YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Middleman's.Love.S01E01.720p.CM.mp4

252.01 MB 720p video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Over the Top
6.4

Over the Top (1987) အားလုံးရဲ့အချစ်တော် ရမ်ဘိုမင်းသားကြီး စတားလုန်းစ်ရဲ့ဂန္ထဝင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ Arm-Wrestling အားကစားနောက်ခံနဲ့ သားအဖနှစ်ယောက် ပြန်တွေ့ကြတဲ့အကြောင်းလေးကိုရိုက်ကူးထားတဲ့ ရင်ထဲထိစေမယ့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ ~ ဇာတ်လမ်းအကျဥ်း ~ လင်ကွန်းဟော့ခ်က ယောက္ခမဖြစ်သူရဲ့စနက်ကြောင့် ကွာရှင်းခဲ့ရပြီး ဇနီးနဲ့သားလေးကိုထားခဲ့ရတာပါ။ နှစ်တွေကြာပြီးနောက်မှာ မိုက်ကယ့်အမေ နှလုံးရောဂါသည်က သူကြာကြာမနေရတော့ဘူးဆိုတာသိတဲ့အတွက် မိုက်ကယ့်အဖေကိုပြန်ခေါ်ခဲ့ပြီး မိုက်ကယ်သင်တန်းကျောင်းဆင်းတဲ့နေ့မှာ သွားကြိုခိုင်းခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူ့အဖေထွက်သွားရတဲ့အကြောင်းရင်းကိုမသိတဲ့အတွက် စစတွေ့ချင်းမှာ သူ့အဖေကို မကြည်ဖြူခဲ့ပါဘူး။ ကုန်ကား​ပေါ်က အိမ်အပြန်သုံးရက်ခရီးမှာ လူလည်လေးမိုက်ကယ်ရဲ့ အဖေကိုဆရာလုပ် သြဝါဒချွေတဲ့အခန်းတွေနဲ့ သားအဖနှစ်ယောက် ဘုကလန့်တိုက်ရင်း ရင်းနှီးသွားကြပုံကို ကြည်ကြည်နူးနူးကြည့်ရှုခံစားကြရမှာပါ။ ဒီခရီးအပြီးမှာဘာတွေဆက်ဖြစ်လာမလဲ... မိုက်ကယ့်အဘိုးက ဘယ်လိုတွေဖျက်ဦးမလဲ... ဆိုတာကို မင်းသားကြီးစတားလုန်းစ်ရဲ့  Arm-Wrestling စကေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.85GB, 850MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 33Min Genre - Action, Drama, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Drama • Mystery
6.4 1987 93 mins
Over the Top
War Of The God Monsters
5.8

ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။ လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို...၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်...။ ရသအမျိုးအစား.... စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလား မသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။ အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း အရင်လို မှုန်ဝါးဝါးဖြစ်မနေအောင် CM team က Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးထားတာမို့ ကြည့်ကြည့်ကြပါဦး။ File size…(2.78GB)  / (1.43GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Sci-Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Mann Htet Myat

Comedy • Drama
5.8 1985 85 mins
War Of The God Monsters
Detective Knight: Redemption
5.8

Detective Knight ရဲ့ Trilogy ထဲက Detective Knight : Redemption လေးတင်ဆက်ပေးလိုက်ပါတယ်။ ခရစ္စမတ်လည်း နီးပြီဆိုတော့ Bruce Willis ခရစ္စမတ်မှာ ဘယ်လိုသောင်း ကြမ်းမလဲဆိုတာ ကြည့်လိုက်ပါတော့နော်။ စုံထောက်နိုက် (Bruce Willis) ကတော့ Redemption မှာ တရား ရင်ဆိုင်ဖို့ ထောင်မှာစောင့်ဆိုင်းနေရတာပါ။ ထောင်ထဲမှာ ဖာသာ ကွန်လန်၊ ဆေးသမားကိုဒီရို့ဒ်နဲ့သိကျွမ်းခဲ့ပြီး လွတ်မြောက်ရေးတရား တွေ ဆွေးနွေးခဲ့ကြတာပေါ့။ မကြာခင် နယူးယော့ခ်မှာ ဘဏ်ဓါးပြတိုက်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်နေတာကြောင့် ပြည်သူတွေလည်းကြောက်နေ ကြပါပြီ။ ရဲဌာနနဲ့မြို့တော်ဝန်လည်းခေါင်းကိုက်နေပြီမို့ အတွဲညီခဲ့တဲ့ စုံထောက်နိုက်နဲ့စုံထောက်ဖစ်တို့ကို အကူအညီတောင်းဖို့ ဖြစ်လာပါ တော့တယ်။ ခရစ္စမတ်နေ့ကြီးမှာ ဆန်တာဝတ်စုံတွေဝတ်ပြီး ဘဏ်ဖောက်နေကြတဲ့ အရူးတစ်သိုက်ရဲ့ နောက်ကြောင်းနဲ့ စုံထောက်နိုက်ရဲ့ဖြေရှင်းပုံတွေကို ခပ်မိုက်မိုက်ရိုက်ပြထားတာမို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက် ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(2.0 GB) / (500 MB) / (280 MB) Quality............WEB-DL 1080p, 720p, 480p Duration.........1h 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Jo Jo Va Encoder..........SWM

