YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mental Coach Jegal.Ep10.720p(CM).mp4

345.61 MB N/A video/mp4 210 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Smile or Hug
2.5

Smile or Hug (2022) =============== ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါး ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သမီးရည်း စားဆက်ဆံရေးတွေ၊ သူငယ်ချင်းဆက်ဆံရေးတွေမှာ အချိန်တွေ အကြာကြီးဖြတ်သန်းခဲ့တယ်ဆိုရင်တောင် အထင်လွဲတာ၊ နားလည် မှုလွဲတာလေးတွေ ရှိစမြဲပဲမဟုတ်လား။ သူငယ်ချင်းသံယောဇဉ်တွေ မှာလည်း တစ်ခါတလေ မတိုက်ဆိုင်တာလေးတွေကြောင့် အဖုအ ထစ်လေးတွေ၊ မကျေနပ်မှုလေးတွေစုရင်း ပြဿနာတက်တတ်ကြ တယ်လေ။ ဒီလိုအခြေအနေမျိုးဆိုရင် ဘယ်လိုဖြေရှင်းတတ်ကြပါသလဲ။ ပြဿ နာကို တစ်ယောက်တည်းအထင်နဲ့ဆွဲတွေးရင် အမှုပိုကြီးတတ်တယ် နော်။ ဒီလိုအချိန်မှာ "မျက်နှာချင်းဆိုင်ဖြေရှင်း"လိုက်တာက အကောင်း ဆုံးနည်းလမ်းပါပဲ။ အမှားတွေ၊အထင်လွဲမှုတွေကို ရှောင်ပုန်းမနေဘဲ ထိပ်တိုက်ရင်ဆိုင်လိုက်တာက အကောင်းဆုံးဆိုတာကို ဆန်တို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက် သင်ယူလိုက်ရပုံလေးကို ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.4 GB) / (500 MB) / (335 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Ngwe Zin Encoder..........SWM

Drama
2.5 2022
Smile or Hug
Gangnam Zombie
3.4

Ji II Jooနဲ့ Park Ji-yeon တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ Gangnam Zombie လေးရပါပြီ။ Ji-yeonလေး ၇ နှစ်အကြာမှ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးဖြစ်ပြီးတော့ Ji-yeon ပုံစံလေးအတိုင်း ခပ်ချေချေ စတိုင်လေးကို ပြန်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... ကိုရိုနာအပြီး အကုန် ပြန်အဆင်ပြေ‌ဖို့ လူတွေက မျှော်လင့်နေကြတဲ့အချိန်‌ ဆိုးလ်မြို့ရဲ့ ဂန်းနမ်ခရိုင်မှာ မြို့သူမြို့သားတွေက ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာ‌တွေကို စတင်ခံစားလာရတယ်။ အဲဒီကနေ လူတွေက မကောင်းဆိုးဝါး ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပြီး ဘယ်လိုတွေ ကြုံတွေ့ရင်ဆိုင်ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်‌ကြည့်ရှုလိုက်ကြစို့နော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri  က ရေးပေးထားပါတယ်။) File Size          : 1.5GB, 596MB, 493MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 21mins Genre              : Horror Translated by Miri & Tiff Encoded by Kinnov

Crime • Drama • Thriller
3.4 2023 81 mins
Gangnam Zombie
Red Notice
6.8

ဒီနှစ်ထဲမှာ ကြည့်ချင်ကြတဲ့ ကားတွေထဲက တစ်ကားလာပါပြီ။ ရိုင်ရန်ရေးနိုး၊ ရော့ခ်၊ ဂယ်ဂါဒေါ့တို့ ပါဝင်ထားတဲ့ red notice ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေ ကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။ ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။ တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊ နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။ ဒီတော့ ဥတွေကို deadpool နဲ့ wonder woman တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဉာဏ်များပြီးလုကြမလဲ။ စုံထောက်ကြီး the rock ကရော ဘယ်လိုလိုက်ဖမ်းမလဲဆိုတာကို ကြည့်လိုက်ရအောင်။ File Size : (1.5 GB) & (900 Mb) Quality : HEVC WEB-DL EAC3 5.1CH, 1080p & 720 p 5.1 CH, 480p Running Time : 1:58:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub)| Genre : Action, Crime, Comedy Translated by Yoon Sandi Aung and Thaung Htike Zaw Encoded by CM Team

