YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Meet Yourself E31 CM.mp4

257.32 MB N/A video/mp4 173 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crossfire
4

အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ ‌သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။ အမျိုးသမီးငယ်လေး‌တွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်‌ယောက် အလုပ်ထွက်ပြီး နားလည်မှုရယူဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ လူသတ်သမားက အမေဖြစ်သူကိုသတ်ရုံနဲ့မကျေနပ်နိုင်ဘဲ Markရဲ့တစ်ဦးတည်းသောမိသားစုကိုပါ ဇီဝိန်ခြွေဖို့ကြိုးစားလာတဲ့အခါမှာတော့ Markတစ်ယောက် သမီးလေးကို ဘယ်လိုကာကွယ်သွားမလဲ။ Alishaကရော အဖေ့ကိုအထင်လွဲနေတာတွေ ပျက်ပြယ်သွားပြီး နားလည်မှုပြန်ရမှာလားဆိုတာကိုတော့ ဒီရုပ်ရှင်လေးမှာပဲ အားလုံးအတူ ခံစားလိုက်ကြပါစို့။ File size…(1 GB)/(480 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Comedy • Drama
4 2023 86 mins
Crossfire
Agent Game
4.9

မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။ Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။ Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Animation • Comedy • Family • Fantasy
4.9 2022 90 mins
Agent Game
Jhund
6.8

အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ မင်းသားကြီး အမီတာဘချမ်းရဲ့ကားသစ်လေး ထွက်ရှိလာခဲ့ပါပြီ။ ၉၀ ခုနှစ်တွေကတည်းက အိန္ဒိယရုပ်ရှင်ပရိသတ်တွေရဲ့အသည်းနှလုံးကို သိမ်းပိုက်လာတဲ့ မင်းသားကြီး အမီတာဘချမ်းကတော့ အသက် ၇၉ နှစ်ရှိပြီဆိုပေမဲ့ ငယ်တုန်းကလို လန်းမြဲလန်းဆဲပါပဲ။ လက်ရှိအထိ အိန္ဒိယရုံတင်ကားတွေရဲ့သမိုင်းမှာ လွှမ်းမိုးမှုအရှိဆုံးသူတွေထဲကတစ်ယောက်လို့ သတ်မှတ်ခံထားရတာပါ။ ဒီကားထဲမှာတော့ သူ့ရဲ့ရင့်ကျက်တဲ့သရုပ်ဆောင်ချက်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီကားလေးကတော့ NGO slum soccer ကို တည်ထောင်ခဲ့သူဖြစ်တဲ့ Vijay Barse ရဲ့ ဘဝဇာတ်ကြောင်းကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ဒေသတွေမှာ ငွေကြေးမတတ်နိုင်တဲ့အလျောက် ပညာရေးကလည်း နိမ့်ကျနေတတ်ပါတယ်။ အိမ်တစ်အိမ်မှာရှိတဲ့ ကလေးတွေကပါ အလုပ်ထွက်လုပ်ရတော့ ပညာမသင်ရ၊ အားကစားလိုက်စားခွင့်မရတဲ့အပြင် ငွေကြေးကို အလွယ်ရဖို့ ခိုးဆိုးလုနှိုက်ပြီး ပြန်ရောင်းစားတာတွေအထိပါ လုပ်လာကြပါတယ်။ အဲဒီကထက် တစ်ဆင့်တက်ပြီး ဈေးပေါတဲ့အရက်ဆေးလိပ်တွေနဲ့ မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်လာကြပြန်ပါတယ်။ ဒီလိုနဲ့ အငြိမ်းစား အားကစားဆရာတစ်ယောက်က အဲဒီလို ဆင်းရဲနွမ်းပါးတဲ့အရပ်ထဲမှာရှိတဲ့ စာမတတ်တဲ့ လူကြီးတွေကို စာသင်ပေးဖို့ ရောက်လာရင်းနဲ့ လူငယ်တွေ၊ ကလေးတွေ ဖြစ်ပျက်နေတဲ့အခြေအနေကို မျက်မြင်ကြုံတွေ့လိုက်ရပါတော့တယ်။ ကလေးတွေရဲ့အနာဂတ်ကို မပျက်စီးစေချင်တဲ့စေတနာ၊ မိမိကျွမ်းကျင်ပိုင်နိုင်တဲ့ပညာရပ်နဲ့ ဒီဆင်းရဲတွင်းထဲက ဒီကလေးတွေကို ဘယ်လိုဆွဲဆောင်ရမလဲဆို‌တဲ့ ဆင်ခြင်ဉာဏ်တို့ ပေါင်းစပ်ပြီး ဘောလုံးအားကစားကို လက်တွဲခေါ်သင်ကြားပေးရင်း ဘယ်လောက်အထိ ထွန်းပေါက်အောင် ဖန်တီးပေးနိုင်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ခံစားကြည့်ရှုရမှာပါ။ ဒီကားလေးကိုတော့ 2018 ခုနှစ် ဒီဇင်ဘာမှာ ဒါရိုက်တာ Nagraj Manjule က စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ IMDb 7.2/10 ရရှိထားပြီးတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်လို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော်။ File size…1.96GB / 3.8GB Quality…720p Format…mp4 Duration….2h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet & Lai Lai & Poe & Yunni & OeliuJ

