YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Malang 2020 Hindi - 1080p HEVC 10bit Webrip [RMC].mp4

2.29 GB 1080p video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Saint Omer
6.4

2022 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Saint Omer ဟာ Film Critics ​ဆီတွေက​နေ Rating ​​တော်​တော်​ကောင်း​ကောင်းကိုရခဲ့တဲ့ ဥပ​ဒေ ဒရာမာဇာတ်ကား​ကောင်း​လေးတစ်ခုဖြစ်ပါတယ်။ ဆု​တွေအ​နေနဲ့လည်း ဆန်ကာတင်ဝင်ခဲ့တဲ့ ဆု ၄၁ ဆုမှာ ဆု ၁၆ ဆုထိရရှိခဲ့တဲ့ကား​လေးဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ စာ​ရေးဆရာမတစ်ဦးဖြစ်တဲ့ ရာမားက ပဲရစ်က​နေ စိန့်အိုမားထိ ​လော့ရန့်ကိုလီရဲ့ အမှု​အ​ကြောင်း​ရေးဖို့ လာခဲ့ပါတယ်။ ကိုလီက​တော့ ၁၅ လအရွယ် ကိုယ့်သမီး​လေးကို ပြန်သတ်တယ်ဆိုပြီး အမှုရင်ဆိုင်​နေရတဲ့ ဆီနီးဂဲတစ်​ယောက်ဖြစ်ပြီး ကိုယ့်အ​မေနဲ့လည်း ရှုပ်​ထွေးတဲ့ဆက်ဆံ​ရေးရှိ​နေတာ​ပေါ့။ အ​မေနဲ့အဆင်မ​ပြေတဲ့ ရာမားကလည်း သူနဲ့ အဖြစ်ချင်း​တူ​​နေ​တော့ ကိုလီကို အရမ်းစိတ်ဝင်စားသွားတယ်။ ရာမား ကိုလီအ​ကြောင်းဆက်ပြီး ​လေ့လာ​နေတုန်း ကိုလီ ပြင်သစ်​မှာ​နေရင်း ခံစားရတာ​တွေကို ကြားပြီး ရာမာတစ်​ယောက်ဘယ်လို​တွေမွန်းကြပ်သွားလဲ... သူမဘဝနဲ့ ဘယ်​လောက်​တောင်ထပ်တူကျနေလဲဆိုတာကို မြင်​တွေ့ရမှာဖြစ်ပါတယ်။ ကြည့်​နေတဲ့သူကိုလည်း တရားရုံးရဲ့ ဂျူရီအ​ဖွဲ့ဝင်​နေရာ​ရောက်သွားသလို ရိုက်ပြထားပြီး ကိုယ့်အတွက်လည်း ​တွေးစရာ ​မေးခွန်း​လေး​တွေ​ပေးတာ​ကြောင့် ​တွေး​တောရတာကြိုက်တဲ့သူ​တွေပါ ကြည့်သင့် သိသင့်တဲ့ကား​လေးဆိုလည်း မမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 900MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 2Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
6.4 2022 123 mins
Saint Omer
The Fifth Element
7.5

IMDb - 7.6/10, Rotten Tomatoes - 71% ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်က ကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။ တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊ တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်း အောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File Size : (5.1GB) (1.1 GB) and (348 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:06:00 Genre : Action , Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Crime • Drama • Thriller
7.5 1997 126 mins
The Fifth Element
Private Desert
7

