YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

lucky.hank.s01e06.1080p.web.(CM).mp4

811.78 MB 1080p video/mp4 71 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Waltair Veerayya
5.5

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။ အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True  WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~Taylor~ Yunni ~ Khin Khin

Romance
5.5 2023 160 mins
Waltair Veerayya
Look up and see joy
8

ဒီဇာတ်ကားလေးဟာဆိုရင် မိသားစုအကျပ်အတည်းတွေကြားထဲက မိသားစုရဲ့ တာဝန်ကြီးပုံ ၊ တာဝန်ယူရပုံ ၊ သက်ကြီးရွယ်အို ဘိုးဘွားတွေရဲ့ ချစ်မြတ်နိုးပုံ ၊ ကလေးငယ်လေးတွေရဲ့ သင်ကြားမှု ပညာရေး ပြဿနာ အစရှိတဲ့ မိသားစုရေး အိမ်တွင်းရေး ကိစ္စတွေကို အဓိက ဖော်ပြပေးထားတဲ့ မိသားစုဇာတ်ကားလေးပါပဲဖြစ်ပါတယ်ရှင် ။ ❏ အလုပ်ထုတ်ခံရပေမဲ့လဲ ကံကြမ္မာကို ဦးမညွှတ်ပဲ ရှေ့ဆက်ပြီး လျှောက်နေသူ ❏ ဆုံးပါးသွားတဲ့ အဘွားဖြစ်သူကို လွမ်းတဲ့စိတ်နဲ့ အတိတ်ကနေ ရုံးမထွက်နိုင်တဲ့ အဘိုးကို ကွန်ပျူတာ နည်းပညာသုံးပြီး အဘွားနဲ့ တွေ့ခွင့်ရအောင် ကြိုးစားပေးနေသူ ❏ အလုပ်အကိုင်အခြေအနေတွေကြောင့် သားဖြစ်သူကို မိဘနဲ့ အတူတူမထားနိုင်ရှာပဲ ဘိုးဘွားတွေဆီ အပ်နှံထားရသူ ❏ ငွေကြေးချမ်းသာပေမဲ့ တောရွာလေးဆီမှာ ရောက်ရှိလာဖို့ အကြောင်းဖန်လာခဲ့ပြီး သူဌေးသားတစ်ယောက်အနေနဲ့ ကျေးလပ်တောရွာမှာ အသားကျအောင် ကြိုးစားပြီး နေထိုင်နေရသူ အစရှိသဖြင့် ဇာတ်လမ်းဇာတ်ကွက် လေးခုခွဲကာ ဒီကားလေးအတွင်း မြင်တွေ့ရမှာဖြစ်တဲ့ အပြင် ကိုယ်ကျရာ ဘဝဇာတ်ခုံမှာ ကကြိုးဆင်ကာ ကပြနေကြတာကိုလဲ မြင်တွေ့ရမှာပဲဖြစ်ပါတယ် ။ ကိုယ်ကျရာ ဘဝမှာ အရှူံးမပေးခေါင်းမငုံ့ပဲ လုပ်ဆောင်ပြီး မိသားစုတွေရဲ့ နွေးထွေးမှုတွေနဲ့ အတူ ရှေ့ဆက်ကာ သူတို့ရဲ့ အခက်အခဲတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မလားဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 2h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Mystery • Thriller
8 2023
Look up and see joy
Executioners
6

မီရှယ်ယို...မက်ဂီချောင်...အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။ အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....။ ။ IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။ File size…(2.5 GB) / (950 MB) Quality….HDRip Uncut Version 1080p /720p Format…mp4 Duration….01:41:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa

Fantasy • Horror • Mystery • Science Fiction
6 1993 101 mins
Executioners
Humming
6.2

လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။ အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။ သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။ ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက် အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.52GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Crime • Drama
6.2 2008
Humming
The Persian Version

