YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Men in Love E15 720p WEB-DL CM.mp4

214.7 MB N/A video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Two Sinners and a Mule
6.4

Western ကား အသစ်ကို ငတ်မွတ်နေတဲ့လူတွေအတွက် Western အက်ရှင် ဟာသ ဒရာမာကားလေးပါ။ အသစ်ကြပ်ချွတ်ကြည့်ရမယ့် ကားပေါ့။ ကြမ်းတမ်း‌သွေ့ခြောက်လှတဲ့ Western အငွေ့အသက်ကိုမှ ပြည့်တန်ဆာတွေရဲ့ ဘဝနဲ့အဖြစ်အပျက်တွေရောပြီး ဟာသတွေနှောပေးထားတယ်။ ဇာတ်ကတော့ ဒီလိုဗျာ။ မြို့တစ်မြို့မှာ မိန်းမရွှင်နှစ်ယောက်ရှိတယ်။ နှစ်ကောင်သားက တစ်မြို့လုံးက ယောက်ျားတွေရဲ့ အကြိုက်ဖြစ်နေတော့ မိန်းမတွေက ဆန္ဒပြပြီး နှင်ထုတ်ခိုင်းရော။ ဒါကိုမှ မြို့ဝန်ရဲ့ခုံအောက်ကထွက်လာပြီး ပြဿနာထပ်ရှာလိုက်တော့ သူတို့နှစ်ယောက် နှင်ထုတ်ခံလိုက်ရတယ်။ ဒီလိုနဲ့ နောက်တစ်မြို့ကူးဖို့ အသွား ကန္တာပြင်ကို ဖြတ်သန်းဖို့အကြောင်းဖန်လာတယ်။ အဲဒီကန္တာရထဲမှာ နာမည်ကြီးလူဆိုးဂိုဏ်းတစ်ခုရှိတယ်။ ဆုကြေးဒေါ်လာ၂ထောင်အထိထုတ်ထားရတဲ့ နာမည်ကြီးလူဆိုးတစ်ကောင် ကျက်စားတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဖြတ်လာရင်း လမ်းခုလတ်မှာ သေနတ်ကျည်ဗရပွမှန်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတယ်။ အဲဒီလူကိုကယ်ရင်းမှ အဲဒီလူက ခုနနာမည်ကြီးလူဆိုးကို လိုက်နေတဲ့ ဆုကြေးစားမုဆိုးမှန်းသိလိုက်ရတယ်။ ဒီတော့ မိန်းမရွှင်ဘဝက လွတ်ချင်တဲ့ မိန်းမရွှင်၂ယောက်ရယ် ဆုကြေးစားမုဆိုးတစ်ကောင်ရယ်ပေါင်းပြီး ရာဇဝင်လူဆိုးကြီးကို အရဖမ်းဖို့ ကြံကြတယ်။ သူတို့ရဲ့စွန့်စားခန်းကို အက်ရှင် ဟာသ ငိုချင်း ရသစုံရောပြွမ်းပြီး ကြည့်ကြရမှာပါ။ အတော်အတန်ကြည့်ကောင်းတဲ့ကားမို့ Western ကား ငတ်နေတဲ့လူတွေအတွက် အာသာပြေစေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Romance
6.4 2023 97 mins
Two Sinners and a Mule
Sita Ramam
7.9

