YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Maintenance Required (2025) 720p WEB-DL [RMC].mp4

929.95 MB 720p video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Van Helsing
6.3

ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ရှိတဲ့ Transylvania ကို စေလွတ်ခြင်းခံရတဲ့အခါ.... - နှစ်သက်တမ်းကြာမြင့်စွာ ရှိတဲ့ Dracula ရှိတဲ့နေရာကို ကြက်သွန်ဖြူ နဲ့ သွားရွလို့ မရမှန်းသိတဲ့အခါ Van Helsing တစ်ယောက် ဘာတွေသယ်ဆောင်သွားမလဲ...? - Dracula မှာ ဇနီးတွေ ရှိနိုင်ပါသလား ? Dracula က ကလေးမွေးနိုင်လား ? မွေးလာတဲ့ကလေးတွေကကော ဘာပုံစံဖြစ်မလည်း ? - အခြား ဘယ်သူတွေကရော Dracula ကိုနိုင်ဖို့ ဘယ်လိုတွေကူညီကြမလဲ ? - Dracula ကကော ဘာတွေကြံစည်နေကြတာလဲ ? - Dracula ရှိတဲ့ နယ်မြေ မှာ Ven Helsing က ဘာ mission တွေ လာလုပ်တာလဲ ? စလာကတည်းက တဝုန်းဝုန်း တဒိုင်းဒိုင်းပါပဲ ။ Black and White နဲ့ စတင်ခဲ့ပြီး သဘာ၀လွန် ဖြစ်ရပ်များစွာပါတဲ့အပြင် ရူပ်ထွေးပွေလီလှတဲ့ ဇာတ်လမ်းတွေက်ု Van Helsing တစ်ယောက်ဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာ.......။ Crd Review File size…(8.3 GB)/(2.7 GB)/(1.6 GB) Quality….BluRay 4K HEVC/ 1080p HEVC/720p Format…mkv/mp4 Duration….02:11:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Kyi Win

Comedy • Horror
6.3 2004 132 mins
Van Helsing
Where's the Money
5.8

ဒဲလ်ဆိုတဲ့ကောင်လေးတစ်​ယောက်က တစ်နေ့တစ်နေ့ ရပ်ကွက်ထဲမှာ သူ့​ဘော်ဒါဂျု့စ်နဲ့ သောက်ပေါလုပ်လိုက် သူငယ်ချင်းမလေးကို ကြောင်လိုက်နဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား နေတဲ့ လူငယ်လေးပေါ့။ ဒါပေမယ့်တစ်နေ့မှာ သူတို့ရဲ့ အား ကစားရုံကို ဘဏ်ကသိမ်း တော့မယ်ဆိုတာသိတော့ စိတ်ညစ်နေတုန်း ဘဏ်ကိုဓားပြ တိုက်မှုနဲ့ အဖမ်းခံထားရတဲ့သူ့အဖေက သူဖွက်ထားတဲ့ ပိုက် ဆံတွေရှိတဲ့နေရာကိုပြောပြလိုက်ပါတယ်။ ဒီငွေတွေရှာပုံတော် ဖွင့်ရင်း သူ့အဖေလိုပဲ ဂျေးထပ်အောင်းသွားမလား၊ ပိုက်ဆံ တွေရပြီးအားလုံးအဆင်ပြေသွားမလား၊ ပိုက်ဆံတွေက တကယ် ရောရှိရဲ့လား ဆိုတာကို တကားလုံးပါးစပ်မပိတ်ရပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်ရယ်ရတဲ့ကားလေးပါ မင်းသမီးလေးကလဲ အရမ်းလှပါတယ်။ ကဲအားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူက တော့  Momo ဖြစ်ပါတယ်) File Size..........(1.49 GB) / (562 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 26Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Momo Encoder..........SWM

