YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mekong.S01E32.1080p.CM.mp4

827.55 MB N/A video/mp4 33 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Unheard
5.1

Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။ ‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.90GB, 930MB Quality - 1080p, 720p Format - mp4 Duration - 2H 5Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama • Family • Romance
5.1 2023 124 mins
The Unheard
Death in Desert
2.7

အချစ်ဦးမြေးဦးရတောင်မမေ့ဘူးတဲ့ စကားပုံလေးက လှပေမဲ့ကြောက်ဖို့ကောင်းတယ် မမေ့နိုင်တာကို မမေ့နိုင်သလိုပဲမနေပဲ အတင်းကြီးနီးစပ်အောင် လုပ်မိတော့ မဖြစ်သင့်တာတွေဖြစ်ကုန်ပါတယ် အချစ်သစ်ကိုယ်စီနဲ့ ဘဝသစ်မှာပျော်တဲ့သူကပျော်နေပေမဲ့ သူမကတော့မပျော်နိုင်ပါဘူး သူမရဲ့ခံစားချက်ကို ရအောင်အကောင်ထည်ဖေါ်ပါတော့တယ် သူမက ရုပ်ရည်ချောသလောက် အစွဲလမ်းကလည်းကြီးတယ် တစ်နေ့ သူမရဲ့ငယ်ချစ်ဦးဆီကို မရောက်ရောက်အောင်သွားပြီး အပြင်ကို မရမက ဆွဲထုတ်ပါတော့တယ် သူမ ကြိုတင်စီစဉ်ထားတဲ့အတိုင်း တည်းခိုခန်းတစ်ခုမှာ သွားတည်းရာကနေ မထင်မှတ်ပဲ ပြဿနာအကြီးကြီးတက်ပါတော့တယ် ဆက်မချစ်သင့်တဲ့သူကို ခန္ဓာကိုယ်ရင်းပြီး ပက်သက်လို့ရောရပါ့မလားဆိုတာ သင်ခန်းစာယူရင်း ခေါင်းကြီးတို့အကြိုက်တွေ တသီကြီးပါတာမို့ တင်ဆက်ပေးလိုက်ပါတယ် File size…500MB Quality…720p HD RIP Format…mp4 Duration….1h 19mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Adventure • Animation • Comedy • Family • Fantasy • Music
2.7 2015 80 mins
Death in Desert
You Can Live Forever
6.9

You Can Live Forever (2022) ~ IMDb – 6.9/10, Rotten Tomatoes – 92% ~ ဒီဇာတ်ကားကိုကြည့်မယ်ဆိုရင် Jehovah’s Witness လို့ခေါ်တဲ့ ကိုးကွယ်ယုံကြည်မှုအကြောင်းကို သိထားဖို့တော့လိုပါလိမ့်မယ်။ JW တွေက ခရစ္စယာန်ဘာသာကနေ ကွဲထွက်လာတဲ့ ကမ္ဘာကြီးအဆုံးသတ်တော့မယ်လို့ ယူဆနေတဲ့သူတွေပါ။ သူတို့မှာ ငရဲမရှိပါဘူး။ ကမ္ဘာကြီးအဆုံးသတ်မှာ မကောင်းတဲ့သူတွေ၊ မကောင်းမှုတွေအကုန်လုံးက ပပျောက်သွားပြီး ကမ္ဘာက သုခဘုံအဖြစ်ကျန်ခဲ့မယ်လို့ယူဆထားကြပါတယ်။ ရှင်ကျန်ခဲ့တဲ့သူတွေကတော့ Jehovah ကို ဖူးတွေ့နိုင်တဲ့သူတွေဖြစ်လာပြီး ထာဝရ သုခဘုံမှာ နေနိုင်တဲ့သူတွေဖြစ်လာကြမှာဖြစ်တဲ့အတွက် အသည်းအသန် ဘာသာရေးလိုက်စားကြတဲ့ လူတွေပါ။ ဘာသာရေးအစွန်းရောက်တွေလို့ ပြောလို့ရနိုင်တဲ့သူတွေပေါ့။ သူတို့ဘာသာရေးအစွန်းရောက်တာက သူတို့အုပ်စုထဲမှာတင်ဆိုတော့ သိပ်ပြဿနာတော့မရှိလှပါဘူး။ မွေးနေ့ပွဲတွေ ခရစ္စမတ်ပွဲတွေလည်း ကျင်းပခွင့်မရှိဘူးတဲ့။ အဲဒီတော့ မွေးနေ့မှာ ဘာမှမကျွေးချင်ရင် မွေးနေ့မတိုင်ခင် ဒီဘာသာသွားပြောင်းထားလို့ရတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားထဲက မင်းသမီးအတွက်တော့ ပြဿနာတက်စရာကြုံလာပါတယ်။ သူက မိန်းကလေးချင်းသဘောကျတဲ့သူဖြစ်ပြီး အရမ်းကို စည်းကမ်းတင်းကြပ်တဲ့ JW ကောင်မလေးတစ်ယောက်ကို သွားကြိုက်မိတာပါပဲ။ ဒီတိုင်း ဘာမှ အရမ်းစိတ်လှုပ်ရှားစရာမပါတဲ့ ရိုးရိုးရှင်းရှင်း အချစ်ဇာတ်ကားလေးဖြစ်ပြီး ကြည့်ရတာ ကြည်နူးဖို့ကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆုံးပိုင်းမှာ ပါးစပ်အဟောင်းသားဖြစ်စရာ၊ တချို့စိတ်မခိုင်တဲ့သူတွေ ထဆဲချင်စရာကိစ္စတစ်ခုတော့ ပါပါတယ်။ အတော်လေးကို နူးနူးညံ့ညံ့နဲ့ ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 765MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 36Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.9 2022 97 mins
You Can Live Forever
Elevator Game

