YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Mamas.Boy.2024.1080p.WEB-DL.HEVC (CM).mkv

1.19 GB N/A video/x-matroska 382 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fearway
4.6

ဒီတစ်ခေါက်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့အသစ်ထွက် Horror/Mystery/thriller ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဆယ်ရာနဲ့မိုက်ကယ်တို့က မကြာခင်လက်ထပ်တော့မယ့် ချစ်သက်တမ်းကြာစုံတွဲလေးဖြစ်ပြီး လက်မထပ်ခင် နေမကောင်းဖြစ်နေတဲ့ ဆယ်ရာရဲ့ ဖခင်ဖြစ်သူရှိရာမြို့ကို ဖခင်ဖြစ်သူကိုတွေ့ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ လမ်းခရီးမှာ မထင်မှတ်ဘဲ တစ်ခုခုကိုတိုက်မိလိုက်ပေမယ့် ထူးဆန်းစွာနဲ့ ဘာမှရှိမနေခဲ့ပါဘူး။ နှစ်ယောက်သား ဇဝေဇဝါနဲ့ ဆက်သွားခဲ့ကြရင်း သူတို့ကားနောက်မှာ မသင်္ကာစရာကားတစ်စီး လိုက်လာတာကို သတိထားမိခဲ့ကြပါတယ်။ အဲဒါနဲ့ အန္တရာယ်ကို ခဏတာရှောင်ရှားနိုင်ဖို့ လမ်းမှာတွေ့တဲ့ ရပ်နားစခန်းက စားသောက်ဆိုင်ကို ခဏဝင်ပြီး ခြေရာဖျောက်ခဲ့ကြတာပေါ့။ ခဏနားပြီး ပြန်ထွက်လာပေမယ့် နောက်ယောင်ခံလိုက်တဲ့ကားက ဘယ်လိုလုပ်လုပ် နောက်ကလိုက်တာရပ်မသွားတာမို့ သူတို့ရင်ဆိုင်နေရတာ ဘာလဲဆိုတာ သိနိုင်ဖို့ ဆယ်ရာက ကားပေါ်ကဆင်းပြီး အနောက်ကကား မောင်းတဲ့သူကို သွားကြည့်ခဲ့ပါတော့တယ်။ ဒါပေမယ့် ထင်သလို ရိုးရှင်းတဲ့အခြေအနေမျိုးမဟုတ်ဘဲ ထိတ်လန့်စရာတစ်ခုခုကို မြင်လိုက်ရတဲ့ ဆယ်ရာက ကြံရာမရဖြစ်သွားပြီး ကြောက်လန့်တကြားနဲ့ ခြေဦးတည့်ရာ ဆက်မောင်းနေခဲ့ရင်း နောက်က ကားကလည်းလိုက်နေဆဲဖြစ်နေလို့ စိတ်ရှုပ်ထွေးနေတုန်း ခုနက သူတို့မြင်ခဲ့တဲ့ စားသောက်ဆိုင်ကို ထပ်မြင်လိုက်ရတဲ့အခါမှာတော့.. စားသောက်ဆိုင်ထဲပဲဝင်ပြီး အကူအညီတောင်းခံခဲ့ရပါတော့တယ်။ စားသောက်ဆိုင်မန်နေဂျာက စိတ်အေးအေးထားဖို့ ဖျောင်းဖျရင်း သူတို့ကို အိပ်ဖို့အခန်းစီစဉ်ပေးမယ်ဆိုတာကြောင့် တစ်ညတာအိပ်စက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စားသောက်ဆိုင်မန်နေဂျာက ထင်သလိုမရိုးရှင်းဘဲ သူတို့ကို လှည့်စားဖို့ ကြံနေတယ်ဆိုတာ သိလိုက်ရချိန်မှာတော့.. သူတို့နောက်ကို လိုက်လာတဲ့ကားက ဘယ်ကများလဲ.. ဘာလို့များ သူတို့နောက်ကို လိုက်လာရတာလဲ.. လမ်းကနေထွက်သွားပေမယ့် စားသောက်ဆိုင်တစ်ခုတည်းကိုပဲ ဘာလို့ ပြန်ပြန်ရောက်သွားရတာလဲ.. စားသောက်ဆိုင်မန်နေဂျာကရော ဘာလို့ သူတို့ကိုလှည့်စားဖို့ကြံခဲ့တာလဲ.. သူတို့နှစ်ယောက်ကရော အဲဒီနေရာကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာတော့.. ဇာတ်လမ်းထဲမှာပဲ ရင်ခုန်စိတ်လှုပ်ရှားရင်း ဆက်ကြည့်လိုက်ကြပါဦးနော်။ File size…(1.2 GB)/(700 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:21:00 Genre...Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