Drama
5.8 2017 86 mins
Where's the Money
League of Gods: The Fall of Sheng
5

မိစ္ဆာမိဖုရားသာကျီဟာ ဧကရာဇ်ကျို့ကိုလုံးဝထိန်းချုပ်လိုက်ပြီး မိစ္ဆာဘုရင်ကြီးကိုအသက်သွင်းဖို့ ပြည်သူတွေကိုရက်ရက်စေခိုင်းပြီး သမင်စင်လုထိုင်ကိုအင်တိုက်အားတိုက် တည်ဆောက်ပါတော့တယ်။ သာကျီရဲ့လက်ပါးစေ ရှန်ကုန်းပေါက်က ရွှမ်ကျောက်တုံး(၅)ခုအနက် (၄)ခုကိုစုဆောင်းပြီး နောက်ဆုံးတစ်ခုသာလိုတော့ပါတယ်။ နောက်ဆုံးရွှမ်ကျောက်ဟာ ကျီချန်းရဲ့သား လေကျန့်ကျီဖြစ်နေပါတယ်။ လေကျန့်ကျီဟာ ငယ်ကတည်းက ကျုံးနန်တောင်မှာထားပြီး အဲဒီမှာပဲသင်ယူကြီးပြင်းလာခဲ့ရတယ်။ လေကျန့်ကျီဟာ ဆရာ့အမိန့်အရ ကျီချန်ကိုရှီးချီထိ စောင့်ရှောက်ပြီးလိုက်ပို့တဲ့အချိန်မှာ သူတို့သားအဖနှစ်ယောက်ဟာ အခက်အခဲတွေအများကြီးကြုံကြရပြီး လေးနက်တဲ့သားအဖေသံယောဇဉ်ကို ပြန်တည်ဆောက်နိုင်ရုံတင်မကပဲ တူညီတဲ့ရည်ရွယ်ချက်တစ်ခုရှိလာပါတယ်။ အဲဒါကတော့ ရက်စက်ပြီးတရားမရှိတဲ့ ဧကရာဇ်ကျို့နဲ့ သာကျီကိုတော်လှန်ပြီး ပြည်သူတွေကိုကပ်ဘေးကနေကယ်တင်ဖို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ကြိုးစားခဲ့တဲ့လမ်းတစ်လျှောက်ကို လူ၊နတ်၊ မိစ္ဆာစုံစုံလင်လင်နဲ့ ဝေဝေဆာဆာတင်ဆက်ထားတာကို အားပေးလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Comedy • Romance
5 2023 80 mins
League of Gods: The Fall of Sheng
Outsource
3.5

Outsource (2022) ဒီဇာတ်ကားထဲမှာဆိုရင်တော့ ဂျော်ဒန်မင်းသားကြီး Bashar Atiyat ကတော့ ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားကို Mission: Impossible နဲ့ Bourne Movies တွေရဲ့ Budget Version လို့တောင်ပြောလို့ရပါတယ်။ ဇာတ်လမ်း Plot ကလည်းကောင်းတဲ့အပြင် ကြည့်ရလည်း မဆိုးလှပါဘူး။ ဒီဇာတ်ကားကိုတော့ ဘာရှာဆိုတဲ့ ဇာတ်ကောင်အပေါ် အခြေခံပြီးဇာတ်အိမ်တည်ထားတာပါ။ ဘာရှာဆိုတာက အရင်က နိုင်ငံတကာ စပိုင်ဖြစ်ခဲ့ဖူးတဲ့သူပေါ့။ သူဟာ အတိတ်မှာအဖြစ်ဆိုးတွေဖြစ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံပိုင်စပိုင်ဘဝကို စွန့်လွှတ်ပြီး အလွတ်တမ်း ကြေးစားစပိုင်အဖြစ်ကိုပြောင်းခဲ့တာပေါ့။ တစ်နေ့မှာတော့ သူ့ သူငယ်ချင်းဟောင်း ဖိလစ်ပိုင်ရဲမှူးတစ်ယောက်က အကူအညီတောင်းလို့ ဖိလစ်ပိုင်က မြေအောက်အဖွဲ့အစည်းတွေကို မြေလှန်ပေးဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ စစ်ဆင်ရေးလုပ်ပြီး မကြာခင်မှာပဲ ဖိလစ်ပိုင်က ကြေးစားလူသတ်သမားတစ်ဦးကြောင့် မင်းသားကြီးရဲ့ မိတ်ဆွေရဲမှူးကြီးက ဆုံးသွားရှာပါတယ်။ ဒီလိုနဲ့ပဲ မင်းသားကြီးကပါ ဂွင်ဆင်ခံလိုက်ရပြီး သူ့ကိုပါ အမှုပတ်သွားပြန်ပါတော့တယ်။ အဲ့လိုနဲ့ပဲ ဘာရှာတစ်ယောက် သူ့ကိုယ်သူဘယ်လို ကာကွယ်သွားမလဲ... တဖြေးဖြေးနဲ့ ဇာတ်ရှုပ်လာတဲ့ မြေအောက် ဒုစရိုက်အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ... ဆိုတာကို ဒီဇာတ်ကားမှာ ရသပေါင်းစုံနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 710MB Quality - 1080p, 720p Format - mp4 Duration - 1H 42Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Comedy • Drama
3.5 2022 102 mins
Outsource
Mission: Impossible – Rogue Nation
7.4

