YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Maid's Revenge E29+30 (1080p) CM.mp4

240.18 MB N/A video/mp4 191 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Master Gardener
6.2

Master Gardener (2022) ~ IMDb - 6.3/10, Rotten Tomatoes - 70% ~ "God's Lonely Man" ဘုရားသခင်ရဲ့အထီးကျန်လူ တနည်းအားဖြင့် သင်းကွဲလူ ဆိုတာကို ဒါရိုက်တာကြီး Martin Scorsese ရဲ့ Taxi Driver ထဲမှာလည်းကြားဖူးခဲ့မှာပါ။ လူ့အဖွဲ့အစည်းနဲ့သိပ်မရော မအပ်စပ်ဘဲ တစ်ယောက်တည်း နေ့စဉ်ဓူဝ ကိုယ့်အတွေးနဲ့ကိုယ်ချာချာလည်ရင်း သင်းကွဲတစ်ယောက်လိုအထီးကျန်နေတဲ့ ဇာတ်‌ကောင်မျိုးတွေပေါ့။ အဲဒီလိုဇာတ်ကောင်တွေက တစ်နေ့မှာ လှုပ်နှိုးခံလိုက်ရတဲ့အချိန် ပရိသတ်တွေကို " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တာက ဒီလိုရုပ်ရှင်ဇာတ်ကားတွေရဲ့ အရသာတစ်ခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်ကောင်ကလည်း အဲဒီလို သာမန်ဥယျာဉ်မှူး။ လတ်တလောမှာတော့ သာမန်ဥယျာဉ်မှူးပေါ့။ သူ့မှာလည်း အတိတ်ကစိတ်ဒဏ်ရာတွေ၊ အိပ်မက်ဆိုးတွေ၊ နောင်တတွေကျန်နေပေမဲ့ သာမန်ဥယျာဉ်မှူးတစ်ယောက်လို ဂရေ့စ်ဝုဒ်ဆိုတဲ့ ဥယျာဉ်ကြီးထဲမှာ ‌ဘဝကိုဖြတ်သန်းနေတာမျိုးပါ။ ဒါပေမဲ့ တစ်နေ့မှာ ဂရေ့စ်ဝုဒ်ပိုင်ရှင် နော်မာရဲ့ မြေးတူမ မာယာ ဆိုတဲ့ ကောင်မလေးတစ်ယောက် အလုပ်သင်အနေနဲ့ရောက်လာပြီး ပြဿနာတွေပါခေါ်လာခဲ့ချိန်မှာတော့ " ဒီကောင်ဘာတွေလုပ်မလဲမသိဘူး" ဆိုတာလေးဖြစ်ဖို့ အ‌ကြောင်းခံလေးတွေပေါ်လာပါတော့တယ်။ ဒီရုပ်ရှင်မှာသဘောကျမိတာတစ်ခုက ပန်းအကြောင်းတွေပါ။ သူ့ရဲ့ ဂျာနယ်မှာထည့်ရေးသမျှ ပန်းအကြောင်းတွေနားထောင်ရင်း ကိုယ်တိုင်ပါ ထပြီး ပန်းတွေစိုက်ပစ်ချင်စိတ်တောင်ပေါက်လာနိုင်ပါတယ်။ ဂျိုဝယ်အက်ဂျာတန်လို ဘဲကြီးက ပန်းလှလှလေးတွေစိုက်နေတာမြင်ရတာကလည်း တစ်မျိုးလေးကြည့်ကောင်းနေတာပေါ့လေ။ "God's Lonely Man" ဆိုလို့ ဒါရိုက်တာဘယ်သူလဲ ပြေးကြည့်စရာမလိုပါဘူး။ အဲဒီလို ရုပ်ရှင်မျိုးတွေကို အသည်းခိုက်တဲ့ Taxi Driver ဇာတ်ညွှန်းရေးခဲ့တဲ့သူ Paul Schrader ကိုယ်တိုင်ဖြစ်နေလို့ပါ။ Paul Schrader က ဇာတ်ညွှန်းတင်မက ဒါရိုက်တာလည်းကောင်းကောင်းကြီးလုပ်နိုင်တယ်ဆိုတာကို Mishima, Blue collar နဲ့ First Reformed ကားတွေမှာ မြင်ခဲ့ရပြီးပါပြီ။ အင်တာဗျူးတစ်ခုမှာ သူနောက်ဆုံးရိုက်ထားတဲ့ ရုပ်ရှင်သုံးခုဖြစ်တဲ့ First Reformed (2017), Card Counter (2021) နဲ့ အခု Master Gardener ရုပ်ရှင်တွေက ဇာတ်လမ်းချင်းမတူပေမဲ့ စိတ်ပိုင်းဆိုင်ရာကျောရိုးချင်း ဆက်နွယ်နေတဲ့ Trilogy တစ်ခုလို့ ပြောခဲ့ဖူးပါတယ်။ ဥပမာ ကားရယ် လေယာဉ်ရယ် ရထားရယ် နဲ့ ခရီးသွားသလိုပေါ့။ ခရီးသွားနေတယ်ဆိုတဲ့ သဘောတရားချင်းတူတယ် ဒါပေမဲ့ သွားပုံချင်းမတူတာမျိုး။ အဲဒီသဘောတရားအတွက် ကား၊ လေယာဉ်၊ ရထား သုံးမျိုးလုံး စီးကြည့်စရာမလိုပေမဲ့ အချိန်ရရင်တော့ ၃ ကား စလုံးကို မြည်းကြည့်စေချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဗယ်လာဒိုလစ်ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့တဲ့အပြင် Alien Franchise ထဲက မင်းသမီးကြီး ဆစ်ဂေါနီးဝီဗာကလည်း ဒီရုပ်ရှင်နဲ့ ပေါ်တူဂီရုပ်ရှင်ဆု CinEuphoria ရဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရခဲ့ပြီး ဂျိုဝယ်အက်ဂျာတန်ကလည်း အမျိုးသားဇာတ်ဆောင်ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပါသေးတယ်။ ပန်းကလေးတွေအကြောင်းရုပ်ရှင်တွေကြည့်တိုင်း ကြည်အေးရဲ့ မောင်ကိုကိုနှင့်မြနန္ဒာ စာအုပ်ထဲက "ကမ္ဘာပေါ်မှာ လူနည်းနည်းနဲ့ ပန်းတွေအများကြီးရှိရင် သိပ်ကောင်းမှာပဲ" ဆိုတာလေးကိုပဲ အမှတ်ရနေမိပါတယ်။ ပန်းကလေးတွေရဲ့အလှနဲ့ ရုပ်ရှင်ရဲ့ အလှအပနှောထားတာလေးကတော့ ဒီရုပ်ရှင်ရဲ့ မျက်စိပသာဒအဖြစ်ရဆုံး အချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 540MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 51Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
6.2 2023 111 mins
Master Gardener
Ditto
7.2