4.6 2023 81 mins
The Fearway
Step Up All In
6.8

Genre – Drama, Music, Romance IMDB – 5.9/10 Step Up ရုပ်ရှင်တွေရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ သူကတော့ ထူးထူးခြားခြား All In ဆိုတဲ့အတိုင်း ရှေ့ကလူတွေချည်း ပြန်သုံးထားတာပဲဖြစ်ပါတယ်။ အဓိက မင်းသားနေရာဆို Revolution က ရှောန် ပြန်ဖြစ်သွားပြီး မင်းသမီးနေရာကျ No 2 ထဲက အန်ဒီ ဖြစ်သွားပါတယ်။ နောက်ပြီး အရင်ကားက နာမည်ကြီး အကသမား တွေလည်း ပြန်ပါပေးထားတာပါ ဆရာသမား မုစ်အပါအဝင်ပေါ့လေ။ ဇာတ်လမ်းအရတော့ ရှောင်န်တို့အုပ်စု Revolution အပြီး မိုင်ယာမီကနေ အယ်အေကို ချီတက်လာကြပုံရတယ်။ လူရွေးပွဲတွေဝင်လျှောက် ခွေးတွေဖြစ် ပိုက်ဆံကမကျန် စသဖြင့်ပေါ့လေ ဒီတော့ တစ်ဖွဲ့သားလုံးက ပြန်ကြမယ်ပေါ့ မိုင်ယာမီ အိမ်ကွင်းမှာပဲ ဆက်ကြိုးစားကြရအောင် ပြောတော့ စကားများကြပြီး ရှောင်န်တစ်ယောက်တည်းသာ ကျန်ခဲ့ပါတယ်။ ဒီတော့ နေစရာမရှိတဲ့အတွက် မုစ်ကို အကူအညီ တောင်းတော့ သူတို့အဖိုးအဖွားရဲ့ ရွန်ဘအကသင်တန်းကျောင်းမှာ တောက်တိုမယ်ရလုပ်ရင်း ကပ်နေရပါတော့တယ်။ အဲဒီအချိန်မှာ လက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ ပြိုင်ပွဲသစ်ပေါ်လာတယ် သူက နိုင်သွားရင် အဲဒီမှာပဲ ၃ နှစ် သေချာပေါက် စာချုပ်ချုပ်ပြီး ဆက်တိုက် ဖျော်ဖြေပေးနေရမယ်တဲ့။ ဒီမှာတင် မုစ်ကို အသေအလဲကပ်ညှိတော့ လူတွေပတ်ခေါ်လိုက်ကြတာ မင်းသမီးဟောင်း အန်ဒီပါလာတယ် ဆန်တီယေဂို အမွှာ စက်ရုပ်ကြီး ဗလပ် ဂျပန်မကီဒို စသဖြင့် အုပ်စု အသစ်ပြန်ဖွဲ့ကြပြီး အနိုင်ရအောင်လုပ်ကြမှာကို ကြည့်ရမှာပါ။ ဒီမှာ ပြိုင်ဖက်အသစ် Grim Knight ဆိုတာ ဘယ်သူတွေလဲ၊ နောက်ထပ် စပရိုက်အသစ်တိုက်မယ့် အဖွဲ့ကတော့ ဘယ်သူတွေလဲ ဘာအခက်အခဲတွေ ကြုံဦးမလဲ ဒီလိုနဲ့ ကုလားကားဆန်ဆန် အုပ်လိုက်တွေ ရှယ်ကကြရင်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ရမယ့် ကားလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…3.14GB / 1.60GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy
6.8 2014 112 mins
Step Up All In
Cirque du Freak: The Vampire's Assistant
5.8

ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကား လေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင် တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်း လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားက မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ... ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာ ငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီး စတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ် အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစား သွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါ နေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့ အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်..) File size…1.19GB / 495MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Romance
5.8 2009 109 mins
Cirque du Freak: The Vampire's Assistant
Better Nate Than Ever
6.7