Comedy • Drama
5.8 2022 93 mins
Detective Knight: Redemption
Gym Class
5.9

Gym Class (2022) ဒီကားလေးကတော့ ၂၀၂၂ ခုနှစ်က ထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကိုတော့ မိသားစုပြဿနာတွေအပေါ် အခြေခံပြီးရိုက်ကူးထားတာပါ။ ကလေးသုံးယောက်ကနေပြီးတော့ သူတို့ကျောင်းမှာပြစ်မှုတစ်ခု ကျူးလွန်ခဲ့ကြတဲ့အခါမှာ ကျောင်းအုပ်ကြီးကနေ မိဘတွေ တရားမဝင်ခေါ်တွေ့ရာကနေ စလာတော့တယ်။ ဖြစ်ချင်တော့ ကျောင်းအုပ်ကြီးခေါ်တွေ့တဲ့နေရာကလည်း ကျောင်းရဲ့ Gym အိုကြီးတစ်ခုဖြစ်နေပါတယ်။ ဒီဇာတ်ကားလေးမှာ အဓိကဖြစ်ပျက်နေတဲ့ ပြဿနာက ဘာများဖြစ်မလဲ… ကလေးတွေရဲ့မိဘတွေကကော ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ… ဒါ့အပြင် မထင်မှတ်ထားတဲ့ နောက်ထပ်ဘာပြဿနာတွေများပေါ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို Drama Category ထဲထည့်ထားပေမယ့် Comedy ရော၊ Semi-Thriller ရောဖြစ်တယ်လို့ ပြန်လည်သုံးသပ်ထားကြတာဖြစ်တဲ့အတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 660MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Science Fiction • Comedy • Drama • Romance
5.9 2022 89 mins
Gym Class
Little Miss Rawther
7.9

Little Miss Rawther (2023)”အချစ်ရူးမလေး မိရော်သာ” ======================================= IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။ သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.9 2023
Little Miss Rawther
Ribspreader
6.5

