YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Minato's Laundromat Wash My Heart! (2022)Se1Ep7.WEB-DL 720p(CM).mp4

177.64 MB N/A video/mp4 180 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Die Hard: With a Vengeance
7.2

ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်....နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့..... အကြောက်အလန့်ကင်းတဲ့..... ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ File Size…(2 GB) and (1.4 GB) Quality…Blu-Ray 1080p 5.1 DTS Format…mkv and mp4 Duration…02:08:30 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung

Comedy • Drama • Romance
7.2 1995 128 mins
Die Hard: With a Vengeance
The Stolen Years
6.2

The Stolen Years (2013) (အညွှန်း) လူနှစ်ဦးချစ်ကြတဲ့အခါ အဲဒီလူနှစ်ဦးလက်ထပ်နိုင်ဖို့အရေး၊ ဇာတ်ပေါင်းထုပ်နိုင်ဖို့အရေးကိုပဲ များသောအားဖြင့် ပဓာနထားတတ်ကြတယ်။ ချစ်သူနှစ်ဦးပေါင်းဖက်နိုင်သွားရင် အရာအားလုံးအဆုံးသတ်သွားပြီ အောင်မြင်သွားပြီလို့ထင်မှတ်တတ်ကြတယ်။ တကယ်တော့မဟုတ်ပါဘူး .. လက်ထပ်ပြီးနောက်ပိုင်းကမှသာ အဲဒီလူနှစ်ယောက်ရဲ့ တကယ့်ဘဝအစလို့ပြောရမှာပါ။ Xie Yu နဲ့ He Mann က တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြတဲ့ ချစ်သူတွေအဖြစ်ကနေ အခုမှပူပူနွေးနွေးလက်ထပ်ပြီးကာစ အချစ်ငှက်ကလေးတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး နှစ်ယောက်အတူရှိလိုက်ရင် အချင်းချင်းစနောက်ပြီး အမြဲပျော်ရွှင်ရယ်မောနေတတ်တာမို့ အများကဝိုင်းအားကျရတဲ့စုံတွဲလေးဆိုလည်းမမှားပါဘူး။ ဒီလိုနဲ့ကြင်စဦးတို့ရဲ့ထုံးစံအတိုင်း ဟန်းနီးမွန်းခရီးစဉ်တစ်ခုထွက်ရာကနေ မတော်တဆမှုတစ်ခုဖြစ်သွားခဲ့တယ် ..။ 2012 ခုနှစ်ရဲ့မနက်ခင်းတစ်ခုမှာ မတော်တဆမှုနဲ့ဆေးရုံရောက်နေတဲ့ He Mann သတိပြန်ရလာခဲ့တယ်။ နိုးနိုးလာချင်း မတော်တဆဖြစ်တုန်းကအတူတူရှိခဲ့တဲ့ ယောက်ျားဖြစ်သူ Xie Yu ကိုရှာတာပေါ့။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ထိတ်လန့်စရာအဖြစ်မှန်တွေကို He Mann ကြုံလိုက်ရတော့တယ်။ သူမှတ်မိနေတဲ့မှတ်ဉာဏ်က 2007 ခုနှစ်ကမှတ်ဉာဏ်တွေဆိုတာရယ် .. လက်ရှိခုနှစ်က 2012 ခုနှစ်ဆိုတာရယ် .. သိပ်ချစ်ခဲ့ကြတဲ့ သူနဲ့ Xie Yu က ကွာရှင်းပြီးသားဆက်ဆံရေးဖြစ်သွားပြီဆိုတာရယ် .. သူကမတော်တဆမှုတစ်ခုကြောင့် ဆေးရုံမှာတစ်လလောက် ကိုမာဖြစ်နေရာကနေ မှတ်ဉာဏ်တချို့ပျောက်ဆုံးသွားပြီဆိုတာရယ် .. ။ “ခိုးယူခံလိုက်ရတဲ့ သက္ကရာဇ်တွေ” မှာ ဘာတွေဖြစ်ပျက်ခဲ့လို့ He Mann ရဲ့ကမ္ဘာကြီးကပြောင်းလဲသွားရတာလဲ .. လူတွေကပဲပြောင်းလဲသွားခဲ့တာလား အချစ်စစ်ဆိုတာကပဲတည်မြဲမှုမရှိတာလား .. သိပ်ချစ်လွန်းလို့ပေါင်းဖက်နိုင်ခဲ့ပြီးကာမှ ဘယ်အရာတွေက သူတို့ကိုဝေးကွာသွားစေခဲ့တာလဲ .. ဒီအမှန်တရားကို He Mann တစ်ယောက်လက်ခံနိုင်စွမ်းရှိပါ့မလား .. နှစ်ယောက်သားနဲ့ကံကြမ္မာကရော ဘာတွေဆက်ဖြစ်ဦးမှာလဲ .. ။ IMDb 6.2/10 ရ တရုတ် romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး အချစ်ဇာတ်လမ်းအဆွေးဇာတ်တွေကိုကြိုက်တတ်သူတွေအဖို့ကတော့ မိုးအေးအေးနဲ့ငြိမ့်ငြိမ့်လေးဆွေးလို့ကောင်းတဲ့ ဇာတ်လမ်းဟောင်း ဇာတ်လမ်းကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။