ကြောက်စရာသရဲဂိမ်းတွေကို ဆော့ပြပြီး ကြည့်ရှုသူတွေအားပေးထောက်ခံမှုကို အတော်ထားရတဲ့ အထက်တန်းကျောင်းပြီးခါစသူငယ်ချင်းငါးယောက်ဟာ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီရှိုးကို အသက်မွေးဝမ်းအကြောင်းတစ်ခုအနေနဲ့ လုပ်ဖို့ရည်ရွယ်ထားကြတယ်။ ငါးယောက်ထဲမှာ ကယ်ဗင်က စပွန်ဆာရအောင်ရှာဖွေရပြီး ခရစ်၊မက်တီနဲ့ ကလိုဝီတို့ကတော့ လူတွေစိတ်ဝင်စားလာအောင် သရဲဂိမ်းတွေ ကိုဆော့ပြရတယ်။ နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ အစ်ဇီကတော့ တည်းဖြတ်ရေးပိုင်းကို တာဝန်ယူရတယ်။ တစ်နေ့ သူတို့ကုမ္ပဏီကိုအထက်တန်းကျောင်းတက်လက်စ ကျောင်းသားတစ်ယောက်က volunteer အနေနဲ့ကူညီပေးဖို့ရောက်လာတယ်။တစ်ဖွဲ့လုံးက အပိုင်းသစ်ရိုက်ကူးဖို့အတွက် အကြံကုန်နေကြတဲ့အတွက် လူသစ်လေး Elevator Game ကိုကစားလို့ရကြောင်း ပြောလာတယ်။ အရင်က ခရစ်က ဒီဂိမ်းအကြောင်းကိုပြောခဲ့ပေမယ့် ကြည့်ရှုသူတွေ ပျင်းမှာစိုးလို့ မလုပ်ချင်ကြောင်းပြောပြတယ်။ ဒါပေမဲ့ ရှေ့အပိုင်းမှာ စပွန်ဆာ product ကို သေချာရိုက်မပြခဲ့တဲ့အတွက် စပွန်ဆာ ကုမ္ပဏီကတင်းပြီးတော့ တစ်ပတ်အတွင်း အပိုင်းသစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်ရင် ငွေကြေးမထောက်ပံ့တော့ဘူးဆိုပြီး ပြောလာတဲ့ အတွက် လူသစ်လေးရဲ့အကြံအတိုင်းလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ Elevator Game ဟာ အွန်လိုင်းပေါ်မှာနာမည်ကြီး ဆော့တဲ့သူတွေဟာ ဂိမ်းဆော့နေရင်းနဲ့ပျောက်သွားကြောင်း ကလိုဝီတို့အဖွဲ့သိလိုက်ကြတယ်။ သရဲကားတို့ထုံစံအတိုင်း Elevator Game ရဲ့ သံမဏိစည်းမျဉ်းကို ကလိုဝီတို့အဖွဲ့ချိုးဖောက်လိုက်တဲ့အခါမှာတော့…….. File size…1.05 GB / 624 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

