YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Make Me Believe.2023.WEB-DL.720P(CM).mp4

679.99 MB 720p video/mp4 353 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beast
6.8

Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ... အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size          : 6GB, 2.1GB, 854MB, 429MB Quality            : 4K WEB-DL HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 33mins Genre              : Adventure, Drama, Horror Translated by Mr.Anderson Encoded by Kinnov

Action • Fantasy • Horror • Mystery
6.8 2022 93 mins
Beast
Agent Game
4.9

မင်းသားကြီး Mel Gibson ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက မကြာခင်ကမှထွက်ရှိလာတဲ့ အက်ရှင်ဇာတ်ကားသစ်ပါ။ Catagory ကတော့ Agent Game ဆိုတဲ့နာမည်အတိုင်းပဲ ပရိသတ်ရင်းနှီးပြီးသားဖြစ်တဲ့ စပိုင်တွေ၊အေးဂျင့်တွေ နှစ်ကျပ်ကွက်ရိုက်တာတွေ စတဲ့တွေးစရာအပိုင်းတွေနဲ့အတူ ပစ်ခတ်ဖောက်ခွဲဝုန်းဒိုင်းကြဲတဲ့အက်ရှင်ခန်းတွေ ဝေဝေဆာဆာနဲ့ကြည့်ရှုရမှာပါ။ ရာထူးကြီးကြီးအမေရိကန်အစိုးရအဖွဲ့ဝင်တစ်ယောက်ကလျှို့ဝှက်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဟာ စစ်ပြန်တွေ၊လူမိုက်တွေ၊ ဂန်းစတားတွေထဲကအလားအလာရှိတဲ့လူမျိုးတွေကိုရှာဖွေစုဆောင်းပြီး နိုင်ငံအဆင့်ရှိတဲ့လျှို့ဝှက်မစ်ရှင်တွေကိုပေးလေ့ရှိပါတယ်။ တရားဝင်စစ်တပ်ကိုမသုံးပဲအဲလိုကြေးစားတွေကိုငှားရတဲ့အကြောင်းရင်းကတော့ သူတို့လိုလက်မရွံ့တဲ့လူမျိုးတွေ သေမထူးနေမထူးတွေကိုပဲ လက်မှာသွေးစွန်းခံစေပြီး အစိုးရနာမည်ကိုမသုံးချင်တာကြောင့်ဖြစ်ပါတယ်။ Runtime တစ်နာရီခွဲကြာမြင့်ပြီးတော့ အဆုံးသတ်သွားတဲ့ပုံစံအရ Sequel လာနိုင်တယ်လို့လည်းထင်ရသလို ဆက်မရိုက်လည်းရတဲ့ပုံစံမျိုးလေးပြသွားပါတယ်။ ပြီးပြည့်စုံတဲ့အက်ရှင်ကားမျိုးမဟုတ်ပေမယ့် ဇာတ်လမ်းမှာလိုအပ်ချက်လေးတွေရှိရင်တောင် သရုပ်ဆောင်နဲ့ဇာတ်ညွှန်းပိုင်း တော်တော်လေးအားစိုက်ထားတာသိသာပါတယ်။ ကြည့်ရှုအားပေးကြပါဦးဗျ။ File size…(1.1 GB)/(450 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:30:o9 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Bo

Animation • Comedy • Family • Fantasy
4.9 2022 90 mins
Agent Game
Three Times Nothing
6.5

ဒီတစ်ခါမှာတော့ ဘ၀မှာရင်ဆိုင်ရမယ့် အတွေ့အကြုံ အခက်အခဲတွေကို ဟာသနှောပြီးရိုက်ထားတဲ့ ပြင်သစ်ဟာသကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဗလာလူတန်းစားတွေမှာ ဘယ်လိုဘဝတွေရှိမလဲ.. ဗလာလူတန်းစား ၃ယောက် ဆုံမိတဲ့အခါ ဘာတွေဖြစ်လာမလဲ.. မတူညီတဲ့ ဘဝမျိုးစုံကနေလာတဲ့ အိမ်ခြေယာမဲ့ ၃ယောက်ရဲ့ ဘဝအတက်အကျတွေ.. ၃ယောက်လုံးမှာ မတူညီတဲ့ အိပ်မက်တွေရှိကြပြီး အဲ့ဒီအိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ.. ငွေကြေးဟာ ဘဝမှာ ဘယ်အတိုင်းအတာအထိ အရေးပါသလဲ.. ဆိုတာတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရမှာဖြစ်ပါတယ် ကျွန်တော်တို့ တော်ရုံဆို သိပ်ပြီး စိတ်ကူးမယဉ်ကြည့်ဖူးတဲ့ ပစ္စည်းမဲ့လူတန်းစားတွေရဲ့ နေ့စဉ်ဘဝတွေ၊ ဘာရုပ်ဝတ္ထုမှ မလိုဘဲ ပျော်ရွှင်အောင် နေတတ်ကြတဲ့ ပုံစံတွေကို ခံစားကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို မြည်းစမ်းကြည့်ဖို့ recommendပေးပါတယ်..။ (မှတ်ချက် - ပြင်သစ်ကားကို English နောက်ခံသံနဲ့ဆိုပေမယ့် တစ်သားတည်းလိုပဲမို့ ကြည့်ရအတော်အဆင်ပြေပါတယ် ) File Size__(1.8GB) / (850MB) Quality__WebDL-1080p, 720p IMDb Rating__6.4/10 Format__mp4 Duration__01:38:00 Type__Comedy , Drama Subtitle__Myanmar Subtitle (Hardsub) Translated by Khu Encoded by Naing Aung Latt

