YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Manifest.S04E07.Romeo.1080p(CM).mp4

817.42 MB N/A video/mp4 250 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Catatan (Harian) Si Boy
6

Catatan Harian Si Boy (2011) IMDb rating - 7 ဇာတ်လမ်းအညွှန်း အမေဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်လို့ နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့တယ်။ ဆေးရုံရောက်တော့ သူ့အမေအမြဲကိုင်ထားတယ်ဆိုတဲ့ စာအုပ်လေးကို ရတယ်။ စာအုပ်ထဲက လူကိုသာ အမေ့ဆီ ရောက်အောင် ခေါ်ပေးနိုင်မယ်ဆို အခြေအနေပြန်ကောင်းနိုင်မလားလို့ တွေးမိသွားတာပေါ့။ အဲနောက် အိမ်အပြန်လမ်းမှာ သူ့ရည်းစားကောင်လေးရဲ့ အကြွေးရှင်လူဆိုးတွေက ရိုက်နှက်လို့ ကားပါယူသွားတော့ ရဲစခန်းရောက်လာကြတယ်။ အဲ့ဒီမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်ကားမောင်းလို့ ရဲဖမ်းခံရတဲ့ ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့ သူ့သူငယ်ချင်းတွေလည်း ရဲစခန်းရောက်နေကြတယ်။ အဲ့လိုနဲ့ ဆထရီယိုတို့သူငယ်ချင်းတစ်စုနဲ့ နာတာရှာနဲ့တွေ့ဆုံမိသွားကြတယ်။ ဆထရီယိုက နာတာရှာကို စိတ်ဝင်စားတာနဲ့ ဒိုင်ယာရီစာအုပ်ထဲက ဘွိုင်း ကို ကူရှာပေးဖို့ အခြေအနေဖန်လိုက်တယ်။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘွိုင်းကို တွေ့ဖို့ခက်ခဲတော့ သူတို့ ဘယ်လိုကြိုးစားသွားကြမလဲ... နာတာရှာ့ကောင်လေးက သဝန်တို၊အူတိုတာနဲ့ ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ... လူငယ်တွေဆိုတာက ကိုယ်စတင်ထားတဲ့အရာတစ်ခုကို ပြီးမြောက်သည်အထိ လုပ်ဆောင်ကြရတယ်။ စိတ်ဆန္ဒသာပြင်းပြနေပါစေ ဘယ်လောက်ခက်ခဲတဲ့ကိစ္စမဆို အောင်မြင်အောင်လုပ်နိုင်ပါတယ်။ ဆိုတော့ ဆထရီယိုတစ်ယောက် ဘွိုင်းကိုရော နာတာရှာ့အမေ့ဆီကို အရောက်ခေါ်လာပေးနိုင်ပါ့မလား။ ချည်မျှင်လေးတွေ တစ်ခုချင်းကို ရက်မယ်၊ အထည်ဖြစ်လာရင် ဖြတ်မယ်ညှပ်မယ်ဆိုရင် အဝတ်စလေးတွေကို လှပတဲ့ အဝတ်တစ်ထည်တစ်ခု ဖန်တီးနိုင်ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ ချစ်သူရည်စားတွေဆိုတာလည်း ဒီလိုပဲ၊ အစပိုင်းမှာ မတူညီတဲ့ တစ်နေရာဆီကနေ လာကြတာပါ။ အတူတူပေါင်းစည်းလိုက်မယ်ဆိုရင်တော့ လှပတဲ့လူ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ဖန်တီးနိုင်မှာပါ။ သွေးသားရင်းချာမဟုတ်ကျတဲ့ သူငယ်ချင်းတွေတောင်မှ အချင်းချင်းဖေးမရင်း၊ မေတ္တာထားကြရင်းဆိုရင် "မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး" ဆိုတဲ့အတိုင်း မိသားစုတွေ ဖြစ်လာကြမှာပါပဲ။ ဒီဇာတ်ကားလေးမှာ ခုပြောပြနေတဲ့အကြောင်းတွေ ခံစားကြရမှာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးတွေ ဖော်ကျူးရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် "Boy's Diary" ဆိုတဲ့ အင်ဒိုနီးယားဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါပြီ၊ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်) File size…  1.2 GB /  650 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Action , Drama , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Drama
6 2011 99 mins
Catatan (Harian) Si Boy
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
Seal Team
7

