YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Loving You E14 1080p WEB-DL CM.mp4

618.49 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spirit Halloween: The Movie
6.4

~ Rotten Tomatoes - 55% ~ အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။ လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 851MB Quality - 1080p, 720p IMDb Rating - 4.3/10 Format - mp4 Duration - 1H 27Min Genre - Adventure, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Adventure • Animation • Family • Science Fiction
6.4 2022 87 mins
Spirit Halloween: The Movie
[ 18+ ]Little Blue
5.5

ကားနာမည်က တရုတ်လို ရှောင်းလန်တဲ့။ ရှောင်းလန်ဟာ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်လေးတစ်ယောက်ဖြစ်တယ်။ ရှောင်းလန်ဟာ လူငယ်ဆိုတော့ မိဘနဲ့အတူနေရတယ်။ ရှောင်းလန်ဟာ ကျောင်းတက်ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ဆရာဆရာမတွေနဲ့ တွေ့ရတယ်။ ကျောင်းတက်ရတော့ ရှောင်းလန်ဟာ ရွယ်တူလူငယ်တွေနဲ့ တွေ့ရတယ်။ ရှောင်းလန်ဟာ မိဘနဲ့အတူနေရပေမဲ့ အဖေမရှိဘူး။ အမေနဲ့အတူနေရတယ်။ အမေက ငယ်ငယ်ရွယ်ရွယ်နဲ့ မှားယွင်းပြီး ရှောင်းလန်ကို ရသွားခဲ့ပုံရတယ်။ ရှောင်းလန်အပျိုပေါက်ဖြစ်လာပြီးတာတောင် ရှောင်းလန်အမေဟာ နုဆဲပျိုဆဲ သွေးသားဆူဖြိုးဆဲ။ သွေးသားဆူဖြိုးတော့ ရှောင်းလန်အမေဟာ ဆန္ဒရှိလာတယ်။ ဆန္ဒရှိလာတော့ ရှောင်းလန်အမေဟာ ဗိုင်ဘရေတာနဲ့ဖြေရှင်းတယ်။ ဒါပေမဲ့လည်း စက်ပစ္စည်းဆိုတာ လူလောက်ဘယ်ကောင်းမလဲ။ ဒီတော့ ရှောင်းလန်အမေဟာ အပြင်မှာကိစ္စဖြေရှင်းတယ်။ ရှင်းရင်းရှင်းရင်း ရှုပ်လာပြီး ရှောင်းလန်အမေဟာ အိမ်မကပ်နိုင်ဖြစ်လာတယ်။ ဒီလိုနဲ့ ရှောင်းလန်ဟာ မိဘရဲ့ အငွေ့အသက် အစောင့်အရှောက် အကြံအဉာဏ် မရခဲ့ရဘူး။ ရှောင်းလန်ဟာ မိဘနဲ့အတူနေပေမဲ့ မိဘတွေဟာ ရှောင်းလန်နဲ့အတူမနေခဲ့ကြဘူး... ရှောင်းလန်ဟာ ကျောင်းမှာလည်း အဆင်မပြေဘူး။ ရှောင်းလန်ဟာ စာတော်ပေမဲ့ ဆရာတွေက လှေနံဓားထစ်သင်ကြတော့ ရှောင်းလန်ကို နားမလည်နိုင်ကြဘူး။ သူငယ်ချင်းကောင်းဆိုတာကလည်း ငရှုပ်ငပွေမလေးပဲ ရှိခဲ့တယ်။ ရှောင်းလန်မှာ ရင်ဖွင့်စရာ နေရာမရှိဘူး။ ရှောင်းလန်ဟာ လူငယ်ဆိုတော့ စူးစမ်းချင်စိတ်ရှိတယ်။ လူငယ်တွေဆိုတာ ပန်းမခူးရဆိုင်းဘုတ်တပ်ခံထားရတဲ့ ပန်းခြံပဲ။ ဒီလိုတပ်ရတာလည်း အကြောင်းရှိတယ်။ ပန်းမခူးရတပ်ထားပါပြီဆိုမှတော့ ခက်ခက်ခဲခဲခူးမှရမယ့်အပင်ကြီးတော့ သွားမတပ်ဘူးပေါ့။ လူငယ်ရဲ့သိချင်စိတ််ခူးရလွယ်တဲ့ပန်းမို့ ပန်းမခူးရဆိုင်းဘုတ်တပ်ထားတယ်။ ဒါပေမဲ့ အကြံသမားကလည်း ဒါကိုသိတယ်။ ဒီလိုနဲ့ ချည်းကပ်လာတယ်။ ရင်ဖွင့်စရာမရှိတဲ့ရှောင်းလန်နဲ့ အကြံသမားဟာ ဧဒင်ရဲ့ သဲသောင်ပြင်ပေါ်မှာ မစားကောင်းတဲ့အသီးကို စားမိကြတယ်။ အကြံသမားဟာ အကြံသမားပဲ... ရှောင်းလန်အသည်းကွဲရတယ်။ ဒါပေမဲ့ ရှောင်းလန်မှာ ရင်ဖွင့်စရာဘယ်သူမှမရှိဘူး။ မှားသာမှားမိတယ်။ လိင်မှုပညာအခြေခံလည်း ရှောင်းလန်မသိဘူး။ ရှောင်းလန် ဖြေသာစရာတွေ လွဲလာတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်ရင်း Dating App ကနေ ရှောင်းလန် ဖြေသာစရာရှာတယ်။ လူနဲ့လိင်ဆိုတာ ခွဲမရဘူး။ လူဟာ လိင်ဆက်ဆံတယ်။ လိင်ဆက်ဆံတော့ လူထွက်တယ်။ လူထွက်တော့ လိင်ဆက်ဆံတယ်... လိင်ဆက်ဆံတာ အမှားမဟုတ်ဘူး။ ငယ်တုန်းရွယ်တုန်း ဘူမသိကိုးမသိသွားလုပ်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကများတယ်။ ဒါပေမဲ့ ရှောင်းလန်ကို ဘယ်သူမှ အဖက်မလုပ်ကြဘူး။ သူ့ကိုယ်၌ကလည်း သူဘာဖြစ်ချင်မှန်းသိပုံမရဘူး။ လိင်ဆက်ဆံတာ သူ့အတွက်မသက်မသာကြီးဖြစ်နေသလိုလိုကိုမှ သူက ဆက် ဆက်ဆံတယ်။ အမေကလည်း သမီးဘာဖြစ်နေတယ်မသိဘူး။ ဒီလိုနဲ့ ဒီကားဇာတ်သိမ်းသွားတယ်။ အဆုံးကျ ရှောင်းလန်တစ်ခုခုတော့သိသွားတယ်။ ဒီလိုနဲ့ ရှောင်းလန်ဇာတ်လမ်းပြီးသွားတယ်။ ရှောင်းလန်ပြီးသွားတယ်... ဇာတ်ကားဟာ ဘာမှတော့မဟုတ်ပေမဲ့ တရုတ်ရဲ့နယ်ပယ်သုံးခြမ်းမှာ Art Film အဆန်ဆုံးရုပ်ရှင်တွေထုတ်တတ်တဲ့ ထိုင်ဝမ်က ထုတ်ထားတဲ့ ကားဖြစ်ပြီး ထိုင်ဝမ်ရုပ်ရှင်ပီပီသသနဲ့ပဲ ကျန်တဲ့တရုတ်ကားတွေထက် လိင်မှုဘဝကို လက်တွေ့ကျကျနဲ့ ထင်ထင်သာသာကို ပုံဖော်သွားပြီး ဆယ်ကျော်သက်ဘဝမှာ ဖြစ်လေ့ထရှိနိုင်တဲ့ လိင်ပိုင်းဆိုင်ရာအကြောင်းတွေကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်သွားတယ်လို့ ပြောရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတော့ ထိုင်ဝမ်ကားတွေကို ကြိုက်တတ်တဲ့သူတွေ ကြိုက်ကြမယ့် ထိုင်ဝမ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 930MB Quality - 1080p, 720p IMDb Rating - 5.7/10 Format - mp4 Duration - 1H 36Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Comedy • Fantasy
5.5 2022 96 mins
[ 18+ ]Little Blue
I Don't Like Younger Men
3.7

