YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

May December Romance.2021.EP7.mp4

686.19 MB N/A video/mp4 416 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Five Feet Apart
8.3

သင်တို့သင်တို့သိပ်ချစ်ရတဲ့ ချစ်သူကိုလက်လွှတ်ဆုံးရံှူးရရင် အရမ်းကိုဝမ်းနည်းနေကြမှာလား... သိပ်ကိုဝမ်းနည်းကြမှာပေါ့ ... ကိုယ်သိပ်ချစ်ရတဲ့လူပဲလေ... ထပ်မေးချင်တာက သင်တို့ရဲ့ချစ်သူ စိတ်ကောက်နေတဲ့အခါမှာ အနားမလာနဲ့ ဖုန်းမဆက်နဲ့လို့ ပြောလိုက်ရင် သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား... သိပ်ကိုခံစားကြမယ်ထင်ပါတယ်... ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့ အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး... ဒါပေမယ့်  ဒီကားထဲကကောင်လေးနဲ့  ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့ သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး.... သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး... ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ်  ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့ သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ.... Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့ riverdaleရဲ့မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ် cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကို ဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါ ရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ် (ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ကြည့်လိုက်ပါနော်) ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ... ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခု နောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ... ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ... ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ ... ဒီကားလေးကိုကြည့်ပြီး သင်တို့လည်း သင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့  ၁ ပေအကွာမှာတောင် နေလို့ရလား .... သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား... တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်း ရတဲ့ အချိန်လေးမှာ ချစ်ကြပါ... ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ.... File Size : (1 GB) & ( 414 MB) Quality : WEB-DL 720p Running Time :  1 hr 56 min Format : Mp4 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin

Comedy
8.3 2019 116 mins
Five Feet Apart
Looking Up
6.1

Looking Up (2022) ဒီလိုကားမျိုးကို ရီဗျူးရေးဖို့ အများကြီးစဉ်းစားရပါတယ်။ ဇာတ်လမ်းကကောင်းပြီး ရီဗျူးချာသွားမှာဆိုးလို့ပါ။ ရီဗျူးကို သည်းခံဖတ်ပြီး ဘယ်လိုနေနေ ဇာတ်ကားကိုတော့ဒေါင်းပြီးကြည့်လိုက်ကြပါ။ ပေးရတဲ့အချိန်နှစ်နာရီခွဲနဲ့တန်အောင် ကြည့်ရမှာပါ။ ဘာသာပြန်နေရင်းနဲ့တောင် ကြက်သီးမွှေးညင်းထရတဲ့အထိ ဒိုင်ယာလော့ခ်တွေက ထိမိသလို Deng Chao၊ Bai Yu၊ Li Jianyi တို့လိုဝါရင့်သရုပ်ဆောင်တွေမို့ အကယ်ဒမီရှော့ခ်ပါပဲဗျာ။ တရုတ်ပြည်ရဲ့အသက်အငယ်ဆုံး အာကာသယာဉ်မှူးဖြစ်တဲ့ မာဖေး အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး တရုတ်ပြည်ရဲ့ ပြောင်းလဲဖို့ကြိုးစားနေတဲ့ ပညာရေးစနစ်အပြင် မိဘနဲ့သားသမီးကြားက သံယောဇဉ်နဲ့ယုံကြည်မှုကို အဓိကရိုက်ပြထားပါတယ်။ တုန်းဖေနယ်ရဲ့ ဂုဏ်ထူးဆောင်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဟောက်ဝန်က သူဒီဇိုင်းဆွဲထားတဲ့တံတားကြီး ပြိုကျပျက်ဆီးသွားလို့ ရှိသမျှအပြစ်တွေအကုန်လက်ခံလိုက်ပြီး ထောင်ကျခဲ့ပါတယ်။ သူအရမ်းချစ်တဲ့သားလေး မာဖေးကတော့ ဉာဏ်မမှီတဲ့သူဆိုပြီး လူတွေအားလုံးက လက်ညှိုးထိုးနေကြတဲ့ ထူးခြားတဲ့ကလေးတစ်ယောက်ပေါ့။ ခုနစ်နှစ်ကြာပြီး မာဖေးကျောင်းထုတ်ခံရတဲ့အချိန်ကျမှ သားအဖနှစ်ယောက်ပြန်တွေ့ကြပါတယ်။ အဲ့ဒီအချိန်ကစပြီး ဖခင်တစ်ယောက်က ကလေးတစ်ယောက်ကို စိတ်ဓါတ်သန်မာလာအောင်၊ ပြဿနာနဲ့ကြုံတွေ့ရင် ဖြေရှင်းတတ်အောင်၊ စဉ်းစားတတ်အောင် ဘယ်လိုမျိုးလေ့ကျင့်ပေးလဲဆိုတာကို ဒီကားလေးကြည့်ပြီး အတူတူလေ့လာလိုက်ကြရအောင်နော် ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 2.3GB | 1.1GB | 533MB Format… mp4 Duration….2h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JoJoVa Encoder ….. August

