YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love the Way You Are E23 CM.mp4

209.24 MB 720p video/mp4 262 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Unheard
5.1

Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။ ‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.90GB, 930MB Quality - 1080p, 720p Format - mp4 Duration - 2H 5Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama • Family • Romance
5.1 2023 124 mins
The Unheard
A Charlie Brown Valentine
7.1

A Charlie Brown Valentine (2002) ========================= IMDb Rating – 7.1/10 “ကျွန်တော့်ကိုရှိလို့ရှိမှန်းတောင်မသိတဲ့ ကောင်မလေးအတွက် ချောကလက်ဝယ်ချင်လို့ပါ “….. Valentines’ Day ကပြီးသွားပြီ ဆိုပေမယ့် Crush ကို Confess မလုပ်လိုက်ရတဲ့လူတွေအတွက် Relatable အဖြစ်ဆုံး ကာတွန်းဇာတ်လမ်းတိုလေးကို CM ကနေ တင်ဆက်ပေးလိုက်ရပါတယ်။ Charlie Brown ဆိုတဲ့ ကောင်လေးကတော့ ရိုမန်တစ်ဆန်တာတွေ အပြောကောင်းတာတွေ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်ဆိုတာတွေရဲ့ ဆန့်ကျင်ဘက်တွေနဲ့ချည်းပဲ ပြည့်နှက်နေပြီး ရှက်တတ်လွန်းအားကြီးလို့ လူတောသိပ်မတိုးပါဘူး။ ဆံပင်နီနီနဲ့ကောင်မလေးတစ်ယောက်ကို ကြိတ်ကြိုက်နေပေမယ့် ဖွင့်ပြောရဲတဲ့သတ္တိမရှိတာကြောင့် အမြဲဝေ့လည် ကြောင်ပတ်နဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ Valentines’ Day ဆိုတဲ့ အကြောင်းပြချက်အကြီးကြီးကို အသုံးချပြီး တောင် ဒိတ်ဖို့မပြောရဲသေးတဲ့ Charlie တစ်ယောက် Crush ဘက်က ကိုယ့်ကိုအော်တိုပြန်ကြိုက်လာမလားပဲ စိတ်ကူးယဉ်ရင်း အချိန်တွေသာ ကုန်လာတာပေါ့။ နောက်ဆုံး….. လူကိုယ်တိုင်မပြောရဲတောင် ဖုန်းကနေ တစ်ဆင့်ပြောဖို့ သတ္တိတွေမတရားမွေးပြီး ဖုန်းဆက်လိုက်တဲ့အခါမှာတော့ သူစိုးရိမ်နေသလို တစ်ဖက်ကဖုန်းပြန်ချသွားမှာလား၊ ဖုန်းရော လာကိုင်ပါ့ မလား၊ ကျောင်းကလူတွေအများကြီးထဲကမှ Valentine ကပွဲကို ဘယ်သူ နဲ့သွားလိုက်ရမလဲ ဆိုတာကို ဆယ်ကျော်သက်လေးတွေကြားထဲက ရတာ မလို လိုတာမရတဲ့ Valentines’ Day အလွဲဟာသလေးတွေကို ပေါ့ပေါ့ပါး ပါးကြည့်ရှုရမှာပါ…..။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size………. (344 MB) Quality…………WEB-RIP 1080p Duration………30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Family Translator…….Hnin Wut Yi Encoder……….SWM

7.1 2002
A Charlie Brown Valentine
Zookeeper
5.2

ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါ Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Comedy, Romance, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

