YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mayhem 2023 1080p WEB-DL CM.mp4

1.76 GB N/A video/mp4 1244 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Best Offer
7.8

The Best Offer ရုပ်ရှင်ဟာ 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb 7.8/10 ရထားတဲ့ Mystery/ Romance/ Drama အမျိုးအစား ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ Mr. Virgil Oldman ဟာ ရှေးဟောင်းပစ္စည်းများကို တန်ဖိုးဖြတ်ရာမှာ ကျွမ်းကျင်တဲ့ လစ်လံပစ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ငယ်သူငယ်ချင်းဖြစ်သူ Mr. Billy Whistler နဲ့ပူးပေါင်းပြီး တန်ဖိုးကြီးပန်းချီကားတွေကို စျေးသက်သက်သာသာနဲ့ရအောင် တစ်ဖက်လှည့်နဲ့ဝယ်ယူလေ့ရှိပါတယ်။ သူ့ရဲ့ တန်ဖိုးကြီးပန်းချီကားတွေကိုလည်း သူ့အိမ်ထဲရှိ လျို့ဝှက်ခန်းထဲမှာ တန်ဖိုးထားသိမ်းဆည်းလေ့ရှိပါတယ်။ Mr. Oldman ဟာ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့နှစ်အတော်ကြာအောင် လုပ်ငန်းထဲမှာပဲ ဘဝကိုနှစ်မြှုပ်ထားလေ့ရှိတာကြောင့် အလွန်ချမ်းသာ ကြွယ်ဝလာသော်လည်း အချစ်ဆိုသောအရာကို တစ်ကြိမ်တစ်ခါမျှတောင် မြည်းစမ်းခွင့်မကြုံခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ Miss Claire Ibbetson ဆိုသူ အမျိုးသမီးငယ်တစ်ဦးက သူမအမွေရခဲ့တဲ့စံအိမ်ကြီးမှ ရှေးဟောင်းပစ္စည်း များကို လေလံတင်ရောင်းချဖို့ ဆက်သွယ်လာခဲ့ပါတယ်။ ထူးခြားလှစွာပဲ အချိန်အတော်ကြာသည့်တိုင် ထိုအမျိုးသမီးငယ်ကို Mr.Oldman မတွေ့ခဲ့ ရပါဘူး။ ထိုအခြေအနေကပဲ Mr. Oldman ရဲ့ သူမအပေါ်စိတ်ဝင်စားမှုကို ပေါက်ဖွားလာစေခဲ့ပါတယ်။ Miss Ibbetson နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို သူရဲ့လူငယ်မိတ်ဆွေဖြစ်သူ အင်ဂျင်နီယာလေး Robert ဆီ ရင်ဖွင့်မိပါတယ်။ အချစ်ဆရာကြီးဖြစ်သူ Robert ရဲ့အကြံပေးမှုနဲ့ Miss Ibbetson ကိုမြင် တွေ့ခွင့်ရဖို့ ကြိုးစားမိသောအခါ..... ဒီ ရုပ်ရှင်ကားလေးဟာ အစပိုင်းမှာတော့ အနည်းငယ်အေးတယ်ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ပရိသတ်တွေကို ဟာကနဲ၊ ဟင်ကနဲ ဖြစ်သွားအောင် အဆုံးထိ ဆွဲဆောင်နိုင်တာကို တွေ့ရပါတယ်။ ရုပ်ရှင်ကားပြီးဆုံးသွားရင်တောင်မှ အတွေးလေးတွေ ထပ်ပွားစေမယ့် ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါကြောင်း။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Suu ပဲ ဖြစ်ပါတယ်) File size…1.59GB / 676MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Suu