~ IMDb - 7.2/10, Rotten Tomatoes - 100% ~ ဘရာဇီးကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ အော်စကာဆုစာရင်းထဲမှာလည်းပါ၊ အော်စကာဆုများနဲ့လည်း ထိုက်တန်ပါတယ်လို့ ပြောဆိုမှုတွေရှိတဲ့ကြားက ဆုမချိတ်နိုင်ခဲ့ပေမဲ့ ကြည့်နေကြ ဟောလိဝုဒ်ထဲက ကွဲထွက်နေတဲ့ ဘရာဇီးကားလေးမို့ အရသာကတော့ အသစ်အဆန်းလေးပေါ့။ မော်ဒန်ခေတ်သစ်ရဲ့ အသုံးပြုမှုအများဆုံး ဆိုရှယ်ပလက်ဖောင်းလို့ခေါ်တဲ့ လူမှုကွန်ယက်‌ပေါ်က အချင်းချင်းတွေ့ကြတဲ့ဇာတ်လမ်းပါပဲ။ ဒေါသကို ထိန်းချုပ်ရာမှာ ပြဿနာရှိတဲ့ ရဲလေ့ကျင့်ရေးအရာရှိတစ်ယောက်က သင်တန်းသားလူသစ်တစ်ယောက်ကို ဆုံးမရင်း လက်လွန်မတတ်ဖြစ်သွားလို့ အလုပ်ပြုတ် တရားရင်ဆိုင်နေရတာကနေ ဇာတ်လမ်းစပါတယ်။ သူက အဖေအိုကြီးကို ပြုစုလုပ်ကျွေးနေသူတစ်ယောက်။ ရည်းစားမရှိ၊ မိန်းမမရှိ။ အွန်လိုင်းပေါ်ကတွေ့တဲ့ ကောင်မလေးကိုပဲ စွဲစွဲလမ်းလမ်း ချစ်နေတဲ့ လူပျိုကြီးပါပဲ။ သူတို့ဟာ လူချင်းမတွေ့ရပေမဲ့ လိုင်းပေါ်မှာကတော့ လင်မယားတွေလိုပဲ‌ပေါ့။ ကိုယ်တုံးလုံးပုံတောင် ကိုရဲကြီးက လှမ်းပို့သေးသတဲ့။ ဒါပေမဲ့ တစ်နေ့မှာ အကောင့်ပိုင်ရှင်လေးပျောက်ဆုံးလို့ စာမပြန် ဖုန်းမကိုင် သစ်စိမ်းချိုး ချိုးသွားတဲ့အခါမှာတော့... အလုပ်ပြုတ်တာ၊ တရားရင်ဆိုင်ရတာတွေက သူ့အတွက် အရေးမပါလှပါဘူး။ သိပ်ချစ်ရတဲ့ကောင်မလေး ရုတ်တရက် အဆက်ဖြတ်သွားတာကပဲ ကိုရဲကြီးကို ငါးရံ့ပြာလူး ဖြစ်စေခဲ့တာပါ။ ကောင်မလေးရှိရာ တောင်ပိုင်းပြည်နယ်ကို မိုင်နှစ်ထောင်‌ကျော် ကားမောင်းပြီး အပြေးရောက်လာတာကိုသာ ကြည့်တော့။ ဒါပေမဲ့ ကောင်မလေးက အတွေ့မခံပါဘူး။ အူနုကျွဲခတ်ခံရရှာတဲ့ ကိုရဲကြီးကလည်း ဓာတ်ပုံတွေ တစ်မြို့လုံးလိုက်ကပ်ပြီး ရှာတော့တာပါပဲ။ ကောင်မလေးဟာ ကောင်မလေး မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ချစ်ခြင်းမေတ္တာ၊ သူ့ရဲ့ နှလုံးသား၊ သူ့ခံစားချက်တွေကကောင်မလေးဆိုပေမဲ့ ကောင်မလေးဟာ လိင်အရတော့ ကောင်မလေး မဖြစ်တဲ့သူပေါ့။ အဲဒါကို ကိုရဲကြီး သိရှိဖော်ထုတ်မိချိန်မှာတော့ ... ချစ်ခြင်းကို ဖွဲ့သီတဲ့ ဇာတ်ကားဆိုပေမဲ့ လိင်တူချင်း တပ်မက်ကြတဲ့ ဇာတ်ကားလေးပါပဲ။ ဒီဘက်ခေတ်မှာ ရေပန်းစားလာတဲ့ အမျိုးအစားပေါ့။ ဒီတော့ သူတို့နှစ်ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ကိုရဲကြီးက ဘယ်လိုဆုံးဖြတ်ပြီး ဘယ်လိုတုံ့ပြန်မှာလဲ။ ကောင်မလေးမဟုတ်ရှာတဲ့ ကောင်မလေးကရော ကိုရဲကြီးကို ပိုင်ဆိုင်ခွင့်ရနိုင်ပါ့မလား။ ငွေရောင်ပိတ်ကားပေါ်မှာ ရှုစားနိုင်ပါကြောင်း... (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.3GB, 803MB Quality - Blu-ray 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 2H 1Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7 2021 121 mins
Private Desert
Groundhog Day
7.6

