YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mercy For None (2025) E03 1080p WEB-DL 5.1 [RMC].mp4

641.96 MB 1080p video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Price of Perfection
5.5

ဒီကားလေးကတော့ လူငယ်တွေအတွက် ပညာပေးပုံစံမျိုးနဲ့ အထာကျကျ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာပါ။ ယနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ K တွေ E တွေနဲ့ ဆင်တူတဲ့ ဆေးတစ်မျိုးကို စမ်းသုံးကြရင်း ပြဿနာတွေ ဖြစ်ကြတာပေါ့။ ADHD လို့ခေါ်တဲ့ အာရုံစူးစိုက်လို့မရတဲ့ရောဂါ ကုသဖို့အတွက် ဆရာဝန်ညွှန်ကြားချက်ရှိမှ သောက်ခွင့်ရှိတဲ့ဆေးကို လူငယ်လေးယောက်က စမ်းသုံးခဲ့ကြပါတယ်။ အဲဒီထဲက အေဗာဆိုတဲ့ကောင်မလေးကတော့ ပညာသင်ဆုရဖို့အတွက် အာရုံစူးစိုက်နိုင်အောင် စပြီးသုံးခဲ့တာပါ။ အဲဒီလိုနဲ့ စွဲသွားခဲ့ပါတယ်။ အဲဒီကိစ္စကို အမေဖြစ်သူက မသိဘဲ ဗိုင်းကောင်းကျောက်ပိ သမီးအလိမ္မာလေးအတွက် အမြဲတမ်း ဂုဏ်ယူနေပေမယ့် တစ်နေ့မှာတော့ ရဲစခန်းကနေ သူ့သမီးဟာ သူငယ်ချင်းဖြစ်သူကို ကားနဲ့တိုက်ပြီး ထွက်ပြေးနေကြောင်း သိလိုက်ရပါတယ်။ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေတဲ့မိခင်အနေနဲ့ သက်သေတွေကို ရဲတွေလက်ထဲ အရင်မရောက်အောင် ကြံဖန်ရင်း အမှုမှန်ပေါ်ဖို့ သူကိုယ်တိုင် ကြိုးပမ်းပါတော့တယ်။ အေဗာရဲ့ကားကလည်း ကားရှေ့ပိုင်းမှာ လူကို တိုက်ထားသလိုမျိုး ရှာဖွေတွေ့ခဲ့ပြီးနောက် ကားတိုက်ပြေးတဲ့သူဟာ အေဗာမှန်း တဖြည်းဖြည်း သေချာလာခဲ့ပါတယ်။ သူ့သမီးဟာ ရာဇဝတ်ကောင်မဟုတ်ဘူးလို့ တထစ်ချယုံကြည်နေတဲ့ မိခင်ဖြစ်သူကတော့ ရဲတွေနဲ့အပြိုင် အမှုကိုလိုက်ရင်း သူ့သမီးကို လိုက်ရှာပါတော့တယ်။ တကယ်ပဲ အေဗာဟာ သူငယ်ချင်းကို ဆေးကြောင်ပြီး ကားနဲ့တိုက်ခဲ့တာလား…? မိခင်ဖြစ်သူထင်သလို နောက်ကွယ်မှာ ဘာတွေရှိဦးမလဲ…? စိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ File size…(1.16GB)  / (688MB) /343MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Kham Mon