လူတိုင်းမှာ အိပ်မက်ပန်းတိုင်တစ်ခု​တော့ ကိုယ်စီရှိကြစမြဲပါ၊ တချို့​​တွေက ကိုယ်ဖြစ်ချင်တဲ့ကိုယ့်ရဲ့အိပ်မက်ကို ငယ်ငယ်​လေးတည်းကသိပြီး အ​ကောင်အထည်​ဖော်ဖို့ ကြိုးစား​နေကြသလို တချို့ကလည်း ကိုယ့်ရဲ့အိပ်မက်က ဘာလဲဆိုတာသိဖို့ ကြိုးစား​ရှာ​ဖွေ​နေဆဲသူ​တွေလည်း ရှိတာ​ပေါ့၊ နိတ်ဆိုတဲ့​ ကောင်​လေးက​တော့ အလယ်တန်း​ကျောင်းသားဘဝကတည်းက ကိုယ့်အိပ်မက်ကို အ​ကောင်အထည်​ဖော်ဖို့ တစိုက်မတ်မတ် ကြိုးစား​နေသူ​​ပေါ့၊ ဘ​ရော့​ဒ်ဝေးပြဇာတ်ရုံတွေမှာ ကြီးကျယ်ခမ်းနားတဲ့ပြဇာတ်​တွေကို အဓိက​နေရာမှာ ကပြပြီး ဘ​ရော့​ဒ်ဝေးပိုင်းမှာအမြင့်ဆုံးဖြစ်တဲ့ တိုနီဆုကြီးကို အရယူဖို့ပါ၊ လူက ငယ်ငယ်၊ အကြံကကြီးကြီး ခါချဉ်​ကောင်မာန်ကြီးလို့ ​တောင်ကြီးဖြိုမယ် ကြံ​ပေမယ့် ဆရာသမား​လေး နိတ်ခမျာ ​ကျောင်းကပွဲမှာ ဖြတ်​လျှောက်​နေရာက​တောင် အ​ရွေးမခံရ​အောင်ကို ပါရမီရှိပြီး စန်းပိတ်​နေတဲ့သူ​ပေါ့၊ တစ်​နေ့​တော့ နယူး​ယောက်​ရွှေမြို့​တော်ကြီးရဲ့ ဘ​ရော့​ဒ်ဝေးမှာ ကပြရင်း နာမည်ကြီးလာနိုင်တဲ့ ပဏာမလူ​ရွေးပွဲအ​ကြောင်း သိလိုက်တဲ့​နောက် သူ​နေထိုင်ရာ ပစ်ဘာ့ဂျ်မြို့​လေးက​နေ NYအထိ မိဘမသိ​​အောင် အိမ်​ပြေး​လေးလုပ်ရင်း သူ့ရဲ့အိပ်မက်ခရီးလမ်းကို စတင်​လျှောက်လှမ်းခဲ့ပါ​တော့တယ်၊ Disney က​နေ အသစ်ထွက်ရှိထားတဲ့ Family, Musical, Comedyဇာတ်ကားဖြစ်ပြီး IMDb 6.1, RTမှာ​တော့ 91%အထိ ရရှိထားပါတယ်၊ Musicalနဲ့ Play​​လောကကြီးရဲ့သ​ဘာဝကို ​အတွင်းကျကျရိုက်ကူးထားသလို သီချင်း​တွေကလည်း အ​တော်နား​ထောင်လို့​ကောင်းပါတယ်၊ ​​ ပေါ့​ပေါ့ပါးပါးနဲ့ အ​​လောင်အမြိုက်ကင်းတဲ့ မြူးမြူးကြွကြွ​​လေး​တွေ ကြည့်ချင်သူ​ရော၊ မိသားစုနဲ့ အတူကြည့်ရှုဖို့​ရော သင့်​တော်တဲ့ ဇာတ်မြူး​​လေးပဲဖြစ်ပါတယ်၊ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Family, Musical, Comedy Quality….4k HEVC and WEB-DL 1080p and 720p File size…3.8GB and 1.6 GB and 688 MB and 297 MB Format…mp4 Duration….1h 34min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....August