5.2 2011
Zookeeper
Children…
7.1

Childern (2011) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်လမ်းလေးဖြစ်ပါတယ် ဆိုးလ် MBC ရုပ်သံဌာန ကထုတ်လုပ်သူဂန်ဟာ သူတာဝန်ယူရိုက်ကူးခဲ့တဲ့အစီအစဥ်တစ်ခုက ဥပဒေနဲ့မညီတာကြောင့် ဌာနကအကြီးအကဲတွေကသူ့ကို နယ်မြို့လေးတစ်မြို့ကရုပ်သံလွင့်ဌာနခွဲဆီပို့လိုက်ကြပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီမြို့ကရွာလေးတစ်ရွာမှာကလေး ၅ ယောက်ကထူးဆန်းစွာတစ်ပြိုင်ထဲပျောက်ဆုံးမှုဖြစ်ခဲ့ပြီး သူကလည်း သူ့နာမည်ပြန်ရဖို့အတွက် အဆိုပါအမှုကို တာဝန်ယူထားရတဲ့ စုံထောက်နဲ့ပူးပေါင်းပြီး ကလေးပျောက်မှုကိုစစ်ဆေးပါတော့တယ် သူတို့ရော ပျောက်သွားတဲ့ကလေးတွေကိုပြန်ရှာပြီးလူသတ်သမားကိုဖော်ထုတ်နိုင်ပါ့မလား က‌လေးတွေကရောအသက်ရှင်လျက်ပြန်လာနိုင်ပါ့မလား လူသတ်သမားကရောဘယ်သူဖြစ်မလဲဆိုတာရင်တထိတ်ထိတ်နဲ့စောင့်ကြည့်လိုက်ကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Mystery, Thriller Quality…. 1080p | 720p File size…3GB | 1.1GB Format… mp4 Duration…. 2h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

7.1 2011
Children…
Beverly Hills Cop: Axel F
6.7

Beverly Hills Cop: Axel F” (2024) ဟာ ဒါရိုက်တာ Mark Molloy ရိုက်ကူးထားတဲ့ အမေရိကန် အက်ရှင် ဟာသဇာတ်ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကြီး Eddie Murphy ရဲ့ နာမည်ကျော် ဇာတ်ကောင်ဖြစ်တဲ့ Axel Foley ကို တကျော့ပြန်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒက်ထရွိုက်လမ်းမတွေပေါ်မှာထက်မြက်ပြီး ဦးဆောင်နိုင်စွမ်းရှိတဲ့ ရဲအရာရှိကြီး Axel Foley ဟာ ရှေ့နေဖြစ်သူ သူ့သမီးရဲ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အခါမှာ Beverly Hills ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ရဲတယောက်အသတ်ခံရတဲ့အမှုမှာ တရားခံဘက်နေ ရှေ့နေလိုက်နေတဲ့ သူ့သမီးကိုကာကွယ်ဖို့ ပြန်လာခဲ့တယ်ဆိုပေမဲ့ Axel ဟာ သူ့ရဲ့မိ‌တ်ဆွေဟောင်းကြီးတွေဖြစ်တဲ့ ရဲမှူးကြီး John Taggart၊ စုံထောက် Billy Rosewood တို့နှင့်အတူ လက်တွဲပြီး အစိုးရအတွင်းစည်းထဲကပူးပေါင်းကြံစည်မှုတခုကို ဖော်ထုတ်သွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Beverly Hills လမ်းမထက်က အက်ရှင်၊ ဟာသနဲ့ မိသားစုသံယောဇဉ်ကို ပေါင်းစပ်တင်ပြထားတာမို့ လုံးဝမပျင်းရမယ့် ဇာတ်ကားကောင်းဖြစ်ပါတယ်။ File size…2.25GB / 911MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

