YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Malibu's Most Wanted 2003 WEB-DL 720p [CM].mp4

755.5 MB N/A video/mp4 203 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
Attenberg
6.1

ဒါကတော့ Greek 18+ လေးပါ မရီနာ ဆိုတဲ့ကောင်မလေးဟာ အဖေတစ်ခုသမီးတစ်ခုနေရတဲ့ကောင်မလေးပါ.... အဖေဖြစ်သူဟာ လူကြီးရောဂါနဲ့ သိပ်မနေရတော့ပါဘူး... အဲ့တော့ ရှိတဲ့ဒီသမီးလေးကပဲ အဖေကိုပြုစုပေးတာပေါ့ အပျိုဖော်ဝင်လာတဲ့ မရီနာလေးဟာ ထုံးစံအတိုင်းပဲ အသစ်ဆန်းတွေကို စမ်းသပ်ချင်လာတယ် နောက်ပြီး သူမရဲ့ sex dominant ဖြစ်တာက ယောက်ျားလား မိန်းမလားလည်း မသဲကွဲသေးပါဘူး အဲ့တော့ဖြစ်ပုံက ယောက်ျားနဲ့လည်းစမ်းချင်တယ် မိန်းမနဲ့လည်းစမ်းချင်တယ်တွေ ဖြစ်ကုန်ရော အဲ့တော့ မရီနာတစ်ယောက် ဘယ်သူတွေနဲ့ ဘယ်လိုတွေစမ်းမလည်းဆိုတာ ဂရိသူလေးတွေ ရဲ့အလှတရားနဲ့ပါ ပေါင်းစပ်ပြီး ခံစားကြည့်ကြပါ File Size : (2.8GB) and (779 MB) Quality : Blu-Ray 720p Format…mp4 Genres: Adult, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae

Mystery • Romance • Thriller
6.1 2010 95 mins
Attenberg
Pirates of the Caribbean: The Curse of the Black Pearl
7.8

ကျွန်တော်တို့ အသည်းကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး တစ်ယောက် 2003 ခုနှစ်မှ ာ ထွက်ခဲ့တဲ့ Pirates of the Caribean ထဲမှာ ဘာတွေ အလုပ်ရှုပ်ခဲ့တာလဲ ဆိုတာလေး ပြန်နွေးပါရစေ.. ဒီထဲမှာ မြို့တော်ဝန်ရဲ့သမီး အဲလစ်ဇဘတ်သ်ဆွမ်း ငယ်စဉ်က သင်္ဘောပေါ်ကနေ ပင်လယ်ထဲ ငေးရင်း ကောင်လေးတစ်ယောက် မျောလာတာကနေ ဇာတ်လမ်းစထားတာပါ... သူတို့ ကြီးပြင်းလာတဲ့အခါ ရေထဲမျောပါလာတဲ့ ဝေလ်တန်နာဆိုတဲ့ကောင်လေးက ပန်းပဲဖိုက သာမန်ပန်းပဲသမားလေးတစ်ယောက် ဖြစ်လာပါတယ်..  ဒါပေမဲ့ သူ့မှာလဲ လျှို့ဝှက်တဲ့ နောက်ကြောင်းက ရှိနေပြန်ရော... တစ်နေ့မှာ အဲလစ်ဇဘတ်သ်ကို ကပ္ပတိန်ဘာဘိုဇာက ပြန်ပေးဆွဲသွားတယ် ဘာဆိုဇာဆိုတဲ့ သူကတော့ ရတနာသိုက်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျက်နဲ့ သဘောထားကွဲလွဲတော့ ဂျက်ဆီကနေ ပုလဲနက်ကို လုသွားတဲ့ကောင်ပေါ့.. ဖြစ်ချင်တော့ ဘာဘိုဇာနဲ့ သူ့တပည့် သင်္ဘောသားတွေဟာ ရှေးဟောင်းကျိန်စာတစ်ခုကို မိနေပြီး အသက်လည်း မရှင်နိုင် သေလည်း မသေနိုင်တဲ့ကောင်တွေ ဖြစ်နေကြပါတယ်... အဲဒီကျိန်စာကို ဖျက်ဖို့ သွေးနဲ့ ယစ်ပူဇော်ရမှာပါ သူတို့တွေက ကျိန်စာပြယ်ဖို့ ကြိုးစားရင်း ဂျက်နဲ့ ပြန်ဆုံကြပြီး ဘာတွေ အလုပ်ရှုပ်ကြလဲ ဇာတ်ကားထဲမှာသာ ဆက်ကြည့်လိုက်ကြပါ... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin  ကရေးသားပေးထားပါတယ်.. File Size :(6.94GB) (3.71GB) and (1.2GB) Quality : Blu-Ray4k.HEVC.AC3, 1080p 5.1CH,720P Format…mp4 Duration…02:23:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Drama • History • Music
7.8 2003 143 mins
Pirates of the Caribbean: The Curse of the Black Pearl
Red Dawn
5.7

