YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Maestro in Blue (2022) S01EP02 WEB-DL,1080p,5.1CH(CM).mp4

775.66 MB 1080p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Go Goa Gone
5.7

အခုတစ်ခါတင်ဆက်ပေးမယ်ကားလေးကတော့ မင်းသားကြီးဆေ့ဖ်အလီခန်းနဲ့ Lootcase 2020 မင်းသားကူနားတို့ သမီးယောက်ဖနှစ်ဦးရဲ့ဟာသအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အိန္ဒိယရူပီ ၁၉.၄သန်း (ကန်ဒေါ်လာ ၂.၄သန်း) အထိအမြတ်ရခဲ့တဲ့ ၂၀၁၃ခုနှစ်က ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဟာဒစ် လဗ် ဘန်နီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိတယ်..ဟာဒစ်နဲ့လဗ်က အတိုင်အဖောက်ညီတဲ့ ဆိုးဖေါ်ဆိုးဖက်တွေဖြစ်ပြီး ဘန်နီကတော့ အမြဲဒုက္ခခံပေးနေရရှာတဲ့ ရိုးသားကြိုးစားတဲ့ကောင်လေးပေါ့။ တစ်ရက်တော့ သူတို့သုံးယောက်ဟာ လောကဓံရဲ့ရိုက်ခတ်ကြားမှာ ယက်ကန်ယက်ကန်နဲ့ ရုရှားမာဖီးယားဦးဆောင်ပြီးကျင်းပပေးတဲ့ ပါတီပွဲတစ်ခုမှာ အပီကဲဖို့ ဝေးလံခေါင်သီတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ သူတို့တွေ အပီကဲပြီး နောက်တစ်နေ့မှာတော့ လူတွေဟာ မူးယစ်ဆေးတစ်မျိုးသုံးစွဲမှုကြောင့် အသိစိတ်မရှိကြတော့ဘဲ အချင်းချင်းကိုက်ဖြတ်စားသောက်လာခဲ့ပါတော့တယ်။ အလွဲလွဲအချော်အချော်နဲ့ ဒီသူငယ်ချင်းသုံးယောက်ဟာ ဒီမရဏကျွန်းပေါ်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဟာသလေးနှောပြီးကြည့်ရဦးမှာမို့ ရှုစားတော်မူကြပါဦးနော်။ File size…2.58GB / 1.14GB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Fantasy • Mystery • Romance • Science Fiction
5.7 2013 111 mins
Go Goa Gone
Discontinued
4.9