ဒီတစ်ခေါက်မှာတော့ IMDB 6.5/10 ရရှိထားတဲ့ Romance/Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါရှန်း(အီရန်)-အမေရိကန်မလေးဖြစ်သူ လေလာက ငယ်ငယ်ကတည်းက မိခင်နဲ့ ဖခင်ရဲ့ နိုင်ငံနှစ်နိုင်ငံကြား ဗျာများခဲ့ရသူပါ။ အစ်ကိုတွေ မောင်တွေ ကိုးယောက်တောင်ရှိတဲ့ မိသားစုထဲမှာ တစ်ဦးတည်းသော သမီးမိန်းကလေးဖြစ်သူ သူမကို သူ့အမေ ရှီယင်က အများကြီးမျှော်လင့်ထားခဲ့ပေမဲ့ တကယ်တမ်း အရွယ်ရောက်လာတဲ့အခါမှာတော့ လေလာက lesbian တစ်ယောက်ဖြစ်ခဲ့ပြီး အယ်လီနာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်လိုက်ပါတော့တယ်။ သူမအပေါ် အမျှော်လင့်ကြီးမျှော်လင့်ခဲ့တဲ့ အမေဖြစ်သူရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောခဲ့ရပြီး သူမတို့ကြားမှာလည်း ပဋိပက္ခတွေ များစွာဖြစ်ခဲ့တာပေါ့လေ။ ဒီလိုနဲ့ “အမေ့ကိုနားလည်ချင်ရင် အမေ့အကြောင်း စာရေးကြည့်ပါလား”ဆိုတဲ့ အဘွားဖြစ်သူ မာမာဂျွန်ရဲ့ အားပေးချက်ကြောင့် သူ့အမေရဲ့အကြောင်းကို သူသိသလောက် ရေးဖို့ကြိုးစားခဲ့ရာမှာတော့ သူ အရင်ကမသိခဲ့တဲ့ သူ့အမေနဲ့ အဖေရဲ့ အတိတ်က ဖြစ်ရပ်တစ်ခုကို သိလိုက်ရပါတော့တယ်။ “နာကျင်မှုကို မထိတွေ့ဘူးဆိုရင် နာကျင်မှုက ထိတွေ့မှာကိုလည်း မခံစားရဘူး”တဲ့။ တကယ်နာကျင်ရတဲ့အရာကို မေ့ထားဖို့၊ မနာကျင်သယောာင် ဟန်ဆောင်နေတတ်ကြတဲ့လူတွေက နာကျင်မှုကို တကယ်ရောမေ့ဖျောက်ထားနိုင်တာလား။ သူမ မသိခဲ့တဲ့အတိတ်ကဖြစ်ရပ်က သူမအမေရဲ့ဘဝကို ဘယ်လောက်တောင် ပြောင်းလဲစေခဲ့တာလဲ။ ပညာရေးဆုံးခန်းမတိုင်ခဲ့ပေမဲ့ ထက်မြက်တဲ့ သူ့အမေက သူတို့မိသားစုအတွက် ဘယ်လိုဖြစ်တည်မှုမျိုးလဲ။ အဆင်မပြေမှုတွေရဲ့ကြားထဲ မထင်မှတ်တဲ့ညတစ်ညမှာ မိန်းမလိုဝတ်တဲ့ယောက်ျားတစ်ယောက်နဲ့ အတူနေမိရာက ကိုယ်ဝန်ရသွားခဲ့တဲ့ လေလာတစ်ယောက်ရော သူ့အမေနဲ့ဘယ်လိုတွေဆက်ဖြေရှင်းကြမလဲ။ lesbian ဖြစ်တဲ့ လေလာကရော ဒီကိုယ်ဝန်ကိုရော မွေးဖြစ်ပါ့မလား။ သူ့အမေနဲ့ လေလာရော ပြေလည်မှုရနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2023
The Persian Version
High Ground
6.5

ဒီရုပ်ရှင်လေးကတော့ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာ သွားရောက်ရိုက်ကူးထားပြီး ပထမကမ္ဘာစစ်နှောင်းပိုင်း ကာလမှာအခြေတည်ထားပါတယ်….။ သြစတြေးလျဒေသခံလူမည်းမျိုးနွယ်တစ်ခုဖြစ်တဲ့ Aboriginal Australiansလူမျိုးတို့ရဲ့ယဥ်ကျေးမှုတွေ ဓလေ့တွေကိုလည်း မြင်တွေ့ရဦးမှာပါ…။ ရိုက်ကွင်းတွေ ရှုခင်းတွေက လှပအရိုင်းဆန်လွန်းပြီး သရုပ်ဆောင်ပီပြင်တာကြောင့် ဆုတံဆိပ်တွေလည်းရရှိ ထားတဲ့ဇာတ်ကားပါ…။ ဇာတ်လမ်းအကြောင်းလေးကိုပြောရရင် လူဖြူတွေကြီးစိုးပြီးနောက် မိသားစုတစ်ကွဲတပြားဖြစ်သွားရတဲ့ Aboriginalမျိူးနွယ် လူမည်းလေး ဂူဂျူရဲ့ဘဝကို အခြေခံရိုက်ကူးထားပါတယ်။ လူဖြူတွေရဲ့ကျူးကျော်မှုကြောင့် ငယ်ဘဝမိသားစုအသိုက်အမြုံလေး ပြိုကွဲခဲ့ရပြီးနောက် ဂူဂျူကိုယ်တိုင်လည်း လူဖြူတွေရဲ့စခန်းမှာ ငယ်ကျွန်သာသာဘဝကိုရောက်ရှိသွားပါတယ်။ ၁၂နှစ်တာကာလကုန်လွန်သွားပြီးနောက် ဂူဂျူရဲ့ဦးလေးဖြစ်သူဟာ သူတို့မိသားစုအတွက် လူဖြူတွေကို လက်စားပြန်ချေပါတော့တယ်…။ လူဖြူတွေနဲ့ရင်းနီးပြီးသားဖြစ်တဲ့ လူမည်းလေးတစ်ယောက်အနေနဲ့ မိသားစုအတွက်ပဲလက်စားပြန်ချေမလား လက်နက်အင်အား အရာရာသာလွန်တဲ့ လူဖြူတွေကို ဘယ်လိုပြန်ရင်ဆိုင်သွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ File size…2.29GB / 1.43GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Action , Thriller , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.5 2020
High Ground
Good Bye, Lenin!

