YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Under the Moonlight(2021).EP12.mp4

649.06 MB N/A video/mp4 868 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ash and Bone
4.2

IMDb Rating - 6.2/10 လတ်တလော ထွက်ရှိထားတဲ့ Slasher ဇာတ်ကားတစ်ကား တင်ဆက် ပေးလိုက်ပါတယ်။ ပုံမှန်တွေ့နေကြ လူသတ်ကားမျိုးပါပဲ မိသားစုတစ်စု တောမြို့လေးကို ခရီးထွက်လာတယ်၊ လူသတ်သမားတွေနဲ့ တွေ့တယ်ပေါ့ဗျာ။ ဇာတ်လမ်းကတော့ သိပ်အထူးအဆန်းတော့ မဟုတ်ပေမယ့် သတ်ခန်း ဖြတ်ခန်းတွေနဲ့ မတူညီတဲ့ အရသာတစ်ခုကို ပေးနိုင်မှာပါ။ ကက်ဆီဟာ အမေဖြစ်သူ ဆုံးပါးပြီး အဖေဖြစ်သူက နောက်မိန်းမ ယူလိုက်လို့ မကျေမနပ်နဲ့ ပုန်ကန်တတ်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ အဖေ ဖြစ်သူဟာ သူနဲ့ သူ့မိထွေးကို ခေါပြီး တောမြို့လေးတစ်မြို့ကို ခရီးထွက်ပြီးတော့ မိသားစု အဆင်ပြေသွားစေဖို့ ကြိုးစားပါတော့တယ်။ သို့သော် ကက်ဆီကတော့ ခရီးထွက်လာရတာကိုလည်း မကြိုက်သလို အဆင်လည်း မပြေလှတာမို့ စကားများပြီး တည်းခိုအိမ်ကနေ ထွက်သွားပါတော့တယ်။ ထိုမြို့လေးရဲ့ ဘားတစ်ခုမှာထိုင်ရင်း အန်နာ၊ တက်ကာ တို့နဲ့ တွေ့ဆုံပြီး စကားလက်ဆုံကျခဲ့ပါတယ်။ ကက်ဆီဟာ အဆောက်အဦးအဟောင်းတွေ စက်ရုံအဟောင်းတွေကို လိုက်လံလည်ပတ် ရတာ ဝါသနာပါသူမို့ မြို့လေးမှာရှိတဲ့ အိမ်ဟောင်းကို လိုက်ပို့ဖို့ အန်နာနဲ့ တက်ကာတို့ကို ပြောပါတော့တယ်။ အန်နာနဲ့ တက်ကာတို့လည်း လူသတ်တယ်၊ ဖမ်းဆီးတယ်လို့ ပါးစပ် ရာဇဝင်ရှိတဲ့ မက်ကင်လီ အိမ် ဟောင်းကို လိုက်ပို့ရာမှ ထိုပါးစပ်ရာဇဝင်က အမှန်ဖြစ်နေ ကြောင်း သိလိုက်ရတဲ့အခါမှာတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.46 GB) / (575 MB) / (330 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Leonard Lin Encoder..........SWM