0 2023
Elevator Game
The Family Plan
6.2

Shooter ရုပ်ရှင်နဲ့ လူသိများတဲ့ မင်းသား Mark Wahlberg ရဲ့ အက်ရှင် ဟာသကားအသစ်ထွက်လာပါပြီ။ ဒီကားကတော့ အချိန်ပေးရ ကျိုးနပ်ပါလိမ့်မယ်။ အက်ရှင်တွေနဲ့ ဇာတ်လမ်းနဲ့ ဟာသနဲ့ သူ့နေရာနဲ့သူ ကိုက်ပါတယ်။ ခပ်ကြမ်းကြမ်း မိသားစု ဟာသကားပါပဲ။ ဇာတ်လမ်းအကျဉ်း *************** ဒန်ဟာ တစ်လက်ကိုင်ကားတွေ ပြန်ရောင်းတဲ့ ကားအရောင်းကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့မိန်းမကတော့ ကာယကုဆရာမဖြစ်ပြီး၊ သူတို့မှာ နီနာဆိုတဲ့ သတင်းထောက်ဖြစ်ချင်တဲ့ သမီးတစ်ယောက်၊ ဂိမ်မာ သားတစ်ယောက်နဲ့ နို့စို့အရွယ် မက်စ်ဆိုတဲ့ကလေးလေး ရှိပါတယ်။ ပျင်းစရာမိသားစုဘဝလေးပါပဲ။ ဒါပေမဲ့ မိသားစုအက်ရှင်ကားပီပီ ဒန်ဟာ အတိတ်တုန်းက နာမည်ကြီး ကြေးစား လုပ်ကြံရေးသမားဖြစ်ခဲ့ပြီး အနားယူဇာတ်မြှပ်နေတာပါ။ အတိတ်က ရန်သူတွေ ပြန်လိုက်လာတဲ့အခါ ဒန်က သူ့မိသားစုကိုခေါ်ပြီး နိုင်ငံထဲကနေ ထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ ဒီကားမှာတော့ သူ့မိသားစုကို ဖွင့်မပြောဘဲ အပမ်းဖြေ ခရီးလိမ်ပြီးခေါ်လာပြီး တစ်လမ်းလုံး မိသားစုမသိအောင် ရန်သူတွေကို တိတ်တိတ်လေးကြိတ်ရှင်းရတာကမျိုးနဲ့ ရိုက်ထားတာမို့ကြည့်လို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size…4.71GB / 2.06 GB / 989MB Quality…WEB-DL 4K HEVC /1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr. Anderson

6.2 2023
The Family Plan
61*
7.7

IMDb raing – 7.7/10 အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့…. Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ကိုပါ supporting ကောင်းကောင်းပေးနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ်လာပါတယ်။ ဒီလိုနဲ့တစ်ဦးကိုတစ်ဦးဖေးမရာကနေ M&M boys ရာဇဝင်လေးစတင်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ထဲက ဘယ်သူက record breaker – most valuable player ဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…(3.1 GB)/(1.8 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:09:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee

Action • History • Drama • War
7.7 2001 129 mins
61*
Hostile Forces

ယခုအခါ တင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် အက်ရှင်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် စစ်ပြန်တစ်ယောက်ဖြစ်သူ မစ်ကီဟာသူ့မိသားစုနဲ့အတူ သူ့အကိုဖြစ်သူ နိုအာ နေထိုင်ရာဆီသို့ အားလပ်ရက်ခရီးထွက်လာခဲ့ပါတယ်။ သူ့အကိုအိမ်ကိုရောက်တဲ့အခါ မမျှော်လင့်တာတစ်ခုဖြစ်လာခဲ့ပါတယ်။ မစ်ကီဟာသူ့အကိုရဲ့အလောင်းနဲ့အတူ အိတ်နှစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။ ထိုအခါဒီအိမ်ကနေချက်ချင်းထွက်ခွာဖို့လုပ်ခဲ့ပေမယ် အိမ်အပြင်မှာလူတစ်စုကဝိုင်းထားပြီးပါပြီ။ နောက်နေ့မနက်ကျတော့ အိမ်ကိုဝိုင်းထားသူဟာ သူ့ရဲ့တပည့်ဟောင်းဖြစ်သူ ကိန်းဆိုတဲ့သူဖြစ်နေခဲ့ပါတယ်။ မစ်ကီရဲ့အကိုဟာ ကိန်းအပါအဝင်အခြားလူတွေနဲ့ပူးပေါင်းပြီး မူးယစ်ဆေးရောင်းစားနေခဲ့တာပါ။ ဒါပေမဲ့မစ်ကီရဲ့အကိုက မူးယစ်ဆေးတွေကိုပြန်ခိုးလို့ဆိုပြီး ကိန်းတို့ကသတ်လိုက်တာပါ။ ထိုအခါ ကိန်းရဲ့မူးယစ်ဆေးအိတ်တွေကိုပြန်ပေးလည်း အသတ်ခံရမယ်မှန်းသိခဲ့တဲ့အတွက် မစ်ကီဟာ သူ့မိသားစုကိုကယ်တင်ဖို့ ကိန်းတို့ရဲ့လက်ကနေလွတ်မြောက်အောင်ထွက်ပြေးရပါတယ်။ မစ်ကီတို့လွတ်မြောက်သွားမလား..ဘာဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(960 Mb) Quality….Webrip 720p Format…mp4 Duration….01:49:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

0 2023 109 mins
Hostile Forces
Lavaste
5.3

La Vaste (2023) “ပိုင်ရှင်မဲ့သူများ” IMDb 6.1 ရထားတဲ့ စိတ်ဝင်စားဖို့ကောင်းမယ့် အိန္ဒိယ ဟာသ/ပညာပေးကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဆပ်သ်ယာရှ်က B.Tech ဘွဲ့ရထားပေမယ့် အလုပ်မရှိသေးဘဲ အဖေဖြစ်သူကလည်း အရက်စွဲနေတာဆိုတော့ မိသားစုတာဝန်ကို ပခုံးပြောင်းထမ်းရတော့မယ့် အချိန်ပေါ့ ဦးလေးဖြစ်သူက အလုပ်အတွက် သူ့ဆီလွှတ်လိုက်ဖို့ ပြောတဲ့အတွက် ဆူညံသံတွေ ပြည့်နှက်ပြီး လူပေါင်းစုံ ပျားပန်းခပ်လွန်းတဲ့ အိပ်မက်မြို့တော် မွန်ဘိုင်းကို ရောက်လာတယ် ဒီလိုနဲ့ ရလာတဲ့အလုပ်ကနေလည်း အထုတ်ခံရ၊ အိမ်က အမေတို့ကလည်း ကြွေးရှင်တွေ နှိပ်စက်တာကြောင့် ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ရဖို့ဖြစ်လာပါတယ် အဲဒါကတော့ ပိုင်ရှင်မဲ့အလောင်းတွေကို မီးသင်္ဂြိုဟ်ပေးရမယ့် အလုပ်ပါပဲ ဒီလိုကနေ ပိုင်ရှင်မဲ့အလောင်းတွေရဲ့ လူတွေမသိကြတဲ့ နောက်ကွယ်က ရင်နင့်စရာ ဝမ်းနည်းစရာ အမှန်တရားတွေကို မြင်တွေ့လာရတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲ ပရိသတ်ကြီး အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.3 2023
Lavaste
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
Sniper: Legacy
5.5