IMDb Rating – 7.7/10 အဲလက်စ်ကာနာ (Daniel Bruhl) ရဲ့ ဖခင် ရောဘတ်က ၁၉၇၈ ခုနှစ်မှာ အနောက်ဂျာမဏီကို ထွက်ပြေးသွားပြီးနောက် မိခင် ခရစ်စတီယန်းကပဲ သားဖြစ်သူ အဲလက်စ်နဲ့ သမီးလုပ်သူ အာရီယန်းကို အရှေ့ဂျာမဏီဘက်မှာ တစ်ယောက်တည်း ပြုစုပျိုးထောင်လာရသူပါ။ ခရစ်စတီယန်းက လူမှုတိုးတက်ရေးလုပ်ငန်းစဉ်တွေအတွက် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ပေးသူဖြစ်ပြီး နိုင်ငံတော်ကောင်စီက ပေးအပ်တဲ့ ဆုတံဆိပ်တွေကိုတောင် ရရှိလာတဲ့အထိ ပြည်သူအကျိုးကို သယ်ပိုးနိုင်သူတစ်ဦးဖြစ်လာပါတယ်။ အရှေ့ဂျာမဏီ နှစ် ၄၀ ပြည့်ပြီးနောက်တစ်နေ့မှာ လူတွေက ဘာလင်တံတိုင်းကြီးကို ဖြိုချဖို့အရေး သတင်းလွတ်လပ်ခွင့်ရရှိရေးတို့အတွက် ဆူပူအုံကြွလာတဲ့အထဲမှာ အဲလက်စ် တစ်ယောက်ကလည်းပါဝင်ခဲ့ပါတယ်။ အဲ့လိုအုံကြွတဲ့အတွက် သူ့ကို ရိုက်နှက်ဖမ်းဆီးသွားတာကို ခရစ်စတီယန်း တစ်ယောက် တွေ့သွားတဲ့အခါ မူးလဲသွားပြီး ဆေးရုံကို အချိန်မီမပို့နိုင်တဲ့အတွက် ကိုမာဝင်သွားပါတော့တယ်။ရှစ်လအကြာ သူမ သတိပြန်လည်လာတဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးလည်း မရှိတော့တဲ့အပြင် တိုးတက်မှုတွေ များစွာဖြစ်နေပြီဖြစ်ပေမယ့် ဆရာဝန်က သူမအနေနဲ့ နောက်တစ်ခါနှလုံးဖောက်ရင် အသက်ပါ ပါနိုင်ကြောင်း ပြောလာတဲ့အခါ အဲလက်စ်တစ်ယောက် သူ့အမေ ထိုအဖြစ်အပျက်တွေကို မသိရှိရေး အသည်းအသန် ကြိုးစားရပါတော့တယ်။ နိုင်ငံကြီးက ခေတ်နဲ့အမီ တိုးတက်နေတဲ့အချိန် ဂျာမဏီနိုင်ငံက ကမ္ဘာ့ဘောလုံးပွဲမှာတောင် ချန်ပီယံဖြစ်နေတဲ့အချိန် အဲလက်စ်တစ်ယောက် အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ သူ့မိခင်အတွက် အရှေ့ဂျာမဏီရဲ့ ဆိုရှယ်လစ်အုပ်ချုပ်မှုစနစ်ကြီးကို တစ်ယောက်တည်းအသက်သွင်းနေရတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲလက်စ်တစ်ယောက် သူ့မိခင်ကို အဆုံးထိ လိမ်သွားနိုင်မလား… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ခံစားကြည့်ကြပါဦး။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy/ Drama အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.1 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