Drama
4.2 2022 97 mins
Ash and Bone
Days of Heaven
7.5

Days of Heavenဟာ Terrence Malickရဲ့ ဒုတိယကားပါ။ Terrence Malickပီသစွာပဲ အစက ကားတွေမှာတောင် narrative တွေ ရင်သပ်ရှုမောလောက်အောင် လှတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ ပုံဖော်ထားတဲ့ ကားပါပဲ။ ဒါပေမဲ့ narrativeတွေဟာ သူ့နှောင်းပိုင်းကားတွေ အရမ်းကြီးတော့ fragmentation မဆန်သေးပါဘူး။ ဒီရုပ်ရှင်ရဲ့အခန်းအများစုကို Golden hour လို့ခေါ်တဲ့ စီနီမာတိုဂရပ်ဖာတွေက "magic hour " လို့ ခေါ်ကြတဲ့ အချိန်တွေမှာ ရိုက်ကူးခဲ့တာပါ။ အကျဉ်းဖြဉ်းအားဖြင့်တော့ နေထွက်ပြီးစနဲ့ နေမဝင်ခင် ကောင်းကင်နီဆွေးလှပနေတဲ့ အချိန်တွေကိုခေါ်တာပါ။ Days of Heavenဟာ အော်စကာဆုပေးပွဲမှာ Academy Award for Best Cinematography ဆုရခဲ့ပြီး 1979 Cannes Film Festival မှာ Best Director ဆုလည်းရရှိခဲ့ပါတယ်။ ရစ်ချက်ဂီရိလို တစ်ချိန်က နာမည်ကျော်မင်းသားကြီးကို သုံးထားပြီး ဒီထဲမှာ သူတော်တော်နုသေးတာကြောင့် တစ်ချိန်က လူကြိုုက်များ ခဲ့တဲ့ သူ့ရုပ်သွင်ကိုလည်း မြင်ရမှာပါ။ Terrence Malickရဲ့ ရုပ်ရှင်တွေဟာ ဇာတ် အိမ်တွေ ဒိုင်ယာလော့တွေထက် ကြည့်ရှုသူကို နိဗ္ဗာန်ကို အလည်တစ်ခေါက် ရောက်သွားသလို မျက်စိအာရုံဖမ်းစားနိုင်တဲ့အလှအပတွေနဲ့ ပိုဆွဲဆောင်တတ်တဲ့ ရုပ်ရှင်တွေဖြစ်ပြီး။ ရုပ်ရှင်ဆိုတာ ဘာမက်ဆေ့မှ ယူဖို့မဟုတ်ဘဲ ဒီတိုင်း ကြည့်ကောင်း လို့ ထိုင်ကြည့်ချင်သူတွေ အကြိုက်တွေ့မယ် ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့နာမည် Days of Heavenနဲ့ ရုပ်ရှင်ရဲ့ဇာတ်အိမ်က ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့လည်း အပြတွေကတော့ Days of Heavenဆီ ခင်ဗျားကို တကယ်ခေါ်ဆောင်သွားနိုင်မှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.71 GB) / (1.07 GB) / (624 MB) Quality............BluRay 1080p, 720p, 480p Duration.........1h 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Horror • Thriller
7.5 1978 94 mins
Days of Heaven
The Exorcism of Emily Rose
6.5

ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့ သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ် မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက 1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲ အိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက် scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့် မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမက ညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီး အဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေ နာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့ လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုက ကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား? သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့ တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 59m Genre .....Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie

Horror
6.5 2005 122 mins
The Exorcism of Emily Rose
Incantation
6.5

Incantation (2022) Netflix က ဖြန့်ချီပြီး 2022ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်၊ ထိုင်ဝမ်သမိုင်း တစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး horror ကားတစ်ကားလည်းဖြစ်နေပြီး၊ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို horror ကားတစ်ကားပါ။ လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။ စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း … ဇာတ်လမ်း‌ကောင်းကောင်းနဲ့ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့အတူ ဇာတ်လမ်းကို ဆွဲခေါ်သွားတာဖြစ်လို့ သာမာန်သရဲကားတွေထက်တော့ သေချာပေါက်ပိုမဲ့ Horror ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 2.9GB, 1GB & 444MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 50mins Genre : Horror Translated by Moe Lay Encoded by Kinnov