Sniper Legacy (2014) ဇာတ်ကားဟာ 2011 ခုနှစ်ထွက် Sniper Reloaded ရဲ့အဆက်ဖြစ်ပြီး ရှေ့ကားရဲ့ ခြေရာကို ကောင်းကောင်းလိုက်နင်းထားနိုင်တဲ့ Sniper အသားပေး Action ဇာတ်ကားကောင်းပဲ ဖြစ်ပါတယ်။ အရင်ကားထဲက မင်းသားကျော် သရုပ်ဆောင်ထားတဲ့ Brandon Beckett ဟာ ဒီကားထဲမှာလဲ အဓိကအနေနဲ့ ဆက်လက်ပါဝင်နေတုန်းပါပဲ။ ဇာတ်လမ်းလေးရဲ့အစမှာတော့ ယခင်စစ်သားဟောင်း တစ်ယောက်က အကြောင်းတစ်စုံတစ်ခုကြောင့် အာဖဂန်နစ္စတန်က မစ်ရှင်တစ်ခုမှာ ပါဝင်ခဲ့ဖူးတဲ့ အရာရှိတွေ အားလုံးကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံလုပ်ကြံ နေတာနဲ့ စထားပါတယ်။ သူ ဘာအကြောင်းတွေကြောင့် ဒီလိုလုပ်ကြံနေတာလဲ။ အဲဒါတွေကို အဖြေရှာဖို့ မင်းသားရဲ့ ဆရာအပေါ် တာဝန်ကျလာတဲ့အခါမှာ မင်းသားနဲ့ ဘယ်လို ပူးပေါင်းပြီး အဖြေရှာမလဲ သူတို့ရဲ့ ရည်မှန်းချက်ကရော အောင်မြင်မှာလား မင်းသားရဲ့အဖေ တစ်ချိန်က နာမည်ကျော် Sniper ဖြစ်ခဲ့တဲ့သူကရော နောက်ကွယ်မှာ ဘာအကြောင်းတွေ ရှိနေမှာလဲ မင်းသားအနေနဲ့ လုပ်ကြံမှုတွေကို တားဆီးနိုင်ပါ့မလား စတာတွေကို ပစ်ခတ်ခန်း အကောင်းစားတွေနဲ့ R rating အဆင့်မျိုး ကြည့်ရမှာဖြစ်လို့ အက်ရှင်ကားကြိုက်သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်….. File size…2.14GB / 1.15GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 35m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama • Mystery
5.5 2014
Sniper: Legacy
Gerald’s Game
6.6

