YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Minato's Laundromat S2(2023)Ep.2.WEB-DL.720(CM).mp4

174.86 MB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ip Man: The Awakening
6.5

"လောကမှာ လူနှစ်မျိုးပဲရှိတယ်။ ဈေးကြီးတဲ့လူနဲ့ ဈေးပေါတဲ့လူ"တဲ့။ ဒါက ရုပ်ရှင်ထဲက လူကုန်ကူးသူပြောတဲ့စကား...... CM ပရိတ်သတ်တို့အတွက် IP Man - The Awakening ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာတော့ IP Man ငယ်ရွယ်စဉ်ဘဝက ဟောင်ကောင်မှာ ပညာသင်နေချိန်ကပေါ့ ဟောင်ကောင်မှာ အင်္ဂလန်ဂိုဏ်းတစ်ခုက အမျိုးသမီးငယ်လေးတွေကိုဖမ်းဆီး နှိပ်စက် ရောင်းစားနေခဲ့တယ်။ တစ်နေ့မှာ IP man ဟာ လူဆိုးဂိုဏ်းတွေ အပိုင်စီးထားတဲ့ ဆိပ်ကမ်းတစ်ခုထဲကို မှားဝင်သွားမိပြီး ထိုဒုစရိုက်မှုကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်...... IP Man ဟာ သူတစ်ယောက်တည်းအားနဲ့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကယ်တင်နိုင်ပါ့မလား... လူဆိုးဂိုဏ်းကြီးကိုကော IP Man ရဲ့ ကွန်ဖူးပညာနဲ့ ဘယ်လိုချေမှုန်းမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်. Quality : Bluray 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 20min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror • Mystery
6.5 2023 76 mins
Ip Man: The Awakening
Frank and Penelope
7.5

Ridley Scottရဲ့ နာမည်ကျော် ရုပ်ရှင်ဖြစ်တဲ့ Thelma & Louise အငွေ့အသက်အပြည့်နဲ့ ရိုက်ကူးထားပြီး နာမည်ပါ အဓိကဇာတ်ကောင်၂ကောင်ရဲ့ နာမည်လိုက်ပေးထားတဲ့ ရုပ်ရှင်ပါ။ Thelma & Louise ကို ထည့်ပြောထားသလို ဇာတ်လိုက်ကလည်း ရုပ်ရှင်ထဲကလိုပါ လိုက်လုပ်ချင်တဲ့သူကို ဇာတ်ကောင်အဖြစ်ပြသထားတာပါ။ ဇာတ်လမ်းကတော့ စစချင်းမှာတော ShawShankလို မိန်းမဖောက်ပြန်နေတာကို ပက်ပင်းမိတဲ့ယောက်ျားနဲ့ စထားတယ်။ တုံ့ပြန်ပုံတော့မတူဘူးပေါ့။ သေနတ်နဲ့ပစ်မသတ်ဘဲ သူ့ဘာသာThelma & Louiseကားထဲကလို ကားပတ်မောင်းရင်း ချောက်ကြီးထဲကားမောင်းချဖို့လုပ်တယ်။ ဒီနောက် ကလပ်သွားရင်း အဖော်အချွတ်မယ်လေးရဲ့ ညုလုံးတွေအောက် မျောသွားပြီး ကောင်မလေးကို ကယ်လာခဲ့တယ်။ နောက်ကောင်မလေးနဲ့ သူ့အစီအစဉ်အတိုင်း ကားပတ်မောင်း လျှောက်သွားရင်း ပဟေဠိဆန်ဆန်ဂိုဏ်းတစ်ဂိုဏ်းနဲ့တွေ့တယ်။ ကားအမျိုးအစားက Mysteryဆိုတော့ ပဟေဠိဆန်ဆန်ဖြစ်နေဖို့လိုတယ်မလား။ ဒီကားက Thelma & Louiseကို အငွေ့ယူရိုက်ထားပေမဲ့ သူပဟေဠိဆန်ဆန်ဇာတ်အိမ်လုပ်ထားပုံကလည်း ထူးတော့ထူးပါတယ်။ ဇာတ်လမ်းတစ်ပုဒ်လုံးက စလာကတည်းက စာအုပ်ဖတ်ပြနေတာမို့ ပြီးပြီးသားဖြစ်နေပေမဲ့ အဖြေကိုမသိရတဲ့ကားမျိုးပေါ့။ ပဟေဠိဆန်ဆန်ရုပ်ရှင်တွေလည်းကြိုက် ခပ်ဆန်းဆန်းတင်ပြပုံတွေလည်းကြိုက်ရင်တော့ ဒီရုပ်ရှင်ဟာ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကိုက အဖော်အချွတ်မယ် ဖြစ်နေတာမို့ လိင်မှုခန်းတွေအများကြီးပါတဲ့အတွက် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ --- ပါ ) File Size__( GB) / ( MB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by --- Encoded by Naing Aung Latt