Comedy • Drama
6.8 2022 178 mins
Jhund
Marriage Story
7.8

ဒီရုပ်ရှင်ကတော့ နာမည်ကျော်ပဲမို့ စောင့်နေတဲ့သူတွေရှိမှာပါ။ စကားလက်ဂျိုဟန်ဆန် နဲ့ အဒမ်ဒရိုင်ဘာတို့ သရုပ်ဆောင်စွမ်းရည်ပြထားတဲ့ကားဆိုလည်း မမှားပါဘူး။ ဆုတွေအတော် ဆန်ကာတင်မယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ အိမ်ထောင်ရေးဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အရမ်းသဘာဝကျပြီး ယုတ္တိဆန်လွန်းပါတယ်။ အရာရာကို စိတ်တိုင်းကျလုပ်တတ်တဲ့ ချာလီဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ကိုယ်ဘာလိုချင်လို့လိုချင်မှန်းမတွေးတတ်တော့တဲ့ နီကိုး ဆိုတဲ့ မိန်းကလေးတစ်ယောက် လက်ထပ်မိခဲ့တယ်။ ချာလီက ပြဇာတ်ဒါရိုက်တာ၊ နီကိုးက ပြဇာတ်သရုပ်ဆောင်ပေါ့။ ချာလီရဲ့သဘောအတိုင်း နယူးယောက်မှာ အခြေချခဲ့ပြီး ဟင်နရီဆိုတဲ့ သားလေး တစ်ယောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် နီကိုးအတွက် လော့စ်အိန်ဂျလိ ဟောလိဝုဒ်မှာ ဇာတ်လမ်းတွဲတစ်ခု ခေါင်းဆောင်မင်းသမီးနေရာ ရသွားချိန်မှာ နယူးယောက်နဲ့ အယ်လ်အေ အခြေချမှုတွေ၊ ကလေးအုပ်ထိန်းခွင့်တွေနဲ့ ပတ်သတ်ပြီး အငြင်းပွားလာကြတယ်။ ဇာတ်လမ်းက သဘာဝအကျဆုံးနဲ့ ဇာတ်ရှိန်တွေ တက်လာပုံက အတော်ကောင်းတယ်ပြောရမှာပါပဲ။ ကွာရှင်းတဲ့ကိစ္စအတွက်ရှေ့နေက ပြောသလိုပေါ့ ‘ ရာဇဝတ်မှုရှေ့နေတွေက လူဆိုးတွေကို သူတို့အကောင်းဆုံးလုပ်နေချိန်မှာ တွေ့ရပြီး အိမ်ထောင်ကွဲရှေ့နေတွေကတော့ လူကောင်းတွေကို သူတို့အဆိုးဆုံးလုပ်မယ့်အချိန်မှာ တွေ့ရတာပါပဲ’ တဲ့။ ခံစားကြည့်လိုက်ပါ။

