YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mae Bia.zip

12.08 GB N/A application/x-zip-compressed 508 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Love at First Stream
5

ကျွန်တော်တို့ အခုလက်ရှိမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ pandemic ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ အဘက်ဘက်က ဆုတ်ယုတ်မှုတွေ ဖြစ်ခဲ့ ဖြစ်နေဆဲ ဖြစ်ပေမယ့် ဒီကာလမှာ အရင်ကထက် ပိုလို့ အသုံးကျယ်ပြန့်လာတဲ့ အရာတစ်ခုရှိပါတယ်။ အဲဒါကတော့ အင်တာနက်ပါပဲ။ ရောဂါတွေကြောင့် homestay ကာလမှာ အင်တာနက်ကတစ်ဆင့် စာသင်တယ်၊ အင်တာနက်ကတစ်ဆင့် စီးပွားရှာတယ်၊ အင်တာနက်ကနေ ဆက်သွယ်ကြတယ်။ အင်တာနက်ဟာ အရာရာဖြစ်လာပါတယ်။ လူငယ်တွေလည်း ဒီအင်တာနက်ကို အသုံးချပြီး ဘ၀တက်လမ်းတွေရှာကြ၊ ဝါသနာပါရာ အလုပ်တွေကို လုပ်လာကြပါတယ်။ ဒီလိုပဲ ဗီလ်မာဆိုတဲ့ Vlogger ရူးမလေးကလည်း အင်တာနက်ပေါ်ကနေတစ်ဆင့် V-logဆိုတဲ့ channel လေးတစ်ခုထောင်ရင်း ရှိစုမဲ့စု fan လေးတွေနဲ့ pandemic ကာလမှာ သူ ဝါသနာပါရာကို ရှေးရှူနေသူပေါ့။ တစ်နေ့တစ်နေ့ လူစိတ်၀င်စားမယ့် vlog ideaတွေ စဉ်းစားပြီး ကြိုးစားပမ်းစားရိုက်ရတယ်။ Like တွေ Views တွေက သူ့ဘ၀ပါပဲ။ ဗီကတော့ ဒီအလုပ်ကို career တစ်ခုအနေနဲ့ အတည်တကျဆက်လုပ်ချင်ပေမယ့် သားသမီးရဲ့ ဝါသနာကို ဂရုမစိုက် သူတို့လျှောက်စေချင်တဲ့ လမ်းကြောင်းကသာ အမှန်လို့ထင်တဲ့ အာရှမေမေတို့ရဲ့ ထုံးစံအတိုင်း ဗီ့ရဲ့ အမေဟာလည်း vlogger အလုပ်ကို တစ်စက်လေးမှ အားမပေးဘဲ မိသားစုအလုပ်ကိုသာ လုပ်ဖို့ တပျစ်တောက်တောက် ပြောသူပါ။ သိုပေမဲ့ ဗီကလည်း မိဘက ဒါဆို ဟိုဟာလုပ်တဲ့ သားသမီးတို့ရဲ့ ထုံးစံအတိုင်း မိခင်စကားကို တစ်စက်မှ နားမထောင် သူ့ဝါသနာကိုသာ ဆက်လုပ်ပါတယ်။ တစ်နေ့တော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အချေအတင်ဖြစ်ရာမှ "အိမ်ပေါ်က ဆင်း" ဆိုတဲ့ စကားလုံးထိ ပါလာခဲ့ရာ ဗီတစ်ယောက် သူ့အမေကို သူလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ Vlogger အလုပ်ကို အပတ်တကုတ်ကြိုးစားရင်းနဲ့မှ အွန်လိုင်း‌ပေါ်က friendship တွေ၊ အွန်လိုင်းပေါ်က အတွေ့အကြုံသစ်တွေ၊ ချစ်မှုရေးရာလေးတွေပါ ကပ်ချိတ်ပါလာပါတော့တယ် .... လူငယ်အချစ် ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် ကျွန်တော်တို့နဲ့ မစိမ်းတဲ့ အင်တာနက်ပေါ်က အဖြစ်အပျက်တွေ၊ ဟာသလေးတွေ၊ လူငယ်တို့ရဲ့ ဖြစ်တတ်တဲ့ သဘာ၀လေးတွေနဲ့ ရင်ခုန်စရာ ဇာတ်လမ်းလေးဖြစ်တာကြောင့် စိတ်ညစ်စရာတွေဆီက ခဏတာပြေးထွက်ဖို့ဆို Love at First Stream လေးကို ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ... အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance Quality….WEB-DL 1080p and 720p File size…1.59GB and 826MB and 263MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Drama
5 2021 110 mins
Love at First Stream
Possessor
6.3

အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ..... File size… 900 Mb / 700 Mb Quality… Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre ... Sci-Fi, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo

Action • Crime • Drama • Thriller
6.3 2020 104 mins
Possessor
The Emoji Movie
5.5

