်ပါဘူး။ အဲ ..... တစ်ခု လက်တို့စရာ ကျန်သွားလို့ Selena Gomez လေးလည်း ပါတယ်ဗျ။ ? ? ?? ? ဘာသာပြန် နဲ့ Review ကတော့ August ပါ။

Drama
5.4 2019 104 mins
The Dead Don't Die
[18+] Shiho
6.7

*********** အကကို ဝါသနာပါပေမယ့် ဘဝပေးအခြေအနေကြောင့် စွန့်လွှတ်ထားရတဲ့ ၁၇နှစ်အရွယ်အထက်တန်းကျောင်းသားလေး ဝူမင်းဟာ ဖခင် ဆုံးသွားတဲ့နောက် သူ့အဖေကို ပြုစုပေးခဲ့ဖူးတဲ့ ဆူဂျောင်းနဲ့ တစ်အိမ်တည်းမှာ အတူနေဖြစ်သွားခဲ့ပါတယ်… အမေအရွယ် ဆူဂျောင်းကို ဝူမင်းက ချစ်မိသွားပေမယ့် သူမက စကားမပြောတတ်တဲ့အပြင် နေမကောင်းဖြစ်နေတာကို သိပြီး အတတ်နိုင်ဆုံး ကာကွယ်ပေးချင်စိတ်တွေ ဖြစ်လာခဲ့ပါတယ်… ဒါပေမယ့် ကျောင်းသားတစ်ယောက်အနေနဲ့ အကောင်းဆုံး ကြိုးစားတာတောင်မှ သူမဆေးဖိုးဝါးခလောက်သာ ပေးနိုင်တာကြောင့် သူငယ်ချင်းရဲ့အဆက်အသွယ်နဲ့ ပိုက်ဆံများများရမယ့် အလုပ်ကိုလုပ်ဖို ဆုံးဖြတ်ရာကနေ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ကိုယ်ချစ်ရသူကို ကာကွယ်ပေးဖို ကြိုးစားပေးတဲ့သူနဲ့ ချစ်ရတဲ့သူကို အရယူနိုင်ဖို လုပ်တဲ့သူရဲ့ ချစ်ခြင်းမေတ္တာတွေကို ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်… မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းများပါလို့ သတိထားစေချင်ပါတယ်.. File Size :(1.2 GB) and (532 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:43:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Action • Comedy • Crime
6.7 2019
[18+] Shiho
Shotgun Wedding
5.8

Shotgun Wedding (2023) ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ…. အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB | 503MB Format… mp4 Duration…. 1b 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. August

5.8 2023
Shotgun Wedding
Master Gardener
6.3

Master Gardener (2022) ~ IMDb – 6.3/10, Rotten Tomatoes – 70% ~ “God’s Lonely Man” ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ ” ဒီကောင်ဘာတွေလုပ်မလဲမသိဘူး” ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ “God’s Lonely Man” ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက “ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ” ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 540MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 51Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.3 2022 111 mins
Master Gardener
Heist 88

ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Crime/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံထားတဲ့ ဒီကားလေးမှာဆိုရင်တော့ မင်းသားကြီး Courtney B. Vance (61st Street) က အဓိကခေါင်းဆောင်ပါဝင်ထားပြီး ၁၉၈၈ ခုနှစ်က ဘဏ်စနစ်တွေရဲ့ လုံခြုံမှုမရှိပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ ၁၉၈၈ ခုနှစ်တွေတုန်းက ချီကာဂိုရဲ့ဘဏ်စနစ်က အလုံးစုံ ကွန်ပျူတာစနစ်အဖြစ် မပြောင်းလဲရသေးချိန်မှာ ငွေလွှဲပြောင်းမှုတွေကို လေလှိုင်းပေါ်က ဖုန်းခေါ်ဆိုမှုနဲ့ပဲ အတည်ပြုလေ့ရှိပါတယ်။ ကုမ္ပဏီတစ်ခုက ငွေလွှဲချင်တဲ့သူက ကုတ်နံပါတ်တစ်ခုနဲ့ လွှဲချင်တဲ ပမာဏကို ဘဏ်ကိုဖုန်းခေါ်ပြီး ပြောလိုက်ရင် ဘဏ်ကဝန်ထမ်းက အဲဒီကုမ္ပဏီရဲ့တခြားဘဏ္ဍာရေးအရာရှိကို ဖုန်းခေါ်ပြီး ကုတ်နံပါတ်ကို အတည်ပြုခိုင်းပါတယ်။ ဘဏ္ဍာရေးအရာရှိက ကုတ်နံပါတ်ကို အတည်ပြုပေးလိုက်တာနဲ့ လွှဲပြောင်းမှုက အထမြောက်အောင်မြင်သွားပြီဖြစ်လို့ ကုတ်နံပါတ်နဲ့ ဘဏ်ငွေစာရင်းလက်ကျန်ကိုသာ သိရရင် သေချာပေါက် ခိုးထုတ်ဖို့ မခက်ခဲတဲ့ ဘဏ်စနစ်ရဲ့ ယိုယွင်းမှုလို့ ဆိုရမလိုပါပဲ။ ဂျယ်ရမီဟောန်က လိမ်လည်မှုတွေမှာ ကျွမ်းကျင်တဲ့ ကြိုးကိုင်သူဖြစ်ပြီး ဘယ်သူ့ကို ဘယ်လိုခိုင်းရမယ်၊ ဘယ်နေရာကို ဘယ်လိုလိမ်ရမယ်ဆိုတာ အကွက်ကျကျ စီစဉ်တတ်သူပါ။ အဲဒီလို ကြိုးကိုင်သူဆရာကြီး ဂျယ်ရမီဟောန်တစ်ယောက် သူ့တူလေးရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားပေးရင်း အမှတ်မထင်ဘဲ သူ့တူလေးက ဘဏ်မှာလုပ်တဲ့ မိတ်ဆွေတွေနဲ့ သိကျွမ်းကြောင်း သိရှိသွားခဲ့ပါတယ်။ ဘဏ်စနစ်ရဲ့ ချို့ယွင်းချက်တွေကို ကောင်းကောင်းနားလည်ထားတဲ့ ဂျယ်ရမီဟောန်က သူ့တူရဲ့မိတ်ဆွေတွေကို စည်းရုံးပြီး ကုမ္ပဏီတွေက ပိုက်ဆံတွေကို ဘဏ်ကနေတစ်ဆင့် ခိုးထုတ် လွှဲပြောင်းဖို့ ကြံစည်ပါတော့တယ်။ ဘဏ်စနစ်မှာ အားနည်းချက်ရှိတာမှန်ပေမဲ့ တကယ်တမ်း ခိုးထုတ်ဖို့ကြံစည်တဲ့အခါမှာတော့ ထင်သလောက်မလွယ်ကူဘဲ ခက်ခဲမှုတွေရှိနေခဲ့တာမို့ ဂျယ်ရမီဟောန်နဲ့ သူ့အဖွဲ့က အဲဒီအခက်အခဲတွေ၊ အတားအဆီးတွေကို အောင်မြင်အောင် ဖြတ်ကျော်ပြီး ငွေတွေကို အောင်အောင်မြင်မြင် လှည့်ထုတ်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(834 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama
0 2023
Heist 88
Commando

တောင်းဆိုနေကြတဲ့ အာနိုးကား တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၅ ခုနှစ်က Commando ဆိုတဲ့ဇာတ်ကားပါ။ သူရဲကောင်းဝါဒနဲ့ မင်းသားအသားပေးရိုက်ချက်တွေ ခေတ်စားတဲ့ကာလက ဇာတ်ကားဆိုတော့ မင်းသားက လေးလုံးပြူးလောင်ချာကြီးထမ်းပြီး လူအယောက် ၂၀ လောက် ဝိုင်းပစ်နေတဲ့ကြားကနေ ကားကားကြီးထရပ်ပြီး လမ်းလျှောက်နေတာမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ အာဏာရူး သမ္မတရူးတစ်ယောက်က သမ္မတလုပ်ချင်တာနဲ့ပဲ အမေရိကန်ကို လာပါသတဲ့။ သူ့ရဲ့နိုင်ငံက ဇာတ်လမ်းထဲမှာပဲရှိတယ်။ ဘာတဲ့ ဗော်လ် ဗယ်ရ်ဒေး ဆိုလားပဲ။ အဲဒီနိုင်ငံက သမ္မတကို လုပ်ကြံဖို့ မင်းသားဆီ လာအပူကပ်တာပေါ့လေ။ သတ်ပေးပါနော် ကိုကို လို့ အပူကပ်တာမဟုတ်ဘူးနော်။ မင်းရဲ့ သမီးကို ငါတို့ဖမ်းထားတယ်။ သူ့ကို မသေစေချင်ရင် လက်ရှိသမ္မတကို လုပ်ကြံပြီး ငါ့ကို သမ္မတမြောက်ပေး ဘာညာပေါ့ဗျာ။ ကျွန်တော်တို့ အာနိုးကြီးက ဂဂျိုးဂဂျောင်ကောင်မှ မဟုတ်ဘဲဗျာ။ သူ့သမီးကို ဖမ်းသွားတဲ့သူတွေ သေခြင်းဆိုးနဲ့သေအောင် လိုက်သတ်တာများ စူပါမန်းထက်မိုက်တယ်။ သိတဲ့အတိုင်းပဲ။ တုတ်ပြီးဓားပြီး သေနတ်ပြီးတဲ့ ကာနယ်ကြီး မေးထရစ် တစ်ဖြစ်လည်း အာနိုးကြီးရဲ့ အက်ရှင်ဇာတ်ကားကြီးကို ငယ်ငယ်က အငွေ့အသက်တွေနဲ့ ပြန်ခံစားကြရအောင်ဗျာ။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