Action • Adventure • Fantasy • Science Fiction
6.2 2013
The Stolen Years
Corner Office
6

ကိုယ်လုပ်နေရတဲ့ရုံးအလုပ်တွေမှာ စိတ်တွေမွန်းကြပ်လွန်းလာရင် တချို့လူတွေကစိတ်ထွက်ပေါက်ရှာတတ်ကြပါတယ်။ဒီ Corner Office ဆိုတဲ့ကားထဲက အော်ဆန်ဆိုတဲ့လူရဲ့စိတ်ထွက်ပေါက်ကတော့ အရမ်းထူးဆန်း လွန်းပါတယ်။ အော်ဆန်က သူ့ရဲ့ရုံးအသစ်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သူမှမသုံးတဲ့ အခန်းတစ်ခန်းကိုတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့သူအဲ့ဒီအခန်းထဲကို သုံးလေးခေါက်ဝင်ပြီးတဲ့နောက်မှာတော့ အဲ့ဒီအခန်းကိုအရမ်းစွဲလမ်းသွားခဲ့ ပါတော့တယ်။ အဲ့ဒီအခန်းကသူ့အတွက်စိတ်ကိုအေးချမ်းစေပြီး အလုပ်တွေ လုပ်ရတာ ပိုကောင်းစေတဲ့ အခန်းတစ်ခုဖြစ်တဲ့အပြင် သူ့ရဲ့လုပ်ငန်းခွင်က လူတွေ အားလုံးရဲ့ အဝေးကိုထွက်သွားစေနိုင်တဲ့စိတ်ထွက်ပေါက်လေးပဲဖြစ်ပါတယ်။ ပြဿနာလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒီအခန်းက အမှန်တကယ်မရှိပါဘူး။ အော်ဆန်ကတော့ အဲ့ဒီအခန်းကိုစိတ်ကြိုက်ဝင်ထွက်သွားလာနေပေမဲ့ တခြားလူတွေကတော့ အဲ့ဒီအခန်းနေရာမှာ နံရံကြီးတစ်ခုကိုပဲ မြင်ရပြီးတော့ သူအခန်းထဲဝင်သွားတယ်ဆိုတာလဲ နံရံကြီးရှေ့မှာကြောင်တောင်တောင်ကြီး မတ်တပ်ရပ်နေတာကိုပဲ မြင်ရတာဖြစ်ပါတယ်။ဒီလိုနဲ့အော်ဆန်က သူ့ရဲ့လုပ်ဖော် ကိုင်ဖက်တွေအပြင် သူဌေးနဲ့ပါပြဿနာတွေတက်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်း သူပြောပြောနေတဲ့ အခန်းထဲကိုသွားပြီးအလုပ်တွေကြိုးစားလိုက်တဲ့အခါမှာ သူဌေးကသဘောကျပြီးရာထူးတွေဘာတွေတက်သွားပြီး နောက်မှာ သူ့ရဲ့အဲ့ဒီအခန်းကို စွဲလမ်းစိတ်က ပိုပြင်းထန်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို Storytelling ပုံစံနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.19GB / 407MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Romance
6 2022 102 mins
Corner Office
June Zero

(function(f,b,n,j,x,e){})(); ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် သမိုင်းကြောင်းတစ်ခုက လူတစ်ယောက်အပေါ်ကို ဘယ်လောက်တောင်သက်ရောက်မှုရှိလဲ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်တွေပါဝင်နေသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးစုတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Adolf Eichman ရဲ့ လူသိနည်းတဲ့တရားခွင်အပေါ်မှာ ဇာတ်ကြောင်းခံပြီး ဇာတ်လမ်းကိုတင်ဆက်ပြသထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ လူသားဆန်ဆန်နေထိုင်မှုရဲ့အဓိပ္ပာယ်တွေ ပြီးတော့ Eichman ကိုကွပ်မျက်ခြင်းကိုလုပ်ဆောင်တဲ့ အပိုင်းမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေတွေ ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ နာဇီတွေရဲ့ ပြစ်မှုတွေကဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2022
June Zero
Free Willy: Escape from Pirate’s Cove
5

