YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love's Rebellion E24 1080p WEB-DL CM.mp4

736.82 MB N/A video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sid is Dead
6.2

High School Comedy ကားတွေကြိုက်တတ်တဲ့သူတွေအတွက် American High School Theme အပြည့်ဝခံစားရမဲ့ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အထက်တန်းကျောင်းသားဘဝဆိုတာ ထင်တာထက်ဖိအားတွေ အများကြီးရှိတာပါ။ ၁၀ တန်းပြီးမှသာ ၁၀ တန်းကဘာမှမဟုတ်ဘူးပြောကြပေမဲ့ ၁၀ တန်းတုန်းကတော့ တကယ့်ဖိအားတွေနဲ့နေခဲ့ရသလို အမှတ်တရတွေလဲများခဲ့ကြသူတွေချည်းပါပဲ။ ဒုက္ခဆိုတာ နောင်တချိန်ကျရင်တော့ ရယ်စရာတွေပါ ဆိုသလိုပေါ့။ ခုဇာတ်ကားလေးမှာလဲ အမေရိကန်ရဲ့ ပညာရေးပုံစံတွေကို သရော်ထားတာတွေ။ ကျောင်းသားတွေရဲ့ဘဝကို ကျောင်းကပဲဖျက်ဆီးနေတာတွေ ကျောင်းသားဘဝကြုံရ ဆုံရအလွဲတွေကို တခွီးခွီးရယ်ရအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆစ်ဒ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အရာရာကိုရင်မဆိုင်ရဲပဲ အမြဲရှောင်ပြေးပုန်းရှောင်နေခဲ့ပါတယ်။ သူ့ကိုယ်သူအထက်တန်းကျောင်းမှာ ရှင်သန်နိုင်ဖို့ စည်းကမ်းတွေပါ ထုတ်ထားပါတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူသွားရှုပ်လို့မရတဲ့ လူတကာကို အနိုင်ကျင့်နေတဲ့ အကောင်ကြီးကြီးရဲ့ သားတစ်ကောင်ကို သွားရှုပ်မိပါတယ်။ အဲ့လိုရှုပ်မိရာမှ ဟိုကောင်ကကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။ အဲဒီအအတ္ပက် သူ့မှာ အသက်ရှင်ဖို့ရာ နှစ်ပတ်ပဲကျန်တော့ရာမှ မသေခင်စာရင်းလုပ်မယ်ဆိုပြီး မလုပ်ခဲ့ရတာတွေအကုန် လျောက်လုပ်ခဲ့ရာကနေ ဘယ်လိုတွေတလွဲဖြစ်ပြီး ဘယ်လိုပြဿနာတွေတက်မလဲဆိုတာတော့ တခွီးခွီးနဲ့ ကြည့်ရှုလိုက်ကြပါဦး။ *** စကားလုံးအသုံးနှုန်းလေးတွေကြမ်းတာတော့ သတိချပ်စေချင်ပါတယ်*** အညွှန်း နဲ့ ဘာသာပြန်ကဗတာ့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Dram Quality…. 1080p | 720p | 480p File size… 1.4GB | 690MB | 337MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
6.2 2023 90 mins
Sid is Dead
The Nines
5.9