လူတိုင်း အသုံးပြုနေတဲ့ Emoji လေးတွေ အကြောင်း လေ့လာ စမ်းစစ် ဖူးပါသလား... ဥပမာ တစ်နေ့ကို Emoji ဘယ်နှစ်ခုသုံးတယ် ဘယ် Emoji ကို အသုံးများနေတယ် ဆိုတာကိုပေါ့ ဒီ The Emoji Movie မှာတော့ လူတိုင်းရဲ့ ဖုန်းတစ်လုံးဆီမှာ Emoji လေးတွေ ရဲ့ ကမ္ဘာရှိပါတယ် ဒစ်ဂျစ်တယ် ကမ္ဘာပေါ့ အဲ့ဒီ ဒစ်ဂျစ်တယ် ကမ္ဘာလေးတွေထဲက Emoji တွေဟာ လူတစ်ယောက်စီ တိုင်းအတွက် အလုပ်လုပ်ပေးရပါတယ် Emoji ဌာန တွေ ရှိပြီး စနစ်တကျ စည်းမျဉ်းအတိုင်းသွားရပါတယ် အကယ်၍များ သင် ဖုန်းကနေ တစ်ယောက်ယောက်ကို Emoji မှားပို့လိုက်တာ ဆိုရင် Digital World ထဲက Emoji တစ်ကောင်က အမှားလုပ်မိလိုက်တာ ဖြစ်ပြီး သူ့နေရာ အစားထိုးခံရပြီး အလုပ်ပြုတ်သွားနိုင်ပါတယ် :P ကဲ Emoji လေးတွေ ဘယ်လို အလုပ်လဲ ကြည့်ဖို့အသင့်ပဲလား ဒီရုပ်ရှင်ကားကို Aye Mon Kyaw က ဘာသာပြန်ပေးထားပြီး Thit San Khant က Encode ၍ တင်ဆက်ပေးထားပါတယ် Quality - 1080P & 720P Bluray Subtitle - Burmese Duration - 1h 31m Format - MP4 File Size - 1.33 GB & 682.88 MB Encoder - Thit San Khant Translator - Aye Mon Kyaw

Comedy • Drama
5.5 2017 86 mins
The Emoji Movie
Deep Fear
5.5

Deep Fear (2023) ရုပ်ရှင်ကားဟာဆိုရင် အဓိကသရုပ်ဆောင် Romania မင်းသမီးချောလေး Mãdãlina Ghenea နဲ့ English သရုပ်ဆောင် ဖြစ်တဲ့ gossip girl ထဲက ကောင်မလေးတွေ ကြွေကြတဲ့ Ed Westwick တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ အမြည်းလေးကို ပြောပြရမယ်ဆိုရင် မင်းသမီးက ငယ်ငယ်ကတည်းက ပင်လယ်မှာ သင်္ဘောမှောက်လို့ မိဘ ၂ ပါးလုံး ဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့လည်း အတိတ်ဆိုးကို ရင်ဆိုင်ပြီး အရွယ်ရောက်လာတဲ့ အခါ ကာရေဘီယံပင်လယ်မှာ အထူးချွန်ဆုံး သင်္ဘောမောင်းနှင်သူဖြစ်လာခဲ့ပါတယ်။ တစ်နေ့ ခရီးသည်ကို ကြိုဖို့ ပင်လယ်ကိုတစ်ယောက်တည်းဖြတ်သန်းနေတုန်းမှာ သင်္ဘောပျက်တစ်စီးက ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ကူညီလိုက်တဲ့ သူ့ကို အကယ်ခံလိုက်ရတဲ့သူတွေက ဘယ်လိုအခက်အခဲတွေ တွေ့စေမှာလဲ သူကော ဘယ်လိုရုန်းထွက်မှာလဲ အဲ့ဒီအချိန်မှာပဲ ကမ်းပေါ်မှာ ရှိနေတဲ့ မင်းသမီးရဲ့ချစ်သူကကော ဘယ်လိုကူညီဖို့ကြိုးစားမလဲ စတာတွေကို ရုပ်ရှင်တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်လို့ အချိန်ကုန်ပြီး ရုပ်ရှင်ပြီးလို့ ပြီးသွားမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ပင်လယ်ကို သဘောကျရင် ရင်ခုန်ရတဲ့ရုပ်ရှင်မျိူးတွေကို သဘောကျရင် မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျ။ File size…1.68GB / 821MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Horror • Mystery • Thriller • Drama • Science Fiction
5.5 2023 84 mins
Deep Fear
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
Cargo
6.1

