YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Manhunt.Unabomber.2017.S01EP3.BluRay1080P(CM).mp4

746.06 MB 1080p video/mp4 100 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dark Nature
6.2

ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစား​ဖြစ်ပါတယ်။ Jigsaw နဲ့​ The​ Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဂျွိုင်း​ (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ​ ဒဲရက်ရဲ့​ အကြမ်းဖက်​နှိပ်စက်​မှုတွေကြောင့်​ စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့်​ သူငယ်ချင်းဖြစ်သူ ကာမင်​က​ ဂျွိုင်း​ကို​ စိတ်​ရောဂါပညာရှင်ဒေါက်တာဒန်လေ​ရဲ့​ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း​ သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်​ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ ဂျွိုင်း​တို့နှစ်ယောက်က​ ဒေါက်တာ​ဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး​ ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်း​တစ်ယောက်​ တောထဲမှာ သူတို့ကိုနောက်ယောင်ခံ​လိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ​ ကြုံတွေ့​ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့​ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို​ ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်း​တို့အတွက်ကတော့ ဒီသဘာဝတရားက​ သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူ​က​ Wolfenheim​ ဖြစ်ပါတယ်။ File size…(1.3 GB)/(780 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Drama
6.2 2023 85 mins
Dark Nature
Collision
5.9

အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။ တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ကျောင်းဆောက်တဲ့ ပရောဂျက်ကို ပိတ်ပစ်မယ်လို့ မြို့တော်ဝန်က ခြိမ်းခြောက်လိုက်တော့ သူလည်းနစ်ကို ပြန်ပေးဆွဲပြီး ငွေငါးသန်းညှစ်ပါတော့တယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေကို ဆန့်ကျင်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပေါ်လာပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေတွေကြားမှာ သမီးကို ပြန်ရဖို့ သူ့ရဲ့ မိဘတွေ ဘယ်လိုကြိုးစားအားထုတ်ကြမလဲ? ဘာတွေဆက်ဖြစ်မလဲ? ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 1.7GB, 613MB, 285MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 39mins Genre : Crime, Drama, Thriller Translated by Poant Encoded by Kinnov

Action • Fantasy • Horror • Science Fiction • Thriller
5.9 2022 99 mins
Collision
House of Deadly Lies
5.4

House of Deadly Lies(2023) ************************* ဒီတစ်ခါ ကားကတော့ Mystery , thriller လို Genre မျိုးကို ကြိုက်တတ်တဲ့ လူတွေအတွက်ပဲဖြစ်ပါတယ် Paige ဆိုတဲ့ကောင်မလေးဟာ သူ့သူငယ်ချင်း Joslyn ကို အိမ်ပေါ်ခေါ်တင်ထားပါတယ်.. အကြောင်းအရင်းကတော့ Joslyn ဟာ ကိုယ်ဝန်သည်အမျိုးသမီးဖြစ်ပြီး ယောကျာ်းက နှင်ချလိုက်တာကြောင့် သွားစရာနေရာလည်းမရှိလို့ပါ ဒါကို Paige ရဲ့အမျိုးသား Michael ဟာ သိပ်မကြည်ချင်ပါဘူး... တစ်နေ့ Joslyn ကလေးမွေးတဲ့နေ့မှာတော့ ကလေးအဖေဟာ Michael ဖြစ်နေတာကို သွားတွေ့လိုက်ရပါတော့တယ်.. အဲ့ဒီတော့မှ Michael ဟာ Joslyn ကို အိမ်မှာ လက်ခံထားတာ ဘာကြောင့်မကြည်မှန်းသိသွားပါတော့တယ်.. အဲ့ဒီလိုနဲ့ Paige နဲ့ Joslyn ကြား ဘာတွေဖြစ်လာကြမလဲ Michael နဲ့ရော ဘာတွေဖြစ်ကြမလဲ... ဒါ့အပြင် Michael မှာ တခြားမကောင်းတဲ့အချက်တွေအများကြီးရှိပါသေးတယ် .. အဲ့ဒါကိုတော့ ရုပ်ရှင်ကြည့်ရင်းနဲ့ ရှာဖွေကြည့်လိုက်ကြရအောင်... File Size :(1.7GB)(and (718MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:37:00 Genre :  Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama
5.4 2023 90 mins
House of Deadly Lies
Scooby-Doo on Zombie Island
7.7