ဒီတစ်ခေါက်မှာတော့ Seal Teamဆိုတဲ့ ကာတွန်းကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းအညွှန်းကတော့ HmmFလိုခေါ်တဲ့ ပယ်လယ်ဖျံအဖွဲက ချိန်ကိုက်ဗုံးကို ကြိုးမှာဖြတ်ရာကနေအဖွဲကိုဖြိုခွဲခံခဲ့ရပါတယ် တစ်ဖက်မှာလည်း ကွင်နဲ့ ဘန်ဂျီကသူငယ်ချင်းကောင်းတွေပါ ခရင်းကောင်တွေပဲစားရတာငြီးငွေ့နေတဲ့သူတိုဖို သင်္ဘောပျက်တွေထဲ အစာထွက်ရှာရင်း ဘန်ဂျီတစ်‌ကောင်ငါးမန်းစာဖြစ်သွားတဲ့အခါမှာတော့ ကွင်တစ်‌ကောင်ဒေါသထွက်နာကျည်းပြီး လက်စားပြန်ချေဖိုပြိုကွဲသွားတဲ့အဖွဲ Hmmfနဲ့သွားပူးပေါင်းခဲ့ပါတယ် ကိုယ်ပိုင်အဖွဲရှာဖွဲ လေ့ကျင့်မှုတွေလုပ်ပြီးတဲ့ ကွင်တိုအဖွဲက ငါးမန်းတွေကိုလက်စားပြန်ချေနိုင်မှာလား ငါးမန်းတွေကလည်း အင်အားစုပြီး အုပ်စုကြီးဖြစ်လာတဲ့အခါကွင်တိုအဖွဲလေး ဘာတွေဆက်လုပ်ပြီးအနိုင်ယူကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးကြည့်ရှူရမယ့် ဟာသကာတွန်းကားလေးတစ်ကားဖြစ်တာမို လက်မလွှတ်တမ်းကြည့်ရှုရအောင်လားရှင် ဤဇာတ်ကားရဲ့အညွှန်းရေးသားသူက Yunniဖြစ်ပြီး ဘာသာပြန်တွေကတော့ Yunni& Poe ပဲဖြစ်ပါတယ် File size…1.2GB / 620MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yunni & Poe

Horror • Thriller
7 2021 98 mins
Seal Team
Color Out of Space
6

မင်းသားကြီး Nicholas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Color Out of Space ဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ထွက် Fantasy/ Sci-fi အမျိုးအစားဖြစ်ပြီး ကြာမြင့်ချိန် ၁နာရီနဲ့၅၁မိနစ်ရှိပါတယ် နေသန်ဂါဒနာဟာ သူ့မိန်းမထရီဆာရဲ့ကျန်းမာရေးအခြေအနေကြောင့် လာဗီနီယာ ဘန်နီ နဲ့ ဂျက်လို့ခေါ်တဲ့သူ့သားသမီးသုံးယောက်နဲ့အတူ ကျေးလက်ဒေသလေးကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။ တစ်ညမှာ သူတို့အိမ်ရှေ့ကိုထူးဆန်းလှတဲ့ဥက္ခာခဲကြီးကျရောက်လာပြီးတော့ အခြားဂြိုဟ်ကလာတဲ့သန္ဓေပြောင်းဇီဝသက်ရှိကြောင့် သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ကျေးလက်နေဘဝလေးဟာ အိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါ နေသန်နဲ့သူ့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစောင့်ကြည့်ရမှာမို့ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ။ File Size : ( 1 GB , 375 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Su Su Encoded by Moe Myint Lwin