Mission: Impossible V – Rogue Nation (2015) ================================= IMDb Rating 7.4/10 ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ Mission Impossible က ပထမသုံးကားက ဆင်တူ ယိုးမှားဇာတ်လမ်းတွေပဲဖြစ်ပြီး၊ စတုတ္ထကား Ghost Protocol ကနေစပြီး Spy Action ကားကောင်း တစ်ကား အသွင်ဖြစ်လာပါတယ်။ ပထမသုံးကားက တစ်ကားနဲ့ တစ်ကား အဆက်အစပ်မရှိသလို သုံးကားလုံးမှာ Luther နဲ့ Hunt ကလွဲရင် ပါတဲ့ သရုပ်ဆောင်တွေ လည်း မတူပါဘူး။ ဒါပေမယ့်ဒီကားမှာ တော့ အရင် တုန်းကနဲ့ မတူပဲ Ghost Protocol အဆုံးကနေ ပြန်ဆက်ထားပါတယ်။ Ghost Protocol အဆုံးသတ်မှာ Ethan Hunt က The Syndicate ဆိုတဲ့အဖွဲ့အစည်းကို ခြေရာခံဖို့ တာဝန်ပေးခံရပါတယ်။ ဒီဇာတ်ကားအစမှာ Ethan Hunt က Nerve Gas တွေကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်အောင် လုပ်ရင်းက The Syndicate ဆိုတဲ့အဖွဲ့အစည်း အကြောင်းကို စုံစမ်းဖို့ လုပ်ပါတယ်။ ဒီအချိန်မှာပဲ London မှာ သူ့ရဲ့ နောက်ထပ် Mission အကြောင်းအရာကို နားထောင်နေတုန်းမှာပဲ Syndicate ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF အဖွဲကို ဖျက်သိမ်းလိုက်ပြီး CIA ရဲ့ လက်အောက်ကို ပေါင်းထည့်လိုက်ပါတယ်။ IMF Chief Analyst ဖြစ်တဲ့ William Brandt (Jeremy Renner) က လည်း CIA အရာရှိ Alan Hunley (Alec Baldwin) လက်အောက်ကို ရောက်သွားပါတယ်။ ဒါကြောင့် Hunt ကိုလည်းမကူညီနိုင်တော့သလို သူတို့ IMF အဖွဲ့လည်း ပျက်သွားပြီဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ Hunt က Syndicate ရဲ့ လက်ထဲကနေ MI6 (British Intelligence) Secret Agent မလေး ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီးနောက် Syndicate ရဲ့ အဓိက ခေါင်းဆောင် Solomon Lane ကို ရအောင် ရှာဖွေပြီး သူရဲ့ အကြံအစည်တွေ အထမမြောက်အောင် တားဆီးရမှာဖြစ်ပါတယ်။ The Syndicate ဆိုတာ British တွေ ရဲ့ Black Ops အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်က အခြား နိုင်ငံတွေက Spy တွေကို Recruit လုပ်ပြီး Black Ops Mission တွေလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Prime Minister က အတည်မပြုပေမယ့် သူတို့ က တရားမဝင်လုပ်နေရင်းက Solomon Lane က သစ္စာဖောက်ပြီး သူ့ပါသူ ခွဲထွက်သွားတာဖြစ်ပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး James Bond ဇာတ်ကားတွေ ကြည့်ရသလိုပဲ Spy ကားဆန်ဆန် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် James Bond ဇာတ်ကားတော်တော်များများထက်ကောင်းပြီး အက်ရှင် ကောင်းကောင်းတွေလည်းပါပါတယ်။ MI6 Agent အဖြစ် သရုပ်ဆောင်ထားတဲ့ Rebecca Ferguson က သရုပ်ဆောင်ကောင်းပြီး အက်ရှင် စတားတစ်ဦးအဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ Tom Cruise နဲ့ အတူ Jeremy Renner, Simon Pegg နဲ့ Ving Rhames (Luther Stickell) တို့ကလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Spy ကားကောင်း တစ်ကား ဖြစ်တာနဲ့အညီ ဇာတ်လမ်းကလည်း ပရိတ်သတ်ကို လှည့်စား ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Rebbeca ကို ရေကူးဝတ်စုံနဲ့ တစ်ခန်းတွေ့ရပေမယ့် No Sex, No Nudity ဖြစ်လို့ မိသားစု တူတူကြည့်နိုင်ပါတယ်။ (ရုပ်ရှင်အညွှန်းကို Movies For Myanmar မှ တင်ဆက်ထားပါတယ်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.4 2015 131 mins
Mission: Impossible – Rogue Nation
The Vampire Next Door
4.4