Groundhog Day လို့‌ခေါ်တဲ့ ဖေဖော်ဝါရီ ၂ရက်နေ့ဟာ မြောက်အမေရိကရဲ့ ပွဲတော်နေ့တစ်ခုပါပဲ။ Punxsutawney မြို့မှာ Punxsutawney Phil လို့ခေါ်တဲ့ ဂရောင်းဟော့လေး‌က နွေဦးပဲစောစော‌လာမလား ဆောင်းပဲရှည်မလား ဟောတာကို ကြည့်ပြီး ပါတီတွေပေးကြတဲ့နေ့ပေါ့။ အဲဒီနေ့မှာ နေရာအနှံ့က သတင်း‌သမားတွေ တီဗီအစီအစဉ် ကြေညာသူတွေ Punxsutawney ကို လာရောက်ကြတယ်။ ဒီရုပ်ရှင်ဟာ အဲဒီ Groundhog Day မှာ ပိတ်မိနေတဲ့ လူတစ်ယောက်အကြောင်းပေါ့။ တော်တော်လေးစောတဲ့ Time Loop ရုပ်ရှင်တစ်ကားဖြစ်သလို သူ့ဟန်ကို Theme အဖြစ်မှီးပြီး နောက်ပိုင်းသုံးလာကြတာတွေလည်း မနည်းပါဘူး။ Supernatural ထဲလည်း မှီးသုံးခဲ့ဖူးတယ်။ Groundhog Day ဟာ Classic တန်း၀င် Comedy ကားကောင်းတစ်ကားဖြစ်သလို ဝေဖန်ရေးသမား Roger Ebert အကြိုက်ဆုံးစာရင်းထဲ၀င်ခဲ့တဲ့ ရှားရှားပါးပါး Comedy ကားလည်း ဟုတ်ပါတယ်။ အဓိကဇာတ်​ဆောင်ကလည်း နာမည်ကျော် Bill Murray ဆိုတော့ ကောင်းမှာမပူရတော့ဘူး​ပေါ့။ ဇာတ်လမ်းလေးကလည်းဆန်းပါတယ်။ Bill ဟာ မိုးလေဝသကြေညာသူတစ်ယောက်ဖြစ်ပြီး မာနကြီး လက်​ပေါက်ကတ်သူပေါ့။ ရေတစ်၀က်ပဲရှိတဲ့ ဖန်ခွက်ကိုကြည့်ပြီး တစ်၀က်တောင်ရှိတယ်ပြောမယ့်လူရယ် တစ်၀က်ပဲရှိတယ် ပြောမယ့်လူရယ်ဆိုတဲ့ လူစား၂မျိူးမှာ သူဟာ ဒုတိယလူစားမျိူးပါပဲ။ ဒါနဲ့ပဲ တစ်ရက်ကျ ပန်ဆူ​​​တော်နီဆိုတဲ့ ဇနပုဒ်​လေး မှာ Groundhog Day ဆိုတဲ့ ရာသီပွဲတော်တစ်ပွဲကို သွားရောက်ရိုက်ကူးဖို့ အကြောင်းဖန်လာပါတယ်။ သူတို့အဖွဲ့သားတွေရောက်သွားကြပြီး Bill တစ်ယောက်ဟာ ထူးဆန်းစွာနဲ့ပဲ အဲဒီနေ့ကိုပဲ နေ့တိုင်း ဖြတ်သန်းနေရပါ​တော့တယ်။ သူဟာ Groundhog Day ဆိုတာကြီးကို နေ့တိုင်း ထပ်တလဲလဲ ကြုံနေရတဲ့ Time Loop သဘောမျိုးမှာနေနေရတယ်။ အဲဒီကနေ လွတ်လမ်းရှာရင်း ကြာလာတော့ စိတ်ဓါတ်တွေကျ၊ သတ်သေချင်စိတ်တွေပေါ်လာပါ​တော့တယ်။ အဲဒီနေ့ မနက်မှာဖွင့်တဲ့ Radioသံကြားရရင်ကို စိတ်က ဂယောက်ဂယက်တွေဖြစ်လာပြီး ဒီ Time Loop က​နေ ကျော်လွှားဖို့နည်းလမ်းကို အသည်းအသန်ရှာရပါတော့တယ်။ ရုပ်ရှင်ဟာ IMDB Rating 8.0 အထိရရှိထားပြီး Bill Murray ရဲ့ ဂန္တဝင်သရုပ်ဆောင်ချက်တွေ၊ ဘဝသင်ခန်းစာတွေကို ညိမ့်ညိမ့်လေးကြည့်သွားရမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျီစယ်မှုတစ်ခုဖြစ်တဲ့ ဒီ Time loop ရဲ့ ရည်ရွယ်ချက်ကို ရှာ​ဖွေရင်း ကိုယ်သာ ဒီလို တစ်ရက်ထဲကိုပဲ အကြိမ်ကြိမ်ကြုံခဲ့ရရင် ဘာ​တွေ လုပ်မလဲဆိုတာ စိတ်ကူးယဉ်လိုက်ကြစေချင်ပါတယ်။ Groundhog Day နဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမားတွေကတော့ "Groundhog Day ဟာ သူ့ပေးချင်တဲ့မက်ဆေ့နဲ့ သူ့ရည်ရွယ်ချက်ကို ထင်သာမြင်သာ ရှင်းရှင်းလင်းလင်းတွေ့နိုင်တဲ့ရုပ်ရှင်ပါပဲ။ သူ့ရဲ့ ပညာသားပါမှုကိုတော့ ချက်ချင်းကြီး သတိထားမိမှာမဟုတ်စေဘဲ မှတ်ဉာဏ်ထဲ အခြေကျရင်းနဲ့မှ သိလာမယ့် သဘောမျိုး " လို့ ဆိုကြပါတယ်။ ရုပ်ရှင်တစ်ကားကြည့်ပြီး ကိုယ့်ခံစားချက်ကို သေသေချာချာဖော်မပြတတ်ပေမဲ့ တူညီတဲ့ခံစားမှုတစ်ခုရတဲ့အခါ ဒီရုပ်ရှင်က Groundhog Day လို ရုပ်ရှင်မျိုးပဲဆိုပြီး ကိုယ့် မှတ်ဉာဏ်ထဲ Reference အနေနဲ့ ကိုးကားဖို့ ကျန်နေတဲ့ရုပ်ရှင်မျိုးလည်းဟုတ်တယ်လို့ ဆိုကြပါတယ်။ ရေတစ်၀က်ရှိတဲ့ ဖန်ခွက်တစ်ခွက်ကိုကြည့်ပြီး "တစ်၀က်တောင်ရှိတယ်"ဆိုတဲ့သူရော "တစ်၀က်ပဲရှိတယ်"ဆိုတဲ့သူရောဟာ အချိန်တစ်ခုမှာတော့ ရေအပြည့်ရှိတယ်လို့ ထင်မြင်သွားကြပါလိမ့်မယ်။ တကယ်ပြည့်မပြည့်တော့ ဘယ်သူမှမသိပေမဲ့ ချစ်ခြင်းကတော့ လိုနေတဲ့ရေတစ်၀က်ကို ဖြည့်ပေးသွားပါလိမ့်မယ်။ လောကကြီးကိုက ရေတစ်၀က်သာ ဖြည့်ထားတဲ့ ဖန်ခွက်ကြီးပဲမို့လို့ လူတွေဟာ ချစ်ခြင်းမေတ္တာကို လိုအပ်ခဲ့တာပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.2GB, 880MB, 440MB Quality - 1080p, 720p, 480p IMDb Rating - 8.0/10 Format - mp4 Duration - 1H 41Min Genre - Comedy, Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Crime • Drama
7.6 1993 101 mins
Groundhog Day
Hidimbha
7