Drama • Mystery • Sci-Fi & Fantasy
6 2019 111 mins
Color Out of Space
Pamfir
7.8

Pamfir (2022) ~ IMDb - 7.6/10, Rotten Tomatoes - 93% ~ " ဝတ်လစ်စလစ်အခန်းအနည်းငယ်ပါဝင်တာကြောင့် အသက်မပြည့်တဲ့ကလေးတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး " Rotten Tomatoes 93% ရရှိထားပြီး ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့သလို ဆန်ခါတင်တစ်ဆုပါ ဝင်ခဲ့တဲ့ ယူကရိန်းရုပ်ရှင်ဇာတ်ကား‌ကောင်းတစ်ကားပဲဖြစ်ပါတယ်။ ယူကရိန်းဇာတ်ကားတွေက ဟောလိဝုဒ်ကားတွေထက်စာရင် ကျွန်တော်တို့နဲ့နည်းနည်းအလှမ်းဝေးတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းက ဟောလိဝုဒ်ထက်မသာတောင် ယှဉ်နိုင်တဲ့အခြေအနေတစ်ခုရှိပါတယ်။ ဒီရုပ်ရှင်ကလည်း အဲဒီလိုအဆင့်အတန်းတစ်ခုကို ကောင်းကောင်းချပြထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့အစမှာ လီယိုနစ်ဆိုတဲ့ ဖခင်တစ်ယောက်၊ မှောင်ခိုသမားဟောင်းတစ်ယောက်ဟာ သူ့ရဲ့နယ်စပ်ကဇာတိမြေကိုပြန်လာပြီး သူ့မိန်းမနဲ့ သားဖြစ်သူနဇာကို ပြန်လာတွေ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သား နဇာက သူ့အဖေကြာကြာနေအောင်ဆိုပြီး သူ့အဖေရဲ့ စာရွက်စာတမ်းတွေထားထားတဲ့ ဘုရားကျောင်းကို မီးရှို့ပစ်ပါတယ်။ အဲဒီမှာ ပြန်အလျော်ပေးဖို့ ပိုက်ဆံလိုတာကြောင့် ဖခင်ဖြစ်သူက သူဘယ်တော့မှထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ထားတဲ့ မှောင်ခိုအလုပ်ကိုနောက်တစ်ခါ ထပ်လုပ်ရဖို့ဖြစ်လာပါတယ်။ မှောင်ခိုလောကဆိုတာ အတော်ကိုရက်စက်တဲ့လောကပါ။ ဂွင်မကျော်သင့်တဲ့လူကိုကျော်မိရင် ဘဝပါပျက်တဲ့အထိ ဒုက္ခရောက်နိုင်ပါတယ်။ အဲဒီမှာ ဖြစ်ချင်တော့ ပိုက်ဆံရဖို့ တကယ့်ခေါင်ကြီးတစ်ယောက်ကို လီယိုနစ်‌တစ်ယောက် ဂွင်ကျော်ရိုက်ရ‌ပါတော့တယ်။ သူဂွင်ကျော်တာကို အဲဒီလူသိသွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မှောင်ခိုသမားတွေရဲ့ လုပ်ကွက်တွေ၊ ဘဝတွေကိုမြင်ရမှာဖြစ်ပြီး ဖခင်တစ်ယောက်၊ သားတစ်ယောက်၊ ခင်ပွန်းသည်တစ်ယောက် ဖြစ်တဲ့ လီယိုနစ်အနေနဲ့ သူ့မိသားစုအတွက် ဘယ်လိုတွေပေးဆပ်သလဲတွေ့ရမှာပါ။ ဖခင်တစ်ယောက်ရဲ့ စိတ်ဓာတ်အတိုင်း သူ့သားကိုပညာသင်ဖို့၊ သူ့လို ပညာမတတ်တဲ့လူမဖြစ်ဖို့ အစွမ်းကုန်ဆုံးမတာတွေနဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာကိုပါဖော်ကျူးထားပါတယ်။ ဒီရုပ်ရှင်ရဲ့ဒါရိုက်တာ Dmytro Sukholytkyy-Sobchuk အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးပြီးစီးဖို့ ၁၀ နှစ်အချိန်ယူခဲ့ရတယ်ဆိုပါတယ်။ ဇာတ်သိမ်းနဲ့ အဓိကသရုပ်ဆောင်ရဲ့ဟန်ပန်ကို သူစိတ်တိုင်းမကျမချင်းကို ရိုက်နေတာကြောင့်ပါ။ အဲဒီလိုရိုက်ကူးခဲ့တာကလည်း အကျိုးရှိခဲ့တယ်ပြောလို့ရမှာဖြစ်ပြီး Pamfir ဟာ နိုင်ငံတကာရုပ်ရှင်ဆုပေါင်း ၁၈ခုနဲ့ ဆန်ခါတင်စာရင်းပေါင်းများစွာဝင်ခဲ့ပါတယ်။ တောင်တန်းတွေရဲ့အလှ၊ ရုပ်ရှင်‌ရိုက်ကွက်အလှအပတွေနဲ့အတူ ဒရာမာကောင်းကောင်းလေးကြည့်ချင်တယ်ဆိုရင်တော့ မြည်းကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 7.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Crime • Drama • Mystery
7.8 2022 106 mins
Pamfir
Matching Jack
6.4

Matching Jack (2010) ================= IMDb Rating – 6.4/10 ဒီတစ်ခေါက်မှာတော့ imdb မှာ 6.4 ထိရရှိထားတဲ့ အင်္ဂလိပ်မိသားစု ဒရမ်မာ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ သွေးကင်ဆာဆိုတဲ့ ရောဂါဟာ ခြင်ဆီအစားထိုး ကုသမှပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ခြင်ဆီအစားထိုးဖို့ ဆိုရင်တောင် ထပ်တူညီတဲ့ ခြင်ဆီရဖို့ မွေးချင်းညီအစ်ကို မောင်နှမကြားတောင် သုံးပုံတစ်ပုံပဲအခွင့်အရေးရှိပါတယ်။ ဒီဇာတ်လမ်းမှာ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ဖခင်နဲ့ သားကိုသခင် လင်ကိုဘုရားအသွင် ကိုးကွယ်ထားတဲ့ မိခင်တို့ရဲ့အချစ်ဆုံးသားလေး တစ်ယောက် သွေးကင်ဆာဖြစ်လာတဲ့အခါ၊ သားလေးရဲ့ခြင်ဆီနဲ့ထပ်တူညီတဲ့ ခြင်ဆီအလှူရှင်ရနိုင်ဖို့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများကြိုးစားမှာလဲ သူတို့အိမ်ထောင်ရေးအဆင်မပြေမှုတွေကရော ကလေး အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ ကလေးရဲ့ ခြင်ဆီနဲ့ ကိုက်ညီတဲ့ ခြင်ဆီအလှူရှင်ကိုရော ရနိုင်မလားဆိုတာတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျော ခံစားလိုက်ပါဦး… ဒီဇာတ်လမ်းဟာရောဂါအသားပေးဆိုတာထက် မိဘမေတ္တာကို အဖက်ဖက်က ပုံဖော်ရိုက်ကူးထားပြီး ကလေးသရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့် ရင်ထဲတော့ တစ်ခုခု ကျန်ခဲ့မယ်လို့ ညွှန်းပါရစေဗျာ… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်)