ဒီ ၄ကားမြောက် Free Willy ကတော့ ပထမ သုံးကားနဲ့ လုံးလုံးမဆိုင်တော့တဲ့ ဇာတ်ကောင်၊ ဇာတ်ကြောင်းနဲ့ပဲဖြစ်ပါတယ်။ ရှေ့၃ကားရဲ့ မိသားစုတွေ ပြန်ပါမှာ မဟုတ်တော့သလို ဒီထဲက ဝီလီဟာလည်း မတူညီတဲ့ နောက်ထပ် ဝီလီအသစ်တစ်‌ကောင်ဖြစ်ပါတယ်။ တူတာဆိုလို့က အဲ့ဒီ ဝီလီ့ကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ ကြိုးစားမှုအပိုင်းပဲဖြစ်ပါတယ်။ ၁၂ နှစ်အရွယ် ချစ်စရာ ကလေးမလေး ကီရာဟာ ဖခင်ဖြစ်သူ တိမွေးကုဆရာဝန်ကြောင့် ငယ်ငယ်လေးကတည်းက တိရစ္ဆာန်တွေနဲ့ မစိမ်းသူလေးဖြစ်ပါတယ်။ ဖအေတစ်ခု သမီးတစ်ခုအနေနဲ့ နေလာကြရင်း တစ်ရက်တော့ သူ့အဖေဟာ မတော်တဆတစ်ခုဖြစ်ပြီး ဆေးရုံမှာ ရက်ရှည်နေရဖို့ ဖြစ်လာတဲ့အခါ ကီရာလေးကို အာဖရိကမှာနေတဲ့ အဖိုးဖြစ်သူဆီ ပို့လိုက်ပါတော့တယ်။ ဒီကားထဲမှာကော ဝီလီဖြစ်လာမယ့် ဝေလငါးနဲ့ ကီရာလေးတို့ ဘယ်လိုစတွေ့တာဖြစ်မလဲ၊ ဘယ်လို အခက်အခဲတွေကို ဖြတ်သန်းရမလဲ၊ အခုတစ်ခါမှာရော ဘယ်လိုပြန်လွှတ်ပေးကြမလဲဆိုတာတွေတော့ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦးနော့်။ File size… 2.1 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 41 m Genre ….. Family/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

Western • Drama • History • TV Movie • War
5 2010 101 mins
Free Willy: Escape from Pirate’s Cove
Signed, Sealed, Delivered: A Tale of Three Letters

Signed, Sealed, Delivered: A Tale of Three Letters (2024) IMDb (7.2/10) ဒီနေ့ခေတ်ကြီးမှာ မင်းသားကဗီလိန်ကို အနိုင်ယူတဲ့ဇာတ်လမ်းတွေ ဗီလိန်အသားပေးဇာတ်လမ်းတွေ နိုလန်ရဲ့ကားတွေလို ကြည့်တဲ့သူခေါင်းစားတဲ့ကားတွေ စသဖြင့် ရုပ်ရှင်အမျိုးအစားပေါင်းစုံက ကြည့်ရှုသူပရိသတ်အစုံအတွက် ရသစုံစွာတင်ဆက်ပေးလျှက် ရှိနေတာပါပဲ…. အခုဒီဇာတ်ကားသစ်လေးကတော့ ဇာတ်လမ်းလဲမရှုပ်ပါဘူး နာမည်ကြီးတဲ့သရုပ်ဆောင်တွေ ဒါရိုက်တာတွေမပါပါဘူး ထူးခြားဆန်းပြားရိုက်ချက်တွေ ရိုက်ကွင်းနေရာတွေလည်း မပါပါဘူး… အဲ့ဒါဆို ဘာကိုကြည့်ရမှာလဲလို့ မေးလာရင်တော့ ကျွန်တော်တို့ဘဝမှာ မထိတွေ့ခဲ့ရတာကြာခဲ့တဲ့ ပျောက်ဆုံးလုနီးပါး ဖြစ်နေတဲ့ ရိုးရှင်းတဲ့ကြည်နူးစရာ family movie လေးပဲ ဖြစ်ပါတယ် ရိုးရှင်းတယ် ရင်ထဲထိတယ်ပေါ့ဗျာ မိသားစုနဲ့တူတူကြည့်လို့ရမယ် ကောင်မလေးနဲ့နှစ်ယောက်တည်း movie date လို့ ရအောင်လည်း ရိုမန့်ဆန်တယ် အဲ့တော့ ဇာတ်လမ်းလေးက ရိုးရှင်းပေမယ့် နဲနဲတော့တမျိုးဆန်းပါတယ် လွန်ခဲ့တဲ့ ၇ နှစ်က ပျက်စီးသွားတဲ့စာတိုက်ပုံးတစ်ခုထဲက ပြန်ဆယ်လို့ရသမျှ စာလေးတွေကို သက်ဆိုင်ရာပိုင်ရှင်တွေဆီ ပြန်ပို့ဖို့ကြိုးစားကြရင်း စာသုံးစောင် ဇာတ်လမ်းသုံးခုနဲ့ စာတိုက်မှူးစုံတွဲတို့အပါ ရိုးရှင်းလှပတဲ့ဘဝဇာတ်လမ်းလေးတွေကို စိတ်အပန်းပြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Crime, Drama, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… 1GB | 507MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2024
Signed, Sealed, Delivered: A Tale of Three Letters
Hard Miles
6.4