Drama • Horror
7.8 2013 131 mins
The Best Offer
The Foggy Mountain
2

ဒါကတော့ 2020 လောက်ကထွက်ထားတဲ့ Vietnam action ကားလေးဖြစ်ပါတယ်။ IMDb မှာတော့ 5.9/10 ရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းမှကြည့်ချင်တယ်ဆိုသူများအတွက် သင့်တော်မယ့် ဇာတ်ကြမ်းကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အငြိမ်းစားယူပြီး မျက်မမြင်မိန်းမနဲ့ပဲ အချိန်ပေးနေတဲ့ ဖိုက်တာဟောင်းကြီးတစ်ယောက်အကြောင်းပါ။ မိန်းမဖြစ်သူရဲ့မျက်လုံးကိုရအောင်ကုပေးဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလုပ်ရှင်ဟောင်းမှပေးတဲ့ တာဝန်ကို ငြင်းပယ်လိုက်တဲ့အတွက်ကြောင့် အလုပ်ရှင် ဂိုဏ်းစတားခေါင်းဆောင်ဟာ ဖိုက်တာဟောင်းကြီးရဲ့ မိန်းမကို သတ်လိုက်ပါတာ့တယ်။ ဒီအတွက် သူ သူ့မိန်းမအတွက် ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါခင်ဗျ။ အက်ရှင်ခန်းတွေအများကြီးနဲ့ ဇာတ်ကြမ်းကားပီသတဲ့အတွက်ကြောင့် Actionသမားတွေအတွက် တင်ပေးလိုက်ပါတယ်ခင်ဗျ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre..... Action Quality…. 1080p | 720p | 480p File size… 1.4GB | 758MB | 359MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier Zy Encoder ..... August

Drama
2 2020 87 mins
The Foggy Mountain
The Unbearable Weight of Massive Talent
6.8

အရင်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ ဂန္ဓဝင်မင်းသားကြီး ပြန်လာပါပြီ။ အကြွေးတွေထူပြီး တွေ့သမျှ ပေါကားပါမကျန် အကုန်ရိုက်နေရတဲ့ မင်းသားကြီးနီကိုလက် ကေ့ဂျ် တစ်ယောက် ရုပ်ရှင်ပိတ်ကားပေါ်ကို ပြန်တက်လာတာပါပဲ။ rating တွေလည်းကောင်း၊ ဝေဖန်ရေးဆရာတွေလည်းအကြိုက်တွေ့သလို ပရိသတ်တွေလည်းအကြိုက်တွေ့နေကြပါတယ်။ ဘယ်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်လဲဆိုတော့ နီကိုလက်ကေ့ဂျ် အဖြစ်ပဲ သရုပ်ဆောင်တာပါပဲ။ ဒီရုပ်ရှင်ထဲမှာလည်း အကြွေးတွေထူပြီး ဇာတ်ကားရိုက်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့သူ၊ မိန်းမနဲ့ကွာရှင်းထားပြီး ကလေးနဲ့ အဆင်မပြေတဲ့သူ အဖြစ်ပဲ သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာတော့ သူဌေးတစ်ယောက်က မွေးနေ့ပါတီပွဲကို တက်ရောက်ပေးရုံနဲ့ ဒေါ်လာ ၁ သန်းပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ ရွေးစရာမရှိတော့တဲ့ နစ်ခ် ကေ့ဂျ် တစ်ယောက် ဟာဗီဆိုတဲ့ သူဌေး (ပေဒရို ပက်စ်ကယ်) ဆီကို သွားရင်းနဲ့ မထင်မှတ်ထားဘဲ စီအိုင်အေ နဲ့ လူဆိုးဂိုဏ်း အရှုပ်တော်ပုံတွေကြားထဲမှာ ညပ်ပြီး စွန့်စားခန်းတွေ ဖွင့်လာရတဲ့အခါ.... File size…(3 Gb)/(1.5 GB)/(900 Mb)/(600 Mb) Quality….Webrip 4K / 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Thriller
6.8 2022 107 mins
The Unbearable Weight of Massive Talent
The Northman
7.1

