YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love You Seven Times 2023 Ep 11 720p WEB-DL CM.mp4

266.86 MB 720p video/mp4 168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Longxing Northern Expedition ( 2023 )

ဒီတစ်ခါတင်ဆက်ပေးမှာတော့ ရှေးခေတ်စစ်ပွဲတွေအကြောင်း စိတ်ဝင်စားတဲ့လူတွေအတွက် တောင်စုန့်ခေတ်က စစ်ပွဲအကြောင်းရိုက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တောင်စုန့်ခေတ်မှာ အရင်ဘုရင်ကညံ့ဖျင်းတာကြောင့်မြောက်ပိုင်းနယ်မြေဟာ မြောက်ပိုင်းသားတွေဖြစ်တဲ့ ကျင်းလူမျိုးတွေရဲ့လက်အောက်ကိုရောက်ခဲ့ပါတယ်။ လုံရှင်းမင်းကြီးလက်ထပ်ရောက်လာတော့ မြောက်ပိုင်းနယ်မြေကိုပြန်သိမ်းပိုက်ဖို့ကြိုးစားပါတယ်။ ခြေမြန်တော်တစ်ယောက်ကိုအဓိကထားပြီး ဒီစစ်ပွဲအကြောင်းကိုတင်ဆက်ပြသွားတာပဲဖြစ်ပါတယ်။ မြောက်ပိုင်းကိုစစ်ချီတဲ့အခါမှာ ရှောက်နဲ့လီဆိုတဲ့ စစ်သူကြီးနှစ်ယောက်ကဦးဆောင်ခဲ့ပါတယ်။ စစ်သူကြီးတစ်ယောက်ဟာဖြောင့်မတ်ပြီး တာဝန်ကျေပွန်ပေမယ့် စစ်သူကြီးနောက်တစ်ယောက်ဟာ ကိုယ်ရေးကိုယ်တာနဲ့ တိုင်းပြည်ရေး မခွဲခြားနိုင်တဲ့အခါ မြောက်ပိုင်းနယ်မြေပြန်သိမ်းမယ့်စစ်ပွဲကြီးဟာ အောင်မြင်နိုင်ပါတော့မလား...... လူတစ်ယောက်ရဲ့အတ္တကြောင့် အသက်သွေးတွေ ဘယ်လောက်တောင်များပေးဆပ်ကြရမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action  Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Comedy • Romance
0 2023 87 mins
Longxing Northern Expedition ( 2023 )
The Bricks
1

ဒီဇာတ်လမ်းရဲ့အစကို ထောင်ထဲရောက်နေတဲ့မူးယစ်ရာဇာတစ်ယောက် ထောင်ထဲမှာ အာဏာပါဝါပြနေပုံနဲ့ဖွင့်ထားပါတယ်။ မူးယစ်ရာဇာဟာ ထောင်အပြင်ကသူ့သားရယ် ပါတနာညီအကိုသုံးယောက်ရယ်နဲ့ချိတ်ဆက်ပြီး ဟူစတန်မြို့ရဲ့အမှောင်ဘက်ခြမ်း မူးယစ်ဂိုဏ်းလောကကိုချုပ်ကိုင်ထားသူတွေထဲကတစ်ယောက်ပါ။ ဟူစတန်မြို့ မူးယစ်ဆေးလောကမှာ ဂိုဏ်းပေါင်းစုံရှိတဲ့အထဲ အဲဒီဂိုဏ်းဟာ အဆိုးဆုံးအ​ကြမ်းကြုတ်ဆုံးဖြစ်ပြီး ငွေကြေးအင်အား လူအင်အားတောင့်တင်းတဲ့အပြင် ဂိုဏ်းကိုဦးစီးနေတဲ့ ညီအစ်ကိုသုံးယောက်ရဲ့ပါးနပ်မှု သိုသိုဝှက်ဝှက်အလုပ်လုပ်တတ်မှုတို့ကြောင့် ရဲတပ်ဖွဲ့အနေနဲ့သက်သေခိုင်ခိုင်မာမာရှာလို့မရဘဲ ဖမ်းဆီးလို့မရနိုင်ဖြစ်နေပါတယ်။ ဒီအတွက်ရဲတပ်ဖွဲ့ဟာ အဲဒီဂိုဏ်းရဲ့မ​​ကောင်းတဲ့လုပ်ရပ်တွေကိုဖော်ထုတ်နိုင်ဖို့ စုံထောက်တစ်ယောက်ကို သူလျှိုအနေနဲ့လွှတ်ပြီး မူးယစ်ဂိုဏ်းထဲဝင်ဖို့ကြိုးစားစေပါတယ်။ အဲဒီစုံထောက်ဟာ မူးယစ်ဂိုဏ်းထဲကိုဝင်ခွင့်ရပြီး ရဲတပ်ဖွဲရဲ့ဆန္ဒအတိုင်း မူးယစ်ဂိုဏ်းကိုဖြိုခွဲသွားနိုင်မလား ဒါမှမဟုတ် ပါးနပ်တဲ့ညီအစ်ကိုသုံးယောက်လက်အောက်မှာပဲ ကျဆုံးသွားမလား... မူးယစ်ရာဇာရဲ့သားကကော ဘယ်လိုပါဝင်ပတ်သက်နေလဲ... စုံထောက်ကိုနောက်ကွယ်ကအကူအညီပေးနေတဲ့ရဲတပ်ဖွဲ့ကရော ရိုးသားရဲ့လား... စတဲ့ သို့လောသို့လောပေါင်းများစွာနဲ့အတူ ဇာတ်လမ်းအစကနေ အဆုံးအထိ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Paing Hein Kyaw မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 725MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Paing Hein Kyaw Encoded by Y