Scooby-Doo on Zombie Island (1998) ~ IMDb - 7.7/10, Rotten Tomatoes - 88% ~ 2019 က ထွက်ခဲ့တဲ့ Return to Zombie Island ရဲ့ပထမပိုင်း 1998 က လက်ရာဟောင်းတစ်ခုပါ။ နောက်ပိုင်းလက်ရာထက်တော့ နည်းနည်းခေတ်ဟောင်းဆန်ပေမဲ့ ဒီအပိုင်းထဲက ဖုတ်ကောင်တွေက သူတို့အမြဲဖြေရှင်းခဲ့သလို မျက်နှာဖုံးစွပ်နဲ့ လူဆိုးတွေမဟုတ်ဘဲ တကယ့် ဖုတ်ကောင်အစစ်တွေပါ။ ဒီလောက်ဆို စိတ်၀င်စားစရာကောင်းနေပါပြီ။ ~ ဇာတ်လမ်းအကျဉ်း ~ စကူဘီတို့ အဖွဲ့သားတွေဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ ‌ဖြေရှင်းတိုင်း နောက်ဆုံးမှာ လူတွေအယောင်ဆောင်တာပဲ ဖြစ်နေတဲ့အတွက် ငြီးငွေ့လာကြပြီး ကိုယ်စီ လမ်းခွဲလို့ အဆင်ပြေရာအလုပ်တွေ ခွဲလုပ်ကြပါတယ်။ ဒက်ဖနီက သူ့ကိုယ်ပိုင် တီဗီရှိုးမှာ ခြောက်လှန့်တတ်တဲ့နေရာတွေအကြောင်း ရိုက်ကူးတင်ဆက်ရာကနေ Season 2 အတွက် နေရာရှာတာက ဇာတ်လမ်းစပါတယ်။ ဒီတစ်ခါမှာတော့ တကယ်သရဲအစစ်ခြောက်တဲ့နေရာကို လိုချင်တာပါ။ ဒီလိုနဲ့ သရဲခြောက်တဲ့နေရာတွေ ရှိတယ်လို့နာမည်ကြီးတဲ့ လူဝီဆီယာနာကို သူ့အဖွဲ့သားတွေပါ ခေါ်ပြီး ခရီးထွက်ခဲ့ပါတယ်။ လမ်းမှာနားတုန်း လီနာဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီး သူအလုပ်လုပ်တဲ့အိမ်ကြီးမှာ တကယ့်သရဲတွေရှိတယ်ဆိုပြီး ဖိတ်ခေါ်တဲ့အတွက် စကူဘီဒူးတို့အဖွဲ့ လိုက်သွားပါတော့တယ်။ ရေကန်ကြီး တစ်ဖက်ခြမ်းက အိမ်ကြီးမှာ ဘယ်လိုအကြောင်းကြောင့် သရဲတွေရှိနေတာလဲ... နောက်ထပ် ဘယ်လိုဆန်းကြယ်မှုတွေ ရင်ဆိုင်ရဦးမလဲ... ဆိုတာ အားပေးလို့ရပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 665MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 17Min Genre - Adventure, Animation, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Crime • Drama • Mystery
7.7 1998 77 mins
Scooby-Doo on Zombie Island
Bad Cat
7

ဒီဇာတ်ကားက က​လေးကြည့်လို့မရတဲ့ ကာတွန်းဇာတ်ကားပါ။ ၂၀၁၆ခုနှစ်က တူရကီနိုင်ငံက ဖြန့်ချိခဲ့တဲ့ Animationဖြစ်ပြီး IMDb 7နဲ့ RTမှာ 44% ရထားပါတယ်။ ဇာတ်လမ်းက PG 15 ratingဖြစ်ပြီး အ​ဆဲအဆို​တွေ ​အ​တော်သုံးထားပြီး သတ်ဖြတ် တာ​တွေလည်း ပါပါတယ်။ ဇာတ်​ကြောင်းက​တော့ အရက်​သောက် ​ဆေးချ ခိုးဆိုးလုနှိုက် အလုပ်​တွေပဲ အမြဲလုပ်​နေတဲ့ ရှဲရိုဆိုတဲ့​ ကြောင်ဆိုးတစ်​ကောင် တစ်​နေ့မှာ ​ကြောင်မ​လေးတစ်​ကောင်ကို နှာဘူးထဖို့အသွားမှာ ​ကြောင်မ​လေးခမျာ သူ့ရုပ်ရည်မြင်ပြီး လန့်ဖျပ်ထွက်​ပြေးရာမှ ဓါတ်လိုက်​သေဆုံးသွားပါ​တော့တယ်။အဲဒီမှာ ​ကြောင်မ​လေးရဲ့ သခင်နဲ့ ထိပ်တိုက်တိုးပြီး ဘိုင်ဝမ်းဆွဲရာက​နေ သခင်ဖြစ်သူပါ တိုက်​ပေါ်ကပြုတ်ကျ​ပြီး ဦး​နှောက်ပွင့်သေဆုံးသွားပါ​တယ်။ ဒါ​ပေမဲ့ အ​တော်​လေးအစွဲကြီးလှတဲ့ ​ကြောင်မ​​လေးရဲ့သခင်က ​ခေါင်းပွင့်တာ​တောင် ဇွန်ဘီအ​နေနဲ့ပြန်အသက်ဝင်လာပြီး ရှဲရို တစ်​ကောင်ကို လိုက်သတ်ပါ​တော့တယ်။ ဇာတ်လမ်းက​တော့ ခပ်စားစားပါပဲ။ အ​ပြောအဆိုတွေနဲ့ ​အောက်လုံးစကား​တွေကို ရေလည်သုံးထားလို့ က​လေး​တွေကို ပြလို့ရတဲ့ ကာတွန်းကား မဟုတ်တာကို ထပ်​လောင်း​ညွှန်းလိုက်ရပါ​တယ်။ File size…1.45GB / 827MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 26m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Comedy • Drama
7 2016
Bad Cat
Major Payne
6.3