Hidimbha 2023 IMDb 9.2/10 Action/Drama သည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL

Drama
7 2023 135 mins
Hidimbha
Hold Me Tight
6.8

Hold Me Tight (2021) ================ IMDb Rating – 6.8/10 လူ့စိတ်ဆိုတာ အစိုးမရဘူးလို့ ပြောတတ်ကြပါတယ်။ တစ်ခါ တလေ စိတ်‌ဆိုတာ လွင့်ချင်ရာလွင့်နေတတ်တာမျိုးပါ။ လုပ်မိ တဲ့အရာအတိုင်းအတွက် အကြောင်းပြချက်ရှိချင်မှရှိမယ်၊ စိတ် စေရာအတိုင်းလုပ်မိရင်း ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ ဒီဇာတ်လမ်းထဲက ကလယ်ရိစ်ဟာလည်း ဒီလိုပါပဲ။ တစ်ရက်မှာ မနက်စောစောနိုးလာပြီး ပစ္စည်းအနည်းငယ်ကိုယူလို့ အိပ်နေတဲ့ ခင်ပွန်းသည်နဲ့ ကလေးတွေထားသွားခဲ့တာပါ။ သူဘာလို့ ထွက် သွားလည်း ဘယ်သူမှမသိခဲ့ကြပါဘူး။ ခင်ပွန်းသည် မက်ခ်က တော့ ကလေးနှစ်ယောက်ကိစ္စတွေ မနိုင်မနင်းလုပ်ရင်း ကျန်နေ ခဲ့ပါတယ်။ ဇာတ်လမ်းဟာ ကလယ်ရိစ်ရောက်ရာအရပ်ကို ပြလိုက်၊ သူ့စိတ် ကူးတွေလွင့်မျောနေတာကို ပြလိုက်၊ မက်ခ်နဲ့ ကလေးတွေ ကသောင်း ကနင်း ဖြစ်တာကို ပြလိုက်နဲ့ ခပ်ငြိမ့်ငြိမ့်ပဲ သွားထားပါတယ်။ ဇာတ် လမ်းက အေးသလိုထင်ရပေမဲ့ အဆုံးထိကြည့်မှ ဇာတ်လမ်းရဲ့ twist ကို မြင်ရမှာပါ။ ကြည့်ကြည့်ချင်းတော့ ဘယ်လိုလဲ ဘာတွေလဲလို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒီတော့ ခပ်အေးအေးအမျောလေးတွေမှ ကြိုက်တဲ့သူတွေအတွက် ဒီ melodrama ရုပ်ရှင်ကို အဆုံးထိကြည့် ကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.5 GB) / (582 MB) / (353 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….C’mon Encoder……….SWM

Drama • Comedy
6.8 2021 95 mins
Hold Me Tight
Yunxi: Poison Valley Bride
5.7

အဆိပ်တောင်ကြားမှသတို့သမီး အဆိပ်မျိုးနွယ်စုရဲ့ မြင့်မြတ်တဲ့ပစ္စည်းဖြစ်တဲ့ နှစ်ထောင်ချီ ကုမုဒြာကြာပန်းက သရဲတောင်ကြားမှာပေါ်ထွက်လာခဲ့ပါတယ် ။ ကုမုဒြာကြာပန်းက အဆိပ်ထောင်ချီ‌ဖြေပေးနိုင်တဲ့စွမ်းရည်ရှိတဲ့အပြင်ကို မအိုဘဲ လှပတဲ့ရုပ်ရည်ကိုထိန်းသိမ်းပေးပြီးအသက်လည်းရှည်စေနိုင်တယ် ။ အဲလို့ မြင့်မြတ်တဲ့ပစ္စည်းကိုရဖို့အတွက် နိုင်ငံနေရာအနှံ့အပြားက သူရဲကောင်းတွေက သရဲတောင်ကြားကိုလာရောက်ယှဉ်ပြိုင်ပြီး အလုအယက်ဝယ်ယူကြတော့တာပေါ့ ။ ကြာပန်းကိုပြသတဲ့ညမှာပဲ ရုပ်ဆိုးဆိုးအဘွားအိုတစ်ယောက်ရောက်လာပြီး အဲ့ဈေးတန်းမှာရှိနေကြတဲ့ လူတွေအကုန်လုံးနဲ့တိုက်ခိုက်ကြတော့တယ် ။ ထိုအဘွားအိုထွက်သွားပြီးတဲ့နောက် အိမ်ရှေ့စံရဲ့ညီတော် ထန်စုန့်ကလည်းအဲ့နေရာကနေ အသက်လုပြီးပြေးလာခဲ့တယ် ။ ဒါပေမဲ့ သူ့မှာအဆိပ်ကမိလာခဲ့ပြီးပါပြီ။ ကံကောင်းထောက်မစွာနဲ့ အိမ်ရှေ့စံရဲ့အိမ်တော်မှာ မိဖုရားခေါင်ကြီးကချီးမြှင့်ထားတဲ့မင်္ဂလာပွဲကြောင့်ရောက်ရှိနေတဲ့ အဆိပ်မျိုးနွယ်ရဲ့ပါရမီရှင် ဟန်ယွင်ရှီးကရောက်ရှိနေတာကြောင့် ထန်စုန့်ရဲ့အဆိပ်ကိုဖြေနိုင်လိုက်တယ် ။ နောက်တော့ ထန်စုန့်ရဲ့သတင်းစကားအရ သရဲတောင်ကြားသခင်နဲ့သရဲတောင်ကြားရဲ့ မူမမှန်ဖြစ်မှု့တွေ ၊ မသင်္ကာစရာတွေကို ရှာဖွေဖို့အတွက် သရဲတောင်ကြားဆီ သုံးယောက်သားခရီးနှင်ခဲ့ပါတော့တယ် ။ သရဲတောင်ကြားမှာဘာတွေကြုံတွေ့ရမလဲ ၊ ဘယ်လိုအခက်အခဲတွေက သူတို့ကိုစောင့်ကြိုနေမလဲ ? မိဖုရားခေါင်ကြီးကြောင့်လက်ထပ်လိုက်ရပြီး မချစ်ခင်ကြတဲ့ အိမ်ရှေ့စံနဲ့ဟန်ယွင်ရှီးကရော ဒီခရီးမှာဘယ်လိုချစ်ကြိုက်သွားကြမလဲဆိုတာကို ရင်တမမနဲ့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှု့လိုက်ကြပါအုံး ပရိတ်သတ်ကြီး ~