Drama • Romance
7.5 2022 112 mins
Frank and Penelope
Black Box
7.4

IMDb Rating - 7.2/10 ကြည့်ဖူးနေကြ အမေရိကန် ဇာတ်ကားတွေနဲ့ ကွဲထွက်နေတဲ့ rating မြင့် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်ထားတဲ့ ဥရောပရုပ်ရှင်တစ်ခုကို တင်ဆက်ပေး လိုက်ပါတယ်။ အဲလ်ပ်တောင်တန်းပေါ်မှာ လေယာဥ်တစ်စီး ပျက်ကျသွားခဲ့ပါတယ်။ ထို လေယာဥ်ဟာ ခရီးသည် ၃၀၀ ကို တင်ဆောင်ပြီး ဒူဘိုင်းကနေ ပဲရစ်မြို့ကို ဦးတည်ပြီး ပျံသန်းလာခဲ့တဲ့ အေထရီယန် ၈၀၀ လေယာဥ် ဖြစ်ပါတယ်။ ထိုအမှုကို ပြင်သစ်နိုင်ငံ စုံစမ်း‌ရေးနှင့် စိစစ်ရေးဗျူရိုက တာဝန်ယူကိုင်တွယ် ခဲ့ပါတယ်။ တစ်ရက်မှာတော့ အဆိုပါ လေယာဥ်မှ လေယာဥ်မှူးအခန်းက အသံဖမ်းစက်ကို တာဝန်ယူ နားထောင်ရတဲ့ ဗစ်တာ ပိုလော့ ဆိုတဲ့ အရာရှိ တစ်ယောက် ထူးဆန်းစွာ ပျောက်ဆုံးသွားသည့်အတွက် မက်သရူး ဗက်ဆာ ဟာ တာဝန်ယူကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။ မက်သရူးဗက်ဆာ ဟာ အသံနားထောင်တဲ့နေရာမှာ အထူးကျွမ်းကျင်ပြီး နားထောင်ရုံထက်ပိုပြီး အမှုတွေကို ‌ဖော်ထုတ်ချင်သူ တစ်ယောက်ပါ။ မက်သရူး ဗက်ဆာရဲ့ မိန်းမဖြစ်သူ နိုအဲမီ ဗက်ဆာ ကတော့ ပျက်ကျသွားတဲ့ လေယာဥ်ကို စျေးကွက်ထဲ မဖြန့်ချီခင်မှာ အရည်အသွေး စစ်ဆေးမှုလုပ်ပေးခဲ့တဲ့ အဖွဲ့မှာ အလုပ်လုပ်သူပေါ့။ ကနဦး အသံဖမ်းစက် နားထောင်ချက်အရ အကြမ်းဖက် သမားရဲ့ တိုက်ခိုက်မှုလို့ ကောက်ချက်ချကြပေမယ့် မက်သရူးကတော့ အဲ့ထပ် ပိုနိုင်တယ်ဆိုပြီး သံသယဝင်ခဲ့ပြီး ဖော်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ထိုကဲ့သို့ ဖော်ထုတ်ဖို့ ကြိုးစားရင်း မက်သရူးဟာ ဇနီးဖြစ်သူအပါအဝင် လုပ်ဖော်ကိုင်ဖက် တွေနဲ့ အဆင်မပြေဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ထို လေယာဥ်ပျက်ကျမှုဟာ အကြမ်းဖက်မှုကြောင့်လား၊ နည်းပညာ ပြဿနာကြောင့်လား၊ တခြားအကြောင်းအရာကြောင့်လား။ စုံစမ်းရေးအရာရှိ ပျောက်ဆုံးသွားကရော လေယာဥ်ပျက်ကျမှုနဲ့ ဘယ်လို ပတ်သတ်နေမလဲ။ မက်သရူးတစ်ယောက် အစွမ်းကုန်ဖော်ထုတ်ပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size - (1.16 GB) / (576 MB) / (394 MB) Quality – BluRay 1080p / 720p/480p Duration - 2h 09mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Mystery, Thriller Translator – Leonard Lin Encoder – SWM