Gerald’s Game (2017) IMDb Rating (6.5) / Rotten Tomatoes (91%) အတူနေဖို့ ကုတင်မှာ လက်ထိပ်တွေဘာတွေခတ်ပြီးကာမှ ယောက်ျားဖြစ်သူနှလုံးရပ်သွားလို့ ခေါ်မကြားအော်မကြားအိမ်ကြီးထဲမှာ တစ်ယောက်ထဲ လက်ထိပ်ကြီးနဲ့ကူကယ်ရာမဲ့ဖြစ်သွားတဲ့ ဇနီးသည်နှင့် ထူးဆန်းသော Horror ဇာတ်လမ်းဆိုပြီး ခေါင်းစဉ်တပ်ရမယ့်ဇာတ်ကားပါ။ ဒီဇာတ်လမ်းလေး အကြောင်း မပြောခင် ဝတ္တုကိုရေးတဲ့ စာရေးဆရာက Stephen King ဖြစ်တယ်ဆိုတာ ကြိုပြောပါရစေ ဇာတ်လမ်းက ရိုးရှင်းသလား ဆိုတော့ ရိုးရှင်းတယ် ရှုပ်ထွေးသလားဆိုတော့လဲ ရှုပ်ထွေးတယ် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမဆို ကြည့်လို့ နားလည်တဲ့ ရုပ်ရှင်ကား မှန်တယ် ဒါပေမယ့် သေသေချာချာ နက်နက်နဲနဲ တွေးမယ်ဆိုရင် အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ တွေရယ် တစ်ခြား လူမှုရေး ပြသနာတွေ ရဲ့ အဖြေကို ဒီထဲမှာ ရှာတွေ့မယ်လို့ ညွှန်းဆိုပါရစေ… ဇာတ်လမ်း အစမှာတော့ ခရီးထွက်ဖို့ ပြင်ဆင်နေတဲ့ ဇနီးမှောင်နံ နှစ်ယောက်ဖြစ်တဲ့ Gerald နဲ့ Jessie တို့ကို စတွေ့ရမှာဖြစ်ပါတယ် သိပ်မကြာခင်မှာပဲ Gerald နဲ့ Jessie တို့ဟာ ကားလေးနဲ့ လူတွေ နဲ့ ဝေးတဲ့ အိမ်လေး တစ်အိမ်ကို ရောက်သွားခဲ့ပါတယ် မိုင်အတော်ဝေးဝေးက မြစ်ကမ်းဘေးက အိမ်လှလှလေးပေါ့ အဲ့ဒီအိမ်ထဲမှာ Gerald နဲ့ Jessie တို့ အပြင် ဘယ်သူမှ မရှိပါဘူး Gerald ဟာ Jessie ထက် အသက်ကြီးပြီး သူတို့ အိမ်ထောင်ရေးဟာ အိပ်ရာပေါ်မှာ အဆင်မပြေဖြစ်နေတာ လပေါင်းအတော်လေး ကြာပြီး ဖြစ်တဲ့အတွက် ဒီလို အေးချမ်းတဲ့နေရာမှာ အနားယူကာ ထိုကိစ္စကို ဖြေရှင်းဖို့ အပေးအယူ လုပ်ထားကြပါတယ် Gerald ဟာ လိင်မှုဆက်ဆံရေးမှာ စိတ်မဝင်စားတဲ့ အတွက် ထူးထူးဆန်းဆန်း လိင်ဆက်ဆံမှုမျိုး ပြုလုပ်ချင်ကြောင်း Jessie ကို ဖွင့်ပြောပြီး သဘောတူညီမှု ရယူထားခဲ့ပါတယ်… ဒီလိုနဲ့ သူတို့ နှစ်ဦး သဘောတူထားတဲ့ ကိစ္စကို အကောင်အထည်ဖော်ဖို့ စခဲ့ပါတော့တယ် Gerald ဟာ Jessie ကို (နှိပ်စက်နည်းဖြင့် လိင်ဆက်ဆံမှု) ပြုလုပ်ဖို့ ကုတင်မှာ လက်ထိပ်တွေ စခတ်လိုက်ပြီး ချစ်ရည်လူးကြဖို့ နှစ်ဦးသား စတင်တဲ့ အချိန်မှာပဲ Gerald ရဲ့ အလွန်ကြမ်းတမ်းတဲ့ အပြုအမှုတွေကြောင့် Jessie က ငိုပြီး မလုပ်ဖို့ တားမြစ်ပါတယ် ဒါပေမယ့် မွှန်နေတဲ့ Gerald ကတော့ ဆက်လုပ်ဖို့ တာဆူနေပြီး ဆက်လက်အကောင်အထည်ဖော်နေပါတယ် Jessie အသဲအသန် တားတာကြောင့် Gerald ရပ်လိုက်ပြီး စတင်စကားများကာ Jessie က လက်ထိပ်တွေ ဖြုတ်ပေးဖို့ အသနားခံခဲ့ပေမယ့် Gerald က မဖြုတ်ပေးပဲ သူလိုချင်တာပေးဖို့ တောင်းဆိုနေရင်း ရုတ်တရက် နှလုံးသွေးရပ်ကာ လဲကျသွားပါတယ်… Jessie ကတော့ Gerald နောက်နေတယ်ထင်ပြီး မနောက်ဖို့ ပြန်ထလာဖို့ ပြောပါတယ် ဒါပေမယ့် ရုတ်တရက် နှလုံးရပ်သွားတဲ့ Gerald ကတော့ ပြန်မထလာတော့ပါဘူး… ကုတင်တိုင်တွေမှာ လက်ထိပ်ခတ်ခံထားရပြီး လူသူကင်းဝေး တဲ့ နေရာမှာ ဘယ်သူမှ လာမကယ်နိုင်မယ့် အဖြစ်ကို ရိပ်စားမိတဲ့ Jessie တစ်ယောက် စတင် ထိတ်လန့်လာပါတော့တယ်… သူမ ဘယ်လိုလွတ်အောင် ကြံစည်နိုင်မလဲ လူသူမတွေ့နိုင်တဲ့နေရာ သက်ရှိကင်းမဲ့တဲ့နေရာမှာ သူမအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေ ရောက်ရှိလာတော့မယ်ဆိုတာ………။