ဒီတစ်ခေါက်မှာတော့ ဒီနှစ်မှာမှ ထွက်ရှိထားတဲ့ Horror ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကမ်မရွန်က အနေအေးတဲ့ introvert လေးတစ်ယောက်ဖြစ်ပြီး လှပ ဆွဲဆောင်မှုရှိတဲ့ ဒိုင်ယန့်ကို အထက်တန်းကျောင်းကတည်းက ကြိတ် crush နေရသူပါ။ ဒိုင်ယန့်ကို သဘောကျပေမဲ့ ဖွင့်မပြောဖြစ်ဘဲ သူငယ်ချင်းစည်းထဲမှာပဲ နေနေရာကနေ သူ့ဘေးအိမ်ကို ကောင်မလေးတစ်ယောက် ပြောင်းလာခဲ့ပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ အဲဒီကောင်မလေးက တကယ်တမ်း ဗန်ပိုင်းယားတစ်ယောက်ဖြစ်နေခဲ့ပြီး သူနဲ့ပါ ပတ်သက်ဆက်နွယ်လာခဲ့ချိန်မှာတော့… ကမ်မရွန်တစ်ယောက် crush အလှလေးဒိုင်ယန်နဲ့ အိမ်နီးချင်း အကိတ်ဗန်ပိုင်းယား မမ နှစ်ယောက်ကြားမှာ ဘယ်လိုတွေ ဗျာများရမလဲဆိုတာနဲ့ ဘေးအိမ်ကဗန်ပိုင်းယားက သူနဲ့ဒိုင်ယန့်အတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.7 GB)/(861 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