Comedy • Drama • Romance
1 2022 92 mins
The Bricks
Sleepers
7.6

IMDb...7.5,,,,Rt...73 Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာ စာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလို ပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။ သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ သူငယ်ချင်းအဖွဲ့လိုက် လုပ်လိုက်တဲ့ ကျီစယ်မှုဟာ မရည်ရွယ်ထားဘဲနဲ့ လူတစ်ယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့အတွက် လူငယ်ထိန်းသိမ်းရေးစခန်းကို ‌လေးယောက်လုံး အပို့ခံလိုက်ရပါတယ်။ အဲဒီထိန်းသိမ်းရေးစခန်းမှာပဲ အစောင့်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုတွေ၊ လိင်အမြတ်ထုတ်မှုတွေကြောင့် စိတ်ရောကိုယ်ပါ ဒဏ်ရာအသီးသီး။ နောက်ပြောင်မှုတစ်ခုကြောင့် ပြန်ရလိုက်တဲ့အဖိုးအခကတော့ တစ်ဘဝလုံးစာစိတ်ဒဏ်ရာတွေ။ အားလုံးဟာ ဒီနေ့အထိ ညအိပ်ရင်တောင် မီးပိတ်ပြီး မအိပ်ရဲတဲ့အထိပါပဲ။ နောက်၁၃နှစ်ကြာတဲ့အချိန်မှာတော့ လက်စားချေဖို့ အခွင့်အရေး ပြန်ရလာတဲ့အခါမှာတော့.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်.. File Size : (2.39GB)(866MB) and (246MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:27:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Science Fiction • Thriller
7.6 1996 147 mins
Sleepers
(21+)Fairy in a Cage
4.9

ဒုတိယကမ္ဘာစစ်ကာလ ဂျပန်စစ်တပ်ရဲ့ ညဉ်းပန်းပုံကို အလှလေးတွေနဲ့ မွန်းမံထားတဲ့ ဇာတ်လမ်းတပုဒ်ပါပဲ ကမ္လာစစ်တုန်းက ဂျပန်စစ်တပ်ရဲ့ လုပ်ရပ်ကို လက်မခံနိုင်တဲ့ စစ်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတချို့ ဂျပန်ပြည်မှာဖြစ်ပွားခဲ့ပါတယ် ဂျပန်စစ်တပ်ကလဲ ဒီလှုပ်ရှားမှုမှာပါဝင်ရင် ယောကျာ်းမိန်းမမကျန် စစ်ကြောရေးလုပ်ပြီး မိန်းကလေးဆိုရင်တောာ့ စစ်ကြောရေးက သာယာမှုကို အခြေခံထားတာကြောင့် မိန်းမသားလေးတွေ ဘယ်လိုခံံစားနေရတယ်ဆိုတာကို မမြင်ရက်ဖွယ်ကြည့်ရှုရမှာပါ File size…1GB / 500MB Quality…1080p Blu Ray Remux / 720p Format…mp4 Duration….1h 10min Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by Dark

Crime • Drama • Thriller
4.9 1977 70 mins
(21+)Fairy in a Cage
Crimes of the Future
6.2