Drama
7.8 2019 137 mins
Marriage Story
My Super Ex-Girlfriend
5.2

My Super Ex-Girlfriend (2006) Ghostbusters ဇာတ်ကားတွေနဲ့ No Strings Attached လို နာမည်ကျော်ဇာတ်မျိုးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာရဲ့ ရုပ်ရှင်ပါ။ အိုဝင်ဝီလ်ဆန်ရဲ့ညီ လုခ်ဝီလ်ဆန်နဲ့ အူမာသာမန်းတို့လို တန်းရှိ သရုပ်ဆောင်တွေကို သုံးထားပါတယ်။ လုခ်ဟာ အိုဝင်လောက်တော့ လူသိမများပေမဲ့လည်း ဝက်စ်အန်ဒါဆန်ရဲ့ ပွဲဦးထွက်ကားတွေနဲ့ တခြားကားကောင်းတွေမှာ ပါဖူးတဲ့ သရုပ်ဆောင်ပါပဲ။ Ethan Hawke ရဲ့ မိန်းမ အူမာသာမန်းကတော့ မသိသူမရှိလောက်ပါဘူး။ တာရန်တီနိုရဲ့ Kill Bill, Pulp Fiction တို့မှာ သရုပ်ဆောင်ဖူးတဲ့သူပါ။ သူ့ရဲ့အကောင်းဆုံးလက်ရာကတော့ Maya Hawke ပါပဲ။ စူပါပါဝါရှိတဲ့မိန်းကလေးတစ်ယောက်နဲ့တွဲမိရာကနေ အလွဲလေးတွေကြုံရပုံကို ကြည့်ရမှာပါ။ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ Single ဖြစ်နေတာကြာပြီဖြစ်တဲ့ မက်က ရထားပေါ်မှာတွေ့တဲ့ ဂျန်နီဆိုတဲ့ကောင်မလေးကို သူငယ်ချင်းရဲ့တိုက်တွန်းမှုကြောင့် ဖွင့်ပြောပြီး တွဲဖြစ်သွားပါတယ်။ နယူးယော့ခ်မှာ G-Girl ဆိုပြီး လူတွေကိုအန္တရာယ်တွေကနေကာကွယ်ပေးနေတဲ့ စူပါဟီးရိုးကောင်မလေးတစ်ယောက်ရှိပါတယ်။ ဂျန်နီက G-Girl မှန်း မက်သိသွားတဲ့အခါ… စူပါဟီးရိုးအနေနဲ့ Cool ဖြစ်ပေမဲ့ ရည်းစားတစ်ယောက်အနေနဲ့ စိတ်ခံစားချက်များပြီး သဝန်တိုတတ်တဲ့ ဂျန်နီနဲ့မက်တို့ အဆင်မပြေကြတော့ဘဲ မက်က သူတကယ်ချစ်တဲ့သူက ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် ဟန်နာဆိုတာသိသွားတဲ့အခါ… ဂျန်နီနဲ့ဟန်နာတို့ကြားမှာ မက်ဘယ်လိုဒုက္ခရောက်ဦးမလဲ… ဂျန်နီနောက်ကိုလိုက်နေတဲ့သူကရော ဘာရည်ရွယ်ချက်နဲ့လဲဆိုတာ… ဆက်ပြီးကြည့်ရှုလိုက်ပါဦး။ စူပါပါဝါတွေနဲ့ကားကိုမှ ရိုမန့်ဟာသ အသားပေးထားတာမို့ လူတိုင်းနီးပါးကြည့်လို့အဆင်ပြေမယ့် ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 975MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 36Min Genre – Comedy, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

5.2 2006 95 mins
My Super Ex-Girlfriend
Too Much Love

Too Much Love (2023) Netflix ကနေထုတ်ထားတဲ့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ တူရကီကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖောရက်ပြောခဲ့သလိုပဲ ဘဝဆိုတာ ချောကလက်ဗူးလေးလိုပဲ မင်းဘာရလာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ဘူးတဲ့ ဒါကိုကလဲ ဘဝရဲ့အဓိပ္ပာယ်နေမှာ။ ဒီဇာတ်ကားလေးမှာဆိုရင်လဲ လူငယ်တစ်ယောက်ပေတေလေလွင့်နေရာကနေ အချစ်နဲ့တွေ့ပြီး ဘဝကို ဘယ်လိုအနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Comedy ဆန်ဆန်လေးနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်နေ့ကျရင် ဇတ်ညွှန်းရေးမယ် ရုပ်ရှင်တွေရိုက်မယ်ဆိုပြီး အိပ်မက်တွေရှိတဲ့ ဂျော့ခွန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘဝမှာအချစ်နဲ့ပထမဆုံး စတင်ထိတွေ့မိခဲ့တဲ့အချိန်ကစပြီး သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ သူ့အချစ်အတွက် သူ့ဝါသနာနဲ့ ယှဉ်လာတဲ့အခါမှာ ဘယ်အရာကိုဦးစားပေးရမလဲဆိုတာ ဝေခွဲရခက်လာပါပြီ။ ဝါသနာကိုလဲ မစွန့်လွှတ်နိုင်သလို အချစ်ကိုလဲ မစွန့်လွှတ်နိုင်တဲ့ လူငယ်လေးတစ်ယောက် သူ့ဘယ်အရာတွေကိုဦးစားပေးပြီး ဘယ်အရာကိုလက်လွှတ်မှာလဲ နှစ်ခုလုံးကိုကော ပိုင်ဆိုင်နိုင်မလားဆိုတာကိုတော့ ဟာသဆန်ဆန်လေးနဲ့ တင်ဆက်ထားတာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.8GB | 988MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Too Much Love
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro
6.5