Drama • Family
0 2003
Good Bye, Lenin!
The Unexpected Man
5.2

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့… ချန်ကျန်းဟာ အရမ်းတော်တဲ့သင်္ချာ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဘဏ်မှာ စာရင်းသွင်းဖို့သွားရင်း ဘဏ်ဓားပြတိုက်မှုတစ်ခုကို ကြုံခဲ့ရပါတယ် အဲ့ဒီနောက်မှာ ရဲတွေကို လုယက်သူတွေကိုဖမ်းဖို့ မျက်မြင်သက်သေ တစ်ယောက်အနေနဲ့ သူ့ရဲ့သချာ်စွမ်းရည်ကိုအသုံးချကာ ကြီးမားစွာ အကူအညီပေးခဲ့ပြီး ကိန်းဂဏန်းဝိဇ္ဇာလို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ အကြမ်းဖက်သမားတစ်ယောက်က ကိန်းဂဏန်းဝိဇ္ဇာချန်ကျန်းကို ရည်ရွယ်ပြီး မြို့ထဲမှာ ဗုံးတွေဆင်ကာ ပညာစမ်းပါတော့တယ် အကြမ်းဖက်သမားလက်ထဲကနေ အပြစ်မဲ့သူတွေကို ချန်ကျန်းတစ်ယောက် ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး သူ့ပညာတွေကို ဘယ်လိုအသုံးချ ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်

5.2 2021
The Unexpected Man
The Unseen Sister
6.2

အသက် ၁၄ နှစ်အရွယ်မှာတည်းက စာပေလောကထဲကို စာရေးဆရာအနေနဲ့ ရောက်လာခဲ့တဲ့ ကျန်းယွဲ့ရန်ရဲ့ (Da Qiao Xiao Qiao)တချောင်ရှောင်ချောင် (ခ) ချောင်ညီအစ်မဇာတ်လမ်းက အွန်လိုင်းဝတ္ထုတိုလေးဆိုပေမယ့်လည်း…. အခု ကျောက်လိယင်းနဲ့ ရှင်းကျစ်လေ မင်းသမီးနှစ်လက်အသားပေးပြီး The Unseen Sister (2024) ရုပ်ရှင်ကားအဖြစ်တစ်မျိုး၊ တစ်ဖက်မှာလည်း Tencent က ကျောက်လုစီနဲ့ ချန်ဝေထင်တို့က ဇာတ်လိုက်သရုပ်ဆောင် ဖန်တီးထားတဲ့ Love’s Ambition ( 2025 မျှော်မှန်း) ဇာတ်လမ်းတွဲအဖြစ် တစ်ဖုံ စင်ပြိုင် အလုခံရတဲ့ ဝတ္ထုတိုလေးပါ… ဒီလိုစင်ပြိုင်လုခံရတဲ့ ဇာတ်ကားလေးက ဘယ်လို ဇာတ်အိမ်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတာကတော့ မူရင်းဝတ္ထုလေးဖတ်ဖူးသူတွေသိကြမှာပါ… ဒီနေ့မှာတော့ ယင်းပေါင်(ခ) ကျောက်လိယင်ရဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ရုပ်ရှင်ဗားရှင်းမှာတော့… နာမည်ကြီးသရုပ်ဆောင်မင်းသမီး ချောင်ယန် (ကျောက်လိယင်)က အမည်မသိလူတစ်ယောက်ရဲ့ လျို့ဝှက်ခြိမ်းခြောက်မှုကို ခံနေရတာပေါ့… တစ်ဖက်မှာလည်း သူ့ကို ငွေရှာစက်လိုသဘောထား အသုံးချ အသားယူဖို့ကြိုးစားနေတဲ့ ရှန်ဟောက်မင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြန်တယ်… တစ်ဖက်မှာလည်း ချောင်ယန်ရဲ့ အောင်မြင်မှုကို တရုတ်နယ်စပ် မြန်မာနိုင်ငံကနေ ဗိုက်တစ်လုံးနဲ့ ကြည့်နေတဲ့သူကတော့ တချောင်( ရှင်းကျစ်လေ) ပါပဲ… တချောင်က တခြားသူမဟုတ်ပါဘူး… ချောင်ယန်နဲ့ ၁၇ နှစ်တာ ကွဲနေတဲ့ သူ့အစ်မအရင်းပါပဲ… သူ့မှာလည်း ဗိုက်တစ်လုံးနဲ့ ထားသွားတဲ့ ယောက်ျားက ဒီတိုင်းမထားဘဲ အကြွေးရှင်တွေနဲ့ ထားသွားတော့… ကူသူကယ်သူမဲ့နေရာကနေ နောက်ဆုံးမှာတော့…. ချောင်ယန်ရှိတဲ့ ပေကျင်းကို ထွက်လာဖို့ဖြစ်လာခဲ့တယ်… ၁၇ နှစ်တာ ဝေးကွာနေတဲ့ ညီအစ်မတွေ ပြန်ဆုံချိန်မှာ အမှတ်မထင် တချောင်ပြောတဲ့စကားက… “နင့်ဆီက ချောင်ယန်ဘဝကို ပြန်လိုချင်လို့”တဲ့… ဟုတ်ပါတယ်… ချောင်ယန်ဆိုတဲ့နာမည်နဲ့ဘဝက အခုမင်းသမီးချောင်ယန်ရဲ့ ဘဝမဟုတ်ဘဲ တချောင်ရဲ့ နာမည်ပါတဲ့… ဒါပေမယ့် ဘာလို့ ရှောင်ချောင်က တချောင်ရဲ့ နာမည်နဲ့ဘဝကိုရသွားတာလဲ… ချောင်ယန်ကို လျို့ဝှက်ခြိမ်းခြောက်နေတဲ့သူကရော ဘယ်သူလဲ… နောက်ပြီး ချောင်ယန်တစ်ယောက် သူ့ကို ငွေရှာစက်လို သဘောထားတဲ့ ရှန်ဟောက်မင်လက်က ဘယ်လိုရုန်းထွက်နိုင်မှာလဲ… တချောင် ရှောင်ချောင် ညီအစ်မနှစ်ယောက်ဘဝက ဘယ်လိုပြောင်းလဲသွားမှာလဲ… CM မှာ ဘာသာပြန်ပေးထားတာမို့ ကြည့်ရှုအားပေးလိုက်ကြရအောင်