Adventure • Family
6.5 2022 94 mins
Three Times Nothing
The Strangers
6.1

ဒီနေ့မှာတော့ IMDb 6.1 ရထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ The Strangers စိတ္တဇလူသတ်ကားလေးတင်ပေးမှာဖြစ်ပါတယ်၊ ဇာတ်လမ်းအစမှာ ဂျေမီနဲ့ ခရစ်စတန်တို့ အတွဲက ကတောက်ကစလေးတွေ ဖြစ်ပြီး အပန်းဖြေအိမ်ကိုပြန်လာကြပါတယ်၊ နောက်မှသူတို့သိလိုက်ရတာကတော့ အပန်းဖြေအိမ်က အပန်းပြေစရာမကောင်းမှန်းပါ။ အိမ်ပတ်လည်မှာ တင် မျက်နှာဖုံးစွပ်နဲ့လူတွေရောက်လာလိုက် ပျောက်သွားလိုက်နဲ့ ဖြစ်ရာက နောက်ဆုံး သူတို့ကို ကိုယ်ထိလက်ရောက် အန္တရာယ်ပေးဖို့ဖြစ်လာကြပါတယ်။ ကဲ…. သဲထိတ်ရင်ဖိုကားမို့ အရမ်းမ spoil ချင်တာကြောင့် ဒီလောက်နဲ့တင်အညွှန်းရပ်ပြီး၊ ကိုယ်တိုင်ရှုစားကြည့်ဖို့အကြံပေးပါတယ်။ File size…(950Mb)/(400Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Thriller
6.1 2008 86 mins
The Strangers
Red Sparrow
6.5

ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ (ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။) (အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။) File size…(3 GB)/ (1.1 GB)/ (810 MB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:20:14 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Arkar Phyo

Crime • Drama
6.5 2018 140 mins
Red Sparrow
Hell House LLC
6.4

Hell House LLC ဟာ၂၀၁၅ ခုနှစ်မှာ ဒါရိုက်တာ Stephen Cognetti က ရိုက်ကူးတင်ဆက်ခဲ့တဲ့ Found Footage Horror Film အမျိုးအစား ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပြီး IMDb 6.4/10 ရရှိထားပါတယ်။ ၂၀၀၉ ခုနှစ်မှာ ဟောလိုးဝင်းပွဲတော်ဆင်နွှဲလိုသူများ လည်ပတ်နိုင်ဖို့အတွက် ခြောက်ခြားဖွယ် သရဲအိမ်ကြီးတစ်အိမ်ကို လူငယ်တစ်စုက နယူးယော့ခ်မြို့ တော်ရဲ့အပြင်ဘက်ရှိ မြို့ငယ်တစ်မြို့မှာ ဖန်တီးခဲ့ကြပါတယ်။ ထိုနေရာကတော့ အစွန့်ပစ်ခံ အက်ဘဒန်ဟိုတယ်ဟောင်း ဖြစ်ပြီး သူတို့ရဲ့ ခြောက်ခြားဖွယ်ဂေဟာ ကြီးကို ငရဲအိမ် (Hell House) လို့ အမည်ပေးထားကြပါတယ်။ လူငယ်များရဲ့ အင်အားနဲ့ ကြိုးစားပမ်းစားဖန်တီးခဲ့ကြသော်လည်း ဖွင့်ပွဲနေ့မှာပင် လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့သော ကြေကွဲဖွယ် အဖြစ်အပျက်ကြီး ပေါ်ပေါက်လာပါတော့တယ်။ ထိုဖြစ်ရပ်ရဲ့နောက်ကွယ်မှာ…ဘာများ ရှိနေလိမ့်မလဲ…၊ လူအများစုထင်ထားသလို စက်ပစ္စည်းချွတ်ယွင်းမှုကြောင့်များလား…၊ ထိုဖြစ်ရပ်ဆိုးဟာ အက်ဘဒန်ဟိုတယ် ဟောင်းရဲ့ သမိုင်းကြောင်းနဲ့များ ပတ်သက်နေမလား…စသဖြင့်..ဖုံးကွယ်ထားတဲ့ ဗဟေဠိကို documentary ဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်လေးကြည့်ရင်း အဖြေညှိလိုက်ကြပါစို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thae Su ပဲ ဖြစ်ပါတယ်) File size…1.79GB / 620.4MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thae Su