Fantasy • Horror
6.1 2019 147 mins
Looking Up
Backcountry
6

Backcountry(2014) ============== Backcountry ဆိုတဲ့ Survival Thriller ဇာတ်ကားလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် မွန်းကျပ်လှတဲ့ နေ့စဉ်လူမှုဘဝထဲကနေ ရုန်းထွက်ပြီး တောတောင်ရေမြေ အလှအပကို ခံစားဖို့အတွက် တောတွင်းခရီးစဉ်တစ်ခု ထွက်လာခဲ့တဲ့ အဲလက်စ် နဲ့ ဂျန်းတို့စုံတွဲ.. မထင်မှတ်ဘဲ လူထူးဆန်း ဘရက်ဒ်နဲ့ စတင်တွေ့ဆုံရချိန်. အဲလက်စ် နဲ့ ဂျန်းကြားမှာ ကတောက်ကဆမီးပွားလေးများ စတင်ဖြစ်ပေါ်လာရင်း. လူသူမရောက်တဲ့နေရာမှာ မမျှော်လင့်ထားတဲ့အန္တရာယ်တွေ ကြုံလာရချိန် ဘယ်လိုတွေ ဖြေရှင်းကြမလဲ. လူသားနဲ့သားရဲကောင် ကြားက အသက်လုပွဲ. ၊ survival ဆိုတဲ့အတိုင်း အသက်ရှင်သန်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရမလဲ၊ ကံ၊ ဉာဏ်၊ ဝီရိယ စိုက်ထုတ်ရမလဲ ဆိုတာကို ထင်ဟပ်ပြသထားတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို CM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.29GB / 543.9MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 32m Genre ….. Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

6 2014
Backcountry
Chang Can Dunk
6.4

Chang Can Dunk (2023) ~ IMDb – 6.4/10, Rotten Tomatoes – 95% ~ 2023 ဒီလထဲမှာမှ လတ်လတ်ဆတ်ဆတ် Disney+ က​နေထွက်ထားတဲ့ အားကစား လူငယ်ဒရာမာကား​လေးနဲ့မိတ်ဆက်​​ပေးလိုက်ပါတယ်။ ၁၆ နှစ်အရွယ် အရပ် ၅​ပေ ၈လက်မ အာရှလူမျိုး ချန်း။ အာရှမိသားစုက ဆင်းသက်လာသူပီပီ အိမ်ကအ​မေက စာကိုပဲတစ်စိုက်မတ်မတ်လုပ် ပညာ​ရေးဘက်ကို အားသန်​နေ​သော်လည်း မိမိကိုယ်တိုင်က ဘက်စကက်​ဘောအားကစားကိုရူးသွပ်​နေတဲ့ ချန်းတစ်​ယောက်… အရပ် ၅​ပေ ၈လက်မဆိုတာ ဘက်စကက်​​ဘောအားကစားအတွက် ​သိပ်​ဘောင်မဝင်တာ​ကြောင့် မတ်ရဲ့ အနိုင်ကျင့်မှု​တွေ နှိမ်တာ​တွေကို ခံ​​နေရတဲ့ချန်း… တစ်​နေ့ ​ကျောင်းသူအသစ် ခရစ်စတီ ​ကျောင်းကို​ရောက်လာ​တော့ ချန်းနဲ့ မတ် အပြန်အလှန် ပိုးပန်းရင်း မခံချင်စိတ်နဲ့ ဘက်စကက်​ဘောအားကစားနည်းမှာ အခက်ခဲဆုံးနည်းတစ်ခုဖြစ်တဲ့ ခုန်သွင်းနည်း(Dunk) ကို လုပ်နိုင်မလုပ်နိုင် မတ်နဲ့​လောင်းလိုက်မိတဲ့အခါ… မတ်နဲ့ စိန်​ခေါ်ထားတာကို လုပ်နိုင်ဖို့ နည်းပြရှာရင်း ယူကျူ့​​ပေါ်က ဒီရွန်းဒ​ရေးနဲ့​တွေ့တဲ့အခါ ဘယ်လို သ​ဘောတူညီမှု​တွေလုပ်လဲ… ဘယ်လိုကြိုးစားခဲ့ရလဲ… ​နောက်ဆုံး တကယ် လုပ်နိုင်သွားလား ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို လူငယ်ဆန်ဆန် ​ပေါ့​ပေါ့ပါးပါး​လေးကြည့်ရမယ့်ကား​လေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 950MB Quality – 1080p, 720p IMDb Rating – 6.410 Format – mp4 Duration – 1H 49Min Genre – Drama, Family, Sport Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2023
Chang Can Dunk
Trauma Therapy: Psychosis
4

Trauma Therapy: Psychosis (2023) ========================= တိုဘင်ဗန့်စ်ဟာ “အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့ ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့ ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့”ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး ‘ရလဒ်’တွေကိုပဲ အာ ရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါ အမျိုးမျိုးခံစား‌နေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေး တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင် တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့ တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကု‌သရေးစင်တာ က တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။ ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကို အခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်း ကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1 GB) / (359 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator……Ngwe Zin Encoder……….SWM

Crime • Drama • Mystery • Thriller
4 2023 82 mins
Trauma Therapy: Psychosis
Armageddon
6.7

