YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Maybe it is Love E14 CM.mp4

300.48 MB N/A video/mp4 162 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

IMDb Rating - 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(2.9 GB) / (1.48 GB) / (926 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Biography, Drama Translator.......JimX Encoder..........SWM

Action • Drama • War
null 2022
The Admiral
The Legend of Kunlun

ဂူသင်္ချိုင်း‌‌တွေထဲမှာ ရတနာတွေရှာ‌‌ဖွေစွန့်စားရမဲ့ ဇာတ်ကားလေးကိုကြည့်ရတာ သဘောကျတတ်တဲ့ CM fansတွေအတွက် တော်တော်စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ ဖချိုးမျိုးနွယ်စုရဲ့ သမိုင်းအကြောင်းကိုရိုက်ကူးပြသထားတာဖြစ်ပါတယ် ကျွန်တော်တို့ရဲ့မင်းသား ကျန်းဝမ်ဖုန်းကတော့ သူ့အဖေပျောက်ကွယ်သွားရတဲ့ ဖြစ်ရပ်မှန်ကိုသိချင်သောစိတ်တစ်ခုနဲ့ ဒီရတနာသိုက်ရှာဖွေတဲ့လမ်းကို လျှောက်ခဲ့တာဖြစ်ပါတယ် ကျန်းဝမ်ဖုန်းက ကောင်းကင်ဘုံနည်းပညာကိုလေ့လာသင်ယူကာ ကောင်ကင်ဘုံအရာရှိဆိုတဲ့ ရာထူးကိုလည်းဆက်ခံပြီးသား လူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ ကျန်းဝမ်ဖုန်းရယ် သူ့သူငယ်ချင်းဖြစ်သူ ကျာလူပန်းနဲ့ ကျုံးလင်တို့ ၃ယောက်ပေါင်းပြီး လုပ်ဖော်ကိုင်ဖက်အဖြစ် ‌အတူလုပ်ကိုင်ကြရာမှ ကျန်းဝမ်ဖုန်းရဲ့ အဖေကိုရှာတွေ့ဖို့ နည်းလမ်းတစ်မျိုးရှာတွေ့သွားပါတယ် နည်းလမ်းကတော့ ကျောက်မင်ရှေးဟောင်းကြေးမုံကိုရအောင်ရှာပြီး ခွန်းလွမ်တောင်အတွင်းမှာရှိတဲ့ လျှို့ဝှက်မြို့ထဲကိုသွားရမှာဖြစ်ပါတယ် ကျန်းဝမ်ဖုန်းလည်း သူ့အဖေနဲ့အဆက်သွယ်ပြတ်တာ ၁၇နှစ်ရှိပြီဆိုတော့ အချင်းချင်းပြန်တွေ့နိုင်ဦးမလား တရုတ်ရိုးရာအမွေအနှစ်ပုံပြင်တွေနဲ့ သမိုင်းအကြောင်းလေးတွေပါ ထည့်သွင်းရိုက်ကူးထားတာမလို့ အားလုံးပဲ The Legend of KunLunကိုကြည့်ရှုလိုက်ရအောင် Quality : WEB-DL 1080p , 480p Format :  mp4 Duration : 1h 20min Genres : Action, Fantasy, Adventure Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Encoded by LK