ဒီတစ်ခေါက် CM က တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် မင်းသမီး ရက်ရှ်မီကာ ပါဝင်အားဖြည့်ပေးထားတဲ့ အိန္ဒိယ ပါကစ္စတန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် အက်ဖရင်း (ရက်ရှ်မီကာ) ဟာ ပါကစ္စတန်လူငယ်ဥက္ကဌဖြစ်ပြီး အိန္ဒိယတွေကို တအားမုန်းတဲ့သူဖြစ်ပါတယ် အိန္ဒိယကျောင်းသားနဲ့ ပါကစ္စတန်ကျောင်းသားတွေ အဓိကရုဏ်းဖြစ်ပြီး အိန္ဒိယဘက်က ပါကစ္စတန်အလံကို မီးရှိခဲ့တဲ့အတွက် သူဟာ အိန္ဒိယအကြီးအကဲတစ်ယောက်ရဲ့ကားကို ပြန်ပြီး မီးရှိခဲ့ပါတယ် အဲဒီအတွက် ဟိုဘက်က သူ့ကို တောင်းပန်ရင်ပန် မဟုတ်ရင် လျော်ကြေး ၁ သန်းပေးရမယ်လို ပြောပါတယ် ဒါနဲ့ပဲ အိန္ဒိယတွေကို တအားမုန်းတဲ့ အက်ဖရင်းဟာ အိန္ဒိယတစ်ယောက်ကို တောင်းပန်မယ့်အစား လျော်ကြေးပဲပေးမယ်လို ဆုံးဖြတ်ပြီး အဘိုးဖြစ်သူဆီက ပိုက်ဆံတောင်းလိုက်ပါတယ် ဒါပေမယ့် သူ့အဘိုးဖြစ်သူဟာ သေဆုံးသွားပြီဖြစ်ပြီး သေတမ်းစာထဲမှာ သူ လွန်ခဲ့တဲ့နှစ် (၂၀) က မတည်နိုင်ခဲ့တဲ့ ကတိတစ်ခုကို "အက်ဖရင်း" က တည်အောင်လုပ်ပေးရမယ် အဲဒီလိုလုပ်ပေးမှ အမွေတွေပေးမယ်လို ရေးထားခဲ့ပါတယ် အဲဒီကတိကတော့ သူ့သူငယ်ချင်းဖြစ်သူ "ရမ်" ရဲ့ ကောင်မလေး "ဆီတာ" ဆီ မပိုဖြစ်ခဲ့တဲ့ စာတစ်စောင်ကို ပိုပေးရမှာပဲဖြစ်ပါတယ်... ခက်တာက အဲဒီ "ရမ်" နဲ့ "ဆီတာ" ဟာ အိန္ဒိယလူမျိုးဖြစ်နေတာပါပဲ ဒါပေမယ့်လည်း ပိုက်ဆံလိုနေတဲ့ "အက်ဖရင်း" ဟာ သူ့အဘိုးခိုင်းထားတဲ့အလုပ်ကို သဘောတူလိုက်ပြီး သူ မဆက်ဆံချင်ဆုံး အိန္ဒိယလူမျိုးတွေနဲ့ ဆက်ဆံဖို ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ် (၂၀) က "ဆီတာ" ဆိုတဲ့ ကောင်မလေးကို သူဘယ်လိုလိုက်ရှာမလဲ "ဆီတာ" နဲ့ "ရမ်" တိုရဲ့ ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ.. အိန္ဒိယနဲ့ ပါကစ္စတန်တိုရဲ့ အာဃာတတွေကြားက ဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို မေတ္တာသာစစ်ရင် အမုန်းတရားတွေပြေငြိမ်းနိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် File size…2.75GB  / 1.3GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kham Mon & BpL & Sora & Thet Ko & Kevin

Comedy • Horror
7.9 2022 158 mins
Sita Ramam
Monstrous
6.1

'လော်ရာ'နဲ့ သားဖြစ်သူ'ကိုဒီ'တို့ဟာ ခင်ပွန်းဖြစ်သူ စ​ကော့တ်​ရဲ့ နှိပ်စက်မှုဒဏ်ကို မခံစားနိုင်​တော့လို့ ကယ်လီဖိုးနီးယားကို သားအမိ၂​ယောက်တည်းထွက်​ပြေးလာကြပြီး မြို့ပြင်က အိမ်​ဟောင်းတစ်လုံးမှာ ဇာတ်မြုပ်ပြီး ​နေထိုင်​နေကြတာပါ၊ သူတို့ငှားရမ်း​နေတဲ့အိမ်ကြီးရဲ့ ​ဘေးမှာ​​တော့ ​ရေကန်ကြီးတစ်ခုရှိပါတယ်၊ ကိုဒီက အဲဒီအိမ်​ကို စပြီး​ရောက်ကတည်းက စိတ်မသန့်​ကြောင်း၊ရေကန်ထဲက​ သရဲတစ်​ကောင် သူ့အခန်းထဲဝင်လာ​နေလို့ ​အိမ်ပဲပြန်ချင်​ကြောင်း အခါခါ​ပြောပေမယ့် ​ခင်ပွန်းရန်ကို​ ပိုကြောက်​​တဲ့ ​လော်ရာက သားဖြစ်သူ​ပြောတဲ့ မူမမှန်မှု ​တွေကို သိသိလျက်နဲ့ ​ပေကပ်ပြီး​နေခဲ့ရာမှ ​အရာရာနောက်ကျသွားပြီး 'ကိုဒီ'အဖို့ ​ရှောင်လွှဲလို့မရ​နိုင်​တော့တဲ့ ​အန္တရာယ်​ဆိုးကြီး ရောက်လာတဲ့အခါ...ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှု့ကြရမှာပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.6GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:28:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Horror
6.1 2022 89 mins
Monstrous
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
Josh
5.9