Comedy • Romance
5.5 2022 90 mins
The Price of Perfection
Bhediya
6.6

IMDb 7.5/10 ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော်မင်းသား ဝါရွန်းဒဝမ်န်နဲ့ ပရိတ်သတ်အသဲစွဲကရီသီးဆနွန်းတို့ရဲ့ Horror/ Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating 7.5အထိ ရရှိထားပါတယ်။ဒါ့အပြင်ရားဂ်ျကူမားရ်ရောဝ်ကလည်း ဗစ်ကီအဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ရှရက်ဒါးကပူးရ်ကလည်း စတရီးဇာတ်ကောင်အနေနဲ့ Cameoအဖြစ် ပါဝင်ထားပါသေးတယ် ရုံတင်ငွေဆိုရင်လည်း ၈၉ကုဋေထိပြန်ရခဲ့တဲ့ ရှယ်မိုက်ရှယ်ကြမ်းတဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ် ဘေဒီယာဆိုတာ ဝံပုလွေဆိုတဲ့အဓိပ္ပာယ်ပါ ဒီဝံပုလွေက အရုနာကျလ်ပြည်နယ်က တောအုပ်တစ်ခုကို ကာကွယ်သူအနေနဲ့ စောင့်ရှောက်တယ်လို့ အဆိုရှိကြတယ် တောအုပ်ကိုထိခိုက်အောင်လုပ်တဲ့ လူတွေမှန်သမျှ သူကကိုက်သတ်ပစ်တယ်ပေါ့... ဘာစကရ်ကတော့ အဲဒီအရုနာကျလ်ရဲ့ တောထဲမှာလမ်းဖောက်ဖို့ အလုပ်လက်ခံခဲ့ပြီး သူနဲ့အတူ သူ့ဝမ်းကွဲညီအစ်ကိုနဲ့ သူ့သူငယ်ချင်း ဂျိုကိုခေါ်သွားပါတယ်။ မစ္စတာပန်ဒေးဆိုတဲ့သူက ဘာစကရ်ရဲ့ လမ်းဖောက်မယ့် အကြံအစည်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တာကတစ်ကြောင်း တောတွင်းလူမျိုးစုတွေ လက်ခံမှာ မဟုတ်တာကတစ်ကြောင်းကြောင့် သူ့အကြံအစည်ကို သိပ်လက်မခံချင်ခဲ့ပါဘူး။ ညတစ်ညမှာတော့ ဘာစကရ်တို့အဖွဲ့ ကားနဲ့ခရီးထွက်လာရင်း မတော်တဆမှုတစ်ခုဖြစ်ပြီး ကားပျက်သွားပါတော့တယ်။အဲဒီအချိန်မှာပဲ ဘာစကရ်ရှေ့ကို စောင့်ရှောက်သူဘေဒီယာ(ဝံပုလွေ)တစ်ကောင် ရောက်လာတဲ့အခါ ... ဘာစရ်တို့အဖွဲ့ ဘယ်လို ခြောက်ခြားစရာတွေနဲ့ ကြုံတွေ့ရမလဲ ... တောထဲလမ်းဖောက်ဖို့ အစီစဉ်ကရော အောင်မြင်နိုင်မှာလား... ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ ... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တွေကတော့Thaik San,chiclon3, Zwe Yanနဲ့ Yunni တို့ပဲဖြစ်ပါတယ်။ File size…2.52GB / 1.12GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Thaik San~ chiclon3~ Zwe Yan~ Yunni

Action • Crime • Thriller
6.6 2022 156 mins
Bhediya
[18+] I Don’t Like Younger Men

[18+] I Don’t Like Younger Men (2017) ဒီကားလေးကတော့ 18+ ကားဆိုပေမဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးနဲ့ပါ။ ဝန်းဂီဆိုတဲ့ အမျိုးသားဟာ ဇနီးဖြစ်သူဆုံးသွားပြီးနောက် မြို့ပြနဲ့အဝေးတစ်နေရာမှာ အသေးစား ဘော်ဒါဆောင်လေး တစ်ခုဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုကာ နေထိုင်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူက ကျောင်းက အားလပ်ရက်လေး ရတုန်း သူငယ်ချင်းဖြစ်သူ ဆယ်ယောင်းကို ခေါ်ကာ အဖေဖြစ်သူဖွင့်ထားတဲ့ ဘော်ဒါဆောင်လေးမှာ နေဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆယ်ယောင်းဟာ ဝန်းဂီရဲ့ တိမ်းပါးသွားတဲ့ ဇနီးဖြစ်သူနဲ့ အတော်လေး ဆင်တူတာက တစ်ကြောင်း … ဝန်းဂီရဲ့ သမီးဖြစ်သူနဲ့ ဆယ်ယောင်းတို့ကြားမှာ ပြဿနာ အဖုအထစ်လေးတွေ ရှိကာ ဆယ်ယောင်းကလည်း အဲ့ဒီအတွက် လက်စားချေလိုနေတာက တစ်ကြောင်း … ဝန်းဂီနဲ့ ဆယ်ယောင်းတို့ ဇာတ်လမ်းလေးတွေ စဖြစ်ပါတော့တယ်။ ဆယ်ယောင်းတို့ သူငယ်ချင်း နှစ်ယောက်ကြားက ပြဿနာက ဘာဖြစ်မလဲ? အဖေနဲ့ သူငယ်ချင်းတို့ရဲ့ နှစ်ပါးသွား ဇာတ်လမ်းကို သတိထားမိတဲ့အခါ ဝန်းဂီရဲ့ သမီးတစ်ယောက် ဘယ်လို တုန့်ပြန်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုကြရအောင်ပါ။ File Size : 790MB, 268MB Quality : 720p HDRip, 480p Format : mp4 Duration : 1hr & 22mins Genre : Romance, Adult, Asian Translated by 911 Encoded by DevilDad