~ Rotten Tomatoes - 89% ~ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့ အနာဂတ်မျိုးနွယ်စုတစ်ခုက ဖန်တီးကြိုးကိုင်ထားတဲ့ Simulated Reality တစ်ခု ဖြစ်နေမယ်လို့ တွေးဖူးကြတယ်မလား.. အနာဂတ်လူသားတွေဟာ Variables တွေ ပြောင်းလဲသွားရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို စမ်းသပ်ဖို့ Simulation ဘီလျံပေါင်းများစွာ ဖန်တီးခဲ့ပြီးတော့ ကျွန်တော်တို့ကမ္ဘာဟာ အဲဒီဘီလျံပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်တယ်။ ဒီကမ္ဘာကြီးက တကယ်ပဲ Simulated Reality ဖြစ်တယ်ဆိုတာကို အဆိုပါ Creators တွေက လူသားအားလုံးကို အသိပေးလိုက်တယ်။ ပြဿနာက အဲဒီ Simulation ကြီးက တစ်ပတ်အတွင်း ရပ်တန့်သွားတော့မှာ။ Creators တွေက လူသားတွေအတွက် ရွေးချယ်စရာ ၂ခုပေးတယ်။ မင်းတို့သိခဲ့ဖူးတဲ့ လူတွေအားလုံးနဲ့ အရာအားလုံး မရှိတော့ပဲ လူက ထိန်းချုပ်စရာမလိုတဲ့ ဒီကမ္ဘာကြီးထဲမှာ ဆက်ပြီး ရှင်သန်ဖို့ကြိုးစားမလား ဒါမှမဟုတ် ရှုပ်ထွေးနက်နဲတဲ့ သိမှုတွေ မရှိတော့ဘဲ မင်းဘဝရဲ့ အကောင်းဆုံး အမှတ်တရ ၅ခုပဲ သိထားပြီး အေးချမ်းနေမယ့် ပျော်စရာနိဗ္ဗာန်ဘုံအသစ်တစ်ခုဆီ ပြောင်းမလား... တသက်လုံးနေထိုင်လာခဲ့တဲ့ ကမ္ဘာကြီးက Simulation ကြီးဖြစ်နေတာ သိလိုက်ရတော့ လူတိုင်းနီးပါးက စိုးရိမ်ကြောင့်ကြမှုဖြစ်ခဲ့ကြပေမယ့် ဆာရာက စိတ်အေးသွားရတယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးကို အဆင့်မြင့်လူသားတွေက ထိန်းချုပ်နေတာဖြစ်လို့ သူလုပ်မိခဲ့တဲ့ အမှားတွေက သူ့ကြောင့်မဟုတ်ပဲ Creator တွေကြောင့်ပဲဆိုတာ နားလည်သွားလို့ သူ့မှာ ဘာ Guilty မှ မရှိတော့ဘူး။ ကမ္ဘာကြီးမှာ ဆက်နေမယ်ဆိုရင် ဒီကမ္ဘာကို ဖျားနာအောင်လုပ်နေတဲ့ Toxic လူတွေလဲမရှိတော့ အေးအေးချမ်းချမ်းနဲ့ ဆက်လက်ရှင်သန်နိုင်မယ်။ ထွက်သွားမယ်ဆိုရင်လဲ ပျော်စရာအမှတ်တရ ၅ခုပဲရှိမယ့် အတိသုခဘုံထဲက သိမှုလေးနဲ့ ဘာအာရုံနောက်စရာမှ ရှိတော့မှာမဟုတ်ဘူးပေါ့… ခင်ဗျားဆိုရင်ရော ဘာကိုရွေးချယ်မလဲ... ဆာရာကရော ဘာကိုရွေးချယ်မယ်ထင်လဲ... ဆာရာရဲ့ ရွေးချယ်မှုက တကယ်ပဲ သူထင်သလို ဖြစ်ရဲ့လား... ကမ္ဘာကြီးကရော ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ... ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 790MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 31Min Genre - Comedy, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Crime • TV Movie • Thriller
4.9 2022 92 mins
Discontinued
Special Delivery
7

ခေါင်းစဉ်အတိုင်းပဲ စပယ်ရှယ်ပို့ဆောင်ရေးလုပ်ပေးတဲ့ လုပ်ငန်းငယ်လေးတစ်ခုပါပဲ... စာတိုက်တွေ၊ ပို့ဆောင်ရေးကုမ္ပဏီတွေက လက်မခံတဲ့ ပစ္စည်းတွေအပါအဝင် အရာရာတိုင်းကို ပို့ဆောင်ပေးတဲ့ လုပ်ငန်းလေးပါ ဂျန်အွန်းဟာကတော့ အဲပို့ဆောင်ရေးလုပ်ငန်းမှာလုပ်တဲ့ အောင်မြင်မှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ပရိုပို့ဆောင်ရေးဒရိုက်ဘာပါ မိန်းကလေးဆိုပြီး အထင်သေးတဲ့သူတွေကို ပညာအစွမ်း ပါဝါတွေထုတ်ပြတတ်သူလေးပါပဲ အဲလိုအွန်းဟာက သူဌေးလက်ခံလိုက်တဲ့ အလုပ်တစ်ခုကြောင့် ဆိုးလ်အထိတက်သွားခဲ့ပေမဲ့ ထင်သလိုအဆင်မပြေဘဲ သောင်တင်သွားပါတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်မလဲ ကျွန်မတို့ရဲ့ ဂျက်ဆီကာ လို့သိကြတဲ့ Park So Dam ကနေ ဂျန်အွန်းဟာဆိုတဲ့ ကာရိုက်တာနဲ့ တစ်သားတည်းဖြစ်အောင် ဘယ်လိုတွေသရုပ်ဆောင်ပြသွားသလဲ Crime Action အမျိုးအစားဆိုပေမဲ့ ကိုရီးယားရဲ့ သဘာဝအတိုင်း ဖယ်ထားလို့မရတဲ့ Comedy နဲ့ Drama အပျော့စားလေးကိုပါထည့်ပြီး ခံစားကြည့်ရှုပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။ Genre.....Action, Crime, Thriller Quality….WEB-DL 1080p and 720p and 360p File size…1.5GB and 780MB and 300MB Format…mp4 Duration….1h 49min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August