Drama • History
6.4 2010
Matching Jack
Phoenix
7.3

Phoenix (2023) သင်္ချိုင်းမြေဟောင်းပေါ်က အိမ်ကြီး IMDb – 7.4/10 ဒီတစ်ခေါက်မှာတော့ Thriller ကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်သရဲကားတွေလို ဝုန်းဒိုင်းဆိုပြီး ဟိုးနားက ပေါ်လာ ဒီနားက ပေါ်လာတာမျိုးမဟုတ်ဘဲ Sound Effect ကောင်းကောင်းနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ရှေ့နေ့ဂျွန်တစ်ယောက်ဟာ လူမှုရေးပြဿနာတွေကြောင့်နဲ့ အိမ်ပြောင်းရွေ့ဖို့ဖြစ်လာခဲ့ပါတယ်။ ဂျွန်ဟာ အိမ်နီးချင်းတွေနဲ့ ရောရောနှောနှောမနေချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အတွက် အိမ်ကိုသေချာရှာရင်းနဲ့ သူ့အကြိုက်အိမ်တစ်လုံးကို ရှာတွေ့သွားပြီးတော့ အိမ်ကို ပြောင်းလာကြပါတော့တယ်။ သူတို့ပြောင်းခဲ့တဲ့ အိမ်ကြီးကတော့ သင်္ချိုင်းဟောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကို ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ ဘယ်ကနေ ပို့လာမှန်းမသိတဲ့စာတွေက ဂျွန်တို့ရဲ့အိမ်ရှေ့ပေါက်ဝကို ရောက်ရောက်နေတတ်ပါတယ်။ ရောက်လာတဲ့စာတွေဟာလည်း အမျိုးသမီးတစ်ယောက်က ရင်ဖွင့်ရေးသားထားတဲ့ စာတွေနဲ့တူနေပါတယ်။ ဒီနောက်မှာတော့ အိမ်မှာ ငှက်ကလေးတွေ ငိုသံကြားရတာမျိုး ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုးတွေ ဖြစ်လာပြီးတော့ အဲဒီနောက်ကွယ်က အကြောင်းတွေကို စုံစမ်းရင်းနဲ့ပဲ ဒီစာထဲက အမျိုးသမီးကရော ဘယ်သူလဲ ဘာအတွက်ကြောင့် စာတွေပို့နေရတာလဲ ………. အိမ်မှာဖြစ်နေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကရော ဘယ်လိုတွေကြောင့်ဖြစ်ရတာလဲ……. ဂျွန်တို့ မိသားစုရော ဒီအိမ်ကြီးမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာတွေကို ထိတ်လန့်ဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနှင့် ဘာသာပြန်ကတော့ Alex~V~BpL~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Adventure • Animation • Fantasy
7.3 2023 130 mins
Phoenix
Evie

Evie (2023) Psychological နဲ့ Demonic Creature နှစ်ခုပေါင်းစပ်ထည့်သွင်းထားတဲ့ Horror အမျိုးအစားဖြစ်ပါတယ်။ ရှေးတုန်းက Britain နဲ့ ဗိုက်ကင်းတွေရဲ့ ဒဏ္ဍာရီလာ ရှေးဟောင်းပစ္စည်းတွေနဲ့ ဆက်စပ်ထားပါတယ်။ ငယ်ငယ်တုန်းက မိဘနှစ်ပါးရယ် အစ်ကိုဖြစ်သူတိုနီရယ်နဲ့ ပင်လယ်ကမ်းစပ်မှာ ပျော်ပွဲစားထွက်ခဲ့တဲ့ အီဗီဟာ ဆော့ကစားရင်း ရှေးဟောင်းလည်ဆွဲတစ်ခု ကောက်ရခဲ့ပါတယ်။ အဲ့လည်ဆွဲမှာ သူနဲ့ သူချစ်ရတဲ့သူတွေရဲ့ဘ၀ကို ဖျက်ဆီးမယ့် ရေနတ်ဆိုးကပ်ပါလာတာကိုတော့ မသိခဲ့ပါဘူး။ အီဗီ အဲဒီလည်ဆွဲကို ဆွဲပြီးကတည်းက သူတို့မိသားစုမှာ ကြောက်စရာကောင်းပြီး ဆိုးဝါးတဲ့အဖြစ်တွေနဲ့ ကြုံခဲ့ရပါတယ်။ အီဗီတို့ အမေလည်း သေသွားပြီး အဖေက သူတို့မောင်နှမနှစ်ယောက်ကို မကြည့်နိုင်ဘဲ မိဘမဲ့ဂေဟာကို ပို့ပစ်ခဲ့ပါတယ်။ မောင်နှမနှစ်ယောက် ကွဲကွာသွားပြီး ပြန်ဆုံတဲ့အချိန်မှာ အီဗီက ငယ်ငယ်က အဖြစ်တွေကို သိပ်မမှတ်မိပါဘူး။ သူတို့အဖေကလည်း စိတ်ကျန်းမာရေးချို့တဲ့ပြီး ဆေးရုံတက်နေရပါတယ်။ နတ်ဆိုးစွဲကပ်နေတဲ့ အီဗီက သူ့ကိုယ်သူ ကယ်တင်နိုင်မလား… သူ့အစ်ကို တိုနီကရော အီဗီကို ဘာလို့ ပြန်ဆက်သွယ်ခဲ့တာလဲ… အီဗီတို့မိသားစုရဲ့ကံကြမ္မာက လည်ဆွဲနဲ့ သက်ဆိုင်နေလား… ဆိုတာ အတွေးပွားရင်း ကြည့်ရှုခံစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 23Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2023 83 mins
Evie
Lone Survivor
7.5