Armageddon (1998) (Disaster Film/Thriller) နာမည်ခပ်ဆန်းဆန်းဆိုတော့ ကြည့်ဖူးပြီးသားသူတွေက မှတ်မိနေမှာဖြစ်ပေမယ့် မကြည့်ဖူးသေးတဲ့ သူတွေအတွက် တော့ အနည်းငယ် ခေါ်ရခက်နေမယ်ထင်ပါတယ်။ Armageddon ဆိုတာက သမ္မာကျမ်းစာထဲက စကားလုံးဖြစ်ပြီး End of the things အရာအားလုံးရဲ့ အဆုံးသတ်လို့ အဓိပ္ပာယ်ရပါတယ်။ Armageddon ရဲ့ အစက …. NASA လွန်းပျံယာဉ် Atlanti က အာကာသမှာ စူးစမ်းရေးလုပ်နေစဉ်မှာပဲ ဥက္ကာပျံ ထိမှန်ပြီး ပျက်စီးသွားခဲ့ပါတယ်။ NASA သူတို့ယာဉ်ပျက်စီးတဲ့အကြောင်းရင်းကို ရှာဖွေရင်း ယာဉ်ပျံကို Texas ပြည်နယ်နီးပါးကြီးမားတဲ့ ဥက္ကာပျံ က ဝင်တိုက်မိပြီး ပျက်ဆီးသွားခြင်းဖြစ်တယ်ဆိုတာကို သိရှိခဲ့ပါတယ်။ ဒါပေမယ့် ဥက္ကာပျံက အာကသယာဉ်ကို ပျက်စီးသွားစေရုံပဲလားဆိုတော့ မဟုတ်ပါဘူး။ ဒီဥက္ကာပျံရဲ့ လမ်းကြောင်းက ကမ္ဘာမြေကို ဦးတည်နေပြီး လက်ရှိ အရှိန်နှုန်းနဲ့ အရွယ်အစားအရ ကမ္ဘာကို တိုက်မိမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးသွားပြီး ဒိုင်နိုဆောတွေ မျိုးတုန်းသလို လူသားတွေမျိုးတုန်းသွာမယ်လို့ တွက်ချက်ခန့်မှန်းရပါတယ်။ လက်ရှိမှာလည်း တစ်ချို့ ဥက္ကာပျံအစိတ်အပိုင်းတွေကမ္ဘာပေါ်ကျရောက်လောက်ပြီး လူတစ်ချို့က အသက်အိုးအိမ်တွေ ပျက်စီးနေကြပါတယ်။ အန္တရယ်အများဆုံးနဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဥက္ကာပျံက ကမ္ဘာကြီးကို (၁၈)ရက် နေရင် ကျရောက်လာတော့မှာပါ။ ဒီအန္တရယ်ဆိုးကြီးမှ လွတ်မြောက်ဖို့အတွက် NASA အကြီးအကဲ Dan Truman က ဥက္ကာပျံဆီရောက်အောင်သွားပြီး အဲဒီဥက္ကာပျံရဲ့ အတွင်းအလယ်ဗဟိုနေရာအထိ တွင်းတူးကာ nuclear ဗုံးကို ထည့်ခွဲရင် ၎င်းဥက္ကာပျံကြီး အစိတ်စိတ်အမွှာမွှာကွဲကာ.. ကမ္ဘာမြေနဲ့ ဝေးရာကို လွင့်စင်သွားမှာဖြစ်လို့ အဲဒီလိုနည်းနဲ့ ဖြေရှင်းမယ်လို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် ဒီလို အန္တရယ်မျိုးတွေ ကျရောက်လာရင် ဖြေရှင်းနိုင်အောင်လို့ ကြိုတင်တွက်ချက်ကာ.. ရေနံတွင်းတူးစက်(Drilling Machine) နဲ့ ပုံစံတူ ယာဉ်ပုံစံဒီဇိုင်း ထုတ်ထားတာရှိပေမယ့် စက်ကို ကိုင်တွယ်အသုံးပြုဖို့ တော့ အာကသယာဉ်မှုးတွေကို သင်တန်းပေးတုန်းရှိပါသေးတယ်။ အဲဒီတော့ကာ… Harry Stamper သူက အရမ်းတော်တဲ့ အတွေ့အကြုံပြည့်ဝတဲ့ Drilling Engineer တစ်ဦးဖြစ်ပြီး သမီးဖြစ်သူ Grace ကိုလည်း သူနဲ့အတူ ကမ်းလွန်ရေနံတွင်းတူးစဉ်မှာအတူအလုပ်လုပ်ကိုင်ဖို့ ခေါ်ထားတဲ့ သမီးကိုအလွန်ချစ်တဲ့ ဖခင်ကောင်းတစ်ဦး.. နောက်တစ်ခုက NASA က တီထွင်ထားတဲ့ ယာဉ်ပျံရဲ့ အတုခိုးထားရတဲ့ Drill Design ကို ဖန်တီးရေးဆွဲသူတစ်ဦး A.J သူကတော့ Harry ရဲ့လက်အောက်မှာ (၅)နှစ်ခန့် တာဝန်ထမ်းဆောင်နေတဲ့ Drilling Enginner ဖြစ်ပြီး Harry ရဲ့ သမီး Grace နဲ့ မေတ္တာမျှနေတဲ့ ထက်မြက်ပြီး တစ်ဇွတ်ထိုးခေါင်းမာတဲ့ လူငယ်လေး တစ်ဦး…. ဒါ့အပြင် ရေနံစင်ပေါ်မှာ သက်စွန့်ဆံဖျားလုပ်ကိုင်နေကြတဲ့ Harry ရဲ့ ဆိုးတူကောင်းဖက် ရဲဖော်ရဲဖက်တွေဖြစ်တဲ့ Chick, Rockhound, Oscar, Bear, Max စတဲ့ လူတစ်စုကလည်း