~ IMDb - 6.2/10, Rotten Tomatoes - 64% ~ အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။ မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအ‌ရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။ မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ဝေခွဲမရလေ။ အဖြူသက်သက်မီးတောက်ကြီးနဲ့ မင်းကိုဝါးမျိုပစ်လိုက်တယ်။ နာကျင်ခြင်းမဲ့လုပ်လိုက်တယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူမှန်းမသိတဲ့လူတစ်ယောက်အတွက် ပေးဆပ်ခဲ့ရတဲ့ မင်းတို့ဘဝတွေ မတန်ခဲ့ပါဘူး မယ်လီဆာ နဲ့ စူဆန်။ (၉) ဂဏန်းသမားကို (၇) ဂဏန်းသမားတွေက ဝိုင်းပေးဆပ်ရတာ သိပ်မုန်းဖို့ကောင်းတဲ့ ဘုရားရှင်ကြီးပဲ။ (၁၀) ဂဏန်းသမားက လစ်လျူရှုထားလို့လား။ သူ့ကိုလည်း "မတရားသူကြီးမင်း" အဖြစ် သတ်မှတ်လိုက်ရအောင်။ ဂါဗန် ဆိုတဲ့ ဂယ်ရီ ရေ... ခင်ဗျားကတော့ ကွက်စိပ်ဆရာပါပဲဗျာ။ The Nines ဆိုတဲ့ ဟောဒီရုပ်ရှင်ကားက ၂၀၀၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စိတ္တဇဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဓာတ်ဗူးမင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားပြီး မြင်နေကျ သူ့ပုံစံနဲ့ ကွဲထွက်နေတဲ့ဟန်ကို တွေ့မြင်ရမှာပါ။ ဂျစ်ကန်ကန် ရွှတ်နောက်နောက် လူ့ဂွစာဟန်နဲ့ပဲ ခေါက်ရိုးကျိုးနေသူကြီးရဲ့ ငယ်ရွယ်စဉ်က အနုပညာမြောက်သရုပ်ဆောင်ပုံတွေပေါ့ဗျာ။ ဒီဇာတ်ကားက Psychological Thriller အမျိုးအစားတွေ ရခဲ့သလောက် ပုံမှန် Rating, အောင်မြင်မှုနဲ့ ဝင်ငွေကိုပဲ ရခဲ့ရှာပါတယ်။ စိတ်ပိုင်းဆိုင်ရာ နက်နဲမှုတွေကို တင်ဆက်ထားတာဖြစ်လို့ ဇာတ်လမ်းအကျဉ်းကို ရေးမပြနိုင်ပါဘူး။ သေချာတာကတော့ လူကြီးမင်းပေးလိုက်တဲ့အချိန်ရဲ့ အဆပေါင်းများစွာတန်တဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ပြန်လက်ဆောင်ပေးပါလိမ့်မယ်။ ဘုရားသခင်ကို (၁၀) လို့ တန်ဖိုးသတ်မှတ်တယ်ဆိုပါစို့။ လူကြီးမင်းတို့က (၇) မှတ် ရပါတယ်။ ကဲ ဒီလောက်ဆို ဒီဇာတ်ကားထဲက (၉) မှတ်သမားတွေကို လူကြီးမင်းတို့ ဝေဖန်အကဲခတ်လို့ ရနိုင်ပြီဖြစ်ကြောင်းပါဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 801MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 40Min Genre - Drama, Fantasy, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama • Romance
5.9 2007 100 mins
The Nines

ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ drama အမျိုးအစားလို့ သတ်မှတ်ထားပြီး အဖော်အချွတ်တွေပါတဲ့အပြင် ဟာသကားတစ်ကားမဟုတ်ဘဲ ဘဝသရုပ်တွေကို ခံစားရမယ့်စပိန်ကားကောင်းလေးမို့ ဒီလိုအမျိုးအစားကြိုက်နှစ်သက်သူ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.93 GB) / (884 MB) / (515 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......San Thu Aung Encoder..........SWM