" ကမ္ဘာ တစ်ဖက်မှာ နင်နေထိုင်တယ် ကမ္ဘာ တစ်ဖက်မှာ ငါနေထိုင်တယ် " ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင် သီချင်းလိုပါပဲ ဒီဇတ်လမ်းကို ကြည့်မိတဲ့ အချိန်က နှလုံးသားထဲမှာ ဆွေးဆွေးမြေ့မြေ့ ကို ဖြစ်လာတာပဲ ဒီဇတ်လမ်းက ဆိုအွန်း ဆိုတဲ့ ကောင်မလေး နဲ့ ဂျီအင်း ဆိုတဲ့ ကောင်မလေး တို့ နဲ့ ဇတ်လမ်းစတာပဲ ဆိုအွန်းမှာ မီးသတ်တပ်ဖွဲ့တွေ သုံးတဲ့ ရေဒီယို တစ်လုံး ရှိနေတယ် တစ်ရက်သော နေ့မှာတော့ အဲ့ဒီရေဒီယိုကနေ အသံတစ်ခုကြားရတယ် တစ်ဖက်က ဆက်သွယ်လာတဲ့ အသံတစ်ခုပေါ့ အသံပိုင်ရှင်က ဂျီအင်း လို့ ခေါ်တဲ့ ကောင်လေးတစ်ယောက် ပုံမှန်ပဲ မိတ်ဆက်ကြတာပေါ့ ဂျီအင်း နဲ့ ဆိုအွန်း တို့ တစ်ယောက်နဲ့ တစ်ယောက် ကျောင်းမှာ ချိန်းကြတယ် အဲ့ဒီ နေ့က စိတ်တွေ လှုပ်ရှားနေကြတယ်... ဆိုအွန်း ကျောင်းရဲ့ နာရီစင်ရှေ့မှာ စောင့်နေတယ် ဂျီအင်းက ပေါ်မလာခဲ့ဘူး.... ဂျီအင်း ကိုယ်တိုင်ကလဲ ဆိုအွန်းကို မိုးရေတွေထဲ ကျောင်းရှေ့ စောင့်နေခဲ့တာပါပဲ သူတို့ ၂ ယောက် စိတ်ပျက်လက်ပျက် နဲ့ အိမ်ပြန်လာခဲ့ကြတယ်... သူတို့ စကားမပြောဖြစ်ကြတော့ဘူး တစ်ခုခု လွဲနေပေမဲ့ ဘာက သူတို့ ကြား လွဲနေတာလဲ သတိမထားမိခဲ့ကြဘူး တကယ်တမ်း လွဲနေတာကတော့ ဆိုအွန်းက ၁၉၇၉ ခုနှစ်မှာ နေထိုင်တာ ဖြစ်ပြီးတော့ ဂျီအင်းက ၂၀၀၀ ခုနှစ်မှာ ရောက်နေခဲ့တာပါ... ကဲ ဒီလောက်ဆို ဒီဇတ်လမ်းကို ဆက်ကြည့်ဖို့ လုံလောက်ပါပြီ အချိန်ကွဲပြားမှုကို စပွိုင်လာလုပ်တယ် ထင်ရင် မှားပါလိမ့်မယ် ဒီဇတ်လမ်းထဲ ကျနော် မပြောပြထားတဲ့ အကြောင်းအရာ တစ်ခုက ရှိနေတုန်းပါပဲ သင်က စိတ်ဓါတ်မာသူ တစ်ယောက်ဆို ဒီဇတ်လမ်းကို ကြည့်ဖို့ အသင့်တော်ဆုံးပါပဲ မဟုတ်ရင်တော့ တစ်ရှုးလေး ဆောင်ထားပေါ့ ဒီဇတ်လမ်းကို ဘာသာပြန်ပေးထားတာကတော့ "နွေးထွေးအောင်" ဖြစ်ပြီး Thit San Khant မှ အညွှန်း ရေးပေးပေးထားပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 3.2GB | 1.2GB | 526MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Nway Htwe Aung Encoder ..... August