ရေနံစင်ပေါ်မှာ နေ့စဉ်လုပ်ကိုင်မြဲဖြစ်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ကိုင်နေတုန်းမှာပဲ… FBI က Harry ကို NASA စခန်းဆီသို့ ခေါ်ဆောင်ပြီး ယာဉ်ပျံပေါ်လိုက်ပါကာ ဥက္ကာပျံကို ဖျက်ဆီးရာမှာ တာဝန်ယူဆောင်ရွက်ပေးဖို့ စေခိုင်းပါတယ်။ Harry ကလည်း သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ အတူတကွ ပူးပေါင်းလုပ်ကိုင်လိုကြောင်း ပြန်လည်တောင်းဆိုတဲ့အခါမှာ NASA က တာဝန်ရှိသူတွေကလည်း သဘောတူလက်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းနဲ့ လူနှစ်စုခွဲပြီး ကမ္ဘာကထွက်ဖို့ အတွက် လိုအပ်တဲ့ စစ်ဆေးမှုတွေ လေ့ကျင့်မှုတွေကို ပြုလုပ်ပြီး အစီအစဉ်ဆွဲကြပါတော့တယ်။ ယာဉ်(၂)စင်းက လမ်းတစ်ဝက်မှာ Russia အာကာသယာဉ်စခန်းမှာ ဆီဖြည့်ပြီး လကိုပတ်ကာ ဥက္ကာပျံဆီ သွားရဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် တင်လွှတ်တဲ့ အာကာသယာဉ်တိုင်းက ရည်ရွယ်ရာနေရာကို အောင်မြင်စွာရောက်သွားတဲ့ ယာဉ်တွေရှိသလို လမ်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ဆီးသွားခဲ့တဲ့ အတွေ့အကြုံတွေရှိတယ်ဆိုတာ အားလုံးက သိရှိနားလည်ထားပြီးဖြစ်ကြတဲ့အလျှောက်.. Freedom နဲ့ Independence ဆိုတဲ့ ယာဉ်ပျံနှစ်စင်းကရော ကမ္ဘာမြေကို ကယ်တင်နိုင်ပါ့မလား.. သူတို့အတွက်အပြန်လမ်းရောရှိပါ့မလားဆိုတာ… ဒီဇာတ်ကားမှာ Disaster Film/Thriller သက်သက်မဟုတ်ပဲ Harry ရဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်း နဲ့ စိတ်ဓာတ် သူရွေးခြယ်ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ရဲဘော်ရဲဖက်စိတ်ဓာတ် .. AJ နဲ့ Grace တို့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေကိုလည်း တွေ့မြင်ခံစားရမှာပါ.. သရုပ်ဆောင်တွေကိုတော့ ကျွန်တော်ဒီကားကို စစကြည့်ကြည့်ချင်းမှာ ဘယ်သူတွေမှန်းသိပ်မသိဘူးဗျ.. (ကျွန်တော် ၉တန်းလောက်က ပထမဆုံးကြည့်ဖူးတာမို့လို့) နောက်ပိုင်း ပြန်ကြည့်ကာမှပဲ.. Harry အဖြစ် Die Hard မင်းသားကြီး Bruce Willis A.J အဖြစ် Bat Man ကြီး Ben Affleck Grace အဖြစ် Liv Tyler တို့အပြင် သရုပ်ဆောင်ကောင်းများစွာပါဝင်အားဖြည့်ထားပါတယ်။ 1998က ထွက်တယ်ဆိုပေမယ့် ခုချိန် ကြည့်လဲ ဆက်တင်ပိုင်းတွေက ခေတ်မှီဆဲပါ Budget USD 140Millions သုံးပြီး USD 553.7 Millions ရရှိလောက်သည်အထိ အောင်မြင်ခဲ့ပါတယ်။ Movie Soundtruck တစ်ပုဒ်ဖြစ်တဲ့ Aerosmith အဖွဲ့ရဲ့ I Don’t Want to Miss a Thing သီချင်းလေးကလဲ Aerosmith ရဲ့ အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့အတိုင်းပဲ နားထောင်လို့ အတော်ကောင်းသဗျ။ ထွက်ထားတာကြာပေမယ့် အခုချိန်မှာထိခေတ်မှီပြီးကြည့်ကောင်းနေတာမို့ Bruce Willis Collection ဒါမှမဟုတ် Ben Affleck Collection အခွေတွေထဲမှာ ပြန်ရှာဝယ်လို့ရနိုင်မယ့် ကားတစ်ကားဖြစ်မယ်ထင်ပါတယ်။ #Admin_Y (ရုပ်ရှင်အညွှန်းကို Nucleon FB Page မှ ကူးယူဖော်ပြထားပြီး ရုပ်ရှင်ဘာသာပြန်ကိုတော့ Myo Min Aung(MMA) မှခံစားတင်ဆက်ထားပါတယ်။)