ဒီရုပ်ရှင်ကတော့ မင်းသမီး ခရစ္စတင်း စတီးဝပ်ရဲ့ ရုပ်ရှင်အသစ်ပါပဲ။ သိပ္ပံစိတ်ကူးယဉ်၊ ဟော်ရာ အမျိုးအစားဖြစ်ပါတယ်။ အဖော်အချွတ်တွေ အဖြတ်အတောက်တွေပါလို့ ကလေးငယ်တွေကြည့်ဖို့ မသင့်ပါဘူး။ တွေးစရာတွေပေးတဲ့ ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ခေတ်ရဲ့ လူသားဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေ ထူးဆန်းလာတာ မှားယွင်းလာတာကို အခြေခံထားတာပါပဲ။ ဒီနေ့ခေတ်မှာဆိုရင် ဆိုးရွားတဲ့ စက်ရုံအညစ်အကြေးတွေ၊ ညစ်ညမ်းဓာတ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေကြောင့် လူတွေ ကင်ဆာတွေအဖြစ်များလာပါပြီ။ ကင်ဆာဆိုတာလည်း လူရဲ့ကိုယ်ထဲက ဆဲလ်တွေ ပုံပြောင်းပြီး ဖြစ်လာတာပါပဲ။ ဒီတော့ အဲဒီလို ပုံပြောင်းရင်းနဲ့ကနေ လူတွေရဲ့ အခြေခံဖွဲ့စည်းပုံတွေပါ ပြောင်းလဲလာမယ်ဆိုရင် ဘာဖြစ်လာမလဲ။ ဒီရုပ်ရှင်ထဲမှာတော့ "အလွန်မြန်ဆန်စွာ ဆင့်ကဲပြောင်းလဲမှု ရောဂါ" လို့ ခေါ်ကြပါတယ်။ လူသားတွေဟာ မနာကျင်တတ်တော့ဘူး၊ ကူးစက်မှုတွေမရှိတော့ဘူး။ မနာကျင်တော့တာဟာ ရုတ်တရက်ကြည့်ရင် ကောင်းတယ်ထင်ရသလို မကောင်းတာတွေလည်းရှိပါတယ်။ နာကျင်မှုဟာ လူတွေကို အန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့ အချက်ပြတဲ့စနစ်ပါပဲ။ ပူတာကိုကိုင်မိရင်လက်ကို ဆတ်ခနဲ ရုတ်လိုက်တာမျိုး၊ တစ်ခုခုစူးရင် ချက်ချင်းနောက်ဆုတ်လိုက်တာမျိုးပေါ့။ ဒီတော့ နာကျင်မှုတွေမရှိရင် ထိခိုက်ဒဏ်ရာတွေလည်း ပိုဆိုးလာတတ်တာပါပဲ။ ဒီဇာတ်ကားထဲက မင်းသားဖြစ်တဲ့ ဆောလ် ကတော့ နာကျင်မှုရှိနေသေးတဲ့ လူပါ။ အဲဒီနာကျင်မှုတွေအတွက်လည်း စက်ရဲ့အကူအညီနဲ့ နေထိုင်နေရပါတယ်။ ပြီးတော့ သူ့ကိုယ်ထဲမှာလည်း အမည်မသိတဲ့ ကိုယ်အင်္ဂါအသစ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ သူကလည်း အဲဒီအင်္ဂါတွေကို ဆက်တိုက်ဖြတ်ထုတ်နေရတဲ့သူပါပဲ။ ပြီးတော့ သူက ဒီလိုဖြတ်ထုတ်တာတွေကို သရုပ်ပြအနုပညာအနေနဲ့ တင်ဆက်ပြီး နာမည်ကြီးနေပါသေးတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ထူးထူးခြားခြား အမေတစ်ယောက်က သူ့သားလေးကိုသတ်ပြီး အလောင်းကို ကလေးအဖေဆီမှာထားခဲ့လိုက်ပါတယ်။ အဲဒီကလေးအဖေကပဲ ဆောလ်ဆီကိုလာပြီး လူအများရှေ့မှာ ကလေးကို ရင်ခွဲစစ်ဆေးဖို့ တောင်းဆိုလာတဲ့အခါ.... File size…(1.1GB/(632MB)/(281MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:17:00 Genre...Drama / Sci-Fic / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Action • Animation • Family • Fantasy • Thriller
6.2 2022 107 mins
Crimes of the Future
Father of the Bride
5.9