၂၀၀၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျာမန်Sci-fi/Thrillerရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခရစ်သက္ကရာဇ် ၂၂၆၇ခုနစ်အချိန်၊ ဂေဟစနစ်ပြိုလဲတာကြောင့် ကမ္ဘာကြီးဟာ အသက်ရှင်နေထိုင်ဖို့မသင့်တော့ပါဘူး။ ဒီတော့ အသက်ရှင်ကျန်နေတဲ့လူသားတွေဟာ ကမ္ဘာပတ်လမ်းကြောင်းမှာရှိတဲ့ အာကာသစခန်းတွေမှာနေထိုင်ကြရပါတော့တယ်။ ဒေါက်တာလော်ရာပေါ့မန်းက ဒုက္ခတွေကြုံတွေ့နေရတဲ့ အမျိုးသမီးဆရာဝန်တစ်ဦး။ အစ်မဖြစ်သူမိသားစုရှိတဲ့ ရီယာဆိုတဲ့ လူတွေနေထိုင်နေကြတဲ့ဂြိုလ်ဆီကိုသွားဖို့ ရည်မှန်းထားသူ။ အဲဒီဂြိုလ်မှာနေထိုင်ဖို့ အသုံးစရိတ် နေထိုင်ခွင့်အတွက် ပိုက်ဆံရှာဖို့ ကတ်ဆန်ဒရာကုန်တင်အာကာသယာဉ်ပေါ်မှာ ဆေးအမှုထမ်းအနေနဲ့ လိုက်ပါခဲ့ပါတယ်။ ယာဉ်ပေါ်မှာက ၈လကျော်ကြာတစ်ဆိုင်းနှုန်းနဲ့ တစ်ယောက်စီ အလှည့်ကျကင်းစောင့်ရပါတယ်။ ဒေါက်တာပေါ့မန်းအဆိုင်းတာဝန်ချိန်မှာပဲ ထင်မှတ်မထားတာတွေ တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါ…။ သူသွားချင်တဲ့ ရီယာဆိုတဲ့ဂြိုလ်ကလည်း ဖုံးကွယ်မှုတွေများစွာနဲ့တည်ရှိနေတာကို သိလိုက်ရတဲ့နောက်မှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(2 GB)/(916 Mb) Quality….Blu-ray 1080p/720p Format…mp4 Duration….01:52:00 Genre…Drama, Mystery, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

Action • Comedy
6.1 2009 120 mins
Cargo
Marita
7.4

ဖိလစ်ပိုင်ရဲ့ဂုဏ်သတင်းအကြီးဆုံး နာမည်အကျော်ဆုံး တက္ကသိုလ်တစ်ခုရဲ့ပြဇာတ်ရုံထဲမှာ မာရီတာ ဆိုတဲ့ မင်းသမီးတစ်လက်ရှိခဲ့ဖူးပါတယ်။ မာရီတာဟာ လှပသလို ပညာရပ်မှာကြွယ်၀တဲ့အတွက် သူပဲအမြဲတမ်းခေါင်းဆောင်၊ သူကသာ ကြယ်တစ်ပွင့်အဖြစ် အားလုံးလက်ခုပ်တီးအားပေးရတဲ့ ကာလတစ်ခုကို နှစ်ရှည်လများပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အချိန်တွေတဖြည်းဖြည်းပြောင်းလာ ကာလတွေပြောင်းလာတဲ့နောက် ပိုပြီးအရည်အချင်းပြည့်၀သလို ပိုပြီးနုငယ်လှပတဲ့ လူငယ်လူသစ်တွေ သူတို့လောက ကိုဝင်ရောက်လာတဲ့နောက် သူ့နေရာကိုအစားထိုးခံလိုက်ရတဲ့အချိန်မှာတော့ မာရီတာတစ်ယောက် အဆုံးစွန်အထိပေါက်ကွဲခဲ့ပါတော့တယ်။ သူ့နေရာကို အစားထိုးမယ့် ပြဇာတ်မင်းသမီးထက် ပိုပြီး နာမည်ကြီးမယ့်နေရာကို သူဝင်ယူလိုက်ပုံကတော့ စတိတ်စင်ပေါ်၊ ပရိသတ်ရှေ့မှာ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့တာပါပဲ။ နောက်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာတော့ သူ့ဇာတ်ကြောင်းဟာပါးစပ်ပြောရာဇဝင်တစ်ခုဖြစ်နေခဲ့ပါပြီ။ အဲ့ဒါတွေကို မယုံကြည်တဲ့ ကျောင်းအုပ်အသစ်၊ပြဇာတ်အဖွဲ့ဝင်အသစ်တွေနဲ့ သူတစ်ချိန်က ကြီးစိုးခဲ့တဲ့ ပြဇာတ်ရုံကိုပြန်အသက်သွင်းဖို့ကြိုးစားတဲ့အချိန်မှာ မာရီတာ ဘယ်လိုတုန့်ပြန်မှာလဲ? မာရီတာဟာ တကယ်ပဲ အဲ့ဒီဇာတ်ရုံထဲမှာရှိနေဆဲလား? ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.2GB)/(600MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

