YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Melancholia (2021) (Ep1).mp4

619.01 MB N/A video/mp4 5227 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Bhool Bhulaiyaa
6.6

ကဲဗျာအညွန်းမလာခင် မင်းသားမင်းသမီးအရင်ပြောမယ်�Bollywood မှာလိုင်းစုံရတဲ့မင်းသား Ashay Kumar ကဟာသမင်းသားပေါ့� မင်းသမီးကတော့ Kaho Naa Pyar Hai(လက်ပွားမင်းသား ခေါင်းဆောင်မင်းသားလုပ်ခဲ့တဲ့ ပထမဦးဆုံးကား) ထဲက မင်းသမီးချောလေး Ameesha Petal လေးပေါ့…သူကတော့ဒီကားထဲမှာ အိန္ဒြေရှင်လေး.. ချစ်ဖို့စွန်းကောင်းတယ် �ဇာတ်လမ်းအကျဉ်း…နည်းနည်းပဲပြောပြမယ်… အကုန်ပြောပြရင် ကြည့်ရတာ feel မလာတော့ဘူး… ဇာတ်လမ်းလေးက ဘာသာတရားနဲ့စိတ်ပညာကိုအခြေခံထားတာပါ စိတ်ပညာဆိုအရူးလို့ထင်မှာပေါ့… ထင်နေရင်မှားမယ်…တန်ဖိုးရှိတဲ့အသိပညာဗဟုသုတတွေရမှာပါ… သရဲခြောက်တဲ့နန်းတော်ထဲမှာ စိတ်ရောဂါဝေဒနာရှင်လေးအပြင် သရဲကိုပါ ဆရာဝန်ကဘယ်လိုပညာသားပါပါ ဘာသာရေးအကူအညီလေးနဲ့ကုသွားမယ်ဆိုတာ သိချင်စိတ်တပြင်းပြင်းနဲ့ကြည့်ရှုရမှာပါ… အစပိုင်းမှာလည်းဟာသလေးတွေနဲ့ပါ… ဇာတ်လမ်းတစ်ဝက်ဆို သိတဲ့အတိုင်း climax ရောက်ပြီ… �Ashay Kumar ရဲ့ပညာသားပါပါဟာသနှောပြီးရိုက်ထားတာ ဘယ်လောက်ကောင်းလဲတွေ့ရမှာပါ. သီချင်းကောင်းလေးတွေကိုလည်း ဘာသာပြန်ပေးထားပါတယ် …လုံးဝဂန္တဝင်ပါပဲ.. �ဟာသကြိုက်တဲ့သူ အသည်းနုတဲ့သူ(ကြည့်နေရင်းသရဲကိုသနားလို့ငိုပါငိုစေရမယ်) စိတ်ပညာကိုအထင်သေးတဲ့သူတွေအတွက်ကတော့ Must See ပါ.. ဒီလောက်ပါပဲ…ကျန်တာကိုတော့ဇာတ်လမ်းထဲမှာခံစားပါ (ဘာသာပြန်သူကတော့ Khant Shwe Thaik ပါ) File Size : 0.99 GB Quality : Bluray 720p Running Time : 2hr 39minutes Format : Mp4 Genre : Comedy, Horror, Mystery Translator : Khant Shwe Thaik Encoder :Thanhtike Zaw

Adventure • Comedy • War
6.6 2007 151 mins
Bhool Bhulaiyaa
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
The Jackal
6.3

Bruce Willis  နဲ့ Richard Gere  တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကို ဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။ အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကို လုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။ အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့..... File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Horror
6.3 1997 124 mins
The Jackal
Homesick
6.1