အိန္ဒိယနဲ့အတူလွတ်လပ်ရေးမရခဲ့ဘဲ နောက်ပိုင်းကျမှရခဲ့တဲ့ Goa ဆိုတဲ့ နယ်မြေကလေးဟာ အခုချိန်မှာတော့ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တစ်ခုဖြစ်သွားပါပြီ။ ဒါပေမဲ့ အဲဒီ့မတိုင်မီ ပေါ်တူဂီတွေအုပ်စိုးသွားခဲ့ပြီး သူတို့ထွက်သွားတဲ့အချိန်မှာဆိုရင် Goa မှာရှိတဲ့ မြေကွက်တွေဟာ ဦးသူယူဆိုတဲ့ပုံစံမျိုးဖြစ်ခဲ့ပါတယ်။ Goa ရဲ့အကြီးဆုံးမြို့တစ်ခုဖြစ်တဲ့ Vasco ဆိုတဲ့မြို့လေးမှာတော့ မြေကွက်တွေ နေအိမ်တွေကို အတင်းအဓမ္မ လိုက်လု၊မောင်းထုတ်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကင်းမြီးကောက်ဂိုဏ်းဆိုတာရှိတယ်ဗျ။ အဲဒီဂိုဏ်းရဲ့ မဟာရန်ဘက်ကတော့ လင်းယုန်ဂိုဏ်းပေါ့။ သူတို့နှစ်ဖွဲ့ဟာ မတည့်လွန်းလို့ အလယ်မှာစည်းခြားပြီးတောင် ကိုယ့်နယ်မြေ သူ့နယ်မြေသတ်မှတ်ခဲ့ကြပါတယ်။ ပိုင်နက်ကျော်လာတာနဲ့ ကျော်လာတဲ့သူကို အဖွဲ့လိုက်ကြိတ်ကြတာပေါ့။ အဲဒီဂိုဏ်းနှစ်ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကလည်း လူငယ်လေးနှစ်ယောက်ပါပဲ။ အသက်အရွယ်အားဖြင့် သွေးကြွတတ်တဲ့အရွယ်ပေါ့။ ဒါပေမယ့် သူတို့ဆော်မယ်ချမယ်လုပ်တိုင်း မြို့က ရဲမင်းကြီးတို့ သင်းအုပ်ဆရာတို့ရောက်လာနဲ့ အစွယ်မရှိတော့တဲ့ ကျားနှစ်ကောင်လိုပဲ ပခုံးဖက်လို့ ခင်ချင်ဆောင်တတ်ကြပါတယ်။ လင်းယုန်ဂိုဏ်းရဲ့ အဖွဲ့ခေါင်းဆောင်မှာအမြွှာညီမတစ်ယောက်ရှိသလို ‌ကင်းမြီးကောက်ဂိုဏ်းရဲ့ခေါင်းဆောင်မှာလည်း အစ်ကိုတစ်ယောက်ရှိတယ်ဗျ။ အခုလိုကြောင်နဲ့ကြွက်လို မတည့်ဖြစ်နေတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ မြို့ကပြန်လာတဲ့ ကင်းမြီးကောင်ဂိုဏ်းခေါင်းဆောင်ရဲ့အစ်ကိုဟာ လင်းယုန်ဂိုဏ်းခေါင်းဆောင်ရဲ့ညီမ‌ကို ဘယ်လိုကြွေသွားမလဲ၊ သူတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ကြိုးစားမလဲဆိုတာကိုလည်း ခေတ်သစ်ရိုမီရို-ဂျူးလိယက်ပြဇာတ်သဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထစ်ခနဲရှိ ချမယ်နှက်မယ်ဆိုတဲ့ ဂိုဏ်းနှစ်ဂိုဏ်းရော ဘယ်လိုတွေဆက်ဖြစ်မလဲ ... ကျွန်တော်တို့ငယ်စဉ်အခါက ကြည့်ခဲ့ဖူးတဲ့ မင်းသားကြီးရှရွတ်ခန်းကို သီချင်းကောင်း ကကွက်ဆန်းတွေနဲ့အတူ ပြန်လည်လွမ်းဆွတ်ရင်း ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်ဝန်းပြာတွေနဲ့ တစ်ကမ္ဘာလုံးကို သိမ်းကြုံးဆွဲဆောင်ခဲ့တဲ့ မယ်ကမ္ဘာ Aishwarya Rai ကိုပါ ငယ်နုစွာ ရှုစားရမှာပါ။ (ဘာသာပြန်သူတွေကတော့ Htoo Aung, John, Intelligence နဲ့ Thaik Sanတို့ဖြစ်ပါတယ်။) File size…(3.7 GB) and (1.8 GB) Quality….WEB-DL 1080p & 720p Format…mp4 Duration….02:31:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Aung, John, Intelligence,Thaik San