Major Payne (1995) Genre – Adventure, Comedy, Family IMDB – 6.3/10 မေဂျာပိန်းဆိုတာက အမေရိကန်စစ်တပ်က အားထားရတဲ့ အထူးရှယ် လူသတ်လက်နက်ကြီးပေါ့။ ဒါပေမဲ့ နောက်ထပ် စစ်မြေပြင်တွေ မရှိတော့တဲ့အခါမှာ မေဂျာပိန်းအတွက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတော့တယ်။ အရပ်သားဘဝနဲ့ ကြိုးစားနေကြည့်တော့လည်း အဆင်မပြေမှုပေါင်းများစွာနဲ့ ဖြတ်သန်းနေရရော။ ဒီလိုနဲ့ အထက်အရာရှိကို တောင်းပန်ပြီး စစ်တပ်နဲ့ သက်ဆိုင်ရာ အသတ်အဖြတ်အလုပ်လေး တောင်းကြည့်တော့ အကယ်ဒမီကျောင်းတစ်ခုက ပရိုဂရမ်နဲ့ ဗိုလ်လောင်းလေးတွေကို နည်းပြလုပ်ရမယ်ဆိုပြီး အလုပ်တစ်ခု ရသွားခဲ့တယ်။ ဖြစ်ချင်တော့ ဗိုလ်လောင်းတွေဆိုတာက တကယ့်ကို နှပ်ချေးတွဲလောင်း ၆ နှစ်သားလောက်ကစပြီး ဆယ်ကျော်သက်အရွယ်ထိ အရွယ်စုံ လူစုံ ပေါင်းစုံ စုဝေးထားတဲ့ မျှော်လင့်ချက်မဲ့ ဗရုတ်သုတ်ခ ကလေးတစ်သိုက် ဖြစ်နေပါတယ်။ အဲဒီမှာတင် စည်းကမ်းတင်းကြပ်လွန်းတဲ့ မေဂျာပိန်းတစ်ယောက် ကလေးတစ်သိုက်ကို ဘယ်လိုတွေ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားမလဲ၊ အကြံပေးဆရာမလေးရဲ့ အကူအညီကို ဘယ်လိုယူပြီး ပြောင်းလဲသွားမလဲ၊ သံမဏိစိတ်ဓာတ်နဲ့ အသည်းမာတဲ့ မေဂျာပိန်းတစ်ယောက် သူ့တပ်ဖွဲ့မှာ ဘုနဲ့ဘောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရယ်မောစရာလေးတွေနဲ့ တင်ဆက်ထားတဲ့ ၉၀ ခုနှစ် ကာလရဲ့ မိသားစု ဟာသကားလေးပဲ ဖြစ်ပါတယ်။ File size… 2.8 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Family , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Drama
6.3 1995 95 mins
Major Payne
The Tearsmith
5.5