7.4 2023 106 mins
Marita
Left Behind

Left Behind (2014) မင်းသားကြီး Nicolas Cage ရဲ့ 2014 ခုနှစ်တုန်းကထွက်ရှိထားတဲ့ Sci-Fi ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို ရေးစတီးလ်လို့ခေါ်တဲ့လေယာဉ်မှူးတစ်ဦးရဲ့ မိသားစုအရှုပ်အထွေးတွေနဲ့ ခရစ်ယာန်ဘာသာထဲမှာပါတဲ့ Rapture (ချီဆောင်ခြင်း) အကြောင်းကို ရောယှက်ပြီး ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ရေးစတီးလ်ဆိုတဲ့လေယာဉ်မှူးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ သူကိုယ်တိုင်နဲ့ သမီးဖြစ်သူဟာ ဘာသာမဲ့ဝါဒီဘက်ကို အားသန်ပြီး အမေနဲ့ သားဖြစ်သူကတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ကြပါတယ်။ ခံယူချက်တွေမတူတဲ့အတွက် ရေးနဲ့ သူ့သမီးက မိခင်ဖြစ်သူ သမ္မာကျမ်းစာထဲမှာပါတဲ့အကြောင်းတွေကို ပြောပြတိုင်း အငြင်းအခုန်ဖြစ်လေ့ရှိပါတယ်။ ကြာလာတော့ ရေးကော သူ့သမီးကောက အိမ်သိပ်မကပ်တော့ဘဲ ရေးဟာအပျော်အပါးပဲလိုက်စားလာပါတော့တယ်။ တစ်ရက်မှာ ရေးကသူမွေးနေ့ဖြစ်ရဲ့နဲ့ အိမ်မှာမိသားစုနဲ့မနေဘဲ အလုပ်ကိုအကြောင်းပြပြီး ခရီးစဉ်တစ်ခုလိုက်ရင်းပျော်ပါးဖို့စီစဉ်ပါတယ်။ ရေးရဲ့ လေယာဉ်မထွက်ခင်မှာ သမီးဖြစ်သူက ဖအေရဲ့မွေနေ့အတွက် စပရိုက်လုပ်ဖို့ တကူးတကလေယာဉ်ကွင်းမှာလာစောင့်နေတာကိုတောင် မုသားနဲ့အချိုသပ်ပြီး လေယာဉ်မောင်းထွက်သွားခဲ့ပါတယ်။ ဖအေ မအေနဲ့ သမီးဖြစ်သူကြား ဒွိဟဖြစ်ဖွယ်တွေများနေတဲ့အချိန်မှာ ရုတ်ချည်းဆိုသလို ကမ္ဘာတစ်ဝှမ်း မဖြစ်နိုင်ဖွယ်ကိစ္စတွေ ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ လူတွေရုတ်ချည်းဆိုသလို ထပျောက်သွားတာပါပဲ။ သာမန်ဖြစ်ရပ်တွေနဲ့ မတူဘဲ အံ့ဩဖို့ကောင်းတာကတော့ပျောက်သွားတဲ့လူတွေဟာ လူခန္ဓာချည်းပျောက်သွားပြီးတော့ သူတို့ရဲ့အဝတ်အစားတွေကျန်နေခဲ့တာပါပဲ။ ဒီလိုပျောက်ခြင်းမဆုံး ပျောက်ခြင်းတွေဖြစ်ပြီးနောက်ပိုင်း နေရာတစ်ဝှမ်းမှာ မတော်တဆမှုတွေဖြစ် အုတ်​အော်သောင်းနင်တွေ စပြီးဖြစ်လာပါတော့တယ်။ ~ ချီဆောင်ခြင်းအကျဉ်း ~ ခရစ်ယာန်တွေရဲ့ Holy Bible လို့ခေါ်တဲ့ သမ္မာကျမ်းစာအုပ်ရဲ့ နောက်ဆုံးကျမ်းဖြစ်တဲ့ ဗျာဒိတ်ကျမ်းမှာ “Rapture” လို့ခေါ်တဲ့ ချီဆောင်ခြင်းဆိုတာရှိပါတယ်။ ချုံ့ပြောရရင်တော့ AD ခုနှစ် ၃၃ ခုနှစ်ဝန်းကျင် သခင်ယေရှုက ကောင်းကင်နိုင်ငံတော်ကို မပြန်ခင်မှာ ကမ္ဘာပေါ်ကို နောက်တစ်ကြိမ်ပြန်ကြွလာမယ်လို့ ပြောသွားပါတယ်။ ကျမ်းစာအတော့ သခင်ယေရှုကမ္ဘာပေါ်ကို ပြန်မကြွလာခင်မှာ ဒီရုပ်ရှင်ထဲက Rapture ဆိုတဲ့ဖြစ်စဉ်ကြီးကဖြစ်လာမှာပါ။ ကျမ်းစာထဲမှာ Rapture ဖြစ်မယ့်အချိန်ကို ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ ခရစ်သက္ကရာဇ်နဲ့အတိအကျ​တော့ မဖော်ပြထားပေမဲ့ Rapture မဖြစ်လာခင်မှာဖြစ်လာမယ့်နိမိတ်တွေကို ဟောကိန်းထုတ်ထားတာတွေရှိပါတယ်။ Covid လို ကာလနာကပ်ဆိုးတွေ၊ ကမ္ဘာပျက်ကပ်နီးကြောင်းပြနေတဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် ပျက်ကပ်တွေပါသလို အမေရိကန်နဲ့ ရုရှားတို့ တစ်ချိန်မှာ ရန်ဘက်ဖြစ်ပြီး သူတို့ရဲ့မဟာမိတ်တွေအချင်းချင်းနဲ့ ကမ္ဘာစစ်ဖြစ်လာမယ်ဆိုတဲ့အကြောင်းအပြင် တခြားကြောင်းတွေကိုပါ သမ္မာကျမ်းစာစတင်ပြုစုခြင်းခံရတဲ့အချိန်ကတည်းက ဟောကိန်းထုတ်ထားခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p Format – mp4 Duration – 1H 50Min Genre – Action, Fantasy, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