Drama • Sci-Fi & Fantasy
6.8 2021 118 mins
Red Notice
Cold War
7.5

Cold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။ Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ကျွန်တော်တို့ကိုပြန်ပေးတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay 5.1CH Duration - 1hr 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, History, Music Source : 1080p.BluRay Translator – WiRa Aung Encoder – SWM

Drama • Sci-Fi & Fantasy
7.5 2018 88 mins
Cold War
The Nanny’s Night
5

Bianka လို့ခေါ်တဲ့ ကောင်မလေး တစ်ယောက် ကတော့ ကလေးထိန်းတစ်ဦး ဖြစ်ပါတယ် လူတွေ သိပ်မသိတဲ့ အချက်က သူက Lesbian တစ်ဦး ဖြစ်ရုံမက စေတန်ကိုးကွယ်တဲ့ အဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပါတယ် တစ်ရက်မှာတော့ မြို့ထဲက ပလတ်စတစ်ဆာဂျင် တို့ လင်မယား အိမ်ကို သူတို့ရဲ့ ၁၃ နှစ် သမီးလေး ညလုံးပေါက် ထိန်းဖို့ သွားရမှာပါ သူရဲ့ ရည်ရွယ်ချက် အမှန်ကရော သူတို့သမီးလေး ကို ထိန်းဖို့ အတွက်လားဘီယန်ကာ နဲ့ သူ့ သူငယ်ချင်း ချာလီတို့ကရော အပျိုစင် ကောင်မလေး ကို ဘာလို့ အသည်းအသန် လိုက်ရှာနေတာလဲ သူတို့ ရဲ့ မျက်နှာဖုံး အောက်က အမှန်တရားက ဘာလဲ Horror ဇာတ်ကားမျိုး ဖြစ်ပေမယ့် ရယ်စရာတွေလည်း အတော်ပါတာကြောင့် ဘယ်လို တိုင်ပတ်ပြီး အလွဲတွေ ဖြစ်ဦးမလဲ ဆိုတာ ကြည့်ကြရမှာပါ File size…(975MB/(512MB)/(263MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:15:00 Genre…Comedy / horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Comedy • Drama
5 2021 73 mins
The Nanny’s Night
Soft & Quiet
6

Soft & Quiet( 2022 ) အမေရိကန်မှာ ထုတ်ပြီး လူမဲမပါတဲ့ကား နောက်ပိုင်းခေတ်မှာ မရှိသလောက်ရှားပါတယ်။ ကြည့်ဖူးတဲ့ထဲဆိုရင်တော့ မရှိကိုမရှိပါဘူး။ မဆီမဆိုင်တောင် ကြံဖန်ထည့်တဲ့ အဆင့်ဆိုတာလည်း အားလုံးအသိပဲပေါ့။ ဒီကားကတော့ ထူးခြားစွာနဲ့ လူမဲဆိုလို့ ဖြတ်လျှောက်တောင်မပါဘူး။ ဒီလိုမပါရတာလည်း ကားနဲ့ဆက်စပ်ပါတယ်။ အမျိုးသမီးတစ်စုဟာ တွေ့ဆုံပွဲတစ်ခုကျင်းပပြီး ဟိုအကြောင်း ဒီအကြောင်းအတင်းတုပ်ရာက အမေရိကန်ပြည်ထောင်စုကြီးမှာ လူဖြူတွေရဲ့ အခွင့်အရေးကပဲ လျော့ကျနေကြောင်းတွေကို ဆွေးနွေးမိကြပါတယ်။ နောက် ခိုးဝင်တွေ တိုင်းတစ်ပါးက ပြောင်းလာတဲ့လူတွေကပဲ အလုပ်အကိုင်အခွင့်အလမ်းတွေကို သိမ်းယူထားကြောင်းပါ ဆွေးနွေးမိကြပြီး အဲဒီလူတွေကို မကျေမနပ်ဖြစ်လာပါရော။ဒီအတွက် မဂ္ဂဇင်းထုတ်ပြီးး ဝါဒဖြန့်ဖို့ပါ စီစဉ်ထားပြီးပါပြီ။ အပြန် စတိုးဆိုင်မှာ အရက်ဝင်ဝယ်ရာကနေ အမေရိကန်နိုင်ငံသူမဟုတ်တဲ့ ကောင်မလေး၂ယောက်နဲ့ ပက်ပင်းတိုးရာက သူတို့ဒေါသကိုမထိန်းနိုင်ခဲ့တဲ့ နောက်ဆက်တွဲတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါပဲ။ File Size__(2GB) / (950MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Drama • Romance
6 2022 91 mins
Soft & Quiet
Righteous Kill
6

