YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Melo Movie 2025 E05 720p NF WEB-DL [RMC].mp4

460.88 MB N/A video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
After the Storm
7.2

Even After the Worst Storms , The Sun Will Shine Again. Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။ ၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ မင်းသားအမေလည်းတူတယ်။ အစ်မရှိတာလည်းတူတယ်။ မတူတာက Still Walking မှာ သူက အဓိကဇာတ်ကောင်ရဲ့ အဖေကို အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ဆရာဝန်အိုကြီးအနေနဲ့ ပြထားတယ်။ အဆုံး Narrative မှာ သူ့အဖေဆုံးသွားတဲ့အကြောင်းလည်း ထည့်ပြောထားတယ်။ After The Storm မှာကျ သူ့အဖေက ဆုံးသွားပြီ။ သူ့အမေတစ်ကိုယ်တည်းနေရတဲ့ဘဝကို သေချာပြထားတယ်။ မတူတော့တာက အဓိကဇာတ်ကောင်ရဲ့အဖေက ပထမကားထဲကလို ဂုဏ်သရေရှိဆရာဝန်လည်းမဟုတ်တော့ဘူး။ အမြော်အမြင်ရှိတဲ့လူလည်း မဟုတ်တော့ဘူး။ မိန်းမကို အမြဲဒုက္ခပေးနေတဲ့ လောင်းကစားသမားအဖေဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကာရိုက်တာက ဒီကားထဲ လုံးဝပါမလာဘူး။ အဖေနဲ့တူတဲ့ မင်းသားရဲ့အမူအကျင့်တွေကိုပြရင်းတစ်ဖုံ , မရှိတော့တဲ့လူတစ်ယောက်အကြောင်းပြောရင်းတစ်မျိုး လူတောင်မပါတဲ့ ဒီကာရိုက်တာကို ကောင်းကောင်းကြီးတော့ အသက်သွင်းသွားတယ်။ မိန်းကာရိုက်တာဖြစ်တဲ့ Hiroshi Abeနဲ့ သူ့အမေနေရာက သရုပ်ဆောင်တဲ့ Kirin Kikiရဲ့ Chemistryကလည်း ဒီကားကိုရော ပိုအသက်ဝင်စေတဲ့ အချက်ဆိုတာကို ဖယ်ထားလို့မရဘူး။ Still Walking မှာကျ ဇာတ်က တစ်ရက်တည်းပဲတည်ထားပြီး မိဘအိမ်ကို အလည်သွားကြတဲ့ သားသမီးတွေအကြောင်းနဲ့ နာမည်နဲ့လိုက်အောင် အငြိမ်ပဲ ရိုက်ပြသွားပေမဲ့ After The Storm မှာကျ နာမည်နဲ့လိုက်အောင်ပဲ ဘဝထဲဖြတ်တိုက်လာတဲ့ မုန်တိုင်းတွေအကြောင်းကို ရိုက်ပြသွားတယ်။ မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့ အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေတွေမြိုးမြိုးမြက်မြက်ရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။‌ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။ တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။ သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။ အဲဒီညရဲ့ မုန်တိုင်းပြီးသွားတဲ့အခါ နေပြန်သာတတ်တယ်ဆိုပေမဲ့ သူ့ဘဝရဲ့မုန်တိုင်းက ပြီးသွားလား နေရောပြန်သာလား တငွေ့ငွေ့နဲ့ ပြသွားတဲ့ ရုပ်ရှင်ပေါ့။ Koreeda ကားပီပီသသပဲ ဇာတ်အိမ်ကတော့ ရိုးရိုးလေးပဲ။ Still Walking မှာ Koreedaဟာ ကျွန်တော်တို့ကို အိမ်ပြန်ရောက်သွားအောင် လုပ်နိုင်ခဲ့သလို After The Storm မှာလည်း Koreedaဟာ ကျွန်တော်တို့ဘဝက အဆုံးအရှုံးတွေဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး အဆုံးအရှုံးတွေဆီကနေ ပစ္စုပ္ပန်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ ဘယ်လိုမှော်အစွမ်းနဲ့များ လုပ်လိုက်သလဲမသိပေမဲ့ ဟိုတစ်စ ဒီတစ်စ ဇာတ်ကွက်ကလေးတွေကို ဒီတိုင်းကြည့်နေရင်းနဲ့ကို ဇာတ်ကားအဆုံးသီချင်းအလာမှာ လူက ငိုချင်စိတ်ပေါက်လာတယ်။ ငိုလို့မရဘဲ ငိုချင်စိတ်ပေါက်နေတဲ့ တော်တော်ဆိုးဆိုးခံစားချက်ကြီးရလိုက်တယ်ပေါ့ဗျာ။ ခဏလေးပေါပြီး ပျောက်သွားတဲ့ ခံစားချက်မဟုတ်ဘဲ ၂နာရီဆက်တိုက်လောက်ကို အဲဒီလိုကြီးဖြစ်နေတုန်းပဲ။ အာရုံသာတခြားစီမပြောင်းပစ်ရင် ဒီထက်လည်းပိုကြာနိုင်တာပဲ။ မုန်တိုင်းက ပြီးသွားတယ်။ ရုပ်ရှင်လည်းပြီးသွားတယ်။ နေတော့ ပြန်သာပါလိမ့်မယ်။ အပျက်အစီးတွေကတော့ ကျန်နေတုန်းပဲ။ ပြန်တည်ဆောက်ရမှာပေါ့လို့ ဝိုင်းပြောကြလည်း တစ်ချို့အပျက်အစီးတွေက ဟေရာကလိုက်စ်တပ်ရဲ့ မြစ်ရေပဲ။ After The Stormဟာ နေသာမယ့်ရက်တစ်နေ့ဆီ ဆက်လျှောက်နေကြသူတွေရဲ့ အပျက်အစီးတွေ ပွေ့ပိုက်ရင်း ရှင်သန်ခြင်းအကြောင်းပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 819MB | 414MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Comedy • Drama
7.2 2016 117 mins
After the Storm
Crazy Beautiful You
6.9

