YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Marvins.Room.1996.BLU-RAY.1080P(CM).mp4

2.02 GB N/A video/mp4 494 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Silverstar
6.5

ရှုခင်းလှလှလေးများနဲ့ ကျေးလက်အငွေ့အသက်လေးတွေ ပါဝင်တဲ့ ဒတ်ချ်စကားပြော ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Silverstar ဆိုတဲ့မြင်းလေးနဲ့ Esmee ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးကြားထဲက ထူးခြားတဲ့ဆက်နွယ်မှုအကြောင်းကို စွန့်စားခန်းဆန်ဆန် တင်ဆက်ထားပါတယ်. Look at it from the bright side ဆိုတဲ့အတိုင်း နေရောင်ခြည်၊ စိုက်ခင်းလေးများ၊ လေပြည်ညင်းနဲ့ တောလမ်းကလေးများကို တစ်လှည့် ခံစားရင်း.ပစ္စုပ္ပန်မျက်မြင်က ဘဝကိုပဲ ပွေ့ဖက်ရင်း. မြင်းကုန်းနှီးပေါ်က လွတ်လပ်မှု၊ ဆံဖျားနဲ့ မျက်နှာကို တိုက်ခတ်နေတဲ့ လေပြည်ရဲ့ အရိုင်းဆန်မှု၊ ဆက်ကျော်သက်ဘဝ တဇွတ်ထိုးဆန်မှု၊ မိသားစုနဲ့ချစ်မေတ္တာ စသည်တို့ကို အချိုးညီစွာ ထင်ဟပ်ပြသထားတဲ့ နိုင်ငံခြားစကားပြောဇာတ်ကားကောင်းလေး တစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…(2.22GB)  / (1.16GB) /625.35MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre...Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sai Sumali

Drama
6.5 2021 86 mins
Silverstar
Life Is Beautiful
7

ဒီဇာတ်ကားဟာ Drama, Romance, Musical ထဲမှာ အတော် အောင်မြင်တဲ့ ရုပ်ရှင်လေးလို့ပဲ ပြောရမှာပါ။ Genre အရ စစချင်းမှာ သိပ်အလေးပေးမခံခဲ့ရပေမဲ့ ရုံတင်ပြသချိန်မှာတော့ ထင်မထားလောက်အောင်ကို ရုံဝင်ငွေ အမြောက်အများ ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ... "Life Is Beautiful" ဆိုတဲ့ ဇာတ်ကားလေးဟာ ဘဝတစ်လျှောက်လုံးမှာ ခင်ပွန်းသည်အပေါ်ကိုပဲ သစ္စာရှိရှိချစ်ခဲ့ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း အသက်ရှင်ခဲ့တဲ့ အိုဆယ်ယွန်း ဆိုတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ ကံဆိုးစွာနဲ့ တစ်နေ့မှာတော့ အိုဆယ်ယွန်းတစ်ယောက် သူ လောကကြီးမှာ နေရမဲ့ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ ဒီအချိန်မှာတော့ တစ်ဘဝလုံး မိသားစုအတွက်ပဲ စိတ်နှစ်မြှုပ်ခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ခင်ပွန်းဖြစ်သူကို ထူးဆန်းတဲ့ တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ပါတဲ့။ ဇနီးသည်ရဲ့ နောက်ဆုံး ဆန္ဒဖြစ်နေလေတော့ သူ့ရဲ့ခင်ပွန်းသည်လည်း ငြင်းရခက် လိုက်လျောခက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်ဆုံးမှာတော့ ဒီဇနီးမောင်နှံနှစ်ယောက်ဟာ အိုဆယ်ယွန်းရဲ့ အချစ်ဦး ရှာပုံတော် ဖွင့်ကြပါတော့တယ်။ သူတို့နှစ်ဦးရဲ့ ဒီခရီးစဉ်လေးဟာ ချိုတစ်လှည့် ခါးတစ်လှည့်နဲ့ ဘာတွေဘယ်လိုဖြစ်ကြမလဲ? ဇနီးသည်ရဲ့ အချစ်ဦးကို ရှာဖွေပေးဖို့ အကြောင်းဖန်လာရင်းကနေမှ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ရေးက ဆုတ်ယုတ်သွားမလား? သူတို့နှစ်ဦးကြား သံယောဇဉ်တွေ ပိုမို ခိုင်မြဲလာမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ Cast တွေအနေနဲ့လည်း ~ Seoul Vibe မှာ ရူပါအလန်း သရုပ်ဆောင်အမိုက်စားနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ Wanna One ရဲ့ Ong Seong Wu ... ~ 6/45 မှာ ယွန်းဟီး အဖြစ်ပါဝင်ခဲ့တဲ့ Park Se Wan တို့အပြင် ~ နာမည်ကျော် ဇာတ်ပို့သရုပ်ဆောင်ကြီး Park Yeong Gyu တို့က အားဖြည့်ပါဝင်ထားတာဆိုတော့ သီချင်းကောင်းကောင်းလေးတွေ အခွီလေးတွေနဲ့ ကြည့်ရပျင်းစရာကောင်းတယ်ဆိုတာ ရှိမှာ မဟုတ်ပါဘူး။ File Size          : 2.2GB, 883MB, 450MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 2mins Genre              : Drama, Romance, Musical Translated by Estel, Thynn Miri & Hnin Wai Oo Encoded by Kinnov