Comedy • Drama
7.2 2000 112 mins
Ditto
Sniper Hero

ဒီတစ်ခေါက် CM ချစ်ပရိသတ်တွေကိုမိတ်ဆက်ပေးမယ့် Sniper Heroဆိုတဲ့ ကားလေးက တခြားစစ်ကားတွေလို တော်လွန်းတဲ့ အရာရှိကြီးတိုအကြောင်းတို အောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းတိုကို ရိုက်ကူးထားတာမဟုတ်ဘဲ တစ်ယောက်လဲရင် တစ်ယောက်က သူ့အစားဝင်ပြီး ဒီတိုက်ပွဲကို ဒီလက်နက်နဲ့ ဆက်တိုက်သွားတဲ့ မလျှော့သောဇွဲ ရန်သူနဲ့ လက်နက်အားချင်းမယှဉ်နိုင်တောင် ယုံကြည်ချက်ဆိုတဲ့ ကျည်ကို စည်းလုံးမှုဆိုတဲ့ သေနတ်မှာထည့်ပြီး ရန်သူကိုတိုက်ပြသွားတဲ့ကားဖြစ်လို နာမည်ကြီးမင်းသားမင်းသမီးမပါ ရုပ်ချောတဲ့သူတွေမထည့်ထားတာတောင် ဘာသာပြန်ရင်း ကြည့်ရတဲ့အရသာက ရှယ်ပါပဲ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ၁၉၅၂ ခုနှစ်အစောပိုင်း မြောက်ကိုးရီးယားနယ်မြေမှာ အမေရိကန်နဲ့ တရုတ် တိုစစ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှကြပေမယ့် အမေရိကန်စစ်တပ်ရဲ့ တိုက်စစ်ဆင်မှုတွေကို အဖွဲ၈ က အကြိမ်ပေါင်းများစွာခုခံလာနိုင်ခဲ့ရာကနေ တိုက်ပွဲတစ်ခုမှာတော့ အသေအပျောက်များသွားခဲ့ပြီး တပ်သားသစ်စုဆောင်းရာမှာ အဖွဲ၆က ရန်တုန်းဖုန်းဆိုတဲ့ စီချွမ်တပ်သားလေးတစ်ယောက်ဟာ အဖွဲ၆ တစ်ဖွဲလုံး ရန်သူတပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး သူအရမ်းလေးစားရတဲ့ အဖွဲခေါင်းဆောင်လည်း အသက်ပေးသွားခဲ့ရပြီး နောက်ပိုင်းမှာတော့ စနိုက်ပါအထူးတပ်ဖွဲထဲကို ဝင်ရောက်လာခဲ့ပြီး ကလဲ့စားပြန်ချေဖိုကြိုးစားခဲ့ပါတယ် အဲ့လိုကနေ ရဲဘော်အသစ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်ရင်း နောက်ဆုံးမှာ သူဖြစ်ချင်တဲ့ရည်မှန်းချက်လေးပြည့်ဝသွားမှာလား ဆိုတာတွေကိုတော့ ဆက်လက်စောင့်ကြည့်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 30min Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu , Kyawt Encoded by LK

Action • Horror
0 2022 90 mins
Sniper Hero
Mangkujiwo
6.7

မင်းသမီးချောလေး Yasamin Jasem ပါဝင်သရုပ်ဆောင်ထားတဲ့ လူသတ်သရဲကားလေးတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအစမှာတော့ တစ်ရွာလုံးက စုန်းမလို့သမုတ်ပြီး နွားတင်းကုပ်ထဲစွန့်ပစ်ထားတဲ့ ကန်တီဆိုတဲ့အမျိုးသမီးကိုတွေ့ရမှာပါ မျက်နှာက လူရုပ်မထွက်တာရော နိမိတ်ဆိုးတွေပါပေါ်နေလို့ ရွာသူကြီးကအစကြောက်လန့်ပြီးပိတ်လှောင်ခြင်းခံထားရတဲ့သူပေါ့ အူမာဆိုတာကတော့ ထူးဆန်းတဲ့စွမ်းအင်တွေနဲ့မွေးဖွားလာသူတစ်ယောက် ရှိသမျှနတ်ဆိုးတွေကိုပူဇော်ပသပြီးမွေးဖွားလာခဲ့တာကြောင့် အန္တရာယ်ကျလာတိုင်း လူစိတ်ပျောက်သွားပြီး ထူးကဲတဲ့စွမ်းအားတွေထွက်လာတတ်သူ.. တစ်နေ့ လူသတ်မှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်သွားရာကတစ်ဖက်အဖွဲ့ကလိုက်နှုတ်ပိတ်ကြရင်း သူမဒီလို မွေးဖွားလာရခြင်းရဲ့ဘဝနောက်ကြောင်းတွေသိရှိသွားခဲ့တဲ့အခါ... ဘာတွေဆက်ဖြစ်သွားမလဲ စုန်းမအဖြစ်သမုတ်ခံနေရတဲ့ ကန်တီ့ဘဝဇာတ်လမ်းအမှန်ကရော ဘာဖြစ်နိုင်မလဲဆိုတာကတော့ အခုပဲဒေါင်းကြည့်လိုက်ကြပါရှင် File size…860MB / 487MB Quality…1080p True WEB DL / 720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni

Action • Adventure • Comedy
6.7 2020 109 mins
Mangkujiwo
The Ant Bully
5.7

တစ်ခါက လူးကတ်စ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်.. သူကလူကောင်သေးသေးလေးဆိုတော့ ခဏခဏ အနိုင်ကျင့်ခံရတယ်... သူအနိုင်ကျင့်ခံရတိုင်း သူ့အိမ်က မြက်ပင်တွေနားမှာရှိတဲ့ ပုရွက်ဆိတ်အုံလေးကိုပဲ သူ့ဒေါသတွေပုံချတတ်တယ် ...ပုရွက်ဆိတ်အုံ ကိုရေလောင်းလိုက် ကညှော့လိုက်နဲ့ နည်းမျိုးစုံဒုက္ခပေးတာပေါ့... ဒါကို မကျေနပ်တဲ့ပုရွက်ဆိတ်တွေဟာ တစ်ရက်မှာ လူးကတ်စ်လေးကို ပုရွက်ဆိတ်အရွယ်ဖြစ်အောင်ပြောင်းလိုက်တဲ့ အခါမှာတော့.... ပုရွက်ဆိတ်တွေတွေ့ရင် အနိုင်ကျင့်တတ်တဲ့ လူးကတ်စ်နဲ့ လူတွေမြင်ရင်ကြောက်နေ လန့်နေရွံမုန်းနေတဲ့ ပုရွက်ဆိတ်တွေ ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရမှာပါ story ကတကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ် ပေးချင်တဲ့ message လည်းထိမိတယ် ကြည့်ရတာကာတွန်းကားဆိုပေမယ့် တော်တော်လေးမိုက်တဲ့ story မို့ တစ်ဖန်ပြန်တင်ဆက်ပေးလိုက်ပါတယ်... File Size : (1.5GB) and (776MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:28:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae

Comedy • Romance
5.7 2006 88 mins
The Ant Bully
Another Round
7.7

IMDb Rating (8.1/10) Rotten Tomatoes (92%) ကြည့်ပါများလို့သတိထားမိသလောက်ပြောရရင် လူကြိုက်များလို့ကောင်းတယ်သတ်မှတ်ခံရတာ မဟုတ်ဘဲ တကယ်ကောင်းတဲ့ ရုပ်ရှင်အကုန်လုံးနီးပါးမှာတူညီတာတစ်ခုရှိပါတယ်။ ရုပ်ရှင်ရိုက်နေပေမဲ့ ရုပ်ရှင်မဆန်တဲ့ အချက်ပါပဲ။ ဒီလိုရုပ်ရှင်တွေထဲကဇာတ်ကောင်တွေဟာ လူသိပ်ဆန်ပါတယ်။ မကြီးကျယ်ဘူး မမြင့်မြတ်ဘူး။လုပ်ချင်တာလုပ်နေကြတဲ့လူတွေပါပဲ။ အထူးသဖြင့် အရှေ့တိုင်းရဲ့ ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်တွေဟာ ရေနီးမြေနီးဓလေ့နီးတဲ့ ကျွန်တော်တို့ရင်ထဲကို ၀င်လွယ်ပါတယ်။ အနောက်တိုင်းဘက်မှာတော့ ဘုံတူညီမှုတစ်ခုကိုသာ မကြည့်ဘဲ တစ်ကားလုံးချုံကြည့်ရရင် အရှေ့တိုင်းရုပ်ရှင်ထက်နည်းနည်းရင်ထဲ၀င်ဖို့ခဲပါတယ်။ ဒီလို၀င်နိုင်တဲ့ကားက မရှားပေမယ့် မများလှပါဘူး။ အခုဒီဒိန်းမတ်ရုပ်ရှင်က ရုပ်ရှင်မဆန်တဲ့ရုပ်ရှင်မျိုးပါပဲ။ ဒီရုပ်ရှင်ဟာ အရက်သမားတစ်အုပ်အကြောင်းပါပဲ။ သူတို့မှာဖော်ပြပါအရည်အသွေးအပြည့်ရှိပါတယ်။ ဇာတ်အိမ်ကတော့...သက်လတ်ပိုင်းကျောင်းဆရာတစ်စုနဲ့ သူတို့ရဲ့သက်လတ်ပိုင်းမပြေလည်မှုတစ်ချို့ပေါ်တည်ထားပါတယ်။ သူတို့စကားအတိုင်းပြောရရင်လူ့ခန္ဓာကိုယ်မှာ မွေးကတည်းက အယ်ကိုဟော 0.05%ပါပါတယ်။ ပြောရရင် ဒီအယ်ကိုဟောနှုန်းကိုထိန်းထားခြင်းက စိတ်နဲ့ခန္ဓာ ကျန်းမာရေးအတွက်ကောင်းတယ် Createive ပိုဖြစ် Realxပိုဖြစ်တယ်ပေါ့ဗျာ။ ဒီတော့ အရက်ကိုကျန်းမာရေးအတွက် စသောက်ဖြစ်ရာကနေ ဘယ်လိုတွေ အထိန်းအကွပ်မဲ့သည့်တိုင် ဖြစ်သွားလဲဆိုတာကို ပြထားတယ်လို့ပဲ အကျဉ်းဆိုရမယ်။ သဘောကျစရာကောင်းတာက သူတို့မူးပြီးသောင်းကြမ်းကြတဲ့အခန်းတွေက အရိုးရဲ့ယိုင်တိုင်ယိုင်တိုင်မဟာပုရိသသီချင်းကို ဒိန်းမတ်စတိုင်သရုပ်ဖော်ထားသလိုပါပဲ ကျွန်တော်တော့ကြည့်နေရင်း အရိုးသီချင်းပဲပြေးမြင်တယ်။ ခင်ဗျားတို့ပတ်ဝန်းကျင်တော့ မသိပေမယ့်ကျွန်တော့်ပတ်၀န်းကျင်က လူတွေအတော်များများကတော့ သက်လတ်ပိုင်းစိတ်ဓာတ်ကျဆင်းမှုနဲ့အတူအရက်သမားဖြစ်လာကြသူတွေများပါတယ်။ ဒီနေရာမှာ ဒီရုပ်ရှင်ဟာ realisticဖြစ်ဖို့ဘက်ကို စကတည်းကဦးတည်ထားတာသိသာပါတယ်။ ကျောင်းဆရာတွေရဲ့ စရိုက်ကိုပုံဖော်ပုံကလည်းပုံဖော်ပုံလဲထိုနည်း၎င်းပါပဲ။ ဒါရိုက်တာကတော့ The Huntတို့ Celebrationတို့လို ဒရာမာကားကောင်းတွေရိုက်ထားတဲ့ Thomas Vinterbergပါ။ မင်းသား ဒါရိုက်တာ ဘာမှပြောစရာမရှိပေမယ့် ရုပ်ရှင်မဆန်တာလွန်သွားလို့ပဲလားတော့မသိပါဘူး Cinematography ပိုင်းမှာတော့ သာမန်အမြင်အရ ပြောလောက်စရာ ဘာမှမတွေ့မိပါဘူး။ အော်စကာပွဲမှာ Best International Film ဆုအတွက် ဒိန်းမတ်ပြည်ရဲ့ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရထားပါတယ် အော်စကာရချင်ရမယ့် ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရဲ့နာမည်ကိုက "Another round"ပါ။ တစ်ကားလုံးအရက်ကိုပဲအဓိကထားရိုက်ပြထားတာပါ။ ကျန်တာကောင်းတာဘာညာအသာထား အရက်နဲ့ပက်သက်တဲ့ ဗဟုသုတတိုးချင်ရင်တော့ မိတ်ဆွေကြည့်ကိုကြည့်သင့်ပါတယ်။ တွေ့ကြုံဖူးသလောက်ဆို ကျွန်တော်တို့ထဲက အတော်များများကတော့ လူလတ်ပိုင်းလောက်မှာ အရက်သမားဖြစ်မှန်းမသိဖြစ်လာကြမှာပါ။ ဒီတော့ အဲ့ဒီကာလမရောက်ခင် ရှောင်ရန်ဆောင်ရန်သိရအောင်ကြိုကြည့်ထားသင့်တယ်လို့အကြံပေးချင်ပါတယ်။ ဒိုင်တစ်ပေါက်က လျှမ်းလျှမ်းတောက်ပါတယ်။ File size…(1 GB) and (1.7 GB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by d3mon , Wira Aung , Tin Myo Lwin