Action • Crime • Drama
5.9 2000 157 mins
Josh
Hunter Killer
6.9

(အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH , Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...)) စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား အမေရိကန် နိုင်ငံရေးတင်းမာမှုတွေဟာ ဘယ်လောက်ထိကြီးကျယ်ပြီး တတိယကမ္ဘာစစ်ကို ခေါ်ဆောင်သွားနိုင်သလားဆိုတာ ပရိတ်သတ်ကြီးပဲ ရှုစားတော်မူကြပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (2.13GB),(982MB)  Quality : Blu-Ray 1080p 5.1 CH, Blu-ray 720P Format…mp4 Duration…02:02:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
6.9 2018 121 mins
Hunter Killer
Cold War
7.5

Cold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အ‌ရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စား‌တွေရဲ့ ဂီတ။ ကျွန‌်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတ‌တွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင‌်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။ Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံး‌ရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ကျွန်တော်တို့ကိုပြန်ပေးတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality –  1080p, 720p BluRay 5.1CH Duration - 1hr 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, History, Music Source : 1080p.BluRay Translator – WiRa Aung Encoder – SWM

Drama • Sci-Fi & Fantasy
7.5 2018 88 mins
Cold War
Doom Doom
7

Doom Doom (2021) စိတ်တုန်လှုပ်​ခြောက်ခြားပြီး အစိုးရိမ်လွန်တတ်တဲ့ အ​မေ နဲ့ ​နေထိုင်ရသူ အီနာ့မှာ အ​မေ မသိ​အောင် ဖွက်ထားရတဲ့ သမီး​လေးတစ်ဦး ရှိ​နေတယ်။ သမီးငယ်​လေးကို အ​မေ့အသိ အ​ဒေါ်တစ်​ယောက်စီမှာ အပ်ထားရတဲ့ အီနာ့ရဲ့ ဘဝဟာ ဝန်​တွေ ဖိအား​တွေ အပြည့်နဲ့ဖြစ်​နေ​ရှာတာပေ့ါ။ တစ်ချိန်က လျှမ်းလျှမ်း​တောက် ကလပ် ဒီ​ဂျေ တစ်ဦးဖြစ်ခဲ့​ပေမဲ့ အခု​တော့ ​Call Center မှာ ​​​အော်ပရာတာအဖြစ်သာ လုပ်ကိုင်ရင်း အ​မေ​ပြောတဲ့ သာမန် ဘဝ​လေးထဲ ​နေထိုင်ဖို့ ကြိုးစား​နေလျက်ရှိတယ်။ ဒါ​ပေမဲ့ တစ်​နေ့မှာ လမ်း​လေး​တစ်ခုထဲ ​လျှောက်လာရင်း ရင်ကို တဒိတ်ဒိတ် ခုန်​စေတဲ့ တီးလုံးသံ​တွေကို အီနာ ကြားလိုက်ရချိန်မှာ​တော့ သံစဥ်​တွေရဲ့ ဆွဲ​ဆောင်မှု​အောက် ​မျောပါသွားကာ နှလုံး​စေရာ အတိုင်း ဒီ​​ဂျေ ​လောကထဲ ပြန်လည် ​ခြေချဖို့ ကြိုးစားတဲ့အခါ … အီနာတစ်ယောက် သူ့ရဲ့ အိပ်မက်တွေကို တစ်ဖန် ပြန်လည် အသက်သွင်းနိုင်ပါ့မလား? သူ့သမီးလေးကိစ္စကိုကော ပြေလည်အောင် ဖြေရှင်းနိုင်ပါ့မလား? ဆိုတာတော့ ဒီဒရမ်မာ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Song Song ပါ။) File Size : 1.9GB, 637MB, 316MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr & 52mins Genre : Drama Translated by Song Song Encoded by Kinnov