Action • Thriller
7 2022 122 mins
Life Is Beautiful
DOA: Dead or Alive
5.2

၂၀၀၆ခုနှစ် အင်တာနက်တွေ သိပ်ခေတ်မထခင်တည်းက ကျွန်တော်တို့ စီဒီတွေ ဒီဗီဒီခွေတွေနဲ့ ကြည့်ခဲ့တဲ့ရတဲ့ ဖိုက်တာဇာတ်လမ်းလေးပါပဲ. အတော်များများလဲ မှတ်မိကြမယ်ထင်ပါတယ်.. မင်းသမီးဖိုက်တာဆိုတာ ဒါမျိုးလို့ဆိုရလောက်အောင် အသေဖိုက် အသေလန်းခဲ့တာပေါ့ဗျာ... ဒီကားထဲမှာ မင်းသမီးကို ရဲတွေဝင်ဖမ်းတော့ ပင်တီဝတ်ပြရင်း လျှပ်တပြက်ဖိုက်ပြလိုက်တာ နောက်ဆုံး သေနတ်နဲ့ပေါင်ကြားချိန်ပြီး ဘော်လီဇစ်တပ်ခိုင်းလိုက်တဲ့ အက်ရှင်ခန်းဆို မျက်လုံးထဲက မထွက်တော့တာမျိုးပေါ့။ ဇာတ်လမ်းအကျဉ်းကတော့.. တကမ္ဘာလုံးက အတော်ဆုံးကိုယ်ခံပညာရှင်တွေကို DOAလို့အမည်ရတဲ့ သိုင်းပြိုင်ပွဲတခုကနေ ဖိတ်ခေါ်ခဲ့ပါတယ်. တကမ္ဘာလုံးကို ကိုယ်ခံပညာရှင်ပေါင်းစုံကလဲ ဒီပြိုင်ပွဲကို စိတ်ဝင်စားကြတယ်. အဲ့ဒီတော့ လာရောက် ယှဉ်ပြိုင်ကြတာပေါ့. ဒါပေမယ့် အဲ့ဒီပြိုင်ပွဲရဲ့ မူမမှန်မှုတွေကိုတော့ လာရောက်ယှဉ်ပြိုင်တဲ့ထဲက အချောအလှဖိုက်တာမလေး လေးယောက်က သတိထားမိပြီး ဖော်ထုတ်လိုက်တဲ့အခါမှာတော့...........။ File size…(2.1 GB)/(950 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:27:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Blake

