YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Luoyang E38 CM.mp4

209.69 MB N/A video/mp4 657 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Veteran
5.8

ရောဘတ်မဲလ်လာတစ်ယောက် အာဖဂန်စစ်ပွဲကနေ သူ့ရဲ့အိမ်ရှိရာ လန်ဒန်တောင်ပိုင်းကဂန်းစတားတွေအများစုအခြေချရာ နေရာကိုပြန်လာခဲ့ပါတယ်. ဂျုံးစ်ဆိုတဲ့မူးယစ်ရာဇာက သူ့လက်အောက်မှာအလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့် သူကတော့ ပယ်ချခဲ့ပါတယ်။ဒီလိုနဲ့အလုပ်မရှိဖြစ်နေတဲ့သူ့ကို သူငယ်ချင်းဖြစ်သူက လူသိမခံတဲ့အစိုးရပိုင်းဆိုင်ရာအလုပ်တစ်ခုနဲ့ မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူလုပ်ကိုင်ရမှာ အကြမ်းဖက် တွေနဲ့ထပ်မံပတ်သက်နေတယ်ဆိုတာသိရှိရပြီးတဲ့နောက်...... ဒီဇာတ်ကားက ဗြိိတိန်အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အစိုးရ ပိုင်းဆိုင်ရာဟာ အကြမ်းဖက်တွေနဲ့ဘယ်လိုကူးလူးဆက်သွယ်လှုပ်ရှား နေကြတယ်ဆိုတာကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်. ကြာချိန်အနေနဲ့က ၁နာရီခွဲဖြစ်ပြီး Action, Crime , Thrillerအမျိုးအစားဖြစ်ပါတယ်။ File size…1.69GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

Drama
5.8 2011 98 mins
The Veteran
Liao Zhai Fox Spirit: Spoony Woman
1

အခုတစ်ခေါက် ဘာသာပြန် တင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကတော့ တရုတ်ဒဏ္ဍာရီပုံပြင်လေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မြေခွေး မိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာ အပူအပင်ကင်းစွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူ့ပြည်က ရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့ လမ်းမှာ ဝမ်းကျီဖူဆိုတဲ့ ပညာရှိနဲ့ ဆုံတွေခဲ့ပါတယ်။ ဝမ်ကျီဖူဟာ ယင်းနင်အပေါ် မြင်မြင်ချင်း ချစ်မိသွားပြီး မစားနိုင် မသောက်နိုင် ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယင်းနင်ရဲ့ နေထိုင်ရာ နေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ပညာတတ်မိသားစုဖြစ်တဲ့အတွက် ဝမ်ကျီဖူရဲ့ အမေဖြစ်သူ သခင်မဝမ်ဟာ လွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို ကြည့်မရ ဖြစ်နေပါတယ်။ ယင်းနင်ဟာ မြေခွေးမိစ္ဆာဖြစ်ကြောင်း သိပြီးနောက်မှာတော့ သူ့သားနဲ့ ယင်းနင်နဲ့ကို ရအောင် ခွဲပါတော့တယ်။ ယင်းနင်တစ်ယောက် သူ့အပေါ် အထင်အမြင်လွှဲမှား မှုတွေကို ဘယ်လို ဖြေရှင်းမလဲ ...... သူမရဲ့ မိဘအရင်းကရော ဘယ်သူတွေ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

Comedy • Drama
1 2023 85 mins
Liao Zhai Fox Spirit: Spoony Woman
Katharbasha Endra Muthuramalingam
7