6.7 2022 92 mins
Better Nate Than Ever
The Father Who Moves Mountains
5.9

ဒီ Romanian ဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Daniel Sandu က ရိုက်ကူးထားပြီး 2021 ကထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးက တော့ စစ်တပ်အရံအရာရှိဖြစ်တဲ့ မစ္စတာဂျီအာနူ ဟာဇနီးဟောင်းနဲ့ကွဲပြီး အိမ်ထောင်အသစ်ရှိသူပါ။ သူ့မှာဇနီးဟောင်းနဲ့ရခဲ့တဲ့ ကော့စ်မင် ဆိုတဲ့ သားလေးတစ်ယောက်လည်းရှိပါတယ်။ သူဟာသူ့သားလေးကိုသိပ်ချစ် တာကြောင့်မလို့ ဘယ်လိုကိစ္စပဲဖြစ်ဖြစ် မဖြစ်နိုင်တာတွေကိုပါ ရအောင် လုပ်လေ့ရှိပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့သားလေး ကော့စ်မင် ကသူ့ကောင်မလေးနဲ့အတူ ရေခဲတောင်ခြေလျှင်ခရီးတက်ရင်း ပျောက်ဆုံးသွားတယ်လို့ ရဲတွေက အကြောင်းကြားလာပါတယ်။ အဲဒီအခါမှာတော့ သူအရမ်းချစ်ရတဲ့သား လေးကို ကယ်တင်ဖို့အတွက် သူ့တပည့်ကိုခေါ်ပြီး ရေခဲတောင်တန်းတွေ ရှိရာကိုလာပါတော့တယ်။ အဲဒီမှာတောင်တက်ကယ်ဆယ်ရေးတွေကလည်း ကယ်ဆယ်ပေးနေပေမယ့် စိတ်အရမ်းလောနေတဲ့ မစ္စတာဂျီအာနူကတော့ တောင်ပေါ်တက်မယ်တကဲကဲနဲ့ ဖြစ်နေပါတော့တယ်။ နောက်ပိုင်း တောင် တက်သမားတွေနဲ့ အစပ်အဟပ်မတည့်တော့ သူ့ရဲ့အဆက်သွယ်တွေနဲ့ စစ်တပ်ထောက်လှမ်းရေးကိုပါ ခေါ်ချလာပြီး ကယ်တင်ဖို့လုပ်ပါတော့တယ်။ အရင်ကသူ့သားကိုအနိုင်ကျင့်တဲ့ ဘယ်သူကိုမဆို အနိုင်ယူနိုင်ခဲ့ပေမယ့် ဒီတစ်ခါတော့ ရေခဲတောင်ကြီးဖြစ်နေတဲ့အခါ သူ့ရဲ့ဖခင်မေတ္တာတွေနဲ့ အနိုင် ယူနိုင်ဦးမှာလားဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(1.72 GB) / (733 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator......Theo Kat Encoder..........SWM

Action • Drama • War
5.9 2021 108 mins
The Father Who Moves Mountains
Two Tickets to Paradise
6.8

Two Tickets to Paradise (2022) ~ IMDb rating – 6.8/10 ~ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားမသိဘူး။ ကျွန်တော်ကတော့ ယုံတဲ့ထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ လူတစ်ယောက်ကိုချစ်မိဖို့၊ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းပစ်ဖို့၊ ဉာဏ်အလင်းပွင့်ဖို့က အချိန် တစ်စက္ကန့်ပဲလိုတယ်လို့ ကျွန်တော်ကတော့ဖြင့် ယုံကြည်ပါတယ်။ အချစ်ဆိုတာ ပွင့်အာလာအောင် နည်းမျိုးစုံနဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ မပွင့်တတ်ဘဲ အခြေအနေမှန် အချိန်မှန်မှာဆိုရင် အလိုလို ပွင့်အာလာတဲ့ ကြာပန်းတစ်ပွင့်လို့ဆိုချင်ပါတယ်။ လုပ်ယူဖန်တီးယူလို့မရတဲ့ အချစ်ဟာ ဖြစ်တည်လာတဲ့အချိန်မှာ အံ့အားသင့်စရာကောင်းပြီး ခမ်းနား ချိုမြနေမယ်ဆိုတာ လက်တွေ့ကြုံဖူးသူတွေပဲ သိနိုင်ကြမှာပါ။ မကြုံဖူးသေးတဲ့သူတွေအတွက်ကတော့ သုခဘုံကိုသွားမယ့် ခင်ဗျားရဲ့ဘေးခုံက လက်မှတ်ပိုင်ရှင်က တစ်နေရာရာမှာ စောင့်နေမယ်ဆိုတာ သေချာပါတယ်လို့ ပြောချင်ပါတယ်။ သုခဘုံဆိုတာ နေရာမဟုတ်ပါဘူး သုခဘုံသွားမယ့်လက်မှတ်နှစ်‌စောင်ရဲ့ ပိုင်ရှင်တွေ မျှဝေကြတဲ့ ခံစားချက်တစ်ခုပါပဲ။ ခု Two Ticket to Paradise ကားလေးကတော့ အချစ်ကို ကြိုတင်စီစဉ်ထားသလိုဖြစ်လာဖို့ကြိုးစားထားတဲ့သူနဲ့ မြင်မြင်ရာကို အချစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူ နှစ်ယောက်တို့ အချစ်ဆိုတာကို အဖြေရှာတွေ့သွားကြတဲ့ ကြည်နူးစရာ Romance, Comedy, Drama ဇာတ်ကားလေးပါပဲ။ မင်္ဂလာဆောင်နေ့မှာ သတို့သားက ပစ်ထားခံခဲ့ရတဲ့ သတို့သမီးနဲ့ လက်ထပ်ဖို့လုပ်ထားတဲ့နေ့မှာပဲ စေ့စပ်ထားတဲ့သူက ပစ်သွားတဲ့ ကောင်လေးတစ်ယောက် ပန်းခြံမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့မိကြတယ်။ အဲဒီမှာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း တစ်ကိုယ်တော် ဟန်းနီးမွန်းကိုယ်စီ ထွက်ကြဖို့ သဘောတူလိုက်ကြတယ်။ ထူးထူးဆန်းဆန်းပဲ သူတို့သွားမယ့် ဟန်းနီးမွန်း ခရီးစဉ်က တူနေကြတယ်။ စိတ်နေစိတ်ထားချင်း ကွဲပြားသလောက် အဖြစ်အပျက်ချင်း တိုက်ဆိုင်လွန်းတဲ့သူတို့ ဟာဝါအီလို အချစ်တွေနဲ့ ပြည့်နေတဲ့ သုခဘုံမှာ ဘယ်လိုတွေ ဘာတွေကြုံရမလဲဆိုတာတော့ ကြုံတဲ့လက်မှတ်ဆွဲပြီး လိုက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 24Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Fantasy • Music • Romance
6.8 2022 84 mins
Two Tickets to Paradise
Something in the Woods
4.4