Comedy • Drama • Romance
7 2021
Doom Doom
Oh My School!
6.9

သဘာဝလွန် စိတ်ကူးယဥ် ဟာသလေးတွေကိုနှစ်သက်တဲ့သူ တွေအတွက် ကာတွန်းကားကောင်းလေး ကြည်ရှုလို့ရပါပြီ…. ကျောင်းမှာ အဆိုးဆုံးအတန်းလို့နာမည်ကြီးတဲ့အတန်းက အဆိုးဆုံးကျောင်းသားလေးဝမ်ချန်… အမြဲတမ်း ကျောင်းလစ်ပြီးအင်တာနက်ကဖေးမှာသူငယ်ချင်းတွေနဲ့ ဂိမ်းသွားဆော့တတ်တဲ့ကောင်လေး…. ဆရာမ ရှီးမြောင်နာ့ကတော့ စည်းကမ်းတင်းကြပ်လွန်းပြီး ထူးချွန်ဆရာရွေးချယ်တဲ့ သရုပ်ပြသင်ကြားရေးအတန်းရဲ့ဆုကို အရမ်းလိုချင်လို့ကြိုးစားနေသူဆရာမတစ်ယောက်… ဆိုးသွမ်းတဲ့ ဝမ်ချန်တို့အဖွဲ့နဲ့ ဆရာမရှီးကတော့ အမြဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ် တစ်နေ့ သူတို့နှစ်ယောက်ကြားပဋိပက္ခဖြစ်ရင်း အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ချင်းလဲလှယ်သွားခဲ့ရတယ်…. ခန္ဓာကိုယ်လဲသွားခဲ့တဲ့ ဆရာမနဲ့ကျောင်းသား ရှေ့ဆက်ဘာတွေဖြစ်ကြမလဲ… ဆန့်ကျင်ဘက်လူသားနှစ်ယောက်အချင်းချင်း နားလည်မှုတွေရသွားနိုင်မလား… ခန္ဓာကိုယ်လဲသွားလို့ဖြစ်လာတဲ့ပြသာနာတွေကိုရောဘယ်လိုရင်ဆိုင်မလဲ… ခန္ဓာကိုယ်ရော ပြန်လဲနိုင်ပါ့မလား..ဆိုတာကိုတော့ ဇာတ်လမ်းကို ကြည့်ရှုခံစားပေးကြပါဦးနော်….

Thriller • Drama
6.9 2023 91 mins
Oh My School!
Jack Strong
7

ဒီ IMDB 7/10 ရတဲ့ဇာတ်ကားဟာ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲအတွင်းက ပိုလန်သူလျှိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၇၀ နဲ့ ၁၉၈၀ ကြားမှာ ဗိုလ်မှူးကြီးရစ်ဇာ့ဒ်ကူလင်စကီဟာ အရမ်းကိုအလုပ်ကြိုးစားပြီး မျိုးချစ်စိတ်ထက်သန်တဲ့ဗိုလ်မှူးတစ်ယောက်ပါ။ သူဟာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကမ္ဘာစစ်ထပ်ဖြစ်အောင်ကြိုးစားနေတဲ့ စီမံချက်တွေ အကြံအစည်တွေကိုသိနေပြီး ကမ္ဘာစစ်ဖြစ်လာမှာကိုမလိုလာပါဘူး။ ဒါကြောင့်ကူလင်စကီဟာ သူ့တိုင်းပြည်ဖြစ်တဲ့ပိုလန်ရဲ့ အနာဂတ်အတွက်နဲ့ သူ့မိသားစုရဲ့လုံခြုံရေးအတွက် “Jack Strong” ဆိုတဲ့ လျှို့ဝှက်နာမည်ကိုသုံးပြီး အမေရိကန်စစ်ရေးသတင်းထောက်လှမ်းရေးအေဂျင်စီတွေနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်တယ်။ ဒီလိုတခြားနိုင်ငံကို ထိပ်တန်းလျှို့ဝှက်စစ်ရေးသတင်းတွေပေးခြင်းဟာ တရားမဝင်သလို သူရောသူ့မိသားစုပါ ဒုက္ခရောက်မယ်ဆိုတာ သူကောင်းကောင်းကြီးသိပါတယ်။ ဒီလိုမျိုး ကြီးလေးတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ကူလင်စကီရဲ့စိတ်တွင်းမှာ ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာကို ထင်ရှားအောင် ဒီဇာတ်ကားကဖော်ပြပေးသွားတာပါ။ စစ်အေးတိုက်ပွဲအတွင်းက ရက်စက်မှုတွေနဲ့ ဖြစ်ရပ်မှန်သမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဗဟုသုတနဲ့ သည်းထိတ်ရင်ဖိုဖြစ်မှုကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… 2.1 GB / 895 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 8m Genre ….. Thriller , Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