IMDb 7.8 ရှိတဲ့ ရုပ်ရှင်ကားကြီးတစ်ကားလာပါပြီ။ နော်ဝေးဗိုက်ကင်းတွေရဲ့ ခေတ် ဇာတ်လမ်းကောင်းတစ်ခုပါပဲ။ နာမည်ကျော်ဗိုက်ကင်းစီးရီးကြီးနဲ့ ဆက်စပ်တာတော့မဟုတ်ပါဘူး။ မင်းသားအမ်လက်သ်ရဲ့ ဒဏ္ဍာရီဆိုတဲ့ ရှေးပုံပြင်ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဒိုင်ယာလော့ကောင်းကောင်းတွေနဲ့ ရိုက်ကူးချက်အလန်းတွေ တိုက်ခိုက်ခန်းအလန်းတွေကိုမြင်ရမှာဖြစ်ပါတယ်။ အဖော်အချွတ်ခန်းအနည်းငယ်ပါလို့ အိမ်မှာ မိသားစုနဲ့ကြည့်ရင်တော့ သတိထားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဗိုက်ကင်းဘုရင် အာဗန်ဒေးမှာ အမ်လက်သ်ဆိုတဲ့သားတော်မင်းသားလေးတစ်ပါးရှိပါတယ်။ တစ်နေ့မှာတော့ ဘုရင်အာဗန်ဒေးရဲ့ညီ ဖီအိုနာက သူ့အစ်ကိုကို လုပ်ကြံပြီး ထီးနန်းကိုသိမ်းပိုက် လိုက်ပါတော့တယ်။ ဒါအပြင် အမ်လက်သ်ရဲ့အမေကိုပါ ဖမ်းဆီးပြီး အမ်လက်သ်ကိုပါ သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းပြီး အမ်လက်သ်လွတ်သွားတဲ့အခါ ထီးနန်းကိုပြန်ယူဖို့၊ မိခင်ကိုကယ်တင်ဖို့ နဲ့ အဖေအတွက် လက်စားချေဖို့ ပြန်ကြိုးစားပါတော့တယ်..... File size…(3.09gb)/(1.38GB)/(680MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Action/Aventure/Drama/Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy
7.1 2022 137 mins
The Northman
1922
5.9