Kathar Basha Endra Muthuramalingam (2023) IMDb-5.4/10 Teddy(2021) ရုပ်ရှင်ထဲမှာ ၀က်ဝံရုပ်နဲ့အတူ ကြမ်းခဲ့တဲ့ မင်းသားကြီးအာယာရဲ့ အက်ရှင်ကားအကြမ်းစားကြီး ထွက်လို့လာပါပြီ။ဖိုက်တင်ခန်းတွေ တောင့်တနေတဲ့ ဘောလိဝုပရိသတ်အတွက် ကြည့်လို့ကောင်းဦးမယ့် ဇာတ်လမ်းပါပဲ။ မင်းသမီးက ကိုတိုင်းကြိုက်တဲ့ နှင်းဆီပျို၊ ခက်နေတာ သူက ဘယ်သူ့ကိုမှ အာရုံမလာဘဲ ခပ်ချေချေပဲနေတာ။ပိုပြီးခက်တာက ဂန်းစတားအသိုင်းအဝိုင်းထဲက သူမ။သူတို့အသိုင်းအဝိုင်းထဲက ယောက်ျားကလွဲရင် ဘယ်သူနဲ့မှ ပတ်သက်ခွင့်မပြုထားဘူး။ ပိုပိုပြီးခက်တာက ကျွန်တော်တို့ဇာတ်လိုက်ကျော် ဖိုက်တာကြီးအာယာက ထောင်ထဲကနေတောင် အာမခံနဲ့ထွက်လာပြီး သူမကိုလာတွေ့ခဲ့ပါရောလား။ ကာသာဘာရှာကို သိတဲ့လူတိုင်း ကြောက်ဒူးတုန်ကြသလို ရွာထဲကလူတိုင်း ဖိန့်ဖိန့်တုန်အောင်ကြောက်ကြတဲ့ ဂန်းစတားကြီးတို့ ရင်ဆိုင်တွေ့ ကြတဲ့အခါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ ကြမ်းပြမယ့်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~BpL~YHတို့ပဲ ဖြစ်ပါတယ်) File size…2.7GB / 1.43GB Quality…1080p WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~BpL~YH

Comedy • Drama • Fantasy • Romance
7 2023 150 mins
Katharbasha Endra Muthuramalingam
Captain

ဒီတစ်ခေါက်မှာတော့ ထူးခြားတဲ့ဇာတ်အိမ်နဲ့ တောင်ပိုင်းစစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ကပ္ပတိန် ဗက်ထရီဆယ်လ်ဗန်ဟာ ငယ်ရွယ်စဉ်ကတည်းက တပ်မတော်သင်တန်းကျောင်းတစ်ခုမှာ မိဘတွေရဲ့စွန့်ပစ်ခြင်းကိုခံခဲ့ရသူပါ။ အိန္ဒိယတပ်မတော်ရဲ့အားကိုးရတဲ့စစ်သားတစ်ဦးဖြစ်ပြီးတော့ အဖွဲ့သားတွေကိုလည်း မိသားစုလိုသံယောဇဉ်ရှိသူဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့အဖွဲ့သားတွေဟာ Section 42လို့ ခေါ်တဲ့နေရာတစ်ခုမှာတာ၀န်ထမ်းဆောင်ဖို့ စေလွှတ်ခံရပါတော့တယ်။ Section 42 ဆိုတာကတော့ နှစ်ပေါင်းငါးဆယ်လောက် လူသူမနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ထူးဆန်းတာကတော့ သူတို့ထက်အရင်စေလွှတ်ခံခဲ့ရတဲ့အဖွဲ့ဟာ section 42အရောက်မှာ အချင်းချင်းပစ်ခတ်ပြီး သေဆုံးကုန်ကြတာပါပဲ။ ဗက်ထရီတို့အဖွဲ့သားတွေဟာလဲ အဆိုပါနေရာအရောက်မှာ အလားတူဆိုးရွားတဲ့ကံကြမ္မာမျိုးကြုံခဲ့ရပါတော့တယ်။ တပ်သားတွေဟာ အဲ့ဒီနေရာကိုရောက်ရင် ဘာလို့အချင်းချင်းပစ်ခတ်ကုန်ကြတာလဲ.... နောက်ကွယ်မှာ ဘယ်လိုထူးဆန်းတဲ့အရာမျိုးရှိနေတာလဲ... ကပ္ပတိန်ဗတ်ထရီတို့အဖွဲ့သားတွေ ဘယ်လိုထူးခြားဆန်းပြားတဲ့ရန်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမလဲဆိုတာကတော့... ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.8GB / 883MB Quality…1080p WEB DL /  720p Format…mp4 Duration….2h Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Poe & ThetKo & Shwe Pyae Reviewed by OeliuJ