4.4 2024
The Vampire Next Door
Robot Dreams
7.6

Robot Dreams (2023) ~ IMDb – 7.6/10, RT – 100%, Meta – 81% ~ Robot Dreams ကို A24 လိုမျိုး ထုတ်သမျှ သျှမ်းသျှမ်းတောက်အောင်မြင်နေတဲ့ Neon ကနေ ထုတ်ထားတယ်။ လက်ရှိအရတော့ A24 ထက် လက်စောင်းထက်နေတယ်ပြောရမယ်။ Animated Tragicomedy လို့ Genre တပ်ထားပေမဲ့ ဒီရုပ်ရှင်မှာ ကျွန်တော့်အနေနဲ့တော့ Comedy ဆိုတဲ့အပိုင်းကို ဘယ်မှာမှမတွေ့ခဲ့ဘဲ Tragic ဆိုတဲ့ တစ်ပိုင်းနဲ့ပဲ အသတ်ခံလိုက်ရတယ်။ Robot Dreams ဟာ အစကနေ အဆုံးထိ စကားတစ်ခွန်းမှကိုမပြောဘဲကို အပြသက်သက်နဲ့သတ်နိုင်တဲ့ ထူးထူးခြားခြား အန်နီမေးရှင်းကားလို့ဆိုရမယ်။ လက်ရှိအော်စကာမှာ အန်နီမေးရှင်းဆု ဆန်ခါတင် ဝင်ထားတာမို့ ကြည့်ကိုကြည့်မယ်ဆိုရင် ဒီတိုင်းသာ ဆက်ဖတ်မနေဘဲ ဒီတိုင်းသာ ကြည့်လိုက်ပါ။ တော်တော်ကောင်းပါတယ်။ ဘာမှမသိဘဲ ကြည့်ရတာတွေက အမြဲ ပိုအရသာရှိတာပဲမို့လား။ အဖော်စုံနေတဲ့လူတွေကိုကြည့်ရင်း ပိုအထီးကျန်လာတဲ့ ခွေးတစ်ကောင်ကနေ ဒီဇာတ်လမ်းစတယ်။ တိုက်တိုက်ဆိုင်ဆိုင် တီဗီကြော်ငြာမှာ ရိုဘော့အဖော်ဝယ်လို့ရတဲ့အကြောင်းတက်လာတယ်။ ရိုဘော့ မှာလိုက်ပြီး နောက်နေ့မှာပဲ ခွေးဆီ ရိုဘော့လာပို့တယ်။ ဒီလိုနဲ့ ခွေးက ဈေးသွားအတူတူ ရုပ်ရှင်ကြည့်အတူတူ မုန့်စားထွက်အတူတူ ပန်းခြံသွားအတူတူ စားအတူ လာအတူ သွားအတူ ရိုဘော့ အဖော်တစ်ကောင် ရသွားတယ်။ တစ်ခုသော အားလပ်ရက်မှာ ခွေးနဲ့ ရိုဘော့ ကမ်းခြေကို အပန်းဖြေခရီးထွက်လာကြတယ်။ ရေပေါ်ရေအောက် ပျော်လို့ပါးလို့ပေါ့။ ကံဆိုးချင်တော့ ရိုဘော့က သံနဲ့လုပ်ထားတဲ့အရာဆိုတော့လည်း ရေတွေအစိုများပြီး သံချေးကိုက်ပြီး လှုပ်မရတော့ဘဲ သဲသောင်မှာ လှဲနေလိုက်ရတယ်။ ခွေးကတော့ နောက်တစ်နေ့မနက်မှ လာပြန်ကယ်မယ်ဆိုပြီး ကမ်းခြေကနေ ထွက်သွားခဲ့တယ်။ နောက်နေ့မနက် သူလာတော့ ကမ်းခြေဟာ တစ်ရာသီစာ ပိတ်သွားခဲ့ပြီ။ သူလည်းတတ်နိုင်သလောက် ကြိုးစားဝင်ပေမဲ့ ဝင်မရသလို ရိုဘော့ကလည်း သဲသောင်ပေါ် လှုပ်မရရှိနေတုန်းပဲ။ သူတတ်နိုင်တာဆိုလို့ ရာသီကုန်လို့ ကမ်းခြေပြန်ဖွင့်တာကို စောင့်လိုက်ဖို့ပဲ ရှိတော့တယ်။ ဒီနောက်ပိုင်း ကျွန်တော်တို့ကို ရုပ်ရှင်ဟာ ရိုဘော့မရှိတော့တဲ့ ခွေးရဲ့လစ်ဟာခြင်းနဲ့ သဲသောင်ပေါ်မှာ နည်းနည်းမှ မလှုပ်နိုင်ဘဲ အန္တရာယ်ပေါင်းစုံကို ခါးစည်းခံနေရတဲ့ ရိုဘော့တစ်ယောက် အိမ်ကိုပြန်နိုင်ဖို့ ခွေးဆီပြန်နိုင်ဖို့ မက်ခဲ့တဲ့အိပ်မက်တွေကို ဆက်ပြတယ်။ လှုပ်မရနိုင်တဲ့သူ့ကို ဖျက်ဆီးသွားကြသူတွေလည်းရှိခဲ့တယ်။ မျှော်လင့်ချက်ပေးတဲ့အရာတွေလည်းရှိခဲ့တယ်။ နှင်းတွေကျလိုက် နေတွေသာလိုက် အရာရာ တရွေ့ရွေ့ပြောင်းသွားပေမဲ့ ရိုဘော့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အိမ်အပြန်ကို အိပ်မက်မက်နေဖို့ပဲရှိခဲ့တယ်။ ရိုဘော့က ကမ်းခြေမှာ အိပ်မက်တွေ တစ်ခုပြီးတစ်ခုမက်နေတုန်း ခွေးရဲ့ဘဝမှာလည်း လစ်ဟာမှုတစ်ခုကို မေ့ပျောက်နေအောင် ရှင်သန်နေရင်း သူ့ဘဝထဲ တစ်ခုပြီးတစ်ခု ဝင်လာလိုက်ရင်း