YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Mary Kills People (2025) E03 1080p WEB-DL [RMC].mp4

886.43 MB 1080p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Call Me Chihiro
7.2

Netflixက ထုတ်လွှင့်ခဲ့တဲ့ ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်.. ချီဟီရိုဆိုတဲ့ မိန်းမလှလေးက သူ့ရဲ့ဘဝကို ပင်လယ်ကမ်းခြေနားက မြိုသေးသေးလေးတစ်ခုမှာ ပေါ့ပေါ့ပါးပါးနေထိုင်နေတဲ့ သူတစ်ယောက်ပါ.... အသင့်စားထမင်းဘူးလေးတွေရောင်းတဲ့ ‌ဆိုင်မှာဝင်လုပ်ရင်း မြိုလေးထဲရှိသမျှ လူကြီးလူငယ်မရွေး တိရိစ္ဆာန်လေးတွေကိုက အစ ကြင်နာသနားတတ်တဲ့သူလေးပေါ့... ဒါပေမယ့် သူ့ရဲ့အတိတ်ကတော့ သိပ်မလှလှပါဘူး.... အရင်က အနှိပ်ခန်းတစ်ခုမှ လိင်လုပ်သားအဖြစ် အလုပ်လုပ်ခဲ့ဖူးတဲ့ ချီဟီရိုတစ်ယောက်က တကယ့်တကယ် ဘဝကို ဇာတ်မြှုပ်ပြီး အေးအေးဆေးဆေးနေထိုင်ဖို ကြိုးစားတဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့ အမြင် စိတ်ဒဏ်ရာတွေနဲ့ ဘဝကိုဖြတ်သန်းခဲ့ရင်းရခဲ့တဲ့ သင်ခန်းစာတွေနဲ့ တကယ်ရော အေးအေးဆေးဆေးဖြတ်သန်းနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်.... File Size :(1.9GB) and (803MB) Quality :NF.Web-Dl 1080P,720p Format…mp4 Duration…01:23:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon & Thynn Encoded by Phyo Pyae

Comedy • History • Mystery • Thriller
7.2 2023 131 mins
Call Me Chihiro
Aan: Men at Work
5.3

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။ အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။ အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB / 1.5GB Quality…1080p ZEE5 HDRIP  / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor

Mystery • Thriller
5.3 2004 149 mins
Aan: Men at Work
The Assassination of Nie Yinniang
2

သိုင်းလောကကိုကြိုက်နှစ်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အခုဒီကားလေးကတော့ သိုင်းပညာရုပ်ရှင်ကားတွေ မြွေဖြူမြွေစိမ်း(Green Sanke)နဲ့ ၂၀၂၀တုန်းက ထွက်ခဲ့တဲ့ဝူခုန်းကား(Great God Monkey)စတဲ့ နာမည်ကြီးကားတွေပါဝင်သရုပ်ဆောင်ခဲ့တဲ့ NanSheng(Royi)လေးရဲ့ကားဖြစ်ပါတယ် ထန်မင်းဆက် အန်းရှီအရှုပ်တော်ပုံပြီးသွားတဲ့နောက် ကျန်ရစ်ခဲ့တဲ့အန်းရှီမျိုးနွယ်တွေက လမ်းစဉ်အသစ်ဖန်တီးမယ်ဆိုပြီး ပုန်ကန်မှုတွေ တိုက်ခိုက်မှုတွေဖြစ်အောင် ပြန်ပြီးပြဿနာရှာနိုင်အောင်လို့ ဖေးယိဂိုဏ်းကိုထူထောင်ခဲ့တယ် လောကကြီးအေးချမ်းသာယာအောင် မကောင်းဖေးယိဂိုဏ်းကို နန်းတွင်းကသုတ်သင်ဖြေရှင်းဖို့ ချန်ရွှိန်ဂိုဏ်းဆိုပြီးထူထောင်ခဲ့တယ် Yinniangကလည်း ချန်ရွှိန့်ဂိုဏ်းရဲ့တပည့်ပီပီ ဝေ့ပေါ်ကစစ်သူကြီးဆီမှာ သူ့သမီးယောင်ဆောင်ပြီးတော့ ဖေးယိဂိုဏ်းခေါင်းဆောင်ကိုသတ်ဖို့လုပ်နေခဲ့တယ် ညီအစ်မလိုနေနေတဲ့ဆရာတူအစ်မက အလေးပေးခြင်းမခံရတဲ့အခါမှာဂိုဏ်းကိုစိတ်တိုပြီး စိတ်လိုက်မာန်ပါလုပ်ရင်းဘာတွေဆက်ဖြစ်မလဲ? တကယ်ပဲအစ်မဖြစ်သူကဂိုဏ်းကိုသစ္စာဖောက်မှာလား Yunniangက နောက်ဆုံးမှာ ဂိုဏ်းရဲ့လျှိုဝှက်သိုင်းကို ကျင့်ကြံနိုင်ပြီး ဖေးယိခေါင်းဆောင်ကို သတ်နိုင်မလား ဂိုဏ်းနှစ်ဂိုဏ်းရဲ့လှပတဲ့သိုင်းကွက်တွေနဲ့ ဆန်းကြယ်လှတဲ့ဉာဏ်ဆင်အကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလို့ရမဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Crime • Drama • Mystery • Thriller
2 2022 85 mins
The Assassination of Nie Yinniang
The Getaway King
6.5