Horror
null 2008
Rated R
Operation Mincemeat
6.5

ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။ စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။ မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ခံစစ်တိုက်စစ်သဘောအရ အင်အားမကွာရင် တိုက်စစ်ဘက်က အကြီးအကျယ်ကျဆုံးတတ်တာမို့ တိုက်ဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။ ဒီတော့ ထောက်လှမ်းရေးအဖွဲ့က မဟာမိတ်တွေဟာ ဂရိကို တိုက်မယ်လို့ ယုံအောင် လုပ်နိုင်ရင် ဟစ်တလာရဲ့တပ်တွေ စစ္စလီကနေ ဂရိကု ရွှေ့သွားခဲ့ရင်တော့ စစ္စလီတိုက်ပွဲကို အကျအဆုံးနည်းနည်းနဲ့ အနိုင်ရလိမ့်မယ်လို့ အကြံပြုလာပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေဘက်က လှည့်စားမှာကိုလည်း ဂျာမနီက မျှော်လင့်ပြီးသားဖြစ်တော့ လှည့်စားတာကို လှည့်စားမှန်းမသိအောင်ဘယ်လိုလှည့်စားမလဲဆိုတာက အကြီးအကျယ်ပြဿနာဖြစ်လာပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ခွဲရဲ့ အကြံကတော့ ဗြိတိန်တပ်သားအလောင်းတစ်ခုကို ဂျာမန်သူလျိုတွေအများကြီးလည်းရှိတဲ့ ကြားနေနိုင်ငံလည်းဖြစ်နေတဲ့ စပိန်မှာ မျောပြီးရောက်သွားအောင်လုပ်မယ်၊ အဲဒီအလောင်းထဲမှာ မဟာမိတ်တွေ ဂရိကိုတိုက်မယ့် အကြံအစည်တွေ မှတ်တမ်းတွေ အတုထည့်ပေးလိုက်မယ်ဆိုတာပါပဲ။ အဲဒီမှာ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်တွေစလာတာပါပဲ။ အလောင်းဟာ ဘယ်လိုအလောင်းဖြစ်ရမလဲ၊ ရင်ခွဲစစ်ဆေးခံရရင် အလိမ်မပေါ်အောင် ဘာတွေပြင်ဆင်မလဲ၊ အလောင်းရဲ့ ရာဇဝင်ကိုလိုက်လာရင် ခိုင် မာအောင်ဘာတွေလုပ်မလဲ၊ အလောင်းမှာပါတဲ့ မှတ်တမ်းတွေဟာ အစစ်ဖြစ်ကြောင်း ယုံအောင်ဘယ်လိုလှည့်စားမလဲ စတာတွေအားလုံးကို တဆင့်ချင်းအသေးစိတ်ပြင်ဆင်ရပါတော့တယ်။ ကျန်တာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်ခံစားကြည့်လိုက်ပါဦး။ တစ်ကားလုံး စိတ်ဝင်စားစရာတွေ ရယ်စရာလေးတွေ ရင်ခုန်စရာတွေနဲ့ ပြည့်နေတာမို့ အားလုံးကြိုက်ကြမှာပါ။ File size…(1.4GB)/(830MB)/(323MB) Quality…. 1080p/720p / 480p Webdl Format…mp4 Duration….02:08:00 Genre...Drama/WAR Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
6.5 2022 128 mins
Operation Mincemeat
Sanctioning Evil
5.3

Sanctioning Evil (2022) ================= ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ လူဆိုးတွေကို နှိမ်နင်းမယ့် အက်ရှင်ကားတစ်ကားပါပဲ။ အရှေ့အလယ်ပိုင်းဒေသမှာ တာဝန်ထမ်း ဆောင်နေတဲ့ တပ်ကြပ်ကြီး ရဂျီနယ် ဘားန်ဟာ သူ့ရဲ့အမိန့်ပေးမှုအောက် ကနေ စစ်စည်းမျဉ်းကို သွေဖယ်တဲ့ အမှုတစ်ခုဖြစ်ပြီးနောက် ရာထူးမှ ချခံရပြီး စစ်တပ်မှ ထွက်ခဲ့ရပါတယ်။ မကြာခင်မှာပင် နိုင်ငံရေးသမားတစ်ယောက်ဟာ အထူးတာဝန်တစ်ခု အတွက် ဘားန်ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ စစ်တပ်စစ် ဆင်ရေးတွေနဲ့ ဆန့်ကျင်ဘက် မြေအောက်ဂိုဏ်းတစ်ခုကို အပြတ်ရှင်း ရမယ့်တာဝန်ပါ။ ဥပဒေကနေသွေဖယ်ပြီး လုပ်ကိုင်ရမယ့် ဒီအလုပ်ကို ဘားန်အနေနဲ့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ၊ ဘယ်လိုမျိုးတွေ လုပ်သွား မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size……….(1.24 GB) / (500 MB) / (285 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 50mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Zaw Myo Thu Encoder……….SWM

Action • Mystery • Science Fiction • Thriller
5.3 2022
Sanctioning Evil
The Blood Of The Bright Sword
5.9