ထွက်သွားကြရင်းရှိနေခဲ့တယ်။ အင်္ဂါမစုံတော့တဲ့ ရိုဘော့တစ်ကောင်ကတော့ တစ်ခုသော သဲသောင်ပေါ်မှာပဲ နေ့ပေါင်းများစွာ ကြာရှည်အိပ်မက်နေလျက်ပေါ့။ ~~~ Spoiler Alert ~~~ နွေဦးပေါက်ကို ရောက်လာတဲ့အခါ ရိုဘော့ကို မျောက်တစ်ကောင်က သဲတွေကြားက တူးထုတ်ပြီး သံတိုသံစအဖြစ်နဲ့ အဟောင်းဆိုင်မှာ သွားရောင်းပစ်ခဲ့တယ်။ ခွေးရောက်လာတဲ့အချိန်မှာတော့ အခါနှောင်းသွားပြီး ရိုဘော့ရဲ့ ခြေထောက်တစ်ဘက်ကိုပဲ တွေ့ရတော့တယ်။ ခွေးဟာ ရိုဘော့အနံ့ကိုခံပြီး သဲသောင်ကို နက်သည်ထက်နက်အောင် တူးပြီး ရိုဘော့ကိုရှာပေမဲ့ ရိုဘော့ကို မတွေ့ရတော့ဘူး။ တစ်နေ့မှာ ကြောင်တစ်ကောင်က အဟောင်းဆိုင်ကနေ တစ်စစီဖြစ်နေတဲ့ ရိုဘော့ကို ဝယ်သွားပြီး အစအဆုံးပြန်ဆင်ခဲ့တယ်။ အဲဒီအချိန်မှာ ခွေးကလည်း နောက်ထပ်ရိုဘော့တစ်ကောင် ဝယ်ခဲ့လိုက်ပြီ။ ဒီလိုနဲ့ ကြောင်နဲ့ ရိုဘော့နဲ့ ပျော်ရွှင်စွာရှင်သန်နေတဲ့အချိန် ခွေးနဲ့ ရိုဘော့အသစ်ကလည်း ပျော်ရွှင်စွာ ရှင်သန်နေခဲ့တယ်။ ခွေးဟာ နောက်ထပ်ရိုဘော့ကို ကမ်းခြေကိုတောင် ခေါ်သွားလိုက်ပါသေးတယ်။ ဒီတစ်ခါတော့ ခွေးဟာ အရင်တစ်ခါအမှားမျိုး မလုပ်တော့ဘူး။ ရိုဘော့အသစ်ကို စက်ဆီတွေ အရင်ဖြန်းပေးခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရိုဘော့ဟာ အိမ်ပြတင်းပေါက်ကနေ လှမ်းကြည့်ရင်း‌ ခွေးနဲ့ရိုဘော့အသစ်ကို မြင်လိုက်တယ်။ ခွေးနောက် သူပြေးလိုက်သွားပြီး သူတို့တွေ ပြန်လည်ပေါင်းစည်းသွားကြတယ်။ ဒါလည်း ရိုဘော့ရဲ့ နောက်ထပ်အိပ်မက်တစ်ခုပါပဲ။ တကယ့်အရှိတရားမှာတော့ ရိုဘော့ဟာ ခွေးကို တိုက်ပေါ်က လှမ်းကြည့်ရင်း သူတို့ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖွင့်ခဲ့တယ်။ ရိုဘော့က တိုက်ပေါ်ကနေတဲ့အချိန် ခွေးက သီချင်းသံကို ကြားပြီးအောက်မှာ ကနေခဲ့တယ်။ သူတို့အတူတူမကခဲ့ပါဘူး။ ဒါပေမဲ့ အတူတူကခဲ့တယ်။ ခွေးဟာ ရိုဘော့ကို လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ ရိုဘော့ဟာ နံရံနောက်မှာ ပုန်းလိုက်တယ်။ ဘာလို့လဲတော့ ကျွန်တော်တို့သိနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘာလို့လဲ ကျွန်တော်တို့မသိနိုင်ဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက် ပြန်မဆုံခဲ့ကြပါဘူး။ ဒါပေမဲ့ ပြန်ဆုံခဲ့တယ်။ ရုပ်ရှင်အပြီးမှာ ကျွန်တော်သတိရမိတာက “တိမ်ဦးလေပြေ မောင့်ကိုစေ” သီချင်းက စာသားတစ်ကြောင်းပဲ။ အဆုံးသတ်ကို ကျွန်တော်တစ်ခေါက်ပြီး တစ်ခေါက်ပြန်ကြည့်မိခဲ့တယ်။ ကြည့်လိုက်တိုင်းလည်း ဒီစာသားကို ကျွန်တော်ပို သတိရလာမိတာပါပဲ။ ” တို့ကမ္ဘာလေး ကျဉ်းကျဉ်းလေးမို့ အချင်းချင်းတွေ့နိုင်ပါသေး မျှော်လင့်ချက်သံသရာမှာလေ… “ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 805MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 42Min Genre – Animation, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2023
Robot Dreams
Chhota Bheem MahaShaitaan Ka Mahayudh
9.1

Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီး IMDb- 9.1/10 ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။ လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။ မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ…….. ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား …… ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

9.1 2023
Chhota Bheem MahaShaitaan Ka Mahayudh
S.I.T: Special Investigation Team

S.I.T (2024) အထူးစုံစမ်းရေးအဖွဲ့ ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။ အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။ သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။ အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ အမှုက ထင်သလောက်မရိုးရှင်းဘဲ နာဗီရာရဲ့အတိတ်တွေရော မိသားစုအရေးတွေပါ ပါဝင်ပတ်သက်လာပြီး အရာရှိပရာသာနဲ့ အဖွဲ့က ဖော်ထုတ်နိုင်မလား ဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်)

0 2024
S.I.T: Special Investigation Team
The Shadow Strays
6.7

အင်ဒိုဇာတ်ကားဆိုရင် တော်ရုံတန်ရုံ ဒရာမာကား သရဲကားလောက်ပဲ နာမည်ကြီးတာများပြီးတော့ အက်ရှင်ကားရိုက်ရင်သိပ်မပေါက်မမြောက် ပါဘူး။ဒါပေမယ့် အခုတင်ဆက်ပေးမဲ့အင်ဒိုအက်ရှင်ဇတ်ကားကတော့ အက်ရှင်ချစ်သူတွေအချိန်ပေးကြည့်ရတာတန်စေမဲ့ နိုင်ငံတကာအဆင့်မှီ အင်ဒိုအက်ရှင်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ The Shadow Strays ဖြစ်ပြီး လက်ရှိ IMDb Rating 6.8 အထိရရှိထားပါတယ်။ နိုင်ငံတကာမှာအာဏာကြီးမားတဲ့ ရာဇဝတ်ဂိုဏ်းခေါင်းဆောင် ကြီးတွေတောင်ကြောက်ရတဲ့ ကြေးစားလူသတ်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲ့ဒီအဖွဲ့ရဲ့နာမည်ကတော့သေမင်းအရိပ်ဖြစ်ပြီး နာမည်အတိုင်းပဲ အရိပ်တွေထဲကနေထွက်လာပြီး တိုက်ခိုက်တတ်တဲ့ ကြေးစားလူသတ် သမားတွေဖြစ်တဲ့အတွက် အဖွဲ့ရဲ့အေးဂျင့်တွေကိုလည်း အရိပ်တွေလို့ပဲ ခေါ်ဆိုပါတယ်။ ဇာတ်လမ်းအစမှာတော့ အဲ့ဒီသေမင်းအရိပ်အဖွဲ့က ဂျပန်ယာကူဇာဂိုဏ်း တစ်ခုကိုဝင်ရောက်သုတ်သင်ပုံကိုတွေ့ရမှာဖြစ်ပြီး အရိပ်တွေအများကြီး ထဲကတစ်ယောက်ဖြစ်တဲ့ ၁၃ ကတော့သနားညှာတာမိပြီးတုံ့ဆိုင်းမိခဲ့တဲ့ အတွက် ရာထူးကနေရပ်နားခံလိုက်ရပါတော့တယ်။ကြေးစားလူသတ် သမားဆိုတာကလည်း သနားကြင်နာမှုတွေ ညှာတာမှုတွေရှိလို့မရတဲ့ အလုပ်ဖြစ်တဲ့အတွက် ၁၃ ကတော့တော်တော်နဲ့စစ်ဆင်ရေးပြန်လုပ်ခွင့် မရခဲ့ပါဘူး။းဒီလိုနဲ့စစ်ဆင်ရေးမရဘဲ ကြောင်ပျောက်နေတဲ့ ၁၃ ရဲ့အာရုံကို သူနဲ့တစ်တိုက်တည်းနေနေတဲ့သားအမိ ၂ ယောက်ကဖမ်းစားသွားပါ တော့တယ်။အမေဖြစ်သူက သူတို့နေထိုင်ရာ ဂျာကာတာမြို့မှာ လက်ဝါးကြီး အုပ်ထားတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ဒုစရိုက်သမားကြီးတွေနဲ့ ပတ်သတ်ပြီး ပိုက်ဆံရှာနေတဲ့အတွက် သိပ်မကြာခင်မှာပဲ အသတ်ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ကျန်ခဲ့တဲ့ကောင်လေးကို မောင်လေးတစ်ယောက်လိုစောင့်ရှောက် နေချိန်မှ အဲ့ဒီလူဆိုးတွေက သက်သေဖျောက်ဖို့ကောင်လေးကိုပါ ဖမ်းခေါ် သွားတဲ့အချိန်မှာ တစ်သက်လုံးလူသတ်ခဲ့တဲ့လက်နဲ့ အဲ့ဒီကောင်လေးရဲ့ အသက်တစ်ချောင်းကိုဘယ်လိုပြန်ကယ်မလဲဆိုတာကို အက်ရှင်အကြမ်းစား တွေနဲ့ကြည့်ရှုရမဲ့ အင်ဒိုဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.84GB / 1.04GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 24m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024 145 mins
The Shadow Strays
The Legend of Bagger Vance

The Legend of Bagger Vance (2000) ကတော့ အားကစားနှင့် အကျင့်အတရားတို့ကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ဇာတ်လမ်းတွင်မှာ ပရော်ဖက်ရှင်နယ်ဂေါ်လ်ဖ်ကစားသမားတစ်ယောက်ဖြစ်တဲ့ (Will Smith) အကြောင်းကို ပြသထားပြီး၊ သူ့ဘဝ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေမြင်ရပါမယ်။ ဇာတ်ကားတွင်းမှာ လမ်းမပေါ်နေတဲ့သူတစ်ယောက်အဖြစ် ကိုယ်ပိုင်သဘောထားကို ရှာဖွေနေစဉ်မှာ အံ့ဩဖွယ်နဲ့ပဲ အကူအညီတစ်ခုကို ရရှိလာတယ်။ အကူအညီကို ပေးတဲ့ Bagger Vance (Matt Damon) ဆိုတဲ့ ပုဂ္ဂိုလ်က ဂေါ်လ်ဖ်ကစားနည်း အတတ်ပညာနှင့် ပညာရှင်မူတစ်ဦး အဖြစ် ပြန်သင်ကြားပေးခဲ့တယ်။ ဇာတ်လမ်ရဲ့ အဓိကအကြောင်းအရာကတော့ ကိုယ်ရဲ့ အားနည်းချက်တွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့ ပန်းတိုင်ကိုအရောက်သွားဖို့အဓိကဖော်ပြထားတယ်။ ဇာတ်ကားကို Robert Redford ဦးဆောင်မှု ဒါရိုက်တာအဖြစ် ဖန်တီးခဲ့ပြီး၊ အဓိကပုဂ္ဂိုလ်များအနေနဲ့ Will Smith (as Bagger Vance), Matt Damon (as Rannulph Junuh), နှင့် Charlize Theron (as Adele Invergordon) တို့ပါမှာပါ။ The Legend of Bagger Vance က အနုပညာ၊ ဘဝနှင့် ဂေါ်လ်ဖ်ကစားခြင်းတို့ရဲ့ ပေါင်းစပ်မှုကို ဖော်ပြပြီး၊ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.6 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2000
The Legend of Bagger Vance
Memories of a Burning Body Memorias de un cuerpo que arde
6.9