5.7 2019
Yunxi: Poison Valley Bride
The Ex-Files 4: Marriage Plan
6.1

အသက် ၃၀ ကျော် လူလတ်ပိုင်းအရွယ်‌ရောက်လာပြီဖြစ်တဲ့ ယွီဖေးနဲ့ မုန့်ယွင်တို့ သူငယ်ချင်း ၂ ယောက်ဟာ ဒီတစ်ခါမှာတော့ အိမ်ထောင်ပြုဖို့ အစီအစဥ်ဆွဲတဲ့ဆီကို ရောက်လာကြပါတော့တယ် မိဘက ကြင်ဖက်တွေ့ခိုင်းတဲ့အခါ လာတွေ့တဲ့ တစ်ဖက်မိန်းကလေးဆီက အချစ်ကို အရင်ဆုံးမျှော်လင့်တဲ့ မုန့်ယွင် လက်ရှိချစ်သူနဲ့ အိမ်ထောင်မပြုခင်မှာ အိမ်ထောင်သည်ဘဝကို လက်တွေ့ခံစားကြည့်လို့ရအောင် ချစ်သူနဲ့ တစ်မိုးအောက်မှာ အတူတူနေကြည့်တဲ့ ယွီဖေး မုန့်ယွင် ကြင်ဖက်တွေ့ရတဲ့မိန်းကလေးတွေက အိမ်ထောင်ရေးကို အပေးအယူလို သဘောထားနေသလို ချစ်သူနဲ့ တစ်အိမ်ထဲနေကြည့်တဲ့ ယွီဖေးတစ်ယောက် အိမ်ထောင်သည်ဘဝဆိုတာ သူထင်ထားသလို ပျော်ရွှင်ကြည်နူးစရာ မကောင်းတော့တဲ့အခါ လူတွေဘာကြောင့် အိမ်ထောင်ပြုကြတာလဲဆိုတာကို အဖြေရှာနေတဲ့ သူတို့ သူငယ်ချင်း ၂ ယောက် ဒီတစ်ခါမှာရော အိမ်ထောင်သည်ဘဝကို တကယ်ပဲ ပျော်ရွှင်စွာနဲ့ ကူးပြောင်းနိုင်ပြီလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ စောင့်ကြည့်လိုက်ကြပါဦး အရင် EX FILES ဇာတ်လမ်းတွေရဲ့ အဆက်မို့ ပရိသတ်ကြီးလည်း အကြိုက်တွေ့ကြမှာ သေချာပါတယ်