6.4 2015
Hell House LLC
The Judgement [De veroordeling]
7.3

The Judgement [De veroordeling] (2021) ============================= Genre – Biography, Crime, Drama IMDb Rating – 7.3/10 တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ နယ်သာလန်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၉၉ ခုနှစ်မှာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမကြီးတစ်ယောက် သေဆုံးမှုကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ စတွေ့တဲ့သက်သေတွေအရ လောင်ဝက်စ်ဆိုတဲ့လူကို ဖမ်းဆီးလိုက်ကြပါတယ်။ ဒါပေမဲ့ နောက်နှစ်နည်းနည်းကြာလာတော့ ပြန်လွှတ်ပေးလိုက် ကြပါတယ်။ နောက်ပြီးတော့ ဒီအန်အေစစ်တာ ကိုက်ညီတယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြန်ချမှတ်လိုက်ပါတယ်။ အဲဒီမှာ နက်ဝေါ့ဆိုတဲ့ ရုပ်သံလိုင်းက သတင်းထောက် ဘတ်စ်ဟန်းဟာ ဒီအမှုနောက်ကို စိန်ခေါ်မှုတွေများစွာနဲ့ သတင်းလိုက်ပြီး အမှန်တရားကို ရှာဖွေပါ တော့တယ်။ တစ်ချိန်တည်းမှာလည်း မောရစ်စ်ဆိုတဲ့လူ ပြောစကား အရ မုဆိုးမကြီးကို သတ်တဲ့လူဟာ သူမရဲ့ လက်တိုလက်တောင်း ခိုင်းတဲ့ မီခေး ဖြစ်နေတယ်လို့လည်း စွပ်စွဲလာပါတယ်။ အဲဒီမှာ သပွတ် အူလို ရှုပ်ထွေးလှတဲ့ အမှုအခင်းကြီး ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာ သတင်းထောက်အမြင်နေရာကနေ ကြည့်ရှု ခံစားရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.77 GB) / (667 MB) / (372 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Crime, Drama Translator…….Thura Aung Encoder……….SWM

Romance
7.3 2021 130 mins
The Judgement [De veroordeling]
The Jane Mysteries: Inheritance Lost

ဂျိန်းဒါဆေးလ်ဗားဟာ ဥရောပတစ်ခွင်မှာ နယ်လှည့်ဖျော်ဖြေနေတဲ့ ပြဇာတ်အဆိုတော်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ သူမရဲ့ ဦးလေးဖြစ်သူ ဟာရိုးဆီကနေ အကျိုးအမြတ်မယူတဲ့စုံထောက်အေဂျင်စီတစ်ခုကို အမွေရရှိခဲ့ပါတယ်။ သူမရဲ့ ဦးလေးဖြစ်သူက ဒီအေဂျင်စီကို သူမကိုဆက်လက်ဦးစီးစေချင်ပြီး လူတွေကို ကူညီစေချင်ပေမယ့် သူမဟာ သူမရဲ့ ပြဇာတ်အဆိုတော်ဘဝကို ခုံမင်တဲ့အတွက် လက်ခံဦးစီးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒီလိုနဲ့ ဦးလေးအိမ်ကို ခဏတာပြန်လာတဲ့အချိန်မှာ လီယာဆိုတဲ့ ငယ်စဉ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့မိတဆိုးလေးက သူအမေ့ သေဆုံးရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို သိချင်တဲ့အတွက် လာပြီးတော့ အကူအညီတောင်းပါတော့မယ်။ သူမအနေနဲ့ ငြင်းချင်ပေမယ့် ဂျိန်းကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် လီယာ့ကို ကိုယ်ချင်းစာပြီး ဥရောပကို မပြန်ခင် ဒီအမှုတစ်ခုကို လက်ခံဖြေရှင်းပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ရဲတွေက သတ်သေမှုလို့ ခေါင်းစဉ်တပ်ပြီး လွယ်လွယ်ပိတ်သိမ်းလိုက်တဲ့အမှုကို သူစပြီးစုံစမ်းပါတော့တယ်။ ဒီတော့ လီယာ့ရဲ့အမေက တစ်ကယ်ပဲသတ်သေခဲ့တာလား၊ လီယာရဲ့အမေရရမယ့် အမွေဒေါ်လာနှစ်သိန်းခွဲကလည်း ဘယ်ပျောက်သွားတာလဲ၊ ဒီသေဆုံးမှုကို ရိုးမှရိုးရဲ့လား၊ တရားခံလက်သည်ကိုရော ဂျိန်းတစ်ယောက်ရှာဖွေတွေ့ရှိနိုင်မလားဆိုတာကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် IMDb မှာလည်း Rating 6/10 ရရှိထားတဲ့ Mystery Thriller ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ File size…(1.4 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Family • Animation • Romance • Fantasy
0 2023
The Jane Mysteries: Inheritance Lost
Saw II Saw 2
6.6