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဂျက်ကီဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက မိခင်ထားသွားတာခံခဲ့ရပြီး အဖေနဲ့အတူနေခဲ့ရတယ်။ သူ့ကို ထားသွားရပါ့မလားဆိုပြီး အမေဖြစ်သူကို နာကျည်းရင်း ဂျစ်ကန်ကန် ကောင်မလေးအဖြစ် ကြီးပြင်းလာခဲ့တာပေါ့။ တစ်နေ့ သူ အချုပ်ထဲ ခဏရောက်နေတဲ့အချိန်မှာ အမေဖြစ်သူက ရောက်လာပြီး သူ့ကို အချုပ်ထဲကထုတ်ပေးသွားတယ်။ နောက်ပြီး သူနဲ့အတူလာနေဖို့ ခေါ်သွားခဲ့တာပေါ့။ နောက်တစ်ရက် သူ့အမေဆီသွားဖို့ အစ်ကိုဖြစ်သူက လာကြိုတဲ့အချိန် ဂျက်ကီဟာ လမ်းတစ်နေရာမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ အဲဒီမှာ ကီကိုဆိုတဲ့ကောင်လေးနဲ့ စတွေ့တော့တာပါပဲ။ ကီကိုဆိုတာက မြို့တော်ဝန်ရဲ့သားဖြစ်ပြီးတော့ ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့အစည်းမှာ မြို့တော်ဝန်အစား ကူလုပ်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ မြို့တော်ဝန်ရဲ့သားဆိုပေမဲ့ တရားဝင်အသိမှတ်ပြုခံရတဲ့သူမဟုတ်ဘဲ တန်ထမ်းတစ်ယောက်လိုပဲ သဘောထားခံရသူပါ။ သူက အသက်အများကြီးငယ်တဲ့ မောင်နှမတွေနဲ့ မိသားစုအရေးဆို စိတ်မဝင်စားတဲ့ အမေဖြစ်သူကြားမှာ ခေါင်းခံတာဝန်ယူနေရတဲ့ ကောင်လေးဆိုလည်း မမှားပြန်ပါဘူး။ ဒါပေမဲ့ ကီကိုက အရာရာကို အကောင်းမြင်တဲ့စိတ်နဲ့ပဲ ကြည့်တတ်ပြီး အရမ်းသဘောကောင်းတဲ့သူပေါ့။ ဒီလိုမျိုး ဘဝဒဏ်ရာကိုယ်စီနဲ့ ဂျက်ကီနဲ့ ကီကိုတို့က ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့မှာ အလုပ်အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုမျိုး စိတ်သဘောထားချင်း မတူညီတဲ့နှစ်ယောက်က အလုပ်အတူ တွဲလုပ်တဲ့အခါ ဘယ်လိုမျိုးတွေ ကြုံတွေ့ကြရမလဲ၊ ဂျစ်ကန်ကန် ကောင်မလေး ဂျက်ကီကရော ဘယ်လိုပြောင်းလဲသွားမလဲ၊ နှစ်ယောက်သားကရော နီးစပ်သွားနိုင်မလား၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ကြမရမလဲဆိုတာကို Crazy Beautiful You ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/81 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.8 GB)/(1.2 GB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