The Getaway King (2021) ဒီတစ်ခါတော့ ပေ့ါပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ပိုလန် ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ပိုလန်နိုင်ငံမှာ ကွန်မြူနစ်ဝါဒီတွေ ကြီးစိုးခဲ့ချိန်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အခြေပြု ဇာတ်အိမ်တည်ထားပြီး အဲ့ဒီအချိန်က ရဲတွေအလိုအရှိဆုံး ဒုစရိုက်သမားတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ရဲလက်ကနေ ၂၉ ကြိမ်တိတိ ရဲလက်က လွတ်အောင်ပြေးနိုင်ခဲ့ပြီး အဲ့ဒီထဲက တစ်ကြိမ်ဆို ထောင်ဖောက်ပြီးပါ လွတ်မြောက်ခဲ့တာပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ပြီးနောက် အဆိုပါ စောရဝိဇ္ဇာတစ်ယောက် သူ့ရဲ့ ဘဝနဲ့ အတွေးအခေါ်အယူအဆတွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ... Action, Crime, Comedy အမျိုးအစားဖြစ်ပြီး ဖြစ်ရပ်မှန်တချို့တဝက်ကို ရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ File Size : 3.2GB, 806MB & 367MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Crime, Comedy Translated by Chothet_mlmt & Hnin Wut Yi  Encoded by Kinnov

Horror • Thriller
6.5 2021 96 mins
The Getaway King
Missing and Alone
5.3

မတည့်အတူနေ ခင်ကြတဲ့ သူငယ်ချင်းမလေး ၂ယောက်ရှိတယ်။ တစ်ယောက်က မိတဆိုး၊ တစ်ယောက် ဖတဆိုး။ အမြဲရန်ဖြစ်နေကြပေမဲ့ သူတို့က သိပ်ချစ်ကြတယ်။ တစ်ယောက်က လိမ္မာတယ်။ တစ်ယောက်က ဆိုးတယ်။ တစ်ယောက်ရဲ့ အဖေက တောထဲမှာစခန်းချခရီးထွက်ရင်း ဆုံးသွားခဲ့တာ။ အဲဒီတစ်ယောက်အဖေရဲ့နှစ်ပတ်လည်နေ့မှာ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက် သူ့အဖေဆုံးခဲ့တဲ့ တောထဲအတူတူသွားကြတယ်။ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေကို လိမ်ပြီးသွားကြတာပေါ့။ မနက်ကျ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေနဲ့ တွေ့ကြတော့ အဲဒီတစ်ယောက်နဲ့ ဟိုတစ်ယောက်က သူတို့ကိုလိမ်သွားတာကို သူတို့သိသွားကြတယ်။ ဒီတော့ အဲဒီတစ်ယောက်အမေနဲ့ ဟိုတစ်ယောက်အဖေက သူတို့ကိုလိုက်ရှာကြတယ်။ ဟိုတစ်ယောက်က ပြန်ပေါ်လာပေမဲ့ အဲဒီတစ်ယောက်က ပျောက်နေတယ်။ အဲဒီတစ်ယောက်အမေ စိတ်ပူပြီးရှာတာပေါ့။ အဲဒီတစ်ယောက်ဘာဖြစ်သွားတာလဲ။ ဟိုတစ်ယောက်ကရော ဘာလို့ တစ်ယောက်တည်းပြန်လာတာလဲ။ အဲဒီနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြားဘာတွေဖြစ်ခဲ့လဲဆိုတာကို ရင်ခုန်စွာကြည့်ရမယ့် ကားလေးပါ။ ဇာတ်လမ်းအချိုးအကွေ့တွေလည်း လှပါတယ်။ အဲဒီတစ်ယောက်ကလည်း လှပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.53GB, 700MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 26Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Animation • Family • Music
5.3 2021 90 mins
Missing and Alone
An Officer and a Spy
7.2

၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကို ဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး… 2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံး ဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်…။ ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့… ၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက် သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်…။ ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်…။ ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ…သူ့ကိုညွှန်းဆိုထားတာလဲ ရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ…။ အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲ နိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်…။ ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့ အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်….။ လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ… တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲ အလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်း သပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ…။ အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ”အရာရှိတစ်ဦးနဲ့ သူလျှိုတစ်ယောက်”အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ…။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action
7.2 2019
An Officer and a Spy
A Heidelberg Holiday
6.9

ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။ ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ​ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

6.9 2023 84 mins
A Heidelberg Holiday
Unknown: Cave of Bones

Cave Of Bones ( 2023 ) ကမ္ဘာကြီးဟာ လျို့ဝှက်ဆန်းကြယ်ပါတယ် ဟိုးခေတ်အစက ဘယ်အချိန်ဘယ်နေရာတွေမှာ ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး ဒီ Documentary film မှာဆိုရင်တော့ ရုပ်ကြွင်းမနုဿဗေဒပညာရှင် Lee Bergerက တောင်အာဖရိကမှာရှိတဲ့ Rising Star လိုဏ်ဂူက ကမ္ဘာ့ရှေးအကျဆုံးသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးတော့ အဲဒီ သင်္ချိုင်းတွေ ကို ဖန်တီးခဲ့တဲ့ ဟိုမိုနလယ်ဒီလို့ခေါ်တဲ့မျိုးစိတ်တစ်မျိုးရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ခဲ့တဲ့ ခရီးစဉ်ပါဝင်ပါတယ် ဟိုမိုနလယ်ဒီတွေရဲ့ နေထိုင်မှုဘဝ ၊ အသွင်အပြင်နဲ့ အမူအကျင့်တွေကို အသေးစိတ်ကျကျဖော်ထုတ်ပြထားပြီးတော့ ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်တို့လူသားတွေ ဘယ်လို ဖြစ်ပေါ်လာတယ်ဆိုတဲ့ ဇစ်မြစ်ကို အနည်းငယ် တီးမိခေါက်မိဖြစ်သွားစေမှာပါ စိတ်ဝင်စားစရာလည်းကောင်းပြီး ဗဟုသုတတွေ အများကြီးရမဲ့ Documentary filmကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 2.9 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by SO