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 2 (2005)မှာတော့ Jigsaw လူသတ်သမားကို ပြန်ပေါ်လာတဲ့အတွက် အထူးတပ်ဖွဲ့တွေနဲ့အတူ စုံထောက်အဲရစ်ခ်မက်သရူးပါ ပါလာပြီး လာဖမ်းတော့တယ်။ ဒီအချိန်မှာ Jigsaw လူသတ်သမားက ကင်ဆာရောဂါသည်တစ်ဦး ဖြစ်နေတော့တယ်။ စုံထောက်အဲရစ်ခ်ဆိုတာကလည်း လူကောင်းမဟုတ်။ ဟိုးတုန်းကဆို သူဖမ်းချင်တဲ့သူတွေဆိုရင် သက်သေအတုလုပ်ပြီး ဖမ်းထည့်တတ်တဲ့သူ။ Jigsaw က အဲဒါကို ကောင်းကောင်းသိထားတော့ သူ အရင်က အမှုဆင်ပြီးဖမ်းဖူးတဲ့သူအားလုံးနဲ့အတူ အဲရစ်ခ်ရဲ့သားကို ဖမ်းထည့်ပြီး အိမ်တစ်အိမ်မှာ ဂိမ်းတွေ စကစားစေတော့တယ်။ အိမ်တစ်လုံးမှာ ထောင်ချောက်တွေ အပြည့်ပေါ့။ ဂိမ်းကို ကျော်ဖြတ်နိုင်တဲ့သူကပဲ အသက်ရှင်ခွင့်ရမှာ။ ဒါကို အဲရစ်ခ်တို့ Jigsaw ကို လာဖမ်းတဲ့အခါမှာ Jigsaw ရဲ့ ပုန်းအောင်းတဲ့နေရာမှာရှိတဲ့ ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ သူ့သားနဲ့အတူ တခြားလူတွေ အဖမ်းခံထားရတဲ့အကြောင်း အဲရစ်ခ်သိလိုက်ရတော့တယ်။ Jigsaw ရဲ့ ထောင်ချောက်တွေကြားကနေ သူ့ကိုမကျေနပ်တဲ့သူတွေနဲ့အတူရှိနေတဲ့ သူ့သား ဒန်နီရယ်ကို စုံထောက်အဲရစ်ခ်တစ်ယောက် ဘယ်လိုကယ်တင်မလဲဆိုတာ ဒီ Saw II ဇာတ်ကားထဲမှာ ရှုစားရမှာပါ။