သာယာတဲ့ ပုံမှန်​နေ့​လေးတစ်​နေ့မှာ Uda မိသားစုအ​နေနဲ့ အဖြစ်ဆိုးကြီးတစ်ခု ကြုံရပါ​တော့တယ်။ မိသားစုထဲက အငယ်ဆုံး​လေး Yuzuha ကို မတရား ပြန်​ပေးဆွဲခံရတဲ့ အ​ကြောင်းပြချက်က နိုင်ငံ​ရေးမှာ ရာထူးကြီးသူ ဖြစ်တဲ့ အဖိုးဖြစ်သူနဲ့ တိုက်ရိုက်ပတ်သက်​နေတဲ့ အခါ သူတို့ ဘာ​တွေ ဆက်လုပ်ကြမလဲ။ အမှန်တရားကို ရှာ​ဖွေချင်တဲ့ ဦး​လေးဖြစ်သူ Kouji Uda ​ရော တူမ​​လေးကို အချိန်မီ ကယ်တင်နိုင်ပါ့မလား။ အာဏာရှိသူ​တွေ ကစားကြတဲ့ နိုင်ငံ​ရေး အရှုပ်​တော်ပုံကစားပွဲ မှာ တကယ်နာကျင်ထိခိုက်ရသူ​တွေက ဘယ်သူ​တွေလဲ။ တကိုယ်ရည်စာ ချရတဲ့ ဆုံးဖြတ်ချက်​တွေက​တောင် အ​လျော်အစားကြီးမားလွန်း​နေချိန်မှာ၊ လူအများကြီးရဲ့ ဘဝကို ​ပြောင်းလဲ​စေတဲ့ ​ရွေးချယ်မှု​တွေ ကို ပြုလုပ်ရတာဟာ တကယ်ကိုပဲ တာဝန်ကြီးလွန်းတာကို တ​စေ့တ​စောင်း ပြသ​နေတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ Yuichi Shinpo ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာ ဖြစ်ပြီး ကြည့်ဖူး​နေကျ Crime/ Thriller ​တွေနဲ့ မတူတဲ့ ခံစားမှု တစ်ခုကို ​ပေးစွမ်းနိုင်တဲ့ ကားတစ်ကားပဲ ဖြစ်ပါတယ်။ နာမည်ကြီး ဂျပန် သရုပ်​​ဆောင်​တွေ အများအပြားပါဝင်သရုပ်​ဆောင်ထားပြီး cinematographyနဲ့ ​နောက်ခံအသံ အပြင်၊ အ​ရောင်​ရွေးချယ်မှု​တွေလည်း ​ကောင်းမွန်တာ​ကြောင့် တကားလုံးကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုရမှာပါ။ အမှန်တရား၊ မိသားစု၊ ​ဥစ္စာဓန၊ တရားမျှတမှု၊ ပြစ်မှု နှင့် ပြစ်ဒဏ် စတာ​တွေကို ​မေးခွန်းထုတ်​စေမိတဲ့ ရသစုံလင်တဲ့ Imdb 6.7ရ ရုပ်ရှင်တကားပဲ ဖြစ်ပါတယ်။ File size…(1.2 GB)/(690 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:41:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

6.5 2023
Confess to Your Crimes (aka) Omae no Tsumi o Jihaku Shiro
After Midnight
5.5