Lone Survivor (2013) အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက‌ Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ကလည်း ၂၀၁၂ မှာ Mark Wahlberg နဲ့ Battleship ကိုရိုက်ပြီးခါစဆိုတော့ စစ်ကားအပိုင်းမှာ ဒါရိုက်တာကော မင်းသားပါ အရှိန်ရနေခဲ့တဲ့ကာလလို့ပြောရမယ်။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးရဲ့ တာဝန်က Ahmad Shah ဆိုတဲ့ တာလီဘန်ခေါင်းဆောင်ကိုရှင်းဖို့။ သူက တာလီဘန်အဖွဲ့တစ်ခုဖြစ်တဲ့ Hezb-e-Islami Gulbulddin (HIG) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အာဖဂန်မှာ အမေရိကန်တပ်သားတွေကို ချုံခိုရှင်းခဲ့တာတင်မကဘဲ အမေရိကန်စစ်တပ်ကိုကူညီတဲ့ အာဖဂန်ရွာသားတွေကိုပါ ရှင်းတာကြောင့် သူ့ကိုအန္တရာယ်ကြီးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ထားတယ်။ သူ့ကိုရှင်းထုတ်ဖို့ SEAL အဖွဲ့ဝင် ၄ ယောက်က တာဝန်ပေးခံရတယ်။ သူတို့ ၄ ယောက်က တောင်ပံနီစစ်ဆင်ရေးအတွက် တာဝန်ကျနေရာကိုရောက်ပြီး နေရာယူထားတဲ့အထိ အားလုံးကအဆင်ပြေနေသေးတယ်။ ဆိတ်ကျောင်းသားမြေးအဖိုးတွေ မရောက်လာခင်အထိပေါ့။ ဆိတ်ကျောင်းသားတွေကိုမိတဲ့အချိန် သူတို့အနေနဲ့ သတ်မလား…လွှတ်မလား… ရွေးရတော့တယ်။ ရှင်းလိုက်ရင် သူတို့နေရာမပေါက်ကြားတော့ဘူး။ တာဝန်ကိုဖြောင့်အောင်ဆက်လုပ်လို့ရတယ်။ ဒါပေမဲ့ အဲဒါကသူတို့ရဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းကို ချိုးဖောက်ရာရောက်သွားမယ်။ လွှတ်လိုက်ရင် သူတို့နေရာပေါက်ကြားပြီး တာလီဘန်အယောက် ၂၀၀ လောက်က သူတို့ကို အမဲလိုက်ဖျက်တာခံရမယ်။ ဘာရွေးခဲ့လဲ။ သူတို့စည်းမျဉ်းအတိုင်းပဲ လွှတ်ပေးခဲ့တယ်။ အကျိုးဆက်ကတော့ ရာနဲ့ချီတဲ့တာလီဘန်တွေကို ၄ ယောက်တည်းနဲ့ ခံတိုက်ရတာပဲ။ သာမန်အားဖြင့်ဆိုရင် SEAL တွေက ဒီလိုအခြေအနေတွေကိုကောင်းကောင်းတုံ့ပြန်နိုင်ဖို့ လေ့ကျင့်ပြီးသားပါ။ မြေပြန့်မှာဆိုရင်ပေါ့။ ဖြစ်ချင်တော့ သူတို့တိုက်ပွဲဖြစ်တဲ့နေရာက တောင်တွေအတော်ထူထပ်တဲ့ အာဖဂန် အရှေ့မြောက်ပိုင်းဖြစ်နေတယ်။ အဲဒီမှာ မြေပြင်အနေအထားအရ တာလီဘန်တွေအသာစီးရပြီး SEAL တွေအတော်ထိသွားတယ်။ တောင်ပေါ်ကပြုတ်ကျတာလည်းအကြိမ်ကြိမ်၊ ကျည်ဆန်မှန်တာလည်းအကြိမ်ကြိမ်နဲ့ပေါ့။ နောက်ဆုံးမှာ Marcus Luttrell တစ်ယောက်ပဲ အသက်ရှင်ခဲ့တဲ့အထိပဲ။ မစ်ရှင်ကတော့ မအောင်မြင်ခဲ့ဘူး။ ဒီရုပ်ရှင်က SEAL တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုတွေကို တမ်းတအောက်မေ့တဲ့အနေနဲ့ ရိုက်ခဲ့တာဖြစ်တယ်။ ရိုက်ကူးတုန်းကလည်း တကယ့် Navy SEAL တွေ စစ်ပြန်တွေက ရိုက်ကွင်းအကြံပေးတွေအနေနဲ့ပါခဲ့ကြတယ်။ လက်တွေ့ဘဝက Marcus Luttrell တောင်မှ cameo အနေနဲ့ပါခဲ့သေးတယ်။ တောင်ပေါ်က ပြုတ်ကျတဲ့အခန်းတွေဆိုရင်လည်း CGI နဲ့ရိုက်တာမဟုတ်ဘဲ Stunt double တွေနဲ့ အမှန်အကန်ရိုက်ခဲ့တယ်။ အရိုက်လွန်ပြီး Mark Wahlberg ရဲ့ စတန့်သမားတောင် တစ်ခန်းအပြီး ဆေးရုံတင်လိုက်ရသတဲ့။ အဓိကချီးကျူးစရာက အသံပိုင်းဖြစ်လိမ့်မယ်။ အဲဒါကြောင့်လည်း အသံပိုင်းမှာ Academy ဆု ဆန်ခါတင် ၂ ခုဝင်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Mark Wahlberg တို့ Taylor Kitsch တို့ Ben foster တို့လို ဆရာကြီးတွေပါ‌တဲ့အတွက် အပြစ်ပြောစရာမရှိဘူး။ ဖြစ်ရပ်မှန်စစ်ကားကောင်းကောင်းလေးမှကြိုက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)