ဒီကားဟာ 2012ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး MCUက မင်းသားချော Chris Hemsworthလည်း ပါဝင်ထားပါတယ်။ 1984ခုနှစ် ထွက်ရှိထားတဲ့ Red Dawnကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အနေနဲ့ အနောက်အုပ်စုနဲ့ မြောက်ကိုရီးယားအကြား အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။ ရေတပ်သားဂျက်ဟာ ခွင့်ရက်ရလို့ အဖေနဲ့ ညီဖြစ်သူရှိတဲ့အိမ်ကို ခေတ္တပြန်လာချိန်မှာ တစ်မြို့လုံး ကြုံတောင့်ကြုံခဲ မီးပျက်သွားပါတယ်။ မနက်မှ သိလိုက်ရတာကတော့ သူတို့မြို့တွင်းကို မြောက်ကိုရီးယားစစ်သားတွေ လေကြောင်းမှတဆင့် ကျူးကျော်လာနေပါပြီ။ ဂျက်ဟာ ညီဖြစ်သူနဲ့ သူငယ်ချင်း လူငယ်တစ်သိုက်ကို ခေါ်ပြီး တောထဲကအိမ်မှာ သွားပုန်းနေပါတယ်။ လူငယ်တွေဖြစ်တာကြောင့် မခံမရပ်နိုင်တဲ့အဆုံး မြောက်ကိုရီးယားကို ပြန်လည်တော်လှန်ဖို့ ရွေးချယ်လိုက်ကြပါတော့တယ်။ သူတို့တော်လှန်ရေးဟာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အောင်မြင်ပါ့မလားဆိုတာ......... File size…(2gb)/(998MB)/(491MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson

Action
5.7 2012 93 mins
Red Dawn
Trees of Peace
7.3

လူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်း ရုပ်ရှင်တွေ စီအမ်မှာ တော်တော်လည်း မနည်းတော့ပါဘူး။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ထင်တာထက် ရက်စက်တဲ့နေရာတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့တဲ့အဖြစ်အပျက်တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပေါ့။ ဒီတစ်ခါ လူမျိုးသုဉ်းသတ်ဖြတ်မှုကတော့ အရှေ့အာဖရိကက ရဝမ်ဒါဆိုတဲ့နေရာလေးမှာ ၁၉၉၄မှာ ဖြစ်ပွားခဲ့တဲ့ ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုအကြောင်းပါ။ ဟူးတူးနဲ့ တက်စီဆိုပြီး အဓိကလူမျိုးစုနှစ်ခုရှိနေရာက ဟူးတူးတွေက တက်စီတွေကိုသာမက ဟူးတူးပဲ ကျန်ရမယ်ဆိုပြီး အစွန်းမရောက်တဲ့ဟူးတူးတွေကိုပါ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ သတ်ဖြတ်မှုကြီးပါ။ ဒီလိုသတ်ဖြတ်မှုတွေစစချင်းမှာ မတူညီတဲ့နောက်ခံ မတူညီတဲ့အခြေအနေအမျိုးမျိုးက အမျိုးသမီးလေးယောက်ဟာ မြေတိုက်ခန်းတစ်ခုမှာပုန်းနေခဲ့တယ်။ အန်းဖရန့်လိုပေါ့။ ဒီအခန်းကျဉ်းလေးမှာ ရက်ပေါင်းများစွာပုန်းနေရခြင်း သူတို့စိတ်တွေကို တတိတိလှိုက်စားခဲ့တာတွေကိုပြထားတယ်။ အမေရိကန်ရယ် ဟူးတူးရယ် တက်စီရယ် လူမျိုးစုတွေ အယူဝါဒတွေမတူကြတော့ ပြဿနာတွေလည်း တက်တယ်။ အပြင်က ရက်ရက်စက်စက်သတ်ဖြတ်မယ့်လူတွေရယ် အထဲကပြဿနာတွေရယ်ကြား ဘေးကြပ်နံကြပ်နဲ့နေနေရတဲ့ အကြောင်းတွေပါပဲ။ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ရက်ပေါင်းများစွာနေလိုက်ရတဲ့နောက် အပြစ်ရှိစိတ်တွေ ယုံကြည်ချက်တွေကြား စိတ်တွေပါ ရူးမလိုလိုဖြစ်ကုန်ကြတာကို ပြထားတဲ့ရုပ်ရှင်ပါ။ ပြီးတော့ လွတ်မြောက်ဖို့နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ မျှော်လင့်ချက်အကြေင်းရောပေါ့။ ဒီကာလမှာ အမျိုးသမီး၅သိန်းဝန်းကျင်လည်း မုဒိန်းကျင့်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်မှာတော့ ကံကောင်ခဲ့းတဲ့ အမျိုးသမီးလေးယောက်ကို ပြထားတာပါ။ သူတို့ကံကောင်းတယ်ဆိုတာတောင် ဘယ်လောက်ခက်ခဲခဲ့လဲ ကောင်းကောင်းကြီး ပြထားတဲ့ ရုပ်ရှင်ဆိုတော့ ကံဆိုးခဲ့တဲ့အမျိုးသမီး ၅သိန်းအကြောင်းကိုတော့ ကျွန်တော်တို့ ကြည့်ရက်စရာမရှိဘူးပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.4GB | 479MB | 236MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... August