6.7 2024 118 mins
Beverly Hills Cop: Axel F
Mr. Perfect
6.7

Mr. Perfect (2014) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ Comedy/Sport Drama အမျိုးအစား ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ Yoon Shi Yoon၊ Yeo Jin Goo၊ Lee Kyung Young တို့အပြင် ပရိသတ်နဲ့ရင်းနှီးပြီးသား သရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ************* ပါရမီရှင် ဂေါက်ရိုက်သမားတစ်ယောက်ဖြစ်တဲ့ ဘဲ့ဆယ်ဂျင်း(Yoon Shi Yoon)ဟာ အချိန်တိုအတွင်းမှာ အဓိကပြိုင်ပွဲပေါင်းများစွာကို အနိုင်ရဗိုလ်စွဲခဲ့ပြီး လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် အောင်မြင်မှုကို ရေရှည်မထိန်းနိုင်ဘဲ အရှုပ်အပွေသတင်းပေါင်းများစွာနဲ့ လက်ရည်ပိုင်းမှာရော ကြေးစားအဆင့်သတ်မှတ်ချက်မှာပါ ကျဆင်းလာခဲ့ပါတယ်။ တစ်နေ့ အရက်မူးပြီးကားမောင်းရင်းနဲ့ မတော်တဆမှုဖြစ်ခဲ့ပြီး ကားပေါ်မှာပါလာတဲ့ သူ့ရဲ့သူငယ်ချင်းပါ အသက်ဆုံးရှုံးခဲ့ရတယ်။ အဲဒီအချိန်ကစလို့ ဘဲ့ဆယ်ဂျင်းဟာ စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ဖြစ်သွားခဲ့ရပါတယ် .. ဒီလိုနဲ့ နောက် ၁ နှစ်လောက်အကြာမှာတော့ .. ရွာငယ်လေးတစ်ရွာက ကျောင်းအုပ်ဖြစ်သူက ကျောင်းမှာဆရာ မရှိတဲ့အတွက် ကျောင်းကို ပိတ်လိုက်ရမဲ့အရေးနဲ့ရင်ဆိုင်နေရတာကြောင့် ကျောင်းသားတွေကို ဂေါက်ရိုက်သင်ပေးပြီး အငယ်တန်းဂေါက်ရိုက်ပြိုင်ပွဲမှာအသိအမှတ်ပြုခံရရင် ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ဘဲ့ဆယ်ဂျင်းကို ဖိတ်ခေါ်ခဲ့ပါတော့တယ် .. ကျောင်းသားမိဘတွေအနေနဲ့ စကားမပြောတတ်သူတစ်ယောက်ကို ဆရာအနေနဲ့လက်ခံနိုင်မှာလား… ကျောင်းမပိတ်ရအောင် ကယ်တင်နိုင်မှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ခံစားကြည့်ရှုလိုက်ပါဦးနော် .. အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ် File size…2.10GB / 825MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 41 min. Genre ….. Comedy, Drama, Sports Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa & Kay Kay Encoded by AHtet

6.7 2014
Mr. Perfect
City of Joy
6.5

City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • Science Fiction
6.5 1992
City of Joy
Adrenaline

Adrenaline (2015) RPM 7000 ကျော်လာတာနဲ့ အရာအားလုံးက မှုန်ဝါးလာပြီးတော့ စက်ကအလေးချိန်မဲ့သွားတယ် အရာအားလုံးကပျောက်ကွယ်သွားပြီးတော့ ကျန်ခဲ့တာကတော့ 7000 RPM အမြန်နှုန်းနဲ့သွားနေတဲ့ခံစားချက်တစ်ခုပဲကျန်ခဲ့တယ် ဟုတ်ပါတယ် ဒါကပြိုင်ကားမောင်းရတဲ့အရသာပါပဲ အရာအားလုံးလေလိုဖြစ်နေပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးပြုတ်ထွက်မတတ်ဖြစ်နေပြီးတော့ အလွတ်လပ်ဆုံးဆိုတဲ့ ခံစားချက်ကို ရရှိလာမယ့်အချိန်ပေါ့ အခုဇာတ်ကားလေးထဲက ပြိုင်ကားမောင်းသမားကတော့ အက်ဆီဒန့်တစ်ခုကြောင့် မသန်မစွမ်းဖြစ်သွားတဲ့အချိန်မှာ သူ့ဘဝရဲ့အမြတ်နိုးဆုံးအရာ ပြိုင်ကားမောင်းခြင်းကို စွန့်လွှတ်လိုက်ရပါတယ်… ရေကူးကျွမ်းသူရေမှာသေတယ် ငှက်ဆိုတာပျံရင်းသေတယ် လူဆိုတာကြံရင်းသေတယ် ပြိုင်ကားမောင်းသမားကလည်း ပြိုင်ကားမောင်းရင်းသေချင်မှာပါပဲ…. အဲ့တော့ ကားပြိုင်တာစစ်စစ်ကိုမှ ကြည့်ချင်တဲ့ အင်ဂျင်သံဂီယာထိုးသံတွေကိုမှ ခံစားနှစ်သက်တတ်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အခုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်…. အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပါ Genre….. Drama, Sports Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 729MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