0 2014 110 mins
Left Behind
Cold Eyes

Cold Eyes (2013) **************** ဇာတ်ကားအစကနေအဆုံးအထိဇာတ်ရှိန်ကောင်းကောင်းနဲ့ခေါ်သွားမယ့်ကားကိုကြည့်ချင်ပါသလား… ဒီကားကိုကြည့်လိုက်ပါ လုံးဝအာမခံပါတယ်။ IMDB rating 7.1ရထားတဲ့ကားလေးပါ။ အဓိကပါဝင်ထားသူတွေကတော့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသရုပ်ဆောင် woo sung jung… မင်းသမီးချောလေးကတော့ Hyo Joo Han နဲ့ ဝါရင့်သရုပ်ဆောင် Kyung gu Sol တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————– ဇာတ်လမ်းအစမှာ ဘဏ်ကိုဓားပြတိုက်တဲ့အခန်းက တဖြည်းဖြည်းဇာတ်ရှိန်မြှင့်အောင်ခေါ်သွားမှာပါ… ဘဏ်ကိုဓားပြတိုက်ထဲမှာပါတဲ့သူတစ်ယောက်ကို ကင်မရာကတွေ့လိုက်ပြီး မှုခင်းစုံစမ်းစစ်ဆေးရေးက.. ခေါင်းဆောင်ဝမ်နဲ့ သူ့လူတွေကမြို့ထဲမှာရက်တော်တော်ကြာအောင်လိုက်ရှာပြီး တရားခံတွေ့သွားတယ်။ တွေ့သွားတော့တရားခံရဲ့တိုက်ခန်းမှာ ကင်မရာတွေတပ်၊ စောင့်ကြည့်ပြီးတရားခံအားလုံးရဲ့ခေါင်းဆောင်ကို.. အမိဖမ်းဖို့လိုက်စုံးစမ်းပါတော့တယ်။ ခေါင်းဆောင်ဝမ်တို့က ထောက်လှမ်းရေးသာလုပ်ရတဲ့အတွက်… ရန်သူခေါင်းဆောင်ကိုတွေ့ပေမယ်ဖမ်းလို့မရဘူးပေါ့။ ရန်သူဘက်ကလည်းတိကျစေ့စပ်လှပါတယ်။ တစ်ဖက်က ဦးဆောင်သူက နောက်ဆုံးအလုပ်ကိုလက်ခံပြီး..ကိုရီးယားကနေထွက်ပြေးတော့မဲ့အချိန်.. ကံမကောင်းအကြောင်းမလှဘဲ သူ့အလုပ်ပေါက်ကြားပြီးနောက်ဆုံးမှာဖမ်းမိသွားပါတော့တယ်။ ရန်သူဘက်ကဗျူဟာတွေနဲ့ ရဲဘက်ထောက်လှမ်းရေးဗျူဟာတွေကို ကြည့်ရှုခံရမယ့်ကားကောင်းလေးမို့… အက်ရှင်ကြိုက် ပရိသတ်တွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ) File siz : 2.11GB / 950MB Quality : 1080p / 720p Genre : Action, Crime, Thriller Duration : 2hr Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded By Heather Oo

0 2013 119 mins
Cold Eyes
[18+] Lamas

Lamas (2024) GL တွေကိုဓာတ်ကျနေတဲ့ Vivamax ရဲ့အသစ်ထွက် ကားသစ်ပါ။ မိုနာဆိုတဲ့ ကောင်မလေးဟာ မုန့်တိုက်ပိုင်ရှင်ရဲ့ သမီးဖြစ်ပြီး သူ့အဖေရဲ့ချုပ်ချယ်မှုကြောင့် စိတ်ညစ်နေရပါတယ်။ မိုနာကို ကောင်လေးတစ်ယောက်နဲ့ သဘောတူ ဇွတ်ပေးစားဖို့ကြံနေပေမယ့် မိုနာက မိန်းမချင်းပဲစိတ်ဝင်စားတာပါ။ တစ်နေ့တော့ သူ့ခံစားချက်တွေကို နိုးကြားစေမယ့် လီနာဆိုတဲ့ ကောင်မလေးသူ့လက်ထောက်အဖြစ်အလုပ်ဝင်လာချိန်မှာတော့ မိုနာတစ်ယောက် ဖခင်ကိုအာခံဖို့သတိ္တတွေရှိလာပါတော့တယ်။ Ataska Mercado နဲ့အတူအရင်ဇာတ်ကားတွေမှာ မထင်မရှားပါခဲ့တဲ့ မင်းသမီးသစ်လေးတွေ အများကြီးပွဲထုတ်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1 GB) / (420 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:09:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