အီတလီဆယ်ကျော်သက်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ The Tearsmith ဟာ ၂၀၂၄ ဧပြီ ၄ ရက်ကမှ ထွက်ရှိ ထားတာဖြစ်ပါတယ်။ Erin Doom ရေးသားထားတဲ့ The Tearsmith ဝတ္တုကိုအခြေခံပြီး Alessandro Genovesi က ရိုက်ကူးပေးထားတာပါ။ Simone Baldasseroni နဲ့ Caterina Ferioli က ခေါင်းဆောင်ပါဝင်သရုပ်ဆောင်ထားပြီး Gen Z ပရိသတ်တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** မိဘတွေက ကားမတော်တဆမှုကြောင့်ဆုံးပါးသွားတဲ့အတွက် နီကာဟာ ဂရေ့ဗ်လို့နာမည်ပြောင်ခေါ်ကြတဲ့မိဘမဲ့ဂေဟာကို ရောက်ရှိလာခဲ့ပါတယ်။ ဂရေ့ဗ်မှာ နီကာဟာ သူ့ကိုရင့်ရင့်သီးသီး ဆက်ဆံလေ့ရှိတဲ့ရီဂျယ်ဆိုတဲ့ကောင်လေးနဲ့သာမက သူ့ရဲ့အချစ်ဆုံး သူငယ်ချင်းဖြစ်လာတဲ့ အာဒဲလင်နဲ့ပါဆုံတွေ့ခဲ့ပါတယ်။ နီကာ အရွယ်ရောက်လာချိန်မှာတော့ မီလီဂန်မိသားစုက ရီဂျယ်နဲ့ အတူမွေးစားဖို့ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ မိသားစုတစ်ခုအမြဲ လိုချင်နေခဲ့တဲ့နီကာဟာ မိဘအသစ်တွေရဲ့မေတ္တာကိုအပြည့်အဝ ရရှိပေမယ့် မပျော်ရွှင်နိုင်သေးဘဲ ဂရေ့ဗ်မှာကြုံခဲ့ရတဲ့နှိပ်စက် ညှင်းပန်းမှုတွေရဲ့အကျိုးဆက်ကိုခံစားနေရဆဲဖြစ်သလို ရီဂျယ်က သူ့ကိုဘာလို့ရင့်ရင့်သီးသီးဆက်ဆံနေခဲ့လဲဆိုတဲ့အကြောင်းရင်းကို သိရှိသွားတဲ့အခါမှာတော့ နီကာဘာဆက်လုပ်မှာလဲဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.25GB / 574MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Drama , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024
The Tearsmith
Zadra

ဇာဒရာကတော့ သာမာန်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတယောက်ဖြစ်ပြီး အောင်မြင်တဲ့ ရက်ပါတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ။ သာမာန်ချိန်တွေမှာတော့ ပုံမှန်ဆယ်ကျော်သက်ကောင်မလေးဆိုပေမဲ့ မိုက်ကိုင်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ ပါရမီတွေထွက်လာပြီး အကောင်းဆုံးရက်ပ်တွေဆိုနိုင်ခဲ့ပါတယ်။ သူ့ကို နောက်ကွယ်ကနေ အားပေးနေကြတဲ့ ဘာ့တစ်ခ်ဆိုတဲ့ ရည်းစားကောင်လေးအပြင် ဂျက်စတိဆိုတဲ့ သူငယ်ချင်းကောင်မလေးလည်းရှိပါသေးတယ်။ ဒါပေမဲ့ ရက်ပ်လောကလို အမျိုးသားအများစုကြီးစိုးထားတဲ့ လောကမှာ ဇာဒရာ လိုတက်သစ်စရက်ပါမလေးတယောက်အနေနဲ့ အောင်မြင်ဖို့ကခက်ခဲလှပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေတွေကို ဇာဒရာတစ်ယောက် ဘယ်လိုကျော်ဖြတ်ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်မလဲဆိုတာ လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMR

0 2022
Zadra
Set It Up
6.5

Set It Up (2018) IMDb (6.5) / Rotten Tomatoes (68 %) Rating မြင့်မြင့်ရရှိထားတဲ့ Comedy,Romance အမျိုးအစား ဒီရုပ်ရှင်လေးကတော့ လုပ်ငန်းခွင်ဝင်လူလတ်ပိုင်းအရွယ်တို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အထူးသင့်လျော်မယ့်ဇာတ်ကားလေးပါ။ Before I fall ရုပ်ရှင်ထဲက မင်းသမီးချောလေး Zoey Deutch ပါတဲ့ကားပါ။ မင်းသားကတော့ ဓာတ်ပုံထဲမှာမချောပေမဲ့ ရုပ်ရှင်ထဲမှာတော့ ခန့်ချောပါ။ ပြီးတော့ တရုတ်နဲ့အမေရိကန်ကပြားမင်းသမီး Lucy Liu ကလည်း နာမည်ကြီးဆောင်းပါးရေးသူ၊မင်းသမီးရဲ့သူဌေးမအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Claire Scanlon ပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့… ဟာပါဆိုတဲ့အရမ်းအလုပ်ကြိုးစားတဲ့ကောင်မလေးက ခရစ်စတန်ဆိုတဲ့သူဌေးမရဲ့လက်ထောက်ဖြစ်ပြီး သူရဲ့အိပ်မက်ကဆောင်းပါးရေးတဲ့စာရေးဆရာမဖြစ်ချင်တယ်….ဒါပေမဲ့ သူက အလုပ်မှာ ခိုင်းဖက်လေးပေါ့ တစ်နေ့ မထင်မှတ်ထားတဲ့ အဖြစ်အပျက်ကြောင့် ရုံးအဆောက်အအုံတစ်ခုတည်းမှာအလုပ်လုပ်တဲ့ ချာလီ(မင်းသား) နဲ့တွေ့ခဲ့တယ်ချာလီကလည်း ဟာပါလိုပဲ ရစ်ခ်ဆိုတဲ့သူဌေးတစ်ယောက်ရဲ့လက်ထောက်ဖြစ်ပြီး ရာထူးတိုးချင်နေတဲ့သူပေါ့ နစ်ယောက်လုံးက ရုံးမှာဆို နောက်ဆုံးမှအိမ်ပြန်ရတဲ့သူ၊ တစ်နေကုန် အလုပ်ကလည်းရှုတ် အရမ်းဇီဇာကြောင်တဲ့သူဌေးတွေရဲ့ဒဏ်ကိုလည်းခံရနဲ့ နှစ်ယောက်သား သူဌေးတွေရဲ့အတင်းကိုပြောရင်း သူတို့သူဌေးနှစ်ယောက်ကို အောင်သွယ်ပေးဖို့ အကြံရသွားကြတယ် သူတို့ရဲ့ရည်ရွယ်ချက်က သူဌေးနှစ်ယောက်ဒိတ်လုပ်ရင် သူတို့အေးဆေးနေလို့ရတယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ကို အောင်သွယ်တော့တာပဲ အောင်သွယ်ရင်းနဲ့မှ သူတို့နှစ်ယောက်ပဲ ချစ်ကြိုက်သွားမလား သူဌေးနှစ်ယောက်ပဲအဆင်ပြေသွားမလား သူတို့ရဲ့အိမ်မက်ကိုကော အကောင်အထည်ဖော်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုကြပါရှင့်။ ဇာတ်လမ်းလေးက ပေါ့ပါးပြီး ရယ်လည်းရယ်ရတယ် ချစ်ဖို့လည်းကောင်းတယ် လူတွေရဲ့သဘာဝအရ အိမ်မက်တွေကို အကောင်အထည်ဖော်ရင်း ဒီအိမ်မက်ယောင်ယောင်ထဲမှာပဲ နှစ်မြုပ်နေတတ်တယ် အဲ့ဒီကနေ ဘယ်လို ပြန်ရုန်းထွက်မလဲ စတဲ့ စိတ်ဝင်စားစရာအကြောင်းအရာတွေပါဝင်တဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Ann Mary မှတင်ဆက်ထားပြီး ဘာသာပြန်ကတော့ Yazar Htun ပါ။)

Action • Comedy
6.5 2018 105 mins
Set It Up
[18+] Motel Destino
6.8

IMDb Rating (6.8) / Rotten Tomatoes (67%) (ပွင့်လင်းမြင်သာသော အဖော်အချွတ် ဇာတ်ဝင်ခန်းများစွာ ပါဝင်သောကြောင့် ကလေးသူငယ်/မိသားစုနှင့် ကြည့်ရန်မသင့်ကြောင်းပါ) အယ်ရာဒိုဆိုတာက ဘရာဇီးနိုင်ငံ မြို့လေးတစ်မြို့ရဲ့ လမ်းပေါ်က ကောင်ဇိုးလေးတစ်ယောက်ပေါ့။ အစ်ကို ဖြစ်သူနဲ့ အန္တရာယ်များတဲ့ အလုပ်လေးတွေ လုပ်ကိုင်ကြရသူတွေ။ တစ်ရက်ကျ အယ်ရာဒိုတစ်ယောက် တဏှာရာဂနောက် လိုက်ခဲ့မိလို့ ကံဆိုးမှုတစ်ခု ကြုံတွေ့ရပြီး ထွက်ပြေးဖို့ ဖြစ်လာတဲ့အခါမှာ ဒီ မိုတယ်လေးကို အကူအညီလာတောင်းပါတော့တယ်။ မိုတယ်ကို ဦးစီးနေတာက အသက်အရွယ်ရ လင်မယားနှစ်ယောက်ရယ် တခြားတစ်ဦးရယ် ဒါပဲ ရှိပါတယ်။ အယ်ရာဒိုဆိုတာ ဘာအလုပ်နေနေ လက်ကြောတင်းအောင် လုပ်တတ်သူ ဖြစ်တာကြောင့် မိုတယ်လေးမှာ နေရာတစ်ခု ရလာပြီး ဒီ မိုတယ်လေးထဲမှာ ဘယ်လိုမျိုး ရင်ခုန်စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်တွေ ဆက်ဖြစ်လာမလဲဆိုတာကို ကြည့်သွားရမယ့် ဘရာဇီးရုပ်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size…(3.8 GB) / (1.7 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller, Romance Duration….01:55:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thura Aung