Comedy • Drama • Romance
5.2 2006 87 mins
DOA: Dead or Alive
[18+] So Cute
6.7

So Cute(2004) ************** (၁၈+ အခန်းများပါသဖြင့်မိသားစုနဲ့အတူမကြည့်သင့်ပါခင်ဗျ..) ဂျန်ဆူရိုဟာ ဆိုးလ်မြို့ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ နတ်ဆရာတစ်ယောက်ဖြစ်ပါတယ်.. သူဟာ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ အဆောင်လက်ဖွဲ့ပေးရာမှာ နာမည်ကြီးလို့ အမျိုးသမီးတွေက သူ့ကို သဘောကျကြတယ်.. အဲလိုနဲ့ဂျန်ဆူရိုဟာ အမျိုးသမီးတချို့နဲ့ပတ်သက်ခဲ့ပြီး ဖအေတူမအေကွဲ သား၃ယောက်ရလာပါတော့တယ်.. သားကြီးဖြစ်သူအမူးသမား ၉၆၃က ဆိုင်ကယ်နဲ့ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်ပြီး သားလတ်ဖြစ်သူဂယ်ခို(ခွေးနှာခေါင်း)က ကရိန်းကားမောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. သားအငယ်ဆုံးဖြစ်တဲ့မောရှီဂီကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး မကြာခင်ကမှ ထောင်ကထွက်လာသူဖြစ်ပါတယ်.. မောရှီဂီရဲ့ဆရာ လူမိုက်ဂိုဏ်းခေါင်းဆောင်က မောရှီဂီရဲ့ဖခင်နေထိုင်တဲ့ ဆင်ခြေဖုံးရပ်ကွက်ကတိုက်တန်းဟောင်းကို စီမံကိန်းတစ်ခုနဲ့ဖျက်ခိုင်းဖို့ မောရှီဂီနဲ့အဖွဲ့ကို စေခိုင်းတဲ့အခါမှာတော့ ဖခင်နဲ့လူမိုက်ဆရာကြား မောရှီဂီအခက်တွေ့ပါတော့တယ် ဒါ့ပြင် သားလတ်ဂယ်ခိုနဲ့သိတဲ့ ဆွန်းရီဆိုတဲ့ဆန်မုန့်ရောင်းတဲ့မိန်းကလေးတစ်ဦးကပါ.. သူတို့အိမ်ပေါ်ရောက်လာတဲ့အခါမှာ သားအဖ၄ယောက်နဲ့ဆွန်းရီရဲ့ပတ်သက်မှုကလည်း ရယ်မောစရာကောင်းပြီး ပိုရှုပ်ထွေးလာပါတော့တယ်.. File Size : (3.1GB)(1.0 GB) and (397 MB) Quality : NF.WEB-DL 1080P, 720p Format…mp4 Duration…01:56:00 Genre : Adult, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PPM Encoded by DS

Comedy • Romance
6.7 2004
[18+] So Cute
The Replacement Killers

ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။ မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။ File size…(2.4 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Drama,Action,Crime,thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Horror • Fantasy • Thriller
0 1998
The Replacement Killers
The Homesman
6.6