7.5 2013 121 mins
Lone Survivor
Joshua Tree (aka) Army of One
5.7

ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်‌ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။ အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

Action • Thriller
5.7 1993
Joshua Tree (aka) Army of One
Varshangalkku Shesham
7.2

Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု) ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ် အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲ ဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် သူတို့နှစ်ယောက်ကြုံတွေ့ရတဲ့ အခက်‌အခဲတွေ သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးအပြင် ရုပ်ရှင်လောကရဲ့ စိန်ခေါ်မှုတွေ အခွင့်‌အရေးတွေ ရှာဖွေကြပုံကို မြင်တွေ့ရမှာပါ။ သက်တမ်းရှည်ကြာလှတဲ့ ရုပ်ရှင်လောကရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုတွေအပြင် သူတို့နှစ်ဦးရဲ့ character development တွေကိုလည်း စိတ်ဝင်စားဖွယ် ရှူစားရင်း ရသစုံ ဒရာမာ အချစ် စတာတွေလည်း ပါတာမလို့ ဒီခရီးလမ်းမှာ တောင်အိန္ဒိယရုပ်ရှင်လောကရဲ့ ရွှေတစ်ခေတ်ကို မြင်တွေ့ရမဲ့အပြင် ဗီနူနဲ့ မူရာလီတို့နှစ်ယောက် သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါ့မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးဗျာ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ)

7.2 2024
Varshangalkku Shesham
Bangkok Breaking: Heaven and Hell
6.8

Bangkok Breaking: Heaven and Hell (2024) IMDb Rating (6.8 ) Weirနဲ့ Aom Sushar ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Bangkok Breaking ရဲ့ sequel ဖြစ်တဲ့ Bangkok Breaking: Heaven and Hell ထွက်ရှိလို့လာပါပြီ။ ဒီတစ်ခါမှာလည်း ကယ်ဆယ်ရေးသမားလေး ဝမ်ချိုင်တစ်ယောက် ဘယ်ဇာတ်ရှုပ်ထဲပါသွားဦးမလဲ ရှုစားကြပါဦး။ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကယ်ဆယ်ရေးအဖွဲ့ကနေ ကန်ထုတ်ခံလိုက်ရတဲ့ဝမ်ချိုင်တစ်ယောက် အရှုပ်မတွေ့ရမနေနိုင်ဆိုတဲ့အတိုင်းပဲ ကလေးမလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အမှုမှာ ပါဝင်ပတ်သက်မိပြန်တော့တာပေါ့။ ဒါပေမဲ့ ဒီကလေးမလေးက ဩဇာညောင်းတဲ့သူဌေးတစ်ယောက်ရဲ့သမီးဖြစ်နေပြီး သာမန်ပြန်ပေးမှုလေးမဟုတ်ဘဲ ဂိုဏ်းတွေရဲ့အရှုပ်အရှင်းတွေအပြင် အိမ်ရာစီမံကိန်းကြီးတစ်ခုနဲ့ အာဏာပြိုင်ဆိုင်မှုတွေပါဝင်ပတ်သက်နေတဲ့အခါ… အပြစ်ရှိတဲ့စိတ်တွေနဲ့ ရှင်သန်နေတဲ့ကယ်ဆယ်ရေးသမားလေးဝမ်ချိုင်နဲ့ သူနာပြုလက်သစ်လေးမယ်ဂျီတို့ အရှုပ်အထွေးတွေကြားက ကလေးမလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary Christ, Su Myat, Dao Phyo တို့မှ တင်ဆက်ထားပါတယ်။)