Drama • Mystery
7.3 2021 97 mins
Trees of Peace
Raatchasi
7.4

ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။ သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။ သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။ အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။ “ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။ ———————————————– ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။ (မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ) (ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)

7.4 2019 153 mins
Raatchasi
Baskin
5.8

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို တူရကီ horrorဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာ အကူအညီပေးဖို့သွားတဲ့ ရဲအဖွဲ့တစ်ဖွဲ့ငရဲတစ်ခါးဝကိုရောက်သွားတဲ့အကြောင်းကို ဇာတ်အိမ် တည်ထားပြီး ဒါရိုက်တာ Can Evrenol က ရိုက်ကူးပုံဖော်ထားတဲ့ rating 5.8/10 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားမှာ မင်းသားတွေဖြစ်တဲ့ Gorkem Kasal,Ergun Kuyucu, Mehmet Cerrahoglu,Sabahattin Yakut နဲ့Mehmet Cerrahoglu တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်. ဇာတ်လမ်းအစမှာ စားသောက်ဆိုင်တစ်ဆိုင်မှာ အနားယူနေကြတဲ့ Arda တို့ရဲအဖွဲ့သားတွေဖြစ်တဲ့ Yavuz,Remzi,Saboနဲ့ Apoတို့အဖွဲ့သား ၅ ယောက် စားသောက်ဆိုင်ကအပြန်မှာ Inceagac နေရာဒေသကနေ အကူအညီတောင်းတာကိုကြားလိုက်ရပါတယ် အဲ့နောက် အကူအညီခေါ်ထားတဲ့ ဆီကိုသွားတဲ့ လမ်းမှာ ထူးဆန်းမှုတွေ တစ်ခုပြီးတစ်ခု ကြုံပြီး ညကြီး အချိန်မတော် လူသူမရှိတဲ့ လမ်းမှာကြီးမှာ ရုတ်တရက်လူတစ်ယောက်ကို ကားနဲ့တိုက်မိပြီး ကားမှောက်သွားပါတယ် ထူးဆန်းတာတစ်ခုက တိုက်ခံရတဲ့သူက ချက်ချင်းဆိုသလို ပျောက်ချင်းမလှပျောက်သွားပါတယ် ကားနဲ့အတိုက်ခံလိုက်ရတဲ့သူကကော ဘယ်သူလဲ သူကကော ဘာလို့လူသူမရှိတဲ့ ဒီလမ်းပေါ်ကိုရောက်လာတာလဲ သူတို့အဖွဲ့ကကော အကူအညီခေါ်ထားတဲ့ Inceagac ကို ရောက်သွားမှာလား ရောက်သွားတဲ့အခါမှာကော ဘာတွေကို ကြူံတွေ့ရမှာလဲ သူတို့အဖွဲ့ကကော Inceagac ကနေအသက်ရှင်လျက်ပြန်လာ နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှု့လိုက်ပါဦး ဒီဇာတ်ကားက ဇာတ်ညွှန်းရေးဆရာတဲ့ မြှပ်ကွက်လှည့်ကွက်တွေနဲ့ ပဟေဠိဆန်ဆန်အဖြစ်အပျက်တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကို ဇာတ်လမ်းအစ အလယ် အဆုံး စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ဒီဇာတ်ကားက Horror Fantasy အမျိုးအစားကိုမှကြိုက်နှစ်သက်သူတွေအဖို့ မလွတ်စတမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် File size…1.27GB / 593MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 37m Genre ….. Horror , Crime , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