၂၀၂၃ ခုနှစ်ကထွက်ရှိထားတဲ့ Hard Miles ရုပ်ရှင်ဟာ စိတ်ဓာတ်ခွန်အားပေး အားကစားဒရမ်မာဖြစ်ပါတယ်။ ကော်လိုရာဒိုက ပြန်လည်ပြုပြင်ရေးလူငယ်သင်တန်းကျောင်းရဲ့ စက်ဘီးအဖွဲ့တစ်ဖွဲ့ဟာ ဂရန်းကန်ညွန်အထိ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ခရီးတစ်ခုကို နည်းပြဂရက်ဂ်တောင်းဆန့်ရဲ့ဦးဆောင်မှုနဲ့ ရောက်အောင်သွားနိုင်ခဲ့ပုံကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပေမယ့် လူငယ်တွေရဲ့အားမာန်၊ စိတ်ဓာတ်လှုံ့ဆော်ပေးတဲ့ဒိုင်ယာလော့တွေ၊ လူဆိုးလေးတွေကို လမ်းမှန်ပြပေးခဲ့တဲ့နည်းပြရဲ့သင်ပြပုံတွေကြောင့် ဝေဖန်သူတွေဆီက Review ကောင်းတွေအများကြီးရထားတာဖြစ်ပါတယ်။ ဂရန်းကန်ညွန်ကိုစက်ဘီးနင်းသွားရမယ့် ၇၆၂ မိုင်ခရီးဟာ ဆယ်ကျော်သက်လူငယ်လေးတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာစမ်းသပ်မှုတစ်ခု ဖြစ်သလို ဂရက်ဂ်ရဲ့အဆုံးစွန်အထိတွန်းအားပေးမှုတွေက လူငယ်လေးတွေကို ဘဝမှာဘာအခက်အခဲကိုမှမကြောက်ရွံ့ တော့အောင် သင်ကြားပေးနိုင်ခဲ့တာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ File size… 1.72GB / 809MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 48m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023
Hard Miles
The Union
6.7

မင်းသားကြီး Mark Wahlberg ရဲ့ နက်ဖလစ်ရုပ်ရှင်အသစ် လာပါပြီ။ စပိုင် အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ယူနီယံဆိုတဲ့ လျှို့ဝှက်အေဂျင်စီ တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ မိုက်ခ်ဟာ ဆောက်လုပ်ရေးအလုပ်သမား၊ ဘဝကို ပျော်ပျော်ဖြတ်သန်းနေတဲ့ အခြေခံလူတန်းစားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ အဆက်ဟောင်း ရော့ဆန်းက သူ့မြို့လေးကို ရောက်လာပြီး သူ့ကို ထူးဆန်းတဲ့အလုပ်တစ်ခု ပေးလာပါတယ်။ ဒါကတော့ လျို့ဝှက်စပိုင်အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ ပါပဲ။ ဒီလို လူသစ်ကို ခေါ်ရတဲ့အကြောင်းက စီအိုင်အေအေးဂျင့် တစ်ယောက်က သစ္စာဖောက်သွားပြီး တစ်ကမ္ဘာလုံးက အမေရိကန် ဝန်ထမ်းတွေ အေးဂျင့်တွေအကုန်လုံးရဲ့ အချက်အလက်တွေကို ရောင်းစားဖို့ ခိုးသွားလို့ပါပဲ။ ဒီတော့ နေ့ချင်းညချင်း စပိုင်ဖြစ်လာတဲ့မိုက်နဲ့ သူ့အဆက်ဟောင်း ရော့ဆန်းတို့ အကြမ်းဖက်သမားတွေ သစ္စာဖောက်တွေနဲ့ အပြိုင် အချက်အလက်တွေကို ပြန်လုရတဲ့အခါ…. File size…1.77GB / 1.01GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Horror • Science Fiction
6.7 2024
The Union
Jane
6.1

Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရော ဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့ Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာ စွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့ မိခင်သဖွယ်‌နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် .. ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီး ဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ .. သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီး သူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ဟာ စိတ်ခွန်အားတစ်ရပ်၊ နားခိုရာအိမ် ဖြစ်လာခဲ့ပြီး ဘဝဒဿနတွေကို သင်ယူရာ ကျောင်းတော် ဖြစ်လာခဲ့ပါတော့တယ် .. သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းလေးဟာ ရုပ်ရှင်ထဲမှာ အိပ်မက်လိုလို လက်တွေ့ဘဝလိုလို ဇာတ်ကွက်တွေ ရောယှက်နေပြီး လူ့အဖွဲ့အစည်းက ‌ဘေးဖယ်ထားတဲ့သူတွေရဲ့ ဘဝကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့တဲ့ကားကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် .. File size…1.9GB / 631MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • Romance
6.1 2017
Jane
Werewolves
5.5