Action • Crime • Thriller
6.9 2015 115 mins
Crazy Beautiful You
The Road to El Dorado
7.2

စွန့်စားခန်းတွေ၊ ရတနာရှာဖွေရေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် old but gold ဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ El Dorado ဆိုတာက ရှေးနတ်ဘုရားတွေ ဖန်းဆင်းထားခဲ့ပြီး ရွှေအပြည့်နဲ့ ရွှေမြိုတော်ကြီးလို့သိကြပါတယ်။ ဒါပေမယ့် ဒီမြို့ကိုတော်ရုံနဲ့တော့ ရှာမတွေ့နိုင်ဘူးပေါ့ဗျာ။ မီဂယ်လ်နဲ့ တူလီယို ဟာဆိုရင် လောင်းကစားတောင်မှ လိမ်စားတဲ့ အကြံဖန်သမားတွေပါ။ ကံ‌ ကောင်းလားဆိုးလားတော့မသိ el dorardoကိုသွားတဲ့မြေပုံကို လောင်းကစားလုပ်ရင်းရခဲ့ပြီး ပြေးရင်းလွှားရင်းနဲ့ပဲ အဲ့မြို့တော်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်.. ဘယ်လို ခိုးထုတ်ကြမလဲဆိုတာကိုတော့.... File Size :(2.08GB) (866 MB) and (234 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:30:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Romance
7.2 2000 89 mins
The Road to El Dorado
A Cowgirl's Song
5.1