သမီးရှင် …. အဖေဆိုတာ သူ့တို့အလှည့်တုန်းကသာ မိန်းမယူဖို့ တကဲကဲဖြစ်ပြီး ဇွတ်တွေ ယူကြပေမယ့် တကယ်တမ်း သူတို့ မိဘဖြစ်လာတဲ့အခါ သားသမီးကို တစ်ပါးသူလက်ထဲ ထည့်ပေးရမှာ အင်မတန် အူတိုကြသူတွေပါပဲ။ အထူးသဖြင့် သမီးရှင် ဖခင်တွေပါ။ သူ ပိုးမွေးသလို မွေးခဲ့ရတဲ့ သမီးလေးကို အနာဂတ်မှာ သမက်ဖြစ်လာမယ့်လူရဲ့ လက်ထဲကို အပြီးအပိုင် ပေးလိုက်ဖို့အရေးဟာ သူတို့အတွက်တော့ ကမ္ဘာကြီး ပူနွေးလာမှုထက် ပိုပြီး ရင်ဆိုင်ရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုပါ။ ဒီ‌လူဟာ ငါ့သမီးနဲ့ သင့်တော်ရဲ့လား၊ ငါ့သမီးကို တင့်တောင်းတင့်တယ် ထားနိုင်ပါ့မလား၊ ငါ့သမီးအပေါ် ကောင်းပါ့မလား စတဲ့ စတဲ့ သံသယတွေနဲ့ လောင်မြိုက်ကြတာဆိုသည်မှာ မသိရင် သူတို့အလှည့်တုန်းက ပြီးပြည့်စုံနေသည့်အလား ….. ဒီ သ၀န်တိုမှုဟာ တစ်မျိုးလေးတော့ ချစ်စရာကောင်းနေပါတယ်။ ဖခင်ရဲ့ မေတ္တာပါပဲ …. ဒီဇာတ်လမ်းမှာလည်း ဘီလီဆိုတဲ့ သူဌေးကြီးဟာ သိပ်ကို ရှေးရိုးစွဲပြီး အရာရာကို သူ့ခေတ်တုန်းက အခြေအနေနဲ့ နှိုင်းယှဉ်ပြီး အလကားနေ အလကား ဇီဇာကြောင်သူ ဖေဖေကြီးပါ။ လူဆင်းရဲဘ၀က လာခဲ့သူဖြစ်လို့ သမီးဖြစ်သူတွေ လိုလေသေးမရှိ နေနိုင်ရေး အလုပ်တွေပဲ ဖိလုပ်နေသူ သူဌေးကြီး ဦးဘီလီကို မိန်းမဖြစ်သူကလည်း ဒီကိစ္စတွေကြောင့်ပဲ စိတ်တွေကုန်ပြီး ကွာရှင်းဖို့ ပြောလာခဲ့ပါပြီ။ အဲဒီအချိန်မှာ ကောလိပ်က ပြန်လာသူ သမီးကြီး ဆိုဖီက ရုတ်တရက် သူ လက်ထပ်တော့မယ့်အကြောင်း ဖွင့်ပြောလာခဲ့ရာ ဘီလီတစ်ယောက် တစ်ပူပေါ် တစ်ပူတွေ ဆင့်လို့ မိသားစုအရေး သမီးရှင်အရေးတွေကြား ဗျာများ ဒုက္ခကြုံရပုံတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။ IMDb 5.9, Rotten Tomatoes 81 % ရရှိထားတဲ့ ဒီဇာတ်လမ်းမှာ မင်းသားကြီး Andy Garcia က သမီးရှင် ဘီလီအဖြစ် ကာရိုက်တာနဲ့ လိုက်ဖက်စွာ ပါ၀င်ထားပါတယ်။ စာရေးသူ ကိုယ်တိုင်လည်း ဘ၀င်ကျမိတာဖြစ်လို့ တကယ့်ကို အနှစ်ရှိတဲ့ Romance, Drama သစ်မျိုး ရှာဖွေနေသူဆို ဒီကားကို လက်မလွှတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်။ File size…(2.56GB/(1.24GB)/(811.29MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:57:00 Genre…Drama / Comdey / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung

Adventure • Science Fiction
5.9 2022 118 mins
Father of the Bride
The Price of Family
5.8