5.8 2015
Baskin
Dealing with Christmas

ခရစ်စမတ်အတွက် လောလောလတ်လတ်ထွက်ရှိထားတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ ခရစ်စမတ်အကြိုနေ့မှာ ဂရက်လို့ခေါ်တဲ့ ရဲအရာရှိတဦးဟာ သမီးငယ်ဖြစ်သူအတွက် အချိန်မပေးနိုင်ဘဲ မစ်ရှင်ထမ်းဆောင်ဖို့ရာကိုပဲ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ ဂရက် သမီးလေးရဲ့ခရစ်စမတ်ဆုတောင်းကတော့ သူ့အဖေကို သူ(မ)အရမ်းကြိုက်တဲ့ ခရစ်စမတ်ရုပ်ရှင်ထဲက လေးစားအားကျရတဲ့ ရစ်ချက်ဆီလီစတုန်းလို အဖေတယောက်ဖြစ်လာစေဖို့ပါ။ သမီးငယ်လေးရဲ့ဆုတောင်းကို သိလိုက်ရတဲ့ဆန်တာကလော့စ်ဟာ ဂရက်နဲ့ရစ်ချက်တို့ကို ကမ္ဘာချင်းလဲလိုက်ပါတယ်။ ရစ်ချက်ဟာ တကယ့်ကမ္ဘာက ရဲအရာရှိဖြစ်သူ ဂရက်ရဲ့ကိုယ်ထဲကိုရောက်ရှိသွားပြီး ဂရက်ကတော့ ရုပ်ရှင်ကမ္ဘာထဲက ရစ်ချက်နေရာကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ ဂရက်က ရုပ်ရှင်ထဲကရစ်ချက်ရဲ့ မိသားစုပြဿနာတွေကိုဖြေရှင်းပေးနေတဲ့အချိန် ရစ်ချက်ကတော့ လက်တွေ့ကမ္ဘာက ရဲအရာရှိ ဂရက်ရဲ့မစ်ရှင်ကို ပြီးပြတ်အောင်လုပ်ပေးပြီး ခရစ်စမတ်နေ့မှာ သမီးလေးအတွက်အချိန်ပေးနိုင်အောင် ကြိုးစားကြပါတော့တယ်။ ဂရက်နဲ့ ရစ်ချက်တို့ရဲ့ ဟာဟတွေ တလွဲတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရအောင် ရိုက်ကူးထားတာမလို့ ဘ၀အမောတွေပြေပျောက်စေမယ့် ဟာသရုပ်ရှင်‌လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.7 GB)/(983 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Comedy, Adventure, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Action • Comedy
0 2023
Dealing with Christmas
The Sin