6.2 2024
The Unseen Sister
Shrew’s Nest

Shrew’s Nest (2014) ********************** IMDb….6.7 cm ပရိသတ်ကြီးကို ၁၉၅၀ ဝန်းကျင် ခေတ် မက်ဒရစ်မြို့ကို နောက်ခံထားတဲ့ စပိန်ဘာသာစကားပြော Horror Thriller ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတွေဟာ ရှင်သန်ဖြတ်သန်းရတဲ့ ဘဝအခြေအနေတွေ မတူညီတာနဲ့အမျှ စိတ်ခံစားချက် အသီးသီးဟာလည်း မတူညီကြပါဘူး။ ချစ်ခြင်းမေတ္တာဟာ လှပတယ်ဆိုပေမဲ့ အစွန်းရောက်သွားပြီးတော့ စိတ္တဇအခြေအနေအဖြစ် ကူးပြောင်းသွားတဲ့အခါမှာတော့ ကြောက်ဖို့ကောင်းတဲ့ အရာတွေကို မရည်ရွယ်ဘဲ လုပ်မိလျက်သား ဖြစ်တတ်တဲ့သဘောရှိပါတယ်။ ဒီဇာတ်ကားဟာ လူတွေ ဂရုမမူမိတတ်ကြတဲ့ စိတ်ရောဂါအခြေနေ ကွဲပြားပုံတွေနဲ့ ဒါကိုလျစ်လျူရှုထားတဲ့အခါမှာ ဘယ်လိုဆိုးဝါးရဲ့အရာတွေ ဖြစ်နိုင်သလဲဆိုတာကိုဇောင်းပေး ရိုက်ကူးထားတာပါ။ တင်ဆက်ပုံကောင်းမွန်ပြီး ပါဝင်သရုပ်ဆောင်သူတွေ သရုပ်ဆောင် ကောင်းကြသလို ရုပ်ရှင်ပွဲတော်တွေမှာ ဆန်ကာတင်ချိတ်ရုံတင်မက ဒါရိုက်တာဆု၊ ဇာတ်ကားဆုနဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုတွေကိုပါ ဆွတ်ခူးထားနိုင်တဲ့ ဇာတ်ကားကောင်း တစ်ကားပါ။ ကြည့်ရှုနေရင်းနဲ့ ကိုယ်တိုင် လိုက်ပါစီးမျောရင်း မွန်းကြပ်လာတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်ဖြစ်တဲ့ မွန်ဆေးဆိုတဲ့ အမျိုးသမီးဟာ ငယ်စဉ်ကတည်းက မိခင်သေဆုံးပြီးချိန် ကျန်တဲ့ ဖခင်ဖြစ်သူက စိတ္တဇရောဂါဖြစ်ပြီး အနိုင်ကျင့်မှု ခံခဲ့ရပါတယ်။ ငယ်ရွယ်စဉ်မှာ စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ သူမဟာ အိမ်အပြင်မထွက်ရဲတဲ့ agoraphobia ရောဂါကိုပါ ခံစားခဲ့ရပါတယ်။ သူမအတွက် ပြင်ပလောကနဲ့ အဆက်အသွယ်ဟာ သူမရဲ့ ညီမလေးပါ။ ဒီညီမလေးကိုလည်း မွန်ဆေးဟာ ငယ်စဉ်ကတည်းက ထိန်းချုပ်ပြီး တားဆီးပိတ်ပင်လေ့ရှိပါတယ်။ ဒီလိုနဲ့ နေထိုင်လာရင်း တစ်နေ့မှာ အပေါ်ထပ် တိုက်ခန်းမှာ နေထိုင်တဲ့ ကာလို့စ်ဆိူတဲ့ အမျိုးသားတစ်ယောက် လှေကားမှာ ချော်လဲပြီးတော့ သူမတို့ တိုက်ခန်းကို အကူအညီတောင်း ရောက်လာချိန်မှာတော့…..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aoi ပဲဖြစ်ပါတယ်…) File Size : 1.27GB/ 520MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…01:32:00 Genre : Horror, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Aoi Encoded by Tiff