IMDb - 6.3/10_____Rotten - 91% ကမ္ဘာကျော် သည်းထိတ်ရင်ဖို ဝထ္ထုဆရာကြီး Stephen King ရဲ့ ပြောင်မြောက်တဲ့အတွေးနဲ့ လက်ရာအရေးသားတို့ တန်ဆာဆင်ထားတဲ့သံဝေဂ ရစရာ သည်းထိတ်ရင်ဖို သရဲကား တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားကားကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခု ထင်ကျန်နေခဲ့မှာအသေချာပါပဲ။ သေချာတာကတော့ Stephen King ရဲ့ ထူးခြားဆန်းပြားတဲ့ အတွေးခေါ်တွေနဲ့ လူ့သဘာဝကို ဖေါ်ကျူးထားပုံက လက်ဖျားခါရလောက်ပါပေတယ်။ ဇာတ်လမ်းကို ဇာတ်ကောင်အနဲစုနဲ့ တည်ဆောက်ထားပြီးတော့ တစ်ယောက်ချင်းစီရဲ့ မရှိသင့်တဲ့ မာန နဲ့ တစ်ကိုယ်ကောင်းစိတ် တွေကို ရောယှက်ထားပါတယ်။ တောသဘာဝကို အခြေခံရိုက်ကူးထားပြီး တောပျော်တွေရဲ့ စိတ်ဓာတ်ကို ပုတ်ခတ်လှုပ်နှိုးထားတာပါပဲ။ ဇာတ်လမ်းလေးကို မိသားစုနှစ်စုနဲ့ လှစ်ဟပြထားပါတယ်။ ဝစ် တစ်ယောက်သူနဲ့ ခံယူချက်ချင်းမတူတဲ့ သူ့ဇနီး အလက်တီကြောင့် အကြံအိုက်နေပါတယ်။ အိမ်ထောင်ဦးစီးဖြစ်နေပေမဲ့ သူ့ရဲ့သြဇာကဘယ်လိုနည်းနဲ့မှ မညောင်းတော့ပါဘူး။ သူ့ဇနီးကလည်း ခက်ထန် တစ်ယူသန်သူတစ်ယောက်ဖြစ်နေပါတယ် ပိုဆိုးတာက လက်ရှိလယ်တွေက သူ့အဖိုးကပေးထားတဲ့သူ့နာမည်ပေါက် လယ်တွေကြောင့်ပါပဲ။ အလက်တီ အစီစဉ်က တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ ထုံးကိုမူ ရှိသမျှလယ်တွေကို ရောင်းပြီး မြို့တက် စီးပွါးပြောင်း လုပ်ချင်နေတာပါ။ ဝစ်ကလည်း လယ်အလုပ်ကို မပစ်နိုင်ပါဘူး။ အလက်တီကလည်း လိုက်မပြောင်းနိုင်ရင် ကွာရှင်းပြီး သားကိုခေါ်သွားမယ်တဲ့လေ။ အတော်အတ္တကြီးတဲ့မိန်းမပါပဲ။ အဲဒီမှာတင် ဝစ် မှာဗလောင်ဆူနေပါပြီ သားကိုလည်းဆုံးရှုံးရမယ် လယ်တွေလည်းဆုံးရှုံးရမယ်တဲ့လေ။ အဲဒီမှာတင် ဝစ် ရဲ့ မကောင်းတဲ့စိတ်နဲ့ကောင်းတဲ့စိတ်က လွန်ဆွဲနေပါပြီ။ မိန်းမကိုလည်း မကျေနပ်ဖြစ်လာပြီး သားနဲ့ပိုင်ဆိုင်မှု့တွေကိုလည်း ဆုံးရှုံးရမှာစိုးရိမ်လာပါပြီ။ တစ်နေ့မှာတော့ ဝစ် အတွက်မဟာအခွင့်ရေးကြီးဆိုက်ရောက်လာပါတယ် အဲဒါကတော့ ဝစ်ရဲ့သား ဟင်နရီနဲ့ သူတို့အိမ်နဘေးက ကောင်မလေး ရှန်နွန်တို့ ချစ်ကြိုက်နေတာကိုဝစ် သိရှိသွားပါတယ်။ ဝစ်ရဲ့ မကောင်းတဲ့စိတ်ကကြီးစိုးနေပါတယ် အဲဒီအခွင့်ရေးကို ကောင်းကောင်းကြီးအသုံးချလိုက်ပါတယ်။ သူ့သားကို သူ့အမေမြို့ပြောင်းသွားရင်ရှန်နွန်နဲ့ အပြီးပိုင် ခွဲရမှာဆိုပြီး နားသွင်းပါတော့တယ်။ ဟင်နရီကလည်း ချစ်စိတ်မွှန်နေပြီမို့ သူ့အဖေကရာဇာတ်ကို လိုက်ပါတော့တယ်။ သူတို့ရဲ့အစီစဉ်က ဘယ်လိုမှညှိနှိုင်းလို့မရတဲ့ အလက်တီကို အယုံသွင်းပြီး လက်စဖျောက်ဖို့ပါပဲ။ လက်စဖျောက်ပြီးများမကြာခင်မှာပဲ သားဖြစ်သူကလည်း ဘယ်လိုမှတားမရပဲရှန်နွန်ကို ခိုးပြေးပါတော့တယ်။ ဝစ် ဘယ်လိုမှမတက်နိုင်တော့ပါဘူး ရဲတိုင်ရင်လည်း အကုန်ဖေါ်မှာတဲ့လေ။ အဲဒီမှာပဲ ဝစ် တစ်ယောက် ဒုက္ခတွေကိုစပြီးခံစားလာရပါတယ်။ သူ သတ်ခဲ့တဲ့ သူ့မိန်းမရဲ့ ဝိဉာဉ်က စတင်ခြောက်လှန့်ပါတော့တယ်။ ဝစ် တစ်ယောက် အထီးကျန်တဲ့ ရသရော မိန်းမရဲ့ခြောက်လှန့်မှု့ကို ပါ အသည်းအသန်အန်တု ရင်ဆိုင်နေရပါတယ်။ ဆောင်းရာသီရဲ့ အသည်းခိုက်မတက် အအေးဒဏ်ကိုလည်း သေလုမတက်ခံစားနေရပါတယ်။ သူခံစားနေရတာတွေက တန်ရဲ့လား။ သူ့သားရဲ့ သူ့အပေါ်ထားတဲ့ ခေါင်းမာတဲ့စိတ်။ သူ့အမေရဲ့ တစ်ယူသန်စိတ်။ ဝစ် ရဲ့ အတ္တ အားလုံးပေါင်းလိုက်တော့ ဘာတွေဖြစ်လာမလဲ။ ဇာတ်လမ်းကျောရိုးလေးက အရမ်းကောင်းသလို နောက်ခံ Sound Effect တွေကလည်း ရသကို အကွက်လိုက် အကွင်းလိုက် ပေါ်ထွက်အောင် တီးခတ်လက်စွမ်းပြထားပါတယ်။ လယ်သမားကြီးရဲ့ သရုပ်ဆောင်ချက်ကလည်း ပီပြင်လွန်းလှပါတယ် တကယ့်လယ်သမားအစစ်ကို ခေါ်ပြီး ရိုက်ထားသလားအောက်မေ့ရတယ် အပြောအဆိုတွေ ကိုယ်အမူရာတွေ ပြောစရာမရှိအောင် ကောင်းလွန်းလှပါတယ်။ သရဲ တစ္ဆေ တွေကိုကြိုက်လှပါတယ်ဆိုတဲ့ ပရိတ်သတ်ကြီးအတွက် အခုပဲ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ အေးမင်းဦးပါ) File Size : (702 MB) Quality : WEB-DL 720p Running Time : 1hr 42min Format : Mp4 Genre :Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Min Oo Encoded by Thanhtike Zaw