IMDB 6/10 ရရှိထားပြီး Al Pacino (The Godfather)နဲ့ Robert De Niro (Midnight Run) ဆိုတဲ့ မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Crime/Drama/Action အမျိုးအစား ကားလေးဖြစ်ပါတယ်။ နယူးယော့ခ်ရဲဌာနက ဝါရင့်စုံထောက်ကြီးနှစ်ယောက်က အလုပ်လုပ်ရာမှာ တွဲဖက်ညီလှပြီး လုပ်သက်လည်းကြာမြင့်လှပြီဖြစ်လို့ အမှုလိုက်ရမှာ ကျွမ်းကျင်လှတဲ့သူနှစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်ရင်း သံသယတရားခံကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကန်ကျောက်မိရာကနေ သေနတ်ကိုင်ဖို့ သင့်မသင့် စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့အဆင့် ရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကွင်းဆက်လူသတ်မှုလို့ ယူဆရတဲ့ အမှုတွေ ပေါ်လာခဲ့တာမို့ တခြား လူငယ်စုံထောက်လေးနှစ်ယောက်နဲ့ အပြိုင် အမှုလိုက်ဖို့ဖြစ်လာတာ့တာပေါ့လေ။ တခြားအမှုတွေနဲ့ မတူဘဲ ဒီကွင်းဆက်လူသတ်မှုရဲ့ ထူးခြားချက်ကတော့ တရားခံက လူသတ်ပြီးတိုင်း ကဗျာတစ်ပုဒ်ချန်သွားလေ့ရှိပြီး အသတ်ခံရသူတိုင်းကလည်း တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတဲ့ မကောင်းတဲ့ကောင်တွေဖြစ်နေတာပါပဲ။ ထူးခြားတဲ့ကွင်းဆက်လူသတ်မှုတွေကို ကြိုးစားစုံစမ်းကြရင်း အမှုကရုပ်လုံးပေါ်လာချိန်မှာတော့… တရားခံဘယ်သူလဲ.. ဘာလို့သတ်တာလဲ.. တရားခံကိုရော ဘယ်လိုဖမ်းမိအောင် အမှုလိုက်ကြမလဲ.. တရားခံရဲ့ ကြီးမားတဲ့လှည့်ကွက်ကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.8 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6 2008 101 mins
Righteous Kill
Justice League x RWBY: Super Heroes & Huntsmen, Part Two
7.3

