YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Main.Dukun.2014.1080p.NF.WEB-DL.HEVC (CM).mkv

1.24 GB 1080p video/x-matroska 137 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
Dashcam
5.1

ဇာတ်လမ်းနာမည် အတိုင်းပါပဲ။ ကားရှေ့မှာ တပ်ထားတဲ့ ကင်မရာကတစ်ဆင့် မြင်ရတဲ့ အနေအထားမျိုးနဲ့ ဇာတ်လမ်းကို တင်ပြသွားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ တခြား Horror ကားတွေနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါ ဇာတ်ကောင်နဲ့အတူ စီးမျောရင်း ကြောက်လန့်မှုကို ခံစားရမယ့် ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ..... အန်နီဟာဒီ covid ကာလ lockdown တွေလုပ်ထားတဲ့အချိန်မှာ ကားမောင်းရင်း livestream လွှင့်ပြီး သီချင်းလက်တန်းရွတ်ဆိုပြတဲ့သူပါ။ တစ်ရက်မှာတော့ အမေရိကန်ကနေပြီးတော့ အင်္ဂလန်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီအလည်သွားပါတယ် အဲဒီမှာ သူ့သူငယ်ချင်းနဲ့ ပြဿနာတက်ပြီး ကားကိုခိုးသွားရင်းနဲ့ အဖွားကြီးတစ်ယောက်ကို လိုက်ပို့ပေးဖို့ အကူညီတောင်းခံရတော့ သူလည်း လိုက်ပို့ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအဖွားကြီးက သာမန်အဖွားကြီးတစ်ယောက်မဟုတ်နေခဲ့တဲ့အခါမှာတော့ .... ဒီကားကတော့ သာမန် Horror ကားမျိုးနဲ့ မတူဘဲ တစ်ကားလုံးမှာ မင်းသမီးက livestream နေမှာဖြစ်ပြီး Live တစ်ခုကို ကြည့်နေရသလို ကြည့်ရမှာပါ ဇာတ်ကားကို ကြည့်ရင်း အတူတူ ကြောက်လို့ ရမယ့် ရုပ်ရှင်မျိုးပဲ ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kuz ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 1.68GB | 857MB | 287MB Format… mp4 Duration…. 1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kuz Encoder ..... August

Action • Drama
5.1 2022 80 mins
Dashcam
Dark Waters
7.5

ဖြစ်ရပ်မှန်ကိုအခြေခံပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ၂၀၁၆ခုနှစ် The New York Times Magazineထဲက Nathaniel Richရေးထားတဲ့ "The Lawyer Who Became DuPont's Worst Nightmare"ကိုအခြေခံပြီး ရိုက်ကူးထားတာပါ ဇာတ်လမ်းအကျဉ်းကတော့ DuPontလို့အမည်ရတဲ့အမေရိကန်ရဲ့အကြီးဆုံး ဓာတုဗေဒပစ္စည်းတွေထုတ်လုပ်ဖြန့်ချီတဲ့ကုမ္ပဏီကြီးက ကုန်ပစ္စည်းထုတ်လုပ်ရာနဲ့စွန့်ပစ်ရာမှာသုံးတဲ့ဓာတုဗေဒပစ္စည်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့သက်ရှိတွေရဲ့ကျန်းမာရေးကိုထိခိုက်လာပါတယ် အဲ့ဒါကြောင့်ထိခိုက်သူတွေကရှေ့နေတစ်ယောက်ကိုငှားပြီးတော့တရားရင်ဆိုင်ရဖို့ဖြစ်လာပါတယ် အဓိကဇာတ်ဆောင်အဖြစ် ကျွန်တော်တို့ရဲ့Hulk မင်းသားကြီးMark Tuffaloကရှေ့နေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ် အမေရိကန်နိုင်ငံရဲ့အကြီးဆုံးကုမ္ပဏီတွေထဲကတစ်ခုဖြစ်တာနဲ့အညီ အကြီးတန်းအုပ်ချုပ်ရေးပိုင်းကခေါင်းဆောင်တွေနဲ့သိတာကြောင့် DuPontကိုနိုင်နိုင်ချေကလုံးဝမရှိတဲ့အခြေအနေအထိဖြစ်နေလို့‌ရှေ့နေတော်တော်များများကငြင်းဆိုကြပါတယ်.... အစပိုင်းကစိတ်မဝင်စားပေမယ့်လဲသူ့အဖွားနေထိုင်ရာဇာတိအနောက်ဗာဂျီးနီးယာမှာဖြစ်တာကြောင့် အနည်းငယ်စူးစမ်းကြည့်ရာကနေရင်နင့်ဖွယ်ဖြစ်ရပ်တွေကိုတွေ့ပြီးတာဝန်ယူရတဲ့အထိဖြစ်လာပါတော့တယ်..... တကယ်ကိုအန္တရယ်များလွန်းတဲ့တရားခွင်ပါပဲ...သူရင်ဆိုင်နိုင်ပါ့မလား...ဆိုတာကိုတော့ ခံစားကြည့်ပါဦး... ဒီကားက တရားခွင်ကို အဓိက ပြထားတဲ့ဇာတ်ကားတွေ ထုံးစံအတိုင်း ဒိုင်ယာလော့တိုင်းဟာ ပညာသားပါပါတယ်. ခက်ခဲတဲ့ စုံစမ်းထောက်လှမ်းမှုတွေလည်း တွေ့ရပါလိမ့်မယ်...ဒါ့အပြင် ကြည့်ရသူတွေအတွက်လည်း ဗဟုသုတပေါင်းများစွာရသလို အစမှ အဆုံးထိ မပျင်းမရိနဲ့ကိုကြည့်ရပါတယ်.. ခံစားကြည့်ကြပါဦး... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ MarTizasဖြစ်ပါတယ် File Size : (1.07 GB)  Quality : Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Biography , Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by MarTizas Encoded by Phyo Pyae