Memories of a Burning Body (2024) IMDb Rating (6.9) Memories of a burning body က အသက် 60 နဲ့ 70 ကြား အမျိုးသမီးသုံးယောက်ရဲ့ လိင်ပိုင်းဆိုင်ရာနဲ့ လူမှုအသိုင်းအဝိုင်းထဲက အမျိုးသမီးတစ်ဦးရဲ့ ဘဝအတွေ့အကြုံတွေကို ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းဆိုတာထက် Documentary interview ပုံစံဖြစ်ပြီး အမျိုးသမီးသုံးယောက်ရဲ့ဘဝဇာတ်ကြောင်းကို ဇာတ်ကောင်တစ်ယောက်တည်းအနေနဲ့ 12 အရွယ် ကလေးမလေး၊ လူလတ်ပိုင်း အမျိုးသမီးနဲ့ 65 နှစ်အရွယ် တစ်ခုလပ်အနေနဲ့ ဘဝအဆင့် သုံးဆင့်ဆိုပြီး ပြသထားပါတယ်။ လူ့ဘောင်အဖွဲအစည်းက အမျိုးသမီးတွေရဲ့ ကြီးပြင်းလာပုံ၊ ဖိနှိပ်ခံရမှုတွေနဲ့ ရှောင်ကြဉ်သင့်တဲ့အရာအဖြစ် မှားယွင်းသင်ယူခဲ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွေအကြောင်းကို လက်တွေ့ဖြစ်ရပ်မှန်ဘဝတွေနဲ့ မှန်ကန်တိကျအောင် ဖော်ပြထားပြီး အမျိုးသမီးတိုင်း ကြည့်ရှုသင့်တဲ့ Womanhood documentary တစ်ခုပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.6 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:30:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Adventure • Drama • Western
6.9 2024 90 mins
Memories of a Burning Body Memorias de un cuerpo que arde
Three Birthdays
5.8

Three Birthdays (2024) IMDb Rating (5.8) 1970 အမေရိကန်မှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဗီယက်နမ်စစ်ပွဲမပြီးသေးခင်ကာလမှာ တည်ထားတယ်လို့ ပြောလို့ရတယ်။ စကားထဲတော့ ဗီယက်နမ်စစ်ပွဲပါပေမဲ့ မပြဘူးပေါ့။ နောက် အမျိုးသမီးအခွင့်အရေး အများကြီးမရသေးခင်ကာလလို့လည်းပြောလို့ရတယ်။ အဓိကဇာတ်ကောင်တွေက မိသားစုတစ်ခုထဲက အဖေနဲ့အမေနဲ့ သမီးနဲ့။ သူတို့က ပွင့်လင်းမြင်သာတဲ့အမြင်တွေရှိပြီး အဖေက စာရေးဆရာနဲ့ ကျောင်းဆရာ အမေက စာရေးဆရာနဲ့ကျောင်းဆရာမ ။ သမီးကလည်း စာရေးဆရာဖြစ်ချင်နေတဲ့သူပေါ့။ သူတို့က သူတို့ခေတ်ရဲ့ရှေ့ကိုကျတဲ့အမြင်တွေရှိတယ်လို့ ခံယူထားကြသလို အဲဒီအရေးတွေနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားတာတွေလည်းလုပ်တယ်။ လိင်မှုလွတ်လပ်ခွင့်ကို အရေးပေးတဲ့ သူတွေလို့လည်း ကြွေးကြော်ထားကြပေမဲ့ တစ်နေ့ သူ့သမီးက သူ့အမေဖောက်ပြန်တာကို သိသွားရာကနေ အဲဒီအဖြစ်ကို လက်သင့်မခံနိုင်ရာက မိသားစုဆက်ဆံရေး ထိခိုက်သွားရပုံကို ပြထားတယ်။ သူ့နာမည်အတိုင်း ဒီရုပ်ရှင်ရဲ့အချိန်ကာလက မွေးနေ့၃ခုကို အချိန်တည်ထားတယ်။ ကားစစမှာ သမီးမွေးနေ့ နောက် အဖေမွေးနေ့ နောက်ဆုံးအမေမွေးနေ့ပေါ့။ မွေးနေ့၃ခုလုံးမှာ အရေးပါတဲ့အချိုးကွေ့တွေဖြစ်ခဲ့ပြီး မွေးနေ့တွေကိုပဲ အချိန်တည်ထားတဲ့ ရုပ်ရှင်ပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.5 GB) / (700 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:31:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.8 2024 90 mins
Three Birthdays