6.1 2023
The Ex-Files 4: Marriage Plan
Alone With Her Dreams
7.3

IMDb 7.3 အထိရရှိထားတဲ့ အီတလီ Coming of age/Drama အမျိုးအစားရုပ်ရှင်လေး။ ဒီရုပ်ရှင်ထဲမှာ ပျော်စရာတော့ များများစားစားမပါဘူး။ စ လယ် ဆုံး ကို ရင်ထဲမွန်းကြပ် ဆို့နင့်စရာတွေနဲ့ အပြည့်ဖြည့်ပြီး ဒရာမာပီသအောင် လှလှပပကို ပုံဖော်ထားတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်လိုက်က လူစီယာလို့ခေါ်တဲ့ ဆယ်ကျော်သက်အရွယ်ကောင်မ‌‌လေး။ အချိန်ကာလအားဖြင့် ၁၉၆၀ ခုနစ်‌ ကျော်။ လူစီယာတို့မိသားစုဟာ ပင်လယ်ပြင်ပတ်လည်ဝိုင်းနေတဲ့ အီတလီကျွန်းရွာလေးတစ်ခုပေါ်မှာ နေထိုင်ကြတယ်။ ရွာငယ်လေးမှာက စီးပွားရေး မကောင်းတာကြောင့် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာ ပြောင်းရွှေ့‌ အခြေချနေထိုင်ပြီး အလုပ်သွားလုပ်ကြတဲ့သူတွေများတယ်။ ဒီလူတွေထဲမှာ လူစီယာရဲ့ အဖေနဲ့အမေဖြစ်သူကလည်း အပါအ၀င်ဖြစ်လာခဲ့တယ်။ ကံဆိုးရှာတဲ့လူစီယာကတော့ ရွာမှာပဲ အဖွားဖြစ်သူနဲ့ ကျန်ရစ်ခဲ့တော့တယ်။ လူစီယာရဲ့အဖွားဖြစ်သူဟာ သိပ်ကိုရှေးရိုးစွဲပြီး တင်းကြပ်တဲ့အမျိုးသမီးကြီး။ အဖွားဖြစ်သူဟာ ရွာထဲမှာ အကြီးအကဲတစ်ယောက်လို ကြောက်ရွံ့လေးစားခြင်းကို ခံရတဲ့သူ။ ချစ်ခြင်းမေတ္တာကို သိပ်မဖော်ပြတတ်ဘူး။ လူစီယာဟာ အဖွားဖြစ်သူရဲ့“ဒီဟာမလုပ်နဲ့၊ ဟိုနားမသွားနဲ့၊ ဟိုလူနဲ့မပေါင်းနဲ့” စတဲ့ အမိန့်စကားတွေကို မြေ၀ယ်မကျ နားထောင်ရတယ်။ ရပ်ဝေးမြေခြားကို ထွက်ခွာသွားတဲ့ မိဘနှစ်ပါးရဲ့ ချန်ရစ်မှုကိုခံခဲ့ရရှာသူ လူစီယာရဲ့ မျက်စိထဲမှာတော့ အဖွားဖြစ်သူဟာ သူ့ကိုဘယ်တော့မှ ကြင်ကြင်နာနာမဆက်ဆံတဲ့ မိန်းမကြမ်းကြီးတစ်ဦးထက် မပိုခဲ့ဘူး။ လူစီယာဟာ အမြဲခက်ထန်ကြမ်းတမ်းနေတဲ့ အဖွားဖြစ်သူကို နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့အခါ လူစီယာတစ်‌ယောက် သူမသိသေးတဲ့ အခြားတစ်ဖက်ခြမ်းက အမှန်တရားတွေကို ဖြည်းဖြည်းချင်းသိလာရတဲ့အခါမှာတော့ ဒီအမှန်တရားတွေကိုလက်ခံပြီး ရှေ့ဆက်ဖို့ရာ အင်အားတို့ကို မွေးရပြန်ရှာတော့တယ်။ ဒီရုပ်ရှင်က ဟော်လီးဝုဒ်ရုပ်ရှင်တွေထဲကလို ကြည့်ရှုသူကို စကားပြောခန်းတွေ တပုံတပင်နဲ့ချဉ်းကပ်မယ့်အစား မျက်နှာပေါ်ကခံစားချက်တွေ၊ ပင်လယ်ထဲကရွာငယ်လေးရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ အဆုံးမရှိတဲ့ အပြာရောင်ပင်လယ်ကြီးနဲ့ ငြီးငွေ့ဖွယ်ရာ ကောင်းကင်ပြာကြီးတွေနဲ့ ကြည့်ရှုသူရဲ့ခံစားချက်တွေကို လှုပ်ကိုင်လိမ့်မယ်။ ရွာငယ်‌‌လေးထဲက လူစီယာတို့ရဲ့ ဆွေ‌မျိုးတွေ၊ အထူးသဖြင့်အမျိုးသမီးဇာတ်ကောင်တွေရဲ့ ဇာတ်လမ်းတွေနဲ့လည်း ဆက်စပ်ထားတယ်။ အဆုံးသတ်ရမယ်ဆိုရင် ဒီဇာတ်ကားဟာ စိတ်ညစ်ညူးစရာကောင်းပေမဲ့ တစ်ဖက်မှာလည်း တော်တော်လေး လှပနေပြန်တယ်။ ဒါရိုက်တာက လေးနက်တဲ့ ဒိုင်ယာလော့တွေ၊ အဝါ လိမ္မော် စတဲ့ အပူဖက်သန်းတဲ့ အရောင်တွေများတဲ့ စီနီမက်တစ်ရိုက်ချက်တွေ၊ စိတ်ထိခိုက်စရာ နောက်ခံတေးတွေနဲ့အတူ ကြည့်ရှုသူရဲ့ရင်ထဲကိုထိအောင် လှလှပပ သေသေသပ်သပ်ဖန်တီးထားတဲ့ ဒရာမာရုပ်ရှင်စစ်စစ်ဖြစ်တာကြောင့် အချိန်ပေးကြည့်ရှုကြည့်ဖို့ ညွှန်းဆိုပေးရင်းနဲ့ပဲ… (Nudity အနည်းငယ်ပါရှိတာကို သတိပြုပေးပါ) File size…(780 Mb) Quality….Webrip 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Steven