6.6 2005
Saw II Saw 2
An Unfinished Life
7

An Unfinished Life (2005) ~ IMDb – 7/10, Rotten Tomatoes – 52% ~ ကျေးလက်အငွေ့အသက်တွေနဲ့ မိသားစုဆန်ဆန်ဇာတ်လမ်းမျိုးကြည့်ချင်နေတယ်ဆိုရင် An Unfinished Life ကို ကြည့်ပါ။ Pop Icon တစ်ဦးဖြစ်တဲ့ J Lo အဓိကပါဝင်ထားပြီး ရသတွေ တပုံကြီးပေးတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဘဝရဲ့ အငြိုးတရားတွေ၊ ဝမ်းနည်းပူဆွေးမှုတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းတဲ့စိတ်အခြေအနေရောက်ဖို့ လက်လွှတ်သင့်တာ လက်လွှတ်ရမယ်ဆိုတဲ့အကြောင်းကို ပုံဖော်ထားပါတယ်။ အိုင်နာ ဆိုတဲ့ ကောင်းဘွိုင်အဖိုးကြီးဟာ သူ့သားသေဆုံးမှုကြောင့် ချွေးမဖြစ်သူကို ရန်လိုနေပြီး ချွေးမဖြစ်သူ ဂျင်း ကတော့ သမီးတစ်ယောက်ပိုက်လို့ နောက်ရည်းစားတိုက်ခန်းမှာနေပါတယ်။ ရည်းစားဖြစ်သူက ကိုယ်ထိလက်ရောက် ညှင်းပန်းတာတွေလုပ်လာတဲ့နောက် မခံနိုင်တဲ့အဆုံး သူ့ကိုမုန်းနေတဲ့ အိုင်နာဆီ မြေးမျက်နှာနဲ့ပြန်သွားရပါတော့တယ်။ သမီးလေးကို ပြုစုရင်း နေရာသစ်မှာ အခြေချဖို့ကြိုးစားနေတဲ့ ဂျင်းကို သူ့ရည်းစားကတော့ လက်မလွှတ်ဘဲ လိုက်ချောင်းနေဆဲပါ။ ဂျင်းကို ပြန်တွေ့ပြီးဘာတွေဆက်ဖြစ်မလဲ… ဂျင်းနဲ့ အိုင်နာတို့ ဆက်ဆံရေးကရော ဘာတွေဆက်ဖြစ်မလဲ… ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shein Waiyan မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 48Min Genre – Drama, Family, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shein Waiyan Encoded by Y

7 2005 108 mins
An Unfinished Life
Cyberbunker: The Criminal Underworld
6.5

ဒီ Documentaryဟာ အင်တာနက်​ခေတ်ဦးကာလက​​နေ စလို့ ဒီဘက်​​​ခေတ်အထိ နည်းပညာရပ်ဝန်းမှာ အ​တော်လူသိများတဲ့ Cyberbunkerလို့​ ခေါ်တဲ့ Server hostတစ်ခုအ​ကြောင်းပါ။ သူတို့ရဲ့serverကို သုံးစွဲသူ​တွေ အ​တော်​လေးများခဲ့သလို အဲဒီ ဆာဗာ​တွေကို သုံးစွဲတဲ့ရည်ရွယ်ချက်​တွေကလည်း မျိုးစုံပါပဲ။ ဒီHosting serviceကို တည်​ထောင်ခဲ့သူက နယ်သာလန်သား ဟာမန်းဇန့်တ် ဖြစ်ပြီး သူတို့ရဲ့ ရုံးချုပ်ကြီးကို ဂျာမဏီနိုင်ငံမှာ ရှိတဲ့ ထရာဘန်ထရာဘာ့ခ်မြို့​လေးက World War2လက်ကျန် ဘန်ကာ​ကြီးတစ်ခုထဲမှာ ဖွင့်ထားတာဖြစ်လို့ Cyber- Bunker ရယ်လို့ခေါ်တာပါ။ သူတို့ရဲ့ဆာဗာ​တွေကို လွတ်လွတ်လပ်လပ်သုံးခွင့်​​ပေးထားတယ် ဆို​ပေမယ့် လွပ်လပ်မှုရဲ့​ နောက်ကွယ်မှာကပ်ပါလာတဲ့ ဒုစရိုက်မှု ​ မှောင်ခိုလုပ်​ငန်းတွေ ရှိ​နေတာကို ရိပ်စားမိတဲ့ အာဏာပိုင်​တွေက အဲဒီဆာဗာ​တွေနဲ့ ဒေတာ​တွေကို စီးနင်းသိမ်းပိုက်ဖို့ ကြိုးစားရင်း Cyberbunkerရဲ့​နောက်ကွယ်က လျှို့ဝှက်ချက်​တွေကို ​ဖော်ထုတ် မိသွားပါ​​တော့တယ်။ File size… 1.4 GB / 629 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 41m Genre ….. documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