Action & Adventure • Crime • Drama
7.7 2020 117 mins
Another Round
Wilderness Mystery Case
6

ကုမ္ပဏီသူဌေးတစ်ယောက်နဲ့ ဝန်ထမ်း(၇)ယောက်ဟာ ကုမ္ပဏီပျော်ပွဲရွှင်ပွဲအနေနဲ့ မြို့ပြင်မှာ စခန်းချပျော်ပွဲစားထွက်ကြတယ်။ နောက်နေ့မနက်နိုးလာတော့ ကုမ္ပဏီသူဌေးဟာ ချောက်ကမ်းပါးကပြုတ်ကျပြီးသေနေတာတွေ့ရပါတယ်။ သူ့ရဲ့နောက်ကျောမှာ ဖိနပ်ရာတစ်ခုရှိပြီး မှုခင်းနေရာမှာ သူတို့အားလုံးရဲ့ခြေရာတွေကိုတွေ့ရတဲ့အတွက် တရားခံဘယ်သူဖြစ်မလဲဆိုတာဝေခွဲရခက်နေပါတယ်။ ဒီလိုနဲ့ အမှုကိုစစ်ဆေးရင် သူတို့ကုမ္ပဏီဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုရောင်းစားတာကိုရှာတွေ့သွားပါတယ်။ အချက်အလက်တွေကိုတရားမဝင်ရောင်းစားတဲ့တရားခံကဘယ်သူဖြစ်မလဲ…… လူသတ်တရားခံအစစ်ကရောဘယ်သူဖြစ်မလဲ…… လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားအတိုင်းပဲ အကွက်တွေရွှေ့ရင်း ကိုယ်တိုင်ထောင်ချောက်ထဲကျရတဲ့အဖြစ်မျိုးပေါ်လာတဲ့အပြင် နောက်ဆုံးလူသတ်တရားခံကလဲ မထင်မှတ်ထားတဲ့သူတစ်ယောက်ကဖြစ်နေပါတယ်။ ဇာတ်လမ်းဇာတ်ကွက်မဆိုးဘူးလို့ပြောလို့ရမယ့် ရဲဘက်စုံထောက်မှုခင်းကားလေးပဲဖြစ်ပါတယ်။

Drama
6 2023
Wilderness Mystery Case
Heart’s Motive
6.2

Return of the Condor Heroes (2006)ဇာတ်လမ်းတွဲ နာမည်ကျော်ခဲ့တဲ့မင်းသား Huang Xiao Mingရဲ့ မမAngelababy နဲ့ကွာရှင်းပြီးမှထွက်တဲ့ Comeback Movie လေးပဲဖြစ်ပါတယ်။ Huang Xiao Ming ကအရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်သရုပ်ဆောင်ထားတာပါ။ (၆)နှစ်ကြာမှဥပဒေလောကထဲကိုပြန်ရောက်လာတဲ့သူဟာ ပထမဆုံးပြန်ကိုင်ရတဲ့အမှုဟာ အနှိပ်ခန်းကအထူးဝန်ဆောင်မှုပေးတဲ့ အနှိပ်သည်မတစ်ယောက်ဟာ သူ့ရဲ့ဖောက်သည်ကိုရိုက်သတ်ခဲ့တဲ့အမှုဖြစ်တယ်။ အားလုံးကအနှိပ်သည်ကတရားခံဆိုပြီး တရားသေအမှုအဖြစ် သတ်မှတ်ထားတဲ့အချိန်မှာ အမှုဟာမရိုးရှင်းဘူးလို့သူသုံးသတ်ခဲ့ပါတယ်။ ဒီလိုနဲ့သူရဲ့အမှုသည်ဟာအပြစ်မရှိကြောင်းပြနိုင်ဖို့ကြိုးစားရင်း အမှန်တရားတွေဟာ ချည်မျှင်စဆွဲထုတ်သလိုတဖြည်းဖြည်းပေါ်လာပါတော့တယ်။ သူ့ရဲ့(၆)နှစ်ကြာမှာလုပ်ငန်းခွင်ပြန်ဝင်ရတဲ့အမှုဟာအောင်မြင်မလား အမှန်တရားရဲ့နောက်ကွယ်မှာဘာတွေရှိမလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရမှာဖြစ်ပါတယ်။

Comedy
6.2 2023
Heart’s Motive
Lady Ballers
6.4

ရောဘတ်ဟာ ဘတ်စကက်ဘော နည်းပြတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမီးတစ်ယောက်ရှိပြီး မိန်းမနဲ့ ကွဲနေသူလည်း ဖြစ်တဲ့အတွက် တစ်ကိုယ်တည်း အလုပ်လုပ်ရင်းသာ ဖြတ်သန်းနေသူပါ။ နှစ်တွေကြာလာနဲ့အခါ သူ့ရဲ့ အသင်းသားဟောင်းတွေဟာလည်း အားကစားလောကမှထွက်ကာ တစ်ကွဲတစ်ပြားစီ အခြေချနေထိုင်နေကြတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူ့ရဲ့သမီးဖြစ်သူကြောင့် အကြံတစ်ခု ရရှိလာပြီး သတင်းထောက်တစ်ဦးရဲ့ မြှောက်ပင့်ပေးမှုနဲ့အတူ လိင်ပြောင်းအမျိုးသမီးတွေပုံစံနဲ့ အမျိုးသမီး အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက် လွှမ်းမိုးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ ကစားသမားဟောင်းတွေကို လိုက်လံစည်းရုံးပါတော့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပြုလုပ်မှုတွေက ရေရှည်မှာရော အဆင်ပြေနိုင်ပါ့မလား ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဟာသဆန်ဆန် ဆက်လက် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Viola