The Price of Family (2022) =================== IMDb Rating – 5.8/10 ဇာတ်လမ်းလေးကတော့ အမ်မီလီယိုနဲ့ အဲလက်စန်ဒရာတို့ မောင်နှမ အဖေနဲ့ အမေကို ထားခဲ့ပြီး အိမ်ခွဲနေကြတာကနေ စပါတယ်။ သိပ်မ ကြာခင်မှာပဲ အလုပ်တွေကိုယ်စီနဲ့ ရှုပ်နေကြတဲ့ မောင်နှမ မိဘတွေကို အချိန်ပေးဖို့ ခက်လာပါတယ် မွေးနေ့လို နေ့မျိုးမှာတောင် မိသားစု မဆုံနိုင်ကြတော့ပါဘူး။ ခရစ္စမတ်လို မိသားစုတွေ ဆုံကြတဲ့ပွဲမျိုးမှာ တောင် အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်‌တော့ပါဘူး ဒီလိုနဲ့ မိဘတွေဖြစ်တဲ့ အန်နာနဲ့ ကာလို သားသမီးတွေကို ပညာပြဖို့ အကြံထုတ်ပါတော့တယ်။ သူတို့မှာ ပိုက်ဆံ‌ရှိရင်တော့ လာကပ်ကြ မှာပဲဆိုပြီး ယူရို ၆သန်း အမွေရထားတယ်ဆိုပြီး ပြောလိုက်ပါတော့ တယ်။အဲတော့ အရင်က မအားကြတဲ့ မောင်နှမ အကြောင်းအမျိုးမျိုး ရှာပြီး မိဘတွေဆီ ကပ်လာကြပါပြီ။ တစ်ဖက်မှာလည်း အန်နာနဲ့ ကာ လိုဟာ သန်းကြွယ်သူဌေးဂုဏ်ပုဒ်နဲ့အညီ သုံးပြဖြုန်းပြ ရပါတယ်။ အစီအစဉ်ကတော့ ခရစ္စမတ်မတိုင်ခင်ထိပါပဲ ခရစ္စမတ်ပြီးရင် သား သမီးတွေကို အမှန်အတိုင်း ပြောပြပါတော့မယ်။ ဒါအပြင့် အလိမ်အညာဆိုတာ ကြာကြာဖုံးထားလို့ မရလေတော့ သူတို့ ခရစ္စမတ်အထိ ဟန်ဆောင်နိုင်ပါ့မလား၊ အလိမ်အညာတွေကို ဆက်တိုက် ဖုံးဖိဖို့ ဘာတွေလုပ်ကြမလဲ၊ သားသမီးတွေနဲ့ ဝေးပြီး အထီးကျန်နေတဲ့ အဖေနဲ့ အမေ၊ ခရစ္စမတ်မှာ မိသားစုဆုံရဖို့ ကြံမိကြံရာ လုပ်ကြတာတွေကို ဟာသနှောပြီး ရိုက်ပြထားပါတယ်။ စိတ်မကောင်းစရာဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ကြည့်ရမှာမို့ ခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.63 GB) / (700 MB) / (400 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Phu Myat Thwe Encoder……….SWM

5.8 2022 90 mins
The Price of Family
The Order

အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူ မရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆို နားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက် ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန် ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းက ရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်း စီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလို ပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့ လျှို့ဝှက်ဆန်းကျယ်တာတွေကို ဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက် တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။ File size… 1.4 GB / 954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by El’MoH

Comedy • Animation
0 2001
The Order
Friday the 13th Part 2
6.1

Friday the 13th Part 2 (1981) ဂျေဆင် ဟာ တကယ်တမ်းမှာ သူ့ရဲ့ ဘူမိနက်သန်နေရာ ခရစ်စတယ်ရေကန်ကနေ ခွာတတ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခါမှာတော့ အငြိုးတစ်ခုနဲ့ ခရစ်စတယ်ရေကန်ကနေ ခွာခဲ့ဖူးပါတယ်။ ဂျေဆင်က သူကျွမ်းကျင်လှတဲ့ သူ့နေရာမှာပဲ စနစ်တကျ အကွက်ချပြီး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်တတ်သူပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာ ဂျေဆင် တစ်ယောက် သူ့နေရာကထွက်ခွာပြီး အမျိုးသမီးတစ်ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။ ဒီဇာတ်ကားက ဂျေဆင် ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပြီး ဂျေဆင် ကိုယ်တိုင် လှလှပပကြီး အသုံးတော်ခံတဲ့ ဇာတ်ကားစစ်စစ် ဖြစ်လာခဲ့ပါပြီ။ မိခင်အတွက် သူ့ရဲ့လက်စားချေမှုက ပြောင်မြောက်ရက်စက်လွန်းခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေနစ်ရာက မသေဘဲလွတ်မြောက်လာပြီး တောထဲမှာ အရိုင်းကောင်လိုကြီးပြင်းလာတဲ့သူလား… သေဆုံးပြီးနောက် အငြိုးတွေနဲ့ ပြန်နိုးထလာတဲ့ ဝိညာဉ်သတ္တဝါလား… မသဲကွဲတဲ့ ဂျေဆင်ကတော့ လူသတ်သမား လုပ်ကြံသူကြီးဆိုတာတော့ သေချာလွန်းခဲ့ပါတယ်လေ။ အတတ်ပညာတစ်ခုကို တစ်ဖက်ကမ်းခပ်ကျွမ်းကျင်ရင် သူ့လက်ရာက အနုပညာမြောက်သတဲ့။ ဂျေဆင် က အနုပညာသမား လူသတ်ကောင်ပဲလို့ ပြောကြပါစို့ရဲ့။ ဒီဇာတ်ကားကို မူကွဲအနေနဲ့ သဘာဝလွန်ဇာတ်ကောင်အဖြစ် အသွင်ပြောင်း ရိုက်ကူးမယ်ပြင်ပြီးမှ မူလဇာတ်ကားရဲ့ ခရစ်စတယ်ရေကန်စခန်းကို လူကြိုက်များလွန်းလို့ ဒီနေရာမှာပဲ အခြေပြုရိုက်ကူးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယဇာတ်ကားတွေ ဖြစ်လေ့ရှိတဲ့အတိုင်း Rating တွေကျ၊ ဝေဖန်ချက်တွေခံရ၊ အမြတ်ငွေတွေ နည်းသွားခဲ့ပေမဲ့ ၁၂ ကားလောက်အထိ ဆက်ထွက်နိုင်ခဲ့တဲ့ Horror ကားကြီးဖြစ်လို့ ထပ်မံတင်ဆက်လိုက်ပါတယ်။ မိခင်ကို သတ်သွားတဲ့အမျိုးသမီးကို လူနေမြို့ပြထဲအထိ လိုက်သတ်ခဲ့အပြီးမှာ သူ့ရဲ့ရေကန်စခန်းကိုပြန်လာသမျှသူတွေကို သွေးအေးအေးစောင့်သတ်နေတဲ့ ဂျေဆင်ကြီးကို ရင်တထိတ်ထိတ်နဲ့ကြည့်လိုက်ရအောင်လား‌ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.95GB, 920MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 27Min Genre – Horror, Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Drama
6.1 1981
Friday the 13th Part 2
Goldstone
6.6