တရုတ်နိုင်ငံအတွင်း ဂျပန်တပ်တွေ အုပ်စိုးချယ်လှယ်စဥ်အချိန်ကာလ…, အဋ္ဌမလမ်းကြောင်း(ပါးလု)တပ်မတော်ရဲ့ အဖွဲ့ချုပ် ဖြစ်သူ လီယွင်လုံ နဲ့ ရှို့ချင်တို့ရဲ့ မင်္ဂလာပွဲညမှာ ဂျပန်အထူးတပ်ဖွဲ့ဟာ ဝင်ရောက် ထိုးစစ်ဆင်ပါတော့တယ် ။ အဲဒါအပြင် ကျောက်ကျားတောင်ကြားရွာက ရွာသူရွာသား အများအပြားဟာ ဂျပန်တွေလက်ထဲမှာ အပြစ်မဲ့စွာသေဆုံးသွားခဲ့ကြပြီး သတို့သမီးဖြစ်သူ ရှို့ချင်ကိုလဲ အရှင်လတ်လတ်ဖမ်းဆီးသွားခဲ့ပါတော့တယ် ။ ဒီလုပ်ရပ်ကို မခံမရပ်ဖြစ်နေကြတဲ့ အဋ္ဌမလမ်းကြောင်း(ပါးလု) တပ်မတော် နဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေဟာ ဖက်စစ်ဂျပန်တွေကို တိုက်ခိုက်ဖို့အတွက် တစ်ဖန်ပြန်ကာ ထိုးစစ်ဆင်လာခဲ့ပါတယ် ။ ဒီတော့ – ❏ သူတို့တွေရဲ့ တိုက်ပွဲ အောင်မြင်နိုင်ပါ့မလား ? ❏ အသက်နဲ့ရင်းကား ပေးဆပ်ခဲ့ကြတဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေအတွက် လက်စားချေပေးနိုင်ပါ့မလား ? ❏ မဂ်လာဦးညမှာတင် ကွဲကွာသွားခဲ့တဲ့ လီယွင်လုံ နဲ့ ရှို့ချင်တို့ကတော့ ပြန်လည်တွေ့ဆုံ နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။

Romance • Comedy • Drama
5.9 2023
The Blood Of The Bright Sword
Department Q: The Keeper of Lost Causes
7.2

ဟောလိဝုဒ်ကားတွေ အကြည့်များလို့ ရိုးနေရင် အပြောင်းအလဲလေး ဖြစ်အောင် စတိုင်ပြောင်းကြည့်လို့ကောင်းတဲ့ ဒိန်းမတ်စုံထောက်ကားလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့ ဇာတ်လိုက်ကျော် ကားလ်ဆိုတဲ့ စုံထောက်က ခေါင်းမာတယ် လူ့ဂွစာ အပေါင်းအသင်းမရှိဆိုပေမယ့် အရည်အချင်းလေး ရှိပြီး တစ်ဇွတ်ထိုးလုပ်တတ်သူ ဖြစ်ပါတယ်။ တစ်ရက် သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေက သေတာတို့ ဒုက္ခိတ ဖြစ်တာတို့ ရှိပြီး သူ့ကိုလည်း Q ဌာနလို့ခေါ်တဲ့ ဌာနအသစ်တစ်ခုကို ရာထူးချလိုက်ပါတော့တယ်။ ဒီ Q ဌာနဆိုတာက ဝန်ကြီးဌာနက အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းရတဲ့ ပျင်းစရာ ဌာနတစ်ခုပေါ့။ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်စိတ်ရှိတဲ့ အာဆတ်ဆိုတဲ့တစ်ယောက်ပဲ ရှိတယ်။ဒီလိုနဲ့ လူပျော်အာဆတ်နဲ့ ဦးစိတ်တို ကားလ်တို့ ပျင်းစရာအမှုတွေ စစ်ဖို့ လုပ်ရင်း လွန်ခဲ့တဲ့ ၅ နှစ်က ထူးခြားတဲ့အမှုတစ်ခုကို ပြန်တွေ့သွားပါတယ်။ ဘာအမှုလည်း ဆိုတော့ ဦးနှောက်မကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုပေးနေတဲ့ ကျန်းမာရေးနယ်ပယ်က အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်ကနေ ခုန်ချ သတ်သေတယ်ဆိုတဲ့အမှုပါ ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုပြီး အမှုပိတ်ထားတာပါ။ ဒီလိုနဲ့ နှစ်ယောက်သား မသင်္ကာလို့ အမှုပြန်ဖွင့်ပြီး လိုက်ကြတဲ့အခါ နောက်ကွယ်က ပင့်ကူမျှင်တွေလို ရှုပ်ယှက်ခတ်နေတဲ့ အမှောင်ခြမ်းတစ်ခု ထွက်ရှိလာပါတော့တယ်။ မိုးအေးအေးမှာ ဇိမ်ရှိရှိနဲ့ အေးဆေးကြည့်ရမယ့် စုံထောက်ဇာတ်အေး ရုပ်ရှင်၊ ဇာတ်အေးဆိုပေမဲ့ မပျင်းရဘူး၊ ဘာတွေဖြစ်မလဲ ဖြစ်မလဲဆိုတဲ့စိတ်နဲ့ သိချင်တဲ့အပြင် မျက်မှောင်ကြီးကြုံ တစ်ချိန်လုံ း စိတ်တိုနေတဲ့ ဇာတ်လိုက်နဲ့ ဘေးကနေ လူပျော်ဖြစ်တဲ့ လက်ထောက်တို့ သရုပ်ဆောင်မှုတွေကိုလည်း စီးမျောနိုင်မှာဖြစ်တယ်။ ဒီကားထဲက ဇာတ်လိုက်ဆိုရင် Tom Hanks ရဲ့ Angels & Demons မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီ Q ဌာနဟာ အောင်မြင် သွားပုံရပါတယ် ဒီကားပြီးတဲ့နောက် သူတို့နှစ်ယောက်ရဲ့ အမှုတွေ အကြောင်း ၃ ကားတောင် ထပ်ထွက်ထားပြီး အကုန်လုံးကလည်း IMDB မနည်းတာကို တွေ့ရှိရမှာပါ။ File size…1.03GB / 455MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Comedy
7.2 2013 93 mins
Department Q: The Keeper of Lost Causes
My Tempo