ဒီကားလေးကတော့ 18+ ကားဆိုပေမဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးနဲ့ပါ။ ဝန်းဂီဆိုတဲ့ အမျိုးသားဟာ ဇနီးဖြစ်သူဆုံးသွားပြီးနောက် မြို့ပြနဲ့အဝေးတစ်နေရာမှာ အသေးစား ဘော်ဒါဆောင်လေး တစ်ခုဖွင့်ပြီး အသက်မွေးဝမ်းကျောင်း ပြုကာ နေထိုင်ပါတယ်။ တစ်နေ့မှာတော့ သမီးဖြစ်သူက ကျောင်းက အားလပ်ရက်လေး ရတုန်း သူငယ်ချင်းဖြစ်သူ ဆယ်ယောင်းကို ခေါ်ကာ အဖေဖြစ်သူဖွင့်ထားတဲ့ ဘော်ဒါဆောင်လေးမှာ နေဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆယ်ယောင်းဟာ ဝန်းဂီရဲ့ တိမ်းပါးသွားတဲ့ ဇနီးဖြစ်သူနဲ့ အတော်လေး ဆင်တူတာက တစ်ကြောင်း ... ဝန်းဂီရဲ့ သမီးဖြစ်သူနဲ့ ဆယ်ယောင်းတို့ကြားမှာ ပြဿနာ အဖုအထစ်လေးတွေ ရှိကာ ဆယ်ယောင်းကလည်း အဲ့ဒီအတွက် လက်စားချေလိုနေတာက တစ်ကြောင်း ... ဝန်းဂီနဲ့ ဆယ်ယောင်းတို့ ဇာတ်လမ်းလေးတွေ စဖြစ်ပါတော့တယ်။ ဆယ်ယောင်းတို့ သူငယ်ချင်း နှစ်ယောက်ကြားက ပြဿနာက ဘာဖြစ်မလဲ? အဖေနဲ့ သူငယ်ချင်းတို့ရဲ့ နှစ်ပါးသွား ဇာတ်လမ်းကို သတိထားမိတဲ့အခါ ဝန်းဂီရဲ့ သမီးတစ်ယောက် ဘယ်လို တုန့်ပြန်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုကြရအောင်ပါ။ File Size          : 790MB, 268MB Quality            : 720p HDRip, 480p Format            : mp4 Duration         : 1hr & 22mins Genre              : Romance, Adult, Asian Translated by 911 Encoded by DevilDad

Drama • Romance
3.7 2017 82 mins
I Don't Like Younger Men
Heart of Stone
7

နက်ဖလစ်ရဲ့ အက်ရှင်ရုပ်ရှင်အသစ်ပါ။ ဝမ်းဒါးဝူးမန်း မင်းသမီး Gal Gadot ခေါင်းဆောင်အဖြစ်ပါဝင်ထားပြီး Fifty Shades of Grey မင်းသား Jamie Dornan နဲ့ Raazi ရဲ့ အိန္ဒိယမင်းသမီး Alia Bhatt တို့လည်း ပါဝင်ထားပါ တယ်။ အက်ရှင်အသားပေး ဇာတ်လမ်းဖြစ်ပြီး Mission Impossible နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ချာတာဆိုတဲ့အဖွဲ့အစည်းတစ်ခုဟာ ထောက်လှမ်းရေးဟောင်းတွေနဲ့ လျို့ဝှက် ဖွဲ့စည်းထားတာပါ။ သူတို့ဟာ ဘယ်နိုင်ငံလက်အောက်ခံမှာမဟုတ်ဘဲ ကမ္ဘာပေါ် က လူဆိုးတွေနဲ့ အကြမ်းဖက်တွေကို ကိုယ့်ဘာဘာ လိုက်ပြီး ရှင်းလင်းနေတဲ့ အဖွဲ့ပါ။ အဲဒီအဖွဲ့မှာ စပိတ်၊ ဟာ့ထ်၊ ထောင့်၊ ညှင်း ဆိုတဲ့ အဖွဲ့ခွဲလေးဖွဲ့ရှိပြီး ကင်းလေးကင်းက ခေါင်းဆောင်ထားပါတယ်။ အဲဒီထဲက ဟာ့ထ် အဖွဲ့ဝင် ဖြစ်တဲ့ ဟာ့ထ်-၉ ဟာ အမ်အိုင်-၆ အဖွဲ့ထဲကို အသွင်ယူပြီး စစ်ဆင်ရေးတစ်ခု ကြားဖြတ်ဖို့ ကြိုးစားပါတယ်။ ကြိုးစားရင်းနဲ့ မထင်ထားတဲ့ အန္တရာယ်တွေကြုံ လာပြီး ချာတာတစ်ဖွဲ့လုံးကို အပြတ်ရှင်းမဲ့သူနဲ့ ရင်ဆိုင်လာရတဲ့အခါ... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(3.04 GB) / (950 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 2Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Thriller Translator......Mr.Anderson Encoder..........SWM