7.3 2019 95 mins
Alone With Her Dreams
The Longest Ride
7

” လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင် သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် ” ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါ အမျိုးအမျိုး ပြောကြပါလိမ့်မယ် ရိုးရှင်းလွန်းတဲ့ အချက်ကတော့ ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲ ပျော်ရွှင်ရတာပါပဲ…. The Longest Ride ကို ကြည့်မိတဲ့ အခါ နွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ် အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါ လူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ် ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့ တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး… ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါ နွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ် အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေ အိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် သူ့ပါးစပ်က တဖွဖွ ရေရွတ်နေတဲ့ သေတ္တာတစ်လုံးရယ်ကို ဆွဲထုတ်ပြီး ကယ်နိုင်ခဲ့တယ်…. ဇာတ်လမ်း တစ်ခုလုံးမှာ အိုင်ယာ နဲ့ ရုဒ် ရဲ့ ဆွတ်ပျံ့လွမ်းဆွေးဖွယ်ရာ အချစ်ဇာတ်လမ်းတွေ ရယ်…. လုခ် ရှိတဲ့ မြို့လေးမှာ ခဏ ကျောင်းလာတက်တဲ့ ဆိုဖီယာ ရဲ့ အချစ်ကို ရွေးမလား ကိုယ်လိုချင်တဲ့ ပန်းတိုင် ကို ရွေးမလား ဆိုတဲ့ အချစ်နဲ့ဘ၀ ရောထွေးလာရင် ရွေးချယ်ရ ခက်တဲ့ အဖြေတစ်ချို့ကို ဒီရုပ်ရှင်ကားထဲမှာ ရှာတွေ့နိုင်မယ် ထင်တာပါပဲ…. File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

Comedy • Drama • Romance
7 2015 128 mins
The Longest Ride
[18+] Getting Any?
6.1

Getting Any? (1994) ~ IMDb – 6.1/10, Rotten Tomatoes – 59% ~ နှာဘူးကြီးတစ်ယောက် အကြောင်းရိုက်ထားတဲ့ ဂျပန်ကားပါ။ အောကားထဲက စော်ဘုလို့ရတဲ့နည်းလမ်းတွေကို အတည်မှတ်ပြီး တကယ်လုပ်ဖို့ ကြိုးစားရင်း ယာကူဇာထဲရောက်လိုရောက် ကိုယ်ပျောက်လိုပျောက်ဖြစ်ကုန်တော့တာပါပဲ။ ခင်ဗျားတို့ သွားသွားကြည့်နေတဲ့ ဇာတ်ကားတွေထဲက ရေချိုးခန်းထဲကို ကိုယ်ပျောက်ပြီး ဝင်ချောင်းတာမျိုးလည်း ပါပါသေးတယ်။ ကားရှိရင် စော်ဘုလို့ရတယ်လို့ အကြံရပြီး အဘိုးကိုရောင်းစား အမိုးဖွင့်ကားဝယ်တဲ့လူပါ။ သူ့ရဲ့ဘူးခရီးစဉ်ကို ပြောင်တောင်တောင်နောက်တောက်တောက် ပေါပေါပုံစံနဲ့ တင်ဆက်ထားပါတယ်။ တခြားဘာမှမကြည့်ဘဲ ရယ်ဖို့သက်သက်ကြည့်မယ်ဆိုရင်တော့ ဒီကားကိုကြည့်လိုက်ပါတော့။ တချို့အခန်းတွေကတော့ ၁၈ ပက်လက်တွေပါလို့ ရယ်မယ်ဆိုလည်း တစ်ယောက်တည်း ခိုးရယ်ကြဖို့ အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 930MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 48Min Genre – Satire, Slapstick, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Mystery • Thriller • Action
6.1 1994 108 mins
[18+] Getting Any?
Spy Girl
5.9

Spy Girl (2004) **************** ဒီဇာတ်ကားလေးကတော့ Train to Busan ထဲကမင်းသား Gong Yoo နဲ့ မင်းသမီး Kim Jung Hwa တို့ ပါဝင်ထားတဲ့ .. မြောက်ကိုရီးယားသူလျှိုကောင်မလေးနဲ့ တောင်ကိုရီးယားကောင်လေးကြားက Romance, Comedy အမျိုးအစား ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** သင်တန်းကျောင်းတစ်ခုက ကျောင်းသားတွေက ဝက်ဘ်ဆိုက်တစ်ခုထောင်ပြီး မိန်းကလေးပုံတွေအပျော်တင်ပြီးတော့ အလှဆုံးမိန်းကလေးကို အိန်ဂျယ်လို့ သတ်မှတ်ကြပါတယ်။ တစ်နေ့မှာတော့ သင်တန်းကျောင်းနားက ဘာဂါဆိုင်မှာ အသစ်ဝင်လာတဲ့ မိန်းကလေးတစ်ယောက်က အိန်ဂျယ်အသစ်အနေနဲ့ ရုတ်တရက် နာမည်ကြီးလာပါတယ်။ တကယ်တမ်း အဲဒီမိန်းကလေးက မြောက်ကိုရီးယားကရောက်လာတဲ့ သူလျှိုဖြစ်နေတဲ့အခါမှာတော့… သူလျှိုမိန်းကလေးက ဘာအကြောင်းနဲ့ တောင်ပိုင်းကို ရောက်လာရတာလဲ… သင်တန်းကျောင်းက ကျောင်းသားဖြစ်တဲ့ ဂိုဘုံး (Gong Yoo) နဲ့ ဘယ်လိုဇာတ်လမ်းလေးတွေ ဖြစ်သွားမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကို Zoronoa မှရေးသားထားပါတယ်) File size…2.18GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 40 min. Genre ….. Comedy, Romance, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa Encoded by AHtet