7 2014 123 mins
Jack Strong
More than Blue
6.1

ဒီဇာတ်ကားလေးကြည့်မယ်ဆိုရင်အရင်ဆုံးမျက်ရည်ခိုင်စေချင်မိပါတယ် ရှယ်ငိုရမယ့်ကားပါ အရင်ဆုံးအကြမ်းမျဉ်းအနေနဲ့ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာ 2009 ခုနှစ်မှာ ထွက်ရှိပြီးအရမ်းအောင်မြင်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင် More Than Blue ရဲ့ Remake ကားလေးဖြစ်ပြီး same title အနေနဲ့ပဲပြန်လည်ထွက်ရှိလာပါတယ် Chinese Box Office မှာ တလဝန်းကျင်ကို ထိပ်ဆုံးကရပ်တည်ခဲ့ပြီး 153 million ဝင်ငွေရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုနည်းနည်းပေးလိုက်ရအောင် အလွမ်းအဆွေးသီချင်းတွေ နားထောင်ဖူးကြလား… ဒီဇာတ်လမ်းထဲမှာလည်း အဆိုတော်တစ်ယောက်က နာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်း ကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင် သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို သိလိုက်ရတယ်… အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာ မိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့…. သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီး တစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်… မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကို ထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင်းသိလာမှာပါ…

Horror • Mystery
6.1 2018 106 mins
More than Blue
Kaazh

Kaazh (2024) ရွှေပြည်တော် မျှော်တိုင်းဝေး Genre – Drama တစ်ရွာမပြောင်း သူကောင်းမဖြစ်လား၊ သေချင်တဲ့ကျား တောပြောင်းလား ဘာပဲနေနေ ကျွန်တော်တို့ တချို့အာရှနိုင်ငံက လူတွေဟာ နိုင်ငံခြားကို သွားအလုပ်လုပ်ကြ ကျောင်းတက်ကြနဲ့ အရင်ခေတ်ကတည်းက စလို့ ခုထက်ထိ အင်မတန်ခေတ်စားတဲ့ အလုပ်တစ်ခုပါပဲ။ ဒီရုပ်ရှင်လေးထဲမှာလည်း ဒီလိုပါပဲ သြစတြေးလျနိုင်ငံမှာ သွားရောက်နေထိုင် အလုပ်လုပ် စာသင် ကြိုးစားရုန်းကန်နေရတဲ့ တမီးလ်လူမျိုးများရဲ့ ဘဝအကြောင်းလေးတွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစား လူမျိုးချင်းတောင် ငွေမပေးချင်ပဲ ညစ်ပတ်တဲ့ အလုပ်ရှင်နဲ့ လင်မယားနှစ်ယောက်ခမျာ ကြိုးစားရုန်းကန်ရပုံတွေ။ ပညာရေးအရည်အချင်း တော်ပေမဲ့လည်း ကိုက်ညီတဲ့အလုပ်အကိုင် ရှာမရတဲ့အတွက် ဖြစ်သလို နေထိုင်ရုန်းကန်ဖို့ ကြုံရာအလုပ်လေးတွေလုပ်ပြီး အလုပ်အမဲလိုက်နေရတဲ့ ကျောင်းသားလေးတွေ။ သူများနိုင်ငံ သွားနေထိုင်နေပေမဲ့လည်း သူတို့ ဥပဒေတွေကို လက်တစ်လုံးခြားလုပ်စားပြီး အောင်မြင်ကြီးပွားနေတဲ့လူတွေလည်း ရှိကြတာတွေ စသဖြင့် အကြောင်းအရာပေါင်းစုံလေးတွေကို ပေါင်းစပ်တင်ပြထားတဲ့ အိန္ဒိယရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်ခင်ဗျာ)