ဇာတ်လမ်းအကျဉ်းကတော့ ဘဲလေးအကသင်တန်း ဆရာမလေး ရှာလိုတေးဟာ ငယ်ငယ်ကတည်းက မိတ ကွဲ ဘတကွဲနဲ့နေခဲ့ရတယ်။ အဖေက အရက်သမား ။ဆေး ရုံတက်နေရတယ်။ အမေကလည်း စာပေပိုင်းဆိုင်ရာမှာပဲ စိတ်ဝင်စားတယ်။ သူ့ သူငယ်ချင်းမာတေးနဲ့ အတူနေတာများပြီးတော့ မာ တေးရဲ့ အစ်ကိုနဲ့ ချစ်သူရည်းစားဖြစ်နေတာပေါ့။ ဒါပေမယ့် ရှာလိုတေးမှာ အစ်ကိုတစ်ယောက်ရှိတယ်။ မိဘတွေကွဲသွား ကြတော့ မောင်နှမနှစ်ယောက်က မတွေ့ဖြစ်ကြတာကြာနေပြီ ဖြစ်သလို သူ့အစ်ကိုက သူတို့ကိုအရမ်းမုန်းနေပါတယ်။ ဒါပေမယ့် ရှာလိုတေးဟာ သူ့အစ်ကိုအိမ်ကိုမကြာခဏဆိုလို သွားချောင်းတယ်။ နောက်ပိုင်းမှာ သူ့အစ်ကိုမိန်းမရဲ့နားချမှုကြောင့် မောင်နှမနှစ်ယောက်ကိုသွားအတူ လာအတူ စားအတူဖြစ်လာ ရင်းနဲ့ပဲ နောက်တစ်ဆင့်တွေတက်ကုန်ကြတဲ့အခါမှာတော့... (18+ အခန်းတွေပါတာကြောင့် မိသားစုနဲ့အတူမကြည့်ရှုသင့်ပါ) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Goku ဖြစ်ပါတယ်) File Size..........(1.2 GB) / (517 MB) / (288 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Adult Translator.......Goku Encoder..........Admin X

Animation • Comedy • Drama
6.1 2015 98 mins
Homesick
Jayeshbhai Jordaar
5.9

ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဖိုဝါဒ အလေးပေးမှု၊ အမျိုးသမီးတွေကို နှိမ်ချမှု တို့ကို မီးမောင်းထိုးပြထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ ဂျက်ရှ်ဟာ Pravingadh မှာ ဘိုးဘေးစဉ်ဆက် အုပ်ချုပ်လာတဲ့ မိသားစုရဲ့ သားတစ်ယောက်။ သူက မူဒရာဆိုတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီး သမီးလေးတစ်ယောက်မွေးထားတယ်။ ဂျက်ရှ်တို့ မိသားစုမှာ ဆက်ခံဖို့အတွက် သားမွေးပေးရမှာက မူဒရာ ရဲ့တာဝန်ပေါ့။ အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ကိုယ်ဝန်ဆောင်ပြီး မိန်းကလေးမှန်း သိရတဲ့အချိန်တိုင်း ကလေးကို ဖျက်ချခဲ့ရတာ ၆ ကြိမ်ရှိပြီ။ ဒီတစ်ဗိုက်မှာတော့ မူဒရာ‌တစ်ယောက် သားလေး မွေးပေးနိုင်ဖို့ကို တစ်မိသားစုလုံးက မျှော်လင့်ထားကြတယ်။ ဂျက်ရှ်ကတော့ စိတ်နှလုံးသား နူးညံ့တဲ့ ခင်ပွန်းပါပဲ။ မူဒရာရဲ့ ဗိုက်ထဲက ကလေးဟာ မိန်းကလေးမှန်း သိပြီးတဲ့နောက် ဂျက်ရှ်တစ်‌ယောက် ရင်သွေးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘဲ သူ့မိဘတွေ ရှေးရိုးစွဲတာတွေကို ဘယ်လို ပုန်ကန်နိုင်မလဲ? သူ့ဇနီးသည်နဲ့ အတူ ဘယ်လိုကျော်ဖြတ်သွားမလဲ? ဆိုတာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ။ အခုခေတ်အချိန်ထိ ကျွန်မတို့ နိုင်ငံမှာလည်း ဖိုဝါ‌ဒကြီးစိုးတဲ့ ရှေးရိုးစွဲ အမြင်တွေကို စွဲကိုင်ထားကြသူတွေရှိပါသေးတယ်။ လူဟာ လူပဲဆိုတာကို မြင်နိုင်တဲ့တစ်နေ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ပြီး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Kit နဲ့ Hae Areum က ရေးထားတာပါ။) File Size : 2.2GB, 1GB, 505MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr & 1min Genre : Comedy, Drama Translated by Kit & Hae Areum Encoded by Kinnov