Drama • Family
0 2022 80 mins
The Legend of Kunlun
Rally Road Racers
7.5

Rally Road Racers (2023) ကားပြိုင်ပွဲအခြေခံ ကာတွန်းရုပ်ရှင်အသစ်လေးလာပါပြီ။ ထုံးစံအတိုင်း မိသားစုမေတ္တာတွေ၊ ဟာသတွေ နဲ့ စွန့်စားခန်းတွေပေါ့။ အသံသရုပ်ဆောင်မင်းသမီးကတော့ Agents of SHIELD ထဲက အေးဂျင့်ဒေစီဖြစ်တဲ့ Chloe Bennet ပါပဲ။ ဇာတ်လမ်းအကျဉ်း လိုးရစ်မျောက်မျိုးနွယ်လေးတွေ နေတဲ့ ရွာကလေးက ချီချီဆိုတဲ့ကောင်လေးဟာ ပြိုင်ကားတွေမောင်းဖို့ ဆုတွေယူဖို့ အရူးအမူးကြိုးစားနေတဲ့ကောင်လေးပါ။ ဒါပေမဲ့ သူ့အဘွားကတော့ ဒါကို ခွင့်မပြုပါဘူး။ တစ်နေ့မှာတော့ သူတို့ရဲ့ရွာလေးကို အပိုင်ဝယ်သိမ်းပြီး ဖျက်ဆီးဖို့ကြိုးစားလာသူ ပေါ်လာပါတယ်။ အဲဒီလူကတော့ အာချီဗိန်းဂလိုးရီးရက်ဆိုတဲ့ ပြိုင်ကားချန်ပီယံ ဖားကြီးပါပဲ။ အိမ်ကိုပြန်ရွေးဖို့ ပိုက်ဆံမရှိတဲ့ ချီချီဟာ ဗိန်းနဲ့အပေးအယူတစ်ခုလုပ်လိုက်ပါတယ်။ ပြိုင်ကားလောကရဲ့အခက်ဆုံး အကြမ်းဆုံး ပိုးသားလမ်းပြိုင်ပွဲမှာ သူနိုင်ခဲ့ရင် သူ့ရွာလေးနဲ့ သူ့အိမ်ကိုပြန်ပေးဖို့ပါပဲ။ အဲဒီနောက်မှာတော့ ဘယ်လိုမှမနိုင်နိုင်တဲ့ ပြိုင်ပွဲကြီးကို ချီချီတစ်ယောက် မိတ်ဆွေတွေ ချစ်တဲ့သူတွေရဲ့အကူအညီနိုင် ဝင်ပြိုင်ခဲ့တဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama • Fantasy
7.5 2023 92 mins
Rally Road Racers
Nameless Hero

CM movie fanလေးတွေထဲကမှ actionမှကြိုက်တာဆိုတဲ့ သူလေးတွေအတွက် နိုင်ငံရေးစစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ 90sတစ်ဝိုက်မှာ နိုင်ငံရေးအယူဝါဒကွဲလွဲမှုတွေအပေါ်အခြေခံပြီး စ စ်ပွဲတွေက ဆူပူအုံကြွနေခဲ့တယ်။ကျင်ကျိုးမြို့နစ်ခုလုံးကို နယ်ခြားစောင့်တပ်တွေ ဝန်းရံထားတဲ့အချိန် ... စစ်မြေပြင်မှာမတရားတာမရှိဘူးဆိုသလိုပဲ သူစီကိုယ်စီ ဌာနအတွင်းမှာ သူလျှိုတွေစေလွှတ်ထားချိန်မှာ.. ကုဒ်နာမည် *မြွေစိမ်း*လို့သိကြတဲ့ သတင်းအချက်အလက်သူလျှို လျိုသာ့ဝေဟာ သရုပ်မှန်ပေါက်ကြားပြီး ဖမ်းစီးမှုကိုခံခဲ့ရတယ်။ မြွေစိမ်းဟာ စစ်တပ်လက်အောက်ခံဖြစ်တဲ့အတွက် အထက်က စစ်‌ကြောရေးအတွက် လျှို့ဝှက်ထိန်းသိမ်းရေးဌာနက *လင်ရှီး*ကို တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခဲ့တယ်။အဲ့အချိန်မှာ မြွေစိမ်းကို ဖမ်းမိခဲ့တဲ့သူက ပါတီရေးရာနဲ့ပြန်ကြားရေးဌာနဖြစ်တဲ့အတွက် လင်ရှီးဟာ ထိုဌာနရဲ့ဦးစီးချုပ်"ကျိုးယင်ချွင်း"နဲ့ သူ့ရဲ့မဟာမိတ်ဖြစ်သူ နိုင်ငံတော်ကာကွယ်ရေးတပ်ခွဲ၂ကအထူးတပ်ဖွဲ့ဝင်ကျန်းဝေနဲ့အတူ ပူးပေါင်းစစ်ကြောရေးဆင်းဖို့ဖြစ်လာတော့တယ်။ မြွေစိမ်းဟာ ကွန်မြူနစ်ပါတီသူလျှိုဖြစ်ပြီး သူ့ရဲ့လက်ထဲမှာ ကျင်ကျိူးမြို့ကာကွယ်ရေးမြေပုံရှိသလို ဒါကသူကျင်ကျိုးကိုထိုးစစ်ဆင်ရာမှာကူညီဖို့ မြို့ပြင်ကိုလက်ဆင့်ကမ်းရမဲ့ အချက်အလက်လည်းဖြစ်တယ်။ မြွေစိမ်းကျဉ်းထဲကျပ်ထဲရောက်နေတဲ့အချိန်မှာ လင်ရှီးရဲ့လျှိုဝှက်တာဝန်က အဲ့ဒီမြေပုံကိုလွှဲပြောင်းယူပြီး လက်ဆင့်ကမ်းပေးရမှာပါ။ မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတွေကြားထဲမှာ လင်ရှီးက သူ့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား သူ့ရဲ့လမ်းခရီးမှာရော ဘယ်လိုဘက်တော်သားတွေနဲ့ တွေ့ဆုံရဦးမလဲ အာဏာမှိုင်းတွေ ရောထွေးနေတဲ့နယ်ပယ်ကြီးမှာ ဘယ်အရာက တရားမျှတမှုလမ်းစဉ်ဖြစ်မလဲဆိုတာ... ဇာတ်လမ်းမှာအသေးစိတ်ကြည့်ရှုလိုက်ပါ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , War Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Clytie Encoded by LK