Drama
7.5 2019 127 mins
Dark Waters
Central Intelligence
6.4

[Unrated Version BluRay ကိုပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။] Datshin Review : Central Intelligence (2016) Action , Comedy , Crime . Storyline . တစ်ချိန်တုန်းက ကျောင်းမှာ Bully လုပ်ခံခဲ့ရတဲ့ Bob တစ်ယောက် ထိုအချိန်ထဲကပျောက်သွားပြီး နောက်နှစ်ပေါင်းများစွာကြာမှ ကျောင်းသားဟောင်းတွေတွေ့စုံပွဲကို CIA Agent အဖြစ်ပြန်လည်ရောက်ရှိလာပြီး ကျောင်းတုန်းကခင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ Calvin ကိုသူ့ရဲ့ Top Secret Case ထဲကိုအတင်းဆွဲသွင်းပြီး ထိုပြဿနာတွေကိုဖြေရှင်းကြတဲ့အကြောင်းဟာသနှောပြီးရိုက်ကူးတင်ဆက်ထားတာပါ။ . Review . Central Intelligence….. ဒီဇာတ်ကားကို Trailer တွေစပြကတည်းကကြည့်ချင်ခဲ့တာ။ အကြောင်းအမျိုးမျိုးကြောင့် ရုံမှာသွားမကြည့်ခဲ့ရပေမဲ့ အခုအခွေတွေထွက်လာတော့ကြည့်တဲ့အခါမှာ တော်တော်ရီရတဲ့ဇာတ်ကားတစ်ကားဆိုတာတွေ့ပါတယ်။ ဒီဇာတ်ကားက Comedy ကြီးသက်သက်ကို ဒီတိုင်းပြရင်တောင် ဒီလောက်ရီရမှာမဟုတ်ပဲ အခုလို CIA Agent တစ်ယောက်ကသူငယ်ငယ်တုန်းကခင်ခဲ့တဲ့ ငယ်သူငယ်ချင်းကို သူ့Case ထဲအတင်းဆွဲသွင်းပြီး ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေပါလုပ်တာကြောင့် ကြည့်ရှုတဲ့လူကိုတော်တော် Entertain ဖြစ်စေတာအမှန်ပါပဲ။ ဒါပေမဲ့လဲ Central Intelligence မှာဇာတ်လမ်းကတော့ ဘာမှသိပ်မရှိပါဘူး။ Central Intelligence ဟာ သူ့ရဲ့ဇာတ်လမ်းအတိုလေးကိုဆွဲဆန့်ထားပြီး ဟာသတွေနဲ တွဲရိုက်ထားတဲ့ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားထဲမှာ Dwayne Johnson နဲ့ Kevin Hart တို့နှစ်ယောက်ကြားက Chemistry ကလဲတော်တော်လိုက်ဖက်ညီပါတယ်။ ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ Chemistry က Simon Pegg နဲ့ Nick Frost တို့နှစ်ယောက်ရဲ့ Chemistry ကိုတော့မမှီဘူးလို့ထင်တယ်။ နှစ်ယောက်စလုံးရဲ့ Acting ကတော့ဘာမှသိပ်ပြောစရာမလိုပါဘူး။ . ဒီဇာတ်ကားမှာတကယ့် Star ကတော့ Dwayne Johnson ပါပဲ။သူ့ရဲ့ ဗလကြီးကြီး Body ကြီးနဲ့ Unicorn ပုံပါတဲ့ အင်္ကျီတွေဝတ် ၊ ဖိနပ်အဝါကြီးစီးပြီး ရုပ်တည်ကြီးနဲ့ဟာသတွေလုပ်နေတာကတော့ တော်တော်ရီရပါတယ်။ Dwayne Johnson အနေနဲ့ 2016 ရဲ့ဝင်ငွေအများဆုံးမင်းသားစာရင်းထဲမှာပါခဲ့တာလဲသိပ်တော့မဆန်းဘူးလို့တွေးမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ Acting ကအရင်ထက်စာရင်တော်တော်ကိုကောင်းမွန်နေပြီး ဇာတ်ရုပ်တွေနဲ့လိုက်ဖက်အောင်သရုပ်ဆောင်နိုင်တာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားရဲ့ အားနည်းချက်တွေထဲကတစ်ခုကတော့ တစ်ချို့အခန်းတွေကတော့ ဇာတ်လမ်းပိုင်းမှာယုတ်တိသိပ်မရှိတာတွေပါနေပြီး တစ်ချို့အခန်းတွေကတော့ မလိုအပ်တဲ့ နဲနဲခပ်ပေါပေါဟာသလုပ်ကွက်တွေပါနေတာတွေရှိပါတယ်။ . အချုပ်ပြောရရင်တော့ Central Intelligence ဟာကြည့်ရှုသူကိုပေါ့ပေါ့ပါးပါးနဲ့ရီစရာတွေပေးပြီး Entertain ဖြစ်စေမဲ့ဇာတ်ကားတစ်ကားထက်တော့မပိုပါဘူး။ ကြည့်နေတုန်းရီစရာတွေ ပျော်စရာတွေပေးတဲ့အတွက်ကြောင့် အလုပ်တွေပင်ပန်းလို့ ပေါ့ပေါ့ပါးပါးနဲ့ရီစရာကောင်းတဲ့ဇာတ်ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ Central Intelligence ကအချိန်ပေးရကျိုးနပ်မဲ့ဟာသကားတစ်ကားပါပဲ။ . Movie Information Director : Rawson Marshall Thurber Top Billed Cast : Dwayne Johnson , Kevin Hart , Amy Ryan , Aaron Paul Production : New Line Cinema , RatPac-Dune Entertainment Distribution : Warner Bros. Pictures Budget : $50 Million Box office : $217 Million . Rating Datshin : 3.5/5 IMDB : 6.3/10 RT : 70% . ~  TiiT ~ (ရုပ်ရှင်အညွှန်းကို Datshin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(1.1 GB) and (460 MB) Quality…BluRay 720p Format…mkv Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo

Drama • Mystery
6.4 2016 107 mins
Central Intelligence
Blessed You
6

Blessed You (2023) U/A 13+ Comedy/ Drama/Family IMDb 6.1/10 အိမ်မှာ အပျို လူပျိုပေါက်တွေရှိတဲ့ မိဘတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားလောက်ညွှန်းပေးပါရစေ အာရှရဲ့ သာမန်မိသားစု တစ်ခုမှာ ကြုံနေကျဖြစ်ရပ်လေးတွေကို ဟာကွက်မရှိတစ်ခုချင်းပြသွားတာလေးတွေကိုမြင်တွေ့ရမှာပါ အစပိုင်းမှာ ပေါ့ပေါ့ပါးပါးလေး ဆွဲခေါ်သွားပြီး နောက်ပိုင်းရောက်လေလေ ပိုပြီးဆွဲဆောင်နိုင်လေလေပါပဲ ကြည့်ရှုသူရဲ့ခံစားချက်ကို ဆွဲတင်လိုက် ရိုက်ချလိုက် ပရိတ်သတ်ကပေါ့ပေါ့ပါးပါးကြိုတွေးထားတာလေးတွေကိုလဲ ပြောင်းပြန်လုပ်ပစ်လိုက်တာတွေက အားမလိုအားမရနဲ့ တကယ်ဆွဲဆောင်မှုရှိပါတယ် အင်ဒိုဇာတ်ကားလေးဖြစ်ပြီးတော့ အင်ဒိုမင်းသမီးချော Syifa Hadju လဲအမြင်ကပ်လောက်အောင်ချစ်ဖို့ကောင်းတယ်ဗျာ ဇာတ်လမ်းလေးကတော့ မယ်လ် ဆိုတဲ့ ကောင်မလေးနဲ့ ဆက်ရာဆိုတဲ့ ကောင်လေးနှစ်ယောက်က ဟိုးငယ်ငယ်လေးကတည်းသူငယ်ချင်းတွေ သူတို့အမေတွေကလဲ အချစ်ဆုံးသူငယ်ချင်းတွေ သူတို့ကို မိဘချင်းသဘောတူပြီးမြန်မြန်ယူစေချင်ကြတာ သူတို့ချင်းကလဲ ချစ်တယ်ဆိုတော့ ကဲ ဘာလိုသေးလဲလို့ တွေးလိုက်ရင်တော့မှားသွားမှာပါ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာတွေ အတ္တတွေကို ပေါ့ပေါ့ပါးပါးလေးကနေ တကယ့် serious ဖြစ်အောင်ရိုက်ပြသွားမှာပါ သားသမီးတွေရဲ့ ခံစားချက် မိဘတွေရဲ့ ခံစားချက် နှစ်ခုကို ယှည်ပြီးကြည့်လိုက်ရင် ဘယ်ဘက်ကမှ မမှားတာကိုလဲ တွေ့ရမှာပါ ဘယ်ဘက်က အလျော့ပေးသွားမလဲဆိုတာကိုတော့… မိသားစုနဲ့အတူတူကြည့်ဖို့ တကယ်သင့်တော်တဲ့ ဇာတ်ကားလေးပါလို့ ညွှန်းလိုက်ရပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Comedy, Drama, Family Quality…. 1080p | 720p File size… 1.2GB | 511MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Drama • Family • Romance
6 2023
Blessed You
In Good Company