ဒီဇာတ်ကားက Crime/Thriller အမျိုးအစား ဖြစ်ပြီးတော့ ကိုယ့်ရဲ့မွေးရပ်မြေမှာ အကျင့်ပျက်ခြစားမှုကြီးတစ်ခုကို ဖော်ထုတ်ခဲ့တဲ့ စုံထောက် ဂျေးစွမ်းန်ကို အာဏာပိုင်တွေက Goldstone ဆိုတဲ့ မြို့လေးတစ်မြို့ဆီပို့ပြီး ပျောက်ဆုံးနေတဲ့ အာရှသားတိုးရစ်တစ်ယောက်ကို ရှာဖွေဖို့ စေလွှတ်လိုက်ပါတယ်။ အဲဒီမှာမှ အကျင့်ပျက်ခြစားနေတဲ့ Goldstone မြို့တော်ဝန်တို့ လူတစ်စုနဲ့ လိုက်လျောညီထွေနေနေရတဲ့ နယ်ခံရဲ ဂျော့ရှ် ဝါးတားနဲ့ သွားတွေ့ပါတယ်။ အကျင့်ပျက်ခြစားနေတဲ့လူတွေကြား ကိုယ့်ရဲ့နဂိုကောင်းတဲ့စိတ်ရင်းအခံကို ချိုးနှိမ်ပြီး အလိုက်သင့် မျောပါနေရတဲ့ ဂျော့ရှ်တစ်ယောက်… မှန်ရင်ပြီးရော စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ စုံထောက် ဂျေးစွမ်းန်နဲ့ ထိပ်တိုက်တွေ့အပြီးမှာ ဘာတွေဘယ်လို ပြောင်းလဲသွားမလဲ… ကိုယ်စီက သက်ဆိုင်ရာတာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နိုင်မလား၊ တရားတဲ့ဘက်နဲ့ မတရားတဲ့ဘက် ဘယ်ဘက်ကို ရွေးချယ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်… File size…1.65GB / 743 MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6.6 2016
Goldstone
Kleks Academy
5.5

ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက် ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့ စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်.. ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာ ကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာ တက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီး အလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက် နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာ တက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေး အရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီး စိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်း မမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာ မသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်း ဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖို ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာ ပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့ အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်း သူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူ မိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့….။ File size…2.15GB / 1.02GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 10m Genre ….. Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Romance
5.5 2023
Kleks Academy
Paper Dream
5.8

Paper Dream (2024) IMDb Rating (5.8) ခါလက်ဆိုတဲ့အယ်လ်ဘီနိုလူမျိုး ကောင်လေးတစ်ယောက်ဟာ ငယ်စဉ်ကထဲကသူ့ရဲ့ထူးခြားတဲ့သွင်ပြင်ကြောင့်လူတွေနဲ့အဆက်အသွယ်မရှိခဲ့ပါဘူး။ အဲ့ကနေမှ သူ့ရဲ့ရိုးသားမှုကိုအသုံးချပြီးနာမည်ကြီးအောင်လုပ်ပေးတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံစည်းခဲ့တဲ့အခါ သူ့ဘ၀မှာနာကျင်စရာတွေထပ်ပြီးခံစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Aung Kyaw ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:40:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Aung Kyaw