0 2023 93 mins
Unknown: Cave of Bones
Tragic Hero
6.3

Tragic Hero (1987) ~ IMDb – 6.3/10, Rotten Tomatoes – 58% ~ ၁၉၈၆မှာ ဂျွန်ဝူးရဲ့ A Better Tomorrow ရဲ့အောင်မြင်မှုနဲ့အတူ Heroic Bloodshed ရုပ်ရှင်တွေရဲ့ သဏ္ဍာန်ကပိုပေါ်လာပြီး ချောင်ယွန်ဖတ်ရဲ့ အောင်မြင်မှုလည်း တဟုန်ထိုးတက်လာပြီးတဲ့နောက် ၁၉၈၇မှာ ချောင်ယွန်ဖတ်ကားတွေမနည်းရိုက်ခဲ့တယ်။ An Autumn’s Tale, City on Fire, Tragic Hero, Rich and Famous, Flaming Brothers, A Better Tomorrow II တို့တွေပေါ့။ အဲဒီထဲက An Autumn’s Tale ကလွဲလို့ ကျန်တဲ့ကားတွေအကုန် Heroic Bloodshed ကားတွေချည်းပဲ။ ပြောရရင် ညီအစ်ကိုစိတ်ဓာတ်တွေ၊ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေနဲ့ ပစ်ခန်းခတ်ခန်းကြမ်းကြမ်းတွေ တွဲဖက်ပါဝင်နေတဲ့ ရုပ်ရှင်တွေ။ ဒီကားတွေထဲက ၂ကားကတော့ အဆက်တွေ။ Rich and Famous နဲ့ Tragic Hero တို့တွေပေါ့။ Tragic Hero က လပိုင်းလောက်စောပြီး အရင်ထွက်ပေမဲ့ ဇာတ်အရဆို သူက ၂ပဲ။ တစ်နှစ်တည်းထွက်တာဆိုတော့ ဘာလို့ဒါကိုအရင်ထုတ်လိုက်လဲတော့ မပြောတတ်ဘူး။ ဒါပေမဲ့သေချာတာက Tragic Hero ကြည့်ပြီးရင် Rich and Famous ကိုကြည့်ဖို့ မလိုလောက်တော့ဘူး။ Tragic Hero ကို ရိုက်ထားတာက တေလာဝေါင်။ Behind the Yellow Line ဒါရိုက်တာ။ ကောင်းတာတွေလည်းရိုက်တယ်။ မကောင်းတာတွေလည်းရိုက်တယ်။ အတော်ကြီးလည်းမဟုတ်ဘူး။ ကောင်းတာတွေလည်းရှိတယ်။ ဒီကားက သူ့ကောင်းတဲ့ ၃ ၄ ကားထဲဝင်တယ်။ သရုပ်ဆောင်တွေကတော့ ချောင်ယွန်ဖတ်နဲ့ အန်ဒီလောင်။ ညီအစ်ကိုစိတ်ဓာတ်တွေ သဘောထားကြီးတာတွေနဲ့ပတ်သက်ရင် ချောင်ယွန်ဖတ်က ခွဲပစ်လို့မရတဲ့ မင်းသားပဲ။ သူက အဲဒီလိုဇာတ်ရုပ်တွေနဲ့ တော်တော်လေးလိုက်ဖက်တယ်။ အန်ဒီလောင်ကတော့ ထုံးစံအတိုင်း အက်ရှင်ကားတွေထဲက အန်ဒီလောင်ပါပဲ။ ဝေါင်ကာဝေးနဲ့ရိုက်ရိုက် ဂျွန်နီတိုနဲ့ရိုက်ရိုက် ဘန်နီချန်းနဲ့ရိုက်ရိုက် ဒီလိုကားတွေဆို အန်ဒီလောင်က အန်ဒီလောင်လို့ပဲပြောရမယ့်အထိ အန်ဒီလောင်ပီသတဲ့ပုံအတိုင်းပါပဲ။ ဇာတ်ကတော့ ဟောင်ကောင်ဂိုဏ်းစတားလောကမှာ ထိပ်သီးဖြစ်ခဲ့တဲ့ ချောင်ယွန်ဖတ်မှာ လက်ရုံး၂ယောက်ရှိခဲ့တယ်။ အန်ဒီလောင်နဲ့ နောက်တစ်ကောင်ပေါ့။ သူတို့က ညီအစ်ကိုတွေ။ အဲဒီ၂ယောက်မှာ အန်ဒီလောင့်အစ်ကိုက ချောင်ယွန်ဖတ်ကို သစ္စာဖောက်သွားတယ်။ အင်အားလည်းကြီးလာတယ်။ စီးပွားရေးဘက်ပဲ အာရုံစိုက်နေတဲ့‌ ချောင်ယွန်ဖတ်အတွက်လန့်စရာဖြစ်လာတယ်။ ရှောင်လွှဲပေမယ့် ရှောင်လွှဲလို့မရဘဲ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ သူ့မှာရှိသမျှအရာအားလုံးဆုံးရှုံးရဖို့ဖြစ်လာတယ်။ အဲဒီနောက် ပြန်တိုက်ခိုက်တဲ့အကြောင်းပေါ့။ ဒီလိုဇာတ်လမ်းတွေရဲ့ ပုံသေနည်းအတိုင်း မင်းသားခံရ ပြန်ထလာ ပြန်ချဆိုက်ပဲ။ Heroic Bloodshed ကားပီသစွာပဲ Battle Scene တွေက တော်တော်ကြမ်းကြမ်းပြထားတယ်။ ဂျွန်ဝူးကားတွေကြိုက်ရင် ကြည့်သင့်တယ်လို့ပဲပြောရမယ်။ အဲဒီပုံစံနဲ့ခပ်ဆင်ဆင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 840MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 37Min Genre – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 1987
Tragic Hero
Worlds Apart
7.4