IMDb Rating - 6.2/10 ဂီတဝါသနာရှင်တို့အတွက် inspiring ဖြစ်စရာဂီတ ရုပ်ရှင်လေး တစ်ပုဒ် ထပ်မံထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းဟာ ကန်းထရီး သီချင်းတွေ ကြိုက်နှစ်သက်သူတွေအတွက်လည်း ဘ၀င်ကျစရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ ပါ၀င်တဲ့ ဇာတ်၀င်တေးတွေကလည်း ကန်းထရီးသီချင်းတွေပီပီ မြုးကြွချိုမြနေပါတယ်။ ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကျော်မလေးကတော့ ဟေးလီဆိုတဲ့ ကောင်းဘွိုင်မလေးပါပဲ။ သူဟာ ဂီတကို ဝါသနာပါပြီး အဘွားဖြစ်သူလို နာမည်ကျော် အဆိုတော် ဖြစ်ချင်သူပါ။ တစ်နေ့တော့ ဟေးလီရဲ့ အဖေဟာ သူ မကျူးလွန်တဲ့ ပြစ်မှုအတွက် ထောင်ကျသွားတော့ မိခင်ဖြစ်သူမှာ သားအမိသုံးယောက်စာ ငွေရှာရ ခက်ခဲတဲ့အတွက် ဟေးလီတို့ညီအစ်မ နှစ်ယောက်ကို အဖွားဖြစ်သူနဲ့အတူ နေစေခဲ့ပါတယ်။ ဒီလိုနဲ့ ဟေးဘီ တစ်ယောက်ဂီတ လမ်းကြောင်းပေါ် ရောက်မယ့် ကံကြမ္မာနဲ့ ဆုံလာခဲ့ပါတယ်။ ဟေးလီရဲ့ အဘွားဖြစ်သူ စေတနာ့၀န်ထမ်းလုပ်တဲ့ လူမှုရေးစင်တာတစ်ခုမှာ ဟေးလီ ဂစ်တာတီးသီချင်းဆိုနေတာကို ရုဖက်စ်ဆိုတဲ့ ကောင်လေးက ကြားသွားပြီး တေးရေး-တေးဆိုလုပ်ဖို့ သူ့ကို ကမ်းလှမ်းလာပါတော့တယ်။ ဒါပေမယ့်ပထမဆုံး ဖျော်ဖြေမှုမှာ စင်ကြောက်ပြီး မဖျော်ဖြေနိုင်ခဲ့တဲ့အပြင် ကိုယ်စားလှယ်ကပါ အပြစ်တင်လိုက်တော့ ဟေးလီစိတ်ဓာတ်တွေ အောက်ဆုံးထိ ထိုးကျသွားပြီး လုံး၀ သီချင်းမဆိုဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သို့ပေမဲ့ ရုဖက်စ်က သူ့ကို ပြန်လာခေါ် ပြီးအဆိုတော်ကောင်း ဖြစ်နိုင်ဖို့ ပြန်လေ့ကျင့်ပေးတဲ့ အချိန်မှာ သူ့ရဲ့ အနာဂတ်လေးဟာပြန်လည် ထွန်းလင်းတောက်ပလာခဲ့သလားဆိုတာကတော့ . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ CM Team  မှဖြစ်ပါတယ်။) File Size - (1.75 GB) / (862 MB) / (581 MB) Quality – WEB-DL 1080p / 720p / 480P Duration - 1Hr 33Mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Music Translator – CM Team Encoder – SWM

Action • Adventure • Comedy • Family
5.1 2022 93 mins
A Cowgirl's Song
Always Be My Maybe
6.6

Always Be My Maybe ၂၀၁၉ Netflix ရဲ့ Asian American ကားကောင်းတစ်ကောင်း စာရင်းဝင်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရင်တော့ ထက်မြက်တဲ့မိန်းမဆိုတာ ဆာရှာထရန်လို လူမျိုးကိုပြောတာပါ ကိုယ့်ဒူးကိုယ်ချွန်အောင်မြင်လာတဲ့ နာမည်ကြီးစာဖိုးမှုးဆာရှာနဲ့ သူ့ငယ်သူငယ်ချင်းလည်းမက ချစ်သူလည်းမကျခဲ့တဲ့ မားကပ်စ် ... မားကပ်စ်ကတော့ မိခင်ဆုံးသွားပြီးနောက် ပုံစံခွက်ထဲက ရုန်းမထွက်ချင်တော့တဲ့သူ ပတ်ဝန်းကျင်အသစ်ကိုဝင်ဆန့်ရတာကြောက်နေတဲ့သူ... သူတို့နှစ်ယောက် အထက်တန်းကျောင်းပြီး ကွဲသွားကြရာမှ ၁၆နှစ်ကြာမှပြန်ဆုံတွေ့ကြတဲ့အခါမှာတော့.... Romance Comedy အမျိုးအစားဖြစ်ပြီး သီချင်းအမိုက်စားတွေနဲ့ အတူ Guest Star ကလည်း နယ်နယ်ရရ မဟုတ်တဲ့ Keanu Reeves မို့ လက်မလွှတ်သင့်ပါ ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်