Animation
5.9 2022 124 mins
Jayeshbhai Jordaar
Renoir
6.4

အဆိုပါရုပ်ရှင်သည် အမြင်အာရုံတွင် စွဲမက်ဖွယ်ကောင်းပြီး စိတ်ခံစားမှုများကို လှုံ့ဆော်ပေးသည့်ရုပ်ရှင်မျိုးဖြစ်ပါတယ်။ French Riviera ၌ဇာတ်အိမ်တည်ထားသောရုပ်ရှင်၏ ဇာတ်ကြောင်းကား Impressionist ပန်းချီဆရာ Pierre-Auguste Renoir ရဲ့ နောက်ဆုံးနှစ်များ၏ အနှစ်သာရကို လှပစွာဖမ်းယူရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Gilles Bourdos သည် အချစ်၊ အနုပညာနှင့် ခေတ်အပြောင်းအလဲများကြားတွင် ကွဲအက်နေသော မိသားစုတစ်ခု၏ ပြင်းထန်သောပုံတူပန်းချီကိုရေးဆွဲထားသည့်နှယ်ရိုက်ကူးပုံဖော်ထားပါတယ်။ လှပတဲ့ ကင်မရာရိုက်ချက်များအားအသုံးပြုကာ Renoir ၏ အနုပညာစတိုင်ကို ပဲ့တင်ထပ်စေမယ့် ဇာတ်ဝင်ခန်းများကို ရုပ်ရှင်ထဲ၌ ပြန်လည်တည်ဆောက်ဖန်တီးပြခဲ့ပါတယ်။ စိမ်းလန်းစိုပြေသောရှုခင်းများ၊ နေရောင်ဖျော့ဖျော့နှင့် တောက်ပလှသော အရောင်များသည် ရူနွာ ၏ ကမ္ဘာပေါ်ရှိ ပရိသတ်များကို ဖမ်းစားထားသည်များဖြစ်ပါတယ်။ ရုပ်ရှင်၏ အသေးစိတ်နှင့် အချိန်တိကျမှုအပေါ် အာရုံစူးစိုက်မှုသည် ကြည့်ရှုသူများကို အနုပညာနှင့် သဘာဝ ချောမွေ့စွာ ပေါင်းစပ်ထားသည့် 20ရာစုအစောပိုင်းသို့ ပြန်လည်ပို့ဆောင်ပေးသကဲ့သို့ဖြစ်နေပါတော့တယ်။ ရုပ်ရှင်ရဲ့အဓိကဆွဲဆောင်ထားတဲ့အချက်က လူမှုဆက်ဆံရေးအား သိမ်မွေ့စွာရှာဖွေဖော်ထုတ်တာပဲဖြစ်ပါတယ်။ Renoir တစ်ယောက် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို တွန်းလှန်ရင်း၊ သူ၏ အနုပညာဝါသနာဟာလည်း မယိမ်းယိုင်သွားဘဲ ဆက်လက်တည်နေပြီး၊ နောက်ပိုင်းတွင် နာမည်ကြီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်လာမည့် သားဖြစ်သူဂျွန်၏ ငယ်ရွယ်နုပျိုသောစွမ်းအင်နှင့်လည်း လှပစွာ ဆန့်ကျင်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အဖေနှင့်သား အကြား နူးညံ့သော ဆက်သွယ်မှုကို သိမ်မွေ့စွာ သရုပ်ဖော်ထားပြီး ၎င်းတို့၏ ဘဝအပေါ် နက်နဲသော အနုပညာ၏ လွှမ်းမိုးမှုများအား တစေ့တစောင်း ပြသထားပါတယ်။ Renoir ရုပ်ရှင်သည် စိတ်ကူးယဉ်ဆန်ပြီး ကဗျာဆန်သော ခရီးတစ်ခု၊ အနုပညာအမွေနှင့် ဘဝများကို ပုံဖော်ပေးသည့် ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