Genre – Drama, Romance IMDB – 7.4/10 တစ်နေရာရာမှာ စစ်ပွဲတွေဖြစ်ရင် အဲ့ဒီ့စစ်ရဲ့အကျိုးဆက်ကို ခံစားရတာက အဲ့ဒီတစ်နေရာတည်းမဟုတ်ပါဘူး။ ကမ္ဘာဟာရွာကြီးလိုဖြစ်လာတဲ့အလျောက် နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းစစ်ဟာ တခြားနိုင်ငံတွေကိုပါ မတူညီတဲ့ပုံသဏ္ဍာန်တွေနဲ့ အနည်းနဲ့အများတော့ ရိုက်ခတ်စေမြဲဖြစ်ပါတယ်။ ဒီလိုပါပဲ ၂၀၁၁ လောက်ကတည်းကနေ အခုထက်တိုင်ဆို ၁၃နှစ်ကျော်ကြာ ဖြစ်ပွားနေဆဲဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ကြောင့် တိုင်းပြည်စွန့်ခွာသူတွေအများကြီးရှိခဲ့ပါတယ်။ ဒီလိုတိုင်းပြည်စွန့်ခွာသူတွေဟာ တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် သွားရောက်နေထိုင်ကြရပြီး အများစုဟာ ခက်ခက်ခဲခဲ ရုန်းကန်ကြရပါတယ်။ ဒါမျိုးဟာ သိပ်စိမ်းလှတဲ့အခြေအနေလည်း မဟုတ်တဲ့အလျောက် ရှည်ရှည်ဝေးဝေးမပြောတော့ပါဘူး။ ဇာတ်လမ်းဘက်ကို သွားရမယ်ဆိုရင်တော့ အပေါ်က ဆီးရီးယားဒုက္ခသည်တွေထဲက အများစုဟာ တဆင့်ခံ တထောက်နားရာနေရာအဖြစ် ဂရိနိုင်ငံထဲကိုခိုဝင်ကြပါတယ်။ ဂရိနိုင်ငံလို့ပြောရင် လူတွေက.. ရှေးခေတ်ဒဏ္ဍာရီတွေ.. အိုလံပစ်ပြိုင်ဂိမ်းကို ပြေးသတိရမှာပါ။ တချို့လည်း သိမှာပေမယ့် အများစု မေ့နေကြမှာက ‘ဒီမိုကရေစီ မွေးဖွားရာနေရာ’ ဆိုတာပါပဲ။ ဒီလို သမိုင်းကြီးတဲ့ ဂရိနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ဒဏ်ကို စ,ခံလာရပါတော့တယ်။ အပြန်အလှန်ပါပဲ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်တွေဟာလည်း ဖက်ဆစ်ဆန်လာတဲ့ တချို့သောဂရိနိုင်ငံသားတွေရဲ့ တိုက်ခိုက်မှုတွေကို ခံလာရတာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ ဒုက္ခသည်တွေကို လက်ခံထားပြီဆိုရင် လက်ခံထားရုံနဲ့မပြီးပါဘူး၊ စီးပွားရေးအပေါ်မှာလည်း အများကြီး ရိုက်ခတ်မှုရှိပါတယ်။ ဥရောပနိုင်ငံချင်းအတူတူဆိုပေမယ့် ရွှေ့ပြောင်းတွေရဲ့ဒဏ်ကို