Action • Adventure • Science Fiction
0 2017
[18+] I Don’t Like Younger Men
Bad City
6.7

Bad City(2022) ************** အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက် ဂျပန်အက်ရှင်ကားကောင်းလေးတစ်ကား လာပါပြီ။ အကျင့်ပျက်ခြစားပြီး ကိုရီးယားမာဖီးယားဂိုဏ်းနဲ့ပါပေါင်းကာ ဒုစရိုက်မျိုးစုံကျူးလွန်နေတဲ့ ဂိုဂျိုကော်ပိုရေးရှင်းကြီးရဲ့ ဥက္ကဌဖြစ်သူ ဂိုဂျိုဝါတရု။ သူ့ကိုဘယ်လိုပဲ ထောင်ထဲသွင်းဖို့လုပ်လုပ် စုံထောက်တွေဘက်ကပဲပြန်ခံခဲ့ရပြီး ဂိုဂျိုကတော့ အမြဲအပြစ်မရှိဟုလွတ်လာပါတယ်။ တစ်နေ့မှာတော့ အထူးစုံစမ်းရေးအဖွဲ့ဇီးရိုးဖွဲ့စည်းပြီး ဂိုဂျိုနဲ့ ကိုရီးယားမာဖီးယားဂိုဏ်းက ကင်ဆွန်းဂီကိုဖြုတ်ချဖို့လုပ်ကြတဲ့အခါ.. ဂိုဂျိုတို့ဘက်ကပဲဆက်အနိုင်ရနေမလား။ တရားမှုက မတရားမှုကနိုင်သွားမလားဆိုတာကတော့… File Size :(2.07GB) and (714MB) Quality : WEB-DL1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre :Action Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

Comedy
6.7 2022
Bad City
One Cut Two Cut

One Cut Two Cut (2022) One cut two cutဆိုလို့ သွေးသံတရဲရဲနဲ့ သတ်မယ်ဖြတ်မယ်ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ကြည်နူးဖို့ကောင်းပြီး အလွဲလွဲအချော်ချော် ဟာသတွေနဲ့ကြည့်ရှုရမဲ့ ကန်နဒါဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း အမေဖြစ်စေချင်တဲ့ အလုပ်ကောင်းကောင်းရဖို့နဲ့ အိမ်ထောင်ပြုဖို့ဆိုတဲ့ဆန္ဒတွေကို ဥပေက္ခာပြုထားတဲ့ လက်မှုပညာနဲ့ဘွဲ့ရထားသူ လူပျိုသိုးကြီး ဂိုပီ…။ ဂိုပီဟာ လက်မှုပညာမှာတစ်ဖက်ကမ်းခပ်ကျွမ်းကျင်ပေမဲ့ ကြောင်တောင်တောင်နိုင်တဲ့ အဝတ်အစားတွေ ပုံစံတွေကြောင့် ပတ်ဝန်းကျင်ကအလှောင်ပြောင်ခံရသူတစ်ယောက်။ ဂိုပီတစ်ယောက် အစိုးရကျောင်းတစ်ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာပဲ လူတွေအာရုံစိုက်တာခံချင်တဲ့လူတစ်စုက စပိန်ဘဏ်ဓားပြတိုက်တဲ့ စီးရီးထဲကလို ဝတ်စုံတွေ မျက်နှာဖုံးတွေနဲ့ရောက်ချလာပြီး ကျောင်းသားတွေကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားပါတော့တယ်။ ဒီမှာပဲ ဆရာဂိုပီတစ်ယောက် Money Heistစီးရီးထဲကလို ဝတ်စုံနဲ့လူတွေကို ဘယ်လိုရင်ဆိုင်ပြီး ကျောင်းသားတွေကို ကယ်တင်လိုက်နိုင်မလားဆိုတာ အလွဲလွဲအချော်ချော်‌တွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~V~Dee~Yunni တို့ပဲဖြစ်ပါတယ်။)