After Midnight (1989) ================ အလီဆင်နဲ့ရှရဲဆိုတဲ့ ကောလိပ်ကျောင်းသူလေးနှစ်ဦးဟာ အက်ဒွပ်ဒဲရတ်ခ် ဆိုတဲ့ထူးဆန်းပြီးပဟေဠိဆန်တဲ့ ဆရာအသစ်တစ်ယောက်ကသင်ကြားတဲ့ အကြောက်တရားစိတ်ပညာဆိုတဲ့အတန်းကိုတက်ဖို့ရွေးချယ်ခဲ့မိကြပါတယ်။ ဆရာရဲ့တမူထူးခြားတဲ့သင်ကြားပုံနည်းစနစ်ကြောင့် ပထမဆုံးအတန်းချိန်မှာပဲ ကျောင်းသားတစ်ဦးအကြောက်လွန်ပြီးအရှက်ကွဲတဲ့အထိဖြစ်သွားခဲ့တဲ့အ တွက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ပရော်ဖက်ဆာဒဲရတ်ကို သင်ရိုးအတိုင်း သင်ကြားဖို့ကန့်သတ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ပရော်ဖက်ဆာဒဲရတ်က တကယ့်အကြောက်တရားဆိုတာကို တွေ့ကြုံခံစားချင်တဲ့ ကျောင်းသားတွေအနေနဲ့ သူ့အိမ်ကိုလာနိုင်ကြောင်း ဖိတ် ခေါ်ခဲ့ပြီးနောက် ရောက်လာကြတဲ့ ကျောင်းသားတစ်စုနဲ့ ထိတ်လန့်ဖွယ်ဇာတ် လမ်းသုံးခုကို အကြောက်တရားသင်ခန်းစာအဖြစ်ဖလှယ်ပြောပြကြပါတော့ တယ်။ အဲ့ဒီအချိန်မှာပဲ သူတို့မသိလိုက်တာကတော့ ပထမဆုံးနေ့မှာအရှက်ကွဲ သွားခဲ့တဲ့ကျောင်းသားဟာ ဆရာ့ကိုလက်တုန့်ပြန်ဖို့ ပုဆိန်တစ်လက်နဲ့ချောင်း မြောင်းနေပြီဆိုတာပါပဲ။ Creepshow တို့ Tales From the Darkside တို့လို Horror Anthology တစ်ကားဖြစ်ပြီး၊ လူသိနည်းတဲ့ဇာတ်ကားကောင်းတစ် ကားလည်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.42 GB) / (675 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Alias Encoder……….SWM