Justice League x RWBY: Super Heroes & Huntsmen, Part Two (2023) ================================================= IMDb Rating – 7.3/10 DC animation နဲ့ အမေရိကန် anime ဇာတ်လမ်းတွဲ RWBY တို့ တွဲဖက် crossover လုပ်ထားတဲ့ Huntsmen အပိုင်း ၂ ထပ်ထွက် လာပါပြီ။ ဂျက်စတစ်လိဂ်အဖွဲ့ ရူဘီတို့ကမ္ဘာထဲက ဗီလိန်ကြီးကို နှိမ်နင်းပြီး သူတို့ကမ္ဘာကို ပြန်လာခဲ့ပေမယ့်၊ ကေးဂေါ့ဆိုတဲ့ ဗီလိန်က မသေ ဆုံးသွားဘဲ လူသားကမ္ဘာထဲကို လွတ်မြောက်သွားပါတယ်။ ရူဘီတို့ ကမ္ဘာထဲက ဝတ်စ်ဆိုတဲ့ မသေမျိုးတစ်ယောက်နဲ့ပူးပေါင်းကာ ဂျက် စတစ်လိဂ်တို့ကမ္ဘာကို အပိုင်သိမ်းပြီး လူသားမျိုးနွယ်ကို ခြိမ်းခြောက် လာတဲ့အခါမှာ…စူပါမန်း ဘတ်မန်း ဝန်းဒါးဝူးမန်းတို့ပါဝင်တဲ့ ဂျက်စ တစ်လိဂ်နဲ့ RWBY တို့အဖွဲ့ ပူးပေါင်းကာ လူသားကမ္ဘာကို ကာကွယ် ရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size……….(1.62 GB) / (762 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 15Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Thiha Yan Naing Encoder……….SWM

7.3 2023
Justice League x RWBY: Super Heroes & Huntsmen, Part Two
Hana’s Miso Soup
7

Hana’s Miso Soup (2015) ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ Hana Chan no Misoshiru ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Yasutake Shingo ဟာ အနေအေးတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ သွက်လက်ကြွတဲ့ ဂီတတက္ကသိုလ်ကကျောင်းသူလေး Kazynori Chieဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် တဖြည်းဖြည်းရင်းနှီးပြီး ချစ်သူတွေဖြစ်သွားခဲ့ရာက တစ်နေ့မှာတော့ Chie ဟာ ကင်ဆာဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ ဒါပေမဲ့ Shingo ကတော့ Chieကို လက်မလွှတ်ဘဲ ခွဲစိတ်မှုခံယူစေပြီး လက်ထပ်ခဲ့ပါတယ်။ အဲဒီလိုကနေ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ Chieမှာ ကိုယ်ဝန်ရလာခဲ့ပါတော့တယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုကတော့ Chieဟာ ကလေးမွေးခဲ့ရင် ကင်ဆာပြန်ဖြစ်ပြီး သေနိုင်တယ်ဆိုတာပါ။ ဒါပေမဲ့နောက်ဆုံးမှာတော့ အသက်ကိုပါရင်းပြီး ကလေးကို မွေးဖို့အတွက်ဆုံးဖြတ်ခဲ့တာကြောင့် Hanaဆိုတဲ့ ကျန်းမာတဲ့သမီးလေးမွေးဖွားလာခဲ့ပါတယ်။ သို့ပေမဲ့လည်း သူရဲ့ရောဂါအခြေအနေကြောင့် ဘယ်အချိန်မှာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မသိနိုင်တဲ့Chieဟာ သမီးလေးHanaကို ငယ်ငယ်ကတည်းက စားသောက်မှုပုံစံတွေ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Chieဟာ သူစိုးရိမ်နေခဲ့တဲ့အတိုင်း ကင်ဆာပြန်ဖြစ်မှာလား ဒါမှမဟုတ် မိသားစုသုံးယောက်အတူတူ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ရှိသွားနိုင်မှာလားကို ပရိသတ်ကြီးကိုယ်တိုင် စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 587MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Drama • Comedy
7 2015 118 mins
Hana’s Miso Soup
Fallen Leaves
7.5

Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်ကြိုးကလွဲ ဘာမှမပိုင်ဆိုင်နိုင်တဲ့ သူတို့ရဲ့ဘဝမှာတော့ ဒီဇာတ်လမ်းဟာ ကြီးကျယ်ခမ်းနားနေမှာပါပဲ။ Fallen Leaves ထဲက အချစ်ဇာတ်ဟာ သစ်ရွက်ကြွေတို့ရဲ့အတိတ်တစ်ခုပေါ့။ မျက်လုံးကိုမှိတ်ပြီးနားထောင်ကြည့်ရင်တော့ တိတ်ဆိတ်လွန်းတဲ့ သစ်ရွက်ကြွေသံကို ခင်ဗျားကောင်းကောင်းကြားရမှာပဲ။ ဒီရုပ်ရှင်ဟာ အဲဒီသစ်ရွက်အသေတွေအကြောင်းပေါ့။ ဒါဟာ… မလှပခြင်းနဲ့ လှပနေတဲ့၊ လှပခြင်းနဲ့ မလှပနေတဲ့ သစ်ရွက်အသေတို့ရဲ့ ဂီတ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 890MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 21Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.5 2023 81 mins
Fallen Leaves
The Underdoggs

The Underdoggs (2024) =================== အမေရိကန်ရက်ပါ/မင်းသား Snoop Dogg ရဲ့ (၂၀၂၄)ခုနှစ်ထွက် ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သူ့ကားတွေ ကတော့ သိတဲ့အတိုင်း အသုံးခပ်ကြမ်းကြမ်းမို့ မိသားစုတို့ဘာတို့နဲ့ ကြည့်မယ်ဆိုရင် ဆင်ခြင်ပြီးကြည့်ရှုကြပါ။ အခုကားကတော့ Comedy/ Sport genre ဖြစ်ပြီး စိတ်ဝင်စားစရာလည်းကောင်းပါ တယ်။ နာမည်ကျသွားတဲ့ မာနခဲကြယ်ပွင့်ကစားသမားတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာပါ။ ဂျေဆင်ဟာ လူငယ်ဘဝတုန်းက Gridiron Football အားကစားမှာ နာမည်ကြီးခဲ့တဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်။ အသင်းဖော်ကို ရော၊ နည်းပြကိုရော၊ ပရိတ်သတ်ကိုရော ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ သူ့အမူအကျင့်တွေကနေ ပြဿနာတွေဖြစ်လာပြီး အားကစားလောက ကနေ နှစ်၂၀ကင်းကွာသွားတဲ့သူ။ အဆဲအဆိုခံရတာတွေလည်း ဒုနဲ့ဒေး။ ဒါပေမဲ့ သူ့စိတ်ကတော့ သူရွှေထီးဆောင်းခဲ့တဲ့ကာလထဲမှာပဲ ရှိနေဆဲ။ တစ်နေ့ကျ ကားကို ဟယ်လင်ကဲလားလို မောင်းရာကနေ အက်ဆီးဒင့် ဖြစ်ပြီး ရုံးရောက်ဂတ်ရောက်တွေဖြစ်ကုန်တယ်။ တရားရုံးမှာ သူ့အမှုကို ကိုင်ရတဲ့တရားသူကြီးက သူ့ဇာတိမြို့ လောင်းဘိချ်မှာကတည်းကခင်ခဲ့တဲ့ ငတိမ။ သူ့အိမ်နီးချင်းရဲ့ထီမထင် မာနခဲစရိုက်ကိုသိနေတဲ့ တရားသူကြီးက ထောင်ချတဲ့အပြစ်ဒဏ်မပေးဘဲ လောင်းဘိခ်ျမှာ ပရဟိတအလုပ် နာရီ ၃၀၀ပြည့်အောင်လုပ်ရမယ်လို့ အမိန့်ချတယ်။ အဲလိုနဲ့ နာမည်ကျဘောလုံးသမားကြီးဟာ သူ့အိပ်မက်တွေ စအခြေတည်ရာ ဇာတိမြို့လေး‌ကို ပြန်ရောက်လာတယ်။ လိမ္မော်ရောင်သန့်ရှင်းရေးဝတ်စုံလေး ဝတ်ပြီး အာဝုအီးကျုံးဖို့ ဂေါ်ပြားလေးကိုင်ထားရင်းပေါ့။ ဒါ့အပြင် အကြောင်း တိုက်ဆိုင်ပြီး အဲဒီက ကလေးဘောလုံးအသင်းလေးမှာ နည်းပြလုပ်ပေးဖို့ဖြစ် လာတဲ့အခါ….။ ဇာတ်သွားကတော့ အဲလိုပါပဲ။ ဒီလို Plot မျိုးကြိုက်တဲ့သူတွေ ကြည့်ရှုသင့်တဲ့ကားကောင်းလေးဖြစ်ပါကြောင်း။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ ဖြစ်ပါတယ်) File Size……….(2 GB) / (1.1 GB) Quality…………WEB-DL 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Sport Translator…….Ngwe Zin, May Thet Khine Soe Encoder……….Zin Phyo Aung