Drama • Mystery • Sci-Fi & Fantasy
7 2023 125 mins
Heart of Stone
The Mothman Prophecies
6.4

ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ ‌အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။ ၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။ မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာ‌ကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။

Action • Science Fiction
6.4 2002
The Mothman Prophecies
It’s a Wonderful Life
8.6

It’s a Wonderful Life (1946) ~ IMDb – 8.6/10, RT – 93%, Meta – 89% ~ It’s a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can’t Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It’s a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It’s a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It’s a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It’s a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.2GB, 615MB Quality – 1080p, 720p, 480p IMDb Rating – 8.6/10 Format – mp4 Duration – 2H 10Min Genre – Drama, Family, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.6 1946 130 mins
It’s a Wonderful Life
Jericho Ridge
5.7

Jericho Rudge (2022) ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် Jericho Ridge ဆိုတဲ့ ဇာတ်ကားလေးကတော့ ၂၀၂၂ ကထွက်ရှိထားတဲ့ သဲထိတ်ရင်ဖိုဇာတ်ကား တစ်ကားဖြစ်ပါတယ်။ နာမည်ကြီး နိုင်ဂျီးရီးယန်းမင်းသမီး Nikki Amuka-Bird ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားပြီးတော့ “Origin” ဇာတ်လမ်းတွဲထဲက မင်းသား Philipp Christopher ကတော့ ဗီလိန်အဖြစ် ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ တန်ပီတန်ပယ်ဆိုတဲ့ အမျိုးသမီးကိုဇာတ်အိမ်တည်ပြီးတော့ ရိုက်ထားပါတယ်။ တက်ဘီဟာ သူ့ခင်ပွန်းနဲ့ကွဲပြီးနောက်ပိုင်းမှာ အရက်အလွန်အကျွံသောက်ပြီး ကားမောင်းလိုက်လို့ လမ်းမှာသမင်တစ်ကောင်ကို ရှောင်ရရင်းနဲ့ သူ့ခြေချင်းဝတ်ကျိုးသွားရှာပါတယ်။ ဒါပေမဲ့ သူ့က ရဲမေတစ်ယောက်ဖြစ်နေတော့ အလုပ်ကအရေးပေါ်လိုအပ်လာတော့လည်း ရဲစခန်းကိုပြန်သွားရတာပေါ့။ ဖြစ်ချင်တော့ သူလုပ်နေတဲ့ရဲစခန်းက သူအနားယူနေဆဲကာလမှာ အဖောက်ခံလိုက်ရတာပါ။ ဒါနဲ့ပဲ ရရာ သဲလွန်စကနေတစ်ဆင့် ဒီအမှုကို ဖော်ထုတ်ဖို့ကြိုးစားနေရင်းနဲ့ပဲ သူတို့ရဲစခန်းကို ဗီလိန်ကြီးက တစ်ခြားလူဟန်ဆောင်ပြီး ဝင်လာပြန်ပါတော့တယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ တက်ဘီကိုယ်တိုင် ရဲစခန်းထဲမှာရှိနေတဲ့အချိန်နဲ့တိုက်နေတော့ မသင်္ကာဖြစ်ပြီး တစ်ခြားရဲကို မေးကြည့်ရာမှ ဗီလိန်ဖြစ်နေတာကို သိလိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ပဲ ဗီလိန်ကြီးက ရဲစခန်းကနေ တကယ်တမ်းဘာကို ရှာဖို့ကြိုးစားနေတာလဲ… ပထမဖြစ်ခဲ့တဲ့ ခိုးမှုကရော ဗီလိန်ကြီးနဲ့ပဲတကယ်ပတ်သက်နေတာလား… ဆိုတာကို အက်ရှင်ပေါင်းများစွာနဲ့ သဲထိတ်ရင်ဖို ရှုစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 675MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 27Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