The Homesman (2014) ~ IMDb – 6.6/10, RT – 81%, Meta – 68% ~ ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့‌ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ဒီရုပ်ရှင်ကိုလည်းအဲဒီလို ပုံစံတမျိုးစီနဲ့ သန်မာသလောက် ရှုပ်ထွေးလွန်းတဲ့ အဓိကဇာတ်ကောင် ၂ ယောက်နဲ့ ဖွဲ့စည်းထားတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ရေးခဲ့တာဖြစ်တာကြောင့် ဝတ္ထုကလည်း သံဝေဂဆန်ဆန် အရေးအသားတွေပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တာကလည်း Tommy Lee Jones ဆိုတော့ ရုပ်ရှင်ထဲမှာပါ အဲဒီလိုအငွေ့အသက်တွေကို လက်ဆင့်ကမ်းသယ်လာခဲ့တယ်။ Homesman ဆိုတာကတော့ နယ်မြေရွှေ့ပြောင်းတဲ့လူတွေကို အိမ်ပြန်ပို့ပေးရတဲ့ ယောက်ျားတယောက်ကိုခေါ်တယ်။ တနည်းအားဖြင့် အိမ်ပို့သူပေါ့။ ဒီမှာတော့ ၁၉ရာစုလယ်လောက်က လူးပ်နယ်က ရူးသွားတဲ့ မိန်းမ ၃ ယောက်ကို အရှေ့ဘက် အိုင်အိုဝါမြို့က ဘုရားကျောင်းကိုပို့ဖို့ အကြောင်းဖန်လာရာကစတယ်။ မိန်းမ ၃ ယောက်မှာ တယောက်က နှိပ်စက်တဲ့ယောက်ျားဖြစ်သူကြောင့် ရူးသွားတယ်။ နောက်တစ်ယောက်က သူ့ကလေးလေး ၃ ယောက် ဆုံဆို့နာနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားလို့ ရူးသွားတယ်။ ကျန်တဲ့တယောက်က ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အထိ ရူးသွားတယ်။ သူတို့ရူးသွပ်တာကို ဖော်ပြထားတဲ့ပုံစံက သိပ်ရက်စက်တယ်လို့ပြောရမယ်။ ရက်ရက်စက်စက်ကို ရူးနေကြတာပဲ။ အမျိုးသမီးတယောက် သန်မာနိုင်စွမ်းကုန်သွားတဲ့အချိန်မျိုးတွေပေါ့။ သူတို့ကို ကုသပေးဖို့ မစ္ဇူရီမြစ်အကျော်က အိုင်အိုဝါကို ပို့ပေးဖို့ဖြစ်လာတယ်။ ပုံမှန်ဆိုရင် Homesman အလုပ်က ယောက်ျားသားတွေရဲ့အလုပ်။ သူတို့ကို ပို့ဖို့က အနောက်နဲ့အရှေ့ဆိုတော့ ခရီးက ကြာမယ်၊ ခက်မယ်။ ပို့ရမယ့်သူတွေကလည်း အရူးမ ၃ ယောက်ဆိုတော့ ပိုလို့တောင်ခက်သေးသပေါ့။ အဲဒီ ၃ ယောက်ကို ပို့‌ဆောင်ဖို့အတွက် ဘုရားကျောင်းမှာ မဲနှိုက်တယ်။ သာမန် Western ရုပ်ရှင်တွေအရဆိုရင်တော့ ရဲရင့်တဲ့ ကောင်းဘွိုင်ကြီးက ရှေ့ထွက်ပြီး တာဝန်ယူပေးမှာပေါ့။ ဒီမှာတော့ မဟုတ်ခဲ့ဘူး။ မဲကျတဲ့ယောက်ျားကပါ ခေါင်းရှောင်သွားတော့ မယ်ရီဘီး ဆိုတဲ့ အပျိုကြီးက သူတာဝန်ယူမယ်လို့ ရဲရဲကြီးထွက်ပြောခဲ့တယ်။ ‌အဲဒီခေတ်ကာလအခြေအနေမျိုးမှာ သူ့အနေနဲ့ ဒီလိုတာဝန်ကိုယူလိုက်တော့ သူ့ရဲ့ သန်မာတဲ့ဘက်ခြမ်းကိုမြင်ရတယ်။ မယ်ရီဘီးကပ်ဒီ (Hilary Swank) က နယူးယော့ကနေ တကိုယ်တည်း ဒီနေရာမှာ နေနေတဲ့သူ။ တနည်းအားဖြင့် Independent Woman ပေါ့။ ဒီရုပ်ရှင်မှာ လင်ယူသားမွေးကြောင့် ရူးသွပ်သွားကြတာကိုပြရင်း အဲဒီအရာတွေနဲ့ ကင်းတဲ့ မယ်ရီဘီးရဲ့ အထီးကျန်ဆန်ပြီး ကွဲထွက်နေတဲ့လူနေမှုဘဝကိုပါ ပြထားတယ်။ သူက ဂီတအပေါ် သိပ်ရူးသွပ်တယ်။ စန္ဒရားမရှိတဲ့နယ်မှာ အဝတ်စလေးပေါ်က ခလုတ်လေးတွေနှိပ်ရင်း သီချင်းဆိုလေ့ရှိတယ်။ လယ်ကွက်တွေ၊ လားတွေ၊ မြင်းတွေကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးတယ်။ ဒါပေမဲ့ သူအဖြစ်ချင်ဆုံးဆန္ဒက အိမ်ထောင်ပြုပြီး ကလေးတွေမွေးဖို့ပဲ။ သူ့ဘက်ကပါစပြီး အိမ်ထောင်ပြုရအောင်လို့ ပြောတဲ့အထိ၊ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့အထိ မိသားစုဘဝကို သူလိုချင်ခဲ့တယ်။ သူကလည်း အထီးကျန်ဆန်ဆန် ရူးနေတာပါပဲ။ ဒါဆိုရင် လှောင်ပိတ်နေတဲ့ အိမ်ထောင်သည်ဘဝကရူးစေတာလား။ တယောက်တည်း အထီးကျန်ဘဝက ရူးစေတာလား။ ဒီလိုနဲ့ တစ်နေ့မှာ ဘရစ် (Tommy Lee Jones) ဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်းဘွိုင်တစ်ယောက်နဲ့တွေ့တယ်။ တွေ့တာထက် သစ်ပင်မှာကြိုးပေးခံရတာကို ကယ်ခဲ့တာပေါ့။ ဟိုလူကလည်း ‌သူများအိမ်ဝင်နေတော့ ကြိုးပေးခံထားရတာ။ အဲဒီလိုနဲ့ သူ့ကိုကယ်ခဲ့တာကြောင့် မိန်းမ ၃ ယောက်ကို လိုက်ပို့မယ့်ခရီးမှာ သူ့ကိုအဖော်ပြုပေးရမယ်လို့ညှိတယ်။ ဟိုလူကလည်း မသေရင်ပြီးရော ရတယ်ပေါ့။ ဒါပေမဲ့ သူထွက်သွားချင်တဲ့အချိန် ထွက်သွားမှာဖြစ်ကြောင်းပြောတယ်။ ဒီလူကလည်း မယ်ရီဘီးလို တမျိုးရူးနေတာပဲ။ သူက သူ့ဘဝမှာ ဘာကိုမှမတွယ်တာခဲ့ကြောင်း ပြောလေ့ရှိတယ်။ ငါ့မှာတွယ်တာစရာမရှိဘူး၊ လွတ်လပ်တယ် ဘာညာပေါ့။ လွတ်လပ်မှုနဲ့ အထီးကျန်ခြင်းကြားမှာ ဖောက်မြင်နေရတဲ့ ထရံပါးပါးလေးတစ်ချပ်ပဲ ရှိတာပါ။ ဒီလိုနဲ့ သူတို့ ၂ ယောက်ရယ် အရူးမ ၃ ယောက်ရယ် ခရီးရှည်ကြီးတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ထွက်ခဲ့ကြတယ်။ လူ့အဖွဲ့အစည်းက အရူးလို့ သတ်မှတ်ထားတဲ့ မိန်းမ ၃ ယောက်နဲ့ ခေါင်းစဉ်မဲ့ ကိုယ်စီရူးသွပ်မှုနဲ့ လူ ၂ ယောက်။ ရုပ်ရှင်နာမည်အရတော့ ယောက်ျားတစ်ယောက်အကြောင်းလို့ထင်ရက်စရာရှိပေမဲ့ ဒါက အမျိုးသမီးတွေကို ဦးတည်ထားတာပဲ။ Tommy Lee Jones က အဓိကဇာတ်ဆောင်အနေနဲ့ ပါတယ်ဆိုရင်တောင် Hilary Swank နဲ့ယှဉ်လိုက်ရင် Sidekick တယောက်လိုဖြစ်သွားတယ်။ Western ရုပ်ရှင်တွေမှာ ဒီလို အမျိုးသမီးဇာတ်ကောင်ကို တည်ရိုက်တယ်ဆိုတာ ခပ်ရှားရှားပဲ။ ‌အဲဒီခေတ်ရဲ့ ကောင်းဘွိုင်ကြီးတွေကြားက အမျိုးသမီးတွေရဲ့ စိတ်အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်ဆိုရင် ပိုလို့တောင်ရှားသေးတယ်။ ဒီရုပ်ရှင်က သာမန် Western Genre ကနေကွဲထွက်ပြီး အမျိုးသမီးတွေရဲ့ ရပ်တည်နိုင်စွမ်းကိုအဓိကထားထားတယ်။ ဇာတ်ကောင်တွေကို အသေးစိတ် ဒါကြောင့် ဒီလိုဖြစ်တာလို့မပြောခဲ့ဘဲ အရိပ်အမြွက်လေးတွေပြရင်း သူက ဒါတွေကြုံခဲ့လို့ပါလား လို့ သွယ်ဝိုက်ပြောပြတာမျိုးပဲ။ အသံပိုင်းကိုတော့ သိပ်အားမရတဲ့အခါတွေရှိပေမဲ့ ဇာတ်လမ်း ၂ နာရီအတွင်းမှာ Cinematography ကောင်းကောင်းလေးကို အဝကြည့်ရတာနဲ့တင် ကြည့်ပျော်ပါတယ်။ ဇာတ်သိမ်းကလည်း ဘာမှန်းမသိတဲ့ ခံစားချက်လေးတစ်ခုပေးပါလိမ့်မယ်။ အရူး ၃ ယောက်ကစတဲ့ဇာတ်လမ်းဆိုပေမဲ့ တကယ်တမ်းတော့ ကျွန်တော်တို့လည်း တမျိုးစီ ရူးနေကြတာပဲမဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 2Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.6 2014
The Homesman
Die in a Gunfight
4.7