Werewolves (2024) ဒါကတော့ ထူးထူးခြားခြားဝံပုလွေလူသား horror လေးလို့ပြောရမှာပါ။ ပုံမှန်၀တ္ထု‌တွေ ဇာတ်လမ်းတွေမှာ ဒါမှမဟုတ် ဆယ်ကျော်သက်တွေကြားရေပန်းစားတဲ့ A/B/O trope အနေနဲ့လည်းတွေ့ဖူးကြမှာပါ။ ဒီ Movie မှာတော့ ပုံမှန်နဲ့ကွာခြားတဲ့လပြည့်ညတစ်ညကြောင့် လရောင်နဲ့ထိတွေ့မိတဲ့သူတိုင်း ဝံပုလွေလူသားတွေအဖြစ်သန္ဓေပြောင်းကုန်ပြီး သူတို့ချစ်ရတဲ့သူတွေ မိသားစုဝင်တွေကိုမှတ်မိနိုင်စွမ်းမရှိ‌တော့ပဲ ပြန်အမဲလိုက်ကြပါတော့တယ်။ ဒါကြောင့်အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူတွေကိုမိမိတို့အိမ်မှာလုံခြုံစွာနေကြဖို့မှာကြားထားတယ်။ လူတွေကလည်း အိမ်ခြံ၀န်းတွေကိုလုံခြုံအောင်ကာပြီး လရောင်သာမယ့်ညကိုရှင်သန်နိုင်ဖို့အတွက်အတတ်နိုင်ဆုံးပြင်ဆင်ကြရတော့တယ်။ အဲ့ဒီလိုထူးခြားဖြစ်စဉ်ကိုအဖြေရှာဖို့ကြိုးစားနေကြတဲ့အဖွဲ့တစ်ဖွဲ့ကနေပြီး မွန်းစခရင်ဆိုတဲ့သူတို့ဖော်ထုတ်ထားတဲ့ဆေးဟာ လရောင်နဲ့လူသားအ‌ရေပြားထိတွေ့မှုမှာမျိုး ရိုးဗီဇပြောင်းလဲမှုကိုကာကွယ်နိုင်ရဲ့လားဆိုတာ စမ်းသပ်ခံတွေနဲ့စစ်ဆေးကြဖို့လုပ်တော့ အက်စီးဒင့်တစ်ခုဖြစ်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးကြီးတစ်ခုလုံးကသန္ဓေ ပြောင်းဝံပုလွေတွေနဲ့ပြည့်သွားတဲ့အခါ အသက်ရှင်ကျန်ရစ်တဲ့ပညာရှင်နှစ်ဦးက ဘယ်လိုလွတ်မြောက်အောင်ကြိုးစားကြမလဲ။ ထိုနှစ်ဦးထဲက ဝေစလေမာရှယ်ဆိုတဲ့အငြိမ်းစားစစ်သားကရော ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့သမီးလေးကို ကာကွယ်ဖို့ရန်အချိန်မှီအိမ်ပြန်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှူ့ကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.7 GB) / (910 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Horror,Thriller Duration….01:34:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

5.5 2024 94 mins
Werewolves
Ramnagar Bunny
7.4

Ramnagar Bunny (2024) “လူရှုပ်ဘန်နီ” အခုတင်ဆက်ပေးလိုက်တာကတော့ တလေဂူးအချစ်ဟာသရုပ်ရှင်ကားလေးပါ။ ဘန်နီဆိုတဲ့ကောင်က သူငယ်ချင်းတွေနဲ့ လတ်လျားလတ်လျားသွားလာနေပြီး တာဝန်ယူမှုဆိုတာမရှိတဲ့ ကောလိပ်ကျောင်းသားတစ်ယောက်။ အဖေဖြစ်သူက သုံးဘီးမောင်းပေမဲ့ အိမ်မှာ စေတနာနဲ့လာကူညီပေးတဲ့ ဆိုင်လူဆိုတဲ့ ကောင်မလေးကတော့ ဘန်နီ့ကို တိတ်တခိုးလေးချစ်မိနေပါတယ်။ ဘန်နီကတော့ ဆိုင်လူ့ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်တဲ့အပြင် အိမ်အကူလောက်ပဲသဘောထားတဲ့ကောင်။ ကြုံလာသမျှမိန်းကလေးတိုင်းကို ဖွန်ကြောင်ရင်း ညီမဖြစ်သူအတွက် အဖေစုထားတဲ့ပိုက်ဆံကိုပါ ခိုးသုံးပြီး ချစ်သူမိန်းကလေးတိုင်းကလည်း သူ့ကိုထားခဲ့ကြတဲ့နောက်မှာတော့ ဘန်နီတစ်ယောက် ပြဿနာပေါင်းသောင်းခြောက်ထောင် ကြုံရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
7.4 2024 148 mins
Ramnagar Bunny
Captain Phillips
7.9