6.8 2024 147 mins
Bangkok Breaking: Heaven and Hell
Empire V aka Ampire V
5.1

ကျွန်တော်တို့ CM ကနေ ဒီတစ်ခါမှာတော့ ၂၀၂၃ ခုနှစ်ထွက် IMDB 5.1 ရထားတဲ့ Ampire V ဆိုတဲ့ ရုရှားသွေးစုပ်ဖုတ်ကောင်ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ရုရှားမင်းသားကြီး Igor Zhizhikin, တက်သစ်စမင်းသား Pavel Tabakov နဲ့ မင်းသမီးချော Marina Zudina တို့က အဓိကပါဝင်ထားကြပါတယ်။ လူ့ဘဝကြီးရဲ့အဓိပ္ပာယ်ကို မေးခွန်းထုတ်နေတဲ့ အညတရရိုမန်ဟာ ဘဝကိုရည်ရွယ်ချက်မရှိဖြတ်သန်းနေပါတယ်။ တစ်ရက်မှာ မျှော်လင့်မထားပဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်အကိုက်ခံလိုက်ရပြီ သူ့နေရာကို သွေးစုပ်ဖုတ်ကောင်အဖြစ်ဆက်ခံဖို့ ဖြစ်လာပါတယ် ။ သွေးစုပ်ဖုတ်ကောင်ဖြစ်လာတဲ့အခါ ရိုမန်ဟာ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ နေထိုင်ပုံစံကိုလေ့လာရတယ်။ အရင်ကသူသိခဲ့တဲ့ သာမန်သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေအစား အာဏာ၊ ပိုက်ဆံ၊ ကြွယ်ဝမှုတွေနဲ့ ပတ်ရစ်ထားတဲ့ သွေးစုပ်ဖုတ်ကောင်လောကကြီးကို ထိတွေ့ခွင့်ရလာပါတယ် ။ လူ့သမိုင်းကြောင်းတစ်လျှောက်မှာ သွေးစုပ်ဖုတ်ကောင်တွေပါဝင်ခဲ့ပုံသိလာပြီးနောက် ရိုမန်ဟာ ဒီစနစ်ကြီးရဲ့အောက်မှာ မိမိရဲ့ ခံယူချက်နဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်ရင်း စနစ်ကိုကိုယ်ကျိုးအတွက်အမြတ်ထုတ်နေတဲ့ အခြားသွေးစုပ်ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ ဖြစ်လာပါတယ်။