0 2024
[18+] Lamas
Lucy Shimmers and the Prince of Peace
7.1

ခရစ္စမတ်ဆိုတာက ယေရှုခရစ်တော် မွေးဖွားတဲ့နေ့ရက်ဖြစ်ပြီးတော့ ပျော်ရွှင်မှု၊ ယုံကြည်မှု၊ နဲ့ မျှော်လင့်ချက် စတဲ့အရာတွေကို ကိုယ်စားပြုတဲ့နေ့ရက်ဆိုရင်လည်း မမှားပါဘူး.။ မိသားစုတွေနဲ့အတူ အချိန်တွေကုန်ဆုံးပြီး အချစ်မေတ္တာတွေ ဝေမျှကြတဲ့ ခရစ္စမတ်ကာလကို နောက်ခံထားတဲ့ဇာတ်လမ်းတွေအများကြီးထဲကမှ ရိုးရှင်းပြီးချစ်စရာကောင်းလွန်းတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီရှင်းမားစ်ဆိုတဲ့ ၅ နှစ်အရွယ်ကလေးမလေးဟာ အရွယ်နဲ့မလိုက်အောင် သိတတ် ပါးနပ် စကားကြွယ်လွန်းတဲ့သူမို့ တွေ့မြင်ကြသူတိုင်းက ချစ်ခင်ကြသူလေးလည်း ဖြစ်ပါတယ်။ အဘိုးတွေ အဘွားတွေနဲ့ အနေများတဲ့သူလေး ဖြစ်တာကြောင့်လည်း လူကြီးဆန်ပြီး တစ်မျိုးလေး ချစ်ဖို့ကောင်းနေပါတယ်။ ဘုရားသခင်က လူသားတိုင်းကို ကြင်နာသလို လူတွေကလည်း အချင်းချင်းချစ်ခင်ကြင်နာကြရမယ်လို့ ရိုးရှင်းစွာ ခံယူထားခဲ့ပါတယ်။ တစ်ရက်မှာတော့ လူစီ့ဆီကို နမိုးနီးယားဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာခဲ့ပါတယ်။ သေဆုံးသွားတဲ့ အဘိုးဖြစ်သူကို အနားမှာမြင်နေရတဲ့အကြောင်း အမြဲပြောနေတဲ့အပြင် သူ့အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးအကြောင်း တဖွဖွပြောနေတာကြောင့် ဂျိမ်းစ်နဲ့ဧပရယ်တို့ ဇနီးမောင်နှံအဖို့ သမီးအတွက် ရတက်မအေးစရာ ဖြစ်လာခဲ့ပါတယ်။ ရောဂါအခြေအနေဆိုးရွားလာတဲ့အချိန်မှာတော့ ဆေးရုံမှာ ရက်အနည်းငယ်စောင့်ကြည့်ဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုအချိန်မှာပဲ လူစီရဲ့ အိမ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီးဖြစ်တဲ့ အက်ဂါကို အပြင်မှာ မျက်ဝါးထင်ထင် တွေ့ကြုံဖို့ ဖြစ်လာခဲ့ပါတယ်။ အတိတ်က လုပ်ရပ်ဆိုးတွေကြောင့် ထောင်ဒဏ်ကျခံနေရသူ အက်ဂါအနေနဲ့ သူ့ရဲ့ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့တဲ့အခြေအနေမှာ လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ ဆေးဝါးကိရိယာပြည့်စုံတဲ့ လူစီကုသနေတဲ့ ဆေးရုံဆီကို ရွှေ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အိပ်မက်ထဲက ဝမ်းနည်းနေတဲ့လူကြီး အက်ဂါဆီကို ဘုရားသခင်အလိုတော်အရ ကူညီလမ်းပြပေးနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ လူစီနဲ့ မိသားစုကပါ စွန့်ခွာထားခဲ့ပြီး ခံစားနေရတဲ့ဝေဒနာကြောင့် အနှေးနဲ့အမြန်သေဖို့သာ စိတ်စောနေတဲ့ အက်ဂါတို့ရဲ့ တွေ့ဆုံမှုက ဘုရားသခင်ရဲ့ ဆန်းကြယ်လှတဲ့ အစီအစဉ်တစ်ခုသာ ဖြစ်လာခဲ့မယ်ဆိုရင်… အမှားတွေ ကျူးလွန်မိခဲ့တဲ့ အက်ဂါအတွက် ဒုတိယအခွင့်အရေးဆိုတာ ရှိလာနိုင်မလား လူစီကရော အရှင်ယေရှု ပေးအပ်ထားတဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်မလား. ဆိုတာကို အဖြေရှာနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် File Size : 1 GB, 450 MB Quality : WEB-DL 1080p / 720p Running Time : 1hr 27min Format :Mp4 Genre : Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

7.1 2020 87 mins
Lucy Shimmers and the Prince of Peace
A Copenhagen Love Story
6.3