Comedy • Drama • Music
null 2022 120 mins
Captain
Promises
6.5

အချစ်ဦး....အချစ်ဆုံး....ဖူးစာ ဒီသုံးမျိုးလုံးကို ချစ်​သောသူ တစ်ဦးတည်းနဲ့ ​သေတပန်သက်တဆုံး ကြုံဆုံခွင့်ရခဲ့တဲ့သူက ​ကောင်းကင်​ပေါ်က အပ်တစ်​စင်းနဲ့ ​မြေ​ပေါ်က အပ်တစ်စင်းထိသလို သိပ်ကို ကံ​​ကောင်းလွန်းသူ ဖြစ်မှာပဲ...သိပ်ကို အားကျမိတာပဲ.... အလက်ဇန်းဒါးဆိုတဲ့ ကိုယ်က​တော့ အချစ်​ပေါသူလို့ပဲ ဆိုရမလား၊ ​နဖူးမှာ ဖူးစာ​ရေးထိုးမထားဘဲ ချစ်​​သောသူနဲ့ ကွဲ​စေသတည်းလို့များ မှတ်​ကျောက်တင်ထား​​လေသလား၊ ဒီ၃မျိုးလုံးနဲ့ ဆုံဖူးခဲ့ပြီး ဒီ၃မျိုး ​ကြောင့် အကြိမ်ကြိမ်ပြိုလဲခဲ့ရသူ​ပေါ့.... - လူမှန်​ပေမယ့် အချိန်မတန်ခဲ့သူ... - လူ​ရော၊အချိန်​ပါ မှန်ပေမယ့် ကျူးပစ်က မျက်နှာသာမ​ပေးခဲ့သူ... - အချိန်တန်ပေမယ့် လူမှန်မဟုတ်ခဲ့သူ... အချစ်နတ်ဘုရားက ကိုယ့်ကိုကလူကျီစယ်ရတာ သ​ဘော​တွေ့ပြီး မ​နော​ခွေ့​နေပုံပါပဲ၊ လိုတာမရ၊ရတာမလိုတဲ့ဘဝကို လူမစွမ်းနတ်,မ ဆိုသလို တစ်ခါ​လောက် အလိုလိုက်​ပေးရင် အမိုက်​စော်ကားမယ့် လူဖြစ်​နေလို့လား.... အချိန်တန်ခဲ့​ပေမယ့် ကိုယ့်ဘက်ကပျက်ကွက်လို့ ​တောင်းပန်ခဲ့တယ်၊ အချိန်တန်တယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို ဘယ်သူ့အမှားမှ မဟုတ်ဘူးလို့ မင်းက ပြန်ဆိုတယ်...လွဲရက်​လေခြင်း ကံကြမ္မာရယ်၊ ဒီဘဝကို အသစ်တစ်ဖန် ပြန်စခွင့်ရရင် မင်းနဲ့ပဲ စ၊လယ်၊ဆုံး ဆုံစည်း ပါရ​စေလို့ ရှိကြီးခိုး ဆု​တောင်းမိပါရဲ့... ခု​တော့ ​နောက်ကျသွားခဲ့ပြီ "ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်​ပေါင်းဘယ်​​လောက်ကြာတတ်လဲ" ​အောင်ချိမ့် အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.72GB | 717MB | 289MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Drama • Horror • Mystery • Thriller
6.5 2022 98 mins
Promises
(21+) PRED-362 My Wife And I Are Bored Of Each Other So Tempted By Karen (Step Sister)

ကာရန်ရဲ့အကြည့်တွေကို ဘယ်သူလွန်ဆန်ရဲမှာလဲ သူ့ရဲ့ ညှို့အားတွေရော ဘယ်သူရုန်းနိုင်မှာလဲ သူမရဲ့ တက်ကြွဖျက်လတ်နေတဲ့ အသက်အရွယ် ဖူးပွင့်စ ပန်းလေးတစ်ပွင့်လိုပါပဲ သူမရဲ့ အလှတွေကို ဘယ်လိုလူက သောက်သုံးရက်မှာလဲ အိမ်ထောင်ရေးတစ်ခုမှာ ယောင်္ကျားတစ်ယောက်က ဘယ်လောက်ပဲ စည်းစောင့်ပါစေ ကာရန်လို မိန်းကလေးတစ်ယောက်နဲ့တွေ့ရင် ထင်မှတ်မထားတာတွေ ဖြစ်လာမှာပါပဲ အခုလည်းကြည့်လေ ကာရန်ရဲ့အစ်မ သူ့အမျိုးသားပေါ်မှာဘယ်လောက်ပဲ ရိုသေနေပါစေ ကာရန်ကတော့ မရိုသေပါဘူး တစ်နှစ်ကျော်လောက်ခွဲသွားပြီးတော့ ပြန်လာတဲ့ ကာရန်ရဲ့ အစ်မယောင်္ကျားကို ကာရန်က မဆီမဆိုင်ပဲ သွားပြီးခရီးဦးကြိုပြုပါတယ် ကာရန်က အကြံသမားဆိုတော့ အိမ်ကို တန်းပြီး ပြန်မပို့သေးပဲ နေစရာတစ်ခုစီစဉ်ထားလိုက်ပါတယ် နေရာစီစဉ်ထားတာကလဲ အိမ်နဲ့ ဝေးနေတော့ ပြန်ရောက်တာကလဲ ညနေဆိုတော့ အဲဒီမှာပဲ တစ်ညအိပ်ဖို့ အကြောင်းဖန်လာပါတော့တယ် အမျိုးကောင်းသားလေးက ဘယ်လိုပဲ အကြောင်းပြချက်တွေ ပေးပေး ကာရန်ရဲ့ မာယာကျော့ကွင်းထဲ ဝင်လျှက်သား ဖြစ်သွားပါတော့တယ် အိမ်ထောင်ရှင် အမျိုးသားများ သင်ခန်းစာရယူဖို့ တင်ဆက်ပေးလိုက်ပါတယ် တစ်ခုသတိထားရမှာက ကာရန်ရဲ့ မာယာကျော့ကွင်းက အမြင့်ဆုံး Level ဖြစ်နေတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူးခင်ဗျ။ File size…1GB Quality…720p FHD  Format…mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

null 2022 121 mins
(21+) PRED-362 My Wife And I Are Bored Of Each Other So Tempted By Karen (Step Sister)
Thunder Rescue
5.7

ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီး မူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။ မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှ မူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့ သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။ အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကို ဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Drama
5.7 2023
Thunder Rescue
Joy Ride 2: Dead Ahead

မယ်လီဆာနဲ့ခင်ပွန်းလောင်း ဘော်ဘီတို့ဟာ လက်ထပ်ဖို့အတွက်Las vegas ကိုကားမောင်းလာခဲ့ကြပါတယ်။ သူတို့နဲ့အတူ မယ်လီဆာရဲ့ညီမကေလာနဲ့အွန်လိုင်းရည်းစား နစ်ခ် ဆိုတာ ပါလာပါတယ်။ လမ်းတစ်ဝက်ကန္တာရထဲမှာ ကားပျက်သွားတဲ့နောက် လမ်းဆင်းလျှောက်ကြရာကနေ စွန့်ပစ်လယ်တောအိမ်ကြီးတစ်လုံးနဲ့အတူ ကားတစ်စီးကို တွေ့ခဲ့တဲ့အတွက် ပိုင်ရှင်ရှိရင် နောက်မှတောင်းပန်မယ် အလျော်ပေးမယ်ဆိုပြီးကားကိုယူသွားဖြစ်ခဲ့ကြပါတယ်။ နောက်တစ်နေ့မှာ စားသောက်ဆိုင်ထဲထိုင်နေတုန်း မယ်လီဆာဆီကို ကားပိုင်ရှင်ဆိုသူဆီက ဖုန်းဝင်လာခဲ့ပြီး ကားကိုယူသွားတဲ့အတွက် ဘော်ဘီကိုသူဖမ်းခေါ်သွားပြီလို့ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ်။ ဘော်ဘီကိုအသက်ရှင်ရက်ပြန်လိုချင်ရင် သူခိုင်းသမျှလိုက်လုပ်ပေးရမှာဖြစ်ပြီး ပထမဆုံးတောင်းဆိုလာတာကတော့ သူ့ညီမကေလာရဲ့ လက်ခလယ်တစ်ချောင်းပါပဲ။ Joy ride ရဲ့ဒုတိယကားဖြစ်ပြီး သတ်ခန်းဖြတ်ခန်းတွေပထမကားထက်ပိုကြမ်းသလို horror ဘက်ပိုသွားပါတယ်။ rating ဘာညာမှာဩဇာကြီးတဲ့ ပထမကားကို မမှီပေမယ့် ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Drama
0 2008
Joy Ride 2: Dead Ahead
Trim Season
5