Comedy • Drama
7.4 2021 130 mins
Black Box
Merrill's Marauders
6.2

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။ "ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ကျဆုံးသွားတဲ့အခါ မျက်ဝန်းနီကြီးတွေနဲ့ အံတင်းတင်းကြိတ်ပြီး မိုက်ရူးရဲ ရှေ့တက်ပစ်ခတ်ကြ။ ဒါပေမဲ့ ဒီကားမှာတော့ အဲဒီမြင်ကွင်းတွေကို သိပ်ပြီး မြင်ရဖို့မရှိပါဘူး။ စစ်တိုက်တယ်ဆိုတာ သေနတ်နဲ့ပစ်ရဲရမယ်။ ကိုယ့်ကိုကျည်ဆံမှန်ရင်လည်း သေရဲရမယ်။ သေရဲသတ်ရဲရမယ်ဆိုတာနဲ့တင် ပြီးတာမဟုတ်ဘူး။ ရိက္ခာမလုံလောက်၊ အဖျားရောဂါထူနေဆဲမှာ လမ်းခရီးကြမ်းကြီးကို တိုက်ပွဲဝင်လက်နက်၊ ကျည်ဆံ၊ လက်နက်ကြီးတွေကို အပါသယ်ပြီး ချီတက်နိုင်တာကလည်း သိပ်အရေးပါတဲ့ စစ်ရေးစွမ်းရည်တစ်ခုပါ။ ဒီဇာတ်ကားကတော့ ဖက်ဆစ်နာဇီဂျာမန်တပ်နဲ့ ဂျပန်တပ်တို့ကို ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်ပေါင်းစုနဲ့ ပြန်လည်ထိုးစစ်ဆင် ဟန့်တားရတဲ့အကြောင်းပါပဲ။ ဂျာမန်တပ်တွေကလည်း ကမ္ဘာ့အရှေ့ခြမ်းကို လမ်းပွင့်အောင် အပြင်းအထန် တိုက်စစ်ဆင်လာပြီး ဂျပန်ကလည်း ဂျာမန်တပ်တွေနဲ့ ပူးပေါင်းနိုင်အောင် ကမ္ဘာ့အနောက်ခြမ်းကို ချီတက်နေချိန်ပေါ့။ ဗမာပြည် (မြန်မာနိုင်ငံ) ကနေ ဆုတ်ခွာခဲ့ရတဲ့ ဗြိတိလျှတပ်တွေဟာ မဟာမိတ်အဖွဲ့တွေနဲ့ စုပေါင်းပြီး အိန္ဒိယကနေ ဗမာပြည် မြစ်ကြီးနားကိုပြန်သိမ်းဖို့ ကြိုးစားရပါတယ်။ ဂျပန်ဟာ ဗမာပြည်ကိုသိမ်းပိုက်ပြီးတော့ လေကြောင်းအချက်အချာကျရာမြို့ဖြစ်တဲ့ မြစ်ကြီးနားကို အပိုင်တပ်ထိုင်ထားတယ်။ ဂျပန်ဘုရင့်တပ်မတော် အမှတ် (၁၈) လို တိုက်ခိုက်ရေး နာမည်ကြီးတပ်ကိုယ်တိုင် ထိမ်းထားခြင်းဖြစ်လို့ မြစ်ကြီးနားရဲ့ အရေးပါပုံကို ခန့်မှန်းနိုင်ပါတယ်။ အဲဒီမှာပဲ စေတနာ့ဝန်ထမ်းလုပ်လာတဲ့ လူမျိုးပေါင်းစုံကို အမှတ် (၅၃၀၇) တပ်ပေါင်းစု (ယာယီ) အဖြစ်ဖွဲ့စည်းခဲ့ပြီး အင်အားသုံးထောင်ရှိပါတယ်။ ဗမာပြည်ကို ပြန်သိမ်းဖို့ကြိုးစားတဲ့ တပ်တွေထဲက တစ်စိတ်တပိုင်းဖြစ်လာခဲ့တာပေါ့။ သူတို့တပ်ကြီးဟာ ဂျပန်နယ်မြေထဲကို မိုင် (၂၀၀) ကျော်အထိ အင်မတန်ကြမ်းတမ်းတဲ့ တောတောင်ခရီကြမ်းနှင်လို့ တိတ်တဆိတ်ချဉ်းကပ်ဝင်ရောက်လာပြီး ဂျပန်တွေရဲ့ ရိက္ခာထောက်စခန်းဖြစ်တဲ့ Walawbum ကို သိမ်းပိုက်ခဲ့ကြတယ်။ သူတို့ရဲ့ ချီတက်ရေးနဲ့ စစ်ဆင်ရေးဟာ ကြမ်းတမ်းလွန်းလို့ အကြီးအကျယ်စစ်ပန်းနေကြပေမယ့် သူတို့ဟာ Shaduzup က ရထားဘူတာကို စိမ့်နွံအိုင်မြေထဲကိုဖြတ်ပြီး ချီတက်ရပြန်ပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်ကတော့ စစ်တိုက်ရန် မဖြစ်နိုင်လောက်အောင် ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး မရှိကြသော ဂျုံးဂျုံးကျ တပ်သားများပေါ့။ ကိုယ့်သူငယ်ချင်း ကိုယ့်မိတ်ဆွေတွေဟာ ကိုယ့်ရှေ့မှာပဲ သေကြကြေကြလွန်းတော့ လူတွေဟာ စိတ်ခံစားချက်တွေ ထုံသွားကြတယ်။ လူတစ်ယောက်လဲသေတယ်။ ငုံကြည့်လိုက်ကြတယ်။ ပြီးတော့ ကိုယ်နဲ့မဆိုင်သလို ဆက်လျှောက်သွားကြတယ်။ မျက်ရည်ခြူ စစ်ပေါကားတွေလို မေးရိုးကြီးတွေထောင်မနေဘူး။ လက်စားချေမယ်ကွလည်း မအော်ဘူး။ သတ်စရာရှိ သတ်လိုက်ကြတယ်။ သေစရာရှိ သေလိုက်ကြတယ်။ ကဲ ဂျုံးဂျုံးကျစစ်သားကြီးတွေနဲ့ သူတို့ရဲ့ နှလုံးရောဂါသည် ဗိုလ်ချုပ် (အမှန်ကတော့ ဗိုလ်မှူးချုပ် ပါ။ အဲဒီအခါက စစ်တပ်မှာ အခေါ်ရခက်တဲ့ ရှည်တဲ့ရာထူးဆိုရင် ခေါ်ရလွယ်တဲ့ တစ်ဆင့်မြင့်ရာထူးတပ်ခေါ်လိုက်ကြတာပါပဲ။) တို့ဟာ နောက်ထပ် မိုင် ၃၀၀ လောက်ကျန်သေးတဲ့ မြစ်ကြီးနားကို စစ်ပန်းလွန်းလို့ သေလုဆဲဆဲအခြေအနေမှာ ဝင်တိုက်ပေးဖို့ တောင်းဆိုခံရပါတယ်။ အစတည်းက ဖွဲ့ထားတဲ့တပ်က စစ်ပြန်တွေကို ပြန်စုစည်းထားတဲ့ စေတနာ့ဝန်ထမ်းတပ်။ စေတနာ့ဝန်ထမ်းတပ်ဆိုတာက လစာမရတဲ့ တပ်လို့ပြောတာ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ စစ်ဆင်ရေးကို ဝါရင့်ပုဂ္ဂိုလ်ကြီးတွေက တိုက်ပေးပါ့မယ်ဆိုပြီး ကမ္ဘာပေါ်မှာ ဖက်ဆစ်စနစ်မစိုးမိုးဖို့ စေတနာ့ဝန်ထမ်း တိုက်ပေးတာကိုပြောတာပါ။ သူတို့ဟာ မဖြစ်နိုင်တာကို လုပ်ပြခဲ့ကြတယ်။ ကမ္ဘာ့အခက်ခဲ အကြမ်းတမ်းဆုံး ခရီးကြမ်းကြီးကို အပြင်းအထန်စစ်ပန်းနေတုန်းမှာ ချီတက်ခဲ့ကြပြီး ရောက်ရောက်ချင်း မြစ်ကြီးနားကိုသိမ်းတဲ့ တိုက်ပွဲကြီးကိုလည်း ဆင်နွှဲနိုင်ခဲ့တယ်။ ပြီးတော့ မြစ်ကြီးနားကို သိမ်းပိုက်နိုင်ခဲ့တယ်။ အမေရိကန်အစိုးရရဲ့ ဂုဏ်အယူရဆုံး တပ်ဖွဲ့ကြီးပေါ့။ သူတို့ကို သူတို့ဗိုလ်ချုပ်နာမည် မီရီလ် ကို အစွဲပြုပြီး "မီရီလ် ရဲ့ လှည့်လှည်ကျက်စား သားရဲများ" လို့ အမည်ပေးခဲ့ကြပါတယ်။ ဇာတ်ကားရဲ့ အမည်ဖြစ်သလို သူတို့တပ်ရဲ့ အမည်လည်းဖြစ်ပါတယ်။ မရောက်ဒါးတပ်ဖွဲ့ကြီးမှာ ချင်းလူမျိုးတွေနဲ့ ကချင်လူမျိုးတွေ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သူရဲကောင်းဆုတံဆိပ်တွေလည်း ရခဲ့ကြပါတယ်။ ‌ရုပ်ရှင်ပညာ မထွန်းကားသေးတဲ့အချိန်က ရိုက်ကူးခဲ့တာဖြစ်လို့ အားနည်းချက်တွေ ရှိနေပေမယ့် သမိုင်းကြောင်းအရရော၊ ရုပ်ရှင်ရသအရရော ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(2.3 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:38:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Crime • Thriller
6.2 1962 98 mins
Merrill's Marauders
Let Him Go
6.8