6.8 2024 115 mins
[18+] Motel Destino
High Forces
6

“ဝေဟင်ထက်က လေယာဉ်က မြေပြင်ပေါ်က စက်ဘီးကို ဝင်တိုက်သွားတယ်” ဆိုတာမျိုး ကြားဖူးမယ်ထင်ပါရဲ့… ဒီ Andy Lau နဲ့ နာမည်ကြီး မင်းသားမင်းသမီးတို့ကြိုးစားပြီးရိုက်ကူးထားတဲ့ High Force ကားလေးကတော့ ဒီလို ဆင်တူယိုးမား အဖြစ်ပျက်လေးကို ပုံဖော်ထားတာပါ… ဇာတ်လမ်းထဲမှာ ကောင်းဟောက်ကျွင်း တစ်ယောက်က ဘိုင်ပိုလာ ဆိုတဲ့ စိတ်ဓာတ်အတက်အကျမြန်တဲ့ ရောဂါကို ခံစားနေရတဲ့သူပေါ့… ဒါကြောင့်လည်း ရှိရင်းစွဲ အလုပ်က ထွက်ပြီး လေကြောင်းကုမ္ပဏီမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ဝင်လုပ်ဖြစ်ခဲ့တယ်… သူ့ရောဂါကြောင့်ပဲ… သူချစ်ရတဲ့မိသားစုကို အဝေးကပဲ ဖြည့်ဆည်းပေးရသူဖြစ်လာခဲ့တယ်… ဘာလို့လဲဆိုတော့ သူစိတ်မထိန်းနိုင်ခဲ့တဲ့ လုပ်ရပ်တစ်ခုကြောင့် သူ့သမီးလေး ဘဝအလင်းပျောက်ခဲ့ရပြီး အမှောင်လောကထဲမှာ ရှင်သန်ရတဲ့ မျက်မမြင်လေးဘဝကို ရောက်သွားလို့ပါပဲ… သူတို့ မိသားစုအတူ ပြန်ဆုံတာကတော့ အိတ်ချ်ဝိုင် ၆၆၈ ဆိုတဲ့ လေယာဉ်ပေါ်မှာပေါ့… ဒီလေယာဉ်ပေါ်မှာ ကောင်းဟောက်ကျွင်းနဲ့အတူ ဘိုင်ပိုလာ ခံစားနေရသူ နောက်တစ်ဦးရှိပါသေးတယ်… သူ့နာမည်က မိုက်ခ်တဲ့… သူကတော့ ဒီလေယာဉ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ဦးပေါ့… မိုက်ခ်က ဘာလို့ လေယာဉ်ကို ထိန်းချုပ်ချင်တာလဲဆိုရင်တော့ လေကြောင်းပိုင်ရှင်ဆီက ငွေညှစ်ဖို့ပါပဲ… ဒါပေမယ့် သူကကြေးစားဆိုတော့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ… သူတို့ဆန္ဒတွေပြည့်ဝမှာလား…သူတို့မမျှော်မှန်းထားတဲ့ အပြောင်းအလဲဖြစ်လာမှာလား… ‌နောက်ပြီး ကောင်းဟောက်ကျွင်းကရော ဒီခရီးမှာ သူ့မိသားစုနဲ့ အဖုအထစ်တွေ ဖြေရှင်းနိုင်မှာလား CM နဲ့အတူ ဇာတ်ကားလေးကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်…