၂၀၂၂ထွက် သွေးသံတရဲရဲနဲ့ ရူးချင်စရာ အော်ဂလီဆန်စရာ စိတ်ညစ်စရာရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘရိုင်ယန်ဘန်းစ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ရှိတယ်။ သူကအရင်ကတော့ နာမည်ကြီးစီးကရက်ကြော်ငြာထဲက နာမည်ကျော်ကြော်ငြာမင်းသား။ အခုတော့ သူ့လုပ်ရပ်တွေရဲ့အပြစ်တွေကိုခံစားနေတဲ့သူ။ သူ့အ‌မေဖြစ်သူကိုယ်တိုင် သူကြော်ငြာခဲ့တဲ့ ဆေးလိပ်တွေကိုသောက်ပြီး အဆုတ်ကင်ဆာနဲ့ဆုံးသွားပြီးတဲ့နောက် သူခံစားနေရတာတွေက ပိုဆိုးလာခဲ့တယ်။ တစ်ရက်မှာ ဆေးလိပ်ကင်းစင်ရေးဆိုင်းဘုတ်က ဆေးလိပ်ဇာတ်ကောင်ပုံကို အမှတ်မထင် ကြည့်မိလိုက်ရာကနေ ဒီဆေးလိပ်‌ဟာ အသက်၀င်လာပြီး ဘရိုင်ယန်ဟာ ဆေးလိပ်ကောင်ရဲ့ ကြိုးဆွဲရုပ်တစ်ရုပ်လိုထိန်းချုပ်သိမ်းသွင်းခြင်းကိုခံလိုက်ရတဲ့နောက်မှာ ဘရိုင်ယန်ဟာ တစ်မြို့လုံးက ဆေးလိပ်သောက်သူတွေကို လိုက်လံသတ်ဖြတ်အပြစ်‌ပေးတဲ့ ကွင်းဆက်လူသတ်သမားတစ်ဦးဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ လူသတ်အဖွဲ့အစည်းတွေထဲမှာလည်း ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်မှုတွေ နယ်မြေလုစစ်ပွဲတွေဖြစ်လာတဲ့နောက်မှာတော့ ဘရိုင်ယန်ဟာ သူ့ရဲ့တာ၀န်ကိုဆက်လက်ထမ်း‌ဆောင်နိုင်ဖို့ရာ အမျိုးမျိုးအဖုံဖုံသော ဒီလူသတ်သမားတွေနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ ရိုင်းစိုင်းတဲ့စကားအပြောအဆိုတွေ၊ ညစ်ညမ်းတဲ့ရိုက်ချက်တွေ တပုံတပင်ကြီးပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.14 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:30:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.5 2022 90 mins
Ribspreader
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
The Assassins
6

မင်းသားကြီး Chow Yun Fat နဲ့ Liu Yi Fei – Crystal Liu တို့ရဲ့ ၂၀၁၂ ခုနှစ်ကထွက်တဲ့ သုံးပြည်ထောင်ခေတ်ကရုပ်ရှင်ဇာတ်ကားကို ပြန်တင်ပေးလိုက်ပါတယ်။ သုံးပြည်ထောင်ခေတ် ချောင်ချောင်းပရိသတ်တွေအတွက် ကြိုက်မယ့်ဇာတ်ကားဖြစ်ပါတယ်။ ချောင်ချောင်းအဖြစ် Chow Yun Fat ကသရုပ်ဆောင်ထားပြီးတော့ မမ Liu Yi Fei ကတော့ ချောင်ချောင်းကိုလုပ်ကြံဖို့ ချဉ်းကပ်လာတဲ့ မိန်းမငယ်လေးအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကလေးငယ်တစ်စုဟာ လူသတ်သမားတွေဖြစ်လာအောင်ပျိုးထောင်ပေးခံရတယ်။ သူတို့ဟာနေ့နေ့ညညလေ့ကျင့်ခဲ့ရပေမယ့် ဘာအတွက်လဲဆိုတာမသိခဲ့ဘူး။ ရက်စက်တဲ့စမ်းသပ်မှုတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သူတို့ဟာတိုင်းပြည်ရဲ့အာဏာအရှိဆုံးသူတစ်ယောက်ကို လုပ်ကြံဖို့ဖြစ်တည်လာတယ်ဆိုတာသိလိုက်ရတယ်။ အဲဒီအာဏာအရှိဆုံးသူကတော့ ချောင်ချောင်းပဲဖြစ်တယ်။ စစ်သည်ထောင်ပေါင်းများစွာကသတ်ဖို့ကြိုးစားတာတောင် မသေနိုင်တဲ့ချောင်ချောင်းကို မိန်းမငယ်လေး တစ်ယောက်သတ်ဖို့အောင်မြင်နိုင်ပါ့မလား။ ကံကြမ္မာအရအရချောင်ချောင်းကိုသတ်ရမယ်ဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ချောင်ချောင်းလုပ်ရပ်တွေရဲ့ ရည်မှန်းချက်ကိုသိလာရတဲ့အခါ မိန်းမငယ်လေးက ချောင်ချောင်းကိုလုပ်ကြံဖို့တွေဝေလာခဲ့တယ်။ နောက်ဆုံးမှာလုပ်ကြံဖို့အောင်မြင်နိုင်ပါ့မလား…… အသက်ကြီးလာတာနဲ့အမျှ စစ်မက်တွေကိုစိတ်ကုန်လာပြီဖြစ်တဲ့ ချောင်ချောင်းရဲ့ဘဝနှောင်းပိုင်းကာလကိုရိုက်ထားတာဖြစ်ပြီးတော့ ဘယ်သူ့ကိုမှမယုံတဲ့ ဘယ်သူမှကွက်ကျော်ရိုက်လို့မရတဲ့ ဉာဏ်အရမ်းထက်တဲ့ချောင်ချောင်းကို Chow Yun Fat က ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ Historical Drama ကြိုက်တဲ့သူတွေအတွက်ကားကောင်းတစ်ကားဖြစ်ပါတယ်။