My Tempo (2022) 2022 ခုနှစ်က ထွက်ရှိထားတဲ့ BL, Romance လူငယ်ကျောင်းသားဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။ Hope နဲ့ Seki က ဂစ်တာတစ်လက်တည်းကို လူနှစ်ယောက် လက်လေးဖက်နဲ့တီးတဲ့အပြင် အရည်အချင်းရှိလို့ဆိုပြီး နာမည်ကြီးနေတဲ့ Four Hands အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။ Hope ကကျတော့ သီချင်းနုတ်တွေအတိုင်း အတိအကျလိုက်တီးတတ်ပြီးတော့ Seki ကတော့ ခံစားချက်အတိုင်း တီးချင်တာကြောင့် သူတို့နှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဖွဲ့ကွဲသွားတယ်။ ချမ်းသာတဲ့မိသားစုရှိတဲ့ Seki အတွက် ဘာမှပြောင်းလဲမသွားပေမယ့် မိသားစုက မပြည်စုံတဲ့ Hope အတွက်တော့ ပညာသင်ဆုကိုပါ လက်လွှတ်လိုက်ရပြီးတော့ ဒုက္ခရောက်သွားတယ်။ အဲဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ Hope ဆီကို Tawan ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ အဲဒီ Tawan ဆိုတဲ့ကောင်လေးက Producer တစ်ယောက်ဖြစ်ချင်ပေမယ့် လူကြောက်တတ်တော့ စင်ပေါ်ကိုမတက်ဘဲ နောက်ကွယ်ကနေ တခြားသူတွေကို ကူညီပေးတတ်တဲ့သူတစ်ယောက်ပါ။ Hope အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူတို့နှစ်ယောက် ဆုံမိသွားတော့ ကူညီတတ်တဲ့ Tawan က Hope ပြန်အဆင်ပြေအောင် သူတတ်နိုင်သမျှ ကူညီပေးရင်း အချင်းချင်းရင်းနှီးသွားပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အချင်းချင်းပံ့ပိုးပေးကြတာတွေကို ကြည်နူးစရာတွေ့မြင်ရမှာမို့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama Quality…. 1080p | 720p File size… 1.87GB | 700MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