Drama
6.6 2017 104 mins
Gerald’s Game
The Face Reader
6.8

အရာအားလုံးကဖြစ်ဖို့ကံပါလာရင် ဘယ်အရာကမှတားဆီးလို့မရပါဘူး။ ကင်နမ့်ဂျောင်းဟာ လူတစ်ယောက်ရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့ အဲ့လူတစ်ယောက်ရဲ့စိတ်အခြေအနေတွေ အမူအကျင့်တွေအနာဂတ်မှာဖြစ်နိုင်တာတွေကို ပြောနိုင်တဲ့ Face Reader ကြီးပါ။ လူသတ်မှုတစ်ခုကိုဖော်ထုတ်ပေးရာကနေ ဘုရင်ကခေါ်တွေ့ပြီး ထီးနန်းလုနိုင်တဲ့လူတွေကိုမျက်နှာကိုဖတ်ပြီးဖော်ထုတ်ခိုင်းပါတော့တယ်။ ကင် ဘယ်လိုအခက်အခဲတွေတွေ့မယ်။ သြဇာအာဏာကြီးတဲ့လူနှစ်ယောက်ဖြစ်တဲ့ ကင်ဂျောင်ဆိုနဲ့ မင်းသားဆုရန်းကြားမှာဘယ်လိုတွေဆုံးဖြတ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ပေါ့ဗျာ။ ဝင်ငွေအရအောင်မြင်ခဲ့တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။ IMDb rating လည်း 6.8/10 ရရှိထားပါတယ်။ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုတွေနဲ့အတူဆုပေါင်း ၅ဆုကို အကြိမ် ၅၀မြောက် Grand Bell Awards မှာရရှိထားတာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Saw Wuua ပါ) File size… 1.9 GB / 1 GB Quality… WEB-DL 1080p / 720p Format… mkv / mp4 Duration…. 2h 22m Genre ….. History / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Saw Wunna

6.8 2013 140 mins
The Face Reader
Antikalpa
6.3

Taiwan ကားတွေက အခုနောက်ပိုင်း တရုတ်ပြည်မကြီးက ကားတွေထက် ပိုကောင်းလာကြတယ်…သူတို့ရဲ့ ဇာတ်လမ်း ဇာတ်အိမ်အထားအသိုတွေက Special Effect တွေအများကြီးသုံးထားတဲ့ တရုတ်ပေါကားတွေထက်တော့ အပုံကြီးသာတာအမှန်ပဲ ဒီကားထဲမှာကတော့ အရင် ၂၀၂၁ တုန်းက ရှယ်ပေါက်ထားတဲ့ Limited Movieဖြစ်တဲ့ The Sadness ဆိုတဲ့ Zombie ကားထဲက မင်းသမီးချော Regina Leiကပဲ ထပ်မံပါ၀င်ထားပါတယ် ဇာတ်လမ်းကတော့ Dai ဆိုတဲ့ကောင်လေးက ဂုဏ်သိက္ခာကြီးမားတဲ့ ရှေးရိုးစွဲဘုရားကျောင်း ဖွင့်လှစ်ထားတဲ့ မိသားစုမှ ဆင်းသက်လာတာပါ…သူ့မှာ ငယ်ငယ်တည်းက ချစ်ရတဲ့ Yu Fan ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ် အဲ့ကောင်မလေးရဲ့ ပျောက်ဆုံးနေတဲ့အဒေါ်ကို ကူရှာပေးဖို့ ကြိုးစားကြရင်း နတ်ဘုရားတွေဆီ အကူအညီတောင်းကြတဲ့အခါ… File size_(1.6GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:37:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