The Sin (2024) ************** ဒီရုပ်ရှင်ဇာတ်ကားလေးကတော့ inter ဘက်မှာ‌ Exhuma ထက် ပိုကောင်းတယ်ဆိုပြီးတော့ Review ပေးခြင်းခံနေရတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ Kim Yoon Hye, Song Yi-jae, Park Ji-hoon, Lee Sang-ah တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအညွှန်း- သရုပ်ဆောင်ဖြစ်ချင်တဲ့ Shi Young က ‌audition တစ်ခုမှာ အောင်သွားပြီး အကရုပ်ရှင်တစ်ခုရဲ့ အဓိက ဇာတ်ကောင်နေရာကို ရသွားပြီးနောက် ရိုက်ကူးရေးအတွက် ဟိုးတောထဲက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုဆီကို တစ်ယောက်တည်း သွားဖို့ဖြစ်လာပါတော့တယ်။ ကျောင်းကို ‌‌ရောက်ရောက်ချင်းမှာတင် မကောင်းတဲ့ စွမ်းအင်ကို ခံစားမိပြီး စိတ်မသန့်သလိုဖြစ်ပေမဲ့လည်း အဲဒါကို လျစ်လျူရှုပြီး ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းကြီးထဲက မနှိုးလိုက်သင့်တဲ့ အရာတွေရှိနေတာကို မသိလိုက်ဘဲ မတော်တဆ သွားထိမိလိုက်တဲ့ အခါမှာတော့…. အခြေအနေတွေက ရုတ်ချည်းဆိုသလို ပြောင်းလဲ သွားပါတော့တယ် ။ ဒီကားလေးက ရိုးရိုး horror ပုံစံမျိုးမဟုတ်ဘဲ ရိုးရာကျိန်စာတွေ ဖုတ်ကောင်တွေ လူဆိုးဂိုဏ်းတွေ အကျင့်ပျက်ခြစားရဲတွေစသဖြင့် genre မျိုးစုံကိုရောယှက်ပြီး အချိတ်အဆက်မိမိနဲ့ ရိုက်ကူးထားတဲ့ ကားလေးဖြစ်တာကြောင့် အခန်းတိုင်း အခန်းတိုင်းက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Low budget ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရိုက်ချက်တွေက သိပ်မမိုက်ပေမဲ့လည်း Plot twist တွေက အရမ်းမိုက်သလို Interက သူတွေကလည်း အတော်ကို ညွှန်းကြတဲ့အတွက် Exhuma ထက် တကယ်ကောင်းရဲ့လား ကြည့်ရတာတန်ရဲ့လားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်ဖို့ အကြံပြုချင်ပါတယ်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File size…1.6GB / 660MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Thriller, Mystery, Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Stary, Hnin Wai, Treasure Htet & Phyu Sin

0 2024 102 mins
The Sin
Creeping Death
5

၁၀ လပိုင်းကျရင်ကျရောက်မဲ့နှစ်တစ်နှစ်တာရဲ့မကောင်းဆိုးဝါးတွေ နာနာဘာ၀တွေမြူးထူးတဲ့ ဟောလိုးဝင်းညနီးလာပြီဆိုတော့ ဟောလိုးဝင်းနဲ့သက်ဆိုင်တဲ့ Horror ဇာတ်ကားတွေကြည့်ရှုဖို့ အချိန်ကျလာပါပြီ။အဲ့ဒီဇာတ်ကားတွေထဲကမှ Terrifier တို့ Texas Chainsaw တို့လို ရှယ်ကြမ်းတဲ့သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေ အများကြီးပါတဲ့ အသစ်ထွက်ရှိထားတဲ့ Creeping Death ဆိုတဲ့ ဟောလိုးဝင်းသည်းထိပ်ရင်ဖိုကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအနေအထားနဲ့ရိုက်ကူးထားတဲ့ပုံစံတွေကအရမ်းကြီးမဆိုးတဲ့အတွက် အပျင်းပြေဟောလိုးဝင်းသည်းထိပ်ရင်ဖို ဇာတ်ကားကြည့်ချင်ရင်တော့ ရွေးချယ်ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တင်မ်ဆိုတဲ့ကောင်လေးက ဟောလိုးဝင်းနေ့မှာမနက်ကတည်းက အိမ်အလှဆင်ဖို့အတွက် ဟောလိုးဝင်းသင်္ကေတရွှေဖရုံသီးတွေ သွားယူနေရတာနဲ့အလုပ်ရှုပ်နေပြီး ညနေကျရင်သူငယ်ချင်းတွေနဲ့ လျှောက်ဒိုးဖို့ချိန်းထားပါတယ်။ဖြစ်ချင်တော့ အမေဖြစ်သူကလူမမာ ဖြစ်နေပြီး အဖေကလည်းညဖက်အလုပ်ဆင်းရမှာဖြစ်တဲ့အတွက် အိမ်မှာအမေ့ကိုကြည့်ပေးပြီးကျန်ခဲ့ရပါတော့တယ်။ ဒီလိုနဲ့သူငယ်ချင်းတွေနဲ့ လျှောက်လည်ဖို့အခွင့်အရေးကိုဆုံးရှုံးလိုက်ရပြီလို့ ထင်နေပေမဲ့ သူ့သူငယ်ချင်းတွေကသူ့အိမ်ကိုပြဿနာတွေသယ်ချ လာပါတော့တယ်။စစချင်းတော့သူတို့ကိုယ်သူတို့ပြဿနာသယ်လာမိမှန်း မသိဘဲပျော်ပါးနေကြပေမဲ့ သူတို့မြို့လေးရဲ့ဟောလိုးဝင်းက လူသေဆုံးမှုတွေ လူပျောက်မှုတွေအများကြီးဖြစ်နေပြီး သူတို့ဆီကိုဦးတည်လာတဲ့အခါမှာတော့ တင်မ်တို့သူငယ်ချင်းတစ်သိုက် ကြောက်စရာညကို ဘယ်လိုကျော်ဖြတ် ရမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရဦးမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကား တစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 631MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Drama • Family
5 2023 93 mins
Creeping Death
A Knight’s War
5.5

ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Matthew Ninaber ရိုက်ကူးထားတဲ့ Fantasy Horror ဇာတ်ကားအမျိုးအစား ဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတာပါ။ Dark Souls ဗီဒီယိုဂိမ်းတွေနဲ့ Dungeons & Dragons ဂိမ်းရဲ့ ဇာတ်လမ်းနောက်ခံကို inspire ယူထားတာဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Jeremy Ninaber, Kristen Kaster, Shane Nicely စတဲ့သရုပ်ဆောင်တွေက ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ကမ္ဘာလောကကြီးကို ကယ်တင်လိမ့်မယ်ဆိုပြီးတော့ ရှေးဖြစ်နိမိတ်ရှိထားတဲ့ Avalon ဆိုတဲ့မိန်းကလေးကို Bhodie ဆိုတဲ့ မြင်းစီး သူရဲကောင်းက ငရဲပြည်ကနေ ကယ်တင်ပုံကို ကြည့်ရှု ကြရမှာပါ။ ငရဲပြည်ကနေလွတ်ဖို့အတွက်ဆိုရင် ကျောက်တုံး သုံးတုံးကို စုဆောင်းရမှာဖြစ်ပြီးတော့ အဲဒီကျောက်တုံး တွေကို ငရဲပြည်ရဲ့အရှင်သခင်သုံးပါးက သိမ်းထားပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် လူ့လောကကိုပြန်ဖို့အတွက် ကျောက်တုံးတွေကို ဘယ်လိုရအောင်ယူကြမလဲ…. လှည့်စားမှုတွေ သစ္စာဖောက်မှုတွေကြားကနေ ဘယ်လို ရုန်းကန်ကြမလဲ စတဲ့မေးခွန်းတွေရဲ့အဖြေကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ပါ။ ဥရောပအလယ်ခေတ်ကာလကို နောက်ခံယူထားတာဖြစ်ပြီးတော့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်အလှည့်အပြောင်း တွေနဲ့အတူ ကြည့်လို့ကောင်းတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size… (1.02GB) / (700MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …..Action , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Thriller • Mystery • Drama • Fantasy
5.5 2025 103 mins
A Knight’s War
Beyond the Sin
6