Science Fiction • Thriller
7 2022 109 mins
Special Delivery
A Bad Moms Christmas
6.3

ခရစ်စမတ်လဲနီးပြီဆိုတော့အားလုံးနဲ့မစိမ်းတဲ့ ဒရမ်မာဟာသခရစ်စမတ်ကားလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ် ရုသ်ဆိုတာကတော့ သမီးဘာလုပ်လုပ်အကောင်းမမြင်ပဲ အမြဲတမ်းပြီးပြည့်စုံတာကိုပဲလိုချင်တဲ့ အမေ ခရစ်စမတ်ကိုပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းချင်တဲ့သမီးအေမီ သူတို့နှစ်ယောက်ခရစ်စမတ်ပွဲတော်အတွက်ပြင်ဆင်ကျတဲ့အခါ..... ဆန်ဒီဆိုတာကတော့ သမီးကိုမျက်လုံးထဲမှာကလေးတစ်ယောက်အဖြစ်သာမြင်နေပြီး အရာရာအကုန်သမီးနဲ့ဆင်တူတွေလိုက်လုပ်တဲ့အမေ အိမ်ထောင်ကျပြီးကလေးတွေနဲ့နေနေတဲ့ကိကိကတော့ သူ့အမေအဲဒီလိုလုပ်တာကိုသဘောမကျတဲ့အချိန် ခရစ်စမတ်ကိုသူနဲ့အတူနေဖို့သူ့အမေရောက်လာတဲ့အခါ.... အိုင်းစက်ဆိုတဲ့အမေကတော့ သူ့သမီးဆီပိုက်ဆံလိုမှပြန်ပြန်လာတောင်းတက်တဲ့အမေပေါ့ သူ့သမီးကတော့အမေနဲ့အတူအချိန်တွေအတူတူကုန်ဆုံးချင်ပြီး အတူနေဖို့ဆန္ဒရှိတဲ့သမီးတစ်ယောက် ဒီနှစ်ခရစ်စမတ်မှာလဲသူ့သမီးဆီပိုက်ဆံပြန်လာတောင်းတဲ့အခါ..... သမီးနဲ့အမေကြားက ဖွင့်မပြောဖြစ်ကျတဲ့စကားတွေနဲ့ပေါက်ကွဲထွက်လာကျတဲ့အခါမှာ.... မိသားစုသုံးစုရဲ့မတူညီတဲ့ပြဿနာတွေကို ဟာသတွေနဲ့ရိုက်ကူးထားတဲ့ခရစ်စမတ်ကားကောင်းလေးတစ်ကားပါ File Size : ( 980 MB , 367 MB ) Quality :  Web-DL 720p Running Time : 1 hr 44 min Format : Mp4 Genre :   Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phue Encoded by Moe Myint Lwin

Comedy • Drama
6.3 2017 104 mins
A Bad Moms Christmas
Mechanic: Resurrection
6

လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။ အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း အားဖြည့်ပါဝင်ပါတယ်။ Fantastic Four ဇာတ်ကားတွေထဲက ကိုယ်ပျောက်လူသားမလေးအဖြစ်ရယ်၊ The sleeping Dictionary ထဲက ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကို လှစ်ဟပြခဲ့တဲ့ မင်းသမီးလေးဆိုရင်ဖြင့် မှတ်မိကြပါလိမ့်မယ်။ Michelle Yeoh လည်း ပါသေးတယ်နော်။ ဇာတ်လမ်းအကျဉ်းကတော့ လုပ်ကြံရေးသမားဘဝကနေ အနားယူပြီး ဘရာဇီးမှာ ဇာတ်မြှုပ်နေတဲ့ ဘစ်ရှော့ပ် ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကနေ သူ့ဘဝကို ဖော်ကောင်လုပ်သွားတာကနေ စတင်ပါတယ်။ သူ့အ‌ကြောင်းကိုသိတဲ့ သူ့ရန်သူက အရည်အချင်းရှိတဲ့ ဘစ်ရှော့ပ် ကို အသုံးချပြီး ရန်သူတွေကို ရှင်းပစ်ချင်တာပါ။ သူတို့နှစ်ယောက်ကလည်း ကျောင်းတော်ကရန်စနဲ့ ကမ္ဘာမကြေ ရန်သူတော်နှစ်ပါးပေါ့။ ငယ်ငယ်က ‌ရန်စကိုလည်း လက်စားချေရင်း၊ သူ့လုပ်ငန်းအတွက်လည်း အသုံးလည်းချရင်း တစ်ချက်ခုတ်ပြီး နှစ်ချက်ပြတ်ချင်တဲ့ ခရိန်း ရယ်၊ ကြားထဲက ဘာမဆိုင် ညာမဆိုင် ညပ်ပါလာတဲ့ မိန်းမလှလေး ဂျီနာ ရယ်၊ လုပ်ကြံရေးသမားဟောင်းကြီး ဘစ်ရှော့ပ် ရယ်တို့ ဉာဏ်ကိုလွှာသုံးပြီး တစ်ယောက်နဲ့တစ်ယောက် အနိုင်ကြဲကြပုံတွေ ရှုစားရဖို့ရှိကြောင်းပါခင်ဗျာ။ File size…(4GB) /(1.5 GB) / (1.1 GB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….01:38:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Adventure • Science Fiction
6 2016 98 mins
Mechanic: Resurrection
Matilda
6.9