5.7 2022
Jericho Ridge
Maya Petika
6.2

Mayapetika ( 2023) IMDb 7/10 နေဟာ နေ့ဘက်မှာထွက်ပြီး လဟာညဘက်မှာထွက်ပါတယ် ဖုန်းတွေဈေးကွက်ထဲရောက်လာပြီးနောက် ဒီသဘောတရားကိုမေ့လျော့နေသူတွေကတော့ ဖုန်းကိုဆေးစွဲသလိုစွဲနေတဲ့ လူသားတွေပါပဲ လူတစ်ယောက် ဘာလုပ်တယ် ဘာကိုင်တယ် ဘာစားတယ်ကအစ ဆိုရှယ်မီဒီယာမှာတင်နေကြတဲ့ ဒီကမ္ဘာကြီးက လမ်းကိုတည့်မတ်စွာလျှောက်ဖို့တောင် မေ့လျော့နေလေရဲ့လေ ကံကြမ္မာက လူသားတွေလက်ထဲမှာပဲရှိပေမဲ့ လူသားတွေလက်ထဲမှာ ဖုန်းတွေကနေရာယူနေကြပါပြီ ဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ ဖုန်းတစ်လုံးရဲ့ အတ္ထုပ္ပတ္တိကိုကြည့်ရှုရမှာပါ လူတစ်ယောက်ပြီးတစ်ယောက်ရဲ့လက်ထဲ ကူးပြောင်းနေတဲ့ဒီဖုန်းက ဖုန်းပိုင်ရှင်ရဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ပါတယ် ပါယယ်ဆိုတဲ့ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖုန်းကျကွဲသွားလို့ သူ့ပရိုဂျူဆာက နောက်ဆုံးပေါ် အမိုက်စားဖုန်းတစ်လုံးဝယ်ပေးလိုက်ပါတယ် နောက်ဆုံးပေါ်ဆိုတာနဲ့အညီ ကင်မရာကောင်းကောင်းလှတပတဒီဖုန်းရောက်လာပြီးနောက်မှာတော့ ပါယယ်နဲ့ သူ့ဘေးကလူတွေရဲ့ကံကြမ္မာ သူတို့ဘဝတွေ ဘယ်လိုပြောင်းလဲသွားမလဲ ဘယ်လိုဖြစ်ရပ်တွေ တွေ့ကြုံရမလဲဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Dee ~ToMo ~KKKZ ~Aditi ~V တို့ပဲဖြစ်ပါတယ် )

Comedy
6.2 2023
Maya Petika
Voice of Sathyanathan
6.9

Voice of Sathyanathan (2023) (IMDb 7.2/10) ရယ်ရယ်မောမောနဲ့ အက်ရှင်အကွက်တွေကို ကြည့်ရှုလို့ရ‌မယ့် ဇာတ်‌လမ်းကောင်းလေးကို စောင့်မျှော်နေတာဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ကြည့်လိုက်ပါနော်။ မင်းသားကြီး Dileepရဲ့ ရယ်ရမလိုလို ငိုရမလိုလို သရုပ်ဆောင်ချက်တွေကိုလည်း ကြည့်ရှုခံစားနိုင်မယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ် ဇာတ်ကောင်”ဆပ်သရာနာသ်”တစ်ယောက်ကတော့ ပေါက်ပန်းလေးဆယ်ပြောတတ်တဲ့တစ်ယောက်ဖြစ်ပါတယ်။ ပြောချင်တာပြောပြီးလို့ ပြဿနာတွေတတ်လာရင် ဒရာမာတွေခင်းပြီး ဖြေရှင်းလို့ရမယ်လို့ ယုံကြည်ထားတဲ့သူတစ်ယောက်။ တစ်နေ့မှာတော့ အရမ်းကြီးတဲ့အမှုကိစ္စတစ်ခုမှာ မထင်မှတ်ပဲပါသွားမိရာက…. ပတ်ဝန်းကျင်က ပြဿနာတွေကို ဒရာမာအမျိုးမျိုးခင်းဖြေရှင်းလို့ရပေမဲ့ ရဲတွေနဲ့ကျရင်ရော ဒရာမာတွေခင်းခွင့်ရပါဦးမလား… ဒါ့အပြင် တွဲဖက်တွေနဲ့ ဟန်ချက်ညီညီဟာသရုပ် သရုပ်ပေါ်အောင်တစ်မျိုး thriller ပုံစံတစ်မျိုး ပေါ်အောင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို ဇာတ်အိမ်ထဲမျောရင်းတစ်ခါတည်း ကြည့်လိုက်ကြရအောင်ပါ…. ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။