Captain Phillips (2013) IMDb Rating (7.8) / Rotten Tomatoes (93%) ၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။ အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ္စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပြီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမြို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကြည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ္ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အကြိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ဝါရင့်မင်းသားကြီး Tom Hank တို့ကြားက စကားပြောခန်းတွေဖြစ်ပါတယ်။ IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/100)% အထိရရှိထားသောဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကြပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဇာတ်လမ်းကတော့ … Richard Phillips တာဝန်ယူ ဦးဆောင်တဲ့ MV Maersk Alabama ဆိုတဲ့ ကုန်တင် သင်္ဘောကြီးဟာ Oman သဘောၤဆိပ်ကနေ Mombasa အသွား Gulf of Aden အဖြတ်မှာ ဆိုမာလီက ပင်လယ်ဓားပြတွေရဲ့ ရန်ကိုရင်ဆိုင်ခဲ့ရပါတယ်… Captain Phillips ဟာ ဓားပြတွေသောင်းကျန်းတဲ့အတွက် သတိပေး အီးမေလ်းကိုရအပြီး အရေးပေါ်အခြေအနေကို လေ့ကျင့်နေတဲ့အချိန်မှာပဲ မင်္သကာစရာ မော်တော်ဘုတ် ၂စီးကို ရေဒါထဲမှာ မြင်ခဲ့ပါတယ်… ဒီလိုနဲ့ လေ့ကျင့်မှုကနေ တကယ့်အခြေအနေကို တဟုန်းထိုး ကူးပြောင်းသွားပါတော့တယ်… Captain Phillips ရဲ့ ဟန်ဆောင်ရေဒီယို စကားပြောကို လေလှိုင်းကြားက ခိုးနားထောင်နေတဲ့ ပင်လယ်ဓားပြတွေကြားပြီး မကြာခင်မှာ စစ်တပ်ရောက်လာတော့မည်အထင်နဲ့ မော်တော်ဘုတ် ၂စီးမှာ ၁စီးက လှည့်ပြေးသွားပါတော့တယ်… ကျန်တစ်စီးက ဆက်လက်လာနေပင်မဲ့ Captain Phillips ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်တာတွေကိုလုပ်ဆောင်ခဲ့တဲ့အတွက် ပင်လယ်ဓားပြတွေ သင်္ဘောနားကို မကပ်နိုင်ခဲ့ပဲ ပထမအကြိမ်မှာလက်လျော့ခဲ့ပါတယ်… နောက်နေ့မနက်မှာတော့ Muse (Nickname: Skinny) ခေါင်းဆောင်တဲ့ ပင်လယ်ဓားပြ ၄ဦးပါ မော်တော်ဘုတ်က ထပ်မံချဉ်းကပ်လာပြန်ပါတယ်… ဘယ်လိုပဲ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်လုပ် အဆုံးမှာတော့ လူဆိုးတွေဟာ သင်္ဘောပေါ်ကိုရောက်လာခဲ့ပါတယ်… တခြားသင်္ဘောသားများကို အင်ဂျင်ခန်းထဲမှုာ ပုန်းခိုင်းထားပြီး လူဆိုးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့ရတဲ့ သူကတော့ Captain Phillips နဲ့ နောက် အရာရှိ ၂ယောက်ပါပဲ… သင်္ဘောကို ပါဝါတွေ အကုန်ပိတ်ချလိုက်ပြီး အရေးပေါ် ပါဝါကိုပါ ပိတ်ချနိုင်ခဲ့တယ်… တစ်ချိန်မှာ လူဆိုးခေါင်းဆောင် Skinny ကို သူ့ သင်္ဘောသားတွေ ဖမ်းဆီးနိုင်ခဲ့ပြီး သင်္ဘောပေါ်ကနေ ပိုက်ဆံ ဒေါ်လာ ၃သောင်းကိုယူကာ သင်္ဘောပေါ်က အသက်ကယ်လှေကို ယူပြီး အေးအေးဆေးဆေးဆင်းဖို့ တောင်းဆိုခဲ့တယ်… သို့သော် လူဆိုးတွေဟာ Captain Phillips ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပြီး အာမခံကြေးငွေ ၆ မီလီယံနဲ့ ရွေးယူဖို့ ခြိမ်းခြောက်ပါတော့တယ်… ဒီအခက်ခဲတွေကြားမှာ Captain Phillips ဘယ်လိုလွတ်မြောက်မလဲ… US Navy ရောက်ရှိလာအပြီးမှာ ဓားစာခံခေါ်ခံထားရတဲ့ Captain Phillips ကို ဘယ်လိုကယ်မလဲဆိုတာ…။ ဒီကားက ဇာတ်လမ်းအကုန်ပြောပြလိုက်လို့တောင်မှ တကယ်ကြည့်တာနဲ့ အရသာတူမှာမဟုတ်ပါဘူး… ဒီပိုစ့်ထဲမှာတော့ မှတ်မှတ်ရရ သတိထားမိတဲ့ အခန်းလေးတွေကိုပဲ တစ်ခုချင်းရေးပါတော့မယ်… သင်္ဘောနားကို ပင်လယ်ဓားပြ မော်တော်ဘုတ်ကပ်လာတော့ မီးသတ်ပိုက်ရေပန်းတွေစဖြန်းတဲ့အချိန်မှာ ကိုယ်ကပါသူ့လိုပဲ (လူဆိုးတွေ သင်္ဘောပေါ်ရောက်လာတယ်ဆိုတာ Trailer မှာကြည့်ပြီးတာတောင်မှ) စိုးရိမ်နေပါပြီ… မီးသတ်ပိုက်တစ်ခုက ကောင်းကောင်းမတတ်ထားတော့ အဲဒိနေရာမှာ ဟာနေတာကို လူဆိုးတွေတွေ့သွားပြီး အဲဒိကနေတက်လာဖို့ကြိုးစားတော့ သင်္ဘောသား လက်ထောက်ကို ပြန်တပ်ခိုင်းရင်း ဒီဘက်ကလဲ လူဆိုးတွေကို Captain Phillips က ပါလာတဲ့ အချက်ပြမီးပန်းနဲ့ လှမ်းပစ်တဲ့အချိန်မှာ စိတ်ထဲ US မှာ ဒီလောက် သေနတ်ပေါတာ သင်္ဘောပေါ်မှာ သေနတ်လေးတော့ ဆောင်ထားသင့်တာပေ့ါလို့ထင်မိတယ် (ဒါပေမဲ့လဲ တစ်ခါတစ်ရံမှာ သင်္ဘောသားချင်းပြန်သတ်တဲ့ ဇာတ်လမ်းတွေ အပြင်မှာကြားဖူးနေတော့လဲ သေနတ်ထားသင့်မထားသင့်က အငြင်းပွားစရာ ကိစ္စတစ်ခုပါပဲ) ခုတော့ သူက မီးရှုးနဲ့ပစ်လိုက် လွဲသွားလိုက် ဟိုဘက် သေနတ်နဲ့ ပြန်ပြစ်လိုက်… ကိုယ်က သာမာန်လူ… ဟိုဘက်က သေနတ်နဲ့ လုပ်စားနေကျ ဓားပြ… ကိုယ်သာ ဓားပြတွေနဲ့တွေ့ရင်ဆိုတဲ့ အတွေးက ဝင်လာတယ်… အဲလိုဝင်လာတာလဲ Tom Hank ရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်မှုကြောင့်လို့ ထင်တယ်… တကယ်သရုပ်ဆောင်ကောင်းတဲ့သူက ကြည့်လိုက်ရင် ဘာမှမဟုတ်သလိုလိုသာမာန်လိုလိုနဲ့ ကြည့်နေတဲ့ လူရဲ့ စိတ်ထဲကို ဇာတ်ကောင်နဲ့အတူ မြောပါသွားအောင်လုပ်နိုင်စွမ်းရှိတယ်… သူသရုပ်ဆောင်သွားတဲ့အထဲမှာ သူ့ကို Super hero ကြီးလို့ ထင်ရလောက်တဲ့ Confidence နဲ့ သူရဲကောင်းဆန်ဆန်လုပ်ပြနေတဲ့ မျက်နှာ အမူအရာမျိုးမတွေ့ရဘူး… လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခကို ခေါင်းဆောင်တစ်ယောက် (သာမာန် တာဝန်ရှိသူတစ်ယောက်) အနေနဲ့ တတ်နိုင်သလောက် လုပ်နေတဲ့ပုံစံမျိုး တစ်ကယ်ပေါ်လွင်တယ်… (ဇွတ်ကြီး သရုပ်ဆောင်ပြနေတယ်လို့ မထင်ရပဲ… ပရိတ်သတ်ကပါ အဲဒိထဲဝင်ခံစားလာအောင် သရုပ်ဆောင်တာကိုပြောချင်တာ).. နောက်တစ်ခန်းက သင်္ဘောစက်ပိတ်လိုက်လို့ လူဆိုးတွေက သင်္ဘောသားတစ်ယောက်ကို သေနတ်နဲ့ချိန်ထားပြီး ပစ်မယ်လုပ်နေတဲ့အချိန်မှာ “မင်းတို့ပြောတော့ စီးပွားလာရှာတာဆို… မင်းတို့ ပိုက်ဆံလိုချင်ရုံသပ်သပ်ဆို… ဘာလို့ ငါ့လူတွေကို ဒုက္ခပေးရတာလဲ” ဆိုတဲ့ အခန်းမှာ သရုပ်ဆောင်တွေအပြင် ဒါရိုက်တာရဲ့ တင်ပြပုံကိုလဲ ချီးကျူးမိတယ်… ကိုယ်ပါ အသက်အောင့်နေမိတယ်… Captain လဲ ကြောက်နေမှာပဲ သူ့လက်အောက်ငယ်သားသာ ဒီလိုသေသွားရင် သူလဲ စိတ်ထိခိုက်မှာပဲ… ကြောက်ပေမဲ့ ပြောစရာရှိတာတော့ သူပြောတာပဲ… အဲဒိအချိန်မှာ ပြောတဲ့စကားက လူတစ်ယောက်ရဲ့ အသက်သေရေးရှင်ရေးအရေးကြီးနေတယ်… အဲဒိအချိန်မှာ သေနတ်နဲ့အချိန်ခံထားရတဲ့သူကိုပြလိုက်… Tom Hank ကိုပြလိုက်… Muse ကိုပြလိုက်နဲ့ စကားတွေကလဲ အပြိုင်အဆိုင် ရုံးရင်ဆန်ခတ်ပြောနေတာကို ဖြတ်ကနဲ ဖြတ်ကနဲ ပြကွက်တွေနဲ့ ဇာတ်ဝင်ခန်းကို intense ဖြစ်အောင်ရိုက်ထားတယ်… နောက်တစ်ချက်က အသက်ကယ်သဘောၤပေါ်မှာ Muse (Skinny) က Captain Phillips နှဖူးကို သေနတ်နဲ့ ချိန်ထားပြီး နောက်မှ သေနတ်ပြောင်းကို ပြန်ချလိုက်တဲ့အချိန်မှာ တန်းသတိထားလိုက်မိတာက Tom Hanks နှဖူးပေါ်က သေနတ်ပြောင်းရာ… အရာလေးထင်ကျန်နေခဲ့တာ… ဒီအခန်းမှာ မင်းသားကြီးမို့ မထိရ၊ မကိုင်ရ၊ မနာရ၊ သရုပ်ဆောင်အသစ်ဖြစ်တဲ့အပြင် လူကြမ်းမို့ မင်းသားကို အဲလိုမလုပ်ရဘူးဆိုတာမရှိဘူး… ဒီဇာတ်ကားကို ပေးချင်တဲ့ ရသမြောက်ဖို့ အားလုံးက သူ့နေရာကသူ ပိုင်နိုင်အောင် မင်းဘယ်သူ ငါဘယ်သူမထားပဲ အလုပ်လုပ်သွားကြတယ်… Youtube မှာ သူတို့ကို အင်တာဗျူးထားတာတွေ့တော့ အဲဒိအခန်းကို အင်တာဗျူးတဲ့သူက မေးတာတွေ့တယ်… Muse(skinny) နေရာမှာ သရုပ်ဆောင်သွားတဲ့ သူ Barkhad Abdi ကို ခုလို မင်းသားကြီးရဲ့ နှဖူးကို သေနတ်ရာထင်အောင် မင်းလုပ်ရဲတယ် ဟုတ်လား? အဲဒါ ဘယ်သူ့ Idea လဲလို့ မေးတော့… Tom Hank ကိုယ်တိုင်က ဝင်ထောက်တယ်… ငါက ဘယ်သူမှ မဟုတ်ဘူး… ဘာလို့ ငါ့လိုလူကိုလို့ သုံးရတာလဲ ဆိုပြီးတော့… ပြီးတော့ အဲဒါ Tom Hank ကိုယ်တိုင်ရဲ့ အိုင်ဒီယာပါပဲ… Tom Hank က လုပ်ခိုင်းရင်တောင်မှ မင်းက လုပ်ရဲတယ်ဟုတ်လား? ဆိုတော့ Abdi က အစကတော့ သူမလုပ်ရဲပါဘူး ဒါပေမဲ့ ရိုက်ရင်းနဲ့ ဇာတ်ကောင်ထဲကို စိတ်သွင်းလိုက်တော့လဲ လုပ်ဖြစ်သွားတာပါပဲ… လို့ ပြန်ဖြေခဲ့ပါတယ်..။ (ရုပ်ရှင်အညွှန်းကို မဗေဒါရဲ့ ဗေဒါလမ်းဘလော့မှ ကူးယူဖော်ပြပါသည်။)