မိသားစုနဲ့ အတူကြည့်ပြီး အပန်းဖြေလို့ရမယ့် ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်က ၂၀၀၀ခုနှစ် အစောပိုင်းတုန်းက ထွက်ထားတာဖြစ်ပြီး Rom/Com အမျိုးအစားဖြစ်ပါတယ်။ Rotten Tomatoes လည်း 82% ရထားပြီး မင်းသားကြီး Dennis Quaid, Topher Grace နဲ့ မင်းသမီး Scarlett Johansson တို့ ဦးဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Dan က Sports America ဆိုတဲ့ အားကစားမဂ္ဂဇင်းက ကြော်ငြာစာမျက်နှာတွေရဲ့ အရောင်းပိုင်းကို ဦးစီးနေတဲ့ မန်နေဂျာ တစ်ယောက်ပါ။ သူ့မှာ သမီးလေး၂ယောက်နဲ့အတူ ချစ်ဖို့ကောင်းတဲ့ မိသားစုလေးရှိပါတယ်။ မိန်းမကိုလည်း အရမ်း ချစ်သလို သမီးနှစ်ယောက်ကိုလည်း အစိုးရိမ်ကြီးပြီး နေရာတကာ လိုက်စောင့်ရှောက်ချင်သူပါ။ တစ်နေ့တော့ သူမမျှော် လင့်ထားတာ ဖြစ်လာပါတယ်။ သူတို့ ကုမ္ပဏီကို Globecom ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူသွားပြီး အလုပ်သမား အမြောက်အများကို လျှော့ပေါ့လိုက်တာပါ။ သူ့ကိုလည်း ရာထူးလျှော့လိုက်ပြီး ဌာနဦးစီးမှူးနေရာကို Globecom က ငယ်ငယ်ရွယ်ရွယ်နဲ့ တက်ကြွတဲ့ Carter ဆိုတဲ့ ကောင်လေးကို ပေးလိုက်ပါတယ်။ Carter က ကြော်ငြာအရောင်းပိုင်းမှာ အတွေ့အကြုံမရှိသေးတဲ့ အပြင် သူ့ရာထူးကိုပါ လုသွားတော့ Dan တစ်ယောက်အခဲမကြေဖြစ်နေရပါတယ်။ ဒီလိုနဲ့ တစ်ရက် Dan တို့အိမ်ကို Carterက ညစာ ဝင်စားရင်းနဲ့ Dan ရဲ့ သမီးအကြီးမလေး Alex နဲ့ ခင်သွားပါတယ်။ ဆက်တွေ့ဖြစ်ကြရင်း ချစ်ကြိုးသွယ်တဲ့ အဆင့်ရောက်သွားတဲ့အခါ သမီးတွေကို ဘယ်သူနဲ့ အရောမဝင်စေချင်တဲ့ Dan တစ်ယောက် သူ့ဘော့စ်ဖြစ်တဲ့ Carter နဲ့ရော သဘောတူပါ့မလား။ ဘာဆက်ဖြစ်မှာလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre… Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2004
In Good Company
Shangtong Village: Story of a Strange Snake
5.7

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း ရှန့်ထုံရွာမှာ စပါးအုံမြွေကြီးတစ်ကောင်ပေါ်လာပြီးတော့ တစ်ရွာလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားရတဲ့အကြောင်းကို ဇာတ်ကြောင်းပြောသလိုပုံစံလေးနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ ရှန့်ထုံရွာမှာ တစ်နှစ်တစ်ခါ လူပျိုအပျိုကလေးကို မီးလောင်တိုက်သွင်းပြီးတော့ မြစ်စောင့်နတ်ကိုပူဇော်ရတဲ့ဓလေ့ရှိပြီးတော့ နတ်ဆရာက ဉာဏ်ပူဇော်ခတွေလည်းအဆမတန်တောင်းပါတယ် ။ ဒီလိုနဲ့တစ်နေ့မှာတော့ ပုံမှန်အတိုင်းယစ်ပူဇော်ပွဲလုပ်နေကျနေရာကို ယွိလင်လုံဆိုတဲ့ကောင်လေးရောက်လာပြီး ယစ်ပူဇော်မှုကိုတားမြစ်ပြီး မီးလောင်တိုက်အသွင်းခံရတော့မဲ့ကလေးကိုကာကွယ်ပေးခဲ့ပါတယ် ။ ဖြစ်ချင်တော့ ယန်ဓာတ်လွန်ကဲနေတဲ့ခန္တာကိုယ်ပိုင်ရှင်သူ့ကို အားလုံးကနမိတ်မကောင်းဘူးဆိုပြီးနှင်ထုတ်ကြပါတယ် ။ အဲဒီအချိန်မြွေကြီးတစ်ကောင်ပေါ်လာပြီးရွာသားတွေကို တိုက်ခိုက်ကြတော့ အားလုံးလည်း မြွေဆိပ်ပန်းနဲ့မြွေတွင်းဒဏ္ဍာရီကိုပိုပြီးယုံသွားပါတော့တယ် ။ တစ်ရွာလုံးက နမိတ်မကောင်းဘူးဆိုပြီးဖယ်ကျဉ်ထားတဲ့ ယွိလင်လုံတစ်‌ယောက် နျဲ့ဝမ်းအာဆိုတဲ့မိန်းကလေးကို ကယ်လိုက်ပြီးနောက်မှာတော့ ပထမဆုံးအကြိမ်မိတ်ဆွေတစ်ယောက်ကိုရခဲ့ပြီး မြွေကြီးတွေကိုရှင်းလင်းဖို့ဘယ်လိုလုပ်ကိုင်သွားမလဲ ? ဂျပန်တွေလက်ထဲကနေ မြွေဆိပ်ပန်းကိုဘယ်လိုကာကွယ်သွားမလဲဆိုတာတာကို ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ပါဦး