Comedy • Drama • Science Fiction
6.4 2012 111 mins
Renoir
Countdown
6.3

CM Fan တွေအတွက် ၂၀၁၉ အောက်တိုဘာ လထဲ ရုံတင်သွားတဲ့ Horror ရုပ်ရှင်ကားကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... Mobile ခေတ် ဖြစ်လာတာနဲ့ အမျှ လူတိုင်းဟာ အရာရာတိုင်းကို ဖုန်းပေါ်မှာပဲ အလုပ်ပြီးစီးစေပါတယ် နေ့တိုင်း ဖုန်းပေါ်မှာပဲ ဘာတွေ အသစ်အဆန်းထွက်လဲ ဘာတွေ ထူးဆန်းလဲ လိုက်လုပ်နေကြပါတယ်... တစ်ညမှာတော့ လူငယ်တစ်စု ဟာ ပါတီတစ်ခုမှာ သောက်စား နေကြရင်း App တစ်ခုကို မထင်မှတ်ပဲ ရှာဖွေ တွေ့ရှိသွားပါတယ် App နာမည်က " Countdown" ပါ ထူးထူးဆန်းဆန်းပါပဲ ဒီ App ထဲ ဝင်လိုက်ရင် သင့်ရဲ့ သေနေ့ကို တွက်ချက်ပေးမယ်လို့ ဆိုပါတယ်... ခေတ်လူငယ်တွေ ပြီပြီ အလောင်းအစား လုပ်ဖို့ App တွေကို ပြိုင်တူ ဒေါင်းလုပ် ယူကြပြီး ဘယ်သူ အရင်သေမလဲ ပြိုင်ကြပါတော့တယ်... အားလုံးဟာ အသက် ၈၀ ကျော် ၉၀ ထိ နေကြရပြီး အဲ့ဒီထဲကမှ ထူးထူးဆန်းဆန်း ကောင်မလေး တစ်ယောက်ကတော့ ၃ နာရီ အတွင်း သေမယ်လို့ App က သတိပေးလာပါတယ်... အားလုံး အတော်လေး ရယ်လိုက်ရပါတယ် အဓိပါယ် မရှိတဲ့ App ကိုလဲ မေ့လျှော့သွားကြပါတယ် တစ်ယောက်ထဲ တုန်လှုပ်နေတာကတော့ 3 နာရီပဲ နေရမယ်လို့ ဘာမှန်းမသိတဲ့ APP က ချိန်းခြောက်ခံထားရတဲ့ ကောင်မလေးပါပဲ... တကယ်တမ်း ၃ နာရီ အတွင်းသေမလား ရှင်မလား ဆိုတာကိုတော့ CM Fan တွေ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ရုပ်ရှင်ကားကို Htet Wai Lwin နှင့် Chanyein Soe တို့က ဘာသာပြန်ပေးထားပြီး အညွှန်းကို Thit San Khant မှ ရေးပေးထားပါတယ်

6.3 2019 90 mins
Countdown
Valatty
8.6

Valatty (2023) “အာဝု တို့ရဲ့ ချစ်ပုံပြင်” IMDb 8.6 လောလောလတ်လတ် ဒစ်ဂျစ်တယ် ဗားရှင်း Disney+ Hotstar မှာ ထွက်ရှိလာတဲ့ Malayalam စကားပြော ရုပ်ရှင်ဟာ အထူးပြုလုပ်ချက် VFX လုံးဝမပါပဲ ခွေးအစစ်တွေနဲ့ရိုက်ထားတဲ့ ပထမဆုံး အိန္ဒိယ ခွေးရုပ်ရှင်ပါ ခွေးလေးတွေက နောက်ခံစကားတော့ ပြောတာပေါ့ခင်ဗျာ…ခွေးလေးတွေရဲ့ point-of-view သဘောနဲ့ ရိုက်ထားတဲ့ ဒီ adventure-comedy romance ကားလေးဟာဆိုရင် IMDb rating လည်းမြင့်သလို ဝေဖန်ရေးဆရာတွေကလည်း ရုပ်ရှင်ရဲ့ ဆန်းသစ်ဖန်တီးနိုင်မှုကို ချီးကျူးခြင်း ခံထားရပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ရွိုင်းဆိုတဲ့ ခရစ်ယာန်သခင်ရဲ့ ခွေးထီးလေး “တွန်မီ”က ခြေမွေးလက်မွေးမီးမလောင်ပဲ အချစ်ခံထားရတဲ့ ခွေးလေးဖြစ်ပြီး သားစပ်ဖို့လာကြတဲ့ ခွေးမလေးတွေကိုလည်း သခင်က မျိုးရိုးမကောင်းလို့ဆိုပြီး ဇွတ်တွေ ငြင်းလွှတ်ရတဲ့အထိ ဂရုစိုက်ခံရပါတယ် တစ်ဖက်အိမ်မှာလည်း အထက်ပုဂ္ဂိုလ် ဘရာမင် မိသားစုက မျိုးနဲ့ရိုးနဲ့ “အာမလူ” ဆိုတဲ့ ခွေးမချောလေးတစ်ကောင် ရှိနေပါတယ် ကိုကြက်ဖကြီးရဲ့ အကူအညီနဲ့ သူတို့နှစ်ကောင် ဆုံစည်းခဲ့ရပြီး ခွေးငယ်သဘာဝ ချစ်ကြိုက်မိကြပါတယ် ဒါပေမယ့်လည်း မျိုးရိုးဘာသာမတူကြတဲ့ နှစ်ဖက်မိသားစုက ကန့်ကွက်တာကြောင့် ခိုးပြေးခဲ့ကြပြီး တစ်နေ့မှာတော့ ခွေးမလေးကို တရားမဝင်ခွေးတွေလိုက်ဖမ်းပြီး စမ်းသပ်မှုတွေလုပ်နေတဲ့ စီးပွားရေးသမားက ပြန်ပေးဆွဲသွားပါတော့တယ် အချစ်အတွက်နဲ့ ချမ်းသာတဲ့ သခင်မိသားစုကို ကျောခိုင်းခဲ့တဲ့ သူတို့လေးနှစ်ကောင် လူဆိုးတွေရန်က ဘယ်လို လွတ်အောင်ကြံပြီး တိုက်ပွဲဝင်ကြမလဲ ဆိုတာကိုတော့ CM ပရိသတ်ကြီးပဲ ဆက်ကြည့်လိုက်ပါဗျ မိသားစုနဲ့အတူ အပန်းပြေ ကြည့်လို့ရတဲ့ family drama ဖြစ်တာနဲ့အညီ ကြည်နူးစရာကောင်းတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းမျိုးလည်းဖြစ်…သရုပ်ဆောင်ခွေးလေးတွေကလည်း အစစ်တွေနဲ့ ရိုက်ထားတာမလို့ အချိန်ပေးကြည့်ရတာ တန်မယ့် ကားလေးတစ်ကားဖြစ်တယ်လို့ ပြောပါရစေ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က Thaik San ~ KKKZ ~ Aditi ~ Dee တို့ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