6 2012
The Assassins
Dirty Dilemma

ကိုင်ရီနဲ့ မာလီကာဆိုတဲ့ ချစ်သူနှစ်ယောက်ဟာ တွဲနေတာလေးနှစ်တောင်ရှိပြီပေါ့ မာလီကာကလည်း ကိုင်ရီလက်ထပ်ခွင့်တောင်းမှာကိုစောင့်မျှော်နေခဲ့တယ် တစ်နေ့တော့သူတို့နှစ်ယောက်အတူညစာစားဖို့သွားမှာဆိုတော့ မာလီကာက လက်ထပ်ခွင့်တောင်းမလားလို့မျှော်လင့်နေမိတယ် သို့ပေမဲ့ အဲ့နေ့မနက်မှာပဲ ကိုင်ရီဆီကို ထူးဆန်းတဲ့ ဖုန်းတစ်ကောလ်ဝင်လာခဲ့တယ် သူက ကိုင်ရီကိုသူချစ်သမျှအရာအားလုံးဖျတ်ဆီးပစ်မယ်လို့ပြောခဲ့တယ် ဒါမဲ့ကိုင်ရီကတော့ပေါ့ပေါ့တန်တန်ပဲထားတယ် သို့ပေမဲ့အဲ့ဒါနဲ့ပြီးမသွားပါဘူး သူက ကိုင်ရီနဲ့မာလီကာတို့ကိုမခွဲခွဲအောင်ပြသာနာရှာတယ် ဒုက္ခပေးပါတော့တယ် အဲ့ဒါအဲ့လူကဘယ်သူလဲ ဘာလို့သူက ကိုင်ရီတို့ကို နှောက်ယှက်နေတာလဲဆိုတာ ကြည့်ရှုစောင့်မျှော်ပေးကြပါဦး File size…(980 GB)/(420 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:04:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

0 2024 64 mins
Dirty Dilemma
Twelve

Twelve (2010) ************* ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်… အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီး သူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ… သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ… သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်… အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ… အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်… File Size : 1.64GB / 700MB Quality : BluRay 1080p 5.1ch / 720p Duration : 1 hr. 38 min. Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by BZW Encoded by Heather Oo

0 2010 93 mins
Twelve
The Lord of the Rings: The War of the Rohirrim
6.6

ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကို ထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီး မဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းက ဇာတ်လမ်းပါပဲ။ ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Return of the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင် ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ်။ LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်း ကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွား သူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။ အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီး ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင် တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင် ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။ အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင် ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာ ပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။ မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာ ပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့ မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ the rings of power စီးရီးမှာ စောင့်ကြည့်ရမှာဖြစ်ပြီး တတိယခေတ်ကိုတော့ The hobbit နဲ့ The Lord of the Rings ရုပ်ရှင်တွေမှာ ကြည့်နိုင်ပါတယ်။ File size… (3.59GB) / (1.63GB) / (1.04GB ) Quality… WEB-DL 4K HEVC 1080p HEVC / 720p Format…mkv / mp4 Duration….2h 14m Genre ….. Action , Adventure , Animation , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Animation • Adventure • Drama • Family
6.6 2024 134 mins
The Lord of the Rings: The War of the Rohirrim
Urban Fighter