Animation • Action • Fantasy
6.4 2023 110 mins
Lady Ballers
Last Holiday
6.6

Last Holiday (2006) ================ IMDb Rating – 6.6/10 The Secret Life of Bees, Girls’ Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd – နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ” ဟိုင်း စားပြီးပြီလား ” အပြင် အဆင့်မတက်ရဲတဲ့လူပေါ့။ အလုပ်ကြိုးစားသလောက် အသိအမှတ်အပြု မခံရပေမယ့် သူလည်း သူ့အိပ်မက်နဲ့သူ ရှိခဲ့ရှာပါတယ်။ ဒီလိုနဲ့ ရှားပါးဦးနှောက်အကြိတ်ရောဂါရှိ‌နေကြောင်း ဆေးစစ်အဖြေထွက် လာတဲ့ တစ်နေ့မှာတော့ မကောင်းတဲ့ကံကို ရှိသမျှအသပြာအကုန်ကျဲပြီး ချေချမယ်ဆိုပြီး သူခင်းလိုက်တဲ့ မထူးဇာတ်လေးက အဆန်းသားပါ။ တစ် သက်လုံးရှာထားတဲ့ စုငွေတွေနဲ့ အမွေဆိုင်ပိုက်ဆံတွေပါ အပုံလိုက်ထုတ်ပြီး ပြင်သစ်မှာ အကင်အစစ်တွေ သွားစားဖို့လုပ်တာပါပဲ။ ရှက်တတ် ကြောက် တတ်တဲ့ Georgia ကနေ တွေ့တာအကုန်ဆွဲတဲ့ မဒမ် Georgia ဖြစ်သွားတော့ လူကုံထံဟိုတယ်ကသူတွေကြားထဲမှာပါ ဆယ်လီဖြစ်ပြီး သေခါနီးမှ စန်းထ နေပါတော့တယ်။ သူ့ဘဝသူ ပျော်ပျော်နေဖို့လာတဲ့သူကို အထက်က အာဏာရ ပုဂ္ဂိုလ်လို့ ကြိတ်‌ရှိန်ပြီး အိုးမလုံအုံပွင့်နေကြတဲ့ လုပ်ငန်းရှင်တစ်သိုက်နဲ့ ပေါင်း မိသွားတဲ့အခါမှာ …. မထင်ထားတဲ့ ကံကောင်းခြင်းတစ်ခုက …. ဒီဇာတ်လမ်းလေးက ‌ရောဂါသည်တစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကို ကုန်ဆုံး ပုံဆိုပေမယ့် ဝမ်းနည်းပျင်းရိ စိတ်ဓာတ်ကျစရာမဟုတ်ဘဲ အပျော်ခရီးထွက်နေ ရသလို ရယ်စရာလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလို့ရမယ့် ဇာတ်လမ်း မျိုးလေးမို့ အမူအရာတွေ ချဲ့ကားသရုပ်ဆောင်ထားတာမျိုးမရှိတဲ့ ဟာသဇာတ် ကား Fan လေးတွေ အကြိုက်တွေ့စေမယ့် Movie တစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(2 GB) / (805 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Hnin Wut Yi Encoder……….SWM