0 2014 91 mins
Shrew’s Nest
Narayaneente Moonnaanmakkal
6

Narayaneente Moonnanmakkal (2025)”လွမ်းငွေ့” ======================================= ဘဝဆိုတာ တသမတ်တည်းမရှိသလို ကြိုတင်ခန့်မှန်းလို့လည်းမရပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ်ချစ်ရတဲ့သူတွေနဲ့ အချိန်တန်ရင်ခွဲခွာကြရမှာ ဓမ္မတာပါ။ ဘဝရဲ့ ပုံမှန်လည်ပတ်နေတဲ့ ပုံသေနည်းတွေအရ မွေးကတည်းက အတူရှိလာတဲ့ မွေးချင်းတွေ၊ မိဘတွေနဲ့ နောက်ဆုံးအချိန်ထိ အတူရှိခွင့်ရတဲ့သူတွေဆိုတာလည်း အင်မတန်ရှားပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ငယ်ငယ်ကတည်းက အတူရှိခဲ့ကြတဲ့ ညီအစ်ကိုသုံးယောက်၊ အရွယ်ရောက်လာတဲ့အခါ တစ်ယောက်တစ်နေရာစီ လွင့်သွားကြတယ်။ ကိုယ့်အသိုက်ကိုယ်ဆောက်ကြတယ်။ အဲဒီလိုနဲ့ နှစ်တွေအကြာကြီးကြာတဲ့အချိန်မှာ သူတို့ရဲ့မွေးသမိခင်ကြီးရဲ့ နောက်ဆုံးအချိန်ရောက်လာလို့ ညီအစ်ကိုသုံးယောက်လုံး မိသားစုကိုယ်စီနဲ့ မွေးရပ်မြို့လေးကိုပြန်လာကြတယ်။ စကားတွေပြောကြတယ်။ အရက်အတူတူသောက်ကြတယ်။ သူတို့ရဲ့ သားသမီးတွေ အချင်းချင်း မိတ်ဖွဲ့ကြတယ်။ အဲဒီလိုနဲ့ ကြည့်ရှုခံစားသူတွေက ညီအစ်ကိုသုံးယောက်ရဲ့ဘဝတွေကို တတိယလူရှုထောင့်ကနေ တဖြည်းဖြည်း မြင်လာရတယ်။ ဒီရုပ်ရှင်လေးဟာ ဇာတ်လမ်းဇာတ်အိမ် ရိုးရှင်းတယ်လို့ထင်ရပေမဲ့ အကွေ့အဝိုက်လေးတွေလည်းပါပြီး ပရိသတ်ကို ဖြည်းဖြည်းချင်း ဆွဲခေါ်နိုင်စွမ်းရှိပါတယ်။ ရုပ်ရှင်ထဲမှာ နာမည်ကြီးသရုပ်ဆောင်တွေ မပါပေမဲ့ ရိုက်ထားတဲ့ဒါရိုက်တာကတော့ အင်ဒီးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေမကြာခဏရတတ်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်လမ်းကို တင်ဆက်သွားပုံတွေ၊ ရုပ်ရှင်ဓာတ်ပုံတွေတော်တော်လှတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပြီး အချိန်ပေးရကြိုးနပ်စေမယ့် ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်လို့ မာဆလာရုပ်ရှင်ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆိုတင်ဆက်ပေးလိုက်ပါတယ်…။