အရှုံးမပေးတဲ့သူအတွက် အောင်ပွဲဟာအမြဲရှိတယ်ဆိုတာ ဘယ်တော့မှ ငြင်းမရတဲ့ အမှန်တရားတစ်ချက်ပါ။ ရှေ့ကိုဆက်လျှောက်နေတဲ့သူက ဘယ်လောက်ပဲခလုတ်တိုက်တိုက် အနောက်ကိုပြန်ရောက်သွားစရာ အကြောင်းမရှိဘူးလေ။ အလွန်ဆုံးရှိ မှောက်ရက်လဲ ဒူးပြဲ တံတောင်ပြဲပေါ့။ ဒီလိုပါပဲ ဘ၀မှာ အရှုံးမပေးပဲ ရှေ့ဆက်လျှောက်နေတဲ့သူတွေကလည်း တစ်ချိန်ချိန်မှာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ကိုရောက်မှာပါပဲ။ ဒီဇာတ်ကားမှာ မိုက်ကီဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ တခြားသူနဲ့ယှဉ်ရင် အနည်းငယ် ညှက်သယောင်ယောင်ရှိတဲ့လူငယ်တစ်ယောက်ပါ။ သူတို့မြို့ဟာ လမ်းသရဲတွေနဲ့ ပြည့်နေပြီး အထိန်းအကွပ်မဲ့နေတဲ့ မြို့ကြီးတစ်မြို့ပါ။ နေရာတိုင်းမှာ လမ်းသရဲအဖွဲ့မျိုးစုံနဲ့ ကိုယ်ကဦးအောင်ချရင်ချ၊ မချရင်ကိုယ့်ကိုချသွားတာချည်းပါပဲ။ မိုက်ကီတို့ကလည်း လမ်းသရဲအဖွဲ့တွေထဲက အဖွဲ့ငယ်လေးတစ်ခုပဲပေါ့။ သူတို့က သူများကိုရန်ပြုမယ့်အဖွဲ့မျိုးမဟုတ်ပဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဖွဲ့စည်းထားရတာမျိုးပါ။ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကတော့ မားတစ်စ် လို့ခေါ်ပြီး မိုက်ကီရဲ့ ဆရာလည်းဖြစ်၊ အကိုလိုလည်း ချစ်ခင်ရတဲ့သူတစ်ယောက်ပါ။ တစ်ရက်မှာတော့ မြို့ကိုကြီးစိုးထားတဲ့ ဘလက်စ်ဆိုတဲ့အဖွဲ့ဟာ မိုက်ကီတို့ခေါင်းဆောင် မားတစ်စ်ကို သတ်ပစ်လိုက်တဲ့နောက် မိုက်ကီဟာ ဘလက်စ်အပေါ်ကို ရန်ငြိုးတွေ ကြီးထွားလာပါတော့တယ်။ မြို့ရဲ့အကြီးဆုံးလမ်းသရဲအဖွဲ့ကြီး ဘလက်စ်ကို လူညက်လေးမိုက်ကီ လက်စားချေနိုင်မလားဆိုတာကို ထိုးခန်း သတ်ခန်း တစ်၀ကြီးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် တခွပ်ခွပ်မြည်တဲ့ ဖိုက်တင်ကားကောင်းကောင်း မျှော်လင့်နေသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size… 2.4 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Horror • Mystery • Thriller
0 2012 102 mins
Urban Fighter
Presence
6.5

Presence (2025) IMDb Rating (6.5) / Rotten Tomatoes (88%) စိတ္တဇဟော်ရာရုပ်ရှင်အသစ် ထွက်လာပါပြီ။ Kill Bill တို့ Charlie’s Angels တို့နဲ့ အားလုံးကြိုက်ခဲ့တဲ့ မင်းသမီး Lucy Liu နဲ့ လောလောလတ်လတ် Bad Genius ထဲက မင်းသမီး Callina Liang တို့ အဓိက ပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့ လှည့်ကွက်တွေနဲ့ ဇာတ်သိမ်းကျမှ အော် ဒီလိုကိုး ဆိုပြီး သိရတဲ့ ရုပ်ရှင်မျိုးဖြစ်လို့ အများကြီးတော့ မညွှန်းတော့ပါဘူး။ လင်မယားနှစ်ယောက်၊ သမီးတစ်ယောက် နဲ့ သားတစ်ယောက် အိမ်သစ်ကိုပြောင်းလာတယ်။ အိမ်ထဲမှာ တစ်ခုခုရှိနေသလို သမီးဖြစ်သူက ခံစားရတယ်။ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း အဖြေတွေ့လာတာကို ပြတာပါ။ ကင်မရာကို အိမ်ထဲမှာရှိနေတဲ့အရာကနေ ပြလိုက် မိသားစုတွေဘက်ကနေ ပြလိုက်နဲ့ လှုပ်ရှားမှုများများစားစားမပြဘဲ ကျောချမ်းစရာ ပြထားတာမျိုးပါ။ ဒီတော့ ဟော်ရာကို ပဟေဠိဆန်ဆန် ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:24:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