6.6 2006
Last Holiday
Oslo, August 31st
7.6

Oslo, August 31st (2011) ~ IMDb – 7.6/10, RT – 97%, Meta – 84% ~ ဟိုးအရင်နှစ်က အော်စကာရဲ့ အင်တာနေရှင်နယ်ဖီးချားမှာ ဆန်ခါတင်ဝင်ခဲ့ပြီး သူနဲ့အပြိုင်ကားက Drive My Car ဖြစ်နေတာကြောင့် ဆုမရသွားခဲ့တဲ့ The Worst Person in the World ကို သိကြမှာပါ။ The Worst Person in the World ရဲ့ ဒါရိုက်တာ Joachim Trier မှာ Oslo Trilogy ဆိုတဲ့ အော့စလိုမြို့နဲ့ဆက်စပ်နေတဲ့ ဘဝတို့အချစ်တို့အကြောင်း ရုပ်ရှင်သုံးကားရှိတယ်။ Reprise (2006), Oslo, August 31st (2011) နဲ့ The Worst Person in the World (2021) တို့ပါပဲ။ The Worst Person in the World (2021) ကို သဘောကျတဲ့လူတွေတော့ ဒီကားကို သဘောကျကြလိမ့်မယ်။ အကြောင်းအရာကတော့ The Worst Person in the World နည်းတူ ရိုးရိုးရှင်းရှင်းလေးပဲ။ သာမန်လူတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေအကြောင်းပဲ။ ဒီထက် ဘာမှပိုမပါဘူး။ တစ်ခုရှိတာက သူ့တင်ပြပုံက ရိုးရိုးရှင်းရှင်းလေးနဲ့ကို ဇာတ်ကောင်ရဲ့ မရေရာခြင်းနောက်ကနေ သေချာတဲ့ ခံစားချက်တစ်ရပ်ပေးသွားတယ်။ TWPitW နဲ့ မတူတာက Olso Trilogy ပီသအောင်ပဲ အော့စလိုမြို့က အမှတ်တရတွေ အော့စလိုမြို့ရဲ့အရိပ်တွေအကြောင်း ပြထားတယ်။ TWPitW နဲ့တူတာက ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက်အမြင့်ဆုံးအချိန်တွေကို အော့စလိုရဲ့ လှပတဲ့နေရာတွေနဲ့ အမြဲတွဲပြသွားတာပါပဲ။ Trier ရဲ့ တခြားကားတွေနဲ့မတူဘဲ Olso မှာ ပြင်သစ်ဒါရိုက်တာ Louis Malle ရဲ့ ၁၉၆၃မှာထွက်ခဲ့တဲ့ The Fire Within ဆိုတဲ့ ရုပ်ရှင်ကို နည်းနည်းမှီးထားသလို Homage လည်း ပေးထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုက Will o’ the Wisp ဆိုတဲ့ ပြင်သစ်စာအုပ်ကိုပဲ နည်းနည်းမှီးထားတယ်။ အဲဒီစာအုပ်ကတော့ သတ်သေဖို့ကြံထားတဲ့ အရက်စွဲနေတဲ့ စာရေးဆရာတစ်ယောက်က နောက်ဆုံးအနေနဲ့ သူနဲ့သူစိမ်းပြင်ပြင်ဖြစ်နေခဲ့တဲ့ သူချန်ရစ်ခဲ့တော့မယ့် ကမ္ဘာကြီးနဲ့လူတွေနဲ့ နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက် ပြန်ချိတ်ဆက်ကြည့်တဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က ဒီလိုအကြောင်းအရာကိုပဲ ဆေးသမားတစ်ယောက်နဲ့ အော့စလိုမြို့ကို ပြန်ပြောင်းဖော်ပြထားတယ်။ ပြောရရင် ဒီရုပ်ရှင်က သမုဒ္ဒရာထဲ စုန်းစုန်းမြုပ်တော့မယ့်လူတစ်ယောက်က နောက်ဆုံးကောက်ရိုးလေးတစ်မျှင်ကို လှမ်းဆွဲကြည့်ခဲ့တဲ့အကြောင်းပေါ့။ ~~~~~~~~~~~~~~~~~~ မီးငှက်တစ်ကောင်သေဆုံးခြင်း မီးငှက်တစ်ကောင် ပြန်ရှင်နိုင်ဖို့ အရင် သေပေးရသတဲ့။ ဒီကမ္ဘာမှာတော့ တိမ်အဝါတွေဟာ ပြန်မရှင်နိုင်တော့တဲ့ မီးငှက်တို့ရဲ့အတောင်ပံတွေ။ ဘဝဟာ အက်စကိုးဘားပဲ ဒန်းပေါ်ထိုင်ရင်း ဒီပရက်ရှင်ဝင်လိုက် ပိုက်ဆံတွေ မီးထည့်လှုံလိုက် အဆုံးကျတော့လည်း အရာရာဟာ ဘာမှမဟုတ်နေပြန်လိုက် ဒီလိုပဲ ငါတို့ရှင်ခဲ့ရတယ်။ ဒုက္ခဟာ ဖြစ်နိုင်ခြေနည်းတဲ့ ကမ္ဘာကြီးကြောင့်လား ကြိုးစားမှုနည်းတဲ့လူတွေကြောင့်လား ငါကတော့ ဖြစ်နိုင်ခြေနည်းတဲ့ကမ္ဘာကြီးပေါ်က ကြိုးစားမှုနည်းခဲ့တဲ့လူတစ်ယောက်ပါပဲ။ ရယ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ သူ့အတိုင်း ဒုက္ခမှာ ဒူပေနာပေခံလာတဲ့ လူတွေဟာ မနက်ဖြန်ဟာ ဒီလိုနေ့မျိုးပဲဆိုတာကို လိမ်လည်ပစ်လိုက်ကြတာပါပဲ။ ဘယ်အရာမှာ ငါ ရှင်နေလဲ ကောင်းကောင်းသိပေမဲ့ ဘယ်နေရာမှာ ငါ ရှင်နေလဲ မသိသေးဘူး အချစ်ရယ် မင်းကိုငါချစ်ပေမဲ့ ငါ့ကိုယ်ငါတောင် အနိုင်နိုင်ရယ်ပါ။ ။ ~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 735MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 2011
Oslo, August 31st
Flawless
6.7

ဒီကားလေးကတော့ IMDB 6.7/10 ရရှိထားတဲ့ Crime/Drama/Thriller ကားဟောင်းလေးဖြစ်ပြီး မင်းသမီးကြီး Demi Moore နဲ့ မင်းသားကြီး Michael Caine တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၆၀ ခုနှစ်များဆီက ဥရောပတစ်ခွင်မှာ အလုံခြုံဆုံးဆိုတဲ့၊ အတွင်းဘက်မှာ ကွန်ကရစ်တွေ၊ ကျောက်သားနံရံတွေနဲ့ ကာရံထားပြီး အပြင်ဘက်မှာ ၃ လက်မထု စတီးနံရံနဲ့ ဝန်းရံထားတဲ့ လန်ဒန်စိန်အဖွဲ့အစည်းကြီးရဲ့ အလုံပိတ်ခန်းထဲကနေ စိန် ၂ တန်စာလောက်ပျောက်သွားခဲ့ပါတယ်။ ပေါင် သန်း ၁၀၀ လောက်တန်ကြေးရှိတဲ့ စိန်တွေကို လုံခြုံရေးကင်မရာတွေ၊ သံမဏိနံရံတွေ၊ အစောင့်တွေ၊ အဆောက်အအုံရဲ့ ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကိုဖြတ်ပြီး ဘယ်သူက ဘယ်လိုပြောင်မြောက်တဲ့နည်းလမ်းနဲ့ ခိုးယူခဲ့လဲဆိုတာနဲ့ စိန်တွေကို ပြန်တွေ့အောင်ရှာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(866 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