အဲ့လောက်မခံရသေးတဲ့ မြောက်ပိုင်းဥရောပနိုင်ငံကြီးတွေက ဒါကို သဘောမပေါက်တဲ့အလျောက် ဥရောပသမဂ္ဂရဲ့ ဂရိနိုင်ငံအပေါ် စီးပွားရေးမူဝါဒတွေဟာလည်း နိုင်ငံကို ပိုလို့ ကျဉ်းထဲကျပ်ထဲရောက်စေပါတယ်။ ဒီလိုအခြေအနေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို အသေအလဲမုန်းတဲ့ ဖက်ဆစ်ဝါဒီဖခင်တစ်ဦးရယ် .. အကျပ်အတည်းတွေကြောင့် မိသားစုမှာလည်း မပျော်ရွှင်နိုင်တော့တဲ့ အိမ်ထောင်ရှင်မတစ်ဦးရယ်… နိုင်ငံရဲ့ လူမှုစီးပွားချွတ်ခြုံကျမှုတွေကို တိုက်ရိုက်ခံစားနေရတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးရယ်…. … သူ့ကို ကယ်တင်ခဲ့တဲ့ ဆီးရီးယားဒုက္ခသည် ပန်းချီကျောင်းသားကောင်လေးကိုမှ ချစ်မိသွားတဲ့ နိုငံရေးမေဂျာလေ့လာနေတဲ့ ကျောင်းသူလေးတစ်ဦးရယ်.. မတူညီတဲ့ မျိုးဆက်တစ်ခုချင်းစီရဲ့ ရုန်းကန်မှုတွေကို ရုပ်ရှင်တစ်ကားထဲမှာတွေ့မြင်ရမှာပါ။ ဒီလိုတွေပြောနေလို့ ဒီကားက ခပ်လေးလေးနိုင်ငံရေးကားကြီးမဟုတ်ပါဘူး။ အရွယ်အပိုင်းအခြားမရွေးတဲ့ အချစ်ကို လက်တွေ့ကျကျချဉ်းကပ်ပြီး ရှေးခေတ်ဂရိဒဏ္ဍာရီတွေနဲ့ နှိုင်းယှဉ်လို့ ပြသသွားပါတယ်။ ဒဏ္ဍာရီတွေကို စိတ်ဝင်စားရင် လေ့လာဖို့အခွင့်အရေးပါ တစ်ချက်ခုတ် နှစ်ချက်ပြတ်ရသွားနိုင်ပါတယ်။ ဒီ Worlds Apart ရုပ်ရှင်ဟာ ဂရိနိုင်ငံမှာ ၂၀၁၅ ခုနှစ်တုန်းက ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒေါ်လာ ၄.၈ သန်း ရှိခဲ့ပါသလို ၂၀၁၅-၂၀၁၆ ရာသီအတွက် ဂရိရဲ့ နံပါတ် ၁ ရုပ်ရှင်အဖြစ် တည်ရှိခဲ့ပါသေးတယ်။ မျိုးဆက် ၃ခု အသီးသီးဆီက ဂရိလူမျိုးတစ်ယောက်ဆီနဲ့ နိုင်ငံခြားသားတစ်ယောက်ဆီကြားက မတူညီတဲ့ မေတ္တာတွေဟာ ဇုနတ်ဘုရားက ပေးသနားတဲ့ ‘’ဒုတိယ အခွင့်အရေး’’ရဖို့ ထိုက်တန်သလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော့်။ အညွှန်းရေးသူကတော့ Z ဖြစ်ပါတယ်။ File size… 1.6 GB / 751 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Z