Drama • Comedy
6.5 2023 102 mins
Cyberbunker: The Criminal Underworld
Afraid
5.8

ယနေ့ခေတ်မှာ AI နည်းပညာတွေက အံ့မခန်း တိုးတက်လာတာ လူတိုင်းအသိပါပဲ။ ဒီလိုနည်းပညာတွေကို လူသားတွေအကျိုးအတွက် အသုံးပြုရာမှာ တွင်ကျယ်လာသလို တစ်ဖက်မှာလည်း ဒီနည်းပညာတွေအပေါ် လူသားတွေ မှီခိုလွန်းတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သတိပေးနေကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် အဆင့်မြင့် AI နည်းပညာတစ်ခုကြောင့် ဖြစ်လာတဲ့ အရာတွေကို စိတ်ကူးယဉ်ဖန်တီး ရိုက်ကူးတင်ဆက်ထားတာပါ။ အိုင်ယာ(AIA)လို့ အမည်ပေးထားတဲ့ ဒီအဆင့်မြင့် AI နည်းပညာဟာ Dataset တစ်ခုပေါ်မှာ သူ့ဘာသာ သင်ယူလေ့လာနိုင်တဲ့ အဆင့်ရှိပါတယ်။ ဒီနည်းပညာကို ဈေးကွက်ထဲ မဖြန့်ချိခင် အရောင်းမြှင့်တင်ရေး တစ်ဦးဖြစ်တဲ့ ကာတစ်စ်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့ မိသားစုကို စမ်းသပ်အဆင့်အနေနဲ့ စပြီး တပ်ဆင်အသုံးပြုစေခဲ့ပါတယ်။ အိုင်ယာဟာ သူတို့မိသားစုရဲ့ နေ့စဉ်ဘဝတွေကို ပိုပြီး အဆင်ပြေချောမွေ့အောင် လူတစ်ယောက်နီးပါး ဆောင်ရွက်ပေးနိုင်တဲ့အတွက် မိဘတွေရော ကလေးတွေပါ ဒီနည်းပညာကို နှစ်ခြိုက်သဘောကျကြပါတယ်။ တစ်ဘက်မှာ ဒီမိသားစုရဲ့ သတင်းအချက်အလက်တွေအပေါ် သင်ယူလေ့လာမှု လုပ်ရင်း မိသားစုဝင်တွေရဲ့ နေ့စဉ်လူနေမှု ဘဝတွေမှာ စတင်ပြီး ချုပ်ကိုင် ခြယ်လှယ်မှုတွေ စပြီး လုပ်လာတဲ့ အခါမှာတော့….။ File size…1.88GB / 875MB Quality…WEB-DL 4K HEVC / 1080p Format…mkv Duration….1h 24m Genre ….. Horror , Mystery , Sci-FI , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
5.8 2024 84 mins
Afraid
Bring It On
6.2

Bring It On (2000) IMDb Rating (6.2) / Rotten Tomatoes (65%) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်​နှစ်ကျော်​တွေ​က trend တစ်ခု​လိုမျိုး အများ​အပြား​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Teen/Comedy ရုပ်ရှင်​ကား​တွေထဲက ဇာတ်​ကားကောင်း​လေး​တစ်ကား ဖြစ်​ပါတယ်​။ Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ မင်း​သမီး​က ဒီ​ဇာတ်​ကား​မှာ အဓိက​ဇာတ်​ကောင်​ Torrence အဖြစ်​ ပါဝင်​ထားပါတယ်​။ 90s born တွေ​အနေနဲ့​ ၂၀၀၀ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီ​ဇာတ်ကား​လေးကို ကြည့်​ရင်း​ လွမ်း​ဆွတ်​ဖွယ်​ ခံစားချက်​တစ်​ခုကို​ ရရှိ​မယ်​လို့​ ထင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Torrence ဟာ အထက်​တန်း​ကျောင်း​ ကိုယ်​စား​ပြု​ နာမည်​ကျော်​ Cheerleader အသင်းတစ်ခု​ရဲ့ အဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​ပါတယ်။ အသင်း​ရဲ့ ကပ္ပတိန်​ဖြစ်​သူ Big Red က ကောလိပ်​တက်ရမှာ ဖြစ်​တဲ့အတွက်​ လစ်လပ်​သွား​တဲ့ ကပ္ပတိန်​နေရာကို​ ရွေးကောက်ကြရမှာ Torrence တစ်ယောက်​ အရွေးခံရပါတော့တယ်။ ကပ္ပတိန်​အဖြစ်​ တာဝန်​ယူ​တဲ့နေ့မှာပဲ အသင်း​သူတစ်ယောက်​ လေ့ကျင့်​ရင်း​နဲ့ ဒဏ်ရာရ​သွား​လို့​ Missy လို့​ခေါ်​တဲ့ ဂျွမ်း​ဘား အလွန်​ကျွမ်းကျင်​သူ ကျောင်း​သူသစ်နဲ့ လူစားထိုးလိုက်ရပါတယ်။ ဒီလို​နဲ့ နိုင်ငံ​လုံး​ဆိုင်ရာ​ Cheerleader ပြိုင်ပွဲ​အတွက်​ လေ့ကျင့်​ပြင်ဆင်​နေရင်း​နဲ့ Torrence တစ်ယောက်​ သူတို့​အသင်း​ အသုံးပြု​တဲ့ ကကွက်တွေက East Compton က Clovers အသင်း​ရဲ့ ကကွက်တွေနဲ့ တူညီ​နေကြောင်း​ သိလိုက်ရ​ပါတော့​တယ်​။ အကြောင်း​ကတော့​ ကပ္ပတိန်​ဟောင်း​ဖြစ်သူ​ Big Red​ က Clovers အသင်း​ရဲ့ ဖျော်ဖြေ​ပွဲတွေကို ဗီဒီယို​ရိုက်ကူး​ပြီး က​ကွက်​တွေကို ခိုး​ယူခဲ့လို့ဖြစ်ပါတယ်။ ဒီကကွက်တွေကြောင့် Torrence​ တို့​အသင်း​ဟာ နိုင်ငံ​လုံး​ဆိုင်ရာ​ ပြိုင်ပွဲ​တွေ​မှာ ချန်ပီယံ​ဖြစ်​ခဲ့တာပါ။ ဒီနှစ်​မှာ​တော့ ကလို​ဗာ​အသင်း​ကလည်း ဝင်​ပြိုင်​မှာဖြစ်ပြီး Torrence​ တို့​အသင်း​ကို ချေမှုန်း​မယ်လို့ ကြိမ်းဝါးပါတော့တယ်။ ဒီလိုနဲ့​ ကပ္ပတိန်​အသစ်​စက်​စက် Torrence​ တစ်ယောက်​ က​ကွက်​အသစ်​တွေ​ ဖန်တီး​ဖို့ ကြိုးစား​ရပါတော့တယ်။ Torrence​ အနေနဲ့​ ဒီပြဿနာကို ဖြေရှင်း​နိုင်​ပါ့မလား၊ စည်း​လုံး​မှု​ပြို​ကွဲ​နေတဲ့ အသင်း​ကို စည်း​ရုံး​ပြီး ဖိုင်​နယ်​ကို အရောက်ပို့နိုင်ပါ့မလားဆိုတာကို ဟာသ​နှော​ပြီး​ ကြည့်​ရှု​ရမှာ ဖြစ်ပါတယ်​။ အမေရိကန်​အထက်​တန်း​ကျောင်း​သားဘဝ၊ အချစ်​ရေး​နဲ့ လူမှုရေး​ ရုန်းကန်​မှုတွေကို ပေါ့ပါ့ပါးပါး တင်​ဆက်​ထား​တဲ့​ ကြည့်​ပျော်သော ဇာတ်လမ်း​ကောင်း​လေး​တစ်ပုဒ်​ဖြစ်​ပါတယ်​။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(3.2 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim

Drama • Thriller
6.2 2000 98 mins
Bring It On
The Amateur
6.7

The Amateur (2025) IMDb Rating (6.6) / Rotten Tomatoes (61%) အော်စကာဆုရှင် မင်းသား Rami Malak , Marvel ရဲ့ Punisher မင်းသား Jon Bernthal ပါဝင်ထားတဲ့ နာမည်ကြီး ရုပ်ရှင်သစ်ထွက်လာပါပြီ.. Youtube မှာ Geogusser ဆိုတဲ့ ပုံကိုမြင်လိုက်တာနဲ့ ကမ္ဘာ့ရဲ့ ဘယ်နေရာရောက်နေတယ်ဆိုတာကိုပါ အတိကျပြောနိုင်တဲ့ Rainbolt ဆိုတဲ့ လူကို လေ့လာပြီး ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ချာလီကို တည်ဆောက်ထားတာလို့ ပြောထားပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ … စီအိုင်အေက နည်းပညာရှင် ဝှက်စာဖော်တဲ့ အေးဂျင့် ချာလီဟယ်လာရဲ့ မိန်းမဟာ CIA အတွင်းက အေးဂျင့်တွေရဲ့ ကြေးစားတွေကြောင့် မြေစာပင်ဖြစ်ကာသေဆုံးသွားပါတယ်…. ဒီအရာကို စီအိုင်အေအရာရှိတွေကို တင်ပြပေမယ့် အတွင်းလူတွေပါဝင်နေတာကြောင့် ချာလီရဲ့ မိန်းမသေဆုံးသွားတာကို ဝမ်းနည်းကြောင်းပြနေပေမယ့်.. လက်တွေ့မှာ သူတို့ကိုအမှုပြတ်ပတ်မှာဖြစ်တဲ့အတွက် ဘယ်သူမှ အရေးတစ်ယူမလုပ်ခဲ့ပါဘူး… မိန်းမဖြစ်သူရဲ့ သေဆုံးမှုကို ပူဆွေးမနေနိုင်ဘဲ ဒီကြေးစားတွေကို ပြန်သတ်ဖြတ်ဖို့ ချာလီဟယ်လာကြိုးစားပါတော့တယ်.. ဒါပေမဲ့ ချာလီက ကွန်ပျူတာရှေ့မှာအမြဲထိုင်နေရတဲ့ စာကြမ်းပိုးလို Nerd တစ်ယောက်ဖြစ်တာကြောင့် သူကိုယ်တိုင်ဖြေရှင်းမယ်ပြောတော့ အထက်လူကြီးတွေက လှောင်ရယ်ကြတယ်… တိုက်ရည်ခိုက်ရည်မရှိ သေနတ်တောင်မပစ်ဖူးတဲ့ ချာလီဟာ သူ့ဇနီးကိုသတ်သွားတဲ့ ဒီလူသတ်သမားတွေကို တစ်ယောက်ချင်းစီခပ်ကြမ်းကြမ်းလိုက်ဖြုတ်ဖို့ ကြိုးစားပါတော့တယ်… File Size… (4.5 GB ) / (1.4 GB) / (910 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….2h 4m Genre …..Spy , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder…. Benjamin Translated by Cyberboy