Something in the Woods (2022) ======================= Monster Horror ငယ်ငယ်ကဆို လူသားစားတဲ့ အကောင်ကြီးတွေကားဟာ အတော်ကြည့် ကောင်းခဲ့တယ်ပေါ့ဗျာ။ ဘယ်နေရာကနေ အဲအကောင်ကြီးထွက်လာမလဲ၊ တောထဲကို‌လျှာရှည်ပြီး ရောက်လာတဲ့သူတွေ ဘယ်လိုပြေးရမလဲ၊ နောက်ဆုံးမှာ အကောင်ကြီးကို နိုင်သွားလား၊ ရှုံးသွားလား အဲဒါမျိုးတွေ ကြည့်ခဲ့ရတာပေါ့။ ဒီကားတွေရဲ့သဘောတရားတစ်ခုက ဇာတ်လိုက်တွေက အကောင်ကြီးကို နိုင်သွားတာဖြစ်တတ်သလို၊ မနိုင်ဘဲ အကောင်ကြီးကသာ အနိုင်ရသွားတာ မျိုးတည်းက တစ်မျိုးမျိုးနဲ့ အဆုံးသတ်တဲ့ကားတွေပါ။ အမြဲတမ်း happy ending ဖြစ်မယ် ခန့်မှန်းမရ၊ happy ခြင်း happy၊ sad ချင် sad၊ mysterious ဖြစ်ချင်ဖြစ်တဲ့ ကားမျိုးတွေပါ။ ဒီတော့ ဟောဒီ ၂၀၂၂ ရဲ့ Something in the woods ရုပ်ရှင်ကားထဲမှာလည်း ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ မွန်းစတားကားတွေလို ခံစားချက်မျိုးပြန်ရနိုင် မယ်လို့ထင်ပါတယ်။ လူသားစားတဲ့အကောင်ဆန်းကြီးတွေရဲ့ကားကို ကြိုက် တတ်တဲ့သူတွေကြည့်သင့်တဲ့ ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းသဘော တရားကလည်း နည်းနည်းရှုပ်‌ထွေးတာမို့ တော်တော်ကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆိုရင်တော့ လမ်းမတန်းကြီးတစ်ခု ဘေးနားမှာ ရပ်ထားတာသုံးလေးရက်ကြာပြီဖြစ်တဲ့ကားတစ်စီးနဲ့ ပျောက်ဆုံး သွားတဲ့ အမျိုးသမီးတစ်ယောက်နဲ့ စတင်ထားပါတယ်။ အဆိုပါအမျိုးသမီး ပျောက်ဆုံးသွားစေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲဆိုတာနဲ့ ဇာတ် လမ်းဟာ အထွဋ်အထိပ်ကို ဘယ်လောက်ထိဆွဲခေါ်သွားလဲ၊ ဘယ်လိုကြည့် ကောင်းလဲဆိုတာကိုတော့ Something in the Woods ကားကို ခံစားရင်ခုန် ကြည့်မှသာ သိနိုင်မှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Comedy • Drama • History
4.4 2022
Something in the Woods
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
Vayassethrayayi Muppathi
6.7