Drama
6.5 2022
Incantation
Dating Santa

ဆန်တာဖိုးဖိုးကြီးနဲ့ ဒိတ်ခြင်း ၂၀၂၃ ခရစ္စမတ်ကာလလေးမှာ ၁၅၀၀ အချစ်ရော၊ ၅၂၈ မေတ္တာရောကိုပါ ခံစားရစေမယ့် ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ လူစီယာက လီယိုနိုရာလို့ ခေါ်တဲ့ သမီးလေးကို ထိန်းကျောင်းနေရတဲ့ Single mother ပါ။ လီယွန်ကို ၈နှစ်လုံးလုံး ပျိုးထောင်နေရင်းနဲ့ လူစီယာ ညီမကောင်းမှုနဲ့ ဆာဂျီယိုလို့ ခေါ်တဲ့ စာဖိုမှူးနဲ့ ဘလိုင်းဒိတ်ခွင့်ရပါတော့တယ်။ အဲဒီလိုနဲ့ စကားတွေပြောကြ ဒိတ်ကြရင်း အဆင်ပြေသွားပါတော့တယ်။ ဒါပေမယ့် လီယွန်က သူ့အမေ ကောင်လေးရနေတာကို မြင်လိုက်ရတော့ ကလေးပီပီလန့်သွားပြီး ထငိုပါရော။ အဲဒီလိုနဲ့ လူစီက သူနဲ့တွဲနေတဲ့လူက ဆန်တာဖိုးဖိုးကြီးပါလို့ သူ့သမီးကို လိမ်ပြောလိုက်ပါလေရော။ လူစီနဲ့ ဆာဂျီယိုတို့လည်း သမီးလေးကို အလိမ်မပေါ်အောင် ဘယ်လိုဖုံးကွယ်ကြမလဲ၊ ဆန်တာအဖြစ်နဲ့ ဘယ်လို ဟန်ဆောင်သွားကြမလဲ၊ လီယွန်က ဆာဂျီယိုက ဆန်တာ မဟုတ်ဘူး ဆိုတာကို ရှာတွေ့သွားလေမလား။ မတူညီတဲ့ အချစ်နဲ့ ချစ်ရတဲ့လူ ၂ယောက်အကြေား ဗျာများနေတဲ့ လူစီယာ၊ အမေကို ချစ်ခင်တွယ်တာရှာတဲ့ သမီးငယ်လေး လီယွန်၊ မ,ချစ်တော့ ဥကိုတွယ်တဲ့ဆိုတဲ့အတိုင်းပဲ လူစီယာကို ချစ်မိလို့ ဆန်တာအဖြစ် သရုပ်ဆောင်ပေးရတဲ့ ဆာဂျီယို။ ချစ်ခြင်းတရားတွေကြားမှာ သူတို့၃ယောက် ဘယ်လိုလုပ်ကြမလဲဆိုတာကို နွေးထွေးစွာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.8 GB)/(973 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

0 2023
Dating Santa
The Sweet East
6.8

IMDb 6.8 ရထားတဲ့ နည်းနည်းတော့ခပ်ကြောင်ကြောင်နိုင်မယ့် ဒရာမာရုပ်ရှင်တစ်ကားပါ။ ရုပ်ရှင်တစ်ခုလုံးကို အိပ်မက်တစ်ခုဆန်ဆန် Alice in Wonderland လို အငွေ့အသက်နဲ့ ပေါင်းစပ်ပြီး ရိုက်ကူးထားပါတယ်။ လီလီယန်က တက္ကသိုလ်ကစီနီယာကျောင်းသူတစ်ယောက်ပါ။ သူမဟာ အမေရိကန်အရှေ့ဖက်ကမ်းခြေပိုင်းက မြို့တွေနဲ့ သစ်တောတွေကို သွားရောက်လည်ပတ်မယ့် တက္ကသိုလ်ကျောင်း ပျော်ပွဲစားခရီးစဉ်နဲ့အတူလိုက်ခဲ့ပါတယ်။ ဒါပေမဲ့ အပေါ်မှာ Alice in wonderland ကိုထည့်ပြောခဲ့တဲ့အတိုင်းပဲ လီလီယန်ဟာလည်း လေ့လာရေးအဖွဲ့ဆီကနေ တစ်ယောက်တည်းထွက်သွားခဲ့ပြီး သူမတစ်ဦးတည်း ခြေဦးတည့်ရာကို လျှောက်သွားပါတော့တယ်။ ခြေဦးတည့်ရာသွားတယ်ဆိုတဲ့အတိုင်း သူမက တွေ့ကရာလူနဲ့ ကားကြုံလိုက်စီး၊ တွေ့ကရာနေရာကိုသွား၊ တွေ့ကရာလူအိမ်မှာ၀င်တည်း အဲဒီလိုကိုသွားတာပါ။ ဒီရုပ်ရှင်မှာက ပေးချင်တဲ့မက်ဆေ့ခ်ျတော့ များများစားစားပါမယ်မထင်ပါဘူး။ အဓိကက စီနီယာတန်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ရဲ့ ရောက်တတ်ရာရာ လျှောက်သွား လျှောက်လုပ်တဲ့ စွန့်စားခန်းရှည်ကြီးကို ရိုက်ပြထားတာပါ။ Rating ကတော့ အဆိုးကြီးမဟုတ်တာကြောင့် သမားရိုးကျရုပ်ရှင်တွေထက် ကွဲထွက်နေမယ့်ကားမျိုးကိုမှ ကြည့်ချင်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်လိုက်ပါဦး။ File size…(2.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