ရက်သ်ကာ့သ် မိသားစုနဲ့ ဂစ်ဘွန် မိသားစုတွေဟာ နယူးယောက်ခ်မြို့တော်မှာ သြဇာကြီးတဲ့ ထိပ်တန်းမီဒီယာလုပ်ငန်းရှင်ပြိုင်ဘက်ကြီးတွေဖြစ်ပြီး မျိုးရိုးစဉ်ဆက် တစ်ဦးနဲ့ တစ်ဦး ရန်စောင်တိုက်ခိုက်လာတဲ့ မဟာရန်သူတွေပါ။ သူတို့ရဲ့ ဆယ်ကျော်သက်သားနဲ့သမီးတွေဖြစ်တဲ့ ဘင်န်ဂစ်ဘွန်နဲ့ မေရီရက်သ့်ကာသ့်တို့ဟာ ရန်စတွေကို လျစ်လျူရှုပြီး အရူးအမူးချစ်မိသွားတဲ့အခါမှာတော့ ခေတ်သစ်ရိုမီယိုနဲ့ ဂျူလီယက်ဆန်ဆန် ဇာတ်လမ်းမျိုးဖြစ်လာပါတော့တယ်။ ဒီနေရာမှာဇာတ်လမ်းကို ပိုရှုပ်ထွေးတာက ကော်ပိုရိတ်တစ်ခုရဲ့အတွင်းရေးအရှုပ်တော်ပုံ၊ သူတို့ငှားထားတဲ့ ကြေးစားလူသတ်သမား၊ မေရီရက်သ်ကာ့သ်ကို တစ်ဖက်သတ်ချစ်မိနေတဲ့ ဝီလျံရက်သ်ကာ့သ်ရဲ့လူယုံတော်တို့ပါပဲ။ ခေတ်အဆက်ဆက်ရိုးမသွားနိုင်တဲ့ ဇာတ်လမ်းသွားမျိုးကို မြူးကြွသွက်လက်နေအောင်တင်ဆက်ထားပြီး လူငယ်ကြိုက် သရုပ်ဆောင်တွေဖြစ်တဲ့ Diego Boneta (Terminator: Dark Fate,Monster Hunter) နဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသမီးချောလေး Alexandra Daddario တို့က ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။