Animation • Family • Science Fiction • Adventure
6.5 2025 84 mins
Presence
Hitman 2
7.1

Hitman 2 (2025) ****************** Hitman 1 တုန်းကလိုပဲ ဝက်ဝက်ကွဲ ရယ်ရဦးမဲ့ Hit Man 2 ထွက်ရှိလို့လာပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ S1 တုန်းကအတိုင်း Kwon Sang Woo, Jung Joon Ho, Lee Yi Kyung, Kim Sung Oh, Hwang Woo Seul Hye, Han Ji Eun တို့က အဓိက ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။ S1 တုန်းကလို ကာတွန်း ရေးရတာကို ဝါသနာပါတဲ့ ဂင်ဘုံဂျွန်ဟာ သူ့ဘဝဇာတ်ကြောင်းကို အခြေခံပြီး ရေးသားထားတဲ့ “လုပ်ကြံရေးသမားဂျွန်” ဆိုတဲ့ Webtoonကို အတွဲ၂ ထွက်ရှိဖို့ ကြိုးစားခဲ့ပေမဲ့ သူ ထင်ထားသလို မ‌အောင်မြင်တဲ့အပြင် အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေနဲ့ပါ တိုက်ခိုက်ခံလာရပြီး နာမည်ပျက်ဖို့ လမ်းစပြုလာခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အကြမ်းဖက်သမား အစစ်တွေ ကိုရီးယားကို ရောက်ရှိလာပြီး ဂင်ဘုံဂျွန်ကို လုပ်ကြံဖို့အတွက် အကြမ်းဖက် လုပ်ရပ်တွေကို စတင် ပြုလုပ်လာပါတော့တယ်။ ဒါပေမဲ့လည်း အဲဒီ အကြမ်းဖက် လုပ်ရပ်တွေက ဂင်ဘုံဂျွန်ရဲ့ ဇာတ်လမ်းထဲကအတိုင်းတစ်ထပ်တည်း ဖြစ်နေခဲ့တာကြောင့် ဂင်ဘုံဂျွန်ဟာ သံသယရှိတဲ့ တရားခံအနေနဲ့ သတ်မှတ်ခံလိုက်ရပြန်ပါတော့တယ်။ အဲဒီ အခြေအနေကို ဂင်ဘုံဂျွန် တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ.. ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက် ရှုစားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ‌ရေးသားထားပါတယ်။) File Size : 1.70GB/ 790MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:54:00 Genre : Action, Adventure, Thriller, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri, Stary & Hnin Wai Oo Encoded by Tiff

Action • Adventure • Thriller
7.1 2025 114 mins
Hitman 2
The 100 Year-Old Man Who Climbed Out the Window and Disappeared
7.1