6.8 2023
The Sweet East
I Wish
7.3

I Wish ( 2011 ) ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။ သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။ မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။ အကုန်လုံး‌တော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့‌ တော်တော်နှိုင်းကြတယ်။ တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။ သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးနေတဲ့အရာတွေအဖြစ် ကူးပြောင်းသွားခြင်းပါပဲ။ မထင်မှတ်ဘဲ ရုပ်ရှင်တွေက ရုပ်ရှင်ထက်ပိုသွားခြင်းတွေပေါ့။ I Wishကို အခြေတည်ထားတာက မီးတောင်ရှင်ရှိနေတဲ့ မြို့လေးတစ်မြို့မှာပေါ့။ အဲဒီမြို့ကလေးအိမ်တွေကို မီးတောင်ပြာတွေက အမြဲကျတတ်တယ်။ အိမ်တွေလည်း ပြာမှုန်တွေ ထူလို့ပေါ့။ အဲဒီမြို့လေးက အိမ်လေးတစ်အိမ်မှာ အိမ်ထောင်ကွဲပြီး မိဘအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူ့သားလေးရှိတယ်။ သူ့အဘိုးအဘွားတွေလည်း ရှိတယ်။ သူ့အဘိုးအဘွားတွေကတော့ ကျည်ဆန်ရထားတွေနဲ့ အပြေးမြန်တဲ့ ခေတ်ကို ဝင်ဆံ့မီအောင် ကြိုးစားနေရသလို သူတို့သမီးကလည်း အလျဉ်မီဖို့ခက်တဲ့ခေတ်တစ်ခေတ်ကို အလျဉ်မီအောင် ကြိုးစားနေရတယ်။ သူ့သားလေးကတော့ ဒီမီးတောင်ကြီးပေါက်ကွဲသွားပြီး လူတွေနေလို့မရတော့ရင် မြို့ကြီးကို ပြန်ပြောင်းပြီး သူ့အဖေနဲ့ကျန်ခဲ့တဲ့ သူ့ညီလေးနဲ့ သူ့အမေနဲ့သူ မိသားစုလေးယောက် ပြန်ဆုံနိုင်မှာပဲလို့ ကလေးဆန်ဆန် စိတ်ကူးယဉ်နေတယ်။ ဒီလိုနဲ့ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံတမ်းစကားလေးကို လက်တွေ့လုပ်ကြည့်ဖို့ သူနဲ့သူ့ သူငယ်ချင်းတစ်အုပ်အတူတူကြံကြတယ်။ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာကို သွားပြီး ဆုတောင်းဖို့လုပ်ကြတယ်။ ဒီရုပ်ရှင်လေးက အဲဒီအကြောင်းပေါ့။ ကလေးသရုပ်ဆောင်တွေအဓိက သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးပြီးတဲ့အထိ Koreedaဟာ ဇာတ်ညွှန်းကိုမစခဲ့သေးဘဲ ကလေးသရုပ်ဆောင်တွေရွေးပြီးမှပဲ ကလေးတွေဆီက အိုင်ဒီယာတွေပါယူပြီး ဇာတ်ညွှန်းကို စခဲ့တယ်။ ဒီကလေးသရုပ်ဆောင်တွေထဲ Kanna Hashimotoကတော့ နာမည်ကျော်လာခဲ့တယ်။ တခြားသရုပ်ဆောင်တွေကတော့ ဂျပန်ရဲ့ နာမည်ကျော် ခေတ်ဟောင်းမင်းသားကြီး မင်းသမီးကြီးတွေဖြစ်တဲ့ Kirin Kikiနဲ့ Isao Hashizumeတို့အပြင် ဂျပန်စီနီမာရဲ့ ထိပ်တန်းသရုပ်ဆောင်၅ယောက်လောက်စာရင်းလုပ်ရင်တောင် ထိပ်ဆုံး၃နေရာလောက်မှာရှိနေမယ့် Hiroshi Abeနဲ့ သရုပ်ဆောင်နဲ့ရော အလှနဲ့ရော အသေသတ်နိုင်တဲ့ မမMasami Nagasawaတို့တွေပါပဲ။ သူတို့နှစ်ယောက်ကတော့ ဧည့်သည်သရုပ်ဆောင်ဆန်ဆန်ပါထားတာပါ။ ဒီလူတွေဟာ Koreedaနဲ့ တွဲရိုက်နေကျလူတွေပါပဲ။ ကလေးသရုပ်ဆောင်တွေချည်း သုံးထားပေမဲ့ လူကြီးတွေကလည်း အကြမ်းဆုံးတွေချည်းသုံးထားတာပါ။ ဒီရုပ်ရှင်ထဲ ထူးထူးခြားခြားလှနေတာလေးက ဒီနေ့တော့ သာယာတဲ့နေ့ဖြစ်မှာပဲလို့ ဒီရုပ်ရှင်ထဲက လူတွေကမပြောကြဘူး။ ဒီနေ့တော့ မီးတောင်ပြာတွေ သိပ်မကျလောက်ဘူးလို့ပဲ ပြောကြတယ်။ ဒီရုပ်ရှင်ဟာ မီးတောင်ပြာတွေ ထူထူထဲထဲကျတဲ့နေ့တွေအကြောင်း မီးတောင်ပြာတွေ ပါးပါးလျလျကျတဲ့နေ့တွေအကြောင်းပါပဲ။ မီးတောင်ပြာတွေမကျမယ့်နေ့တို့တွေတော့ မရှိဘူးပေါ့။ ပါးပါးလျလျလောက်ကျရင်ကိုပဲ အဲဒီဘဝတွေ လှနေခဲ့ခြင်း အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.3 2011
I Wish
Mr. Vampire 2
5.9

တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ပထမကားကိုတင်ဆက်ပေးပီးပါပြီ ဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ် ၁ နဲ့ ၂ ကအဆက်အစပ်မရှိပါဘူး။ Mr. Vampire II ရဲ့ဇာတ်လမ်းအကျဉ်းကတော့ လောဘသားပါမောက္ခနဲ့တပည့်နှစ်ယောက်က ရှေးဟောင်းအမွေအနှစ်ကိုရောင်းစားဖို့တူးဖော်ကြရင်း ရှေးဟောင်းအလောင်း(၃)ခုကိုရခဲ့ပါတယ်။ စျေးကြီးကြီးနဲ့ပြန်ရောင်းဖို့ သယ်လာခဲ့ကြပြီးမှ သွေးစုပ်ဖုတ်ကောင်တွေ မှန်းသိလိုက်ရတယ်။ ကမောက်ကမတွေဖြစ်ပြီး အသေးလေးတစ်ကောင်လွတ်သွားခဲ့ပါတယ်။ ဖုတ်ကောင်မိဘလင်မယားက မြို့အနှံ့ကလေးလေးကိုလိုက်ရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။

5.9 1986
Mr. Vampire 2
The City of Violence
7

The City of Violence(2006) IMDb Rating (6.6) / Rotten Tomatoes (100%) My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ ဇာတ်လမ်းကတော့…. ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ… ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ……..။ ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။

Drama • Horror • Thriller
7 2006 92 mins
The City of Violence
To Have and Have Not