TV Movie • Thriller
8.6 2023 113 mins
Valatty
The Loch Ness Horror

ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့ Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ် တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကို တွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။ သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ် ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုး တယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ် ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက် လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်က အပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်က ပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကို လိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီး နောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023 79 mins
The Loch Ness Horror
Amanat
6.6

Amanat (2022) ရုရှားစကားပြော သမိုင်းနောက်ခံ ဇာတ်ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တောင်ပေါ်သား အစ္စလာမ်မျိုးနွယ် Caucasus တို့ရဲ့ခေါင်းဆောင်က သူတို့နယ်ကို ရုရှားတပ်တွေ ဝိုင်းလာတဲ့အချိန် သူတို့ခေါင်းဆောင် Imma Shamil က သူ့ရဲ့သားဖြစ်သူ Jamalutdin ကို ဓားစာခံအဖြစ် စေလွှတ်ခဲ့ပါတယ် အသက်ကိုးနှစ်အရွယ်မှာ Jamal တစ်ယောက် စစ်မှုရေးရာကျောင်းမှာ တက်ရောက်ပြီး ရုရှားအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ် အဲဒီရုရှားမြေမှာပဲ အရာရှိတစ်ယောက်ရဲ့သမီးဖြစ်သူ Lisa နဲ့ချစ်ကြိုက်ခဲ့ပါတယ် Jamal က ရုရှား officer တစ်ယောက်ဖြစ်ပေမယ့် စစ်ကို ရွံမုန်းပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ တစ်နေ့တော့ “တာဝန်ဝတ္တရား”နဲ့ “သူ့ချစ်သူ Lisa” နှစ်ခုကြား ခက်ခက်ခဲခဲရွေးချယ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ …. ၁၉ ရာစုနောက်ခံ အချစ်ဇာတ်လမ်းကို “စစ်နဲ့ငြိမ်းချမ်းရေး” တို့နဲ့ ရောယှက်ပြီး အလွမ်း/အဆွေး/ခွဲခွာခြင်း/စွန့်လွှတ်ခြင်းတို့ကို သေချာပုံဖော်ထားတာမို့ ကြည့်ရတာနောင်တမရစေနိုင်မယ့် ရှားမှရှား ရုရှားဇာတ်ကားလေးပါ File size…(2 GB)/(1.05 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Fantasy • Action • Horror
6.6 2022 120 mins
Amanat
Summer Camp