Drama • Sci-Fi & Fantasy
null 2023 87 mins
Nameless Hero
The Strangers
6.1

ဒီနေ့မှာတော့ IMDb 6.1 ရထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ The Strangers စိတ္တဇလူသတ်ကားလေးတင်ပေးမှာဖြစ်ပါတယ်၊ ဇာတ်လမ်းအစမှာ ဂျေမီနဲ့ ခရစ်စတန်တို့ အတွဲက ကတောက်ကစလေးတွေ ဖြစ်ပြီး အပန်းဖြေအိမ်ကိုပြန်လာကြပါတယ်၊ နောက်မှသူတို့သိလိုက်ရတာကတော့ အပန်းဖြေအိမ်က အပန်းပြေစရာမကောင်းမှန်းပါ။ အိမ်ပတ်လည်မှာ တင် မျက်နှာဖုံးစွပ်နဲ့လူတွေရောက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ရာက နောက်ဆုံး သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးဖို့ဖြစ်လာကြပါတယ်။ ကဲ…. သဲထိတ်ရင်ဖိုကားမို့ အရမ်းမ spoil ချင်တာကြောင့် ဒီလောက်နဲ့တင်အညွှန်းရပ်ပြီး၊ ကိုယ်တိုင်ရှုစားကြည့်ဖို့အကြံပေးပါတယ်။ File size…(950Mb)/(400Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Thriller
6.1 2008 86 mins
The Strangers
Taxidermia
6.8

အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်‌နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ File size…699.3MB Quality…WEB-Rip 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