0 2022
My Tempo
Bajrangi Bhaijaan
8.1

Bajrangi Bhaijaan (2015) —————————— မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက ရင်ထဲမှာတသသကျန်ရှိစေပါတယ်။ IMDb Rating 8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီးမွန်နီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တကယ်တမ်းတော့ဇာတ်ကားလေးဟာ အညွှန်းနဲ့အဓိပ္ပါယ်ဖော်နိုင်စွမ်းမရှိလှတဲ့မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ ပဝန်တစ်ယောက် ပါကစ္စတန်နိုင်ငံတွင်းဝင်ရောက်ခဲ့ပုံ၊မိဘရှာတော်ပုံတွေနဲ့အတူ မွန်နီလေးတစ်ယောက်သူ့မိဘနဲ့ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ ပဝန်ရဲ့ဘဝနဲ့အချစ်ရေးသာမက စိတ်ထားမြင့်မြတ်မှုတွေကလည်းအတုယူစရာကောင်းလှပါတယ်။ လူသားစစ်စစ်တစ်ယောက်အဖြစ် ပဝန်ရဲ့ကရုဏာကြီးမားမှုတွေ၊ပါကစ္စတန်နိုင်ငံသို့ဝင်ရောက်ဖြတ်သန်းမှုတွေ၊သွေးသားမတော်စပ်သူတစ်ဦးအတွက် ဒုက္ခပေါင်းများစွာဖြတ်သန်းခဲ့ပုံတွေကတော့မျက်ရည်မခိုင်သူအဖို့ပင်လယ်ထွန်းမယ့်ဇာတ်ကားမျိုးပါ။ ဒါ့ပြင်အမြင်မတူအသွင်မတူဘာသာမတူနိုင်ငံသားချင်းမတူကြပေမဲ့မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကိုဒီဇာတ်ကားလေးကညွှန်းဆိုနေဦးမှာပါ။ (ရုပ်ရှင်အညွှန်းကို လင်းခယံ မှရေးသားထားပြီး ရုပ်ရှင်ဘာသာပြန်ကို Nyi Nyi Koe မှ တင်ဆက်ထားပါတယ်။)

Action • Adventure • Horror • Science Fiction
8.1 2015 159 mins
Bajrangi Bhaijaan
Head Count
5.5

ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခဏတာပိတ်တဲ့အတွက် အဲဗန်ဟာ အစ်ကိုဖြစ်သူပေတန်ဆီကို အတူနေဖို့ထွက်လာပါတယ်။ ပေတန်က ဥယျာဉ်မှာ သဘာဝတရားကိုခံစားရင်းနဲ့အေးချမ်းတည်ငြိမ်တဲ့ ဘဝကိုတည်ဆောက်နေပါတယ်။ အဲဗန်လည်းရောက်သွားတော့ ပေတန်က ညီဖြစ်သူနဲ့အတူအချိန်ကုန်ချင်တဲ့အတွက် ဥယျာဉ်ထဲမှာတောင် တက်ဖို့ပြောတယ်။ ညီအစ်ကိုနှစ်ယောက် စကားပြောရင်းနဲ့ခရီးဆက်လာကြပြီး တောင်ကုန်းတစ်နေရာအရောက်မှာ လူငယ်တစ်ချို့နဲ့ဆုံဖြစ်တယ်။ အဲဗန်ဟာ အဲ့အဖွဲ့က ဇိုး ဆိုကောင်မလေးကိုသဘောကျသွားတယ်။ ဒါကို ဇိုး ရဲ့သူငယ်ချင်း ကမ်မီးလ်က သတိထားမိပြီးဝင်ရောက်ကြံဖန် ပေးလိုက်တဲ့အခါ တစ်ဖွဲ့လုံးနဲ့ခင်သွားတယ်။ညနေစောင်းပြန်ကြတဲ့အခါ ကမ်မီးလ်က အဲဗန်နဲ့ပေတန်ကိုသူတို့ဆီလာဖို့ဖိတ်ခေါ်တယ်။ ပေတန်ကမလိုက်ပေမယ့်ညီဖြစ်သူကို သွားခွင့်ပြုလိုက်တယ်။ ညအရောက်မှာတော့ လူငယ်တွေပီပီသောက်စားမူးယစ်ကြရင်းနဲ့ သရဲအကြောင်းပြောကြတယ်။ အဲဗန်အလှည့်လည်းရောက်ရော မပြောတတ်တာနဲ့ အင်တာနက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်ကို ကျပန်းရွေးပြီးဖတ်ပြလိုက်တယ်။ အမှတ်မထင် အဲဗန်ဖတ်ပြတဲ့ ဇာတ်လမ်းက မကောင်းဆိုးဝါးဆင့်‌ခေါ်တဲ့ မန္တာန်ပါနေတဲ့အခါမှာ…….. File size…1.09 GB / 513 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama
5.5 2018
Head Count
The Other Boleyn Girl
6.7

ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.5/ 10, rotten tomatoes 43% ရရှိထားတဲ့ သမိုင်းနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် Scarlett Johansson လည်းပါဝင်ထားပြီး မြင်နေကျမဟုတ်တဲ့ နူးညံ့ပြီး ဖြူစင်တဲ့ကောင်မလေးဇာတ်ရုပ်နဲ့ မြင်ရမှာပဲဖြစ်ပါတယ်။ British ဝတ္တုရေးဆရာ Philippa Gregory ရဲ့ ဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ဒုတိယမြောက် Live action ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ၁၆ ရာစုရဲ့ နန်းတော်တွင်းနဲ့ ထီ းနန်းဆက်ခံမှုအရှုပ်တော်ပုံတွေနဲ့အတူ Scandalous Family လို့ ခေါ်ခံလိုက်ရအောင်ထိကို ပွေလီသွားခဲ့တဲ့ Boleyn မိသားစုရဲ့ ပြဿနာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ဂုဏ်နဲ့ လှမာန်ကြွ၊ ထင်ရာစိုင်းတတ်တဲ့ အန်းရဲ့ နယ်နှင်ခံရအပြီး တည်ငြိမ်ထက်မြက်တဲ့ပုံစံအကူးအပြောင်း၊ မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဘုရင်မဘဝမှာ စိတ်ရဲ့ခြောက်လှန့်ခြင်းခံနေရပြီး အမြဲထိတ်လန့်၊ စိတ်မလုံခြုံဖြစ်နေရတဲ့ပုံစံ အကူးအပြောင်းတွေက တကယ်အံ့ဩ‌ဖို့ကောင်းလောက်အောင်ကို ကြည့်လို့ကောင်းတာပါပဲ။ သမိုင်းနောက်ခံဇာတ်လမ်းဖြစ်တဲ့အပြင် အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အနိမ့်အမြင့်စုံတဲ့ဇာတ်လမ်းအသွားကိုမြင်ရမယ့် လက်မလွတ်သင့်တဲ့ဇာတ်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်‌နော်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aditi

Horror • Thriller • Drama • Mystery
6.7 2008
The Other Boleyn Girl
Black Cat II
5.1

ဟောင်ကောင်အက်ရှင်ကားတွေရဲ့ရွှေခေတ်၊ မြန်မာပြည်ကလူတွေက ဂျက်မ လို့ သညာပြုခေါ်ကြတဲ့ အမျိုးသမီးဖိုက်တာဇာတ်ကားတွေထဲက အမှတ်တရဖြစ်စရာ တစ်ချိန်ကနာမည်ကျော်ကားတစ်ကားဖြစ်ပါတယ်။ ကတ်သရင်းဆိုတဲ့ ပြန်အမှတ်ရချင်စရာမရှိတဲ့ အတိတ်ဆိုးပိုင်ရှင်ကောင်မလေးတစ်ယောက်ဟာ မတော်တဆလူသတ်မှုတွေကျူးလွန်မိရာကနေ ထွက်ပြေးခဲ့ချိန်မှာ ပြန်ပြီးပစ်ခတ်ဖမ်းဆီးခံခဲ့ရပါတယ်။ သူ သတိရချိန်မှာတော့ လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုကို ရောက်ရှိနေပြီး လက်နက်တွေ၊ ရင်ဆိုင်တိုက်ပွဲစွမ်းရည်တွေ ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ သင်ကြားပေးခံရပြီးနောက် အယ်ရစ်ကာဆိုတဲ့ ကုတ်အမည်နဲ့ CIA အေးဂျင့်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါကတော့ နောက်ဆက်တွဲကားဖြစ်ပြီး Jade Leung ကပဲ ကတ်သရင်း ခေါ် အယ်ရစ်ကာအဖြစ်ပြန်လည်ပါဝင်ထားပါတယ်။ အရင်ဇာတ်ကားထက်ပိုမိုက်ပိုကြမ်းတဲ့ အက်ရှင်ကားစစ်စစ်တစ်ကားအဖြစ်တွေ့မြင်ရမှာပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ alias ပါ ) File size_(1.9GB)/( 999MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Asian, Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Science Fiction • Adventure • Action
5.1 1992
Black Cat II
Jatt & Juliet 3
5.8