Drama • Romance
0 2024
The Underdoggs
Sijjin 3: The Forbidden Love (or) Siccîn 3: Cürmü Ask
6.1

Siccîn 3: Cürmü Aşk (2016) IMDB: 6.1 ဒီရုပ်ရှင်ကတော့ Siccin ရုပ်ရှင်အတွဲရဲ့ သုံးကားမြောက်ကားဖြစ်ပါတယ်။ တော်တော်လေးလည်းကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ အတော်လေးလည်းဝမ်းနည်းဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ခုဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအညွှန်း ကေဒါ၊ အော်ဟန်နဲ့ ဆီဒက်တို့ဟာ အချစ်ရဆုံးငယ်သူငယ်ချင်းတွေဖြစ်ပါတယ်။ ကေဒါနဲ့ဆီဟက်တို့နှစ်ယောက်ဟာ မောင်နှမတွေဖြစ်ပါတယ်။ အော်ဟန်ကတော့ ငယ်သူငယ်ချင်းဖြစ်ပါတယ်။ ဒီလိုနဲ့ အော်ဟန်နဲ့ ကေဒါတို့နှစ်ယောက် ချစ်ကျွမ်းဝင်ပြီးအကြောင်းပါခဲ့ပါတယ်။ ဒါပေမယ့်တစ်ရက်မှာ ဆီဒက်၊ ကေဒါနဲ့ ဆီဒက်ရဲ့သားလေးတို့ သုံးယောက်သားမြို့တက်ရင်း ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှတော့ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေဖြစ်ပေါ်လာခဲ့ပါတယ်။ File size… 2.2 GB / 817 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

Horror • Thriller
6.1 2016 110 mins
Sijjin 3: The Forbidden Love (or) Siccîn 3: Cürmü Ask
A Holiday for Harmony
5.8