Matilda (1996) Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ် မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။ မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ အသက်၂နှစ်ကတည်းက ဘယ်သူမှမသင်ဘဲ စာ​ရေးတတ် ဖတ်တတ်​နေသလို အသက်၄နှစ်မှာ မိဘ​တွေမသိ​​အောင် စာကြည့်တိုက်ကို ခိုးသွားပြီး က​လေးစာအုပ်​တွေသာမက သုတရသစာအုပ်​တွေပါ ထုံးလို​မွှေ ​ရေလို​နှောက် ဖတ်နိုင်တဲ့ ​တောက်မည့်မီးခဲ တရဲရဲ​လေး​ပေါ့ ။ ဉာဏ်ကြီးရှင် ဖြစ်သလို ဟာသဉာဏ်ကလည်း ရွှင်​လေ​တော့ သူ့ကိုစိတ်ဒုက္ခမျိုးစုံ​ပေးတဲ့ မိဘ​တွေကိုပါ မထင်ရင် မထင်သလို trollတတ်ပါ​သေးတယ်။ ဒီလိုပါရမီရှင်​လေးကို ထိန်းမနိုင်​တဲ့အဆုံး ​ကျေးဇူးရှင်​ဖေ​ဖေနဲ့ ​မေ​မေခမျာ မတေးဒါကို ​ငါ့လက်ကလွတ် ကျွတ်ဆိုပြီး ​ကျောင်းထား​ပေးလိုက်ပါတယ်။ ​မွေးလာကတည်းက ​ဆရာကြီး​တွေနဲ့​တွေ့လာတဲ့ မတေးဒါ​ဟာ ​​ကျောင်းမှပဲ ဆရာ့ဆရာကြီးနဲ့ သွား​တွေ့ပါ​တော့တယ်။ အ​ပေါက်ကဆိုး အ​ပြောကကြမ်း လက်သံက​ပြောင်၊ အိုလံပစ် သံလုံးပစ် လှံတံပစ် ပြိုင်ပွဲဝင်​ဟောင်းဖြစ်တဲ့ ​ကျောင်းအုပ်ကြီး မစ်ထရန့်ချ်ဘူးက မတေးဒါ​လေးကို ​ဆီးကြို​နေတာပါ။ ကျောင်းအုပ်ကြီးလက်​အောက်မှာပဲ မစ်ဟန်နီဆိုတဲ့ သ​ဘောမ​နော​ကောင်း စိတ်သ​ဘောထားဖြူစင်တဲ့ ဆရာမ​​လေးတစ်​ယောက်လည်း ရှိ​နေပါတယ်။ မတေးဒါ​က ဆရာမ​လေးကို ခင်တွယ်သလို ဆရာမကလည်း မတေးဒါကို အရမ်းချစ်ပါတယ်။ ဒါ​ပေမဲ့ဆရာမ​လေးမှာ ​ကျောင်းအုပ်မစ်ထရန့်ချ်ဘူးနဲ့ ဆိုးရွားတဲ့ အတိတ်ဇာတ်​ကြောင်း​တွေ ရှိ​​နေတာ​​ကြောင့် မတေးဒါ​လေးဟာ သူချစ်တဲ့ဆရာမ​လေးကို ကူညီဖို့ ​ကျောင်းအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Family, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 893MB | 280MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August