Drama • Sci-Fi & Fantasy
6.6 2019 102 mins
Always Be My Maybe
Sky of Love
6.8

Sky of Love(2007) …………………….. ဆိုရှယ်မီဒီယာတွေ မတွင်ကျယ်သေးတဲ့ ၂၀၀၀ ခုနှစ်တွေမှာ ဖုန်းထဲကအသံလေးကြားပြီး ရင်ခုန်သဘောကျမိခဲ့ဖူးတဲ့အချစ်ဦး ရှိခဲ့ဖူးရင် ဒီကားလေးကြည့်သင့်ပါတယ်။ ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဒီကားဟောင်းလေးမှာတော့ ခေတ်ဟောင်းအငွေ့အသက်တွေနဲ့အတူ အချစ်ဦးကြောင့် ပျော်ရွှင်ခဲ့ရသလို ကြေကွဲခံစားခဲ့ရတဲ့ ကောင်မလေးရဲ့ အမှတ်တရဇာတ်လမ်းတွေကို ပြန်​ပြောပြနေဟန်နဲ့ စတင်ထားပါတယ်။ ရှင်ကွဲမကွဲရင် သေကွဲကွဲတဲ့ Sad Ending ကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ဖို့ သင့်တော်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size…1.8GB | 935MB | 487MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moe Pwint Phyu Encoder ….. August

Drama
6.8 2007 129 mins
Sky of Love
Ang Pambansang Third Wheel
6.7

Ang Pambansang Third Wheel (2018) ~ IMDb Rating – 6.7/10 ~ ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ထရီနာကရော သူ့ကိုပြန်ချစ်ပါ့မလား ဆိုတဲ့မေးခွန်းတွေကိုတော့ ဒီကားလေးကိုကြည့်ရှုရင်းနဲ့ ဇာတ်ဝင်ခန်းလေးတွေက အဖြေပေးသွားပါလိမ့်မယ်လို့ ညွှန်းခဲ့ပါရစေခင်ဗျား… (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.01GB, 1GB, 600MB Quality – 1080p, 720p, 480p Format – mp4 Duration – 1H 37Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Action • Adventure • Fantasy
6.7 2018
Ang Pambansang Third Wheel
Olvido y León
5.6

Olvido y León (2020) ================ ဇာတ်ကားနာမည်အတိုင်းပဲ အော်ဗီဒို နဲ့ လီယွန်တို့ မောင်နှမ နှစ်ယောက် အကြောင်းကို အဓိက တင်ဆက် ထားပါတယ်။ မွေးဖွားတဲ့နေ့ရက်တူပေမယ့် ကံကြမ္မာမတူတဲ့ သူတို့နှစ်ယောက်မှာ လီယွန်က Down Syndrome ဝေဒနာသည်လေး အဖြစ် မွေးဖွားလာခဲ့ပါတယ်. အဖေရော အမေပါ ဆုံးသွားပြီးတဲ့နောက် သူတို့နှစ်ယောက် တည်း ကျန်ခဲ့တဲ့အချိန်မှာ ဘယ်သူ့ကိုမှ မျက်နှာသာမပေးတဲ့ လောကဓံတရားကလည်း သူတို့ကို ပြင်းထန်စွာ ရိုက်ခတ် လာပါတော့တယ်။ မိဘမဲ့အနေနဲ့ အစိုးရထောက်ပံ့ကြေး ယူ ထားရင်းနဲ့ပဲ ဝါသနာပါတဲ့ သရုပ်ဆောင် အလုပ်ကိုလည်း လက် မလွှတ်နိုင်ဘဲ အောင်မြင်မှုနဲ့ ဝေးကွာရင်း စိတ်ကျန်းမာရေးပါ ထိခိုက်လာတဲ့ အော်ဗီဒို၊ အစ်မဖြစ်သူရဲ့ အခြေအနေကို အဆုံး စွန်ထိ ကာကွယ်ပြောဆိုရင်း ဉာဏ်ရည်မဖွံ့ဖြိုးပေမယ့် မေတ္တာ တရားများ ဖွံ့ဖြိုးကြီးထွားလာသူ လီယွန်တို့နှစ်ယောက် အခက် အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲ။ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားရလောက်တဲ့အထိ စိတ်ဓာတ် တွေ ကျဆင်းနေသူအတွက် လီယွန်ရဲ့ ရိုးရှင်းစွာအားပေးလိုက်တဲ့ စကားလေးတစ်ခွန်းကိုလည်း ပြောပြချင်ပါတယ်။ “You Can Also Die of Success” (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.7 GB) / (650 MB) / (380 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1H 47Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Sai Sumali Encoder……….SWM