တစ်နှစ်တာလုံးရဲ့ပျော်ရွှင်စရာအကောင်းဆုံးအချိန်ကာလဖြစ်တဲ့ ခရစ္စမတ်ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် ချစ်ခင်ရသူတွေနဲ့ အတူတူကြည့်ဖို့ A Holiday For Harmony ဆိုတဲ့ခရစ္စမတ် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက် ပါတယ်။အိမ်နဲ့ဝေးနေတဲ့ မိသားစုနဲ့ဝေးကွာနေတဲ့သူတွေလည်း ဒီကားလေးကိုကြည့်ပြီး အလွမ်းတွေပြေနိုင်ပြီး ကိုယ်ချစ်တဲ့ လူတွေကိုပိုတန်ဖိုးထားမိလာမှာလည်းအမှန်ပါပဲ။လူ့ဘ၀ဆိုတာ တိုတိုလေးမလို့ ရရှိတဲ့အချိန်လေးအတွင်းမှာ ချစ်ရတဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်။ ဂျက်ဇ်နဲ့တီနာတို့ကမောင်နှမတွေဖြစ်ကြပြီး ငယ်ငယ်လေးကတည်းက မောင်နှမတွေရဲ့ထုံးစံအတိုင်း သူတို့တွေက မတည့်အတူနေ အမြဲတမ်းကိုက်နေကြတာပါပဲ။ဂျက်ဇ်ကဗီဒီယိုဂိမ်းတွေကစားရတာကို သဘောကျသူဖြစ်ပြီး တီနာကတော့သီချင်းဆိုတာကိုအရမ်းဝါသနာပါတဲ့ အပြင် အသံလည်းအရမ်းကောင်းသူဖြစ်ပါတယ်။ ဒီလိုနဲ့အသက်တွေကြီးလာကြတဲ့အခါမှာတော့မောင်နှမနှစ်ယောက်လည်း တစ်ယောက်တစ်လမ်းသွားကြပြီး ဂျက်ဇ်ကဘားနဲ့ဂိမ်းဆိုင်လေးတွဲဖွင့် ထားခဲ့ကာ တီနာကတော့နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာ ခဲ့ပါတော့တယ်။ အကြောင်းတစ်ခုကြောင့် မောင်နှမနှစ်ယောက်စကားမပြောဖြစ်တာ ကြာပေမဲ့ တီဗီမှာတွေ့လိုက်ရတဲ့သတင်းတစ်ခုကြောင့်ဂျက်ဇ်ဘ၀ကြီး ပျက်သလိုဖြစ်သွားပါတော့တယ်။အဲ့ဒီသတင်းကတော့သူ့ညီမတီနာ ကားမတော်တဆဖြစ်ပြီး သေဆုံးသွားပြီဆိုတဲ့သတင်းပါပဲ။ သိပ်မကြာခင်မှာပဲ သူ့ဆီကို ညီမဖြစ်သူရဲ့သမီး သူ့တူမရောက်ရှိလာပြီး သေတမ်းစာမှာသူ့ကိုအုပ်ထိန်းသူအဖြစ်လွှဲပြောင်းပေးထားခဲ့ကြောင်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ သူနဲ့သူ့တူမတို့နှစ်ယောက် ဒီနှစ်ခရစ္စမတ်ကို အတူတူဖြတ်သန်းကြရင်းနဲ့ လွမ်းမောစရာ ၅၂၈ ဒရာမာလေးတွေကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…(1.36GB) / (570MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2024
A Holiday for Harmony
Hansel & Gretel: Witch Hunters
6

စုန်းမတွေကို သတ်ဖို့ အကောင်းဆုံးနည်းက မီးရှို့တာပဲ Hanel and Gretel ဆိုပြီး တောထဲမှာ လမ်းပျောက်ပြီး သကြားလုံးတွေနဲ့ အိမ်မှာ စုန်းမတစ်ယောက် ဖမ်းဆီးခြင်းကို ခံရတဲ့ ပုံပြင်လေးကို ကျွန်တော်တို့ ပုံပြင်အဖြစ်ရော ဇာတ်လမ်းတွေ အဖြစ်ပါ ကြားဖူး မြင်ဖူးကြမှာပါ ဒီတစ်ခါမှာတော့ အဲဒီ ပုံပြင်ကိုပဲ အခြေတည်ရိုက်ကူးထားပြီး Marvel က ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသား Haekeye မင်းသား Jeremy Renner ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ငယ်စဥ်မှာ မိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ Hansel နဲ့ Gretel ဟာ တောထဲမှာ မျက်စိလည် လမ်းမှားပြီး စုန်းမ တစ်ယောက်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ် စုန်းမကို မီးဖိုထဲ တွန်းချ ထွက်ပြေးခဲ့တဲ့ နောက်မှာတော့ စုန်းမုဆိုးတွေ အဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး နေထိုင်ခဲ့ပါတယ် ဒီလိုနဲ့ ကြီးလာတဲ့အခါမှာ နာမည်ကြီး စုန်းမုဆိုးတွေ ဖြစ်လာပြီး အော့စ်ဘာ့ဂ်ဆိုတဲ့ မြို့လေးမှာ ကလေးတွေ အများကြီး စုန်းမတွေ ဖမ်းဆီးနေတာကြောင့် သူတို့ကို အလုပ်အပ်လာပါတယ် အဲဒီအချိန်မှာ အကြီးစား စုန်မတွေရဲ့ အကြံကို သိလိုက်ရပြီး သူတို့ တားဆီးအနိုင်ယူနိုင်မှာလား သူတို့ရဲ့ မိဘတွေက ဘာလို့ စွန့်ပစ်သွားတာလဲဆိုတာကို‌ရော သူတို့ သိရမှာလား ဆိုတာကို ကြည့်ရှု ခံစားလိုက်ပါ File Size : 4.3 GB, 1.6 GB, 946 MB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 40min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Zin Sann Oo Encode by : Thit San Khant