Family • Comedy
6.7 2025 123 mins
The Amateur
Last Hero in China
6.6

ဒီကားလေးကတော့ ဂျက်လီ ငယ်ငယ်ကရိုက်ခဲ့တဲ့ ကားဟောင်းလေးဖြစ်ပြီးတော့ ရှေးခေတ်ဆန်ဆန်တရုတ်သိုင်းကားလေးဖြစ်ပါတယ်ဗျ။ဟာသတွေလည်းပါဝင်ပြီး သိုင်းအလှကွက်လေးတွေကို ကြည့်ချင်သူတွေအတွက်တော့ ကြည့်ကောင်းမဲ့တရုတ်ကားလေးပါဗျ။ ဇာတ်ကားရဲ့ အကြောင်းအရာကတော့ ဆရာ ဝေါင်ဖယ်ဟွမ်ဟာ ဒေသတစ်ဝိုက်မှာ နာမည်ကြီးပြီး လူဆိုးတိုင်းကြောက်ရတဲ့ ကွန်ဖူးဆရာလည်းဖြစ်သလို ဆေးကုသပေးတဲ့ ဆေးဆရာလည်းဖြစ်ပါတယ်။သူဟာ ကန်တွန်းမြို့ကို အလာလမ်းမှာလက်ဝှေ့အဖွဲ့အစည်းလို့ခေါ်တဲ့ လူဆိုးအဖွဲ့က ခေါင်းဆောင် ၃ ယောက်ကိုဖမ်းဆီးရာမှာကူညီပေးခဲ့တယ်။ဒီလိုနဲ့ပဲ ကန်တွန်းမှာသူ့ရဲ့ကွန်ဖူးရော ဆေးဆိုင်ရော နှစ်ခုပေါင်းပြီး ပိုလီချန်ဆိုတဲ့နေရာလေးဖွင့်ထားတယ်။ ဒါနဲ့ပဲမြို့ကိုအသစ်ရောက်လာတဲ့ အရာရှိကြီးအသစ်ဖြစ်တဲ့ လွီယက်ဆွီကို ဆရာ ဝေါင် ဟာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။အရာရှိကြီးဟာ ဆရာ့ရဲ့ကွန်ဖူးသိုင်းကို အတော်လေးသိချင်နေခဲ့တာပါ။ဒီလိုနဲ့ပဲ မြို့မှာမိန်းကလေးတွေပျောက်တဲ့ကိစ္စပေါ်လာပါလေရော။ဒါကို ဆရာ ဝေါင်တို့ဟာ အမှတ်မထင်ရှာဖွေစုံစမ်းမိရင်း သိလိုက်ရတာက အရာရှိကြီးနဲ့ အစိုးရကလူတွေဟာ လူကုန်ကူးမှုကြီး လုပ်နေတာကိုတွေ့ရတော့တယ်။ ဒါကို ဆရာ ဝေါင်ဟာ ပြဿနာတွေဘယ်လိုရင်ဆိုင်သွားမလဲဆိုတာနဲ့အတူ သိုင်းကွက်‌ပေါင်းစုံ ချတဲ့မြင်ကွင်းတွေနဲ့ ဟာသပါရောနှောထည့်ထားတဲ့ကားလေးကို ကြည့်ရှုခံစားလိုက်ကြရအောင်….. File size…(2.5 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:51:00 Genre… Martial Act, Action, Comedy Subtitle….Myanmar Subtitle (Hardsub)

Drama
6.6 1993 111 mins
Last Hero in China