6.7 2007
Flawless
Wet Monday Lany poniedzialek
5.8

Wet Monday (2024) IMDb Rating (5.4) ဒီ ရုပ်ရှင်ကားက ပိုလန်ရုပ်ရှင်ကား တစ်ကား ဖြစ်ပြီး သူ့ title က Wet Monday လို့ အဓိပ္ပာယ်ရပါတယ်။ Wet Monday ဆိုတာ ပိုလန်နိုင်ငံရဲ့ အီစတာ ပွဲတော်မှာ ကျင်းပတဲ့ရေကစားကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ မြန်မာမှာ သင်္ကြန်ကျင်းပသလို သူတို့ဆီမှာလည်း အရောင်စုံတဲ့ ဝတ်စုံတွေ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး လူပျို အပျို ကလေးတွေက တစ်ယောက်ကို တစ်ယောက် ရေဘောလုံးတွေနဲ့ ပစ်ကြ ရေပက်ကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ ဒီဇာတ်လမ်းကို Klara နဲ့ Marta တို့ ညီအစ်မ နှစ်ယောက်ရဲ့ ရေချိုးခန်းထဲက scene နဲ့ စထားပါတယ်။ အပြင်မထွက်ခင် အစ်မကြီး ဖြစ်တဲ့ Martaက ညီမ Klara ကို အလှပြင်ပေးနေတာပါ။ သူတို့ ညီအစ်မ နှစ်ယောက်က သူငယ်ချင်းအဖွဲ့နဲ့အတူ လျှောက်သွား လျှောက်ပျော်ပါးပြီး အိမ်ပြန်လာကြပါတယ်။ နောက်တစ်နေ့ မနက်မှာ ဘုရားကျောင်း တူတူသွားကြပြီး ဘုန်းတော်ကြီးရဲ့ ရေဖျန်းပြီး ကောင်းချီးပေးခံရတဲ့ အခါ Klara က ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Klara ကရေနဲ့ ထိမရအောင် ကြောက်လန့်နေခဲ့တာပါ။ ရေနဲ့ ထိတာနဲ့ သူ့အရေပြားတွေက ယားလာပြီး နောက်ဆုံး မေ့လဲသွားတာပါ။ ဒါက သူကြုံခဲ့ရတဲ့ မနှစ်က Wet Monday ပွဲတော်မှာစတင်ခဲ့တဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ဆိုးတစ်ခုကြောင့်ပါပဲ။ သူ့ စိတ်ဒဏ်ရာကို ကုသဖို့ စွမ်းအင်တွေ ကံကြမ္မာ အကြောင်း နားလည်တဲ့ သူငယ်ချင်း ဖြစ်သူ Diana က အကူအညီပေးခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:24:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leonie

Action • Romance • Drama
5.8 2024 84 mins
Wet Monday Lany poniedzialek
Bridge to Terabithia
7.2

Bridge to Terabithia (2007) IMDb Rating (7.2)/ Rotten Tomatoes (85%) နင့်နေအောင် ခံစားကြရတဲ့ ဒီရုပ်ရှင်ကားက စာရေးဆရာမ Katherine Paterson ရဲ့ အအောင်မြင်ဆုံးဝတ္ထုတွေထဲက တစ်ပုဒ်ဖြစ်ပြီး Walt Disney က ရုပ်ရှင်အဖြစ်ရိုက်ကူးခဲ့ပါတယ်… ရိုက်ကူးစရိတ် Budget $17 million သာ ကုန်ကျခဲ့ပေမယ့် Box office $137.6 million ထိပြန်လည်ရရှိခဲ့ပြီး Rating တွေလဲ ကောင်းမွန်ခဲ့တာမလို့ အဖက်ဖက်ကပြည့်စုံတဲ့ Drama,Family,Fantasy ကားလေးဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းလေးကတော့… ဂျက်စ်အရွန်း (Josh Hutcherson)ဆိုတဲ့ ၁၀ နှစ်သားအရွယ်ကောင်လေးဟာ ဆင်းရဲသားမိသားစုမှ ပေါက်ဖွားလာတာနဲ့အညီ ကျောင်းမှာရော အိမ်မှာပါ အနိုင်ကျင့်ခံရတဲ့ အထီးကျန်ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီကောင်လေးရဲ့ ဘဝထဲကို လက်စလီဘာ့ခ် (AnnaSophia Robb) ဆိုတဲ့ ဘေးအိမ်က ကောင်မလေးတယောက် ဝင်ရောက်လာတာကနေစလို့ လုံးဝပြောင်းလဲသွားပါတော့တယ်…. ဂျက်စ်က ပုံဆွဲဝါသနာပါပြီး လက်စလီက စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးဖြစ်တော့ သူတို့နှစ်ယောက်ဟာ လက်ရှိကမ္ဘာကနေရုန်းထွက်ပြီး “တီရာဘီသီးယား” (Terabithia) ဆိုတဲ့ စိတ်ကူးယဉ်နိုင်ငံတစ်ခုကို ဖန်တီးလိုက်ကြပါတယ်… သူတို့နှစ်ယောက်ဟာ အဲ့ဒီ Terabithia မှာ ဘုရင်တွေ စွမ်းအင်တွေ သတ္တဝါကြီးတွေ ထူးဆန်းတဲ့အရာတွေကို ဖန်တီးပြီးတော့ စွန့်စားခန်းတွေထွက်ကြပါတော့တယ်။ ဒီလိုစိတ်ကူးယဉ်ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးကြားမှာ အလွန်စိတ်ထိခိုက်ဖွယ်အဖြစ်အပျက်တစ်ခုဝင်လာတဲ့အခါမှာတော့………။ Terabithia ဆိုတာ ကလေးတွေရဲ့စိတ်ကူးထဲကနေရာလို့ ပြသထားပေမယ့် တကယ်တော့ လက်တွေ့ဘဝရဲ့စိန်ခေါ်မှုတွေ(ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်း၊ မိသားစုပြဿနာများ) စတဲ့အရာတွေကို ညွှန်းဆိုထားတာ တွေ့ရမှာပါ။ ဒီရုပ်ရှင်ကားက စိတ်ကူးယဉ်ခြင်းရဲ့ အရေးပါမှု၊ မိတ်ဆွေစစ်စစ်တန်ဖိုး၊ ကိုယ်ပိုင်ယုံကြည်မှု၊ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ ခံစားချက်တွေကိုရင်ဖွင့်ရဲမှုနဲ့ ဆုံးရှုံးခြင်းတွေကိုရင်ဆိုင်နိုင်မှု စသည်ဖြင့် အဖက်ဖက်ကနေ သင်ကြားပြသသွားခဲ့တဲ့ ကလေးရော လူကြီးပါမကျန် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Animation • Family • Fantasy
7.2 2007 96 mins
Bridge to Terabithia