Drama • Romance
7.4 2015
Worlds Apart
Vasco Da Gama
7.8

Vascodagama The Evolution 2024 (ဗာဆူရဲ့ဘဝခရီးလမ်း) မဟာဒေဗန်နဲ့ ဗာဆူဒေဗန်ဆိုတဲ့ အရမ်းကို ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ရှိပါတယ်။ မဟာဒေဗန်ဟာ ညီငယ်ဖြစ်သူ ဗာဆူဆိုးသမျှကို အစ်ကိုကြီးပီပီလိုက်ထိန်းပေးခဲ့ပြီး ဗာဆူပြဿနာရှာလို့ အချုပ်ကျတိုင်းလည်း အမြဲ မငြိုမငြင် အာမခံလိုက်ထုတ်ပေးလေ့ရှိပါတယ်။ ဗာဆူဟာ အရမ်းကို ဗရုတ်ကျတဲ့အတွက် အိမ်နီးချင်းတွေဟာ သူခြေငြိမ်သွားအောင် မိန်းမပေးစားခိုင်းတဲ့အထိကို ဖြစ်လာပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အစ်ကိုကြီးမဟာတစ်ယောက် လက်ကို ရှမိသွားတဲ့ဒဏ်ရာကို ကုသဖို့အတွက် ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့သွားတဲ့ဆေးရုံဟာ ရိုက်စားဆေးရုံဖြစ်နေပြီးတော့ မလိုအပ်တဲ့ဆေးကုသမှုတွေကြောင့် အစ်ကိုကြီးမဟာတစ်ယောက် အသက်ကိုပါ ပေးလိုက်ရပါတော့တယ်။ အစ်ကိုကြီးကိုပဲ အမြဲဆိုးပြီးနေခဲ့တဲ့ ဗာဆူတစ်ယောက် အစ်ကိုကြီးဆုံးပါးသွားတဲ့နောက်မှာ ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ …….. သူ့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့ ဘဝကို တစ်ယောက်တည်း ဘယ်လိုတွေ ရင်ဆိုင်ဖြတ်ကျော်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် Comedy Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.8 2024 125 mins
Vasco Da Gama
Mr Bachchan
4.5

Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Drama အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။ တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ မရှိကြတော့တဲ့အခါမှာတော့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

4.5 2024 160 mins
Mr Bachchan
Tom & Jerry Back to Oz
5.7

ဒီဇာတ်လမ်းလေးကတော့ နာမည်ကျော် Ozဇာတ်လမ်းကို Referenceယူပြီး ရိုက်ထားတဲ့ Tom & Jerry ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိက‌‌ဇာတ်ဆောင်ဖြစ်တဲ့ ဒိုရိုသီတစ်‌ယောက် အော့ဇ်တိုင်းပြည်ရဲ့ မြစိမ်းမြို့တော်ကနေ သူ့ဇာတိကန်းဆက်မြို့တော်ကို ပြန်ရောက်လာချိန်အဒေါ်နဲ့ ဦးလေးဖြစ်သူတို့ရဲ့ မွေးမြူရေးခြံက အကြွေးနဲ့ တိရစ္ဆာန်တွေသိမ်းခံရမယ့် အခြေအနေနဲ့ ကြုံနေရတာပါ။ ဒါကြောင့် သူ့အဒေါ်ရဲ့ခြံကိုကာကွယ်ဖို့ မြစိမ်းမြို့တော်ကိုပြန်သွားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအပြင် အော့ဇ် တိုင်းပြည်ရဲ့မဟာရန်သူတော် နုမ်းဘုရင်ရဲ့ အန္တရာယ်ပါကျရောက်လာတဲ့အခါ ဒိုရိုသီနဲ့ တွမ်၊ဂျယ်ရီနဲ့ တွဲဖက်တွေဖြစ်တဲ့ စာခြောက်ရုပ် ခြင်္သေ့ကြီးနဲ့ သံပုံးလူသားတို့အဖွဲ့ မြစိမ်းမြို့တော်ကို ကယ်တင်ဖို့ အကြောင်းဖန်လာပါတယ် File size… 1.5 GB / 791 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 21m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

Horror • Science Fiction
5.7 2016
Tom & Jerry Back to Oz