0 2015
Adrenaline
The Hidden Face
7.4

ဘားတစ်ခုမှာ အလုပ်လုပ်တဲ့ ဖာဘီယာဆိုတဲ့ မိန်းမလှလေးဟာ သူ့တို့ဆီမှာအရက်လာသောက်ရင်း အမူးလွန်ငိုကြွေးနေတဲ့ သူစိမ်းယောက်ျားတစ်ယောက်နဲ့ မမျှော်လင့်ပဲပတ်သက်မိခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ သံယောဇဉ်ကြီးမိရာကနေ သိလိုက်ရတာက အဲ့ဒီလူဟာ အေဒရီယန်ဆိုတဲ့ ဂီတမှူးတစ်ယောက်။ သူ့ အတူနေရည်းစားက သူ့နဲ့ ရှေ့မဆက်နိုင်တော့ပါဘူးလို့ ပြောပြီး အိမ်ကနေ ထွက်သွားရာကနေပျောက်နေတယ်။ ရဲတွေကပါ လိုက်ပြီး အမှုဖွင့်စုံစမ်းကြရာကနေ ရက်ကြာလာတော့ အေဒရီယန်ကိုပါ သံသယတရားခံ အဖြစ် သတ်မှတ်ထားကြတဲ့ အခြေအနေ။ ဖာဘီယာဟာ အေဒရီယန်တို့ အိမ်မှာလိုက်နေဖြစ်တယ်။ သူ တစ်ယောက်တည်းရှိချိန်ဆိုရင် အိမ်ထဲက ထူးခြားတဲ့အသံတွေကြားရတယ်။ လျှပ်စစ်မီးတွေ ပျက်လိုက်လာလိုက်ဖြစ်တာ သူ့ကိုတစ်ယောက်ယောက်စောင့်ကြည့်နေသလိုခံစားချက်မျိုးတွေရလာတဲ့အခါ..။ အေဒရီယန်ရဲ့ရည်းစားဟာ တကယ်ပဲ သူ့ဟာသူ အိမ်က ထွက်သွားတာလား? ဒီပျောက်ဆုံးမှုမှာ အေဒရီယန်ကိုယ်တိုင်ရော ရိုးသားရဲ့လား? သူတစ်ယောက်တည်းရှိချိန်တွေမှာ ကြားနေရတဲ့အသံတွေ ထူးခြားဖြစ်စဉ်တွေရဲ့ တရားခံက ဘယ်သူလဲ? အစကနေ အဆုံးထိ သိချင်စိတ်နဲ့ ရင်တစ်ထိတ်ထိတ်ကြည့်ရမှာပါ။ ဥရောပကားတွေထုံးစံလိင်ခန်းတစ်ချို့ပွင့်လင်းတာတွေ ပါတဲ့အတွက် မိသားစုနဲ့ကြည့်ဖို့ အဆင်မပြေလောက်ပါဘူး။ File Size : 1.5 GB, 596 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 37min Format : Mp4 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : W Encode by : Thit San Khant

Comedy • Drama
7.4 2011 92 mins
The Hidden Face
Lowlifes
6.2

ဒီတစ်ပတ်တော့ cm ပရိသတ်ကြီးကို လူသားစား Horror ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ IMDB မှာ Rating 6.2 အထိရထားပြီး သိပ်မဆိုးတဲ့ Horror ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်ကြောင်းကတော့…. ကိသ်နဲ့ ကတ်သလင်းတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့ရဲ့ ဆယ်ကျော်သက် ကလေးနှစ်ယောက်နဲ့အတူ နှစ်စဉ်နှစ်တိုင်း ထွက်နေကျဖြစ်တဲ့ နယ်ဘက်ခရီးစဉ်ကို အာဗီနောက်တွဲကားနဲ့ ထွက်လာခဲ့ကြပါတယ်။ လမ်းတစ်နေရာမှာ နယ်ခံနှစ်ယောက် ကားပျက်တာနဲ့ ကြုံဆုံပြီး လမ်းကြုံပို့ပေးဖို့ အစပြုတာကနေ လူသူဝေးတဲ့ အိမ်တစ်လုံးကို ရောက်သွားကြတဲ့ အခါမှာတော့….။ ဒီဇာတ်ကားကို ကြည့်ပြီးတဲ့အချိန်မှာ လူတွေကို အပြင်ပန်းသဏ္ဍန် ကြည့်ပြီးတော့ပဲ ဆုံးဖြတ်လို့ မရဘူးဆိုတာရယ်နဲ့… အချိန်မရွေး သားကောင်ကနေ မုဆိုး….မုဆိုးကနေ သားကောင် ဖြစ်သွားနိုင်တယ်ဆိုတာကို မက်ဆေ့ပေးချင်တဲ့ သဘောကို တွေ့ရမှာပါ။ တစ်ခုသတိပေးချင်တာက သွေးသံရဲရဲ အပိုင်းအစတွေ မြင်ရမှာ မို့လို့ နှလုံးမကောင်းတဲ့သူတွေ ရွံတတ်တဲ့သူတွေအနေနဲ့ သတိလေးကပ်ပြီး ကြည်သင့်ကြောင်းပါခင်ဗျ….။ File size… (857MB) / (582MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.2 2024 90 mins
Lowlifes
Street