Mystery • TV Movie • Crime • Drama
5.7 2024
Shangtong Village: Story of a Strange Snake
Kobane

ဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ခု ၂၀၁၁ဆီးရီးယားပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ကာ့ဒ်တွေကဒီမိုကရက်အင်အားစုဘက်တွေဘက်ကဝင်တိုက်ခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို မြောက်နဲ့အရှေ့ဆီးရီးယားမှာတည်ထောင်ခဲ့တယ်။ISIS ကတော့( အစ္စလာမ်နိုင်ငံ ဆီးရီးယားနဲ့ အီရတ်) ဖြစ်ပြီး ၂၀၀၃ ကတည်းကအီရတ်ကို အမေရိကန်နဲ့မဟာမိတ်တွေကိုကျူးကျော်ဝင်ရောက်တာကိုဆန့်ကျင်တာအတွက် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး၂၀၁၁ ဆီးရီးယားပြည်တွင်းစစ်မှာပြန် အားကောင်းလာတာဖြစ်တယ် ။ISISကကာလီဖိတ်နိုင်ငံထူထောင်ဖို့ အတွက်ရည်မှန်းလုပ်ဆောင်တယ်။ ဆီးရီးယားပြည်တွင်းစစ်ကအစမှာ အုပ်ချုပ်သူအစိုးရနဲ့အတိုက်အခံကြားကစစ်ပွဲ​ဖြစ်ပေမယ့်သမ္မတအာဆတ်အစိုးရတပ်တွေကိုအတိုက်အခံတပ်တွေ၊ကာ့ဒ်တပ်တွေISISတွေကဝိုင်းတိုက်ရုံမကပဲသူတို့အချင်းချင်းလည်းနယ်မြေတွေရအောင်တိုက်ခိုက်ရာကနေအခြေအနေတွေရှုပ်ထွေးလာတယ်။အစိုးရတပ်တွေကို ရုရှ အီရန်ကထောက်ပံ့ကူညပေးပြီး အတိုက်အခံတပ်တွေကို တူရကီ ဆော်ဒီ ပင်လယ်ကွေ့ နိုင်ငံတွေနဲ့အနောက်အုပ်စုနိုင်ငံတွေကထောက်ခံကူညီပေးတယ် ။ ကာ့ဒ်တပ်ဖွဲ့တွေကိုတော့ISISတွေကိုတိုက်ခိုက်ရာမှာအမေရိကန်ကလေကြောင်းပစ်ကူအပါထောက်ခံကူညီပေးပါတယ်။ Kobane(2022)ဇတ်ကားကကာ့ဒ်စကားပြောရုပ်ရှင်တစ်ခုဖြစ်တယ်။Kobane မြို့ဟာ ဆီးရီးယားနိုင်ငံအတွင်းမှာရှိတဲ့ ကာ့ဒ်လူမျိုးစုတွေနေထိုင်တဲ့ တူရကီ ဆီးရီးယားနယ်စပ်မြို့လေးတစ်မြို့ဖြစ်တယ်။ ISIS တွေက ကျေးရွာ၃၅၀ နဲ့မြို့တွေကိုသိမ်းပိုက်ထားပြီး ၂၀၁၄အောက်တိုဘာမှာISISတပ်ကကိုဘိန်းမြို့ကိုဝင်ရောက်တိုက်ခိုက်တယ် ။မြို့ရဲ့ ၆၀%ကိုသိမ်းထားနိုင်ခဲ့တယ်။၂၀၁၅ ဇန်နဝါရီမှာ YPG( ကာ့ဒ်ပြည်သူ့ ကာကွယ်ရေးတပ်)ကကိုဘိန်းကိုပြန်သိမ်းနိုင်ခဲ့တယ်။ ကိုဘိန်းတိုက်ပွဲဟာ သမိုင်းမှာအရေးပါတဲ့တိုက်ပွဲဖြစ်ပြီး အဲဒီကရတဲ့အောင်ပွဲကနေ ISISတွေသိမ်းထားတဲ့အခြားနယ်မြေတွေကိုပါစစ်ရေးအရပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ကာ့ဒ်အမျိုးသားအမျိုးသမီးတွေရဲ့ရဲစွမ်းသတ္တိ၊စွန့်လွှတ်စွန့်စားတွေ၊ရဲဘော်ရဲဘက်တွေမျက်စိရှေ့တင်ကျဆုံးရတာတွေအတွက်ခံစားရတာတွေစစ်ရဲ့အနိဌါရုံတွေပြည်သူတွေရဲ့ဒုက္ခတွေကိုတွေ့ရမှာဖြစ်တယ်။ကာ့ဒ်လူမျိုးတွေရဲ့ မျှော်လင့်ချက်မျှော်မှန်းချက်တွေက်ကိုလည်းတွေ့ရမှာဖြစ်တယ်။ နှလုံးသားကိုထိစေတဲ့ဇတ်ကွက်လေးကတော့ “ဒဲရာ”အမြဲလိုက်ရှာနေခဲ့တဲ့ဆရာဝန်ကလေး ပြန်တွေ့တော့ ဆရာဝန်လေးရဲ့ကိုယ်ပိုင်ပစ္စည်းလေးအနည်းငယ်၊နှစ်ယောက်တွဲရိုက်ထားတဲ့ဓါတ်ပုံလေးနဲ့နားကျပ်လေးကိုဗူးလေးတစ်ခုနဲ့အမှတ်တရထားပေးထားတာပဲတွေ့ရပါတော့တယ်။ဓါတ်ပုံလေးကိုလှမ်းကိုင်လိုက်တဲ့”ဒဲရာ”ရဲ့တုန်ယင်နေတဲ့လက်ကလေးကစကားတွေအများကြီးကိုပြောပြသွားပါတယ်။ သမိုင်းတွေဟာသင်သိထားသင့်တဲ့အရာတွေဖြစ်တယ်။ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 2022
Kobane
Extinction