IMDbs 7.8/10 ; Rotten Tomatoes (94%) အဖြူအမဲခေတ်မှာ အတော်လေးပေါက်ခဲ့တဲ့မင်းသားကြီးဘိုဂတ်ရဲ့ ရိုမန့်စ် အက်ရှင်ကားကောင်းလေးပါ 1940နောက်ပိုင်း ပြင်သစ်ကျရှုံးပြီး ဗစ်ချီအစိုးရလက်အောက်ရောက်သွားချိန် နိုင်ငံရေးအရှုပ်အထွေးကာလကို ဇာတ်အိမ်တည်ထားတာပါ ပြင်သစ်ရောက် အမေရိကန်လူမျိုး ငါးဖမ်း​လှေပိုင်ရှင် ကပ္ပတိန်မော်ဂန်ဟာ တစ်နေ့မှာတော့ လူတစ်စုကနေသူ့လှေကိုငှားရမ်းပြီး အလုပ်တစ်ခုလက်ခံပေးဖို့ တောင်းဆိုဖို့ရောက်လာကြတယ် နိုင်ငံရေးအရှုပ်အထွေးထဲဝင်မပါချင်တဲ့မော်ဂန်ဟာ အစပိုင်းဟာငြင်းဆိုခဲ့ပေမဲ့ သူနဲ့ပတ်သက်တဲ့မိန်းကလေးကို အိမ်ပြန်ပို့ရဖို့ဖြစ်လာတဲ့အခါ ဒီအလုပ်ကိုလက်ခံဖို့ဖြစ်လာပါတော့တယ် အဲ့ဒီနောက်မှာတော့ မော်ဂန်ဟာအန္တရာယ်များတဲ့အလုပ်ကိုလုပ်မိတာကနေ ဘယ်လိုအရှုပ်အထွေးတွေထဲဝင်ပါမိမလဲဆိုတာ…. အဖြူအမဲခေတ်ကအရသာလေးနဲ့ ခံစားကြည့်လိုက်ကြပါအုံး Ratingတွေလဲကောင်းပြီး သရုပ်ဆောင်တွေကလဲအမိုက်စားနဲ့ မပျင်းရမဲ့ ဇာတ်ကားကောင်းလေးပါနော် File size…(2 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Film Noir, Adventure, Comedy, Romance, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si

0 1944 100 mins
To Have and Have Not
The Riot Act

The Riot Act(2018) ********************* အခုမိတ်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ ၂၀၁၈ မှာထွက်ခဲ့တဲ့… အမေရိကန် thriller ဇာတ်ကားလေးဖြစ်တဲ့ The Riot Act ပါ။ ဒီထဲမှာတော့ ဒေါက်တာပက်ရိုးဆိုတဲ့ ဆရာဝန်ဟာ အော်ပရာဇာတ်ရုံတစ်ရုံကိုပိုင်တဲ့… မြို့မျက်နှာဖုံး သူဌေးတစ်ယောက်ပါ။ တစ်နေ့တော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးဟာ.. ဇာတ်ရုံမှာ ကနေကျ သရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ ဖခင်ဖြစ်သူဟာ သဘောမတူလို့ ခိုးပြေးမယ့်ညမှာပဲ မိသွားရာက လူသတ်မှု ဖြစ်သွားခဲ့ပါတယ်။ သမီးဖြစ်သူဟာ သူ့ချစ်သူကို ဆုံးရှုံးရတဲ့ အဲဒီညကတည်းက ထွက်ပြေးသွားခဲ့ပြီး ပြန်ပေါ်မလာခဲ့ပါဘူး။ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ပဲ မြို့က လူတွေက သိထားကြပါတယ်။ အဲဒီဖြစ်ရပ်ဖြစ်ပြီး ၂ နှစ်ကြာတဲ့အချိန်မှာ ဒေါက်တာပက်ရိုးဟာ သူ့အော်ပရာဇာတ်ရုံကို ပြန်ဖွင့်ပါတယ်။ အဲဒီမှာ ကဖို့ ငှားလိုက်တဲ့ ဇာတ်အဖွဲ့မှာ ထူးခြားတာတွေ ရှိနေပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်သိမ်းထိလည်း ဆွဲခေါ်သွားနိုင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်…. File Size : 1.18GB , 500MB Quality : 1080 , 720 Duration…01:41:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Heather OO