6.8 2006 91 mins
Taxidermia
Jigsaw Saw 8
6.1

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Jigsaw (2017) ရုပ်ရှင်ဟာ နာမည်ကျော် Saw ရုပ်ရှင် Franchise ရဲ့ ၈ကားမြောက် ရုပ်ရှင်ဖြစ်ပါတယ်။ သေဆုံးသွားပြီလို့ အားလုံးကထင်ထားကြတဲ့ ကွင်းဆက်လူသတ်သမား Jigsaw က ဆယ်စုနှစ်တစ်ခုအကြာမှာ ပြန်လည်ပေါ်ထွက်လာပြီး သူ့ရဲ့ထုံးစံအတိုင်း လူတွေကို ညှင်းပန်းနှိပ်စက် အပြစ်ဝန်ခံခိုင်းပြီး ရက်ရက်စက်စက် သတ်ပါတော့တယ်။ဒီတစ်ခါမှာလဲ Jigsaw က ဘယ်လိုတွေ ဖမ်းဆီးသတ်ဖြတ်ပြမှာလဲ၊သူ့ကိုရော ဘယ်လိုအမိဖမ်းကြဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ခံစားကြပါ။Budget အနေနဲ့ ဒေါ်လာ ၁၀ သန်းသာအသုံးပြုခဲ့ပေမယ့် ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိခဲ့တဲ့ကားဖြစ်သလို သွေးထွက်သံယိုအခန်းတွေ အရမ်းများတာကြောင့် မြန်မာနိုင်ငံမှာတောင် ရုံတင်ခွင့်ပိတ်ပင်ခဲ့ရတဲ့ ကားတစ်ကားဖြစ်ပါတယ်။Saw franchise ရဲ့နောက်ဆုံးကားဖြစ်သလို ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် Horror ကြိုက်တဲ့ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။

Animation • Action • Science Fiction • Adventure
6.1 2017
Jigsaw Saw 8
Juan of the Dead
6.4

Juan of the Dead ဇာတ်ကားလေးဟာ ၂၀၁၁ တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အမျိူးအစားကတော့ comedy ဆန်ဆန် zombie apocalypse အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ကတော့ ဟွမ်လို့ခေါ်တဲ့ တေလေဂျပိုး တစ်ယောက်ဖြစ်ပြီး သူရဲ့စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည် Cuba မှာပဲ နေထိုင်အလေလိုက်ချင်သူ တစ်ယောက်ပါ။ မိုင်ယာမီရောက်သွားပြီဖြစ်တဲ့ သူ့အရင်မိန်းမနဲ့ ရခဲ့တဲ့ သမီး ကမ်မီလာကတော့ သူ့အဖေကို အရင်အတိုင်း တေလေဂျပိုးလို့ ထင်ပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံခြင်းမရှိပါဘူး။ တစ်နေ့တော့ သူတို့နေတဲ့မြို့လေးမှာ zombie ဆန်ဆန် တစ်ယောက်နဲ့တစ်ယောက် ကိုက်ပြီး ရောဂါတွေ ကူးစက်ပြန့်ပွားလာပါတယ်။ ကျူးဘားအစိုးရကတော့ အတိုက်အခံတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပေါင်းပြီး ဒုက္ခပေးနေတာလို့ ပြောပါတယ်။ အဲ့ရောဂါကြောင့် ခေတ်ပျက်သွားတဲ့အခါမှာ ဟွမ်အနေနဲ့ ဘယ်လို အကျိူးရှိအောင် လုပ်မလဲ။ သူ့သမီးကကော ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမှာလဲ။ အချိန်တန်လို့ မနိုင်တော့ခဲ့ရင် ဘယ်လိုလုပ်ဖို့ ကြံစည်ကြမလဲ။ ဟွမ်တစ်ယောက် သူ့သမီးကိုကော ကာကွယ်နိုင်မှာလား စတာတွေကို ရင်ခုန်စွာ ဟာသလေး နှောပြီး ကြည့်ရမှာ ဖြစ်ပါတယ်။ zombie ကား ကြိုက်နှစ်သက်သူတွေ post apocalypse ကြိုက်သူတွေ ဒီစပိန်စကားပြောတဲ့ ရုပ်ရှင်ကားလေးကို ကြည့်သင့်ကြောင်း တိုက်တွန်းပါရစ… File size…1.92GB / 1.01GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 32m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.4 2011
Juan of the Dead
Pamali
5.5