0 2022
One Cut Two Cut
Testament of Youth
7.2

????????? ?? ?????(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့ စာမူခေါင်းစဥ်ဖြစ်ပါတယ်…။ စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့ အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး… Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေး ငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ…။ သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲက မင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီး GOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်း ပါဝင်အားဖြည့်ထားပါတယ်ဗျ…။ ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့… စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာ တိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်… ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်း ခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်…။ ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ…။ အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာ မျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့…အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ… ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက် ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး…။ မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့… ချစ်သူရှိရာ‌ ရှေ့တန်းကို သူနာပြုအဖြစ် ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်…။ ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ…. ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ…။ ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ…။ File size…1.82GB / 892MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 9m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.2 2014 129 mins
Testament of Youth
The Sniper
5.8

တရုတ်နိုင်ငံ ပီကင်းမြိုရဲ့ 1948 ခုနှစ် က ပြည်သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အကြောင်းကို ရိုက်ကူးပြသထားတဲ့ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ…. လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြတဲ့ ကွန်မြူနစ်ပါတီဝင် တွေ ဆွေးနွေးပွဲတစ်ခုမှာ အတွင်းသူလျိုရဲ့ လုပ်ကြံမှုကြာင့် ယန်ဟောက်ထျန်းက အသက်ဆုံးရှုံးခဲ့ပါတယ် သူ နဲ့ သံယောဇဥ်တွေပိုခဲ့ဖူးတဲ့ တပည့်လေး Ace စနိုက်ပါသမာလေး ရွှီစန်းရှီ က သူ့ကိုယ်စားနောက်ဆုံး တာဝန်ဖြစ်တဲ့ စေ့စပ်ညှိနှိင်းရးကိုယ်စားလှယ်ဖြစ်သူ လူကြီးမင်းလီ ကို စောင့်ရှောက်ကာမြိုထဲ ပြန်ဖိုနိုင်ဖို လွှဲအပ်တာဝန်ယူခဲ့တယ်… သူက ဆရာ့ရဲ့နောက်ဆုံးတာဝန်ကို ဘယ်လို‌ဆောင်ရွက်ပြီး သူလျိုကိုထုတ်ဖော်လက်တုန့်ပြန်မလဲ… တာဝန်ကိုရော ကျေပွန်အောင်ဆောင်ရွက်ပေးနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးနဲ့ လိုက်ပါခံစားကြည့်ရအောင်…..