5.6 2020
Olvido y León
The River
6.3

The River (1984) ဒီကားလေးကတော့ ၁၉၈၄ခုနှစ်တုန်းက ထွက်ရှိထားတဲ့ Old but Gold စာရင်း၀င်ကားလေးပါပဲ။ မင်းသားကြီး Mel Gibson ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပြီး Oscar ဆုလေးဆုအတွက် ဆန်ခါတင်၀င်ခဲ့ရုံတင်မက Golden Globes နှစ်‌ဆုအတွက်လည်း ဆန်ခါတင်၀င်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တန်နက်ဆီမြို့က ချိုင့်ဝှမ်းလေးမှာ ရုန်းကန်ရတဲ့လယ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။ မြစ်ရေ၀င်လို့ လယ်မြေတွေပျက်စီးရတဲ့အပြင် ဘဏ်အကြွေးတွေရဲ့ဖိအား မြစ်ရေကိုအပိုင်စီးဖို့ ဆည်ဆောက်ချင်တဲ့လောဘသားအရင်းရှင်နဲ့ ဒုက္ခပေါင်းများစွာကြားမှာ ဗျာများရအောင် လှုပ်ရှားရုန်းကန်နေရတဲ့လယ်သမားမိသားစုအကြောင်းလေးပဲဖြစ်ပါတယ်။ မိသားစုပိုင်လယ်ကွက်လေးကို ဘဏ်အကြွေးကြောင့် ဆုံးရှုံးမသွားအောင် ရုန်းနေရတဲ့လယ်သမားတစ်ဦးရဲ့ဘ၀ သူ့ကိုထောက်ပံ့ပေးနေတဲ့သစ္စာရှိတဲ့ ဇနီးသည်နဲ့ ဒုက္ခတွေကြားထဲက ချစ်စရာချစ်ခြင်းမေတ္တာအကြောင်းတွေကိုလည်း ခံစားနိုင်မှာပါ။ အားလုံးပဲကြည့်ရှူခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 900MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 4Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.3 1984 122 mins
The River
Teri Baaton Mein Aisa Uljha Jiya
7.1

Teri Baaton Mein Aisa Uljha Jiya (2024) “ချစ်သူရဲ့ စကားသည်သာ… ” IMDb – 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။ အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)

7.1 2024 143 mins
Teri Baaton Mein Aisa Uljha Jiya
Lockdown Lovers
7.6

ဒီတစ်ခေါက်မှာတော့ ကိုဗစ်‌‌ဖြစ်တုန်းက lockdown ကာလတွေကိုပြန်အမှတ်ရသွားစေမဲ့ GLဇာတ်ကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ Kristal ဟာ ကိုဗစ်မဖြစ်ခင်တစ်ပတ်လောက်အလိုမှာ Australia ကို ခရီးထွက်လာခဲ့ပြီး Lisetteဆိုတဲ့ ခပ်မိုက်မိုက် Bartender ကောင်မလေးတစ်ယောက်နဲ့ ငြိမိသွားပါတယ်။ ခရီးကမပြန်ခင် Lisette အိမ်မှာ ခဏလိုက်နေနေတုန်း ကိုဗစ်ရောဂါပြန့်ပွားလာတာကြောင့် လေယာဉ်လည်း cancel ဖြစ်သွားပြီး lockdown ကျသွားပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် one night stand လို့သာ သတ်မှတ်ထားခဲ့ကြပေမဲ့ lockdown ကြောင့် တစ်အိမ်တည်း တူတူနေကြရတဲ့အခါမှာ အရာရာကချောမွေ့မနေခဲ့ပါဘူး။ Kristal က အရာရာကို တိတိကျကျ အစီအစဉ်ဆွဲ ကြိုတင်ပြင်ဆင်တတ်တဲ့ အကျင့်စရိုက်မျိုးရှိပေမဲ့၊ Lisette ကတော့ ထင်ရာစိုင်း လုပ်ချင်ရာလုပ် ဖြစ်သလိုနေ တတ်တဲ့ လူမျိုးပါ။ ဒီလို အကျင့်စရိုက်ချင်း ဆန့်ကျင်ဘက်ဖြစ်နေတဲ့နှစ်ယောက်ရဲ့ ကြားထဲက ပဋိပက္ခတွေ သံယောဇဉ်ဖြစ်တည်လာပုံတွေကို plot twist ပါးပါးလေးထည့်ပြီး ကျကျနနရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Kristal နဲ့ Lisette တို့ရဲ့အချစ်လမ်းခရီးက ဖြောင့်ဖြူးနိုင်ပါ့ မလားဆိုတာကတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှု လိုက်ကြရအောင်ပါ။ File size…1.50GB / 686MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.6 2023
Lockdown Lovers
A Costa Rican Wedding
6.1