0 2024
Kaazh
Hyena Road
6.5

ဒီဇာတ်ကားလေးကတော့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ War/Drama အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာဆိုရင် အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲထဲက ကနေဒါစစ်ဆင်‌ရေး တပ်ဖွဲ့တွေအကြောင်း စိတ်လှုပ်ရှားဖွယ်မြင်တွေ့ရမှာဖြစ်ပြီး ခေတ်သစ် စစ်ပွဲတွေရဲ့ မရိုးရှင်းလှတဲ့ ဗျူဟာမြောက်လုပ်ငန်း‌စဉ်တွေအကြောင်း ကိုလည်း ကြိုးစားတင်ပြထားတာ တွေ့ရမှာပဲဖြစ်ပါတယ်.. တောခွေးလမ်းမဟာ အာဖဂန်နစ္စတန်နိုင်ငံ ကန်ဒဟာ‌ဒေသမှာ စစ်ဆင်ရေး‌ ဖော်ဆောင်ရတဲ့ ကနေဒါတပ်ဖွဲ့များ ဖောက်လုပ်ခဲ့တဲ့ ဗျူဟာမြောက်ထောက်ပို့လမ်းကြောင်း တခုဖြစ်ပါတယ် ကန်ဒဟာဒေသဟာ တာလီဘန်တို့လှုပ်ရှားကြီးစိုးရာ ဒေသဖြစ်တဲ့ အပြင် တောင်စွယ်၊ တောင်ကုန်း၊ လျှို ချောက်များဖြင့် ကြမ်းတမ်းတဲ့‌ မြေမျက်နှာသွင်ပြင်ရှိရာ ဒေသဖြစ်လို့ တောခွေးလမ်းမကြီးကို ၂၀၀၆ ကနေ ၂၀၁၁ အထိ ၅ နှစ်ကြာအချိန်ယူတည်‌ဆောက်ခဲ့ရပါတယ်.. ဒီရုပ်ရှင်မှာတော့ စနိုက်ပါသမားဖြစ်တဲ့ Ryan Sanders နဲ့ သူ့အဖွဲ့ဟာ တောခွေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းကို တာလီဘန်တို့ နှောင့်ယှက်ခြင်းဘေးကနေ ကာကွယ်စောင့်ကြပ်ပေးရတဲ့အဖွဲ့ ဖြစ်ကြပါတယ်… တဖက်မှာလည်း စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးအရာရှိ Pete Mitchell ဟာ တောခွေးလမ်းမ ပြီးစီးအောင်ဖောက်လုပ်နိုင်ဖို့ ထောက်လှမ်းရေးနည်းအတိုင်း ဒေသခံများနှင့် ရင်းနှီးမှုယူကာ ဗျူဟာဖော်ဆောင်နေခဲ့ပါတယ်.. လမ်းမကို စောင့်ကြပ်နေရင်း တနေ့မှာတော့ Ryan Sanders တို့ အဖွဲ့ဟာ တာလီဘန်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုကို ခံရပါတော့တယ် အင်အားမမျှတဲ့ စနိုက်ပါသမားအုပ်စုဟာ တာလီဘန်တွေကို ခံပစ် ထားနိုင်ဖို့ အနီးအနားက ဟာဂျီဘာဘာရွာထဲ ဝင်ပြေးရပြီး ရွာတစ်နေရာ အရောက်မှာတော့ ထူးထူးဆန်းဆန်းမျက်လုံးတွေနဲ့ အဘိုးအို တစ်ယောက်က ၎င်းတို့စနိုက်ပါအဖွဲ့ကို တာလီဘန်တို့လက်မှ လွတ်အောင်ဝှက်ပေးခဲ့ပါတယ်… ဒီအကြောင်းကို ထောက်လှမ်းရေးအရာရှိ Pete Mitchell တစ်ယောက် သိရှိသွားရာမှာတော့… ဒီရုပ်ရှင်ကားလေးဟာ ခေတ်သစ်စစ်ပွဲတွေရဲ့ စစ်ဘက်အရပ်ဘက်ဆိုင်ရာ ဗျူဟာတွေအကြောင်းနဲ့ စစ်ပွဲရဲ့ ပကတိဂုဏ်ယူစရာမရှိပုံတွေ မြေစာပင်ဖြစ်ရတဲ့အရပ်သားတွေရဲ့ အကျပ်အတည်းနဲ့ဆင်းရဲဒုက္ခ တွေကို အရင်းအတိုင်းတင်ပြထားလို့ စစ်ဆန့်ကျင့်ရေးရုပ်ရှင်ကား တကားအနေနဲ့လည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားကောင်းလေး‌ ဖြစ်တာ‌ကြောင့် ရုပ်ရှင်ချစ်ပရိသတ်များ လက်မလွတ်ရလေအောင် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ….. File size… (2.03GB) / (1.07GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre ….. Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6.5 2015
Hyena Road
Streaming
6.5