5.8 2024 98 mins
Paper Dream
War of the Worlds: Extinction

War of the Worlds: Extinction (2024) ဒီရုပ်ရှင်က ကမ္ဘာဂြိုလ်ပေါ်ကို တခြားဂြိုလ်သားတွေ ကျူးကျော်လာတာမဟုတ်ဘဲ အမ်မီယိုစ်ဆိုတဲ့ဂြိုလ်ကို ကမ္ဘာဂြိုလ်သားတွေ သွားကျူးကျော်တဲ့ရုပ်ရှင်ပေါ့။ ကမ္ဘာကြီးက လေထုညစ်ညမ်းမှုကြောင့် ပျက်စီးတော့မှာမို့ နေလို့ရမဲ့ဂြိုလ်ရှာရင်း ကမ္ဘာဂြိုလ်သားတွေနဲ့ တစ်ပုံစံတည်းတူတဲ့ အမ်မီယိုစ်ဂြိုလ်သားတွေရဲ့ ဂြိုလ်ကို မောင်ပိုင်စီးဖို့ကြိုးစားပါတော့တယ်။ နှစ်ဘက်စလုံး တိုက်ကြခိုက်ကြရင်း အထိနာလာကြချိန် အပစ်အခတ်ရပ်စဲရေးကြေငြာချိန်မှာပဲ အမ်မီယိုစ်ဂြိုလ်သား ဗိုလ်ချုပ်စကာလာရဲ့ သမီးဖြစ်သူ ကမ္ဘာဂြိုလ်ကလက်နက်ကြောင့်သေဆုံးသွားခဲ့ပါတယ်။ ဗိုလ်ချုပ်စကာလာက သမီးဖြစ်သူသေဆုံးရမှုကြောင့် အပစ်အခတ်ရပ်စဲရေးဆိုတာကို ဂရုမစိုက်တော့ဘဲ ကမ္ဘာဂြိုလ်ပေါ်က သက်ရှိမှန်သမျှကို အပြတ်ရှင်းဖို့ ကြိုးစားချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

Romance
0 2024 84 mins
War of the Worlds: Extinction
Wet Monday Lany poniedzialek
5.8

Wet Monday (2024) IMDb Rating (5.4) ဒီ ရုပ်ရှင်ကားက ပိုလန်ရုပ်ရှင်ကား တစ်ကား ဖြစ်ပြီး သူ့ title က Wet Monday လို့ အဓိပ္ပာယ်ရပါတယ်။ Wet Monday ဆိုတာ ပိုလန်နိုင်ငံရဲ့ အီစတာ ပွဲတော်မှာ ကျင်းပတဲ့ရေကစားကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ မြန်မာမှာ သင်္ကြန်ကျင်းပသလို သူတို့ဆီမှာလည်း အရောင်စုံတဲ့ ဝတ်စုံတွေ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး လူပျို အပျို ကလေးတွေက တစ်ယောက်ကို တစ်ယောက် ရေဘောလုံးတွေနဲ့ ပစ်ကြ ရေပက်ကြတဲ့ ရိုးရာပွဲတော်တစ်ခုပါ။ ဒီဇာတ်လမ်းကို Klara နဲ့ Marta တို့ ညီအစ်မ နှစ်ယောက်ရဲ့ ရေချိုးခန်းထဲက scene နဲ့ စထားပါတယ်။ အပြင်မထွက်ခင် အစ်မကြီး ဖြစ်တဲ့ Martaက ညီမ Klara ကို အလှပြင်ပေးနေတာပါ။ သူတို့ ညီအစ်မ နှစ်ယောက်က သူငယ်ချင်းအဖွဲ့နဲ့အတူ လျှောက်သွား လျှောက်ပျော်ပါးပြီး အိမ်ပြန်လာကြပါတယ်။ နောက်တစ်နေ့ မနက်မှာ ဘုရားကျောင်း တူတူသွားကြပြီး ဘုန်းတော်ကြီးရဲ့ ရေဖျန်းပြီး ကောင်းချီးပေးခံရတဲ့ အခါ Klara က ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အကြောင်းအရင်းကတော့ Klara ကရေနဲ့ ထိမရအောင် ကြောက်လန့်နေခဲ့တာပါ။ ရေနဲ့ ထိတာနဲ့ သူ့အရေပြားတွေက ယားလာပြီး နောက်ဆုံး မေ့လဲသွားတာပါ။ ဒါက သူကြုံခဲ့ရတဲ့ မနှစ်က Wet Monday ပွဲတော်မှာစတင်ခဲ့တဲ့ စိတ်ထိခိုက်စရာ ဖြစ်ရပ်ဆိုးတစ်ခုကြောင့်ပါပဲ။ သူ့ စိတ်ဒဏ်ရာကို ကုသဖို့ စွမ်းအင်တွေ ကံကြမ္မာ အကြောင်း နားလည်တဲ့ သူငယ်ချင်း ဖြစ်သူ Diana က အကူအညီပေးခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:24:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leonie