2015 လောက်က ဝရုန်းသုန်းကားထွက်လာတဲ့ ဖိုက်တင်ကားတွေထဲကတစ်ကားပါပဲ ထူးခြားတာတစ်ခုကို ပြောရမယ်ဆိုရင် ဒီဇာတ်ကားက တခြားဖိုက်တင်ကားတွေလိုမဟုတ်ဘဲ ဘက်ဂျက်နဲနဲနဲ့ ရှိတာလေးကို ရှာကျန်သုံးပြီး ရိုက်ထားရတဲ့ကားလို့ပြောလို့ရတယ် ဇာတ်လမ်းဇာတ်ကွက်ကတော့ ဖိုက်တင်ကားတွေရဲ့ သမာရိုးကျဇာတ်အိမ်အတိုင်း ရိုးရိုးရှင်းရှင်းပါပဲ ဆေးဆွဲနေတဲ့ အမေနဲ့ ကျောင်းနေအရွယ်ညီမလေးကို စောင့်ရှောက်နေရတဲ့ စထရိဆိုတဲ့ ရိုးသားကြိုးစား ကူညီတတ်တဲ့ ကောင်လေးတစ်ကောင်ဟာ မထင်မှတ်ဘဲ ရုရှားဒုစရိုက်သမားတွေနဲ့ ဆက်နွယ်မိရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ File size… 1.6 GB / 882 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries

Comedy • Drama • Romance
0 2015 85 mins
Street
The Divine Move 2: The Wrathful
7

The Divine Move 2: The Wrathful (2019) ************************************** The Divine Move က 2014 မှာ ထွက်ခဲ့ဖူးပါတယ်… မင်းသားကြီး Woo-sung Jung ကအဓိက သရုပ်ဆောင်ထားပြီး ဂိုကစားနည်းကိုအခြေခံထားတဲ့ဒီဇာတ်ကားကို လူတော်တော်များများကြိုက်နှစ်သက်ကြပါတယ်… ၂၀၁၉ မှာ ထွက်တဲ့ The Divine Move 2 ဟာ 2014 တုန်းက ထွက်ထားတဲ့ The Divine Move နဲ့ ဆက်စပ်မှုတော့သိပ်မရှိလှပါဘူး… သို့ပေမဲ့ ဂိုကစားနည်းနဲ့ပဲ ဇာတ်အိမ်ကိုအခြေပြုထားပြီး 2014 တုန်းက ထွက်ခဲ့တဲ့ဟာထက် ဒီကားမှာက အက်ရှင်ခန်းတွေပိုများလာသလို Fight Scene တွေလည်းပိုမိုက်လာတာအမှန်ပါပဲ… အားနေ ချနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းသွားကလည်းအတော်ကောင်းပါတယ်… သတ်ဖြတ်ခန်းတွေ ဓားနဲ့ထိုးတာတွေ အရိုးတွေချိုးတာတွေ တော်တော်ကြီးကိုပီပြင်ပါတယ်… Spoiler ဖြစ်မှာ စိုးလို့ ဒီလောက်ပဲပြောပါရစေ…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Phyu Zaw ပဲဖြစ်ပါတယ်…. File Size : 1.62GB / 650MB Quality : WEB-DL 1080p / 720p Genres: Action, Thriller, Crime Duration : 1h 46m Subtitle : Myanmar Subtitle (Hard Sub) Translated by May Phyu Zaw Encoded by Heather Oo

Action • Crime • Drama • Thriller
7 1900 106 mins
The Divine Move 2: The Wrathful
Schindler’s List
9