TV Movie • Thriller
4.7 2021
Die in a Gunfight
French Girl
5.5

ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦး ဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့ ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ် ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်… ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူး ဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူး နေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့ ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာ အကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့ ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့……. ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ? ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ? ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား? ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား? ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး…. File size…2.22GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi

5.5 2024 106 mins
French Girl
I’ll Sleep When I’m Dead
5.8

I’ll Sleep When I’m Dead ကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့မှုခင်းရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ ထူးဆန်းတဲ့အခြေအနေတွေနဲ့သေဆုံးသွားတဲ့ညီဖြစ်သူ အကြောင်းစုံစမ်းဖို့ ဇာတိမြေကိုပြန်လည်ရောက်ရှိလာတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်တစ်ဦးအကြောင်းရိုက်ကူး ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာတော့ လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ အတူမကြည့်ရှု့သင့်ပါဘူး။ တစ်ချိန်က တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ခဲ့ရတဲ့ ရာဇဝတ်ဂိုဏ်းဆောင်ဟောင်း ဝီလ်ဂရေဟမ်ဟာ အရာအားလုံးကိုစွန့်လွှတ်ပြီး တောအုပ် လေးတစ်ခုထဲမှာ အလုပ်သမားတစ်ယောက်အဖြစ် မထင်မရှားလာရောက်လုပ်ကိုင်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ အလုပ်ပြုတ်သွားပြီးတဲ့နောက် ဘယ်သွားရမှန်းမသိဖြစ်နေတဲ့ ဝီလ်ဟာ လမ်းမှာ ညီဖြစ်သူဒေဗီကိုမြင်တွေ့လိုက်ရပေမယ့် ထင်ယောင်ထင်မှားမြင်မိတာသာဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ စိတ်ထင့်သွားတဲ့ဝီလ်ဟာ ဒေဗီဆီဖုန်းဆက်ကြည့်ခဲ့ပေမယ့် ဆက်သွယ်လို့မရတာကြောင့် မတတ်သာတဲ့အဆုံးမှာ ဇာတိမြို့ကို ပြန်လာခဲ့ရပါတော့တယ်။ ဝီလ်ပြန်ရောက်ချိန်မှာတော့ ဒေဗီက သေဆုံးနေခဲ့ပြီဖြစ်ပြီး သာမန်သေဆုံးမှုမျိုးမဟုတ်ဘဲ သံသယဖြစ်စရာတွေများတာကြောင့် ဝီလ်ဟာ အကြောင်းရင်းမှန်ကို သိရဖို့ စတင်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဝီလ်ရဲ့ပြန်လည်ရောက်ရှိ လာခြင်းက မြို့တွင်းမှာလက်ရှိမင်းမူနေတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင်ဖရန့်ခ်တန်နာကို ထိတ်လန့်စေခဲ့ပြီး ဖရန့်ခ်ကလည်း ဝီလ်ကို မြို့ကပြန်လည်ထွက်ခွာသွားအောင် အစွမ်းကုန်ကြိုးစားလာပါတော့တယ်။ File size…1.95GB / 837MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama
5.8 2003
I’ll Sleep When I’m Dead
Explosive Chase
5.7