ဝေါ်ကီးကြိုက်တဲ့ ဝေါ်ကီးဘဲကြီးတွေအတွက် ထူးထူးခြားခြား ဆန်းဆန်းပြား‌ပြား Horror Movie လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဆေးခြောက်တွေကို ထုတ်ကုန် တစ်ခုအဖြစ် ဖန်တီးတဲ့အခါမှာ အချောသတ်အဆင့်ကို ရောက်အောင် ကိုင်းတွေအရွက်တွေကိုအရင်ညှပ်ပေးရပါ သေးတယ်။အဲ့ဒီသဘောတရားကိုအခြေခံပြီး ဒီဇာတ်ကားနာမည်ကို Trim Season လို့ပေးထားတာဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဂျိမ်းစ်ဆိုတဲ့လူတစ်ယောက်က ဆေးခြောက်တွေကို ရိတ်သိမ်းပြီးညှပ်ရတဲ့ ရာသီရောက်ရင် ညှပ်ပြီးအချောသတ်ပေးမဲ့ လူတွေကိုလိုက်လံရှာဖွေနေသူ တစ်ယောက်ဖြစ်ပါတယ်။ဒီအလုပ်က တရားမဝင်အလုပ်ဆိုတော့ ပိုက်ဆံတွေအများကြီးရတဲ့အတွက် လုပ်ချင်တဲ့သူတွေကလည်း တန်းစီနေတာပါပဲ။ အဲ့ထဲမှာ အမ်မာဆိုတဲ့ မကြာသေးခင်ကမှ အလုပ်ပြုတ်ထားပြီး အိမ်လခမပေးနိုင်လို့ ငှားထားတဲ့ အိမ်ကနေ ဖယ်ပေးရတော့မဲ့ ကောင်မလေးတစ်ယောက်ပါပါတယ်။အမ်မာက သူ့သူငယ်ချင်းရဲ့ ချိတ်ဆက်ပေးမှုကြောင့် ဂျိမ်းစ်နဲ့သိသွားပြီး အဲ့ဒီအလုပ်ကိုလုပ်ဖို့ စတင်ထွက်ခွာလာခဲ့ပါတော့တယ်။ စစချင်းကတည်းက သူတို့မှာပါလာတဲ့ကားတွေကို ထားခဲ့ရပြီး လူသူကင်းမဲ့တဲ့တောကြီးမျက်မည်းထဲက စိုက်ခင်းတစ်ခုဆီကို ခေါ်လာခဲ့ပါတော့တယ်။ပါလာတဲ့သူတွေ အကုန်လုံးက မိန်းကလေး တွေဖြစ်ပြီး မကြာခင်မှာပဲအလုပ်ကိုယ်စီစလုပ်ရပါတော့တယ်။ ဒါပေမယ့် ဒီလိုလွယ်လွယ်ကူကူအလုပ်လုပ်ပြီး ပိုက်ဆံအများကြီး ရမယ်ဆိုတာက ကလေးကိုသကြားလုံးပေးပြီးမျှားခေါ်သလို သဘောတရားနဲ့အတူတူပဲဆိုတာကို မသိရှာတဲ့ အမ်မာနဲ့အလုပ် လာလုပ်တဲ့ကောင်မလေးတစ်သိုက် ဘယ်လိုထိတ်လန့်စရာတွေ ကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.92GB / 876MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2023 100 mins
Trim Season
No Boys, No Cry