ကျနော်တို့ အရမ်းရင်းနှီးတဲ့ သူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ… ဟုတ်ပါတယ် Michael Peña ပါ သူကတော့ Ant Man ရုပ်ရှင်တွေမှာ စကားအင်မတန်များပြီး ဟာသ ဇတ်ရုပ်နဲ့ လူတိုင်းချစ်ကြတဲ့ သူပါ အခု Netflix ရဲ့ ဇတ်လမ်းတစ်ခုမှာ ခေါင်းဆောင်သရုပ်ဆောင် တစ်ဦးအဖြစ် ပါဝင်လာခဲ့ပါပြီ Michael Peña ကို ဒီဇတ်လမ်းမှာ Ant Man ထဲက မျက်နှာပြောင်ချော်ချော် နဲ့ စကား အင်မတန်များတဲ့ သူ အဖြစ်မြင်တွေ့ရမှာမဟုတ်ပဲ အိမ်ထောင်ဦးစီးယောကျင်္ားတစ်ယောက် သမီး ၂ ဦးရဲ့ ဖခင် အလုပ်မှာ တာဝန်ကျေတဲ့ ဝန်ထမ်းကောင်း တစ်ဦးအဖြစ်တွေ့ရမှာ ဖြစ်ပြီး သူ့ကာရိုက်တာ ကတော့ အေးဆေးတဲ့ လူတစ်ဦးအဖြစ်ပါ Netflix က ထွက်လာတဲ့ ဇတ်လမ်းမှန်သမျှ ဟာ အမှိုက်တောင်းထဲ ပစ်လိုက်ရတယ် မရှိအောင် ကောင်းတာတွေ များပြီး အခုနောက်ပိုင်း သိပ္ပံဘက် နွယ်တဲ့ ရုပ်ရှင်တွေ များလာပါတယ် ပြီးတော့ တွေးစရာတွေ အများကြီးပေးပြီး လူတွေ ရဲ့ စိတ်သဘောထားကို ဖောက်ထုတ်ပြသတဲ့ ရုပ်ရှင်တွေ များပါတယ် ဒီ Extinction ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ပီတာဆိုတဲ့ လူတစ်ဦးဟာ အိပ်မက်ဆိုး တစ်ခုကို အမြဲလိုလို မြင်မက်နေပါတယ် သူတို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ ကမ္ဘာတစ်ဖက်က ဂြိုလ်သားတွေ ရန်ကြောင့် ပျက်စီးပြီး သူတို့ အားလုံးသေကြရတာကို မြင်မက်နေတာပါ သူ့ဇနီး ရော အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကပါ သူရူးနေတယ်လို့ သက်မှတ်ထားကြပြီး ဆရာဝန် နဲ့ ပြဖို့သာ တွင်တွင် ပြောနေခဲ့ပါတယ် ဒီလိုနဲ့ ပီတာဟာ လူတွေ နဲ့ ခပ်ကင်းကင်း နေဖြစ်ခဲ့ပြီး သူ့ အိပ်မက်ထဲက အဖြစ်အပျက်ကိုပဲ စိုးရိမ်ထိတ်လန့်နေခဲ့တယ် တစ်ရက်မှာ ပီတာ ရဲ့ ဇနီးဖြစ်သူက ပီတာ စိတ်သက်သာစေဖို့ သူငယ်ချင်းတွေ မိတ်ဆွေတွေကို ခေါ်ပြီး ပါတီ လုပ်ခဲ့ကြတယ် အဲ့ဒီ ပါတီလုပ်နေတဲ့ ညမှာပဲ မိုးပေါ်က ကြယ်တွေ တဖြုတ်ဖြုတ်ကြွေပြီး ကမ္ဘာပေါ်ကို ဆင်းလာခဲ့တယ် ပီတာ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာတာလား သူတို့ အားလုံး တကယ်သေရတော့မှာလား ဆိုတာနဲ့ ပီတာ အိပ်မက်ထဲက အရာတွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့သလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်လား ခင်ဗျာ…. File Size : 2.3 GB, 835 MB, 468 MB Quality : WEB-DL HEVC 4K / 1080p / 720p Running Time : 1hr 40min Format : Mkv and Mp4 Audio : AAC and E-AC-3 Genre : Action, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Wai Zin Encode by : Thit San Khant