Drama
5.9 2017 102 mins
1922
A Safari Romance
6.6

ဒီဇာတ်ကားကတော့ Family movieမျိုးပါပဲ 2023ထွက်ကားဆိုပေမဲ့ ဇာတ်အိမ်နဲ့ ဒိုင်ယာလော့ခ်တွေက သိပ်ပြီးဆန်းတာမပါတော့ ကားဟောင်းတစ်ကားကိုပြန်ကြည့်ရသလိုမျိုးပဲ ဇာတ်လမ်းက ရိုးရှင်းပါတယ်။အပန်းဖြေကွင်းဒီဇိုင်နာ တင်မ်နဲ့ သုတေသနပညာရှင်လည်းဖြစ် တောထိန်းတစ်ဦးလည်းဖြစ်တဲ့ မက်ဂန်တို့ ဆာဖာရီဥယျာဥ်ထဲဆုံကြရင်း ရင်းနှီးသွားကြတယ်။ ဒီလိုနဲ့ ဆာဖာရီဥယျာဥ်ဆီကို တင်မ်ရဲ့ရည်းစားဟောင်းအေမီထပ်ရောက်လာတယ် ။ တင်မ်ရော ဆမ်ရောက ကိုယ့်အလုပ်ကိုယ်မြတ်နိုးတဲ့သူတွေ၊ အေမီက exဆိုတော့ဇာတ်ညွှန်းအရ ဗီလိန်နေရာမှာပဲပေါ့။ ဇာတ်ညွှန်းအစအဆုံးက သမားရိုးကျဇာတ်လမ်းမျိုးပါပဲ။ဆာဖာရီရဲ့ရိုးရာဓလေ့တွေတော့ ပါသင့်သလောက်ပါတယ် Actingအဆင်ပြေတယ်။ တစ်ကားလုံးနီးပါး settingကို ဆာဖာရီကိုအခြေခံထားပေမဲ့ တိရစ္ဆာန်အခန်းတွေအရမ်းမများဘူး အဝေးရိုက်ချက်တွေလောက်ပဲပါတယ်။ ဇာတ်လမ်းက Comedyမပါဘူး။ Romance/ Friendship/Drama သီးသန့်ပဲ။ ဇာတ်ကားကိုကြည့်သင့်တဲ့အချက်ကတော့ lightဖြစ်တဲ့ကားမျိုးကို ပိတ်ရက်မှာ အေးအေးချမ်းချမ်းကြည့်ချင်တဲ့ရက်မျိုးတွေဆို သင့်တော်ပါတယ်။File size…(1.85 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