6.9 2023
Voice of Sathyanathan
Trauma Therapy: Psychosis
4

Trauma Therapy: Psychosis (2023) ========================= တိုဘင်ဗန့်စ်ဟာ “အကယ်၍ သင့်ကလေးသေလုဆဲဆဲဖြစ်နေချိန်မှာ ကယ်လို့ ရတဲ့နည်းရှိတယ်ဆိုရင် အဲဒီနည်းကို ဂရုစိုက်ပါဦးမလား၊ ကယ်လို့ရမရဆိုတဲ့ ရလဒ်ကိုပဲ ဂရုစိုက်မှာပေါ့”ဆိုတဲ့ စကားကိုလက်စွဲသုံးပြီး ‘ရလဒ်’တွေကိုပဲ အာ ရုံစိုက်တဲ့လူတစ်ယောက်။ သူ့ရဲ့တရားမဝင် ကုသရေးစင်တာမှာ စိတ်ရောဂါ အမျိုးမျိုးခံစား‌နေရတဲ့ လူတွေကို ကြမ်းတမ်းရက်စက်တဲ့နည်းတွေနဲ့ ကုပေး တယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတယ်။ တိုဘင်ဗန့်စ်ကို ပရိတ်သတ်နည်းနည်းပဲ ရှိတဲ့စင်ပေါ်တင်ပေးလိုက်ရင်တောင် တခဏအတွင်း တပ်တစ်တပ်လုံးစာပရိတ်သတ်တွေကို သိမ်းသွင်းနိုင်တယ်လို့ တင်စားကြတယ်။ အဲလိုအပြောအဟောကောင်းလို့လည်း သူ့ကု‌သရေးစင်တာ က တရားမဝင်ခိုးကြောင်ခိုးဝှက်ဖြစ်နေတာတောင် ယုံကြည်သူတွေရှိနေဆဲ။ ဒီဇာတ်ကားထဲမှာတော့ သူ့ကုသရေးစင်တာကိုရောက်လာကြတဲ့ လူတစ်စုကို အခြေတည်ပြီး သူ့နည်းလမ်းတွေက ဘယ်လောက်ရက်စက်ပြီးကြမ်းတမ်းကြောင်း ကိုယ်တိုင်ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1 GB) / (359 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator……Ngwe Zin Encoder……….SWM

Crime • Drama • Mystery • Thriller
4 2023 82 mins
Trauma Therapy: Psychosis
Demons At Dawn