No Boys, No Cry (2009) ဒီတစ်ခါမှာတော့ ကိုရီးယားရုပ်ရှင်ကားတွေ ကြည့်ဖူးသူတိုင်း မစိမ်းတဲ့လောက်မယ့် မင်းသား Ha JungWoo နဲ့ ဂျပန်မင်းသား Satoshi Tsumabuki တို့ အတွဲညီညီ ပါဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကိုရီးယားလူမျိုးဖြစ်တဲ့ ဟွန်းဂူဟာ အသက် ၆ နှစ်အရွယ်တည်းက အမေ့ဆီက စွန့်ပစ်ခံခဲ့ရသူပါ။ မှောင်ခိုသမား ဦးလေးကြီးဘိုဂယောင်းဆိုသူ လက်အောက်မှာ ကြီးပြင်းလာခဲ့ရသူပေါ့။ ဘဝတစ်လျှောက်လုံးမှာ “အမေက ဘာလို့ စွန့်ပစ်သွားတာဖြစ်မလဲ” ဆိုတဲ့အတွေးနဲ့ ဘိုဂယောင်းအပေါ် သစ္စာရှိဖို့ကလွဲရင် ဘာအတွေးမှ မရှိတဲ့သူပါပဲ။ ဟွန်းဂူ မှောင်ခိုပစ္စည်းလာပို့တိုင်း ဂျပန်ဘက်ကနေ သူ့ကို လာကြိုနေကျသူကတော့ တိုရုပါပဲ။ ဂျပန်ကောင်လေး တိုရုကို အားလုံးက ခပ်နုံနုံလေးလို့ပဲ ထင်ခဲ့ကြပါတယ်။ တစ်နေ့ ဦးလေးကြီးဘိုဂယောင်းက သူတို့နှစ်ယောက်ကို ဂျီဆုဆိုတဲ့မိန်းကလေးကို ပြန်ပေးဆွဲပြီး ဂျပန်ကို ခေါ်လာခိုင်းလိုက်ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလို မဖြစ်တဲ့အပြင် ဟွန်းဂူတစ်ယောက် တိုရုရဲ့ပုံစံအမှန်ကိုပါ သိလာရတဲ့အခါ..။ မိသားစုအပေါ် တာဝန်သိတတ်တဲ့ တိုရုနဲ့ မိသားစုဆိုတာ ဘာလဲ မေးခွန်းထုတ်နေဆဲ ဟွန်းဂူတို့ ကြား ဘယ်လိုမျိုး အဆက်အသွယ်လုပ်မလဲ။ မတူညီတဲ့ ဘာသာစကား၊ ရှင်သန်လာမှုပတ်ဝန်းကျင် ကွဲပြားတဲ့ လူနှစ်ယောက်ရဲ့ လူငယ်ဘဝကို ဆွဲဆောင်မှုရှိရှိ ရိုက်ကူးပြသထားတဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB | 842MB Format… mp4 Duration…. 1h 55min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

Comedy • Drama • Thriller
0 2009
No Boys, No Cry
BKO: Bangkok Knockout
5.4

ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ သိုင်းပညာသင်လူငယ်တစ်စုဟာ ဟောလိဝုကိုသွားရောက် စတန့်လုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မထင်မှတ်ထားတဲ့ အရာတွေဖြစ်လာပြီး အသက်အန္တရာယ်ရှိတဲ့ အနေအထားထဲကိုရောက်လာပါတော့တယ်။ Squid game လိုပဲ လူတွေတိုက်ခိုက်တာကို ကြည့်ချင်ကြတဲ့သူတွေကြောင့် သူတို့တွေဟာ တိုက်ခိုက်ရည်ဝနေတဲ့ သူတွေနဲ့ တွေ့ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းက အကောင်းကြီးမဟုတ်ပေမယ့် Fight scene တွေက တော်တော်လေးကောင်းတဲ့အထဲမှာပါပါတယ်။ အက်ရှင်ကားကောင်းတွေ ကြိုက်တတ်သူဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်သင့်ပါတယ်။ File size…(1.5 GB)/(3.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Martial Art, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Drama
5.4 2010 101 mins
BKO: Bangkok Knockout
Bowfinger

1999 ထွက် Comedy ရုပ်ရှင်အသစ်တစ်ကား တင်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်း ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဟာ နာမည်ကြီး မင်းသားတစ်ဦးကို သူ့ရိုက်မယ့်နိမ့်ကြေးရုပ်ရှင်မှာ ပါဝင်ခိုင်းဖို့ မအောင်မြင်တော့ မင်းသား မသိအောင် လျှို့ဝှက်ကင်မရာတွေနဲ့ ခိုးရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမဲ့ အဲဒီအကြံက ထင်သလောက် မလွယ်ကူတဲ့ အရာမဟုတ်တော့ ဘယ်လိုခက်ခဲမျိုးတွေနဲ့ ကြုံရမလဲ ဒါတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို ဟာသအနှောလေးတွေနဲ့ ဖတ်ရမှာ ဖြစ်ပါတယ် နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Steve Martin နဲ့ Eddie Murphy တို့က အဓိက သရုပ်ဆောင်ဖြစ်ကြပြီး Robert Downey Jr. ကပါ အရံသရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ထားသောကြောင့် တော်တော် ကြည့်ဖို့ထိုက်တန်တဲ့ကားလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lin Thurein

Romance
0 1999
Bowfinger