ဒီတစ်ခေါက်မှာတော့ လက်တွေ့ဘဝနဲ့ တစ်သားတည်းဖြစ်အောင် ရိုက်ကူးတင်ဆက်ပြထားတဲ့ ဒိန်းမက်စ‌ကားပြော ရုပ်ရှင် တစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားထဲက အဓိကဇာတ်ကောင် မီယာဟာအတော်အသင့် အောင်မြင်နေပြီဖြစ်တဲ့ စာရေးဆရာမတစ်ဦးပါ။ မီယာက ခါတိုင်းဆို မနူးမနပ် တက္ကသိုလ်‌ကျောင်းသားအရွယ် မောင်လေးတွေနဲ့ပဲ တွဲခုတ်လေ့ရှိသူပါ။ ဒါပေမဲ့ သူ့ရဲ့ စာအုပ် မိတ်ဆက်ပွဲနေ့မှာ သူငယ်ချင်းနဲ့အတူပါလာတဲ့ အီမီးဆိုသူနဲ့ ဆုံဖြစ်ပြီး ဒိတ်ကြည့်တဲ့အခါ အဆင်ပြေတဲ့အတွက် တွဲဖြစ် သွားပါတယ်။ ကိုယ့်ထက်အသက်ငယ်တဲ့လူတွေနဲ့ပဲတွဲလေ့ရှိတဲ့ မီယာက သူနဲ့သက်တူရွယ်တူ ကလေး ၂ယောက်အဖေ အီမီးကို အတည်တကျချစ်မိသွားပြီး အီမီးနဲ့အတူနေဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ အီမီးရဲ့ကလေးနှစ်ယောက်ကိုလည်း သူကိုယ်တိုင် ပြုစုစောင့်ရှောက်ပေးရင်းနဲ့မှ ကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးတဲ့ ရင်သွေးလိုချင်လာတဲ့အတွက် အီမီးနဲ့ အတူ ကလေးယူဖို့ ကြိုးစားပါတော့တယ်။ တစ်ချို့သောသူတွေအတွက် သားသမီးရဖို့ဆိုတာ လွယ်ကူတယ် ဆိုပေမဲ့လည်း မီယာနဲ့အီမီးတို့အတွက်ကတော့ မလွယ်ကူခဲ့ပါဘူး။ ဒီလိုနဲ့သူတို့နှစ်ယောက် ရင်သွေးလေးရဖို့အတွက် ဆေးရုံဆေးခန်း တွေပြ ကုထုံးတွေခံယူရင်း အခက်အခဲမျိုးစုံကိုကျော်ဖြတ်ရပုံကို ရိုက်ကူးတင်ဆက်ပြထားတာပါ။ တကယ့်လက်တွေ့ဘဝမှာလည်း သားသမီးရင်သွေးရရှိဖို့အတွက် ခက်ခဲရုန်းကန်နေတဲ့သူတွေရှိမယ်ဆိုရင် ဒီဇာတ်ကားကတကယ်ကို ဆေးတစ်ခွက်ဖြစ်စေမှာပါ။ ဒီရုပ်ရှင်ဟာ မီယာနဲ့ အီမီးတို့ကြားက စိတ်ခံစားချက် ရသမျိုးစုံအပြင် မျိုးဆက်ပွားကျန်းမာရေးအကြောင်းကိုပါသေချာလေး ‌ရိုက်ကူး ပြထားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။ File size… (1.37 GB) / (669 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

6.3 2025 105 mins
A Copenhagen Love Story
King of Painting
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် King of Painting ဆိုတဲ့ စိတ်ကူးယဉ်ဟာသရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ခဲဟွမ့်ဟာ ပါရမီရှိပြီး အိပ်မက်နောက်လိုက်နေတဲ့ ပန်းချီဆရာတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ အခုလို မျက်နှာကြီးရာ ဟင်းဖတ်ပါတဲ့ခေတ်ကြီးမှာ ကြိုးစားပြီး ပန်းချီဆွဲနေတဲ့ ခဲဟွမ့်ဟာ အားလုံးအထင်သေး အနိုင်ကျင့်စရာလူတစ်ယောက် ဖြစ်နေပါတယ်။ သူဟာ အိမ်ငှားခမပေးနိုင်၊ လုပ်ငန်းထဲကလူတွေအနိုင်ကျင့်၊ ရည်းစားကို ပြိုင်ဖက်က လုသွားတဲ့ ဘဝအနိမ့်ဆုံးအချိန်မှာ မိုးပေါ်က ကျလာတဲ့ စုတ်တံတစ်ချောင်းကြောင့် ဘဝကြီးက ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီစုတ်တံက ဆွဲသမျှ အရာအားလုံး အပြင်ကို ရောက်လာတယ်တဲ့။ စုတ်တံက ဆွဲလိုက်လို့ ထွက်လာတဲ့ အရာတွေကဘယ်က ရောက်လာတာလဲ…… အဲဒီစုတ်တံက ကောင်ခြင်းတွေ သယ်ဆောင်လာမလား ဘေးအန္တရာယ်တွေ သယ်ဆောင်လာမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2025
King of Painting
Puppy
7.2