5.1 2023
Empire V aka Ampire V
The Unseen Sister
6.2

အသက် ၁၄ နှစ်အရွယ်မှာတည်းက စာပေလောကထဲကို စာရေးဆရာအနေနဲ့ ရောက်လာခဲ့တဲ့ ကျန်းယွဲ့ရန်ရဲ့ (Da Qiao Xiao Qiao)တချောင်ရှောင်ချောင် (ခ) ချောင်ညီအစ်မဇာတ်လမ်းက အွန်လိုင်းဝတ္ထုတိုလေးဆိုပေမယ့်လည်း…. အခု ကျောက်လိယင်းနဲ့ ရှင်းကျစ်လေ မင်းသမီးနှစ်လက်အသားပေးပြီး The Unseen Sister (2024) ရုပ်ရှင်ကားအဖြစ်တစ်မျိုး၊ တစ်ဖက်မှာလည်း Tencent က ကျောက်လုစီနဲ့ ချန်ဝေထင်တို့က ဇာတ်လိုက်သရုပ်ဆောင် ဖန်တီးထားတဲ့ Love’s Ambition ( 2025 မျှော်မှန်း) ဇာတ်လမ်းတွဲအဖြစ် တစ်ဖုံ စင်ပြိုင် အလုခံရတဲ့ ဝတ္ထုတိုလေးပါ… ဒီလိုစင်ပြိုင်လုခံရတဲ့ ဇာတ်ကားလေးက ဘယ်လို ဇာတ်အိမ်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတာကတော့ မူရင်းဝတ္ထုလေးဖတ်ဖူးသူတွေသိကြမှာပါ… ဒီနေ့မှာတော့ ယင်းပေါင်(ခ) ကျောက်လိယင်ရဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ရုပ်ရှင်ဗားရှင်းမှာတော့… နာမည်ကြီးသရုပ်ဆောင်မင်းသမီး ချောင်ယန် (ကျောက်လိယင်)က အမည်မသိလူတစ်ယောက်ရဲ့ လျို့ဝှက်ခြိမ်းခြောက်မှုကို ခံနေရတာပေါ့… တစ်ဖက်မှာလည်း သူ့ကို ငွေရှာစက်လိုသဘောထား အသုံးချ အသားယူဖို့ကြိုးစားနေတဲ့ ရှန်ဟောက်မင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြန်တယ်… တစ်ဖက်မှာလည်း ချောင်ယန်ရဲ့ အောင်မြင်မှုကို တရုတ်နယ်စပ် မြန်မာနိုင်ငံကနေ ဗိုက်တစ်လုံးနဲ့ ကြည့်နေတဲ့သူကတော့ တချောင်( ရှင်းကျစ်လေ) ပါပဲ… တချောင်က တခြားသူမဟုတ်ပါဘူး… ချောင်ယန်နဲ့ ၁၇ နှစ်တာ ကွဲနေတဲ့ သူ့အစ်မအရင်းပါပဲ… သူ့မှာလည်း ဗိုက်တစ်လုံးနဲ့ ထားသွားတဲ့ ယောက်ျားက ဒီတိုင်းမထားဘဲ အကြွေးရှင်တွေနဲ့ ထားသွားတော့… ကူသူကယ်သူမဲ့နေရာကနေ နောက်ဆုံးမှာတော့…. ချောင်ယန်ရှိတဲ့ ပေကျင်းကို ထွက်လာဖို့ဖြစ်လာခဲ့တယ်… ၁၇ နှစ်တာ ဝေးကွာနေတဲ့ ညီအစ်မတွေ ပြန်ဆုံချိန်မှာ အမှတ်မထင် တချောင်ပြောတဲ့စကားက… “နင့်ဆီက ချောင်ယန်ဘဝကို ပြန်လိုချင်လို့”တဲ့… ဟုတ်ပါတယ်… ချောင်ယန်ဆိုတဲ့နာမည်နဲ့ဘဝက အခုမင်းသမီးချောင်ယန်ရဲ့ ဘဝမဟုတ်ဘဲ တချောင်ရဲ့ နာမည်ပါတဲ့… ဒါပေမယ့် ဘာလို့ ရှောင်ချောင်က တချောင်ရဲ့ နာမည်နဲ့ဘဝကိုရသွားတာလဲ… ချောင်ယန်ကို လျို့ဝှက်ခြိမ်းခြောက်နေတဲ့သူကရော ဘယ်သူလဲ… နောက်ပြီး ချောင်ယန်တစ်ယောက် သူ့ကို ငွေရှာစက်လို သဘောထားတဲ့ ရှန်ဟောက်မင်လက်က ဘယ်လိုရုန်းထွက်နိုင်မှာလဲ… တချောင် ရှောင်ချောင် ညီအစ်မနှစ်ယောက်ဘဝက ဘယ်လိုပြောင်းလဲသွားမှာလဲ… CM မှာ ဘာသာပြန်ပေးထားတာမို့ ကြည့်ရှုအားပေးလိုက်ကြရအောင်

6.2 2024
The Unseen Sister
Trapped Inn
3.1

Trapped Inn (2024) IMDb Rating (3.1) / Rotten Tomatoes (86%) 2024 ထွက် Thriller ကားအသစ်ပါ။ Thrillerကားတွေမှာတော့ ဇာတ်ကို ဘာမှမသိဘဲ ကြည့်ရတာ ပိုအရသာရှိလိမ့်မယ်ဆိုတော့ အရမ်းအကောင်းကြီး ခမ်းခမ်းနားနားကြီးမဟုတ်ပေမဲ့ အတန်အသင့်လက်သင့်ခံလို့ရတဲ့ ပမာဏလောက်နဲ့ ဇာတ်ကောင်တွေနဲ့အတူတူ ဘာတွေဖြစ်နေလဲ မသိဘဲ စီးမျောကြည့်ချင်ရင်တော့ ကြည့်လိုက်ပါ။ ဘာတွေဖြစ်နေလဲဆိုတာက မထင်ထားလောက်တဲ့အချိန်ကျမှ ရုပ်လုံးပေါ်တာဆိုတော့ ဇာတ်လမ်းက မပြောင်မြောက်လှပေမဲ့ ကြည့်တော့ကြည့်ကောင်းမှာပါ၊။ အညွှန်းဖတ်တာကို ဒီလောက်နဲ့ရပ်ပြီး ကြည့်ကြည့်လိုက်ပါ။ဇာတ်လမ်းကတော့ ပြိုင်ဘီးစီးတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ သူတို့က ပြိုင်ဘီးစီးကျင့်ဖို့ တောင်မြင့်ပြီး ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကို ရောက်လာတယ်။ အဲဒီဒေသက အင်းမှာ သွားတည်းတယ်။ အင်းပိုင်ရှင် လင်မယားကတော့ ဖော်ဖော်ရွေရွေပါပဲ။ ကောင်မလေးတွေလည်း အဲဒီမှာရှိတယ်။ ဒီလိုနဲ့ အင်းပိုင်ရှင် လင်မယားမူမမှန်နေတာကို သူတို့အဖွဲ့ထဲက တစ်ယောက်က သတိထားမိသွားတဲ့အချိန် လူတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်လာတယ်။ ဘာလို့ပျောက်ကုန်ကြလဲ ဘယ်သူတွေလွတ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ပါတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (980 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Science Fiction,Thriller Duration….01:54:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

3.1 2024 114 mins
Trapped Inn