6 2024
High Forces
Singham Again
5.8

Singham Again 2024 (IMDb 5.8/10) ဆင်ဂဟမ် ပြန်လာပြီ….. အခုတစ်ခါမှာတော့ ထူးထွေပြီး ညွှန်းနေစရာမလိုလောက်အောင် ပရိသတ်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ ရဲမှူးကြီး ဆင်ဂဟမ်ပြန်လာပါပြီ ဒါရိုက်တာရှက်တီရိုက်ကူးတင်ဆက်ပေးနေတဲ့ Police Universe ရဲ့ ငါးကားမြောက်ပဲ ဖြစ်ပါတယ် 2017 ခုနှစ်ထဲက ကြေငြာခဲ့ပြီး ထွက်ရှိလာချိန်မှာလည်း ရုံဝင်ငွေ ဒေါ်လာ ၄၇ သန်းနီးပါးရရှိခဲ့ပြီး ကမ္ဘာအနှံ့ဆို တတိယမြောက်နဲ့ အိန္ဒိယမှာတော့ ဆဌမချိတ်တဲ့ ရုံတင်ကားကြီးပဲဖြစ်ပါတယ် Cast အင်အားကလည်း နာမည်ကြည့်ရုံနဲ့ လဲသေလို့ရအောင် အလောင်းဖျောက်ကားနဲ့နာမည်ကြီးတဲ့ အာဂျေး ဆလူးဘိုင်တစ်ဖြစ်လဲ ဆယ်လ်မန်ခန်း ရဲသားကြီး အာရှေးကူးမား တက်သစ်စ အာဂျွန်ကပူးရ် အက်ရှင်ဆရာကြီး တိုက်ဂါးတို့အပြင် ညှို့ဓာတ်ပြင်း မင်းသမီး ဒီပီကားပဒ်ကိုနီ ဝါရင့်မင်းသမီးကြီး ကရီနာကပူးရ်တို့ပါ ဝင်ရောက်သရုပ်ဆောင်ထားပါတယ် သရုပ်ဆောင်ကြေးနဲ့တင် မွဲသေလို့ရနိုင်တဲ့ ဇာတ်ကားပါပဲ ဇာတ်ကားနာမည် သရုပ်ဆောင်နဲ့တင် ရှိန်စရာမို့ဇာတ်လမ်းအကျဉ်းလေးကို နဲနဲလေးပဲပြောပါတော့မယ်။ ဇာတ်လမ်းကတော့ အာရှေးရဲ့ရဲအဖွဲ့သစ်ကို တည်ထောင်ပြီးချိန်မှာ အငြိုးကြီးတဲ့ရန်သူတွေက အာရှေးဇနီးကို ပြန်ပေးဆွဲတာကို ကယ်တင်ဖို့အတွက် ရာမာယနဇာတ်ကို Reference ယူထားပြီးတော့ အာရှေးနဲ့သူ့အဖွဲ့သားတွေက ကြိုးစားကြတာကို မိန်းမလဲကယ် နိုင်ငံတော်ကို ဘယ်လိုကာကွယ်မလဲဆိုတာ အချစ်အလွမ်းအက်ရှင်စုံစွာနဲ့ ကြည့်ရှုအားပေးရမှာပါပဲ ပါဝင်တဲ့သရုပ်ဆောင်တွေနဲ့တင် တန်နေတဲ့ဇာတ်ကား ပရိသတ်ကြီးလည်း ကာလရှည်စွာစောင့်မျှော်နေရတဲ့ဇာတ်ကား Police Universe ကို အားပေးစောင့်မျှော်နေကြသူတွေအတွက်မို့ CM ကနေ အချိန်မနှေးပဲ ပရိသတ်ရှေ့မှောက် အရောက်တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

Animation • Science Fiction • Family
5.8 2024 145 mins
Singham Again
Chaurya Paatam
7.6