5.5 1989
After Midnight
Ma Da: The Drowning Spirit
4.9

Ma Da: The Drowning Spirit (2024) မာဒါဆိုတာ ဗီယက်နမ်နိုင်ငံရဲ့ရေနဲ့နီးစပ်တဲ့အရပ်၊ ရေလုပ်ငန်းနဲ့အသက်မွေးဝမ်းကျောင်းကြတဲ့ဒေသတွေမှာ လက်ဆင့်ကမ်းလာတဲ့ မိရိုးဖလာတစ္ဆေပုံပြင်ထဲက တစ္ဆေတစ်ကောင်ပါ။ လူတစ်ယောက်ဟာ ရေနစ်သေဆုံးခဲ့ပြီး သူ့အလောင်းကို ဆယ်ယူမယ့်သူမရှိပဲ ရေထဲမှာပဲလမ်းဆုံးသွားခဲ့ရင် အဲ့ဒီလူရဲ့ဝိဉာဉ်ဟာ မာဒါ ဖြစ်သွားပါသတဲ့။ မာဒါဟာ သူနဲ့လိပ်ပြာတူသူတွေကိုဖမ်းယူလူစားလဲဖို့ကြိုးစားလေ့ရှိပြီး သူ့ကိုတစ်နည်းနည်းနဲ့စော်ကားခဲ့ရင်လည်း အရှင်မထားတတ်ဘူးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်သူတွေကတော့ တကယ့်ကိုသက်ဝင်စွာနဲ့ ကိုယ်တွေ့ဆိုတဲ့ ဇာတ်လမ်းတွေကို အခုချိန်ထိ လက်ဆင့်ကမ်းကြတုန်းပါပဲ။ ဇာတ်လမ်းကတော့ လိုင် ဆိုတဲ့အလောင်းဆယ်တဲ့အလုပ်နဲ့အသက်မွေးဝမ်းကျောင်းတဲ့ အမျိုးသမီးတစ်ယောက်ကို အခြေခံပါတယ်။ လိုင်ရဲ့သမီးလေးဟာ သူတို့ပတ်ဝန်းကျင်မှာ မကြာသေးခင်ကမှ သတ်သေသွားခဲ့ပြီး မာဒါဖြစ်သွားတယ်လို့ သတင်းထွက်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရုပ်ကလေးကို ကောက်ယူလာခဲ့မိရာကစပြီး မာဒါရဲ့ခြောက်လှန့်မှုတွေကို တစ်ဖြည်ဖြည်းခံလာရပါတယ်။ အစပိုင်းမှာ လိုင်က အယုံအကြည်မရှိပေမယ့် သူ့ပတ်ဝန်းကျင်ကလူတွေတစ်ယောက်ပြီးတစ်ယောက်ရေနစ်သေဆုံးမှုတွေကြုံလာရုံတင်မက သူ့သမီးလေးကိုပါ မာဒါဖမ်းယူသွားတယ်ဆိုတာ ယုံကြည်လောက်တဲ့ အနေအထားမျိုးတွေ့ကြုံရချိန်မှာတော့ သူ့အသက်နဲ့လဲပြီးကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ တစ္ဆေတစ်ကောင်ရဲ့ဖမ်းစားမှုကိုခံရပြီးဖြစ်တဲ့ သူ့သမီးလေးကိုကယ်တင်နိုင်ပါ့မလား? မာဒါရဲ့လက်က လွတ်နိုင်တဲ့သူရှိသေးရဲ့လား ဒါမှမဟုတ် ဒီတစ္ဆေကိုဘယ်လိုအနိုင်ယူဖို့ကြိုးစားမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ဗီယက်နမ်နိုင်ငံရဲ့ ရိုးရာယုံကြည်သက်ဝင်မှုတွေ၊ အစီအရင်တွေ၊ အဆောင်လက်ဖွဲ့တွေ ဝေဝေဆာဆာနဲ့တင်ဆက်ထားပြီး ကြောက်စရာကောင်းသလို စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ထူးထူးခြားခြားဇာတ်ကားသစ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:35:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.9 2024
Ma Da: The Drowning Spirit
Alarum
6.2

Alarum (2025) IMDb Rating (6.2) ရမ်ဘိုမင်းသားကြီး Sylvester Stallone နဲ့ မင်းသား Scott Eastwood အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Action/Crime ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်က စပိုင်လုပ်ခဲ့ဖူးတဲ့ ဂျိုးဟာ ဒီအလုပ်ကနေ ကင်းကင်းကွာကွာနေခဲ့တာ 5 နှစ်ရှိနေပါပြီ။ ဒါပေမဲ့ သူ့ရဲ့ ဇနီးဖြစ်သူ လော်ရာကလည်း စပိုင်တစ်ယောက် ဖြစ်တဲ့အတွက် သူတို့နှစ်‌ယောက်ဟာ လူမသိသူမသိ နေထိုင်ရပါတယ်။ တစ်နေ့ သူတို့ အပန်းဖြေခရီးထွက်တဲ့ နေရာမှာ ဟယ်လီကော်ပတာတစ်စင်း ပျက်ကျခဲ့ပါတယ်။ ဒါကို စပိုင်ဟောင်းပီပီ စူးစမ်းမိတဲ့ ဂျိုးဟာ လေယာဉ်မှူးသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်တာကို ချက်ချင်းသိလိုက်ပါတယ်။ သို့ပေမဲ့ ပြဿနာက လေယာဉ်ပေါ်က ဆက်သွယ်ရေးကိရိယာက မပျက်စီးသေးတော့ ဂျိုးရဲ့ အသံကို တစ်ဖက်က ကြားလိုက်တာပါပဲ။ ဒီလိုနဲ့ ပျောက်သွားပြီလို့ ယူဆရတဲ့ အာချီဘောလ်အမည်ခံ ဂျိုးတစ်ယောက် အသက်ရှိနေသေးတာကို သူ့ရဲ့ အေဂျင်စီဟောင်းက သိသွားပြီး ထွက်သွားသူကို အရှင်မထားတဲ့ သူတို့ ထုံးစံအရ ဂျိုးကို လိုက်လံရှင်းထုတ်ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size…(5 GB) / (1.3 GB) / (710 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:35:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Act Molemy