IMDb.....7.0 ဝါရင့်သရုပ်ဆောင် Diane Lane နဲ့ Kevin Costner ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး IMDB 7/10 ရရှိထားပါတယ်... ဂျော့နဲ့ မာဂရက်ဆိုတဲ့အဘိုးကြီး လင်မယားမှာ တစ်ဉီးထဲသောသားလေးတစ်ယောက်ရှိတယ်... အချိန်တန်အရွယ်ရောက်လို့ သားဖြစ်သူ အိမ်ထောင်ကျပြီး သားယောင်္ကျားလေးရလို့ အဘိုးအဘွားဖြစ်သူတို့အတွက် ပီတိတွေဖြာလို့ပေါ့...သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်း မြေးလေးကိုအရိပ်တကြည့်ကြည့်ပေါ့... တစ်နေ့ မြင်းပေါ်ကပြုတ်ကျပြီး သားဖြစ်သူဆုံးပါးသွားတယ်...နှစ်အနည်းငယ်ကြာတော့ ချွေးမဖြစ်သူလည်း နောက်အိမ်ထောင်ပြုသွားတယ်....မြေးလေးနဲ့ အိမ်မှာပဲနေစေချင်ပေမဲ့ ချွေးမဖြစ်သူလည်း သူ့အားကိုးရာရှာလေတော့ အဘိုးအဘွားလင်မယားဟာ မြေးလေးနဲ့ခွဲရတော့တာပေါ့...အဘိုးအဘွားဆိုတာ ပထွေးနဲ့ ဘယ်စိတ်ချပါ့မလဲ.. တစ်နေ့ အဘွားဖြစ်သူဈေးသွားတော့ ချွေးမနဲ့သားကို ပထွေးဖြစ်သူကရိုက်နှက်နေတာတွေ့သွားတယ်.. အဘိုးအဘွားရဲ့စိုးရိမ်မှုတွေဟာ ပြောမပြနိုင်အောင်ပါပဲ..ဒါ့ကြောင့် မြေးလေးတို့အိမ်လိုက်သွားပေမဲ့ အိမ်ပြောင်းသွားကြတယ်...မြေးလေးရဲ့ပထွေးဖြစ်သူဟာ ထစ်ခနဲရှိလက်ပါတတ်ပြီး သဘောထားကျဉ်းမြောင်းတဲ့သူ ဖြစ်နိုင်တာကြောင့် မြေးလေးကို ပြန်တွေ့ပြီး အိမ်ကိုပြန်ခေါ်ဖို့ ရေဆုံးမြေဆုံးလိုက်ပါတော့တယ်.. တကယ်တော့ ဒီဇာတ်ကားဟာ ဆန်းပြားပြီးလှည့်ကွက်တွေပါတဲ့အမျိုးအစားမျိုးမဟုတ်ပေမဲ့ မင်းသားကြီး မင်းသမီးတွေရဲ့သရုပ်ဆောင်မှုနဲ့အတူ အဘိုးအဘွားတွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ကားမို့ တော်တော်ကြီးကိုကြည့်လို့ကောင်းပါတယ်...အမလေးငါ့မြေးလေးရဲ့ဆိုပြီး ငိုကြီးချက်မနဲ့ အာဗြဲကြီးနဲ့အော်ငိုနေတဲ့ ပုံစံမျိုးတွေမပါဘဲ ခပ်တိုးတိုးစကားသံနဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ သူတို့ဘယ်လောက်စိုးရိမ်ပြီး မြေးလေးကိုလွမ်းဆွတ်နေလဲဆိုတာ အလိုလိုခံစားရပါတယ်...မြေးလေးနဲ့ပြန်တွေ့နိုင်မလား..တခြားဘယ်လို အခက်အခဲတွေရော မမျှော်လင့်ဘဲကြုံတွေကြရမလဲဆိုတာကိုတော့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL  720p Format…mp4 Duration…01:53:00 Genre : Crime , Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Drama
6.8 2020 114 mins
Let Him Go
Sputnik
6.5