Family • Drama • Comedy
7.9 2013 134 mins
Captain Phillips
Summer Night In Lost City
5.8

မြို့ပြမှာပျောက်ဆုံးသွားခဲ့တဲ့ နွေရာသီရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ…… အဲဒီနှစ်နွေရာသီမှာ ချစ်ရတဲ့သူနဲ့တွေ့ဆုံခဲ့တယ် သူမရဲ့ အဲဒီနှစ်နွေရာသီဟာ ပျော်စရာအကောင်းဆုံးဖြစ်ခဲ့တယ်…… ဒါပေမယ့် သူပျောက်သွားပြီးနောက်ပိုင်းမှာ သူမရဲ့ဘဝမှာနွေရာသီဆိုတာမရှိတော့ပါဘူး…… အခက်အခဲတွေအတူကျော်ဖြတ်ပြီး အိပ်မက်တွေအတူရှိခဲ့တဲ့ချစ်သူနဲ့ ဘဝကိုအတူဖြတ်သန်းသွားဖို့ဆုံးဖြတ်ခဲ့ကြပေမယ့် ချစ်သူက ရုတ်တရက်ပျောက်သွားပြီးနောက်ပိုင်းမှာ ဇာတိမြို့ကနေထွက်ခွာပြီး ရှန်ဟိုင်းမှာနေထိုင်လာခဲ့တယ်။ ရင်ထဲကဒဏ်ရာတွေကြောင့် အိမ်ခဏခဏပြောင်းတဲ့သူမဟာ တစ်နေ့မှာတော့ စားသောက်ဆိုင်လေးတစ်ဆိုင်ရဲ့ အပေါ်ထပ်ကိုပြောင်းလာခဲ့တယ်။ အဲဒီစားသောက်ဆိုင်မှာ သူ့ငယ်ဘဝရဲ့နွေရာသီအရသာတွေကိုပြန်ရလာခဲ့တဲ့အခါ….. ပထမဆုံးတွေ့ဖူးတဲ့ဆိုင်ရှင်လေးကိုရင်းနီးသလိုခံစားမိလာခဲ့တယ်။ ရင်းနီးတဲ့သူစိမ်းတစ်ယောက်ချက်ကျွေးတဲ့ အချစ်ရဲ့အရသာတွေကိုစားသုံးရင် သူမဟာ ဒဏ်ရာတွေကိုကုစားရင်း အတိတ်ရဲ့အရိပ်ထဲကနေ တဖြည်းဖြည်းချင်းထွက်လာတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

5.8 2025
Summer Night In Lost City