6.6 2023 84 mins
A Safari Romance
Coffee Wars
5.5

ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကို အကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက် သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီး ဖြစ်စေတယ်ဆိုတာ သိပါသလား။ ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကို အသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်း နွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့ အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကို ဖျက်ဆီးနေတာပါပဲ။ ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက် တိုက်ခိုက်နေတဲ့သူပါ။ “ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်” ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကို အခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။ သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက် ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။ Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့ ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့ ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီး ဆုငွေရမှဖြစ်မှာပါ။ ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင် ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကို ဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက် လောက်တော့ လျော့သောက်အောင် လုပ်ပေးနိုင်‌တဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.46 GB / 1.13 GB Quality… AMZN.WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2023
Coffee Wars
A Christmas Spark
6

ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။ မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။ တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။ အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ပြောင်းလဲနိုင်ပြီး အတိတ်ကို လွှတ်ချနိုင်မလားဆို‌တာကိုတော့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။ File size…(1.6 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Horror
6 2022 85 mins
A Christmas Spark
Echelon Conspiracy

၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေး​တဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်​နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ​ ဘာကြောင့်​အရာ​အားလုံး​ကို​သိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်​စ်​တစ်ယောက်​အဖြေရှာ​ရတော့မှာ​ဖြစ်ပါတယ်။ ဇာတ်​လမ်းက အက်​ရှင် Thriller​ နဲ့ Sci-fi​ အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်​အိမ်​သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်​ခန်း သိပ်မပါဘဲ စုံထောက်​ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action​ Thriller​ ပရိတ်သတ်​တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကား​မျိုး​ပါ။ File size…(1.9 GB)/(966 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by wolfemhein

0 2009
Echelon Conspiracy
American Factory
7.4

တရုတ်ဘီလီယံနာသူဠေးတစ်ယောက် အမေရိကန် အိုဟိုင်းအိုပြည်နယ်မှာ ဖန်ထည်စက်ရုံလာထည်ထောင်တယ်. နာမည်က ဖူယောင်တဲ့.ဒီမတိုင်ခင်ရှေ့စက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားခဲ့တဲ့ အမေရိကန်တွေ အလုပ်ပြန်ရတော့မယ်ဆိုတဲ့ အတွေးနဲ့တင်ပျော်နေခဲ့ကြတာပေ့ါ. တကယ်တမ်းစက်ရုံစပြီးလည်ပတ်တော့လည်း အမေရိကန်လူမျိုးတွေကို နေရာပေးရာထူးပေးအလုပ်ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်အခြေခံလုံခြုံမှုလေးတောင်မရှိတဲ့ တရုတ်အလုပ်ခွင်မှာလုပ်ရတဲ့အမေရိကန်တွေအတွက်တော့ တကယ့်ကိုတစ်ရက်နဲ့တစ်ရက်ပြဿနာပေါင်းမျိုးစုံရင်ဆိုင်လာရပါတယ်။ ဒီဇာတ်ကားကိုကြည့်ရတဲ့အချိန် ကိုယ့်နိုင်ငံကစက်ရုံတွေမှာလဲ ဒီလိုတွေဖြစ်နေတယ်ဆိုတာကိုသိလာမှာပါ. အဆုံးသတ်မှာအမေရိကန်တွေပဲအနိုင်ရမလား စီးပွားရေးလုပ်ငန်းရှင်တရုတ်ကြီးတွေကပဲ အနိုင်ပိုင်းခဲ့နိင်မလားဆိုတာကိုကြည့်ရမှာ. ဖြစ်ရပ်မှန်မှတ်တမ်းတင်ဇာတ်ကားဖြစ်ပြီး Barack and Michelle Obama’s ထုတ်လုပ်ရေးပိုင်ဇာတ်ကားလဲဖြစ်ပါတယ်။ File size… 2.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Documentary/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aye Chansu