Adventure • Drama • Thriller
6.2 2025 95 mins
Alarum
Fast and Furious Presents: Hobbs & Shaw
6.5

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ Fast and Furious Presents: Hobbs & Shaw (2019) IMDb Rating (6.5) / Rotten Tomatoes (67%) Fast and Furious ကနေခွဲထွက်လာတဲ့ ၂၀၁၉ ရုပ်ရှင်ကားအသစ်ကို တင်ပေးထားပါတယ်။ အဓိက သရုပ်ဆောင်၂ယောက်ကတော့ ဒဝိန်းဂျွန်ဆန် နဲ့ ဂျေဆင် စတာသန် တို့ပါပဲ။ The rock ကြီးနဲ့ transporter မင်းသားဆို ပိုသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ အက်ရှင်အသားပေးပါပဲ သာမန်လူတွေ မလုပ်နိုင်လောက်မယ့် အမိုက်စား အကြမ်းစားအက်ရှင်တွေနဲ့ပေါ့။ နောက်ပြီးတော့ မင်းသား ၂ ယောက် မတည့်အတူနေ ပုံစံနဲ့ ကြည့်ရှုတဲ့သူတွေကိုဟာသရသလေးတွေ ပျော်ရွှင်ဖွယ်ရာဖြစ်အောင်ထည့်ပေးထားပါသေးတယ်။ ကမ္ဘာကြီးတစ်ခုလုံးကို သေစေနိုင်လောက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကို အသုံးချမယ့် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီဗိုင်းရပ်စ်ကို သယ်ဆောင်ထားရတဲ့ စီအိုင်အေး အေးဂျင့်မလေးကိုသူတို့နှစ်ယောက် လိုက်ကယ်ရင်း အဲဒီ အဖွဲ့နဲ့ ရင်ဆိုင်ကြတာပေါ့။ ဒီမင်းသားကြီး ၂ ယောက် ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး။ အလန်းစားအက်ရှင်ခန်းတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာ စတန့်ခန်းတွေကို တစ်၀ကြီးမြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ကြပါဦးဗျို့…… File Size : (7.4 GB) /(2.5 GB) / (1.2 GB) Quality : BluRay 4K HEVC/ 1080p HEVC/ 720p Running Time : 2hr 17 min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Than Htike Zaw/Ka Naung

Action • Thriller
6.5 2019 137 mins
Fast and Furious Presents: Hobbs & Shaw
Desert Lone Hero
5.8

ဒီတစ်ခေါက်မှာတော့.. အရင်မင်းဆက်ပေးတဲ့ ဒုက္ခ ရွှမ်လင်ကျောက်စိမ်းပြား (ကျောက်စိမ်းပြားအမွှာ) ဇာတ်ရှုပ်ကို အခြေခံပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဟုတ်ပါတယ်… အရင်မင်းဆက်မှာ နောင်တစ်ချိန် တိုင်းပြည်လိုအပ်ရင် ပြည်သူတွေဒုက္ခရောက်ရင် ဖွင့်ပြီး ယူသုံးဖို့ ရတနာသိုက်ကို တည်ဆောက်ထားပြီး… ယန္တရားတွေဖန်တီးခဲ့တာပါပဲ… ဒီလိုနဲ့ ခေတ်တွေ မင်းဆက်တွေပြောင်းလဲလာတော့.. တိုင်းပြည်မှာ ဒုက္ခသည်တွေလည်း များလာပြီး နန်းတွင်းမှာလည်း မိန်းမစိုးတို့က ဦးဆောင်ဖို့ အုပ်စုဖွဲ့လာသလို… နယ်ခြားတိုင်းတစ်ပါးအဖွဲ့တွေလည်း အခွင့်အရေးယူပြီး ထီးနန်းလုဖို့ကြိုးစားနေတာပေါ့… တစ်ချိန်တည်းမှာလည်း ဒီရတနာသိုက်ကို လောဘဇောတက်ပြီး လုဖို့ကြိုးစားနေတဲ့ သိုင်းလောကသားတွေရှိနေပြန်တာပေါ့… ကဲ ဘယ်လိုတွေရှုပ်ပြီးတော့ ဘယ်လောက်တောင် လုယက်ကြမယ်ဆိုတာနဲ့… တကယ်ရတနာသိုက်ရှိပြီး ဒီလောက်တောင် သွေးချောင်းစီးတဲ့အထိ ဖြစ်သင့်လို့လားဆိုတာတော့…