6.3 2023 94 mins
Antikalpa
Never to Lose
6

Never to Lose (2005) ********************** အက်ရှင် ဖိုက်တင် စုံထောက်ဇာတ်လမ်းတွေကိုမှ ခုံမင်တတ်တဲ့ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနစ်ကထွက်ခဲ့တဲ့ နာမည်ကြီး ဝါရင့်မင်းသားကြီးတွေဖြစ်တဲ့ Noryang: Deadly Sea မှ Heo Joon Ho၊ Exhuma, Tazza ထဲမှာ Kim Min-Jun တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့.. စုံထောက်ဂင်ဟုံးဂျူဟာ လူသတ်မှုစုံစမ်းစစ်ဆေးရဲဌာနမှာ တာဝန်ထမ်းဆောင်နေပြီး စုံထောက်ဂင်ပါဝင်တဲ့အဖွဲ့ဟာ စွမ်းရည်ဆောင်လျော့ပါးမှုကြောင့် ဌာနတွင်းမှာ မျက်နှာပန်းမလှတဲ့အဖွဲ့ဖြစ်သလို စုံထောက်ဂင်ကိုယ်တိုင်ဟာလည်း အချစ်ရေးမပြေလည်တဲ့အတွက် စုံထောက်အလုပ်ကနေ နှုတ်ထွက်ချင်နေသူပါ။ အဖွဲ့ခေါင်းဆောင်ကလည်း ဌာနတွင်း သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်ရမှတ်ပြည့်မှ အလုပ်ပေးထွက်မယ်ဆိုတဲ့ စကားကြောင့် စုံထောက်ဂင်ခမျာ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အချိန် ကံအကြောင်းထောက်မပြီး မူးယစ်ဆေး အရောင်းအဝယ်သမားတစ်ယောက်ကို ဖမ်းမိရင်း မူးယစ်ဆေး အကြီးအကျယ်ဖြန့် တဲ့ ဂေါင်ကြီးအကြောင်းကို သိလိုက်ရချိန်မှာတော့ စုံထောက်ဂင်တစ်ယောက် လုပ်ဆောင်ချက်ရမှတ်ပြည့်ဖို့ အားသွန်ခွန်စိုက် အမှုလိုက်ပါတော့တယ်။ စုံထောက်ဂင်ရဲ့ ကြိုးစားမှုအရာထင်သွားမလား..။ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ အခုပဲ ဇာတ်ကားထဲမှာ ခံစားကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။) File size…2.65GB / 1.01GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Action, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Thinn

6 2005
Never to Lose
#Viral Prapancham
6.3

Viral Prapancham” (2025) အွန်လိုင်းကမ္ဘာ၏ လျှို့ဝှက်အန္တရာယ်များ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ အွန်လိုင်းယုံကြည်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်အန္တရာယ်တွေကို စူးစမ်းချင်ပါသလား ဒါဆိုရင်တော့ ဒါရိုက်တာဘရီဂျက်ရှ်တန်ဂီရဲ့ လက်ရာ “Viral Prapancham” က ကြည့်ရှုသူတို့ကို ဗိုင်းရပ်စ်ကမ္ဘာထဲ ရင်တထိတ်ထိတ်နဲ့ ဆွဲဆောင်သွားပါလိမ့်မယ် ဒီဇာတ်ကားက ခေတ်မီဆန်းသစ်တဲ့ “screenlife thriller” ပုံစံနဲ့ တင်ဆက်ထားတာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကွန်ပျူတာမျက်နှာပြင်တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေကနေတစ်ဆင့် ပုံဖော်ထားတာကြောင့် တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံကို ပေးနိုင်မှာပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ ဆွာပနာနဲ့ အာဒီတီဆိုတဲ့ အမျိုးသမီးနှစ်ဦးပါ ဆွာပနာ အမေရိကန်မှာနေထိုင်တဲ့ ချစ်သူရာဗီ နဲ့ LDRS ချစ်သူဘဝကို လေးနှစ်ကြာအောင် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေသူပေါ့ တစ်ဖက်မှာလည်း ညီမဖြစ်သူ အာဒီတီက တစ်ယောက်တည်းနေထိုင်ရင်း ပရာဗင်န်ဆိုသူနဲ့ အွန်လိုင်းကနေ အဆက်အသွယ်တွေ လုပ်နေပါတယ် သူတို့နှစ်ဦးစလုံးက အွန်လိုင်းရည်းစားအပေါ် ယုံကြည်မှုအပြည့်အဝထားရှိခဲ့ကြပေမဲ့ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ဘဝတွေကို လုံးဝပြောင်းလဲပစ်လိုက်တဲ့အခါ မထင်မှတ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ် ဒါက ဘာများဖြစ်မလဲဒီဇာတ်ကားက အွန်လိုင်းပလက်ဖောင်းတွေက လူမှုဆက်ဆံရေးအပေါ် ဘယ်လိုနက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားပါတယ် အွန်လိုင်းကိုယ်ရေးကိုယ်တာ လုံခြုံရေးချိုးဖောက်မှုတွေ ဆိုက်ဘာရာဇဝတ်မှုတွေလိုမျိုး ဒီဂျစ်တယ်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းကိုလည်း မီးမောင်းထိုးပြထားတာကြောင့် ပရိသတ်ကို စဉ်းစားစရာတွေ အများကြီး ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Science Fiction • Action • Adventure
6.3 2025 95 mins
#Viral Prapancham