Vayasethrayaayi Muppathiee ( 2024 ) သတို့သမီးရှာပုံတော် Imdb 8/10 မင်းသား ပရာဆန့် မူရာလီ အဓီကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒရာမာဟာသကားလေးကို အခုတစ်ခေါက်မှာ တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်း အသက် ၃၀ အရွယ် ဘရီဂက်ရှ်ဟာ အခုချိန်ထိ လူပျိုကြီးဘဝနဲ့ တစ်ကိုယ်တည်းအားထုတ်နေရတဲ့သူ ဖြစ်တဲ့အလျောက် ပတ်ဝန်းကျင်ကြားမှာလည်း မျက်နှာငယ် ရွယ်တူအပေါင်းအသင်းတွေကြားမှာလည်း မျက်နှာငယ်ရရင်း နေထိုင်နေပါတယ်။ တကယ်တော့ သူဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အကျိုးဆောင်တစ်ယောက်ကို အကူအညီတောင်းပြီး လက်ထပ်ပွဲ ဖြစ်မြောက်နိုင်ဖို့ အားစိုက်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ အကြောင်းအမျိုးမျိုးကြောင့် တစ်ပွဲမှ မအောင်မြင်ခဲ့ပါဘူး ။ ဒါကြောင့် သူကိုယ်တိုင်လည်း ဒီလိုအခြေအနေနဲ့ ပတ်သက်လို့ အရမ်းကိုမှ စိတ်ဖိစီးနေခဲ့ရပြီး သူ့ရဲ့သတို့သမီးလောင်းလေးနဲ့ ဘယ်အချိန်မှများ တွေ့ရမလဲလို့ သောကရောက်နေရရှာပါတယ် ဒီကားထဲမှာဆိုရင်တော့ တကယ့်အပြင်လောကက အိန္ဒိယမှာလို အခြေခံလူတန်းစားတွေ အိမ်ထောင်တစ်ခုတည်ထောင်ရာမှာ ဘယ်လိုအခက်အခဲတွေရှိတတ်ပြီး သာမန်ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းမှာရော ဘယ်လိုအလွဲလေးတွေ အတင်းအဖျင်းတွေ ရှိတတ်ကြောင်းတို့ကို ပေါ့ပေါ့ပါးပါး ဟာသလေးလည်းနှောပြီး ဒရာမာဆန်ဆန် ရိုက်ကူးထားတာဖြစ်လို့ ပိတ်ရက်မှာ အပန်းဖြေတဲ့အနေနဲ့ ကြည့်လို့ရအောင် CM ကနေ တင်ဆက်ပေးလိုက်ပါတယ်ရှင် အညွှန်းနှင့်ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။

Drama • Family
6.7 2024
Vayassethrayayi Muppathi
Biyaheng Langit
6.1

ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာ အမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေ အတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာ အကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(3.7GB)/(2.1B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.1 2000
Biyaheng Langit
Sing Sing
8.2

Sing Sing (2023) IMDb Rating (8.2) / Rotten Tomatoes (98%) ဒီရုပ်ရှင်က နယူးယောက်မြို့မှာရှိတဲ့ Sing Sing Correctional Facility မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‘ဒီဗိုင်းဂျီ’က သူ မကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအတွက် ထောင်ဒဏ်ကျခံရင်း ပြစ်မှုကင်းရှင်းကြောင်းသက်သေပြဖို့ ကြိုးစားနေစဉ်မှာပဲ Rehabilitation through the Arts (RTA) ဆိုတဲ့ အစီအစဉ်ကနေတဆင့် တခြားအကျဉ်းသားတွေကို ကူညီပေးနိုင်အောင် ကြိုးစားတတ်သူပါ။ ဒီဗိုင်းဂျီက အာတီအေအစီအစဉ်ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်လည်း ပြဇာတ်ရေးနိုင်ကာ ပြဇာတ်မှာလည်း ကောင်းကောင်းကြီးကို ပါဝင်သရုပ်ဆောင်နိုင်သူတစ်ဦးပါပဲ။ တစ်နေ့တော့ သူတို့ရဲ့ ပြဇာတ်အသစ်အတွက် လူသစ်ခေါ်ဖို့ အင်တာဗျူးရင်း ‘ဒီဗိုင်းအိုင်း’ဆိုတဲ့ လူမိုက်တစ်ယောက်က သူတို့အဖွဲ့ထဲကို ရောက်လာပါတော့တယ်။ ရှိတ်စပီးယားပြဇာတ်တွေ ကနေကျ အဖွဲ့ကို ဒီဗိုင်းအိုင်းက စရောက်ကတည်းက ဟာသဇာတ်ကဖို့အတွက် ပြောရင်းနဲ့ ဒီဗိုင်းဂျီနဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ပါတော့တယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ဒီဗိုင်းဂျီနေရာမှာတော့ မင်းသား Colman Domingo က သရုပ်ဆောင်ထားပြီး ဒီဗိုင်းအိုင်းအပါအဝင် ဇာတ်ကောင်တော်တော်များများက အဲ့ဒီအကျဉ်းထောင်မှာ အကျဉ်းကျဖူးတဲ့သူတွေကပဲ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ထောင်တွင်းဖြစ်ရပ်မှန်ဇာတ်လမ်းတွေနဲ့အတူ အနုပညာက အကျဉ်းသားတွေရဲ့ ပြန်လည်ထူထောင်ရေးကဏ္ဍမှာ ဘယ်လိုအရေးပါသလဲဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nway Oo K Zaw မှ တင်ဆက်ထားပါတယ်။)