Horror • Comedy
6 2025 111 mins
Narayaneente Moonnaanmakkal
Logout
5.1

Logout (2025) “ဒီဂျစ်တယ်ရောဂါ” ဒီတစ်ခါမှာတော့ Bollywood ပရိသတ်ကြီးအတွက် ဟင်ဒီစကားပြော သည်းထိတ်ရင်ဖို-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အခုခေတ်မှာ လူငယ်တွေကြားထဲ ဖုန်းကိုစွဲလမ်းမှု၊ ဆိုရှယ်မီဒီယာစွဲလမ်းမှုတွေ ပိုတိုးလာသလို ဘလော့ဂါတွေဆိုတာလည်း မှိုလိုပေါက်နေတာပါ။ကောင်းကျိုးဆိုးကျိုးဒွန်တွဲနေတဲ့ လောကဓမ္မတာအတိုင်း ကောင်းတဲ့အချက်တွေရှိသလို မကောင်းတာတွေလည်း ဒုနဲ့ဒေးပါ။ ဒီဇာတ်လမ်းကတော့ အခုလိုဒီဂျစ်တယ်ခေတ်ကြီးမှာ ကျော်ကြားမှုရဲ့နောက်ကွယ်က အမှောင်ဘက်ခြမ်း တစ်နည်းအားဖြင်း မကောင်းတဲ့ဘက်ခြမ်းကို မီးမောင်းထိုး ရိုက်ကူးထားတာပါ။ ပရာတုရှ်ဟာ နာမည်ကျော်လူသိများတဲ့ အသက် ၂၆ နှစ်အရွယ် အင်ဖလူရန်ဇာလူငယ်တစ်ယောက် ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာအကောင့်မှာ ဖော်လိုဝါ ၁၀ သန်းပြည့်ခါနီးဖြစ်နေတဲ့ သူ့အတွက် လတ်တလောအိပ်မက်ကြီးကတော့ ၁၀ သန်း ပြည့်ရေးပါပဲ။ အဲဒီလိုဖော်လိုဝါ ၁၀ သန်းပြည့်မှလည်း သူ့ရဲ့ကြော်ငြာရှင်တစ်ယောက်နဲ့ အလုပ်ဆက်လုပ်ရမဲ့ သဘောတူညီချက် ရှိနေပါတယ်။ အပြိုင်အဆိုင်တွေလည်း ရှိတာမို့ ၁၀ သန်းပြည့်ရေးအတွက် အသည်းအသန်ကြိုးစားပါတော့တယ်။ အဲဒီအတောအတွင်းမှာ ဖြစ်ချင်တော့ သူ့အတွက်အရေးကြီးဆုံးလို့ဆိုရမဲ့ သူ့ဖုန်းပျောက်ဆုံးသွားတာပါပဲ။ နာမည်ကြီးအင်ဖလူရန်ဇာတစ်ယောက် ဖုန်းပျောက်တယ်ဆိုတဲ့ကိစ္စက အတော်လေးတော့အန္တရာယ်များပါတယ်။ ဖုန်းမရှိရင် မိနစ်ပိုင်းတောင်မနေနိုင်တဲ့ ပရာတုရှ်၊ သူ့ရဲ့ဘလော့ဂါအလုပ်ကြောင့် မိသားစုနဲ့အနေဝေးခဲ့တဲ့ ပရာတုရှ်တစ်ယောက် ဖုန်းပျောက်ပြီးနောက်ပိုင်းမှာ ဘာတွေရင်ဆိုင်ရမလဲ ဘယ်လိုမထင်မှတ်တဲ့ကိစ္စတွေက ခြိမ်းခြောက်လာမလဲဆိုတာကို စိတ်၀င်တစား ကြည့်ကြရမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~Star~V~Yunni ဖြစ်ပါတယ်။)