Crime • Thriller
6.9 1996
Matilda
The Samejima Incident
4.8

Samejima incident (2021) ကျိန်စာရဲ့နာမည်ကိုကြားရုံသိရုံနဲ့ ကျိန်စာမိပြီး သေပွဲဝင်ရနိုင်တဲ့ ကျိန်စာတစ်ခုအကြောင်းရိုက်ကူးထားတဲ့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ဖြစ်တာမို့ ဂျပန်သရဲကားကြိုက်တဲ့ ပရိတ်သတ်တွေအကြိုက်ဖြစ်မှာပါ။ ၂၀၂၀မှာ ကိုရိုနာဗိုင်းရပ်စ်တွေလည်း တော်တော်ပြန့်နှံ့နေတာမို့ လူတွေလည်း အလုပ်အကိုင်ရှာမရဘဲ အိမ်မှာပဲနေနေကြရပါတယ်။ တိုကျိုမှာနေတဲ့ “နာနာ” ဆိုတဲ့ ဘွဲ့ရခါစကောင်မလေးက အိမ်မှာပဲနေရင်း သူ့သူငယ်ချင်းတွေနဲ့ Zoomကနေ ဗီဒီယိုကောခေါ်ပြီး အရက်သောက်တဲ့ပါတီလုပ်ကြပါတယ်။ Zoom အရက်သောက်ပါတီ လုပ်နေတုန်းမှာပဲ ထူးဆန်းတဲ့ဖြစ်ရပ်တွေ စတင်လာပါတယ်။ သူတို့ပါတီထဲက အယုမိကောင်မလေးတစ်ယောက်ကထူးဆန်းတဲ့ကျိန်စာတစ်ခုမိပြီး သေဆုံးနေခဲ့တာပါ။ အယုမိရဲ့ကောင်လေးဖြစ်သူက အယုမိဖုန်းနဲ့ Zoomထဲကိုဝင်လာပြီး ဒီကျိန်စာရဲ့နာမည်ကို ပြောလိုက်ပါတယ်။ ဒါ့ကြောင့် ပါတီထဲမှာရှိနေတဲ့လူအားလုံးလည်း ကျိန်စာမိသွားခဲ့ပါတယ်။ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်သေဆုံးလာပြီး ပါတီထဲကလူတွေက အပြင်လောကနဲ့လည်းဆက်သွယ်လို့မရခဲ့ပါဘူး။ မသေဘဲကျန်ခဲ့တဲ့သူတွေက အသက်ရှင်ဖို့အတွက် ဒီကျိန်စာပြေမဲ့နည်းလမ်းကိုရှာပြီး လွတ်မြောက်အောင်ကြိုးစားကြရမှာပါ။ ဒီကျိန်စာရဲ့နောက်ကွယ်ကဖြစ်ရပ်နဲ့ အရက်သောက်ပါတီထဲကလူတွေ ဘယ်လိုဆက်စပ်သွားလဲဆိုတာတော့ ရုပ်ရှင်ထဲမှာဆက်လက်ရှုစားလိုက်ကြပါဦး။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__4.8/10 Format__mp4 Duration__01:25:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama • Romance
4.8 2020 80 mins
The Samejima Incident
The Unborn Soul
5.3