0 2018 101 mins
The Riot Act
The Unlock
5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့Thriller အမျိုးအစား ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် လစ်သူရေးနီးယားနိုင်ငံအတွင်း ရုရှားသံ အမတ်တစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ကမ္ဘာ့အင်အားကြီးတပ်များ ဖြစ်ကြတဲ့ နေတိုးနဲ့ရုရှားတပ်တို့ ထိပ်တိုက်တွေ့ကာ အဏုမြူစစ်ပွဲ အထိဖြစ်ပေါ်လာမည့် တတိယကမ္ဘာစစ်ဘေးကို တားဆီးဖို့ ဂိုဒေါင် တစ်လုံးထဲကနေကြိုးစားကြမယ့် စစ်ကြောရေးအဖွဲ့ရဲ့ အားထုတ်မှုတွေ ပွတ်တိုက်မှုတွေ အချင်းများမှုတွေကို ကြည့်ရှုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်. Stephen ဟာ ရုရှားသံအမတ်ကြီးတစ်ဦးရဲ့ ယာဉ်မောင်းတစ်ယောက် ဖြစ်ပါတယ် လစ်သူရေးနီးယားနိုင်ငံအတွင်း သံအမတ်ကြီး ပြန်ပေး ဆွဲခံရစဉ်မှာ Stephen တစ်ယောက်ကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ လမ်းတစ်နေရာမှာ ပစ်ထားခံခဲ့ရပါတယ် ပြန်ပေးသမားများဟာ ရုရှားသံအမတ်ကြီးကို ၁ နာရီခွဲအတွင်း သုတ်သင်မည်ဟုဆိုကာ အင်တာနက်ပေါ်တွင် တိုက်ရိုက်တင်ဆက် ပြသလာတဲ့နောက်မှာတော့ ရုရှားတပ်ဖွဲ့များဟာ လစ်သူရေးနီးယား နယ်စပ် ဘော်တစ်ပင်လယ်တလျှောက်တိုက်ခိုက်ရေးရေယာဉ်များ ကိုယ်ထင်ပြလာကာ လစ်သူရေးနီးယားကို ထိုးစစ်ဆင်ဖို့ အရိပ် အယောင်ပြပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်လာပါတော့တယ် လစ်သူရေးနီးယားနိုင်ငံဟာ ယူကရိန်းလိုမဟုတ်ဘဲ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်တာကြောင့် ရုရှားတပ်များသာ လစ်သူရေးနီးယားကို ကျူးကျော်ခဲ့ရင် နေတိုးတပ်ဖွဲ့များလည်း ပါဝင်ပတ်သက်လာရမှာ ဖြစ်လို့ အခြေအနေအရပ်ရပ်ဟာ တတိယကမ္ဘာစစ်ဆီကို ဦးတည် လျက်ရှိနေပါတယ် တတိယကမ္ဘာစစ်ကို တားဆီးဖို့အတွက် တစ်ခုတည်းသောလမ်းကြောင်းဟာ ရုရှားသံအမတ်ကြီးကို ကယ်တင်ပေးဖို့တစ်ခုသာရှိတော့သောကြောင့် ဥရောပအဖွဲ့ဝင် နိုင်ငံများဟာ ပူးပေါင်းကယ်တင်ပေးဖို့ဖြစ်လာရပါတော့တယ် ထို့ကြောင့် ပြန်ပေးသမားများရဲ့ တည်နေရာကို သိရှိထားသော တစ်ဦးတည်းသောသဲလွန်စ မှတ်ဉာဏ်ပျောက်ဆုံးနေသူ Stephen ကိုစစ်မေးဖို့ အကြောင်းဖန်လာချိန်မှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် အရှေ့အုပ်စုနဲ့ အနောက်အုပ်စုတို့ရဲ့ နိုင်ငံရေး စစ်ရေးအားပြိုင်မှုသမိုင်းကို တစ်စွန်းတစ်စထင်ဟပ် ပြသထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အဏုမြူစစ်ပွဲတွေရဲ့ ကြောက်မက်ဖွယ်ရာအနာဂတ်ကိုလည်း မီးမောင်းထိုးပြပေးကာ ငြိမ်းချမ်းရေးကို အလေးထားဖို့သတိပေးတဲ့ ဇာတ်ကားလေး ဖြစ်တယ်လို့ ဆိုရင်လည်းမှားနိုင်ဖွယ်မရှိပါဘူး.. ဇာတ်ကောင် Stephen ကို စစ်ကြောမေးမြန်းမှုအပေါ်မှာ အခြေတည်ရိုက်ကူးထားပြီး ကမ္ဘာ့အရေးကိုတင်ပြထားတဲ့ ဒီဇာတ်ကားလေးကို ရုပ်ရှင်ချစ်သူများ လက်မလွတ်ရစေဖို့ ညွှန်းဆိုပေးလိုက်ရပြန်ပါတယ်ခင်ဗျာ….. File size… (1.27 GB) / (684 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • Crime
5 2025 91 mins
The Unlock
Music Teacher
5.3