0 2018 96 mins
Extinction
Nemlizade
4.7

Nemlizade (2024) ဘာအလုပ်မှမရှိပဲ ရပ်ကွက်ထဲမှာ သူငယ်ချင်းတစ်သိုက်နဲ့ပျော်ပါးနေလေ့ရှိတဲ့ အိုနာကသူ့သူငယ်ချင်းရဲ့ညီမ ကယ်ရီမန်ကို ကြိုက်လို့အိမ်မှာ သွားသွားတောင်းတာ ဆယ်ခါလောက်ရှိပါတယ်။ ဒါပေမဲ့လည်း ကယ်ရီမန် ရဲ့ ဦးလေးက ဆယ်ခါလုံးငြင်းလိုက်ပါတယ်။ အကြောင်းအရင်းက အိုနာက အလုပ်မရှိအကိုင်မရှိနဲ့ ဖြစ်နေလို့ပေါ့.. တစ်နေ့ အိုနာက သူ့ဦးလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုခေါပြီး ထပ်သွားတောင်းပေမဲ့လည်း အငြင်းခံလိုက်ရပါတယ်။ အပြန်မှာ သူ့ဦးလေးအုပ်ကြီးက ကားအက်ဆီးဒန့်ဖြစ်ပြီး အသိစိတ်မရှိပဲမေ့မြောနေတဲ့အခြေအနေကို ရောက်သွားပါတယ်။ အဲ့တာနဲ့ အိုနာက သူ့ဦးလေးနေရာ သူဝင်ယူပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးလုပ်ပါတော့တယ်။ သူ့ကောင်မလေးကိုယူနိုင်ဖို့လဲကြိုးစားရင်း ရပ်ကွက်ထဲမှာ မဟုတ်တာတွေလုပ်လို့ရပ်ကွက်က သူ့ကိုအုပ်ကြီးအဖြစ်လက်မခံနိုင်တော့ပါဘူး.. အဲ့တာ သူနဲ့ သူ့သူငယ်ချင်းတွေက အုပ်ကြီးနေရာကို ရေရှည်တည်တံ့နိုင်အောင်ဘယ်လိုကြိုးစားပြီးထိန်းသိမ်းသွားမလဲဆိုတာကို ရယ်မောရ‌ပြီးကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (2.2 GB) / (940 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:41:30 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat

Action • Adventure • Crime • Thriller
4.7 2024 102 mins
Nemlizade
Lycoris Radiata
5.9