ရိုးသားကြိုးစားတဲ့တက္ကစီသမားလေးရှန့်ရှဟာ သူ့ရဲ့လူပွေလူရှုပ်သူငယ်ချင်းရဲ့ အရှုပ်ထုပ်တွေကို ခဏခဏလိုက်ရှင်းရပါတယ်။ တစ်နေ့မှာ သူဌေးသမီးပန်းချီဆရာမလေးရာလိ နဲ့ဆုံတွေ့ပြီး သူ့ကိုမကောင်းတဲ့ယောင်္ကျားလို့အထင်ခံလိုက်ရတယ်။ ဒီလိုနဲ့သူတို့မှာပန်းရောင်လွှမ်းတဲ့ရန်ငြှိုးလေးတွေရှိသွားကြတယ်။ အဲဒီအချိန်မှာပဲ ရှန့်ရှဟာ သူငယ်ချင်းရဲ့ပြဿနာကိုလိုက်ဖြေရှင်းပေးရင် ကုမ္ပဏီကြီးတစ်ခုရဲ့စိန်ပျောက်မှုထဲမှာ ရောပါသွားခဲ့တယ်။ အစ်ကိုခွင်းဆိုတဲ့သူနဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ လူမိုက်တွေရဲ့လိုက်သတ်တာကိုခံရတယ်။ အပြစ်မရှိတဲ့ရှန့်ရှမှာတော့ ဘာကြောင့်သူလိုက်သတ်ခံနေရတာလဲဆိုတာကို မသိပါဘူး။ မင်းသားရဲ့အူကြောင်ကြောင်ရုပ်နဲ့ ကပျက်ကချော်လုပ်ရပ်တွေနဲ့ အတော်လေးကိုရယ်ရတဲ့ အက်ရှင်ဟာသကားလေးဖြစ်ပါတယ်။

Romance • TV Movie
5.7 2024
Explosive Chase
Chaalchitro
6.7

Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများ IMDb 6.7/10 မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေ။ ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။ သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။ အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့ စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့ အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။ သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာ နံရံမှာချိတ်ဆွဲထားပါတယ်။ အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။ သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ ‌ နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကို အရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊ သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်‌ပြီးအားငယ်နေသူပေါ့။ အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲ နာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။ နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန် သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့ သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။ သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။ သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာက သူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။ အနှိပ်ခန်းသွားရာက ပြည့်တန်ဆာမလေးနဲ့ ချစ်ကြိုက်မိသူ ဘစ်ရှ်ဝါ၊ သမီးတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရသူ နာစီရာ၊ စာကြမ်းပိုး မာနခဲ‌လေးရီတေ့ရှ်နဲ့ ကာနစ်ရှ်ကူမာတို့ လေး‌ယောက်အဖွဲ့ ဒီအမှုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ သူတို့ဘဝဇာတ်ကြောင်းအသီးသီးနဲ့အတူ စိတ်လှုပ်ရှားစွာ သိရှိရမှာမို့ ကြည့်ရှုအဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Drama
6.7 2024 122 mins
Chaalchitro
Love 4 Sale

Love 4 Sale (2024)”ပျားရည်ထောင်ချောက်'” ================================= ၂၀၂၄ က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ မှုခင်းဆန်တယ်ဆိုပေမဲ့ တခြားမှုခင်းရုပ်ရှင်တွေလို ဆီရီယယ်ကေလာတွေကို လူလွန်မသား စုံထောက်တွေက မရှိတဲ့သဲလွန်စကိုရှာပြီး ဖမ်းဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ မကြာမကြာတွေ့နေရတဲ့ နှစ်ကိုယ်ကြားဓာတ်ပုံဗွီဒီယိုတွေ ပြန့်နေတဲ့ကိစ္စတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာလျာလမ်လူမျိုးတွေ အနေများတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းကို အမေရိကန်က မာလျာလမ်လူမျိုးတစ်ယောက်ရောက်လာတယ်။ ပြီးတော့ အဲဒီမြို့က ဟန်နီဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ကို အဖော်အချွတ်ပုံတွေပြပြီး ငွေနှစ်သိန်း(ဗမာငွေမဟုတ်)လိမ်သွားတယ်လို့တိုင်ချက်ဖွင့်တယ်။ အဲဒီအမှုကို စုံစမ်းကြည့်လိုက်တော့ အမေရိကန်ကလူကို ရိုက်စားလုပ်သွားတဲ့သူက ဟန်နီမဟုတ်ဘဲ ဟန်နီရဲ့ရည်းစားဖြစ်နေတာတွေ့ရတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ဟန်နီက သူ့သိက္ခာကို ပြန်ဆယ်ဖို့ကြိုးစားပြီး သူ့ရည်းစားရဲ့ နောက်ထပ်သားကောင်တွေကိုပါ ကယ်ဖို့လုပ်ရင်းကနေ နောက်ထပ်အများကြီးပိုကြီးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V~ Star~ Cym~ KKKZ နဲ့ ZweYan တို့ပါ။)