ဒီရုပ်ရှင်လေးကတော့ အင်ဒိုနီးရှား horror game “Pamali”ကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာပါ… အင်ဒိုနီးရှားယုံတမ်းပုံပြင်တစ်ခုကို ပဟေဠိဆန်ဆန်ဗီဒီယိုဂိမ်းအဖြစ် ထုတ်ဝေခဲ့တုန်းက လူကြိုက်များခဲ့သလို အခုတစ်ခါမှာတော့ ရုပ်ရှင်အဖြစ်မြင်တွေ့ရမှာပါ “Pamali”ဆိုတာက ဘာသာရေး၊ ယုံကြည်မှုတို့အရ မလုပ်သင့် မလုပ်အပ်သည်ကို ညွှန်းချင်တာပါ…။ ငယ်ငယ်တုန်းကဆိုကြားဖူးကြမှာပါ… ညဘက်ကြီးလက်သည်းမညှပ်နဲ့၊ ညဘက်အိမ်ပြန်လာရင် ဖတ်၊ဖတ်၊ဖတ် သုံးခါရွတ်တို့ ဘာတို့ပေါ့….။ မဟုတ်ရင် မကောင်းဆိုးဝါးကပ်တတ်တယ်ဘာညာပေါ့….။ ခုဇာတ်လမ်းလေးကလည်း ဒီလိုတားမြစ်ချက်တွေကို မလိုက်နာမိလို့ ကံကြမ္မာဆိုးဝင်ခဲ့ရတဲ့ မိသားစုအကြောင်းပုံပြင်လေးပါ…။ အင်ဒိုကားတွေက သိပ်ညွှန်းစရာမလိုအောင် သူ့ရသနဲ့သူရှိပြီးသားမို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါဗျာ… File size…1.51 GB / 554 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Comedy
5.5 2022 99 mins
Pamali
Cleanskin
6.2

Clean skinဆိုတာ ယူကေမှာ အကြမ်းဖက်မှု ရာဇဝတ်မှုတွေအတွက်အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရခြင်း မရှိတဲ့သူ အပြစ်ကင်းစင်သူတွေကိုသုံးတတ်တဲ့အသုံးပါ ကျွန်တော်ကတော့ သိုးဖြူလေးတွေလို့ သုံးချင်တယ် ဒီဇာတ်လမ်းကတော့ လန်ဒန်မှာအသေခံဗုံးဖောက်ခွဲခံရမှုတွေ ဖြစ်လာတဲ့အခါ ဒီကိစ္စအတွက် ဇာတ်လိုက်မင်းသားက တရားမဝင်လိုက်လံစုံစမ်းရတဲ့ ဇာတ်ကားမျိုးပါပဲ ဒါပေမဲ့ သာမန်ဇာတ်လမ်းတွေနဲ့ကွဲထွက်နေတာကတော့ ဂျိမ်းစ်ဘွန်း ကားတွေလို မင်းသားကအမြဲမှန် ကျင့်ဝတ်တွေနဲ့ညီတဲ့ နိုင်ငံကြီးသား ဇာတ်လမ်းမျိုးတွေမဟုတ်ပဲ ဒီကားမှာတော့နှစ်ဖက်လုံးဟာ အနိုင်ရဖို့အတွက်ဆို လမ်းမှာပိတ်နေတဲ့သူတွေကို ငဲ့ကွက်ညှာတာ‌ နေတာမျိုးမရှိပဲ အကြမ်းပတမ်းချနေကြတဲ့ကားမျိုးပါ တိုက်ကွက်တွေဆိုရင်လည်း မင်းသားကကျည်မထိဗုံးမထိ ဖြစ်နေတာမျိုးမဟုတ်ပဲ လက်တွေ့နဲ့အတော်နီးစပ်တဲ့တိုက်ခန်း ခိုက်ခန်းတွေပါ . . အက်ရှင်ဇာတ်ကားဆိုပေမဲ့ သမားရိုးကျ လူကြိုက်များမဲ့ဇာတ်လမ်းမျိုးမဟုတ်ပဲ စစ်ပွဲတွေရဲ့အနိဌာရုံတွေ လူတွေရဲ့ယုံကြည်မှုတွေ ဘယ်သူမှားလဲဘယ်သူမှန်လဲကို ဝေဝါးမေးခွန်းထုတ်နေရမဲ့ အရာတွေပါတဲ့ဇာတ်အိမ်မျိုးပဲဖြစ်ပါတယ် ဒီဇာတ်ကားကို Lord of the Rings, Games of Thrones စတဲ့ ဇာတ်လမ်းတွေရော တခြားနာမည်ကြီးဇာတ်ကားများစွာမှာ ပါသရုပ်ဆောင်ဖူးတဲ့ မင်းသားကြီး Sean Bean ကသရုပ်ဆောင်ထားပါတယ် File size…1.92GB / 823MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