ကော်စတာရီကာဆိုတာနဲ့ ကမ်းရိုးတန်းတွေ၊ အပူပိုင်းသစ်တောတွေနဲ့ ဌာနေတောရိုင်းတိရစ္ဆာန်တွေကြောင့် နာမည်ကြီးလှပါတယ်။ နောက်တစ်ခုကတော့ ချစ်သူတွေအတွက် ပျားရည်ဆမ်းခရီးထွက်ဖို့ရာနေရာတစ်ခု အနေနဲ့လည်း နာမည်ကြီးပြန်တယ်။ အချစ်ရဲ့အငွေ့အသက်တွေပြည့်နေတဲ့ ကော်စတာရီကာက ချစ်သူတွေအတွက် လောကနိဗ္ဗာန်ဘုံ တစ်ခုဖြစ်သလို အသည်းကွဲနေတဲ့သူတွေအတွက်လည်း အချစ်ကို ပြန်လည်တွေ့ရှိနိုင်တဲ့နေရာတစ်ခုလို့ဆိုရင် မှားနိုင်မယ်မထင်ဘူး။ အသည်းကွဲနေတဲ့ ဆရာဝန်မလေး အမ်မလီတစ်ယောက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဖိုဘီ နဲ့ ဂျမဲလ်တို့ရဲ့ ကော်စတာရီကာမှာလုပ်မယ့် မင်္ဂလာပွဲအတွက်ကူညီပြင်ဆင် ပေးနေသူပေါ့။ နှစ်ဖက် မိသားစုဆုံချိန်မှာတော့ သူလုံးဝကြည့်မရခဲ့တဲ့ ရိုင်ယန်ဆိုတဲ့ အမျိုးသားကပါ သတို့သားရဲ့မိသားစုဝင်အနေနဲ့ပါလာတော့ အမ်မလီတစ်ယောက် စိတ်ရှုပ်သွားခဲ့ရတယ်။ ပိုဆိုးတာကတော့ ရှပ်ပြာပြာအမ်မလီတစ်ယောက် လက်ထပ်လက်စွပ်ထည့်လာတဲ့ ကျောပိုးအိတ်ကို ‌မျောက်တွေလုသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ? မင်္ဂလာပွဲကရော ဆက်လက်ကျင်းပနိုင်မှာလား? အမ်မလီရဲ့ကြေကွဲနေတဲ့ နှလုံးသားကိုရော ကော်စတာရီကာက ကုစားပေးနိုင်မှာလား? အချစ်ဟာသကားလေးမို့ကြည့်ရတာ ပေါ့ပေါ့ပါးပါးလေးဖြစ်မှာပါ။ ကိုယ့်ကိုအမှတ်ပေးဆိုရင်တော့ 7.5/10 လောက်တော့ ပေးပါမယ်။ File size…(1.8 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:24:00 Genre… Adventure, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Scarlet Maung

Animation • Comedy • Drama
6.1 2024
A Costa Rican Wedding
Barikowa aka Crazy Scary