Romance
5.1 2025 109 mins
Logout
Frenzy
7.4

Frenzy (1972) ========================= IMDb: 7.4/10 Rotten Tomatoes : 97% Genre : Thriller/Crime လွန်ခဲ့တဲ့ နှစ်၅၀ ဝန်းကျင်လောက်က နာမည်ကြီးဝတ္ထုတစ်ပုဒ်ကို အခြေခံပြီး ပြန်လည်မွမ်းမံရိုက်ကူးထားတဲ့ ဗြိတိသျှနိုင်ငံ လန်ဒန်မြို့ကို အခြေစိုက် ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းဖြစ်ပါတယ်။ Jack the Ripper တို့လို ကွင်းဆက်လူသတ်သမားတွေကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လန်ဒန်က နက်ခ်တိုင်နဲ့ လည်ပင်းညှစ်သတ်တဲ့ မုဒိမ်းလူသတ်ကောင်တစ်ယောက်ကို ဖမ်းဆီးရှာဖွေကြမယ့် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်း ရစ်ချက်ဘလိန်နီဟာ လေတပ်အရာရှိဟောင်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီး ဘဝကိုပေတေစုတ်ပြတ်စွာ ဖြတ်သန်းရင်း ဘုံဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်နေရာက သူနဲ့အမြင်မကြည်တဲ့ ဆိုင်မန်နေဂျာက အားတိုင်း ရှက်ကီခိုးထု ပစ္စည်းတွေခိုးပါတယ်ဆိုပြီး သောက်မြင်ကပ်ပုဒ်မနဲ့ ကွိုင်ရှာလို့ မန်နေဂျာနဲ့ စကားများပြီး အလုပ်ကထွက်လာခဲ့ပါတယ်။ သွားစရာ စားစရာလည်းမရှိလို့ သူငယ်ချင်းတစ်ယောက် အကြံပေးတဲ့အတိုင်း ကွာရှင်းထားတဲ့ မိန်းမဆီကို အပူကပ်ခဲ့ရပါတယ်။ မိန်းမဖြစ်သူကတော့ ကြင်ဖက်ရှာဖွေရေး အေဂျင်စီထောင်ထားပြီး အတော်လေးအောင်မြင်နေတဲ့ အမျိုးသမီးဖြစ်နေပါတယ်။ ငမူး ရစ်ချက် ဘလိန်နီကတော့ မူမူးရူးရူးနဲ့ အပြောမဆိုတတ် အော်ကြီးဟစ်ကျယ် မိန်းမဖြစ်သူကို ပြောလို့ဆိုလို့ပေါ့။ သူတို့ လန်ဒန်မြို့မှာပဲ နက်ခ်တိုင်လူသတ်သမားဆိုတဲ့လူကို သဲလွန်စတောင် မရှာနိုင်သေးလို့ ရဲတွေခေါင်းကြိမ်းနေရဆဲပါ။ မိန်းမဖြစ်သူ ညစာလိုက်ကျွေးပြီးအပြန် အများသုံးပေါချောင်မကောင်း အဆောင်တစ်ခုမှာ တည်းခဲ့ရပါသေးတယ်။ နောက်နေ့ မိန်းမဖြစ်သူဆီ ပြန်သွားတဲ့အချိန်မှာ ရုံးတံခါးမဖွင့်ပေးတာကြောင့် ပြန်လာခဲ့လိုက်ပါတယ်။ မိန်းမဖြစ်သူကတော့ နက်ခ်တိုင်လူသတ်သမားလက်ချက်နဲ့ ဘဝကူးသွားပြီဖြစ်ပါတယ်။ အဲဒီလို အခင်းဖြစ်ရာကနေ ထွက်သွားတာကို တွေ့လိုက်တဲ့အတွက် အချောင်နေရင်း ဘလိန်နီဟာ သံသယရှိတရားခံဖြစ်လာရာက ဇာတ်ရှိန်စမြင့်လာတာဖြစ်ပါတယ်။ တချို့ လူသတ်ကားတွေမှာ ဘယ်သူက လူသတ်သမားဆိုတာ ပဟေဠိဆန်ဆန် ရှာဖွေတာကိုကြည့်ရတာဖြစ်ပေမဲ့ ဒီလိုဇာတ်လမ်းမျိုးမှာတော့ လူသတ်သမားကို ချပြပြီးဆိုပေမဲ့ ဇာတ်လိုက် မင်းသားကို လူသတ်သမားအဖြစ်စွဲချက်ကနေ ဘယ်လိုဖော်ထုတ် သက်သေပြရမလဲဆိုတာ ကြည့်ရမှာပါ။ ထွက်တာ အတော်ကြာခဲ့တဲ့ကားဖြစ်တယ်ဆိုပေမဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်အပေါ် ပီပြင်စွာ သရုပ်ဆောင်နိုင်မှုတို့နဲ့ ဇာတ်လမ်းတွေဟာ ကြည့်လေ ပိုကောင်းလေ ဖြစ်လာပါတယ်။ Thriller မှာ ဆရာဆိုတဲ့ ဒါရိုက်တာ Alfred Hitchcock ရဲ့ လက်ရာဖြစ်တာကြောင့် ကြည့်ကိုကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ File size… 2.3 GB / 900 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 56m Genre ….. Mystery/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ko Wunna

Drama • Music
7.4 1972 116 mins
Frenzy