ဒီဇာတ်လမ်လေးကတော့ သူငယ်ချင်းတွေကြားထဲကချစ်ခြင်းမေတ္တာတွေရယ် သူငယ်ချင်းတွေကြားဖြစ်လေ့ဖြစ်ထရှိတဲ့ ကတောက်ကဆလေးတွေကို‌ ရိုက်ကူးဖော်ပြထားတာဖြစ်ပါတယ် ဇာတ်လမ်းအစမှာတော့ အဓိက‌ဇာတ်‌ဆောင်တွေဖြစ်လာမဲ့ သူတွေဖြစ်တဲ့ ဂျင်နီရယ် မယ်ရီရယ်နဲ့ နိုရာဆိုတဲ့မိန်းကလေးတစ်ခုဟာ နွေရာသီကမ့်တစ်ခုရောက်ရှိလာကြပါတယ် ဒီလိုနဲ့ခင်မင်သွားကြပြီး တော်တော်ကိုရင်းနှီးပြီး တစ်ယယောက်နဲ့တစ်ယောက်အရေးပါတဲ့လူတွေလူ မိသားစုတွေလိုကိုရင်းနှီးသွားကြတာပါ တစ်နှစ်ပြီးတစ်နှစ်ကမ့်ကိုတူတူလာကြတယ် ကောလိပ်တက်ရင်ပါတူတူတစ်မြို့တည်းတက်ကြမယ်ဆိုပြီးကတိတွေပေးခဲ့ကြပါတယ် ဒီလိုနဲ့အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီးတဲ့အခါမှာတော့ သူတို့ရဲ့ကတိတွေကတကယ်ဖြစ်မလာခဲ့ပါဘူး။ ဂျင်နီက စာရေးဆရာမတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့ပြန်တွေ့ရဖို့ကို ဘာမဆိုပြန်လုပ်မဲ့သူပါ။ ဒါပေမဲ့ မယ်ရီနဲ့ နိုရာတို့ကတော့ သူတို့ဘဝနဲ့သူ တော်တော်ကိုမအားပဲဖြစ်နေကြတာပါ။ မယ်ရီက နာစ့်မတစ်ယောက်ဖြစ်လာပြီး သူ့မိသားစုလေးနဲ့နေထိုင်နေပြီးတော့ နိုရာကသူ့‌ခင်ပွန်းဆုံးပြီးထဲက အလုပ်ကိုပဲဖိလုပ်ပြီး သူ့အချိန်တွေကိုအလုပ်မှာပဲကုန်ခံပါတယ်။ တနေ့မှာတော့ ဂျင်နီက သူတို့အရင်လို့ ကမ့်ထွက်ကြမယ်လို့ စည်းရုံးလာပါတယ် ဒါပေမဲ့ သူ့သူငယ်ချင်းတွေက ဘဝပေးဒဏ်တွေနဲ့ မိသားစုပြဿနာတွေကြောင့်ပါ မတွေ့ဘဲနေခဲ့ကြပါတယ် ဒီလိုနဲ့တားမရတော့တဲ့ဂျင်နီဟာ သူ့သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းရဖို့ အစီစဉ်တစ်ခုကိုစဆွဲပါတော့တယ် အဲဒါကတော့ သူတို့ငယ်ငယ်တုန်းကလို ကမ့်လေးတစ်ခုလုပ်ပြီး ပြန်ဆုံကြမလို့ပါ ဒီလိုနဲ့သူငယ်ချင်းသုံးယောင်ပြန်ဆုံမိပြီး သူတို့ဝေးကွာနေကြတုန်းကကိစ္စတွေ အခုဖြစ်ပျက်နေတဲ့ဘဝအခြေနေတွေ အကုန်ကိုဆွေးနွေးကြရင်း ပြဿနာတွေကို‌ဖြေရှင်းကြပါတော့တယ် သူငယ်ချင်းတွေကြားအခက်မသင့် နားလည်မှုလွဲတာတွေကိုလည်းဘယ်လိုတွေဖြေရှင်းသွားကြမလဲဆိုတာ ဟာသနှောပြီး ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.7 GB)/(980 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:35:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike

0 2024
Summer Camp
Romeo + Juliet
6.7

Romeo + Juliet (1996) IMDb Rating (6.7) / Rotten Tomatoes (72 %) အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်လို့ မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးလိယက်ကို အရင်ဆုံးသတိရမိမှာပါ။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Juliet ဟာလဲ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ပြဇာတ်ဟာ Star-Crossed Lover လို့ခေါ်တဲ့ သူက ကိုယ့်အတွက်.. ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ” Romeo must die “လို့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလည်း အကြိမ်ကြိမ် Reboot ရိုက်ကူးကြပေမယ့် ဒီနေ့ထိတိုင် ဟောင်းမသွားသေးတဲ့ ရိုမန့်ရုပ်ရှင်တစ်ကားအဖြစ်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။ ဒီ Versionမှာတော့ Modern ပုံစံနဲ့ ပြန်အသက်သွင်းထားပေမဲ့ ရှိတ်စပီးယားရဲ့ ပြဇာတ်ကစကားတွေအကုန်ယူသုံးထားပါတယ်။ ဒါကလည်း ဒီကားရဲ့ တစ်မူထူးခြားချက်ပါပဲ။ သုံးထားတဲ့ မင်းသားကလည်း Leonardo ဖြစ်နေတဲ့အပြင် Juliet နေရာက Claire Danes ရဲ့ နတ်သက်ကြွေတဲ့ အလှကြောင့်ပါ အတော်ရုပ်လုံးကြွတဲ့ Characterတွေ ဖြစ်လာပါတယ်။ ဒီ Versionက Romeo Juliet တွေထဲ ကျွန်တော့်အကြိုက်ဆုံး version ဆိုလည်းဟုတ်ပါတယ်။ ကမ္ဘာကြီးက Romantic မဆန်ပါဘူး ချစ်သူတွေကပဲ ကမ္ဘာကြီးကို Romantic ဆန်စေခဲ့တာပါ။ ဟိုးငယ်ငယ်တုန်းကတော့… ဒီဇာတ်လမ်းရဲ့ Endingကို Sad Ending လို့ ကျွန်တော်ထင်မှတ်ဖူးခဲ့ပေမဲ့ သေချာတွေးကြည့်မိရင် မလွယ်ကူတတ်တဲ့ ဒီလိုကမ္ဘာကြီးမှာ လူနှစ်ယောက်အပြန်အလှန် အဆုံးမဲ့ချစ်ရဲပြီးတဲ့နောက် သူတို့ရဲ့ ဖြစ်တည်မှု အဓိပ္ပါယ်တစ်စုံတစ်ရာရပြီးတဲ့နောက် အတူတူအဆုံးသတ်ခဲ့ရခြင်းကို Sad Ending လို့ကျွန်တော် မဆိုချင်တော့ပါဘူး။ ကဗျာတစ်ပုဒ်ထဲကလိုပါပဲ.. “အနုပညာမှာ..ဘဝမှာ…အချစ်မှာ… အဆုံးသတ်ရန်တစ်နေရာမှာတော့ အဆုံးသတ်လိုက်ရတာပါပဲ။” (ရုပ်ရှင်အညွှန်းကို ဝီရအောင်မှရေးသားပြီး ဘာသာပြန်ကို Demon မှ တင်ဆက်ထားပါတယ်။)