ကြေးစားလူသတ်သမား Mickey ဆိုတဲ့သူက လောင်းကစားဝါသနာထုံသူတစ်ယောက်ပါ။ သူ့မှာ မိန်းမနဲ့ မွေးကင်းစ သားလေးတစ်ယောက်လည်း ရှိပါတယ်။ မိန်းမကို နောက်ထပ် လူသတ်တဲ့အလုပ်ကို လက်မခံတော့ဘူးလို့ ကတိပေးထားပေမယ့် တရက်မှာ သူ့လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ယောက်က ဆက်သွယ်လာပါတယ်။ Mickey အနေနဲ့ ဆပ်စရာ အကြွေးတွေ အလွန်များနေကြောင်း နောက်ဆုံး အလုပ်တစ်ခု လက်ခံပေးရင် သူဌေးက အကြွေးတွေ အကုန်ပယ်ဖျက်ပေးမှာဖြစ်ကြောင်းပြောလာခဲ့ပါတယ်။ Mickey က လက်မခံဘူး ငြင်းပေမယ့် မိတ်ဆွေဖြစ်သူက အဆွယ်ကောင်းနေတော့ လက်ခံဖြစ်ခဲ့ပါတယ်။ သူသတ်ပေးရမယ့်သူရှိတဲ့ တောင်ကုန်းပေါ်က အိမ်ကလေးတစ်လုံးဆီကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူသတ်ရမယ့်သူက သူမသတ်ခင် အသတ်ခံရထားနှင့်ပြီးသားဖြစ်နေပါတယ်။ သူလည်းအိမ်ထဲဝင်ပြီး ပတ်ဝန်းကျင် အခြေအနေစောင့်ကြည့်နေတုန်း သူ့လည်ပင်းကို အမျိုးသမီးတစ်ယောက်က ဓားနဲ့ရွယ်ပြီး လာခြိမ်းခြောက်ပါတော့တယ်။ အမျိုးသမီးက ဘယ်သူလဲ? ဟိုလူကရော ဘာလို့သေနှင့်ပြီးသားဖြစ်နေတာလဲ? သူ့မိတ်ဆွေကရော တကယ်ပဲယုံကြည်ရတဲ့သူလား ဆိုတာ ပိတ်ကားပေါ်မှာဆက်လက်ရှုစားအဖြေထုတ်ကြည့်လိုက်ပါဦး…… File size…(1.4 GB)/(590 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

0 2022
Demons At Dawn
The Bravest Escort Group II: Howling Wind
5.8

2018 မှာထွက်ခဲ့တဲ့ The Bravest Escort Group ( 2018 ) ရဲ့ အဆက်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကို လိုရင်းတိုရှင်းပြောရရင် ကိုယ်ရံတော်လိုလို အထောက်တော်လိုလို အဖွဲ့ခေါင်းဆောင် ယန်လျိုဖန်းဟာဆိုရင် အမိန့်တော်အရ မိဖုရားတစ်ပါးနဲ့ ပျောက်ဆုံးနေတဲ့ ရတနာမြေပုံကို လိုက်ပါပို့ဆောင်ပေးရာကနေ မာစစ်သူကြီးက လက်နက်ချ တိုက်ပွဲကို ရပ်စဲလိုက်တာနဲ့ကြုံတွေ့ခဲ့ရတာပေါ့… ဒါပေမယ့် တစ်ဖက်က စစ်ပွဲအေးချမ်းမှာကို မလိုချင်တဲ့ မနာလိုသူတွေကတော့ ဒီကိစ္စကို လက်မခံနိုင်ဘဲ မိဖုရားနဲ့ ရတနာမြေပုံကို အလုအယက် လိုက်ရှာနေကြတာပေါ့… ဒီလို တိုင်းရေးပြည်ရာပြဿနာတွေကြားထဲမှာ ယန်လျိုဖန်းတစ်ယောက် ရင်းလိုက်ရတာကတော့ ယန်တစ်အိမ်သားလုံးရဲ့အသက်အပြင် သူ့ဇနီးသည်ရဲ့ အရှက်ဂုဏ်သိက္ခာပါ အဆစ်ပါသွားခဲ့တာပေါ့… လျိုဖန်းတစ်ယောက် ဘာတွေဆက်ဖြစ်မလဲ… ဒီတိုင်းပြည်ရေးရာအမှုတွဲထဲကနေ ရှောင်နိုင်ပါ့မလား… နောက်ပြီး သူ လက်စားချေနိုင်ပါ့မလား..

5.8 2021
The Bravest Escort Group II: Howling Wind
The Immigrant
6.6

1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန် အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေ ပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့ အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမ နှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာ သွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့ သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်‌နေချိန်မှာ Ewa ဟာ Bruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာ လုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသား Joaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီက immigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်…… File size…1.24GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Drama
6.6 2013
The Immigrant
[18+] Tatsulok: Tatlo Magkasalo
4.3