IMDb rating 6.3နဲ့ Tomatoမှာ 89%ရထားတဲ့ ရုရှားသိပ္ပံကားကောင်းလေးတစ်ကားပါ။ ရုရှားအာကာသယာဉ်မှူးနှစ်ယောက်ကို အာကာသထဲကိုစေလွှတ်လိုက်ပေမယ့် ပြန်ဆင်းသက်လာချိန်မှာ အက်ဆီးဒင့်တစ်ခုဖြစ်ပြီး အာကာသယာဉ်မှူးတစ်ယောက်သေပြီး နောက်တစ်ယောက်ရဲ့ကိုယ်ထဲမှာတော့ဂြိုလ်သားတစ်ကောင်ပါလာပါတယ်။ အဲ့ဂြိုလ်သားကို အာကာသယာဉ်မှူးကိုယ်ထဲမှ ခွဲထုတ်ဖို့ကြိုးစားပေမယ့် ဂြိုလ်သားမရှိရင်အာကာသယာဉ်မှူးက ကျန်းမာရေးအလွန်ဆိုးရွားသွားပါတယ်။ ဒါကြောင့် လူထုကိုလည်းမသိစေပဲနဲ့ စစ်ဘက်ကသူတွေရယ် ဆရာဝန်မတစ်ယောက်ရယ်က အာကာသယာဉ်မှူးအသက်အန္တရာယ်မဖြစ်စေပဲနဲ့ သူတို့ကိုခွဲထုတ်လို့ရအောင် ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ပြီး ကြိုးစားကြပါတယ်။ ဒါပေမယ့် တခြားမြှုပ်ကွက်တစ်ချို့ကို ဆရာဝန်မသိသွားတဲ့အခါမှာတော့..... တစ်ချို့အမေရိကန်ဂျင်းသိပ္ပံဂြိုလ်သားကားတွေနဲ့မတူပဲ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါ။ File Size : ( 1 GB , 389 MB) Quality : WEBRip 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama , Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Comedy • Crime • Drama
6.5 2020 113 mins
Sputnik
Til Death Do Us Part
6

Til Death Do Us Part (2023) ==================== IMDb Rating – 6.0/10 သတို့သမီးတစ်ယောက်နဲ့ လူသတ်သမားသတို့သားတစ်ဖွဲ့လုံး ချရတဲ့ ကားပါ။ ဇာတ်ကားနာမည်က မင်္ဂလာဆောင်တွေမှာ သစ္စာဆိုတဲ့စကား ပါပဲ။ သေမှပဲ တို့တွေခွဲမယ်တို့ သက်ဆုံးတိုင်မခွဲဘူး ဘာညာပေါ့။ ဒီကား ကိုကြည့်ရင် Kill Bill ကို ပြေးမြင်မိမယ်ထင်ပါတယ်။ သတို့သမီးက လုပ် ကြံရေးအဖွဲ့ကြီးတစ်ခုရဲ့ အဖွဲ့ဝင်ပါ။ အဲဒီအဖွဲ့ကနေ အရှင်ထွက်ခွင့်မရှိပါ ဘူး။ ဒါပေမဲ့ သတို့သမီးက သူနဲ့အတူ တွဲလုပ်ခဲ့တဲ့ တွဲဘက်လူသတ်သမားနဲ့ ကြိုက်သွားပြီး မင်္ဂလာမဆောင်ခင်ရက်ပိုင်းမှာပဲ ဒီအဖွဲ့ထဲကနေ ထွက်ချင် လို့ ထွက်ပြေးပါတော့တယ်။ ဒါကို သတို့သားနဲ့ သတို့သားအရံ၊ သူငယ်ချင်း လူသတ်သမားတွေက အုပ်လိုက်ကြီးပြန်လိုက်ဖမ်းတာပါ။ အဲဒီတော့ တစ် ကားလုံး အပြန်အလှန်သတ်ဖို့ကြိုးစားကြတာပေါ့။ ဟာသ၊ အက်ရှင်၊ ဟော် ရာဖြစ်လို့ ခပ်ပြောင်ပြောင်အခန်းတွေလည်း မြင်ရမှာပါ။ အတော်လေး ဖျော် ဖြေမှုပေးတဲ့ ရုပ်ရှင်ပါပဲ ကြည့်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(2.0 GB) / (490 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Horror Translator……Mr.Anderson Encoder……….SWM

6 2023
Til Death Do Us Part
Ghost Rookie
6

Ghost Rookie (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ”Ghost Rookie ”ဆိုတဲ့ 2023 ထွက်သရဲကားလေးပါ သူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော် ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါ တစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါ တမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ် ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော် အညွန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 607MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

Romance
6 2023
Ghost Rookie
Obsessed to Death
5.5

ကတ်စီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူနဲ့တွဲနေတဲ့ ရည်းစားအသစ်လေး အော်စတင်က သူ့ကို အပျောက်ရိုက်သွားလို့ လိုက်ပြီး စုံစမ်းတဲ့အခါမှာ ဆမ်းမားဆိုတဲ့ အားကစားနည်းပြ ကောင်မလေးနဲ့ အော်စတင်က ရည်းစားဖြစ်နေကြတာကို သိလိုက်ရတယ်။ မနာလိုဖြစ်မိတဲ့ ကတ်စီဟာ ဆမ်းမားကို လူမှုကွန်ရက်မှာ နောက်ယောင်ခံရင်း ပရိသတ်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ ဆမ်းမားကို တဖြည်းဖြည်းနဲ့ စွဲလမ်းအားကျလာခဲ့မိတယ်။ ကတ်စီက ဘယ်လို ဇာတ်လမ်းတွေ ခင်းပြီး ဆမ်းမားရဲ့ ဘဝထဲကို ဝင်လာမလဲ… စွဲလမ်းမှုကို ဘယ်အတိုင်းအတာထိတောင် ရူးသွပ်စွာနဲ့ ကြိုးစားမလဲ ဆိုတာကို ရိုက်ကူးတင်ဆက်ထားပါတယ် File size…1.4GB / 521MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 29m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Action • Thriller • Science Fiction • Adventure
5.5 2022
Obsessed to Death
Hindi Medium
8