0 1985
Commando
Half Heaven

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် ဇာတ်အကွေ့အပြောင်းမြန်မြန်ဆန်ဆန်နဲ့ ကြည့်ရမယ့် Drama ရုပ်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာတစ်ယောက်က ဘာသာရေးကင်းမဲ့ဇုန်မှာ တရားဟောပြောဖို့အတွက် မိုဘိုကိုဆိုတဲ့ ဘာသာရေးကင်းမဲ့ပြီး လုံးဝကိုအန္တရာယ်များတဲ့နေရာဒေတစ်ခုကို ရောက်လာခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံးမှန်မှန်ကန်ကန်နေထိုင်ခဲ့တဲ့ ဖာသာတစ်ယောက် ရောက်‌ရောက်ချင်းချင်း ဓားပြတိုက်ခံရပြီးတော့ ပြည့်တန်ဆာတွေနေထိုင်တဲ့နေရာမှာ ခဏတာအကူအညီယူပြီးနေထိုင်ဖို့ဖြစ်လာပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဘာသာရေးကင်းမဲ့ပြီး ပြစ်မှုတွေပြည့်နှက်နေတဲ့နေရာကို ဖာသာတစ်ယောက်ဘယ်လိုကြိုးစားရုန်းကန်ပြီး ပြန်လည်တည်ဆောက်သွားမလဲဆိုတာကိုကြည့်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.9 GB)/(922 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2023
Half Heaven
Love in the Afternoon
7.1

လူဆိုတာ မလုပ်ရဘူးဆိုတာကို ပိုလို့လုပ်ချင်တတ်တဲ့ အကျင့်နဲ့ သတ္တဝါမျိုးပါ…..အဲဒီလို သတ္တဝါမျိုးကိုမှ ဘာကိုမှမမြင်တော့လောက်အောင် ကန်းစေမဲ့ အချစ်မျိုးထည့်ဖြည့်ပေးလိုက်ရင် မိုးပေါ်က သိကြားမင်းမကလို့ တဖက်၅၀၀စီရှိတဲ့ နတ်သမီးတွေ တောင်းပန်ခယလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ပါဘူး….. အချစ်ဆိုတဲ့ စကားလုံးလေးက အင်မတန်ရိုးရှင်းပါတယ်…..ဖွင့်ဆိုရတဲ့ အဓိပ္ပာယ်တွေကတော့ ဆန်းကြယ်လွန်းတာမှ အနန္တစကြာဝဠာဆိုတာ တကယ်ရှိနေပါလားဆိုတာထက်ကို ပိုဆန်းကြယ်လွန်းပါတယ်…..ဒီအရာကို တခြားလူလုပ်ရင်မကြိုက်ပေမဲ့ ကိုယ့်မျက်စိထဲ ချစ်စရာကောင်းတယ်လို့ထင်တဲ့လူလုပ်နေရင်တော့ စိတ်ဝင်စားစရာ သည်းခံချင်စရာလေးဖြစ်သွားတဲ့အထိကို လူ့စိတ်ကိုပြောင်းလဲစေတာလည်း အချစ်ပါပဲ…….တခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မြင်တဲ့အချိန်ကနေစပြီး အသက်ဆုံးသွားတဲ့အချိန်ထိ ကိုယ့်ဘေးမှာ မပူမပင်မကြောင့်မကျဘဲ ထားချင်တာလည်း အချစ်ပါပဲ…..ဒါပေမဲ့ ကိုယ်အင်မတန်မုန်းတီးပါတဲ့ဆိုတဲ့အရာကို ကိုယ်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူ လုပ်လို့ အသက်ဆုံးရှုံးတဲ့အထိ တုံ့ပြန်တတ်တာလည်း အချစ်ပါပဲ…..ပြောရရင်ကုန်မှာကိုမဟုတ်ပါဘူး အနန္တစကြာဝဠာဆိုတာ အချစ်ရဲ့ အဓိပ္ပာယ်ရှင်းတမ်းနဲ့ယှဉ်ရင် မြူမှုန်တဝက်သာသာရယ်ရှိတာပါ….. ဒီဇာတ်ကားလေးကတော့ ပလေးဘွိုင်းလို့ သိနေလျက်နဲ့ ကိုယ့်အဖေစုံထောက်ကြီးကလည်း စုံစမ်းနေလျက်နဲ့ကို စုံလုံးကန်း ချစ်မိသွားတဲ့ အကြောင်းလေးကို ဟာသလေးနှော အပြောကောင်းကောင်းလေးတွေပေါင်းထည့်ပြီး တင်ဆက်ရိုက်ပြထားတာပါ……ဒီခေတ်ရဲ့ ချစ်စကားတွေနဲ့ အရင်ခေတ်က ချစ်စကားတွေ ဒီခေတ်လူငယ်တွေနဲ့ အရင်ခေတ်လူငယ်တွေ ဘယ်လိုကွားခြားကြမလဲ ဘယ်လိုအယူအဆတွေကွဲလွဲခဲ့ကြလဲ အချစ်ကိုဘယ်လိုခံစားကြလဲဆိုတာ မျက်ဝါးထင်ထင်တွေ့ရမှာမို့ ကြည့်သင့်ကြည့်ထိုက်တဲ့ ကားလေးတစ်ကားလို့ဆိုရင်မှားမယ်မထင်ပါဘူး…… File size…(2.7 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Drama • History • Thriller
7.1 1957 130 mins
Love in the Afternoon