6 2013 88 mins
Hansel & Gretel: Witch Hunters
Bring Her Back
7.5

Bring Her Back 2025 =============== A24 ရဲ့ကားဆိုတော့ အထူးတလည် ညွှန်းစရာမလိုပါဘူး။ ဇာတ်လမ်းအကျဉ်း အန်ဒီနဲ့ ပိုက်ပါဟာ အရမ်းချစ်ကြတဲ့မောင်နှမတွေဖြစ်ပြီး ကင်ဆာဖြစ်လို့ ဓာတ်ကင်နေရတဲ့ အဖေဖြစ်သူနဲ့အတူ နေထိုင်ကျော်ဖြတ်နေရပါတယ်။ ပိုဆိုးတာက ပိုက်ပါက အမြင်အာရုံချို့ယွင်းနေပြီး အလင်းရောင်နဲ့ အရိပ်အယောင်လောက်ပဲ မြင်ရတဲ့အတွက် အစ်ကိုဖြစ်သူ အန်ဒီက အဖေ့ကိုရော ညီမလေးကိုပါ အရိပ်တကြည့်ကြည့် လိုက်စောင့်ရှောက်နေရသူပါ။ တစ်နေ့မှာတော့ သူတို့အဖေဟာ ရေချိုးခန်းထဲမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပြီးတော့ အန်ဒီက အသက် ၁၈ နှစ်ပြည့်ဖို့ သုံးလလိုသေးတဲ့အတွက် သူ့ညီမဖြစ်သူကို အုပ်ထိန်းဖို့ အသက်မပြည့်သေးတာကြောင့် ခွဲနေရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အန်ဒီက ၁၈ နှစ်ပြည့်ပြီး အုပ်ထိန်းခွင့်မလျှောက်နိုင်ခင် သုံးလအတွင်းမှာ ပိုက်ပါကို ခေါ်ယူမွေးစားပေးမဲ့ လော်ရာဆိုတဲ့အမျိုးသမီးကြီးဆီမှာ လိုက်နေရဖို့ ခွင့်တောင်းခဲ့ပါတယ်။ လော်ရာဆိုတဲ့အမျိုးသမီးက ခွင့်ပြုတဲ့အတွက် သူတို့ဟာ လော်ရာအိမ်မှာ လိုက်နေရဖို့ ဖြစ်လာခဲ့ပါတယ်။ လော်ရာရဲ့ သမီးဖြစ်သူကလည်း ပိုက်ပါလိုပဲ မျက်စိမမြင်တဲ့အတွက် ရေနစ်ပြီး သေဆုံးသွားခဲ့တာပါ။ သူတို့ လော်ရာ့အိမ်ကို ရောက်တဲ့အခါ သူတို့မောင်နှမအပြင် နောက်ထပ်ထူးဆန်းတဲ့ကလေးတစ်ယောက်ကိုလည်း လော်ရာက မွေးစားထားတဲ့အပြင် လော်ရာ့အိမ်အပြင်ဖက်မှာ အဖြူရောင်အမှုန့်တွေနဲ့ စည်းတားထားပါသေးတယ်။ ဒီတော့ လော်ရာကရော ဘယ်လိုအကြံအစည်တွေရှိနေလဲ၊ အဲဒီထူးဆန်းတဲ့ကလေးကရော ဘယ်သူလဲ၊ သူတို့မောင်နှမ ဒီသုံးလအတွင်း ဘယ်လိုကျော်ဖြတ်ရမလဲ စသဖြင့် သို့လောသို့လော မေးခွန်းများစွာနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size… (5.3GB)/ (1.6 GB) / (710 MB) Quality… WEB-DL 4K/ 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Matteo & Act Molemy

7.5 2025 104 mins
Bring Her Back