Barikowa 1 ယခုတစ်ခါ တင်ဆက်ပေးမှာကတော့ သရဲကားအကြိုက်ပရိသတ်ကြီးအတွက် ဂျပန်Horror ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Barikowa ဆိုတဲ့သရဲကားလေးဟာ ၁,၂,၃ ၃ကားထွက်ရှိထားတာဖြစ်ပြီးတော့ အခုတင်ဆက်ပေးမှာကတော့ နံပါတ်၁ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဇာတ်လမ်းတစ်ပုဒ်တည်းမဟုတ်ဘဲ ဇာတ်လမ်းတွေအများကြီးကို ပေါင်းပြီးတော့ ဇာတ်ကားတစ်ခုအနေနဲ့ ဖန်တီးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးတွေကလည်း တစ်ပုဒ်ဆိုတစ်ပုဒ် ကြည့်ရှုလို့ကောင်းတဲ့အပြင် သရဲတွေရဲ့ SFX မိတ်ကပ်တွေဟာလည်း အရမ်းကို ပီပြင်တဲ့အတွက် သရဲကားကြိုက်တဲ့သူတွေအတွက်တော့ ရှယ်ပါပဲ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ဖြစ်ပါတယ်)

Drama • Action • Thriller
0 2023
Barikowa aka Crazy Scary
Girls Will Be Girls
7.1

Girls Will Be Girls (2024) IMDb Rating (7.1) / Rotten Tomatoes (100%) ဒီဇာတ်ကားလေးကတော့ 2024 ဒီဇင်ဘာလ ထဲမှာပဲ ပူပူနွေးနွေးထွက်ရှိထားတဲ့ အိန္ဒိယ အချစ်ဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Preeti Panigrahi, Kani Kusruti ,Kesav Binoy Kiron တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Shuchi Talati ပါ။ ဇာတ်လမ်းအကျဉ်း အသက် 18 နှစ်အရွယ် Mira လေးဟာ သူ့ရဲ့ အရမ်းစည်းကမ်းတင်းကြပ်တဲ့ ကျောင်းမှာ အတော်ဆုံးကျောင်းသူတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ကျောင်းသားခေါင်းဆောင်နေရာကိုပါ ရခဲ့ပါတယ်။ Mira ဟာ လူငယ်သဘာဝအရ စိတ်ကစားမှုတွေ ဖြစ်လာပြီးတော့ ဟောင်ကောင်ကပြောင်းလာတဲ့ Sri ဆိုတဲ့ကောင်လေးကို ချစ်မိသွားပါတော့တယ်။ ဒါပေမယ့်လည်း Mira ရဲ့ သိလိုစိတ်ပြင်းပြမှုတွေ ကလန်ကဆန်ပြုချင်မှုတွေ အရွယ်ရောက်လာမှုတွေက သူ့အမေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် နှောက်ယှက်ခြင်းကို ခံရပါတော့တယ်။ လူငယ်သဘာဝ နဲ့ မိဘနဲ့ သားသမီးကြားက ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို ရိုက်ပြထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်လည်းဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(1.4 GB) / (970 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:59:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

Drama • Crime • Thriller
7.1 2024 119 mins
Girls Will Be Girls
The Initiated: Written from the Shadows
5.8

The Initiated: Written from the Shadows (2024) IMDb Rating (5.8) ဒီဇာတ်ကားဟာ လျှို့ဝှက်ဆန်းကြယ်နဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား အမျိုးအစားနှစ်ခုရောထားသည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်သူ ဖရန့်ခ်က အတိတ်ကအကြောင်းအရာအချို့ကိုလည် မေ့ပျောက်နေပြီး ဇာတ်မြှုပ်ကာ ပုန်းကွယ်နေရာမှ တစ်နေ့ သူ၏အိမ်ရှေ့တွင် ဖောက်ထုတ်ခံထားရသည့် မျက်လုံးတစ်စုံနှင့် သွေးစွန်းထားသော စာတစ်စောင်ရောက်လာပါတော့တယ်။ ထို့အတူ လူသတ်နည်းဆင်တူသော လူသတ်မှုတွေလည်း တစ်နေ့တစ်ခြားတိုးလာရာ ဖရန့်ခ်တစ်ယောက် တရားခံရှာဖို့ကြိုးစားရင်း မေ့ပျောက်နေသော အတိတ်များပြန်လည်ပေါ်လာသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှူခံစားရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eunice ဖြစ်ပါတယ်။) File size…(1.1 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:40:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Eunice

Family • Comedy
5.8 2024 100 mins
The Initiated: Written from the Shadows