ရိုလန်နဲ့အလီဇာတို့ဟာလက်ထပ်တာကြာနေပြီဖြစ်တဲ့ ဇနီးမောင်နှံဖြစ်ပြီး ကလေးရဖို့ကြိုးစားနေခဲ့တာလည်းကြာပါပြီ။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ရလာခဲ့ပြီဖြစ်လို့ ခဏပျော်လိုက်ရပေမယ့် အဲ့ဒီကိုယ်ဝန်ဟာလည်းသန္ဓေတည်ပုံမူမမှန်တာကြောင့်ဖြတ်ချလိုက်ရတဲ့အချိန်မှာ အလီဇာတစ်ယောက်စိတ်ထောင်းကိုယ်ကြေနဲ့စိတ္တဇဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ရာကယ်ဆိုတဲ့ ကောင်မလေး သူတို့အိမ်မှာတည်းဖို့ရောက်လာရာကနေ အလီဇာတစ်ယောက်သောကတွေကိုမေ့ပျောက်ပြီး ထူထူထောင်ထောင်ဖြစ်လာကျန်းမာရေးပြန်ကောင်းလာလို့ ရိုလန်ဝမ်းသာနေရာကနေ သူတို့ဘ၀တွေကိုကျွမ်းထိုးမှောက်ခုံမွှေနှောက်နိုင်တဲ့ အလီဇာနဲ့ ရာကယ်တို့ရဲ့လျှို့ဝှက်ချက်တစ်ခုကို သူရိပ်မိသွားချိန်မှာတော့.. Vivamax ကိုအသစ်ရောက်လာတာ မကြာသေးတဲ့ Mariane Saint နဲ့ Skye Gonzaga ဆိုတဲ့အသစ်လေးနှစ်ယောက်ကို ပွဲဦးထွက်မိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (520 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:01:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.3 2024
[18+] Tatsulok: Tatlo Magkasalo
Breaking Infinity

Breaking Infinity (2023)လူတစ်ယောက် ဆေးခန်းထဲမှာ နိုးလာတယ်။ သူဘာလို့ ဒီကိုရောက်လာလဲ သူဘာတွေဖြစ်ခဲ့လဲ သူ မမှတ်မိဘူး။ သူသိလိုက်ရတာက အာဏာကြီးတဲ့လူတွေက သူဘာတွေဖြစ်ခဲ့လဲ ဘာတွေလုပ်ခဲ့လဲ သိချင်နေကြတယ်ဆိုတာပဲ။ ဒီလိုနဲ့ သူက သူဘာတွေဖြစ်ခဲ့လဲ သိအောင်လုပ်ဖို့ကြိုးစားတယ်။ အဲဒီကနေမှ သူက သိပ္ပံပညာရှင်ဖြစ်ခဲ့တာ သူသိလိုက်ရတယ်။ သူထွင်ခဲ့တဲ့ ကွမ်တမ် အချိန်ခရီးသွားစက်ထဲ သူဝင်ပြီး သူပျောက်သွားခဲ့တယ်ဆိုတာကို သူသိလိုက်ရတယ်။ ဒီလိုနဲ့ ဘာတွေဖြစ်ခဲ့လဲ သူပြန်မှတ်မိအောင်လုပ်ရင်း အချိန်ခရီးသွားစက်ထဲ သူပြန်ဝင်သွားခဲ့တယ်။ အတိတ် ပစ္စုပ္ပန် အနာဂတ် ဒီအရာတွေကနေ သူ့ဇာတ်လမ်းကို သူပြန်သိအောင်လုပ်ဖို့ကြိုးစားခဲ့တယ်။သူဟာ အတိတ်က ပစ္စုပ္ပန်ကိုဖန်တီး အနာဂတ်က ပစ္စုပ္ပန်ကိုဖန်တီး ပစ္စုပ္ပန်က အတိတ်ကိုဖန်တီး ပစ္စုပ္ပန်က အနာဂတ်ကိုဖန်တီး အနာဂတ်က အတိတ်ကိုဖန်တီး ဘာတွေဘယ်လိုဖြစ်နေမှန်းမသိတဲ့ ဒီအချိန်ဆိုတဲ့အရာကြီးထဲ သူ့မေးခွန်းတွေအတွက် အဖြေကိုရှာဖို့လုပ်တာကို ကြည့်ရမှာပါFile size_(1.4GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:26:00 Genre_Sci-Fi, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Drama
0 2023
Breaking Infinity