8.2 2024 107 mins
Sing Sing
Confrontation Peak
5.7

လျှို့ဝှက်ဆန်းကြယ်တယ်တဲ့ကျွန်းတစ်ကျွန်းမှာရှိတဲ့ ဆန်းကြယ်တဲ့ပန်းတစ်မျိုးဟာ ရောဂါပိုးတွေကိုကုသပေးနိုင်တယ်ဆိုတဲ့ဒဏ္ဍာရီကြောင့် လူတွေဟာခေတ်အဆက်ဆက်ဒီကျွန်းကိုရှာဖွေနေကြပါတယ်။ အဲဒီကျွန်းရဲ့မြေပုံဖြစ်တဲ့ ရွှေမျက်နှာဖုံးဟာ၂ခြမ်းဖြစ်ပြီးတော့ ပျောက်ဆုံးနေပါတယ်။ တစ်နေ့မှာတော့ မျက်နှာဖုံးတစ်ခြမ်းကိုပိုင်တဲ့သူဟာ နောက်မျက်နှာဖုံးတစ်ခြမ်းကို ပိုင်တဲ့သူကိုမျှားခေါ်နိုင်ဖို့ ရွှေမျက်နှာဖုံးကိုဆုအဖြစ်ထားပြီးတော့ လက်ဝှေ့ပွဲကြီးကိုကျင်းပလိုက်ပါတယ်။ အနယ်နယ်အရပ်ရပ်ကလူငယ်လေးတွေဝင်ပြိုင်ကြပြီးတော့ တိုက်ရင်းခိုက်ရင်းနဲ့ လူငယ်လေး၂ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းလေးပေါ်ရောက်သွားခဲ့ပါတယ်။ ဒီကျွန်းလေးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ…… နောက်ဆုံးမှာရွှေမျက်နှာဖုံးပိုင်ရှင်ဟာဘယ်သူဖြစ်လာမလဲ……

Drama
5.7 2025
Confrontation Peak
Na Tum Jaano Na Hum
4.9

Na Tum Jaano Na Hum (2002) ဒီဇာတ်ကားလေးကတော့ ပရိတ်သည်းစွဲ မင်းသားကြီးလက်ပွားမင်းသားအဖြစ်လည်း သိကြတဲ့ ရီသစ်က်ရောဝ်ရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ မင်းသမီးကြီး အီရှာဒီယိုလ်ကလည်း ပါဝင်အားဖြည့်ထားတဲ့ ဟင်ဒီဇာကားပြော Romance/Drama အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာဟုလ်ဟာ ရှင်မလာ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့စဉ်စာတစ်စောင်ကို အမှုမဲ့အမှတ်မဲ့ ရေးထားခဲ့ပါတယ်။ ၄နှစ် အကြာမှာ တော့ အီရှာက အဲဒီစာစောင်ကို အမှတ်မထင်ရှာတွေ့ခဲ့ပြီး ရေဒီယိုရုပ်သံလိုင်းကနေတဆင့် ဆက်သွယ်ဖို့ အခွင့်ရခဲ့ကြပါလေရော။ ဒါပေမဲ့လည်း အီရှာက သူ့အဖိုး လက်ခံနိုင်တဲ့သူကိုပဲ သူက အဆုံခံမယ်ဆိုကာ လောလောဆယ်ဆယ် စာနဲ့ပဲ ဆက်သွယ်ကြမယ်လို့ ပြောလာတော့ ရာဟုလ်ကလည်း ဒါကို လက်ခံလိုက်တာပေါ့။အီရှာနဲ့ လက်တွေ့ဘဝမှာ မဆုံရသေးတဲ့ရာဟုလ်ဟာ ဆိုရင် သူ့နဲ့အတူ ညီအစ်ကိုလို နေလာတဲ့ အက်ရှေးအတွက် မိန်းမရှာပေးဖို့ဆိုကာအီရှာ့ဆီ ရောက်လာတဲ့အခါမှတော့… ရာဟုလ်နဲ့ အီရှာတို့ရဲ့ အချစ်ဇတ်လမ်းက ဘယ်လိုအလှည့်အပြောင်းတွေဆီ ဆွဲခေါ်သွားမလဲ… အီရှာဟာ အပြင်မှာမမြင်ဖူးတဲ့ သူ့ချစ်သူနဲ့ ဆုံဆည်းခွင့်ရနိုင်မှာလား… ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ် ပရိသတ်များ လုံးဝ လက်လွတ်မခံသင့်ပါကြောင်း… ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။