Action • Romance • Drama
5.8 2024 84 mins
Wet Monday Lany poniedzialek
Gas Food Lodging
6.6

“Gas Food Lodging” ဟာ Allison Anders ရိုက်ကူးထားတဲ့ ပေါ့ပါးတဲ့ ဒရာမာရုပ်ရှင်တစ်ကား ဖြစ်ပြီး စာရေးဆရာ Richard Peck ရေးသားတဲ့ Don’t Look and It Won’t Hurt ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်တွေကတော့ Brooke Adams, Ione Skye နဲ့ Fairuza Balk တို့ ပဲ ဖြစ်ပါတယ်။ (Shade) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Fairuza Balk ဟာ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုအတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (Best Female Lead) မှာ Independent Spirit Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ သူမရဲ့ အနုပညာသက်တမ်းမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ဟာ သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ နယူးမက္ကဆီကိုက သဲကန္တာရမြို့ငယ်လေးတစ်ခုမှာ ကြီးပြင်းလာတဲ့ ဆယ်ကျော်သက် ညီအစ်မနှစ်ယောက်ရဲ့ ဘဝကို ဖော်ကျူးထားတာဖြစ်ပါတယ်။ မိခင်နဲ့ သမီးတွေရဲ့ ဆက်ဆံရေး၊ အထီးကျန်မှုနဲ့ အချစ်ကို ရှာဖွေခြင်းအစရှိတဲ့ အကြောင်းအရာတွေကို ထိထိမိမိ တင်ဆက်ထားတာကြောင့်လည်း လူသိများပါတယ်။ ဇာတ်လမ်းအကျဉ်း နယူးမက္ကဆီကိုပြည်နယ်၊ လယ်ရာမီမြို့ငယ်လေးက စားပွဲထိုးအမျိုးသမီး နိုရာ နဲ့ သူမရဲ့ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်ဖြစ်တဲ့ ထရူဒီတို့၊ ရှိတ်ဒ်တို့နဲ့ ရုပ်ရှင်ကို အစပြုပေးထားပါတယ်။ အမေဖြစ်သူနိုရာဟာ ခင်ပွန်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် သမီးနှစ်ယောက်ကို တစ်ကိုယ်တည်းမိခင်ဘဝနဲ့ စားပွဲထိုးလုပ်ကာ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်နေရပါတယ်။ အကြီးဆုံးသမီးဖြစ်တဲ့ ထရူဒီကတော့ လှပသော်ငြား ပုန်ကန်လိုစိတ်ရှိကာ ယောက်ျားတွေနဲ့ ပေါ့ပေါ့ပါးပါး တွဲတတ်ပြီး စည်းကမ်းတင်းကျပ်တဲ့ မိခင်လက်က အမြန်ဆုံး လွတ်မြောက်ရာလမ်းကို ရှာဖွေနေပါတယ်။ အငယ်ဆုံးသမီးဖြစ်တဲ့ ရှိတ်ဒ်ကတော့ ပိုပြီးအတွေးနက်ကာ အနုပညာဆန်ပြီး စပိန်ရုပ်ရှင်တွေကို နှစ်သက်တဲ့သူပါ။ သူမဟာ မက္ကဆီကန်အချစ်ရုပ်ရှင်တွေကြည့်ပြီး အချစ်စစ်ကို ရှာဖွေနေကာ မိခင်ဖြစ်သူအတွက်လည်း အဖော်တစ်ယောက်ကို ရှာပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့အားလုံးမှာ မရှိနေတာကတော့ မိသားစုကို ပြည့်စုံစေမယ့် အိမ်ထောင်ဦးစီးတစ်ဦးနဲ့ သူတို့ကို မေတ္တာစစ်နဲ့ ချစ်ပေးမယ့် ချစ်သူတစ်ဦးပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့တစ်ဦးချင်းစီဟာ အချစ်စစ်ကို ရှာတွေ့သွားကြမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းပဲ ရှာဖွေလိုက်ကြရအောင်။ File size… 1.83 GB / 918 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 41m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Wunna

Crime • Drama
6.6 1992 101 mins
Gas Food Lodging