The Unborn Soul (2023) ဗီယက်နမ် Horror ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Horror ဆိုပေမယ့် ဒရာမာကားကောင်းကောင်းတစ်ကားလို ဇာတ်လမ်းအချိတ်အဆက်မိမိ တင်ပြထားတာမို့ တစ်ကားလုံး ပျင်းမနေဘဲ အဆုံးထိ ကြည့်မိမယ့်ကားမျိုးပါပဲ။ အမျိုးသမီးဇာတ်ကောင် ၃ ယောက်ရဲ့ ဆက်နွယ်မှုတွေကို တင်ပြရင်းနဲ့ ဒီဇာတ်လမ်းက ပုံပေါ်လာမှာပါ။ ပထမဆုံးအမျိုးသမီး “ထောင်”ကတော့ ယောက်ျားဖြစ်သူနဲ့အတူ ကလေးရဖို့အတွက် လေးနှစ်တောင်စောင့်ဆိုင်းခဲ့ရသူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ အတိတ်က မကောင်းမှုတွေကြောင့် သူ့အိမ်မှာ သန္ဓေသားဘဝနဲ့ သေဆုံးရတဲ့ကလေးသရဲကပ်ပြီး ဒုက္ခရောက်တော့တာပါပဲ။ ဒုတိယအမျိုးသမီး “ဖွန်း” ကတော့ ကိုယ်ဝန်ဖျက်ချတဲ့ဆေးခန်းက ဆရာဝန်ပါ။ တစ်ဖက်မှာ သူတစ်ပါးကလေးအသက်သတ်နေရပေမဲ့ တစ်ဖက်မှာတော့ သူ့ရဲ့သားလေး မင်းကို အသက်ဆက်ရှင်‌နိုင်အောင် ကြိုးစားနေရတာပါ။ သားအတွက် ဆေးဖိုးရှာနိုင်အောင် ကိုယ်ဝန်ဖျက်ချရတဲ့ ဖွန်းတစ်ယောက် လိပ်ပြာလုံလုံနဲ့ လုပ်နိုင်ပါ့မလား။ တတိယအမျိုးသမီးကတော့ နတ်မိမယ်လေးမိဘမဲ့ဂေဟာက အမျိုးသမီးပါ။ မိဘမဲ့တွေကို စောင့်ရှောက်ရတာအပြင် ကိုယ်ဝန်ဖျက်ချပြီးထွက်လာတဲ့ သန္ဓေသားအလောင်းတွေကို ကောင်းရာမွန်ရာမှာ မြေမြှုပ်ရင်းနဲ့ အောက်ဆိုက်ရှာနေရတဲ့သူပေါ့။ သူ့ရဲ့အကြောင်းအရာကရော ဘယ်လိုဆက်ဖြစ်မလဲ။ ဒီအမျိုးသမီးသုံးယောက် ဘယ်လိုဆက်စပ်နေမလဲ။ သန္ဓေသားသရဲတွေနဲ့ သူတို့သုံးယောက်ရဲ့ ပတ်သက်ဆက်နွှယ်ပုံက ဘယ်လိုလဲဆိုတာကိုတော့ ဒီကားထဲမှာ ဆက်လက်စောင့်ကြည့်ပေးပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre….. Drama, Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 668MB | 338MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xing Egg Encoder ….. Aaron

5.3 2023
The Unborn Soul
It’s All My Fault

It’s All My Fault (2022) ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။ တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။ သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း မိခင်ဆီပြန်နိုင်ဖို့ ငွေကူစုပေးခဲ့တာပါ။ ဒီလိုနဲ့ ငွေအတန်အသင့်ရလာလို့ မျှော်လင့်ချက်တွေရှိလာပေမဲ့ ယုတရဲ့ ကံကြမ္မာက သူ့ရဲ့တည်ရှိမှုကိုက အမှားတစ်ခုဖြစ်နေတယ်လို့ သတ်မှတ်လိုက်ချင်စရာဖြစ်နေတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 965MB Quality – 1080p, 720p Format – mp4 Duration – 2H 1Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

0 2022
It’s All My Fault
High Life
5.8

High Life (2018) ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။ IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။ (18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။ Official rating ကလည်း R ဖြစ်ပါတယ်။) ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ် သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။ တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊ အမျိုးသမီးတွေထဲကိုထည့် ကိုယ်ဝန်ရအောင်လုပ်၊ အာကာသထဲမှာ ကလေးမွေးပြီးတော့ စမ်းသပ်ချင်တာပါ။ အဲလိုစမ်းသပ်ရာကနေ ကလေးတစ်ယောက်မွေးခဲ့ပေမယ့် ယာဉ်ပေါ်မှာ သမီးလေးနဲ့ မွန်တီ(ရောဘတ်ပက်တင်ဆန်)တို့ နှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး ရှင်သန်နိုင်ဖို့ ရုန်းကန်ရပုံတွေကို မွန်းကြပ်ပြီး ရင်တမမနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Mystery, Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 668MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