Action • Crime • Romance • Comedy
6.7 1996 120 mins
Romeo + Juliet
Seire
5.8

Seire (2021) ***************** IMDb….. 5.8 “ရှေးထုံးလည်း မပယ်နဲ့၊ ‌ ဈေးသုံးလည်း မလွယ်နဲ့” ဆိုသလိုပေါ့ ကိုရီးယားမှာ ရှေးလူကြီးပြောကြတဲ့ အယူရှိပါတယ်။ ကလေးမွေးဖွားပြီး ၂၁ ရက် မပြည့်ခင် အချိန်မှာ အိမ်ထဲကိုလည်း အပြင်လူ ဝင်ခိုင်းလို့မရသလို တခြားလောကသားတွေ အိမ်ထဲကို မဝင်နိုင်အောင်လည်း ကြိုးနဲ့ စည်းတားထားရမယ်တဲ့။ အဲဒါမှသာ မွေးကင်းစကလေးက လူ့လောကထဲကို ဘေးကင်းကင်းနဲ့ ဝင်ရောက်လာနိုင်မှာ ဖြစ်တယ်။ ကလေးမွေးဖွားပြီး ၂၁ ရက်တာ အတွင်းမှာ နတ်ဆိုးတွေ မကောင်းဆိုးဝါးတွေက ကလေးကို အနှောင့်အယှက်ပေးတာတွေ ကျိန်စာတိုက်တာတွေ လုပ်နိုင်တဲ့အတွက် အထူး ဂရုစိုက်ရပါတယ်။ အခုမှ သားဦးလေးကို မွေးခဲ့တဲ့ ဟယ်မီနဲ့ သူ့အမေက အဲဒီအယူအဆတွေကို ယုံယုံကြည်ကြည်နဲ့ ကလေး ဘေးကင်းဖို့ အကုန် လိုက်လုပ်ပေမဲ့ ဟယ်မီရဲ့ ခင်ပွန်းသည်ဖြစ်သူ ဝူဂျင်းက လက်မခံချင်ပေ။ တစ်နေ့မှာ ဝူဂျင်းဆီကို သူ့ရဲ့ ရည်းစားဟောင်းဖြစ်သူ သေဆုံးကြောင်း အကြောင်းကြားစာတစ်စောင် ရောက်လာခဲ့တယ်။ အဲဒီအခါမှာ ရည်းစားဟောင်းဖြစ်သူရဲ့ ဈာပနာပွဲကို သွားဖို့ ပြင်ခဲ့ရာ ဇနီးသည်က ကလေး ၂၁ ရက်မပြည့်သေးလို့ မသွားပါနဲ့လို့ တားသော်လည်း လက်မခံဘဲ ဇွတ်သွားခဲ့တယ်။ ဈာပနာပွဲကို သွားရာကနေ မကောင်းတဲ့ အရာတစ်ခုခုက ဝူဂျင်းနောက်ကနေ ကပ်ပါလာခဲ့ရာ ဝူဂျင်းတို့ မိသားစု ကံဆိုးမိုးမှောင်ကျပေတော့တယ်။ အဲဒီအခါမှသာ ဝူဂျင်းက သူ ဘာမှားသွားလဲဆိုတာကို တဖြည်းဖြည်း ‌သဘောပေါက်လာတော့တယ်။ ဒီကားလေးက‌တော့ တစ်ခါတလေကျရင်လည်း ရိုးရာ ထုံးတမ်းဓလေ့ အယူအဆကို သွေဖည်ပြီး အမှတ်တမဲ့ လုပ်မိလိုက်ရာကနေ လွဲချော်မှု ကံဆိုးမှုတွေ ဖြစ်တတ်တဲ့အကြောင်း ရိုက်ကူးပြသထားတဲ့ ကားလေးဖြစ်တာမို့ ဒီလို ဇာတ်လမ်းအမျိုးအစားကို စိတ်ဝင်စားကြရင် ကြည့်သင့်ပါကြောင်း… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Miri ပဲ ဖြစ်ပါတယ်။) File Size : 1.18GB/430MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:42:04 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri Encoded by Tiff

5.8 2021 102 mins
Seire
Away We Go
7

Away We Go (2009) IMDb – 7.0 ဇာတ်လမ်းအညွှန်း ~~~~~~~~~~~ အိမ်ထောင်တစ်ခု‌ထူထောင်ကြတော့မယ်ဆိုရင် ဘာကအရေးအကြီးဆုံးဖြစ်မယ်လို့ထင်ကြလဲ။ မင်္ဂလာ အကြီးအကျယ်ဆောင်တာလား၊ လက်ထပ်ခွင့်သေချာအတောင်းခံရတာလား။ ဘာဖြစ်မယ်ထင်လဲ။ ဒီဇာတ်ကားလေးထဲမှာတော့ အိမ်ထောင်ရေး၊ မိသားစုနဲ့ ဆိုင်တဲ့ သဘောတရားတွေကို နားလည်လွယ်အောင် ထည့်သွင်းရိုက်ကူးထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ မင်္ဂလာမဆောင်ရသေးတဲ့အတွဲတစ်တွဲရဲ့ဖြတ်သန်းပုံကိုအဓိကပုံဖော်ထားပါတယ်။ ဘာ့တ်နဲ့ ဗီရိုနာတို့ဟာ လက်မထပ်ရသေးပေမယ့် ရုတ်တရက် ဗီရိုနာ့မှာ ကိုယ်၀န်ရှိလာတဲ့အခါမှာ ဘ၀နေရေးထိုင်ရေးအတွက် ဘယ်လိုတွေရုန်းကန်ကြမလဲဆိုတာကြည့်ရှုရမှာပါ။ Quite Place(2018) ထဲက မင်းသား John Krasinki နဲ့ Animaton ဇာတ်ကားတော်တော်များများရဲ့ အသံသရုပ်‌ဆောင် Maya Rudolph က အဓိကပါ၀င်သရုပ်‌ဆောင်ထားပါတယ်။ File Size – 1GB/ 458 MB Quality – BluRay 1080p/ 720p Duration – 1:38:37 Format – mp4 Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Ivy Noe Encoded by – Treasure Htet

7 2009 98 mins
Away We Go