5.9 2004 102 mins
Spy Girl
Con Queens
5.4

ဘဝမှာ အချစ်ဆုံးလူဆီကနေ လှည့်စားခံရတာမျိုးထက် နာကျင်ရတဲ့ နာကျင်မှုမျိုူးရှိပါ့မလား နောက်ကျောကထိုးတဲ့ဓားက လောကမှာ အဆိုးဆုံး ခံရအခက်ဆုံးပါပဲ ဒီရုပ်ရှင်လေးကလဲ လူ့ဘဝမှာကြုံရလေ့ရှိတဲ့ အချစ်ဆုံးလူကနေ ပေးတဲ့ဒဏ်ရာအကြောင်းကို ရိုက်ကူးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင်တော့ အချစ်ဆုံးသူငယ်ချင်းဆီကနေ သစ္စာဖောက်ခံလိုက်ရပြီးတော့ ထောင်ထဲဝင်လိုက်ရတဲ့ အန်နီတာက ဘယ်လိုနည်းလမ်းနဲ့ ထောင်ထဲကနေထွက်လာပြီးတော့ သူမဘဝကို ဘယ်လိုပြန်လည်ရယူသွားမလဲ၊ သူမရဲ့ဘေးမှာရော နောက်ဆုံးအချိန်ထိ ဘယ်သူတွေကရှိနေပေးခဲ့လည်းဆိုတာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

5.4 2024 80 mins
Con Queens
Hoard
6.6

Hoard (2023) IMDb Rating (6.6) / Rotten Tomatoes (94%) မာရီယာက မိခင်ဖြစ်သူ စင်သီယာနဲ့ အမေတစ်ခုသမီးတစ်ခုကြီးပြင်းလာခဲ့ရသူဖြစ်တယ်။ စင်သီယာက စွန့်ပစ်ပစ္စည်းတွေကို‌ကောက်ရတာ ဝါသနာကြီးသူဖြစ်တာကြောင့် အိမ်မှာအမြဲအမှိုက်တွေပွနေတတ်ပြီး သမီးဖြစ်သူနဲ့လည်း အဲ့ကိစ္စကြောင့် စကားများတတ်ကြပါတယ်။ ဒါပေမဲ့ မာရီယာလေး ဆယ်ကျော်သက်အရွယ်ကျောင်းသူဘဝရောက်လာတဲ့အချိန်မှာတော့ မွေးစားမိခင် မီရှဲလ်နဲ့အတူ ဘဝအသစ်တစ်ခုမှာနေနေရပါတော့တယ်။ မာရီယာက ကျောင်းထွက်လိုက်ပြီး ဘာလုပ်မှန်းမသိဖြစ်နေချိန်မှာ မီရှဲလ်အရင်ကစောင့်ရှောက်ပေးခဲ့ဖူးတဲ့ မိုက်ကယ်ဆိုတဲ့လူတစ်ယောက် သူတို့အိမ်မှာလာတည်းဖို့အကြောင်းဖြစ်လာပါတော့တယ်။ မိုက်ကယ်က ချစ်သူကောင်မလေးရှိရက်နဲ့ မာရီယာ့အပေါ်စိတ်ခံစားချက်တွေ ယိုင်နဲ့လာတဲ့အခါတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကြည့်ရမဲ့ စိတ်ကျန်းမာရေးအသားပေး ဒရာမာဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….02:07:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

Romance • Drama
6.6 2024 126 mins
Hoard
Fierce Killer Marsupial

IMDB Rating – “2.2/10” ဒီရုပ်ရှင်ဟာ သြစတြေးလျရဲ့ ရိုးရာပုံပြင်ထဲက drop bear ဆိုတဲ့ သတ္တဝါကို အခြေခံပြီး ရိုက်ကူးထားတဲ့ comedy horror ဇာတ်ကားတစ်ကားပါ။ Anthony Darvall နဲ့ Annabelle Andrew တို့က paranormal vlogger နှစ်ယောက်အနေနဲ့ သြစတြေးလျ outback မှာ drop bear ဆိုတဲ့ ဒဏ္ဍာရီသတ္တဝါကို လိုက်ရှာကြတဲ့ အခန်းတွေကို ရိုက်ပြထားပါတယ်။ ဒါပေမယ့် drop bear ဟာ သြစတြေးလျမှာ ခရီးသွားတွေကို ခြောက်လှန့်ဖို့ ဖန်တီးထားတဲ့ ပုံပြင်တစ်ခုသာ ဖြစ်ပေမယ့် ဒီဇာတ်ကားမှာတော့ တကယ့်ဘေးအန္တရာယ်ရှိတဲ့ သတ္တဝါအဖြစ် ပုံဖော်ထားပါတယ်။ ဇာတ်လမ်းက ၁ နာရီ ၂၆ မိနစ်ကြာပြီး Frank Maljevac ရိုက်ကူးထားပါတယ်။ ဒါပေမယ့် production value နဲ့ သရုပ်ဆောင်မှုတွေက နိမ့်ကျပြီး B-grade horror comedy တစ်ကားလို ခံစားရပါတယ်။ သရုပ်ဆောင်တွေရဲ့ အင်္ဂလိပ်စကားပြောဆိုမှုကလည်း သဘာဝမကျသလို၊ အမြင်သက်သေတွေကလည်း အတော်လေး အနည်းပါးပါ။ တကယ်လို့ သာမန် horror comedy တွေကို စိတ်ဝင်စားသူဆိုရင် စမ်းကြည့်သင့်ပေမယ့် အရည်အသွေးမြင့် ရုပ်ရှင်မျိုးမျိုးကို မျှော်လင့်နေသူတွေအတွက်တော့ မလွယ်ကူပါဘူး။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 2025
Fierce Killer Marsupial