6.2 2012
Cleanskin
Magic Magic
5

Magic Magic (2013) IMDb: 5.0/10 Rotten Tomatoes: 68% Magic Magic ဟာ ၂၀၁၃ ခုနှစ်ထွက်ကြည့်ပျော်ရှုပျော်ရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ အရမ်းကြီးလည်းမကောင်းသလို အရမ်းကြီးလည်းမဆိုးပါဘူး။ ဇာတ်ညွှန်း အလီစီယာ ဟာ ဆာရာရဲ့ ညီမဝမ်းကွဲဖြစ်ပါတယ်။ ဆာရာ ဟာ သူ(မ)သူငယ်ချင်းတွေနဲ့ ချီလီတောင်ပိုင်းဘက်ကိုအလည်အပတ်ထွက်ဖို့ လုပ်ခဲ့ပါတယ်။ အဲလိုမျိုးထွက်တာကို အလီစီယာကိုပါခေါ်သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာရာ ဟာ ကိစ္စတစ်ခုကြောင့် ခရီးတစ်ဝက်မှာနောက်ပြန်လှည့်ပြီး နောက်နေ့မှလိုက်လာခဲ့မယ်လို့ပြောခဲ့ပါတယ်။ အဲဒါကြောင့် အလီစီယာဟာတစ်ယောက်တည်း အရင်ပါသွားခဲ့ပါတယ်။ စစချင်းမှာ အလီစီယာကနည်းနည်းထူးဆန်းနေခဲ့ပါတယ်။ ဒါကိုဘယ်သူမှမသိခဲ့ပါဘူး။ ဒါပေမယ့်လည်း ကြာလာလေလေ အလီစီယာက ထူးဆန်းလေလေဖြစ်လာခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မှာလည်းဆိုတာကိုတော့ကြည့်လိုက်ကြပါ။ File size… 1.4 GB / 737 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

Drama • Comedy
5 2013
Magic Magic
Kamui
5.6

Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။ IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့ တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5.6 2009
Kamui
Sorry, Charlie
5.1

ရာဇဝတ်မှုတစ်ခုမှ ရှင်သန်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ ရှားလော့ဟာ လုပ်အားပေးအနေနဲ့ တယ်လီဖုန်းပေါ်ကနေ အကူအညီလိုသူများကို ကူညီပေးနေရင်း စိတ်ဒဏ်ရာများကို ကျော်လွှားနေပါတယ်။ ရှားလော့အပါအဝင် တခြားအမျိုးသမီးငယ်လေးများကို အဓမ္မမှုကျူးလွန်ပြီး သတ်ပစ်တတ်သော ရာဇဝတ်ကောင်ကို ဖမ်းမိပြီဟု ရဲဌာနမှလည်း ကြေငြာချက်ထုတ်ထားပြီးဖြစ်ပါတယ်။ သို့သော်ရှားလော့ စိတ်ထဲတွင် တရားခံအစစ်ကို မဖမ်းမိသေးပဲ သူ့ရှေ့ကိုရောက်လာမည်ယုံကြည်နေရာမှ တစ်နေ့ သူယုံကြည်ထားသလို တရားခံက သူ့ရှေ့ကိုရောက်လာမလား ရှားလော့တစ်ယောက်စိတ်ဒဏ်ရာကြောင့် ထင်ယောင်ထင်မှားဖြစ်နေတာလား၊တရားခံပေါ်လာရင်ရော ရှားလော့တစ်ယောက် ရင်ဆိုင်နိုင်ပါ့မလား စသည်ဖြင့်သည်းထိပ်ရင်ဖို ကြည့်ရမည့်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ File size…(300 Mb) Quality….Webrip 720p Format… mp4 Duration…. 01:15:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5.1 2023
Sorry, Charlie
4PM
5.9