Drama • Romance • History
5.8 2025
Desert Lone Hero
Night of the Zoopocalypse

ဒီ Animation လေးကတော့ Horror , Comedy အမျိုးအစားလေးဖြစ်ပြီး မိသားစုတွေ အပန်းဖြေပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းလေးကတော့ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်ရုံ ပေါင်းစုံကနေ မထင်မှတ်ထားပဲ Zombie လိုမျိုး အကောင်တွေပျံနှံသွားတာကို ဝံပုလွေမလေး ဂရေစီနဲ့ တိရစ္ဆာန်ရုံ ပေါင်းစုံက တားဆီးတာကို Zombie Apocalypse ဆန်ဆန်လေး ရိုက်ပြထားတာပါ။ ဒီထဲက အဓိကဇာတ်ကောင် တစ်ယောက်ဖြစ်တဲ့ တောင်ခြင်္သေ့ကြီး နေရာမှာလဲ Stranger Things ထဲက Jim Hopper နေရာကသရုပ်ဆောင်တဲ့ David Harbour ကဝင်ရောက်အားဖြည့်ပေးထားပါတယ် ကြည့်ရတာ fun ဖြစ်ပြီး ဝေဖန်ချက်တွေလေးကောင်းတာမလို့ ကလေးတွေ မိသားစုတူတူကြည့်ရှူမယ်ဆိုရင် တော်တော်လေးအဆင်ပြေတဲ့ ကာတွန်းကားလေးပါ။၊

Comedy • Romance
0 2024 92 mins
Night of the Zoopocalypse
Asterix & Obelix Take on Caesar

ပိတ်ရက်မှာပဲ ဖြစ်ဖြစ် အားလပ်ချိန်မှာပဲ ဖြစ်ဖြစ် အနားယူချိန်မှာ serious မဖြစ်ပဲ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ အမျိုးစားလေးဖြစ်ပါတယ် ။ဒီကားလေးကတော့ ဥရောမမှာ အောင်မြင်ခဲ့တဲ့ ပြင်သစ်ရုပ်ပြ ကာတွန်းကနေ ရုပ်ရှင်ပြန်ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်တွေကတော့ ခပ်တုံးတုံး ရှိပေမဲ့ စွမ်းအားကြီးတဲ့ အိုဘိလိစ် ရယ် ဉာဏ်ကောင်းတဲ့ သူငယ်ချင်း အက်စထရိစ် တို့ဖြစ်ပြီး သူတို့ရဲ့ ရွာကို ကျူးကျော် လာတဲ့ ရောမတွေ ရန်ကနေ ကာကွယ်တဲ့ စွန့်စားခန်းကို ပေါ့ပေါ့ပါးပါး ဟာသလေးတွေနဲ့ ခံစားရမှာပါ ၊ ခေတ်ကတော့ ဂျူးလိယက် ဆီဆာရဲ့ ခေတ်ကို အခြေပြုထားပြီး ၊ ဆီဆာက အိုဘိလိစ် တို့ ဂေါလ်ရွာကို ဘာကြောင့် တိုက်ခိုက်လဲ ၊ ‌ဒီထရိကျုစ် ဆိုတဲ့ ဆီဆာ့ရဲ့ အမှုထမ်းက ဘယ်လို လှည့်စားမလဲ ၊ ဂေါလ်တွေရဲ့ လျို့ဝှက်လက်နက် ဖြစ်တဲ့ မှော်ဆေးရည်ကိုသောက်လိုက်တာနဲ့ အင်အားကြီးလာတဲ့ ဂေါလ်တွေကို ဆီဆာ့ တပ်တွေ ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ် ကလေးရော လူကြီးပါ မိသားစုနဲ့ ပေါ့ပေါ့ပါးပါး အပန်းပြေစေမယ့် ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ် File size… (2.7 GB) / (1.5 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Family,Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kafka

Drama
0 1999
Asterix & Obelix Take on Caesar