Horror • Thriller
5.8 2023
The Sniper
The Old Oak
7.2

The Old Oak (2023) =============== IMDb Rating – 7.2/10 The Old Oak ရုပ်ရှင်ကတော့ ဒရာမာကားလေးပါပဲ။ ဖြည်းဖြည်းလေးနဲ့ နင့်နင့်လေးခံစားရတဲ့ကားလေးပါ။ ဆုတွေလည်း တစ်သီကြီး ရယူထားတဲ့ ကားလေးဖြစ်တာကြောင့် ဇာတ်ကားကောင်းတစ်ခုဆိုတာ ပြောစရာတောင် မလိုပါဘူး။ ဇာတ်လမ်းကတော့ အဂ်လန်အရှေ့မြောက်ဘက်ပိုင်းက ရွာလေးတစ်ရွာဟာ အရင်တုန်းက လုပ်ထားတဲ့ သတ္တုတွင်းမိုင်းလုပ်ငန်းတွေပိတ်လိုက်တဲ့အချိန်မှာ လူသူကင်းမဲ့လာပြီး မတက်မကြွဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေကို မကြိုက် ကြတဲ့သူတွေကလည်း ဒါကို ပြင်ဆင်ဖို့ကြိုးစားကြပေမယ့် ဘာမှမလုပ်နိုင်ကြ လို့ သူတို့ကိုယ်သူတို့စိတ်ပျက်နေကြတာပါ။ ဒီလိုအခြေအနေမှာ ဆီးရီယား နိုင်ငံရဲ့စစ်ဘေးသင့်ပြည်သူအချို့ဟာ ဒီရွာလေးမှာ ခိုလှုံဖို့ရောက်လာခဲ့ပါတယ်။ အဲဒီအထဲမှာ ယာရာဆိုတဲ့အမျိုးသမီးလေးဟာ သူ့ပတ်ဝန်းကျင်ကို အမြဲတမ်း ကူညီလိုစိတ်ရှိတာကြောင့် ဒီရွာရဲ့ အခြေအနေဆိုးကို ကူညီဖို့ကြိုးစားရင်းက ဒီရွာမှာ ရှိနေကြတဲ့သူတွေနဲ့ ရင်းနှီးလာခဲ့ပါတယ်။ နိုင်ငံမတူ ၊ လူမျိုးမတူ ၊ ကိုး ကွယ်ရာမတူကြတဲ့သူတွေရဲ့ ထိတွေ့မှုကနေ ပြသနာတွေလည်း အများကြီးထွက် လာတာမို့ ဒီပြသနာကို ရင်ဆိုင်ဖြေရှင်းရင်း ဒီပတ်ဝန်းကျင်ကို ဘယ်လိုပြောင်း လဲနိုင်လိုက်သလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ။ IMDb Rating 7.2 ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.6 GB) / (799 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 53Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thy Santa Encoder……….SWM

Drama
7.2 2023
The Old Oak
The Lodger
5.7

The Lodger (2009) ============ အယ်လင်ဟာ မပြေလည်တဲ့ အိမ်ထောင်ရေးနဲ့စိတ်ဒဏ်ရာတွေကြားမှာ ခက်ခက်ခဲခဲရှေ့ဆက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ခြံဝင်းထဲက ငှားစားတဲ့အိမ်အလွတ်ကို သူစိမ်းလူချောတစ်ယောက်ပြောင်းလာခဲ့ချိန်မှာတော့ ငြီးငွေ့ဖွယ် သူ့ဘ၀ထဲမှာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေဖြစ်ပေါ်လာပါတော့တယ်။ အဲ့ဒီသူစိမ်းဟာ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်အဖြစ်မိတ်ဆက်ပါတယ်။ စိတ်ကူးနဲ့လုပ်ရတဲ့အလုပ်ဖြစ်တဲ့အတွက်အနှောင့်အယှက်မခံနိုင်လို့ဆိုပြီး သူငှားနေတဲ့ အိမ်ထဲကိုအယ်လင်ကိုပါအလာမခံပါဘူး။ ဒါပေမယ့် သူ့ဆင်ခြေနဲ့သူ ဟုတ်နေတဲ့အတွက်သံသယတစ်စုံတစ်ရာမရှိပဲ ပဟေဠိဆန်တဲ့လူတစ်ယောက်ကို အယ်လင့်အနေနဲ့လက်ခံထားမိရက်သားဖြစ်နေခဲ့ပါတယ်။ အဲ့ဒီအချိန်ဟာ ဝက်စ်ဟောလိ၀ုဒ်မှာ ရက်စက်ကြမ်းတမ်းလွန်းတဲ့လူသတ်မှုတွေစပြီးဖြစ်ပေါ်နေတဲ့အချိန်ပါ။ အသတ်ခံရသူတွေဟာ ပြည့်တန်ဆာတွေဖြစ်ပြီး သတ်ပုံသတ်နည်းတွေ သားကောင်ရွေးချယ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၈၈၈ ခုနှစ်က လန်ဒန်မှာဖြစ်‌ပေါ်ခဲ့ပြီး အခုချိန်ထိတရားခံမပေါ်ခဲ့တဲ့ Jack the Ripper ကိုပုံတူကူးထားတာဖြစ်ပါတယ်။ အဲ့ဒီလိုပုံစံတူလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ခုနှစ်နှစ်ကလည်းဖြစ်ပွားခဲ့ဖူးပြီး အဲ့ဒီအမှုတွေရဲ့တရားခံကိုဖော်ထုတ် ကွပ်မျက်ခဲ့ပြီးပါပြီ၊ ဒါဆိုရင်အခုထပ်ဖြစ်လာတဲ့လူသတ်မှုတွေကရော ပုံတူကူးလူသတ်သမားနောက်တစ်ယောက်လား? ဖမ်းဆီးကွပ်မျက်ခံလိုက်ရတဲ့သူဟာ တရားခံအစစ်ဖြစ်နိုင်ပါ့မလား? အဲ့ဒီလူသတ်မှုတွေဟာ အယ်လင်နဲ့ ဘယ်လိုပတ်သက်လာမလဲ ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2.1GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:35:00 Genre_Crime, Horror , Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5.7 2009 95 mins
The Lodger
Home Sweet Home
6

Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့… ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး အတူပုံဆွဲလေ့ရှိတယ်။ ဒီလိုသာမန်မဟုတ်တဲ့ မိသားစု မရိုးရှင်းတဲ့ အိမ်မှာ မူမမှန်တဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။ နောက်ပြီး ဝမ်ကတော်ကလည်း တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်ကိစ္စလည်းပေါ်လာပြန်တယ်။ ဒါကြောင့် ဦးနှောက်စားရတာကြိုက်တဲ့ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ

6 2021
Home Sweet Home
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
Tiyaan
6.4

Tiyaan (2017)”ဗျာဒိတ်” ==================== ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ဘာသာရေး လျှို့ဝှက်သည်းဖို အက်ရှင်ရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက် ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ နာမည်ကြီး မာလျာလမ်မင်းသားတွေဖြစ်ကြတဲ့ အင်ဒရာဂျိသ်ဆူကူမာရန်နဲ့ ပရီသ်ဗီရာ့ဂျ်ဆူကူမာရန်တို့အပြင် မင်းသားကြီး မိုဟန်လာလ်ကလည်း နောက်ခံစကားပြောသူအနေနဲ့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ အေဒီ ၉ ရာစုလောက်တုန်းက တောင်တန်းတွေပေါ်မှာ တရားကျင့်နေတဲ့ ဂုရုကြီးတွေရဲ့ ဂုရုကြီးက သူသိထားတဲ့တရားတွေဟောဖို့ အိန္ဒိယမြောက်ပိုင်းလွင်ပြင် ကန္တာရထဲကို ဆင်းလာတယ်။ အဲဒီကန္တာရထဲမှာ သူ့အဆုံးအမကိုလိုက်နာတဲ့သူတွေရဲ့ မျိုးနွယ်တွေ နေထိုင်ကြတယ်။ ဂီရီကတော့ အဲဒီမျိုးနွယ်ထဲကဆင်းသက်လာတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ယောက်၊ သူ့ကို တစ်ရွာလုံးက လေးစားကြတယ်။ ဘာသာပေါင်းစုံ အတူတူနေကြတဲ့ သူတို့ရွာလေးကို မဟာရှေဆိုတဲ့ဘုရားကို ကိုးကွယ်တဲ့ လူကုန်ထံတစ်ယောက်က ဘုရားကျောင်းဆောက်ဖို့အတွက်ဆိုပြီး လူမိုက်တွေနဲ့ တစ်ရွာလုံးကို ရွှေ့ခိုင်းတယ်။ ဂီရီက အဲဒီပြဿနာကို ဖြေရှင်းဖို့ကြိုးစားရင်းနဲ့ မိုဟာမက်ဆိုတဲ့ မူဆလင်လူငယ်တစ်ယောက်နဲ့အတူ ဘာသာရေးအဓိကရုဏ်းတစ်ခုထဲ အတူပိတ်မိသွားပြီး လွတ်မြောက်ဖို့ ကြိုးစားကြရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6.4 2017 168 mins
Tiyaan
Romantic Heaven
6.2