4PM (2024) ************ ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးအတွက် စာရေးဆရာမ Amelie Notomb ရဲ့ ဝတ္ထုကို အခြေခံထားတဲ့ ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်… ဒီကားလေးမှာတော့ love next doorထဲမှ မင်းသမီးကြီးJang Young Nam, Miracle in Cell No. 7မှ မင်းသားကြီး Oh Dal-su, Reply 1994 မှ Min Do-heeနဲ့ The Plotထဲမှ မင်းသားကြီး Kim Hong-pa တို့မှ ပါဝင်ထားပါတယ် .. ဇာတ်လမ်းအညွှန်း ************* အီဂျောင်အင်း(Oh Dal-su)ဟာ အတွေးအခေါ်ပညာရှင် ပါမောက္ခကြီးတစ်ဦးဖြစ်ပါတယ်.. တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ နယ်မြို့လေးမှာ ဇနီးသည်နှင့်အတူအေးအေးချမ်းချမ်း နေထိုင်လိုတာကြောင့် ကျောင်းကနေခွင့် တစ်နှစ်ယူပြီး နယ်ဘက်ကို ပြောင်းရွှေ့ခဲ့ပါတယ်.. ။ အေးအေးချမ်းချမ်းနေချင်တဲ့ သူတို့လင်မယားရဲ့ဘဝလေးထဲကို ဝင်ရောက်နှောင့်ယှက် လာသူကတော့ ဘေးအိမ်မှာ နေထိုင်တဲ့ ဆရာဝန်ကြီး(Kim Hong-pa)ပါပဲ .. ။ အဲဒီဆရာဝန်ကြီးဟာ ညနေ ၄ နာရီရောက်တိုင်း အိမ်ကိုရောက်လာပြီး စကားကို တိုတိုတုတ်တုတ်ပဲ ပြောကာ ၆နာရီ ထိုးတဲ့အထိ ငုတ်တုတ်ထိုင်နေခဲ့ပါတယ် .. တစ်ရက်နှစ်ရက်မကဘဲ နေ့တိုင်း ၄နာရီအတိမှာ အိမ်ကို အတင်းဝင်ရောက်လာပြီး ၆နာရီအတိမှာ ဘာမှမပြောဘဲ ပြန်သွားတတ်တဲ့ ထိုဆရာဝန်ကြီးကြောင့် ပါမောက္ခကြီး လင်မယားဟာ စိတ်မွန်းကျပ်လာပြီး အိပ်မပျော်တဲ့ရောဂါအထိပါ စွဲကပ်လာပါတော့တယ် .. ပါမောက္ခကြီးလင်မယားက အဲဒီအိမ်ကလေးမှာ အေးအေးချမ်းချမ်းနေသွားနိုင်ပါ့မလား .. ၄နာရီအတိမှာရောက်လာတဲ့ အဲဒီဆရာဝန်ကြီးကရော သွေးရိုးသားရိုးဟုတ်ရဲ့လားဆိုတာကို CM နဲ့အတူ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားလိုက်ကြရအောင်နော် .. ။ (အညွှန်းကို Htoo Pyae မှ ရေးသားထားပါတယ်) File size…1.70GB / 677MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 51 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi, Hnin Wai Oo, Htoo Pyae & Esther Encoded by AHtet

Horror • Thriller
5.9 2024 109 mins
4PM