Drama • Western
6.7 1998 151 mins
Armageddon
Cocaine Godmother
5.6

လက်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ရုပ်ရှင်အဖြစ် ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ အတုယူလေးစားစရာ ပုဂ္ဂိုလ်မျိုးမဟုတ်ဘဲ ကိုလမ်ဘီယာကနေ အမေရိကကို ပြောင်းလာတဲ့ မူးယစ်ဆေးရာဇာကြီးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Cocaine Godmother ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ မာဒီရီနာဘလန်ကိုဆိုတဲ့ အမျိုးသမီးက ကိုလမ်ဘီယာနိုင်ငံ မယ်ဒီအင်မြို့မှာ မိသားစုအတွက် ရုန်းကန်နေရတဲ့ သာမန်အမျိုးသမီး တစ်ယောက် ဖြစ်ပါတယ်။ အလုပ်မည်မည်ရရ မလုပ်တဲ့ ယောက်ျားကြောင့် သား ၃ ယောက်ကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့က မလွယ်ကူခဲ့ဘူး။ ထမင်းနပ်မှန်အောင် စားရဖို့တောင်မှ မနည်းရုန်းကန်ခဲ့ရသူပါ။ တစ်ရက်မှာတော့ ယောက်ျားရဲ့ မိတ်ဆွေဖြစ်သူနဲ့ ချိတ်ဆက်မိပြီးတော့ မူးယစ်ဆေးလောကထဲကို စတင်ဝင်ရောက်လာခဲ့တယ်။ သူဟာ ဆေးတွေကို ဖြန့်ပေးမယ်ဆိုပြီး အလုပ်ဝင်လုပ်ခဲ့တာပါ။ ဒီကိစ္စကြောင့် ယောက်ျားဖြစ်သူနဲ့လည်း ကွဲသွားခဲ့ပြီးတော့ မူးယစ်ဆေးလောကထဲကို လုံးဝခြေစုံချခဲ့တော့တာပါ။ သာမန်အကူဘဝကနေ သူ့ရဲ့ ဉာဏ်ပြေးမှုကြောင့် မူးယစ်ဆေးလောကမှာ နာမည်ကြီး ဘိန်းရာဇာတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သား ၃ ယောက်ကလည်း သူ့အမေနဲ့အတူ ဒီအလုပ်ကိုပဲ ကူညီလုပ်ပေးခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင်တော့ သူ့ဘဝတစ်လျှောက်မှာ ဘယ်လိုနည်းလမ်းတွေနဲ့ ဆေးတွေကို ဖြန့်ဖြူးခဲ့သလဲ၊ စီးပွားပြိုင်ဖက်တွေကို ဘယ်လိုလက်စဖျောက်ပစ်ခဲ့လဲ၊ နှစ်အတော်အကြာအထိ အဖမ်းမခံရဘဲ ဘယ်လိုရှောင်ထွက်နိုင်ခဲ့လဲ၊ နောက်ဆုံးမှာရော သူ ဘယ်လိုအဆုံးသတ်သွားခဲ့လဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်သူရဲ့ အမြင်ကိုပြောရရင်တော့ ဒီဇာတ်ကားက တခြား အတ္ထုပ္ပတ္တိရုပ်ရှင်တွေလို ပျင်းစရာကောင်းမနေဘဲ ဇာတ်လမ်းတစ်လျှောက် ကြည့်ရှုသူကို ဆွဲခေါ်နိုင်တယ်လို့ ထင်မြင်မိပါတယ်။ ဒါကြောင့် အချိန်ပေးပြီး ကြည့်ရှုမယ်ဆိုရင်လည်း အချိန်ကုန်ရတာ အလဟဿမဖြစ်စေရဘူးလို့တော့ ခံစားမိတာမလို့ အားလုံးကို ကြည့်ရှုကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size… 2 GB / 852 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