Romantic Heaven (2011) *********************** ဒီဇာတ်ကားလေးကတော့ ၃၀ ကြိမ်မြောက် Fajr International Film Festival မှာ ဇာတ်ညွှန်းဆုရရှိထားပြီး IMDb rating ကောင်းကောင်းရထားတဲ့ကားလေးဖြစ်ပါတယ် .. အားလုံးသိကြတဲ့ The Guest , Seoul Busters စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Kim Dong Wook နဲ့ Fight For My Way, Queen Of Tears စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Kim Ji Won, မင်းသားကြီး Kim Soo Ro တို့ရဲ့ ဒရာမာ ဇာတ်ကား ကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်…။ ဇာတ်လမ်းကတော့ .. မိခင်ကို ရိုးတွင်းခြင်ဆီလှူပေးနိုင်တဲ့ အလှူရှင်ကို လိုက်ရှာနေတဲ့ မိန်းကလေး ချွဲမီမီ (Kim Ji-Won) အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အဘိုးအဘွားကို ပြုစုစောင့်ရှောက်ပေးနေတဲ့ တက္ကစီသမားလေး ဂျီအု (Kim Dong-Wook) ဇနီးဖြစ်သူ ဆုံးရှုံးရမှုအတွက် ဝမ်းနည်းပူဆွေးနေတဲ့ ရှေ့နေ မင်ဂယူ(Kim Su-Ro) စသဖြင့် ဇာတ်ဆောင် ၃ ယောက်နဲ့ ဖွဲ့စည်းထားပြီး ဇာတ်ဆောင်တစ်ယောက်ချင်းစီရဲ့ အရေးကြီးဆုံးသူတွေက ဆေးရုံတစ်ရုံထဲမှာ အသက်လုနေရတဲ့ အကြောင်းပါ…။ အဲဒါကို ဇာတ်လမ်းထဲမှာ အပိုင်း ၃ပိုင်းနဲ့ တင်ဆက်ထားပါတယ် .. နောက်ဆုံးမှာတော့ ဇာတ်ကောင် ၃ယောက်လုံးရဲ့ ဇာတ်လမ်းတွေက တစ်နေရာတည်းမှာ ချိတ်ဆက်မိသွားပြီး ဘယ်လို အပြီးသတ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် .. (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.68GB / 900MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 57 min. Genre ….. Comedy, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Romance • Comedy
6.2 2011 117 mins
Romantic Heaven
Uninvited
5.8

Uninvited (2024) IMDb Rating (5.8) သန်းကြွယ်သူဌေးကြီး ဂီလီဟာ သူ့မွေးနေ့ပွဲကို သူ့ရဲ့ဇိမ်ခံအိမ်ကြီးမှာ ခမ်းနားစွာကျင်းပဖို့စီစဉ်ထားသလိုဂုဏ်သရေရှိဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာနေပါတယ်။ အဲ့ဒီဧည့်သည်တွေထဲမှာ ဖိတ်ကြားမထားတဲ့ ဧည့်သည်တစ်ယောက်ပါနေပြီး အဲ့ဒီဧည့်သည်ဟာ ဒီညမှာ ဂီလီရဲ့အသက်ကို ဇီဝန်ချုပ်ပေးမယ့်သူလည်းဖြစ်ပါတယ်။ သူကတော့ လီလီယာဆိုတဲ့ အမျိုးသမီးကြီးဖြစ်ပြီး သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး လီလီရက်ရက်စက်စက်အသတ်ခံရတဲ့အမှုအတွက် ကလဲ့စားချေမှာပါ။ ဂီလီရဲ့ပိုင်နက်၊ သက်တော်စောင့်တွေအထပ်ထပ်၊ဧည့်သည်တွေအများကြီးနဲ့စံအိမ်ကြီးထဲမှာ သူ့ကိုလုပ်ကြံဖို့ဆိုတာ သူ့လိုလက်နက်မဲ့အဘွားကြီးတစ်ယောက်အတွက် လွယ်ကူနိုင်ပါ့မလား? ဒီအကြံအစည်အတွက် သူ့ဘက်က ဘယ်လိုကြိုတင်ပြင်ဆင်ထားခဲ့လဲစတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဂန္ဓဝင်မင်းသမီးကြီး Vilma Santos နဲ့ ထိပ်တန်းမင်းသမီးငယ် Nadine Lustre တို့ဦးဆောင်ပါဝင်ထားတဲ့ Thriller ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (570 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:33:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama • Romance
5.8 2024 93 mins
Uninvited