Streaming (2025) ****************** IMDb….. 6.5 Streaming ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Cho Jang-ho ကိုယ်တိုင်ရေးသား ရိုက်ကူးထားပြီး ဒိတ်ဒိတ်ကြဲစတား Kang Ha-neul က ကွင်းဆက်လူသတ်မှုရဲ့ နောက်ကွယ်က သဲလွန်စတွေကို စုံစမ်းစစ်ဆေးရင်း အချိန်နဲ့ တစ်ပြေးညီ Live လွှင့်နေတဲ့ ပြစ်မှုမုဆိုး ချန်နယ်ထုတ်လွှင့်သူနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- ကိုရီးယားမှာ ရေပန်းအစားဆုံးသော မှုခင်းရုပ်သံလိုင်းကို ထုတ်လွှင့်သူ Woo Sang က WAG ဆိုတဲ့ Streaming ပလက်ဖောင်းမှာ မဖြေရှင်းရသေးတဲ့ အမှုတွေကို ခွဲခြမ်းစိတ်ဖြာတဲ့ Profiler တစ်ယောက်အနေနဲ့ ကျော်ကြားသလို Subscriber အများဆုံး နံပါတ် ၁ နေရာမှာ ရှိနေတဲ့သူဆိုလည်း မမှားပါဘူး။ တစ်နေ့မှာတော့ သူ့ ထုတ်လွှင့်မှုကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်လာခဲ့ပြီး သူ့ နာမည်လည်း တစ်ဟုန်ထိုး ကျသွားပါတော့တယ်။ Woo Sang လည်း သူ့ရဲ့ မူလထိပ်တန်းနေရာကို ပြန်လည်ရောက်ရှိဖို့ရန်အတွက် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ကွင်းဆက် လူသတ်မှုတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီး စုံစမ်းစစ်ဆေးခြင်းကို စတင်ခဲ့တယ်။ ဒီလိုနဲ့ သဲလွန်စတွေကို တစ်စတစ်စ လိုက်ရှာရင်း လူသတ်သမားရဲ့ နာမည်ကို ဖော်ထုတ်နိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့သလို လူသတ်သမားကလည်း သူ့ရဲ့ လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေခဲ့ရာ… ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှု အားပေးလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File Size : 1.90GB/830MB Quality : WEB-DL 1080p 5.1 CH/ WEB-DL 720p Format…mp4 Duration…01:31:45 Genre : Thriller, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Stary, Miri & Treasure Htet Encoded by Tiff

Horror
6.5 2025
Streaming
[18+] Kalakal
7.3

Kalakal (2025) IMDb Rating (7.3) ဂီလိုနဲ့အငဲတို့ဟာ ပလုံကောက်ပြီးအသက်မွေးကြတဲ့ မောင်နှမနှစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်လုံးဟာတစ်ချိန်မှာ ဒီဘ၀က ရုန်းထွက်ဖို့ဆန္ဒရှိကြပါတယ်။ ဂီလိုက သူ့ညီမကိုကျောင်းပြန်တက်စေချင်လို့ ငွေတွေစုဆောင်းထားပေမယ့်သူ့ညီမ အငဲကတော့ ဘ၀တူ ပလုံကောက်သမားတစ်ယောက်ဖြစ်တဲ့ ဒါရီယိုနဲ့ရည်းစားထားတမ်းကစားရင်းဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်းနေတာပါ။ Elevator Lady တစ်ကားတည်းနဲ့ ပရိသတ်ရသွားခဲ့တဲ့ Aliya Raymundo ကဦးဆောင်ပါဝင်ထားပြီး၊ နောက်ထပ် မင်းသမီးအသစ်လေးတွေကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင်မိတ်ဆက်ထားတဲ့ကားသစ်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (670 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:10:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

7.3 2025
[18+] Kalakal