Jatt & Juliet 3 2024 ချစ်ရတဲ့မမ IMDb -5.8/10 Blu rayရဲ့ ပထမဆုံး ပန်ချာပီရုပ်ရှင်ဖြစ်လာသလို အအောင်မြင်ဆုံးပန်ချာပီRom-comတစ်ကားဖြစ်တဲ့ Jatt & Juliet 3 ထပ်မံထွက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ ရှေ့နှစ်ကားလို ကနေဒါမဖူးစာပဲ ယူကေမှာ မစ်ရှင်လုပ်မယ့် မမနဲ့မောင်စုံတွဲကိုမြင်ရမှာပါ။ ကိုယ့်ထက်ရာထူးကြီးတဲ့ စီနီယာမမကိုမှ အပိုင်ကြံချင်တဲ့ကောင်ဇိုးလေး အရာရှိလက်သစ်လေးနဲ့ ကိုယ့်ကိုနာခံတဲ့အငယ်လေးကိုမှလိုချင်တဲ့ စီနီယာအရာရှိချုပ်မမ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ရေလာမြောင်းပေးလုပ်ရင်း ပင်လယ်ကြီးဖြစ်လာချိန်မှာမှ ယူကေမှာ မစ်ရှင်လုပ်ရဖို့ အကြောင်းဖန်လာချိန်မှာတော့ အလွဲလေးများနဲ့ မောင်နဲ့မမတို့ရဲ့ ချစ်ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြပါဦးခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

5.8 2024 135 mins
Jatt & Juliet 3
Peeping Tom
7.6

Peeping Tom (1960) ~ IMDb – 7.6/10, Rotten Tomatoes – 95% ~ Peeping Tom ဆိုတာက ချောင်းရတာကြိုက်တဲ့သူလို့ လူတိုင်းသိကြမှာပါ။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေတဲ့အချိန်ကို ချောင်းကြည့်ရတာ၊ အဝတ်အစားချွတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူတွေပေါ့။ ဒီဇာတ်ကားက ချောင်းကြည့်သူကတော့ အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်ကို ချောင်းရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အကြောက်တရားကတဆင့် ဗလာကျင်းဖြစ်တာကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူပါ။ ဇာတ်ကားက နာမည်နဲ့မလိုက်အောင်ပဲ ဘာအဖော်အချွတ်မှမပါဘဲ ဆင်ဆာလွတ်ရိုက်ပြသွားပါတယ်။ ဝတ်လစ်စလစ်ခန်းတွေမပါသလို သတ်ခန်းဖြတ်ခန်းတွေလည်းမပါပါဘူး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါက အရမ်းကို မသတီစရာကောင်းတယ်လို့ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Michael Powell ရဲ့ နောက်ဆုံး ဇာတ်ကား သူ့ရဲ့ ဒါရိုက်တာဘဝကို သတ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ရုပ်ရှင်လောကမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး တချို့နေရာတွေမှာ အချိန်တစ်ခုထိ ပိတ်ခံထားရတာပါ။ ၁၉၉၉ ခုနှစ်မှာတော့ British Film Institute က သတ်မှတ်တဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကား စာရင်းရဲ့ အဆင့် ၇၈ ထိရောက်ခဲ့ပြီး ၂၀၁၇ Time Out မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကားစာရင်းမှာ အဆင့် ၂၇ ထိရထားခဲ့ပါတယ်။ ပထမဆုံး Slasher ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ တချို့ Slasher ရုပ်ရှင်တွေလို လှီးဖြတ် ခုတ်ထစ် ရွံစရာကောင်းနေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ရဲ့သဘောလေးနဲ့တင် Slasher ရုပ်ရှင်တစ်ခုရဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်ကားမျိုးပါ။ အကြောင်းအရာတွေက မကောင်းပေမဲ့ တော်တော်လေးကို လှလှပပပုံဖော်ထားပြီး လူကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 950MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 41Min Genre – Slasher Horror, Drama, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

War • Drama
7.6 1960 101 mins
Peeping Tom