0 2024
Love 4 Sale
Home Sweet Home: Rebirth
5.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် သဘာဝလွန် Fantasy ဇာတ်ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဂျိတ် ဟာ ရဲတပ်ဖွဲ့ကနေ အနားယူပြီးနောက် သာမန် စီးပွားရေးသမားတစ်ယောက်ဖြစ်လာပြီး အားလပ်ရက်မှာ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးလေး ပရန်း၊ သမီးလေးဖြစ်သူ လူး တို့နဲ့ အတူ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ဘန်ကောက်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုန်းကြီး တစ်ပါးနဲ့ ဆုံပြီး ဘုန်းကြီးက ဂျိတ်ရဲ့ အနာဂတ်မှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်မဲ့အကြောင်း ကြိုတင်နိမိတ်ဖတ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးတော့ စျေးဝယ်စင်တာ အရောက်မှာတော့ သေနတ်ကိုင် အကြမ်းဖက်သမား တစ်ယောက်နဲ့ ဆုံပါတော့တယ်။ ဒီလိုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြားထဲမှာ ပြေးရင်းလွှားရင်း ပရလောက စည်းပေါက်သွားပြီး ပရလောကသားနတ်ဆိုးတွေပါ ကမ္ဘာပေါ်ကလူသားတွေကို ပူးကပ်သွားတဲ့အခါမှာတော့ …. ဂျိတ် တို့ မိသားစု ဘယ်လိုတွေကြုံတွေ့ရမလဲ…. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေခဲ့တာလဲ…. ဘုန်းကြီးဟောတဲ့ ဂျိတ်ရဲ့ ကံကြမ္မာကရော ဘယ်လိုလဲ…. သည်းထိတ်ရင်ဖို တစ်ချက်မှ ပျင်းစရာမရှိအောင် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……… File size… (854MB) Quality… WEB-DL 720p Format…mkv / mp4 Duration….1h 33m Genre …..Action , Horror , Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2025
Home Sweet Home: Rebirth
Baby Boom
6.3

Baby Boom (1987) IMDb Rating (6.3) / Rotten Tomatoes (67%) J.C Wiatt ဆိုတာ အောင်မြင်တဲ့စီးပွါးရေပညာရှင်မိန်းမတစ်ယောက်ပါ။ သူဟာ စားလည်းအလုပ် သွားလည်းအလုပ် အလုပ်နဲ့ပဲလက်ထပ်ထားပြီး သူတွဲနေတဲ့သူကအစ အလုပ်ချိုးတစ်ယောက်ပါ။ တစ်နေ့မှာ ဖြစ်ချင်တော့ တစ်ခါလောက်ပဲတွေ့ဖူးတဲ့ ဝမ်းကွဲဖြစ်သူ Andrew Wiatt နဲ့ ဇနီးဟာ မတော်တဆမှုနဲ့ကွယ်လွန်သွားပြီး တစ်ဦးတည်းသောဆွေမျိုးဖြစ်သူ J.C ကိုပဲ အမွေဆက်ခံစေပါတယ်။ J.C လည်း အမွေရပြီဆိုပြီး ပျော်နေတုန်းရှိသေးတယ် ဖြစ်ချင်တော့ အမွေဆိုတာ ငွေမဟုတ်ဘဲ သူတို့ရဲ့သမီးဖြစ်သူ နှစ်နှစ်အရွယ် Elizabeth ကိုစောင့်ရှောက်ဖို့ပေးခဲ့တာဖြစ်ပါတယ်။ တစ်သက်လုံးအလုပ်နဲ့လမိုင်းကပ်အောင်နေလာတဲ့ J.C တစ်ယောက်ကလေးတစ်ယောက်နဲ့ ဗျာများနေရင်း အလုပ်လည်းပြုတ် ရည်းစားကလည်းပစ်သွားနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းသွားပါတော့တယ်။ ဆိုတော့ J.C နဲ့ Elizabeth လေးတို့ဘဝကိုဘယ်လိုပြန်လည်တည်ဆောက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနှင့်အတူကြည့်ရှု့လို့ကောင်းမယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖို့တိုက်တွန်းပါရစေ။ ဒီဇာတ်ကားထဲမှာပါတဲ့ Elizabeth ကလေးကလည်း တော်တော်ချစ်ဖို့ကောင်းတာမလို့ ကလေးချစ်သူတွေကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းလေးပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(4.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:50:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L

Drama • Fantasy
6.3 1987 110 mins
Baby Boom