Hindi Medium (2017) IMDb Rating (7.8 )/ Rotten Tomatoes (83%) “မိဘတိုင်းက သူတို့ သားသမီးတွေကို ကိုယ်ရည်ကိုယ်သွေး တောက်ပြောင် စေချင်တယ်။” “အထူးသဖြင့် သူတို့ထက်ပိုသာစေချင်ကြတယ်။” ***************************************** Bollywood မှာ ဒိတ်ဒိတ်ကြဲ မင်းသားတွေ အများကြီး ရှိတဲ့ ကြားကနေ Irrfan Khan က မတူကွဲပြားတဲ့ပုံစံနဲ့ နာမည်ကြီးအောင်မြင်တဲ့မင်းသားတစ်လက်ပါပဲ။ Bollywood တင်မက Hollywood ထိအောင်မြင်တဲ့ မင်းသားတစ်ယောက်။ အထူးသဖြင့် The Lunchbox (2013) မှာလည်း ပရိတ်သတ် အကြိုက်တွေ့ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားမှာလဲ လိုက်ဖက်တဲ့ဇာတ်ကောင်အဖြစ် မြင်တွေ့ကြရမှာပါ။ Hindi Medium ဆိုတော့ မြန်မာလိုဆိုရင် ဟန္ဒီလူလတ်တန်းစားပေါ့ ဟုတ်ပါတယ် ကိုယ်တိုင် ပညာရေးမှာ မထူးချွန်ခဲ့တော့ ကိုယ်တွေလို သမီးလေးကို ပညာရေးမှာ မထူးချွန်မှာ စိုးရိမ်လွန်နေတဲ့ ရာဂျ် ဘတ်တရာ နှင့် မီတား ဘတ်တရာ တို့ဟာ သူတို့ သမီး ပညာရေး အတွက် ဘက်ပေါင်းစုံကြိုးစားခဲ့ပါတယ်။ ဒေလီမြို့ရဲ့ ထိပ်တန်းကျောင်းတွေမှာ ကျောင်းအပ်ခွင့်ရဖို့ နေရပ်ကနေ လူ့အထက်တန်းစားတွေကြားထဲကို ပြောင်းရွှေ့နေထိုင်ကြတယ်။ လူလတ်တန်းစား နဲ့ အထက်တန်းစား ကြားက ကွာဟမှုကို အံဝင်ခွင်ကျအောင် ကလေးပညာရေးအတွက် အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ကိုယ်တိုင်ပညာအရည်အချင်းနည်းပါးတော့ ကလေးအတွက် ကျောင်းတွေမှာ ကျောင်းအပ်ခွင့် မရခဲ့ပါဘူး။ ဒီတော့ ကျောင်းတိုင်းမှာ ဆင်းရဲသားတွေ အတွက် ကြိုတင်ချန်ထားတဲ့ RTE စနစ်နဲ့ ကျောင်းအပ်ခွင့်ရဖို့ ထပ်ကြိုးစားပါတော့တယ်။ လူကုံတန်တွေကြားထဲမှာ အသားမကျတဲ့ ရာဂျ်တို့ဟာ လူ့ဆင်းရဲ ရပ်ကွက်မှာ ဆင်းရဲသားပုံစံ ဟန်ဆောင်ပြီးနေခဲ့ပါတယ်။ အခြေခံ လူတန်းစား နှင့် လူလတ်တန်းစား လူလတ်တန်းစား နှင့် အထက်တန်းစားကြားက ကွာဟမှုတွေကို ဒီဇာတ်လမ်းမှာ ဒါရိုက်တာက သေသေချာချာ ရိုက်ပြထားပါတယ်။ ဇာတ်ဝင်ခန်း တစ်ခန်းချင်းစီကို စကားလုံးနဲ့ ထည့်မပြောသွားပဲ လက်တွေ့ပြသွားတာတွေက ပီပြင်လှတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ ဟာသ နှင့် ဒရာမာကို ကောင်းကောင်းကြီး တင်ဆက်ထားပါတယ်။ ဇာတ်လမ်းက ကောင်းလွန်းလို့ ထပ်မညွှန်းချင်တော့ပါဘူး လက်အလွတ်မခံပဲ ကြည့်လိုက်ပါတော့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ တင်ဆက်ထားပါတယ်။)

Adventure • Thriller • Horror
8 2017
Hindi Medium
Soul Snatcher
6.2

ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို့ ဆိုနိုင်တဲ့ နာမည်ကြီး မိန်းမပျိုဝိညာဉ်လို့ နာမည်ကြီးပြီး version စုံထွက်တဲ့ တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ ဇာတ်ကားကောင်းလေးပေါ့… ဒီကားကို အဓိကကြည့်သင့်တာကတော့ go go squid မှာ နာမည်ကြီးခဲ့တဲ့ ပျိုတိုင်းစွဲ လီရှန့် နဲ့ nine percent က မန်ဘာဟောင်း မားမားတို့ရဲ့ ကလေးလေး နုံနုံ (ခ) ချန်လိနုံတို့ သရုပ်ဆောင်ထားတာကြောင့်ပါ ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ ဇာတ်လမ်းလေးနည်းနည်းပြောပြမယ် ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို့ ကြိုးစားနေတဲ့ စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲ ဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်က နတ်ဖြစ်ဖို့ ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့ မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးလို့ဆိုနိုင်မယ် ပါးပါးလေး bromance လည်းပါလို့ မှန်ဘီလူးမလေးတို့လည်း ကြည့်ကြည့်လိုက်ပါဦး

6.2 2020
Soul Snatcher
Dance First

ဒီဇာတ်လမ်းလေးကတော့ နိုဘယ်ဆုရှင် စာရေးဆရာတစ်ဦးဖြစ်တဲ့ ဆန်မြူရယ်ဘက်ကပ်ရဲ့ ဘဝဇာတ်ကြောင်းကို သူ့ရဲ့အတွင်းစိတ်ထဲကလူတစ်ယောက်နဲ့ စကားပြောနေဟန်နဲ့ဆွဲခေါ်သွားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စာရေးဆရာ ဆန်မြူရယ်ဘက်ကပ် နိုဘယ်ဆုရရှိပြီးနောက် ဆုကြေးငွေကို မည်သူ့ကိုပေးရမလဲလွန်ဆွဲနေရင်းနှင့် သူ၏ငယ်ဘဝတွေဆီကို တဆင့်ချင်းဆွဲခေါ်သွားပါတော့တယ်။ မိခင်ဖြစ်သူနှင့် သူ၏ဆက်ဆံရေး အဆင်မပြေပုံ၊ စာရေးဆရာဂျွိုက်စ်ထံ သွားရောက်ပညာဆည်းပူးရာမှ ဂျွိုက်စ်၏သမီးဖြစ်သူကြောင့် မိတ်ဆွေဆက်ဆံရေး အက်ကြောင်းထင်ခဲ့ရပုံ၊ အချစ်ဆုံးသူငယ်ချင်း အဲဖရက်အပေါ် သူ၏အပြစ်ရှိစိတ် ၊အမြဲတမ်းနိုင်စားခဲ့ရသော မိမိ၏ဇနီးဖြစ်သူအပေါ် အားနာစိတ် စသည်ဖြင့် စာရေးဆရာဆန်မြူရယ်ဘက်ကပ် ဘဝနေဝင် ချိန်အထိ သူ၏ဘဝအပေါ်ရှူမြင်ပုံ သူ၏နောင်တတရားတို့ကို တဆင့်ချင်းဆွဲခေါ်သွားမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(697 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2023
Dance First
The Brutalist
7.9