Drama
4.9 2002 159 mins
Na Tum Jaano Na Hum
Bogieville
4

Bogieville (2024) ဟန်နဲ့ဂျိုဒီဆိုတဲ့ အတွဲတစ်တွဲက ‌ခြေဦးတည့်ရာ ထွက်လာကြရင်းနဲ့ လမ်းမှာ တစ်ခုခုကို တိုက်မိသွားတာကြောင့် လူတိုက်မိတယ်ထင်ပြီး လိုက်ရှာကြရင်း နောက်တွဲယာဉ်တွေစုပြီးနေကြတဲ့ လူသူမရှိခြောက်ကပ်နေတဲ့နေရာကို ရောက်သွားကြတယ်။ စွန့်ပစ်ထားတဲ့ ကားအိမ်တွေနဲ့ အသက်ကင်းမဲ့နေတဲ့နေရာမှာ သူတို့လျှောက်သွားကြရင်း ခရော့ဖော့ဒ်ဆိုတဲ့ အဘိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူက ဟန်တို့ကို ဒီနေရာကိုထိန်းသိမ်းပေးဖို့ အလုပ်ကမ်းလှမ်းခဲ့ပါတယ်။ ခြေဦးတည့်ရာသွားနေကြတဲ့ ဟန်တို့ကလည်း ခရီးပန်းလာတာရော ပင်ပန်းနေတာရောနဲ့ လက်ခံလိုက်ကြပါတယ်။ အဘိုးကြီးက သူတို့ကိုနေဖို့လိုက်ပြဖို့ ဒီနေရာမှာ ညတွေအပြင်မထွက်ဖို့နဲ့ အပြင်က လူတွေလာရင် မဖွင့်ပေးဖို့ စည်းကမ်းတွေပြောတော့ သံသယဖြစ်လာတဲ့ဟန်က မေးခွန်းတွေမေးတော့ ဒီနေရာကို သူ့ယောက်ဖမက်ဒီဆန်က ပိုင်တာလို့ အဘိုးကြီးက ပြောပြခဲ့ပါတယ်။ ဟန်က သိချင်ဇောနဲ့ ဆက်မေးခွန်းထုတ်တော့ ဒီနေရာမှာက နေရောင်ကိုကြောက်ပြီး လူသွေးစုပ်ပြီးဆက်ရှင်သန်နေရကာ အမှောင်တွေထဲမှာ ပုန်းကွယ်နေကြတဲ့ အကောင်တွေ နေထိုင်ကြတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ ဖြစ်ချင်တော့ ဒီနေရာရဲ့ ပိုင်ရှင်မက်ဒီဆန်ကပါ အဲဒီအကောင်မျိုးဖြစ်နေခဲ့ပြီး ဟန်တို့ကို သွားခွင့်မပေးတော့တဲ့အခါ အဲဒီနေရာကနေ ဟန်တို့ ဘယ်လိုထွက်ပြေးကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်လိုက်ကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size… (1.4 GB) / (790 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:49:51 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Serenity

Family • Adventure • Comedy
4 2024 108 mins
Bogieville
Daruma
6.7

Daruma (2024) IMDb Rating (6.7) / Rotten Tomatoes (100%) အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနဲ့ ရှုပ်ထွေးပွေလီလှတဲ့ ဆက်ဆံရေးတွေအကြောင်း ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားပါ။ ဘီးတပ်ကုလားထိုင်ပေါ်မှာနေရတဲ့ Patrick ဆိုတဲ့ အလုပ်လက်မဲ့လူတစ်ယောက်ဟာ သူ့မှာ Camilla လေးနှစ်အရွယ်သမီးတစ်ယောက်ရှိကြောင်းကို ကလေးသူငယ်စောင့်ရှောက်ရေးဌာနက အိမ်ရှေ့ရောက်လာမှသိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးကို နိုင်ငံတစ်ဖက်မှာ‌နေတဲ့ အဘိုးအဘွားတွေဆီပို့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရန်ဖြစ်နေကျ အိမ်နီးချင်း စစ်ပြန် Robert ဆိုသူကိုအကူအညီတောင်းပြီး Camilla လေးကို ပို့ဖို့ထွက်ခွာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက်ဘာတွေဆက်ဖြစ်မှာလဲ..? Daruma အရုပ်လေးရဲ့ အဓိပ္ပာယ်ကဘာများဖြစ်မလဲ..? လူ့ဘဝမှာ လဲကျပြန်ထနိုင်စွမ်းရှိခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့က အရေးကြီးကြောင်း အစရှိတာတွေကို ဒီ drama ထဲမှာခံစားနိုင်ပါတယ်။ ရင်ထဲလည်းထိရှစေနိုင်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာကြောင့် ဒရာမာရုပ်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (2.8 GB) / (800 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:44:52 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn

Comedy • Romance
6.7 2024 104 mins
Daruma