TV Movie • Comedy • Romance
5.8 2018 113 mins
High Life
Chinese Zodiac
6

ဂျက်ကီချန်းရဲ့ ၂၀၁၂ က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမယ့် ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ် ဂျက်ကီချန်းအနေနဲ့ “စတန့်အများဆုံး” နဲ့ “ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး” ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ ရုပ်ကို ခိုးသွားခဲ့ပါတယ် မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀ ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ် ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ Coco ရှိတဲ့ ပဲရစ်ကို ရောက်လာခဲ့ပြီး ကြေးခေါင်းတွေပိုင်ထားတဲ့ ပြင်သစ်သူလေး ကတ်သရင်းရဲ့ စံအိမ်ကိုပါ ရောက်သွားပါတယ် ဒီကနေ သူတို့တွေလူစုပြီး ကျွန်းတစ်ကျွန်းပေါ်မှာ ရွှေတုံးတွေရှာတဲ့ဇာတ်လမ်းနဲ့ ကြေးခေါင်းအရှုပ်တော်ပုံ စွန့်စားခန်းတွေကို တစ်ဝကြီးခံစားရမှာဖြစ်ပြီး… နာမည်ကြီးကားမို့လို့ ကြည့်ပြီးသားဆိုတဲ့ သူတွေကိုလည်း နောက်တစ်ခေါက် ပြန်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:49:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Animation • Family • Comedy • Adventure
6 2012 122 mins
Chinese Zodiac
You and Me / Ikaw At Ako
6.8

You and Me (2023) ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊ သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက် အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊ တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲ အတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊ အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်… Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 580MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

6.8 2023
You and Me / Ikaw At Ako
Santocielo
5.7

Santocielo (2023) Genre – Comedy အီတလီ ဟာသမင်းသားကြီးနှစ်ယောက် ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင် သရုပ်ဆောင်ထားကြတဲ့ ဘာသာရေးဆိုင်ရာ ဟာသရုပ်ရှင်လေး ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဘုရားသခင်ဆီကို ရောက်လာတဲ့ ဆုတောင်းစာတွေကို အမျိုးအစားခွဲခြားပြီး ဖိုင်စီရတဲ့ တမန်တော်တစ်ယောက် ကိုယ့်အလုပ်ကိုယ် ငြီးငွေ့စပြုနေပါပြီ။ တစ်ရက်ကျ နတ်သဘင်အစည်းအဝေး ကျင်းပကြပါတော့တယ်။ အဓိကအကြောင်းအရာ Agenda ကတော့ လူသားမျိုးနွယ်ကို သောက်မြင်ကပ်နေကြတဲ့ အဖွဲ့က တစ်မျိုးလုံး အပျောက်ဖျောက်ကြဖို့ တောင်းဆိုကြပြီး ကျန်တဲ့တစ်ဖက်ကတော့ အရင်ခေတ်တုန်းက ကယ်တင်ရှင်ယေရှုခရစ်တော် လွှတ်ခဲ့သလိုမျိုး စေလွှတ်ပြီး ကယ်တင်ဖို့ တောင်းဆိုကြပါတယ်။ ဘုရားသခင်လည်း ကြားထဲက ဗျာများနေတာကြောင့် Voting စနစ်နဲ့ မဲပေးခိုင်းတဲ့အခါမှာတော့ ကယ်တင်ဖို့ တစ်မဲတည်းနဲ့ အသာရပြီး လူသားအမျိုးသမီးဗိုက်ထဲကို ဘုရားသခင်ရဲ့သားတော် သန္ဓေတည်စေဖို့ တမန်တော်တစ်ယောက် စေလွှတ်ရမယ်ပေါ့လေ။ အဲဒီမှာ သူ့အလုပ်သူ ပျင်းရိနေတဲ့ ဆရာသမားက သူသွားမယ်ဆိုပြီး ကမ္ဘာပေါ်ကိုရောက်လာကာ Mission တွေလုပ်ထည့်တာ လူသားတွေကောင်းမှုနဲ့ အရက်မူး သောက်ပရမ်းပတာတွေဖြစ် ပစ်မှတ်လွဲချော်ပြီး အမျိုးသမီးဗိုက်ထဲ မထည့်နိုင်တော့ပဲ ယောက်ျားကြီးတစ်ယောက်ရဲ့ ဗိုက်ထဲ ဖြစ်သွားတဲ့အခါမှာတော့…..။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်)