5.6 2017 100 mins
Cocaine Godmother
Unravel: A Swiss Side Love Story
5.2

Unravel : A Swiss Side Love Story (2023) ဘဝရဲ့ အခက်အခဲတွေများလာပြီး မွန်းကျပ်လာတဲ့အခါမျိုးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်တွေပေါက်တတ်ကြတယ်မလား၊ ဒီလို သတ်သေချင်တဲ့သူတွေကို သူတို့ရဲ့ဆန္ဒတွေပြီးမြောက်သွားစေဖို့ ကူညီပေးတဲ့ ဆေးရုံက ဆွဇ်ဇာလန်နိုင်ငံမှာ တည်ရှိပြီး ဒီလိုကူညီပေးတာဟာ သူတို့နိုင်ငံမှာတော့ တရားဝင်ပါတယ်။ လူစီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ မိသားစုပြဿနာလေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အတွက် ဆွဇ်ဇာလန်နိုင်ငံက အဲဒီဆေးရုံကို လာခဲ့ပြီး ဆွေးနွေးရာကနေ လူစီဟာ တကယ်ပဲ သတ်သေချင်ရဲ့လားဆိုတာကို ပြန်စဉ်းစားခိုင်းလိုက်ပါတယ်။ ဒီလိုနဲ့ ဆွဇ်ဇာလန်ကို လည်ပတ်ကြည့်ရင်း နိုအာဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ နိုအာကတော့ လူတိုင်းကို ကူညီပေးတတ်သူဖြစ်ပြီးတော့ လူစီနဲ့တွေ့တော့ လူစီ့အကြောင်းတွေသိပြီးတဲ့နောက်မှာ လူစီရဲ့ဘဝကို ပြန်ရနိုင်ဖို့ အတက်နိုင်ဆုံး အစွမ်းကုန်ကူညီပေးပါတော့တယ်။ နိုအာက ဘယ်လိုတွေ ကူညီပေးပြီးတော့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ရဲ့ အခြေအနေတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို အရိုအချိုလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Romance, Drama Quality…. 1080p | 720p File size… 1.5GB | 785MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou Encoder ….. Aaron

Drama
5.2 2023
Unravel: A Swiss Side Love Story
A Light Never Goes Out
6.3

A Light Never Goes Out (2022) ====================== IMDb – 6.3/10 ဒီတစ်​ခေါက်မိတ်ဆက်​ပေးမှာက​တော့ LED ဆိုင်းဘုတ်​ခေတ်​မစားခင်​ခေတ်က အဏုမြူ​ချောင်း​တွေနဲ့ဆိုင်းဘုတ်​​​တွေနဲ့ ​ဟောင်​ကောင်မြို့လမ်း​ပေါ်ကို အလင်း​ရောင်စုံ​ပေးခဲ့တဲ့သူ​တွေကို ​ဂုဏ်ပြုတဲ့အ​နေနဲ့ ရိုက်ကူးပြထားတဲ့ ​ဟောင်​ကောင်ဒရာမာကား​ကောင်း​လေး A Light Never Goes Out ပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ​ဟောင်​ကောင်ရဲ့ ဥပ​ဒေအသစ်​ကြောင့် လမ်းမ​ပေါ်က အဏုမြူဆိုင်းဘုတ်အများစု ဖြုတ်ချခံရလိုက်ပြီး LED ဆိုင်းဘုတ်​တွေ အစားထိုးလာတာ​ကြောင့် အဏုမြူ​ဆိုင်းဘုတ် ​​ဘေလ်တစ်​ယောက် စီးပွား​ရေးဆုတ်ယုတ်လာပြီး ​နောက်ဆုံးအလုပ်တစ်ခုကိုလုပ်ရင်း ရုတ်တရက်ဆုံးပါးသွားပါတယ် ​​ဘေလ်ရဲ့ ဇနီးဖြစ်သူ ဟွမ်တစ်​ယောက် ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး​နောက် အတိတ်ကအမှတ်တရ​တွေကို သတိရရာက​နေ အလုပ်ရုံအသွား ​ဘေလ်ရဲ့ တပည့်ဆိုသူ လီယိုနဲ့​တွေ့ဆုံခဲ့ပြီး​နောက် ​ဘေလ်တစ်​ယောက် အပြီးမသတ်လိုက်ရတဲ့ ဆန္ဒတစ်ခုရှိ​ကြောင်းသိလိုက်ရပါတယ် ခင်ပွန်းသည်ရဲ့ ​နောက်ဆုံးဆန္ဒကို ဖြည့်ဆည်း​ပေးချင်တာ​ကြောင့် ဟွမ်တစ်​ယောက် လိုက်စုံစမ်းရင်း အရင် အတိတ်ကအမှတ်တရ​လေး​တွေပါ စုမိသလိုဖြစ်လာပါတယ် အမှတ်တရ​တွေမှာ ​​ပျော်စရာ ဝမ်းသာစရာ ဝမ်းနည်းစရာ​တွေနဲ့ ပြည့်နှက်​နေတာ​လေးကို ကြည့်ရှုသူကို မျိုးစုံရသ​ပေးနိုင်​အောင် ရိုက်ပြထားတဲ့ ဒရာမကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပါ ) File size_(1.6GB)/(800MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:42:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Action • Horror
6.3 2023 103 mins
A Light Never Goes Out
The Whistleblower
6.8