Chaurya Paatham 2025 (ရုပ်ရှင်ရိုက်ဖို့ ဘဏ်ကိုဓားပြတိုက်ရာဝယ်) တေလ်ဂူဘာသာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါဝင်ပြီး ရာဇဝတ်မှုအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသကားလေးဖြစ်ပါတယ်။ ဗီဒန့်ဆိုတဲ့ကောင်လေးဟာ ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့အတွက် ကြိုးစားရုန်းကန်နေရသူတစ်ယောက်ပါ။ အိပ်မက်တွေဟာ ဈေးကြီးတယ်ဆိုတဲ့အတိုင်းပဲ ငွေကြေးမပြည့်စုံတဲ့သူ့အတွက် ရုပ်ရှင်ဒါရိုက်တာဖြစ်ဖို့ လက်ရှိဒါရိုက်တာကြီးတွေဆီမှာ ကပ်ပြီး ပညာသင်ရင်း ကြိုးစားနေခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူ့ဇာတ်ညွှန်းကို ဘယ်ထုတ်လုပ်သူကမှ မကြိုက်ဘဲ ဇာတ်ညွှန်းပြဖို့သွားလိုက်တိုင်း မင်းဇာတ်ညွှန်းကို ဇာတ်ကားဖြစ်အောင်လုပ်ဖို့အတွက်ဆိုရင် ဘဏ်ကိုဓားပြတိုက်မှပဲ ရိုက်နိုင်မှာဆိုတဲ့စကားကို ကြားဖန်များလာတဲ့အခါမှာတော့ သူဟာ လူတစ်စုကို စုလိုက်ပြီး အိန္ဒိယမှာရှိတဲ့ အအေးချမ်းဆုံးသော ရွာလေးတစ်ရွာကိုသွားပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ သွားပါတော့တယ်။ ဒီလိုမှတ်တမ်းရုပ်ရှင်ရိုက်ရတဲ့ နောက်ကွယ်မှာတော့ ရှေ့က ကြားဖန်များလာတဲ့စကားကို အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဟုတ်ပါတယ် မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓားပြတိုက်ဖို့ဖြစ်ပါတယ်။ ဗီဒန့်တစ်ယောက် အေးချမ်းတဲ့ရွာလေးမှာ မှတ်တမ်းရုပ်ရှင်ရိုက်ချင်ယောင်ဆောင်ပြီး ဘဏ်ကို ဓ ားပြတိုက်ဖို့ စီစဉ်တဲ့အခါမှာ ဘယ်လို ဘယ်ပုံ ရယ်စရာအဖြစ်အပျက်တွေနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… 1.8 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

Animation • Action • Adventure • Science Fiction
7.6 2025 124 mins
Chaurya Paatam
High Risk
6.1

ဒီကားလေးကတော့ ဂျက်လီရဲ့ ကားလေးတွေထဲက တစ်ကားဖြစ်ပြီးတော့ ပရိတ်သတ်ကြီးတို့သိတဲ့အတိုင်းပဲ comedy ဆန်ဆန်လေးနဲ့ သိုင်းချတာတွေကိုပါ ရောပြီးပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ ဇာတ်အိမ်လေးကတော့ မင်းသားကြီးဂျက်လီဟာ စစ်တပ်ရဲ့ဗုံးတွေတပ်ဆင်ရေးဌာနမှာ အလုပ်လုပ်နေတဲ့ဗိုလ်ကြီး ကစ်ထ်လီ ဖြစ်ပါတယ်။ တနေ့မှာ သူ့မိန်းမ(ဆရာမ)နဲ့သားလေးဟာ မူကြိုမှာကစားနေတုန်း အကြမ်းဖက်လူတစ်စုဟာ ကလေးတွေကိုဖမ်း ကားပေါ်တင်ပြီး ချိန်ကိုက်ဗုံးတပ်ဆင်ထားပါတော့တယ်။ ကစ်ထ်လီဟာ သူ့အဖွဲ့သားတွေနဲ့အချိန်မီလာနိုင်ခဲ့ပေမဲ့ ဗုံးကိုဖြေရှင်းခဲ့ရာမှာ မှားယွင်းခဲ့ပြီး မိန်းမရော၊သားလေးကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုနဲ့သူဟာ တပ်ကထွက်ပြီး ၂ နှစ်အကြာမှာတော့ ကွန်ဖူးသိုင်းကားတွေရိုက်တဲ့ ဖရန်ကီရဲ့ ကိုယ်စောင့်လူရံတော်အဖြစ်အလုပ်လုပ်နေပါတော့တယ်။ တစ်နေ့မှာ ဖရန်ကီဟာ ဂရန်ဒီဟိုတယ်ဖွင့်ပွဲအခမ်းအနားရဲ့ ရတနာပြပွဲကို ဖိတ်ခေါ်ခံခဲ့ရပြီး ကစ်ထ်လီပါလိုက်ပါသွားခဲ့တယ်။ မထင်မှတ်ထားမိလိုက်တာက ကစ်ထ်လီရဲ့မိသားစုကို သတ်သွားခဲ့တဲ့ အဲ့ဒီအကြမ်းဖက်လူစုဟာ ဒီရတနာပြပွဲရဲ့ ရတနာတွေကိုခိုးယူဖိုကြံနေပါတော့တယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ကလဲ့စားချေမှုတွေနဲ့ သန်မာလွန်းတဲ့ရန်သူအကြမ်းဖက်သမားတွေကို ကစ်ထ်လီဟာ ဘယ်လိုပြန်ပြီး လက်စားချေသွားမလဲဆိုတာ အားလုံးပဲကြည့်ရှုလိုက်ကြရအောင်။ File size…(2.3 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Action, Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub)

6.1 1995 101 mins
High Risk