Action • Crime • Thriller
7.4 2019
American Factory
The Origin of The Legend Of Meng Po
5.8

လူတွေသေဆုံးပြီးတဲ့အခါ လက်ရှိဘဝကမှတ်ဉာဏ်တွေကိုမေ့ပျောက်ပစ်ပြီး ပြန်လည်ဝင်စားဖို့အတွက် မုန့်ဖော်ဟင်းရည်ကိုသောက်ပြီး မေ့လျော့ခြင်းမြစ်ကူးတံတားကိုကူးကြရတယ်ဆိုတဲ့ တရုတ်ဒဏ္ဍာရီတစ်ခုကို ကြားဖူးကြမယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားကတော့ အဲဒီမုန့်ဖော်ဟင်းရည်ရဲ့ မူလအစက ဘယ်ကဖြစ်တည်လာတယ်ဆိုတဲ့ သမိုင်းကြောင်းကိုရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ သေဆုံးပြီးသားဝိဉာဉ်တွေက မုန့်ဖော်ဟင်းရည်ကိုသောက် သေဆုံးခဲ့တဲ့ဘဝတစ်ခုလုံးကမှတ်ဉာဏ်တွေကို မေ့ပြီးတော့ လူဝင်စားဖို့လုပ်ဆောင်ရပါတယ် ။ သေချာပေါက်ပေါ့.. ဒီဘဝရဲ့မှတ်ဉာဏ်တွေကို မေ့မပစ်နိုင်တဲ့သူတွေ ၊ အစွဲအလမ်းတွေရှိလို့ ကျန်ခဲ့တဲ့သူတွေကို စိတ်မချကြတဲ့ဝိဉာဉ်တွေကတော့ မုန့်ဖော်ဟင်းရည်ကိုမသောက်လိုကြပါဘူး ။ အဲဒီလိုမသောက်လိုတဲ့အခါမှာ မေ့လျော့ခြင်းမြစ်ရဲ့ အောက်ဘက်က ဝမ့်မြို့တော်မှာ နှစ်တစ်ထောင် အတိဒုက္ခခံစားကြရပါတယ် ။ ဒီလိုနဲ့ နှစ်တစ်ထောင်ပြည့်တဲ့နေ့မှာ မုန့်ဖော်ဟင်းရည်တိုက်ကျွေးသူ မုန့်ဖော်အမည်ရတဲ့နတ်သမီးက ဝမ့်မြို့တော်တံခါးကိုဖွင့်ပြီး အထီးကျန်ဝိဉာဉ်တွေနဲ့ဝိဉာဉ်ရိုင်းတွေကို မုန့်ဖော်ဟင်းရည်ထပ်တိုက်ပြီး ဘဝကူးပေးဖို့လုပ်ဆောင်ရပြန်တယ် ။ မထင်မှတ်ထားတာကတော့ ဝမ့်မြို့မှာအဖမ်းခံထားရတဲ့ နတ်ဆိုးဘုရင်ရှိုးလော်ဟာ ပြန်လည်နိုးထလာခဲ့ပြီး မုန့်ဖော်ကိုတိုက်ခိုက်လာပါတော့တယ် ။ တချိန်တည်းမှာပဲ အသက်ရှိဝိဉာဉ်တစ်ကောင်ကလည်း ဝမ့်မြို့တော်ကိုရောက်ရှိနေပါသေးတယ် ။ ယမမင်းနေရာကိုလိုချင်နေတဲ့ ရှိုးလော်ကမုန့်ဖော်ကိုဘယ်လိုစီရင်သွားမလဲ ? အသက်ရှိဝိဉာဉ်ကရောဘယ်သူဖြစ်မလဲ ? ယမမင်းနဲ့ရှိုးလော်ကြားက ပြိုင်ဆိုင်မှုတွေကြား မုန့်ဖော်တစ်ယောက် ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကို ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ ။