The Whistleblower 2014 သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ “ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား” 2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ပီဒီဆီကို ဆက်သွယ်လာပါတော့တယ်။ နိုင်ငံတကာကပါ ဩချရတဲ့ ပါမောက္ခအီဂျန်ဟွမ်ရဲ့ စာတမ်းနောက်ကွယ်က အမှန်တရားတွေကို တစ်ခုချင်း ဖော်ထုတ်အဖြေရှာသွားမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းလေးပါ။ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ မစိမ်းတဲ့ နာမည်ကြီးတွေပါပဲ။ – ဂုဏ်သိက္ခာကျဆင်းစေတဲ့ လုပ်ရပ်ကို ဆက်မလုပ်နိုင်လို့ ထွက်လာခဲ့တဲ့ ရှင်းမင်ဟိုအဖြစ် မင်းသား Yoo Yeon Seok – အမှန်တရားကို ပိုက်စိပ်တိုက်ရှာရင်း ဖော်ထုတ်မယ့် ပီဒီယွန်းမင်ချောလ်အဖြစ် မင်းသားPark Hae Il – ဇာတ်ကို ကြိုးကိုင်ချယ်လှယ်မယ့် ပါမောက္ခအီဂျန်ဟွမ်အဖြစ် မင်းသားကြီး Lee Kyung Young တို့အပြင် ထူးချွန်တဲ့သရုပ်ဆောင်တွေနဲ့ အားဖြည့် ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p File size… 1.3GB | 649MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Milkeux Encoder ….. Aaron

6.8 2014
The Whistleblower
Silence of the Prey
5.5

တစ်ချို့ယုံကြည်မှုတွေကအစွန်းရောက်လွန်းရင် လူ့အသိုင်းအဝိုင်းအတွက်ဘေးဖြစ်စေပါတယ် သူတို့အတွက်အမှန်တရားလို့ထင်နေတာတွေက တကယ်တော့ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းအတွက် ကတော့​စက်ဆုပ်စရာပါ… ဒီဇာတ်ကားလေးမှာတော့ နီနာတို့ဟာအမေတစ်ခု သမီးတစ်ခုဘဝလေးဖြစ်ပြီးတော့ ဘီလာရုစ်မှာ နိုင်ငံရေးကြောင့် အဖမ်းခံရမှာစိုးလို့အမေရိကကို တရားမဝင်ရွှေ့ပြောင်းထွက်ပြေးလာကြတာပါ မယ်ရီဆိုသူရဲ့အချိတ်အဆက်နဲ့ လူသာဆိုတဲ့အဘိုးကြီးဆီမှာ အိမ်အကူလုပ်ပေးဖို့ရောက်လာရာကနေ နီနာတို့သားအမိဟာမထင်မှတ်တာတွေကြုံတွေ့ရပါတော့တယ် အစပိုင်းမှာအဆင်ပြေသလိုထင်ရပေမယ့် မထင်မှတ်ဘဲအန်ဒရက်စ်ဆိုတဲ့သူရောက်လာချိန်မှာတော့ နီနာတစ်ယောက်ဟာသူမထင်မှတ်ထားတဲ့ အမှန်တရားတစ်ခုကိုသိလိုက်ရပါတယ် အဲဒီအလှည့်အပြောင်းမှာနီနာတစ်ယောက်ဘာတွေ ကြုံတွေ့ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်ဗျာ… File size…1.31GB / 624MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 37m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

Comedy
5.5 2024 97 mins
Silence of the Prey
Auschwitz
5

ဒီfilm ကတော့ ထုတ်လုပ်သူနဲ့ ဒါရိုက်တာ Uwe Boll ရိုက်ကူးထားတဲ့ နာဇီတွေရဲ့ ကွန်ဆန်ထရေးရှင်းစခန်း ( Concentration camp) အကြောင်းနဲ့ ဂျူးလူမျိုးတွေကို ရက်ရက်စက်စက် အဆိပ်ငွေ့တိုက် သတ်ဖြတ်ခဲ့တဲ့အကြောင်းကို လက်တွေ့ဆန်တဲ့ ရုပ်ပုံတွေနဲ့ အရှိကိုအရှိအတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ German Documentary film တစ်ပုဒ်ပဲဖြစ်ပါတယ်။ နာဇီတွေရဲ့ လူသားချင်းမစာနာ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ တကယ်လက်တွေ့ ကွန်ဆန်ထရေးရှင်းစခန်းရဲ့ ခြောက်ခြားစရာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေကို ကျောင်းသားတွေကို ဗဟုသုတနဲ့ပညာပေးဖွယ်ဖြစ်အောင် ရိုက်ကူးထားတာမို နာဇီသမိုင်းအကြောင်းစိတ်ဝင်စားပြီး အခြေခံအဆင့်ကစ သိချင်တဲ့သူတွေအတွက် လက်မလွတ်တမ်းကြည့်သင့်တဲ့ Documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ ) File size_(1.1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:12:00 Genre_Drama, War, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin

5 2011
Auschwitz
The Ruck March

The Ruck March ဆိုတာကတော့ ကန္တာရထဲမှာ 16 နာရီကြာ အလေးတွေသယ်ပြီး ခက်ခက်ခဲခဲခြေကျင်လမ်းလျှောက်ရတဲ့ပြိုင်ပွဲဖြစ်ပါတယ်။ မြို့ထဲမှာ ဒီပြိုင်ပွဲအကြောင်းလက်ကမ်းစာစောင်ဝေနေတာကိုတွေ့ခဲ့တဲ့ Alanah တစ်ယောက် စိတ်ဝင်စားသွားပြီး သူ့သူငယ်ချင်း Emily ကိုပါဝင်ပါဖို့ အဖော်ဆွယ်ပါတော့တယ်။ ဒီလိုနဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက် ဒီပွဲအတွက်အတူတူလေ့ကျင့်ကြပါတော့တယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက ထင်ထားသလိုရိုးရိုးရှင်းရှင်းစိတ်နဲ့ခန္ဓာရဲ့ ခံနိုင်စွမ်းကိုစစ်ဆေးရုံသက်သက်မဟုတ်ဘဲ နောက်ကွယ်မှာကြောက်စရာလျှို့ဝှက်ချက်ရှိနေတဲ့အခါ… အဲ့ဒီကြောက်စရာလျှို့ဝှက်ချက်ကဘာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲအဖြေရှာကြည့်လိုက်ပါတော့… Found footage horror ကြိုက်သူတွေအတွက် ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.3 GB)/(759 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by S4L

0 2025
The Ruck March
West Side Story
7.6

West Side Story 1961 Musical Film ဖြစ်တဲ့ ဒီကားလေးကတော့ အော်စကာဆုများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး အကောင်းဆုံး musical film လို့ သတ်မှတ်ကြတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ။ နယူးယောက်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဂျက် ဆိုတဲ့ ဂိုဏ်း နဲ့ ရှာ့ခ်စ်ဆိုတဲ့ ဂိုဏ်းတွေက နယ်မြေလုလျက်ရှိပါတယ် ။ တစ်ရက်မှာတော့ ဂိုဏ်းနှစ်ဂိုဏ်းဟာ ဂိုဏ်းစစ်ပွဲအကြီးအကျယ်ဖြစ်ဖို့ ဖန်လာပါတော့တယ် ။ စစ်ပွဲအစည်းအဝေးအတွက် ကပွဲမှာ ဂိုဏ်းနှစ်ဂိုဏ်း ရင်ဆိုင်ကြရင်း တိုနီဆိုတဲ့ ဂျက် ဂိုဏ်းအဖွဲ့ဝင်ဟောင်း ကောင်လေးက တစ်ဖက်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီမလေးနဲ့ ချစ်ကြိုက်သွားပါတော့တယ်။ ရန်ဘက်တွေ ဖြစ်ကြတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သူတို့ရရဲ့ အချစ်ဇာတ်လမ်းလေးက ပျော်ရွှင်စွာ အဆုံးသတ်သွားမလား ဝမ်းနည်းစရာတွေ ကြုံရမလားဆိုတာကို ခံစားကြည့်ရှုရမှာပါ ။ Musical film ဖြစ်တဲ့အတွက် သီချင်းတွေလည်း အများကြီး ပါဝင်ပြီး ပုံမှန် ဂန်းစတား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ File size… 2.8 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 33m Genre ….. Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Si Thu Htun Kyaw

Drama
7.6 1961 153 mins
West Side Story
Sunod
5.7

Sunod (2019) IMDb Rating (5.7) အိုလီဗီယာဟာ မွေးရာပါနှလုံးရောဂါသည်သမီးငယ်နဲ့အတူဘ၀ကိုရုန်းကန်နေရတဲ့ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ သမီးဖြစ်သူရဲ့ဆေးဖိုးအတွက် ရရာအလုပ်ဝင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကောလ်စင်တာတစ်ခုမှာအလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်။ သူတို့ရုံးတည်ရှိရာ အဆောက်အအုံဟာ ဟိုတစ်ချိန်က ဆေးရုံတစ်ခုဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ရုံးခန်းတွေဖွင့်ဖို့ပြန်လည်မွမ်းမံနေပေမယ့် လက်ရှိအချိန်မှာတော အဆောက်အအုံတစ်ခုလုံး သူတို့ရုံးခန်းတစ်ခန်းပဲရှိပါသေးတယ်။ ရောက်ရောက်ချင်းနေ့မှာပဲ ဓာတ်လှေကားအထပ်မှားရပ်မိရာကနေ လူသူမရှိတဲ့ ပြင်ဆင်ဆဲအလွှာမှာ အရိပ်တစ်ခုတွေ့မိသလို သူကိုင်တွယ်ဖြေရှင်းရတဲ့ ဖုန်းခေါ်ဆိုမှုတွေမှာလည်းကြားဖြတ်အနှောင့်အယှက်အသံသဲ့သဲ့တွေကြားမိပေမယ့် ဂရုမစိုက်မိတဲ့သူဟာ မီးပျက်တဲ့တစ်နေ့မှာတော့ ရုံးကအပြန်လမ်းပျောက်နေတဲ့ ကလေးမလေးတစ်ယောက်ကိုကူညီပြီး အဆောက်အအုံအပြင်ကိုခေါ်ထုတ်ပေးခဲ့မိရာကနေ ထိတ်လန့်ချောက်ချားစရာ နောက်ဆက်တွဲတွေဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ စတိုင်တစ်မျိုးနဲ့ ဖိလစ်ပိုင်ဟော်ရာကားပါ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို လှည့်ကွက်လည်းကောင်းတဲ့ သဲထိတ်ရင်ဖိုခံစားရမယ့် ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (5 GB) / (1.4 GB) / (650 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:46:45 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

5.7 2019 106 mins
Sunod