The 100 Year-Old Man Who Climbed Out the Window and Disappeared (2013) Original title: Hundraåringen som klev ut genom fönstret och försvann IMDb Rating (7.0) / Rotten Tomatoes (68%) ကဲ…မိတ်ဆွေတို့ရေ….. ဒီတစ်ခေါက်ကတော့ အသက် ၁၀၀ ကျော် အဘိုးကြီးတစ်ယောက်ရဲ့ စွန့်စားခန်းလေးအကြောင်းကို ပြောပြသွားပါ့မယ်.. သူ့နာမည်က အယ်လန်ကာလ်ဆန် တဲ့….. ရုပ်ရှင်နာမည်အတိုင်းပဲ အသက်၁၀၀ကျော် အဘိုးကြီးတစ်ယောက် ဘိုးဘွားရိပ်သာ ပြတင်းပေါက်ကနေ ကျော်ထွက်သွားပြီး ဘယ်တော့မှ ပြန်ပေါ်မလာတော့တဲ့ အကြောင်းပါ။ ကိုယ့်လူတို့ကတော့ တွေးနေကြမှာပဲ…”ဟ..ပြတင်းပေါက်က ကျော်ထွက်တာများ အဆန်းလုပ်လို့ကွာ” လို့ တွေးမိကြမှာပါ။ ဟုတ်ပါတယ်..ကျွန်တော်တို့လို လူငယ်တွေအတွက်ကတော့ မဆန်းပါဘူး။ ဒါပေမယ့် အသက် ၁၀၀ ကျော်ဖြစ်တဲ့ အဘိုးအိုတစ်ယောက်အတွက်ကတော့ မဟာ့မဟာ စွန့်စားခန်းကြီးပါ။ ဟုတ်ကဲ့…အဲ့ထက်ဆန်းတာ ရှိပါသေးတယ်။ သူထွက်ပြေးတဲ့နေ့က သူ့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့ပါ။ သူ့မှာ အလွန်ကို စိတ်တွေလှောင်ပိတ်နေလို့ ထွက်ပြေးရတဲ့အထိ ဖြစ်သွားတာပါ။ သူဟာ Autism တစ်ယောက်ပါ။ သူ့ဘဝမှာ ဖောက်ခွဲရတာကလွဲလို့ ကျန်တာတွေ ခေါင်းထဲမဝင်ခဲ့သူတစ်ဦးပေါ့…. ဒီရုပ်ရှင်ဟာ ဆွီဒင် စာရေးဆရာ Jonas Jonasson ရဲ့ နိုင်ငံရေးနောက်ခံ ဟာသဝတ္ထုကြီးကို အသက်သွင်းထားတဲ့ ဆွီဒင်စကားပြော Dark Comedy ရုပ်ရှင်ကားဖြစ်ပါတယ်။ အယ်လန့်ကြောင့် နိုင်ငံရေးသမားတွေ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရပါသေးတယ်။ ရထားမဆိုက်တော့တဲ့ ဘူတာရုံမှာ စတည်းချနေတဲ့ ဘိုးတော်တစ်ယောက်၊ အမြဲတမ်း တလွဲတွေပဲ ကောက်ချက်ချနေတတ်တဲ့ စုံထောက်တစ်ယောက်၊ စော်ကြောင်ချင်တာနဲ့ ရှိသမျှပညာ ငါတတ် ဆိုတဲ့ တတ်ယောင်ကားတစ်ယောက်၊ မိန်းကလေးတန်မဲ့ ဇိုးဇိုးဇက်ဇက် လုပ်တတ်တဲ့ ချာတိတ်မတစ်ယောက်၊ ငကြောင်တွေချည်း ဖွဲ့ထားတဲ့ စက်ဘီးလမ်းသရဲဂိုဏ်းရယ်.. လူပေါင်းမှားမိတဲ့ အကောင်ကြီးတစ်ကောင်တို့— အသက် ၁၀၀ ကျော် ဘိုးတော်အယ်လန်နဲ့ ဆုံမိကြတဲ့ အခါမှာတော့…..။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကြီး အယ်လန့်ရဲ့ဘဝကို ပဲ့ကိုင်ပေးခဲ့တာက သူ့မိခင်ရဲ့ တစ်ခုတည်းသော အမှာစကားလေးပါ… “အသေချာဆုံးတစ်ခုကတော့.. အရာရာတိုင်းဟာ သူ့ဟာနဲ့သူ ရှိနေမှာပဲ… နောက်ပြီး သူတို့ဖြစ်ရမယ့်အတိုင်း ဖြစ်ကိုဖြစ်ကြမှာပဲ… ” နောက်တစ်ခု ရှိသေးတယ်…အယ်လန်ပြောပြတဲ့တစ်ခု.. “ကျုပ်ဘဝတစ်လျှောက်လုံး ကျုပ်နဲ့ ဆုံမိတဲ့သူမှန်သမျှ အော်သွားရတာချည်းပဲတဲ့”…… ကဲ..မိတ်ဆွေတို့လည်း အယ်လန်ကြီးနဲ့ တွေ့ပြီး အော်လိုက်ကြပါဦး..အဲလေ… ရယ်လိုက်ကြပါဦးလို့……

Horror • Adventure
7.1 2013 115 mins
The 100 Year-Old Man Who Climbed Out the Window and Disappeared