Puppy (2025) မေတ္တာ၏ စစ်မှန်သောပုံပြင် IMDb 5/10 ဘဝရဲ့ ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးမှာ မမျှော်လင့်ဘဲ ပေါက်ဖွားလာတဲ့ မေတ္တာတရားက ဘယ်လို အလှတရားတွေကို ပေးစွမ်းနိုင်မလဲ မေတ္တာနဲ့ချည်နှောင်ထားတဲ့ သံယောဇဉ်တစ်ခုက ဘယ်လောက်ထိခိုင်မာနိုင်မလဲဆိုတဲ့ ဒါရိုက်တာအာယု့ဂ်မာလီရဲ့လက်ရာ Puppy က နှလုံးသားကို နွေးထွေးစေမဲ့ မိသားစုဒရာမာဟာသ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုရဲ့ ဘဝရုန်းကန်မှုတွေကို ချစ်စရာကောင်းတဲ့ ခွေးကလေးတစ်ကောင်နဲ့ လူငယ်လေးတစ်ယောက်ရဲ့ သံယောဇဉ်ကနေတစ်ဆင့် ပုံဖော်ထားပါတယ် ဆင်းရဲတဲ့ မိသားစုတစ်စုက ပိုမိုကောင်းမွန်တဲ့ ဘဝကိုရှာဖွေဖို့ ဘန်ဂလိုမြို့ကြီးဆီ ရွှေ့ပြောင်းလာကြပါတယ် အမှန်တော့ အရက်အကြွေးတွေပိပြီး အိမ်ပါထိုးဆပ်လိုက်ရလို့ မြို့တက်ပြီး ဘဝကိုကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပါ သူတို့ရဲ့ ဘဝခရီးက ခက်ခဲပင်ပန်းပေမဲ့ လမ်းပျောက်နေတဲ့ ချစ်စရာခွေးကလေးတစ်ကောင်နဲ့ သူတို့ရဲ့ကလေးတစ်ယောက်ကြားက မေတ္တာတရားက မှောင်မိုက်နေတဲ့ ဘဝတွေကို အရောင်အသွေးစုံဖြည့်ပေးလိုက်ပုံကို ကြည်နူးစရာအပြည့်နဲ့ ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားက ပျောက်ဆုံးနေတဲ့ ခွေးတစ်ကောင်အကြောင်း သက်သက်မဟုတ်ဘဲ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ ရုန်းကန်လှုပ်ရှားမှုတွေ အခက်အခဲတွေကြားက မေတ္တာရဲ့ ကုစားနိုင်စွမ်းနဲ့ လူ့စိတ်ဓာတ်ရဲ့ ခွန်အားကို ရိုးသားစွာနဲ့ မီးမောင်းထိုးပြထားပါသေးတယ် မေတ္တာတရားရဲ့ စစ်မှန်တဲ့ပုံပြင်ကို ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါဦးရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama
7.2 2025
Puppy
[18+] Tusok Tusok

Tusok Tusok (2025) တူဆွတ်တူဆွတ်ဆိုတာ ဒီမှာရောင်းကြတဲ့ ကိုရီးယားကင်၊ထုံချိုင်းကင်တို့လို ဖိလစ်ပိုင်မှာ ခေတ်စားတဲ့တုတ်ထိုးအကင်မျိုးကိုခေါ်တာပါ။ ဘာဘီးဟာ အဲ့ဒီလိုအကင်ဆိုင်မျိုးတစ်ခုဖွင့်ထားပြီး ညီမငယ်ဖြစ်သူ တန်ညာကို ပညာတတ်ကြီးဖြစ်အောင်ပျိုးထောင်ပေးနေသူဖြစ်ပါတယ်။ သူ့ခင်ပွန်းဖြစ်သူ ဘိုဂတ်ကတော့ အရက်သောက်လိုက်ဆေးချလိုက်နဲ့ငွေဖြုန်းသူသက်သက်ဖြစ်သလို သူတို့အပေါ်နိုင်ထက်စီးနင်းဆက်ဆံလေ့ရှိပေမယ့် သူ့ကိုဘ၀ဆိုးတစ်ခုဆီက ကယ်တင်ခဲ့သူရယ်လို့ဘာဘီးက သည်းခံလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီသည်းခံမှုတွေ ဘယ်အချိန်မှာကုန်ဆုံးသွားမလဲ? ဘယ်လိုကြမ္မာဆိုးမျိုးက သူ့ကိုငရဲတွင်းထဲ တဖန်ဆွဲချမလဲအစရှိတာတွေကို ဆက်လက်ရှုစားကြပါ။ Ang pamumukadkad ni Mirasol တစ်ကားတည်းနဲ့ပွဲဦးထွက်ပြီး ပရိသတ်ရင်ထဲရောက်ခဲ့တဲ့ Queenie De Mesa ကညီမငယ်လေး တန်ညာအဖြစ် ချစ်စဖွယ်ပါဝင်ပေးထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.7 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:15:39 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Alvar Translated by Alias

0 2025 73 mins
[18+] Tusok Tusok