The Brutalist (2024) IMDb Rating (7.9) / Rotten Tomatoes (94%) အော်စကာ စကာတင် ၁၀ ဆု ဝင်ထားတဲ့ ၂၀၂၄ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခု လာပါပြီ။ မင်းသားကတော့ The pianist နဲ့ လူသိများကြတဲ့ Adrien Brody ပါပဲ။ ဇာတ်လမ်းနာမည်ကတော့ Brutal – ရက်စက်သောဆိုတဲ့ စာလုံးကနေလာတာပါ။ ဒါပေမဲ့ လူ့လုပ်ရပ်နဲ့ဆိုင်တာမဟုတ်ဘဲ Brutalism ဆိုတဲ့ ဗိသုကာသဘောတရားကနေလာတာပါ။ အဆောက်အဦဒီဇိုင်းကို ခပ်ကြမ်းကြမ်းပုံဖော်တာပေါ့။ အလှအပတွေ အကွေ့အကောက်တွေထက် သင်္ချာကျကျ လေးထောင့်ကျကျ ခိုင်ခိုင်မာမာနဲ့ တောင့်တောင့်တင်းတင်း ဆောက်လိုက်တဲ့စတိုင်မျိုးပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒုတိယကမ္ဘာစစ် ချွေးတပ်စခန်းကနေ လွတ်မြောက်လာတဲ့ ဂျူးဗိသုကာပညာရှင်ဟာ အမေရိကန်အိပ်မက်နောက်ကိုလိုက်ရင်း ၁၉၅၀ ကာလ ရှုပ်ထွေးတဲ့လူမျိုးရေးနိုင်ငံရေးတွေကြားမှာ သမိုင်းတွင်တဲ့လက်ရာတစ်ခုကို တည်ဆောက်ခဲ့ပုံကို အခြေခံထားတာပါ။ ဖြစ်ရပ်မှန်မဟုတ်ဘဲ သမိုင်းနောက်ခံ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လက်စလိုတော့သ်ဟာ ဂျူးဗိသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်ပြီး ချွေးတပ်စခန်းကနေ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ကို ရောက်လာခဲ့တဲ့လူပါ။ ရောက်ရောက်ချင်း ပရိဘောဂဆိုင်လေးတစ်ခုမှာ အလုပ်လုပ်နေပေမဲ့ မကြာခင်မှာပဲ သူ့လက်ရာဟာ နိုင်ငံတော်အဆင့်ဆိုတာ သဘောပေါက်သွားတဲ့ မီလီယံနာကြီးတစ်ယောက်က ဧရာမစီမံကိန်းကြီးတစ်ခုကိုပေးလာပါတယ်။ အဲဒီအချိန်မှာလက်စ်လိုရဲ့ ဇနီးနဲ့ တူမက အမေရိကန်ကိုတောင် ရောက်မလာနိုင်သေးဘဲ နယ်စပ်မှာ ဒုက္ခရောက်နေခဲ့တာပါ။ ဒီလိုအခက်အခဲတွေ လူမျိုးရေးနိုင်ငံရေးပြဿနာတွေကြားထဲမှာမှ လက်စလိုဟာ သမိုင်းကိုကိုယ်စားပြုတဲ့၊ သူခံစားခဲ့ရတဲ့ချွေးတပ်စခန်းက ဒုက္ခတွေကို ကိုယ်စားပြုတဲ့၊ သူ့ဇနီးနဲ့သူကွဲကွာရတာတွေကို ကိုယ်စားပြုတဲ့ အဆောက်အဦကြီးတစ်ခုကို နိမိတ်သင်္ကေတပေါင်းများစွာနဲ့ မရရအောင် တည်ဆောက်ပါတော့တယ်။ မြန်မာဆန်ဆန်ပြောရရင်တော့ မနူဟာဘုရားလို အကျဉ်းချခံရတဲ့ ခံစားချက်ကို ကိုယ်စားပြုတဲ့ ဗိသုကာလက်ရာမျိုးပါပဲ။ ဒီဇာတ်လမ်းကိုမှ အစ္စရေး ဂျေရုဆလင်သမိုင်းတွေ၊ ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးလူမျိုးရေးအမြင်တွေနဲ့ ရောမွှေပြသထားတဲ့ရုပ်ရှင်ဖြစ်လို့၊ ဇာတ်လမ်း သရုပ်ဆောင် ရိုက်ကွက်တွေအားလုံးကလည်း ကောင်းမွန်နေလို့ ဆုပေါင်း ရာနဲ့ချီရပြီး ၂၀၂၅ အော်စကာဆုပေးပွဲမှာ ထိပ်ဆုံးကနေ ဆန်ကာတင်အများဆုံးရုပ်ရှင်၊ အကောင်းဆုံးရုပ်ရှင်ဆု ဆန်ကာတင်အဖြစ် ပါဝင်နေတာပါပဲ။ သမိုင်း ဒရာမာ အေးအေးဆေးဆေးခံစားချင်တဲ့သူတွေရှိရင် အကြိုက်တွေ့မှာပါ။ မူးယစ်ဆေးဝါးနဲ့ အိပ်ရာအခန်းတွေပါလို့ ကလေးတွေ မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (13.8 GB) / (4.3 GB) / (1.9 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….03:30:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