Drama • History • War • Action
5.7 2023
Santocielo
Mountain Guardians
5.8

မင်ကော်ခေတ် အစပိုင်းမှာ နေရာတကာ စစ်ဖြစ်နေပြီး မိစ္ဆာမကောင်းဆိုးဝါးတွေအများအပြား ရှိနေပါတယ်။ ဂျပန်က တရုတ်နယ်မြေကို ကျူးကျော်မှုအရှိန်မြင့်နေချိန်လည်း ဖြစ်ပါတယ်။ ဂျပန်ယင်းယန်ဆရာက လျှို့ဝှက်တာဝန်တစ်ခုကို ထမ်းဆောင်နေပြီး ယဉ်ကျေးမှုမျှဝေမယ်လို့ ဆင်ခြေပေးပြီး တရုတ်ပြည်တွင်းကို ကြိုတင်ဝင်လာခဲ့ပါတယ်။ သူတို့အကြံအစည်ကတော့ တရုတ်ပြည်က နဂါးကြောကို ရှာပြီး တရုတ်နိုင်ငံရဲ့ ဖုန်းရွှေကို ဖျက်ဆီးပြီးနောက် နောက်ပိုင်း ကျူးကျော်ရေးအတွက် လမ်းခင်းထားဖို့ ဖြစ်ပါတယ်။ ဦးလေးချီးက ဂျပန်ယင်းယန်ဆရာရဲ့ အကြံအစည်ကို သိပြီး နဂါးကြောကို အသက်ပေးကာကွယ်ဖို့ လုပ်ပါတော့တယ်။ ဂျပန်တွေရဲ့ ယုတ်မာမှုက လူများစွာကို အန္တရာယ်ဖြစ်စေတဲ့အခါ…… ဦးလေးချီးကရော ဘယ်လို တန်ပြန်တိုက်ခိုက်မလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

Science Fiction • Fantasy • Adventure
5.8 2024
Mountain Guardians
The Tooth and the Nail
7

The Tooth and the Nail (2017) ****************************** 2017 ခုနှစ်မှာ ပြသခဲ့ပြီး Thriller Mystery အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လေးမှာတော့ Ko Soo, Kim Ju Hyeok, Park Sung Woong, Moon Sung Geun နဲ့ မင်းသမီး Lim Hwa Youngတို့လို နာမည်ကြီး မင်းသား မင်းသမီးတွေက အဓိကပါဝင်ထားကြပါတယ်။ ဂျပန်ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးရပြီးစကာလ ငွေစက္ကူအတုဖြန့်ချီမှု များပြားတဲ့ကာလကို နောက်ခံထားရိုက်ကူးထားပြီး မှုခင်းအကြောင်းအရာပါတဲ့ ဇာတ်လမ်းမို့ သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့.. အီဆော့ဂျင်ဟာ ငယ်ငယ်ကတည်းက ဆက်ကပ်မှာရောင်းစားခံရပြီး ကြီးပြင်းလာတဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ပဟေဠိဆန်တဲ့ မိန်းမလှလေး ဂျောင်ဟာယောင်းနဲ့ ချစ်ကျွမ်းဝင်ပြီး လက်ထပ်ခဲ့ကြပါတယ်။ ခြေဦးတည့်ရာလျှောက်သွားရင်း ဖျော်ဖြေရတဲ့ ဖျော်ဖြေရေးသမားမို့ ဂျောင်ဟာယောင်းရဲ့ မွေးရပ်မြေဖြစ်တဲ့ ဘူဆန်ကိုပြန်ပြီး ဖျော်ဖြေဖို့ သွားတော့တယ်။ ဒါပေမဲ့ ဘူဆန်ကိုပြန်ရောက်တဲ့အခါ အိုကာမိုထို ရှီဂယ်ရူလို့ခေါ်တဲ့ လူဆီကနေ စာတစ်စောင်ရရှိပြီးနောက် ဇနီးဖြစ်သူ ဂျောင်ဟာယောင်းက အသတ်ခံလိုက်ရတဲ့အခါ.. ဇနီးဖြစ်သူအသတ်ခံရတာက ငွေစက္ကူအတုလုပ်တဲ့ကြေးပြားတွေနဲ့ ဆက်စပ်နေမှန်း သိသွားပြီးနောက် အီဆော့ဂျင်ဟာ အိုကာမိုထို ရှီဂယ်ရူကို လိုက်ရှာပြီး ကလဲ့စားချေဖို့ ဆုံးဖြတ်လိုက်ပေမဲ့… ငွေကြေးချမ်းသာပြီး အဆက်အသွယ်များတဲ့ အိုကာမိုထိုအနားကို သာမန်မျက်လှည့်ဆရာလေးက ဘယ်လိုချဥ်းကပ်ပြီး လက်စားချေသွားမလဲ..။ ဂျောင်ဟာယောင်းရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ..။ ကြေးပြားတွေကိုရော ပြန်ရှာတွေ့နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ရ‌အောင်နော်။ File size…1.16GB / 500MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre …..Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary

7 2017 109 mins
The Tooth and the Nail