ဒီနေ့မှာတော့ မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်… ဒီကားလေးမှာတော့ ဘယ်ခြေမသန်တဲ့ မိန်းကလေးတွေကို အထူးဒုက္ခပေးပြီး သတ်ပစ်ခဲ့တဲ့ အမှုတစ်ခုအကြောင်းပေါ့… ဒုက္ခပေးခံရတဲ့သူများတော့ ကွင်းဆက်လူသတ်မှုလို့လည်း ထင်ကြေးပေးနေကြတယ်… တစ်ဖက်မှာလည်း ဒီအမှုက အတော်လေး နာမည်ကြီးလာခဲ့တယ်… အကြောင်းကတော့ ရဲအရာရှိဟောင်းတစ်ယောက်ရဲ့ သမီးလေး သေဆုံးသွားတာကြောင့်ပါပဲ… အလုပ်ဟောင်းကြောင့်ကတစ်ကြောင်း… ကလေးဇောကြောင့်ကတစ်ကြောင်းနဲ့… လဲ့အရာရှိကတော့ ရဲတွေရဲ့ စုံစမ်းမှုကို အားမလိုအားမရဖြစ်ပြီး သူကိုယ်တိုင်ရှာဖွေခဲ့တဲ့အထိပါပဲ… ဒီအပြင်မှာ ရဲတွေဖက်က တစ်ဦးတည်းသော သံသယရှိသူကိုပါ လွှတ်ပေးလိုက်သေးတာကြောင့်… ရဲအဖွဲ့ထက် သူ့ကိုယ်သူ ပိုယုံကြည်ပြီး သူတစ်ဦးတည်း အမှုမှန်ဖော်ထုတ်ဖို့ကြိုးစားခဲ့တာပေါ့ ဒီလိုနဲ့ အမှုတစ်ပိုင်းတစ်စချင်းစီ ရှာဖွေရင်း ဖော်ထုတ်ရင်းနဲ့… အဆုံးသတ်မှာ တရားခံကိုရှာတွေ့မှာလား… နောက်ပြီး ဒီအမှုက ဒီလောက်ပဲရိုးရှင်းနေပါ့မလား… စိတ်အပန်းဖြေရင်း ဒီကားလေးကိုကြည့်လိုက်ကြရအောင်နော်

Thriller • Science Fiction • Action • Adventure
6 2025
Beyond the Sin
The Land of Hope
6.5

The Land of Hope (2012) *********************** ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၂ ခုနှစ်က ပြသခဲ့ပြီး ဆုတွေရရှိခဲ့တဲ့ Sci-Fi, Drama အမျိုးအစား The Land of Hope ဆိုတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဂျပန်မှာ ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား အန္တရာယ်နဲ့ ဆူနာမီဘေးအန္တရာယ်တို့ကို ပြန်လည်ထင်ဟပ်သတိရစေတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** စိတ်ကူးယဉ်စရာကောင်းလှတဲ့ နာဂါရှီမာစီရင်စုရှိ ရွာငယ်လေးတစ်ခုမှာ အိုနိုတို့ ဇနီးမောင်နှံ နဲ့ သားဖြစ်သူ ယိုအိချီနဲ့သူ့ဇနီး အီဇူမီတို့ဟာ လယ်ယာနဲ့ နွားမွေးမြူရေး လုပ်ကိုင်ရင်း အေးချမ်းစွာ နေထိုင်ခဲ့ကြပါတယ်။ တစ်နေ့ ဂျပန်နိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီး ကမ်းရိုးတန်းဒေသတွေမှာလည်း ဆူနာမီဒဏ်ကို ခံစားလိုက်ကြရပါတယ်။ ငလျင်ကြောင့် နာဂါရှီမာက နျူကလီးယား ဓာတ်အားပေးစက်ရုံ ပေါက်ကွဲသွားခဲ့ပါတယ်။ စက်ရုံရဲ့ အချင်းဝက် ၂၀ ကီလိုမီတာကို လုံခြုံရေးနယ်မြေ သတ်မှတ်ပြီး စည်းတားကာ အဲဒီနယ်နိမိတ်အတွင်းနေထိုင်သူများကို အတင်းပြောင်းရွှေ့ခိုင်းခဲ့ပါတယ်။ လယ်သမားကြီး အိုနိုတို့အိမ်ဟာ စည်းအပြင်မှာရောက်ရှိနေတာကြောင့် မပြောင်းရွှေ့ဘဲ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အိုနိုဟာ သားဖြစ်သူနှင့် ချွေးမကိုတော့ တခြားကိုပြောင်းဖို့ ဖိအားပေးခဲ့ပါတယ်။ အာဏာပိုင်များ၏ ညွှန်ကြားချက်များကို လျစ်လျူရှုကာ သူတို့အိမ်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားကြတဲ့ အိုနိုတို့ဇနီးမောင်နှံ သူတို့ဆန္ဒအတိုင်း အိမ်မှာပဲ ဆက်ပြီးနေခွင့်ရကြပါ့မလား… ဆူနာမီနဲ့နျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် တခြားကို ပြောင်းနေကြတဲ့ သားနဲ့ချွေးမ၊ ရွာသူရွာသားတွေရော ဇာတိမြေကို ပြန်လည်ခြေချခွင့်ရကြပါ့မလားဆိုတာ… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.68GB / 854MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 15m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

6.5 2012 133 mins
The Land of Hope