TV Movie • Comedy • Romance
7.9 2024
The Brutalist
Jolly O Gymkhana
5.5

Jolly O Gymkhana 2025 ထူးဆန်းတဲ့ညီအစ်မသုံးဖော်ရဲ့အရှုပ်တော်ပုံ IMDb – 7.5/10 ဘောလိဝုဒ်အချစ်တော် ယိုဂီဘာဘူရဲ့ indian-tamilဇာတ်ကားလေးထွက်ရှိလာပြီဖြစ်လို့ ပရိသတ်ကြီးတို့အတွက်အခုပဲတင်ဆက်ပေးလိုက်ပါပြီ။ အမြဲဗရုတ်သုတ်ခ ဟာသဇာတ်ရုပ်နဲ့မြင်နေကြ ယိုဂီဘာဘူကို ဒီတစ်ခါတော့ လိပ်ခေါင်းထွက်နေလို့ တိုင်ပတ်နေတဲ့ ဖာသာအဖြစ် မြင်တွေ့ရမှာပါ။ ဖာသာမာတင်လူသာကင်းတစ်ယောက် လိပ်ခေါင်းဝေဒနာနှိပ်စက်လို့ ထိုင်မရထမရ ဆေးရုံပြေးဖို့ ကွတတနဲ့ထွက်လာချိန်မှာဘာဗာနီဆိုတဲ့မိန်းကလေးက လာအကူအညီတောင်းတာခံရပါတယ်။ ကိုယ်တိုင် ကွတီးကွတနဲ့မလို့ဖာသာကနားမထောင်ချင်ပေမဲ့ ဘာဗာနီက ဇွတ်အသနားခံနေတာမလို့ ဒီလိုနဲ့ပဲ သူ့ရဲ့ပြဿနာကို နားထောင်ပေးဖို့ဖြစ်လာပါတော့တယ်။ ဘာဗာနီတို့ညီအစ်မ 3 ယောက်မှာ ထူးခြားတဲ့စွမ်းရည်ကိုယ်စီရှိကြပြီး အမေဖြစ်သူ ချယ်လာမာနဲ့ အဘိုးဖြစ်သူသန်ဂါဆွာမိနဲ့အတူ ဗယ်လီကာရန်ဆိုတဲ့ဟိုတယ်မှာ ဒံပေါက်ချက်ရောင်းတဲ့အလုပ်လုပ်ကြပါတယ်။ ဒီလိုနဲ့တစ်နေ့ လမ်းကြောင်းအပြောင်းအလဲနဲ့ ဟိုတယ်ရှိတဲ့လမ်းက ပျက်သွားတဲ့အတွက် အဘိုးဟိုတယ်လည်း အရှုံးပေါ်ပြီး လမ်းဘေးရောက်ရတော့တာပေါ့။ ဒါကိုမကြည့်ရက်တဲ့ ဘာဗာနီတို့ညီအစ်မတွေက ရော့ကတ်ရာဗီဆိုတဲ့ ငွေတိုးချေးစားတဲ့လူဆီကနေ 15 သိန်းချေးပြီးဟိုတယ်လုပ်ငန်းပြန်လုပ်ဖို့ကြံတော့သူတို့ရဲ့ပထမဆုံး အော်ဒါအကြီးမှာတဲ့သူက အန်ဒါပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်အသစ်စက်စက်လေး အာအဒိုင်ကယ်ရာ့ဂ်ျ ဒါပေမဲ့ နိုင်ငံရေးသမားတို့ထုံးစံ ကျွေးမွေးလို့ပြီးတော့မှ ဒံပေါက်ဖိုးရှင်းဆိုတော့ လူလည်ကျ အာဏာသုံးဖို့ကြိုးစားရင်း အဘိုးဖြစ်သူ သန်ဂါဆွာမိနဲ့ပြဿနာတက်ကြတော့တာပေါ့။ အဲဒီမှာ အဘိုးကြီးလည်း ဆေးရုံရောက်သွားပြီးအသည်းအသန်တွေဖြစ် အရေးပေါ်ခွဲရမလိုတွေဖြစ် တစ်ဖက်ကလည်း အာအဒိုင်ကယ်ရာ့ဂ်ျက အကျင့်ပျက်နိုင်ငံရေးသမားပီပီ ဖြောင့်မတ်တဲ့ရှေ့နေလေး ပိုဂန်ဒရန်ရဲ့ တရားစွဲတာခံရလို့ ပိုဂန်ဒရန်ကိုရှင်းဖို့ပြင်ဆင်နေတာပေါ့။ ဒီလိုနဲ့ ဘာဗာနီက ငွေ 25 သိန်းထပ်လိုလာပြန်တော့ ဘာဗာနီတစ်ယောက် ရော့ကတ်ရာဗီဆီ ထပ်အကြွေးသွားယူရင်း သူ့အကောင့်ထဲကို 25 သိန်းရောက်လာပါသတဲ့။ ဒါပေမဲ့ ဒီငွေ 25 သိန်းက ဘာဗာနီကိုချေးတဲ့ငွေမဟုတ်ဘဲ ပိုဂန်ဒရန်ကိုသတ်ဖို့ လူသတ်သမားငှားတဲ့ငွေဖြစ်နေတဲ့အခါ…. သပွတ်အူလိုရှုပ်နေတဲ့ ဒီပြဿနာထဲကနေ ဘာဗာနီတို့ညီအစ်မတွေ သူတို့ရဲ့ ထူးခြားတဲ့စွမ်းရည်ကိုအသုံးချလို့ ဘယ်လိုရုန်းထွက်မလဲ ရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)

Action • Drama • History • Thriller
5.5 2025 129 mins
Jolly O Gymkhana