Drama • Romance • Family
5.8 2024
The Origin of The Legend Of Meng Po
The Man with the Answers
6.8

The Man with the Answers ( 2021 ) ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ လူတစ်ယောက်အကြောင်း ဖြစ်နေခဲ့တယ်။ သူ့သူငယ်ချင်းပြောသလို ကမ္ဘာကြီးက ရိုးရှင်းတဲ့အဖြေတွေနဲ့ ဖြေမရအောင် ရှုပ်ထွေးလွန်းနေတယ်ဆိုတော့ ဒီဟာတွေရဲ့ အဖြေကိုသူတွေ့မတွေ့ မရေရာနိုင်ဘူး။ ရေရာတာကတော့ ဒီရုပ်ရှင်ဟာ လူနှစ်ယောက်နဲ့ ခရီးတစ်ခုကို သေချာလေးသက်ဝင်ခံစားနိုင်အောင်ပြထားတဲ့ ခရီးတစ်ခုအကြောင်း အလှပဆုံးရုပ်ရှင်တစ်ကားဆိုတာပါပဲ။ စိတ်ဟာ မငြိမ်းနိုင်တဲ့အခါ ကြည့်လိုက်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 671MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.8 2021
The Man with the Answers
V for Vendetta
8.2

V For Vendetta (2005) IMDB – 8.2/10_____Rotten – 73% နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။ အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင် ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ… အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။

Horror
8.2 2005 132 mins
V for Vendetta
Mittran Da Challeya Truck Ni
8

Mittran Da Challeya Truck Ni (2024)(အချစ်ရှာပုံတော်) ဒီကားလေးကတော့ ထရပ်ကားမောင်းရင်း အသက်မွေးဝမ်းကြောင်းပြကြတဲ့ သားအဖနှစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အဖေလုပ်သူက မိန်းမဖြစ်သူနဲ့ကွဲနေတာဖြစ်ပြီး ပတ်ဝန်းကျင်ကတော့ အဖေ့မိန်းမဟာ သူ့ကိုပစ်ပြီး တခြားယောက်ျားနောက်လိုက်သွားတယ်လိုပြောကြပေမဲ့ အဖေကိုယ်တိုင်ကတော့ ဒီအကြောင်းက မမှန်ကြောင်းအမြဲပြောလေ့ရှိပါတယ်။ သားဖြစ်သူဟာလည်း အိမ်ထောင်ပြုရမဲ့ အရွယ်ကိုရောက်နေပြီဖြစ်ပေမဲ့ အခုထိ အိမ်ထောင်မကျသေးတဲ့အတွက် အိမ်ထောင်ပြုဖိုအတွက်ကို တိုက်တွန်းလိုနေပါတယ်။ သားဖြစ်သူလိုချင်တဲ့ အိမ်ထောင်ဖက်က သူချစ်တဲ့သူ၊ သူ့ဘဝကို စီမံခန့်ခွဲပေးနိုင်တဲ့ ဇနီးကောင်းလေးမျိုးကို လိုချင်နေသူပေါ့။ဒီလိုနဲ့ သားဖြစ်သူဟာ ချမ်းသာမှုကို လိုလားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံမိကြရာမှာတော့ ……… ထရပ်ကားမောင်းရင်း ဘဝကို အဆင်ပြေသလိုလေး နေနေတဲ့ သားဖြစ်သူနဲ့ ချမ်းသာချင်တဲ့ အမျိုးသမီးလေးတို ဘဝမှာ ဘာတွေ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ပန်ချာပီ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

Horror • Mystery • Thriller
8 2024 145 mins
Mittran Da Challeya Truck Ni