Music Teacher (2019) “ဂီတဆရာ” IMDb 6.3 ၂ ၀၁၉ က ရိုမန့်တစ်/ဒရာမာ ဟင်ဒီဇာတ်လမ်းဟောင်းလေးတစ်ပုဒ်အား ပြန်လည်တင်ဆက်လိုက်ပါတယ် ဘီနီဆိုတဲ့ သက်လတ်ပိုင်းဂီတသမားတစ်ယောက်ဟာ အတိတ်ကချစ်သူကြောင့် အခုထိအိမ်ထောင်မပြုသေးဘဲရှိပါတယ် သူဟာ တချိန်က ထက်ထက်မြက်မြက်ရှိလှတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ဂီတဆရာဖြစ်ခဲ့ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့ဝေးခဲ့ရပါတယ် ထိုမိန်းကလေးတစ်ယောက် နာမည်ကျော်အဆိုတော်ဖြစ်လာတဲ့အခါ သူ့ရဲ့ဆရာဟောင်းနဲ့ ပြန်လည်တွေ့ဆုံဖို့ အကြောင်းဖန်လာရာမှာတော့ေ ကြေကွဲဇာတ်လမ်းလေးပဲ ဖြစ်မလား ပျော်ရွှင်တဲ့အဆုံးသတ်လေးပဲဖြစ်မလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.3 2019 101 mins
Music Teacher
Drishyam 2 Hindi Version
8.2

Drishyam 2 (2022) IMDb Rating (8.2) / Rotten Tomatoes (70%) ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Drishyam (2015) ရဲ့အဆက် Drishyam-2 လာပါပြီ။ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး။ Drishyam ဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 ) က ၂၀၁၃ မှာ စတင်ထွက်ရှိခဲ့ပြီး တောင်ပိုင်းရဲ့နာမည်ကျော် မင်းသားကြီး မိုဟာလာနဲ့ရိုက်ကူးခဲ့ပေမယ့် လူသိပ်မသိခဲ့ဘဲ ဘောလိဝုဒ်က အဂျေးနဲ့ရိုက်မှပဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်း Malayalam Version က ၂၀၂၁ ခုနှစ်မှာ Drishyam 2 ကိုဆက်ရိုက်ခဲ့ပြီး ဘောလိဝုဒ်ကလဲ Drishyam 2 (2022) ဆိုပြီး ထပ် Remake ခဲ့ပါတယ်။ ဆိုတော့ Hindi Version နဲ့ ၂ ကားရှိပြီး Malayalam Version နဲ့ ၂ ကားရှိပါတယ်။ ဘယ်မင်းသားကိုကြိုက်လဲပေါ်မူတည်ပြီး ကြည့်လို့ရပါတယ်။ Version ၂ ခုစလုံးက ဇာတ်လမ်းသွားလာအကုန်တူတာမလို့ ၄ ကားလုံးကြည့်ဖို့ မလိုအပ်ပါဘူး။

Thriller • Drama
8.2 2022 140 mins
Drishyam 2 Hindi Version