CM တရုတ်ဖန်လေးတွေအတွက် ဒီနေ့ တစ်မူထူးခြားတဲ့ ဇာတ်ကားကောင်းလေးကို မိတ်ဆက်ဘာသာပြန်ပေးလိုက်ပါတယ်… အားလုံး hotel deluna ထဲက သစ်ပင်ခြောက်ကြီးကို မှတ်မိကြလား… မှတ်မိတယ်ဆို တရုတ်ဗားရှင်း သစ်ပင်ခြောက်ကြီးကပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီ… တရုတ်ကားအတော်များများမှာပါတဲ့ ဝမ်ချွမ် ( ခံစားချက်မဲ့မြစ်) ကို တစ်မူထူးခြားတင်ဆက်ထားတဲ့ကားပေါ့… ဒီကားလေးထဲမှာ လူ့ပြည်ရဲ့ အပြစ်တွေကို စီရင်ဖို့အတွက် ဝမ်ချွမ်ဆီ ရောက်လာကြရတယ်… နောက်တော့ မုန့်ဖော်( မုန့်အဖွား) ရဲ့ အဆုံးအဖြတ်အရ အပြစ်ပေးခံရတယ်… တရားမျှတစွာ စီရင်ပေးနိုင်ဖို့ ဥပဒေထက်မှာ ခံစားချက်ကိုမေ့ထားရသလို သွေးအေးရတယ်… ဒါပေမယ့် မန်ရှူးဟာ ဝမ်ချွမ်ရဲ့ ထိန်းသိမ်းသူဆိုပေမယ့် အမှတ်မထင်ကိစ္စတစ်ခုနဲ့ ရှားဟွား ဆိုတဲ့ ပန်းနတ်သားငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ပြီး ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ အနွေးဓာတ်ကို ခံစားမိခဲ့တယ်… ဘာလို့ ဒီလိုဖြစ်တယ်ဆိုတာ မသိပေမယ့် သူ့မသိစိတ်ကနေ ဝမ်ချွမ်ကသေဆုံးနေတဲ့ သစ်ပင်ကြီးကို ရှားဟွားက ကူညီပြီး ပန်းပွင့်လာအောင် အပင်အသက်ပြန်ဝင်လာအောင်လုပ်ပေးနိုင်မယ် ယုံကြည်ပြီး ဝမ်ချွမ်ကိုခေါ်လာခဲ့တယ်… ကဲ ဒီလောက်ဆိုရင် ဘယ်လို စိတ်ဝင်စားဖွယ် ပလော့နဲ့ ရိုက်ကူးထားတယ်ဆိုတာ သဘောပေါက်ကြမှာပါ… နောက်ပြီး မင်းသားရူပါတော့မသိပေမယ့် မင်းသမီးရူပါက အကိတ်တလိုင်းမို့ ဒါနဲ့တင်တန်နေပါပြီလို့ ပြောပြီး ဇာတ်လမ်းလေး ပရိုမိုရှင်း ဆင်းလိုက်ပါတယ်.

Drama
5.9 2022
Lycoris Radiata
A Boy Who Went to Heaven
6.5

A Boy Who Went to Heaven (2005) *************************************** CM ပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy,Romance ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် Cast တွေအနေနဲ့ Decision to leave, Eungyo, War of the arrows စတဲ့ ဇာတ်ကားကောင်းတွေထဲက မင်းသားကြီး Park Hae Il နဲ့ Sky Castle ထဲက မင်းသမီးကြီး Yum Jung Ah တို့ အဓိကပါဝင်သရုပ်ဆာင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ******************* “ငါတို့ နယ်မို ကြီးလာရင် ဘာဖြစ်ချင်လဲ… အဆိုတော်လား ရုပ်ရှင်သရုပ်ဆောင်လား” “ကျွန်တော်ကတော့ Single Mother တစ်ယောက်နဲ့ လက်ထပ်ချင်တယ်” နယ်မြို့လေး တစ်မြို့က Single Mother တစ်ယောက်ရဲ့ သားဖြစ်သူ ၁၃နှစ်အရွယ် နယ်မို ဆိုတဲ့ကောင်လေးဟာ အမေဆုံးသွားပြီးနောက် သူ့အမေရဲ့ဆိုင်နေရာကို ဆိုးလ်ကနေပြောင်း‌‌လာတဲ့ Single Mother ဖြစ်သူ ဘူဂျာ ကို ချစ်မိပြီး တစ်နေ့ ဘူဂျာတို့ သားအမိနဲ့အတူ ရုပ်ရှင်သွားကြည့်ရင်း ရုပ်ရုပ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နယ်မို တစ်ယောက် သေဆုံးပြီး ကောင်းကင်ဘုံကို ရောက်သွားခဲ့တယ် အသက် ၉၃ နှစ်အထိ နေရမဲ့ နယ်မို ကို ၁၃ နှစ် အရွယ်မှာ မှားခေါ်ခဲ့မိတဲ့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ တစ်ရက်ကို တစ်နှစ်အဖြစ်နဲ့ လူ့ပြည်မှာ ရက် ၈၀ ပြန်နေထိုင်ခွင့် ပေးခဲ့တယ်။ ဒီလိုနဲ့ လူ့ပြည် ပြန်ရောက်လာတဲ့ နယ်မို တစ်ယောက် သူချစ်ခဲ့ရတဲ့ ဘူဂျာတို့ သားအမိကို စောင့်ရှောက်ရင်း နေထိုင်ခဲ့ပေမဲ့ ရက် ၈၀ ပြည့်ရင် သေဆုံးရ‌တော့မဲ့ နယ်မိုရဲ့ အချစ်ဇာတ်လမ်းလေးက လှပနိုင်ပါ့မလား…ဘယ်လိုအဆုံးသတ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုပေးကြပါဦးနော် (ဇာတ်လမ်းအညွှန်းကိုတော့ Hsu က ရေးသားထားပါတယ်) File Size – 2.57 GB/ 1.13 GB Quality – WEB-DL 1080p/ 720p Duration – 1h 54m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Hsu Encoded by – Treasure Htet

6.5 2005 114 mins
A Boy Who Went to Heaven