Schindler’s List (1993) IMDb Rating (9.0) / Rotten Tomatoes (98%) ကမ္ဘာပေါ်က အကောင်းဆုံး Biographical ဇာတ်ကားတွေထဲမှာ No.1 ရရှိထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Schindler’s List ဇာတ်ကားဟာ German စီးပွားရေး သမားဖြစ်တဲ့ Oskar Schindler အကြောင်း ရိုက်ကူးထား တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်း နာဇီတွေရဲ့ လူမဆန်စွာ သတ်ဖြတ်မှုတွေ အကြား ရပ်တည် နေရတဲ့ Polish Jewish ဒုက္ခသည် ၁၀၀၀ ကျော်ကို အသက်ဘေး ကနေ လွတ်အောင် သူ့ရဲ့ စက်ရုံ အမျိုးမျိုးမှာ နေထိုင် လုပ်ကိုင် စေချင်အားဖြင့် စောင့်ရှောက်ခဲ့ပုံတွေကို ရှုစားရမှာ ဖြစ်ပါတယ်။ Biographical Movies တွေထဲမှာ အကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည် နေပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါ တယ်။ အော်စကာဆု ၇ ဆုအပြင် အခြားဆုပေါင်း ၇၀ နဲ့ ဆု ၂၅ ဆုအတွက် ဇကာတင် စာရင်း တင်သွင်း ခံခဲ့ရပါတယ်။မင်းသားကြီး Liam Neeson မှာ Oskar Schindler အဖြစ်ပါဝင်ထားပါတယ်။ ဒါရိုက်တာက Steven Spielberg ဖြစ်သလို တကယ့်အဖြစ်အပျက်အကြောင်းအရာတွေအတိုင်း အပြင်ကလူတွေပါထည့်သွင်းရိုက်ကူးပြထားတာမလို့ ရင်ထဲနစ်နေအောင်ခံစားရတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းကိုတော့ Eliza Pru ရဲ့ခံစားမှုအက်ဆေးနဲ့မိတ်ဆက်ခဲ့ချင်ပါတယ်။ Spoiler တချို့ပါတာမလို့မကြည့်ရသေးရင် အက်ဆေးကိုမဖတ်သေးဘဲ ဇာတ်လမ်းကိုအရင်ကြည့်ဖို့တိုက်တွန်းပါတယ်။ ++++++++++++ ဒီနေ့ Netflix ကနေ Schindler’s List ဆိုတဲ့ German Industialist သူဌေးကြီး Oskar Schindler ရဲ့ German Holocaust က နေ Jewish ၁၂၀၀ ခန့်ကို ကယ်တင်ခဲ့တဲ့ အကြောင်း ရုပ်ရှင်ကို ကြည့်ဖြစ်ပါတယ်။ ဆုတွေအများကြီးရတယ် ရေးထားတယ်ဆိုတာရယ်၊ ၁၉၉၃ မှာ ပြခဲ့တဲ့ ဇာတ်လမ်းဆိုပြီး Black and White ပုံစံ ပြထားလို့ ထူးခြားတာအပြင် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်မင်းသားတွေ ဖြစ်တဲ့ Liam Neeson နဲ့ Ralph Finennes တို့ ပါနေတာကြောင့် ကြည့်ဖြစ်ခဲ့တာပါ။ Ralph Finennes ကိုတော့ သူ့ရုပ်ရှင်မှန်သမျှ ကားဟောင်းတွေက အစ ကြည့်ဖူးပေမယ့် Liam Neeson ကတော့ အခုနောက်ပိုင်း ထွက်လာတဲ့ Taken လို ရုပ်ရှင်မျိုးပဲ ကြည့်ဖူးတာပါ။ အခု Schindler’s List ထဲမှာတော့ Liam Neeson ရဲ့ ငယ်ရွယ်စဥ်က ပုံကို မြင်ရလို့ တော်တော့်ကို ကြည့်ကောင်း ခန့်ညားတဲ့ မင်းသားမှန်း သိတော့တာပါ။ Schindler’s List ထဲမှာ တော့ Liam Neeson က German စစ်တပ်ထဲအထိကို ဝင်ရောက်ချယ်လှယ်နိုင်တဲ့ သူဌေးကြီး Oskar Schindler အနေနဲ့ သရုပ်ဆောင်ထားပြီး Ralph Finennes ကတော့ Jew တွေမှန်သမျှကို ရက်ရက်စက်စက် အပျင်းပြေကို သတ်နေတဲ့ German စစ်အရာရှိ Goeth အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ထုံးစံအတိုင်း German Holocaust နဲ့ အတိတ်တွေကို ရိုက်ပြတာမို့ စစ်ရဲ့အကျည်းတန်မှုတွေ၊ စစ်ကြောင့် အသက်ရော အရှက်ရော ဘာမှ မကျန်တဲ့ ဘဝ တွေ အမျိုးမျိုးကို ပီပီပြင်ပြင် နဲ့ အဖြူအမည်း ပြကွက်တွေထဲမှာ ရိုက်ပြသွားပါတယ်။ Goeth ကလည်း ရက်စက်လိုက်တာမှ Camp မှာ အလုပ်မလုပ်ပဲ ထိုင်နားနေတဲ့သူ၊ ဖိနပ်ကြိုးချည်နေတဲ့သူတွေကအစ ပျင်းတိုင်း အိမ်ရှေ့ ဝရန်တာကနေ ကျကျနနထိုင်ပြီး sniper နဲ့ ပစ်သတ်တာက အစ ပြကွက်တွေဟာ ကိုယ်သာ အဲ့ဒီနေရာ၊ အဲဒီ့အချိန်မှာ ရှိနေရင် ဆိုတဲ့အထိ တွေးမိပြီး ထိတ်လန့်မိစေတာပါ။ ကလေးလေးတွေ ၁၀ နှစ်လောက်တောင် မရှိလောက်သေးပေမယ့် မစင်တွင်းထဲအထိ ဝင်ပုန်းနေရတာ၊ အသက်ရှင်သန်ရဖို့ ဘယ်နေရာ ပုန်းရပါစေ၊ ပုန်းနေရတဲ့ ဘဝတွေကို ရိုက်ပြထားပါတယ်။ တစ်နေ့မှာ Oskar က Goeth ကို Jew တွေကို အရမ်းသတ်နေလို့ လာပြီး သတိပေးစကားအနေနဲ့ ပြောသွားတဲ့ စကားပြောခန်းလေးလည်း အတော့်ကို ကောင်းလှပါတယ်။ အဲဒီ့အခန်းမှာ တကယ့် Power ဆိုတာ ဘာလဲဆိုတာကိုလည်း ထောက်ပြသွားပါတယ်။ “Power ဆိုတာ ကိုယ့်ဆီမှာ သတ်လို့ရနေတဲ့ အကြောင်းခိုင်လုံမှု ဘယ်လောက်ပဲ ရှိနေပါစေ၊ မသတ်ဖို့ ကိုရွေးချယ်နိုင်မှ Power ပါပဲ တဲ့။ အပြည့်အစုံလေး အောက်မှာ ဆက်ဖတ်ကြည့်ပါ။ “Oskar: Power is when we have every justification to kill, and we don’t. Goeth: You think that’s power? Oskar: That’s what the Emperor said. A man stole something, he’s brought in before the Emperor, and he throws himself down on the ground. He begs for mercy, he knows he’s going to die. And the Emperor – pardons him. This worthless man, he lets him go. Goeth: I think you are drunk. Oskar: That’s power, Amon. That is power.” ဒီစကားပြောခန်းလေး အပြီးမှာတော့ Goeth ဟာ အရင်ကလောက် လူမသတ်တော့တာကို လည်း ပြထားပါသေးတယ်။ ဒါလေးတွေဟာ မထင်မှတ်ပဲ ရင်ထဲကျန်ခဲ့တဲ့ အနှစ်သာရတွေပဲ ဖြစ်ပါတယ်။ Oskar ဟာ သူရှာထားသမျှ ငွေတွေ မြောက်မြားစွာကို သုံးပြီး Jew လူမျိုး ၁၂၀၀ ခန့်ကို သူ့စက်ရုံမှာ ခိုင်းဖို့ skilled labour တွေအနေနဲ့ German Holocaust ကနေ ကယ်တင်ခဲ့ပုံကို ပြသထားတာဟာ လူတစ်ယောက်ရဲ့ အမြင့်မားဆုံးသော အကြင်နာတရားကို မြင်ရတာပဲ ဖြစ်ပါတယ်။ သူ့နေရာမှာ ကိုယ်သာဆို ဒီလို အရဲစွန့်ရွေးချယ်နိုင်ပါ့မလား၊ လူထောင်ဂဏန်း အသက် နဲ့ ကိုယ့်စီးပွါးနဲ့ လဲနိုင်တဲ့ ဆုံးဖြတ်ချက်ဟာ ငါ သာဆို ချ နိုင်မလား စတဲ့ မေးခွန်းတွေ အများကြီး မေးဖြစ်စေပါတယ်။ Jew လူမျိုး အသက်ကြီးသူတွေကို ခိုင်းမရတော့လို့ ရထားတွဲထဲ ပြွတ်သိပ်တင်ပြီး Auschwitz ကိုပို့ခါနီးမှာတောင် ရထားတွဲမှာ မွန်းကြပ်နေကြသူတွေကို သူက ရေပိုက်တွေနဲ့ ရေတွေ ထိုးပေးပြီး ရေတိုက်ရှာတဲ့အခန်းတွေ၊ ဂျာမန် စစ်သားငယ်တွေကိုလည်း လာဘ်လာဘ တွေပေးပြီး နောက်တစ်ခါ ဒီလို ရထားထွက်ရင် ဒီလို ရေဖျန်းပေး၊ ရေတိုက်ပေး ဆိုတာလေးတွေဟာ သူ့ရဲ့ ကုသိုလ်စိတ်ကို ဘေးကနေကြည့်ရင်း ဒီလို ရေအလှူ လှူဖို့ကို လုပ်နိုင်တာ ဦးနောက်က အကြံဥာဏ်ထွက်တာ နည်းတဲ့ ပါရမီမဟုတ်ဘူး ဆိုပြီး တွေးမိပါတယ်။ သူ့ရဲ့ ကုသိုလ်စိတ်ကြီးမားလွန်းလို့ ဘေးက Goeth တို့တောင် ငိုင်ပြီး ကြည့်နေရတဲ့အထိပါပဲ။ ဒါတောင် သူကယ်လိုက်တဲ့ လူ ၁၀၀၀ ကျော်မှာ အမျိုးသမီးနဲ့ ကလေးတွေကို Auschwitz အထိ မှားခေါ်သွားလို့ သူ့မှာ အသည်းအသန် လိုက်ခေါ်ရပါသေးတယ်။ မိသားစု တွေ မကွဲရအောင် သေချာ စာရင်းနဲ့ ပြုစုခေါ်တာမို့ ဒီ ရုပ်ရှင်ကို Schindler’s list လို့ ခေါ်တာပါ။ နောက်ဆုံးမှာတော့ German စစ်ရှုံးချိန် သူလည်း ထွက်ပြေးရချိန်မှာ သူ့ကို Jew တွေက သူတို့ထဲက ငွေသွားစိုက်ထားတဲ့ သူတစ်ယောက်နဲ့ သွားကို နှုတ် ငွေကို ထုတ်ပြီး လက်စွပ်လေးတစ်ကွင်း လုပ်ပေးလိုက်ပါတယ်။​စာတန်းလေးလည်း Hebrew နဲ့ ထွင်းထားပါသေးတယ်။ အဓိပ္ပါယ်ကတော့ “Whoever saves one life, saves the world entire.” “ဘဝတစ်ခုကို ကယ်တင်သူဟာ တလောကလုံးကို ကယ်တင်သူပါပဲ” တဲ့။ အဲ့ဒီလက်စွပ်လေးကို ရပြီး​ဝတ်လိုက်ချိန်မှာတော့ Oskar ဟာ ငိုကြွေးပြီး သူ့နောင်တတွေကို ထုတ်ပြောပါတော့တယ်။ သူ့မှာ ချမ်းသာခြင်းဆိုတဲ့ ဂုဏ်တွေအတွက် ငွေတွေအလဟဿ သုံးခဲ့မိတယ်။ အခု သူစီးတဲ့ ကားကို သာ မဝယ်ခဲ့ရင် နောက်ထပ် လူ ၁၀ ယောက်လောက် ကယ်လို့ ရနိုင်တယ်။ သူ့ရင်ဘတ်က ရွှေနဲ့လုပ်ထားတဲ့ နာဇီ တံဆိပ်ဟာ လူ နှစ်ယောက် အသက်ကို ကယ်လို့ ရနိုင်သေးတယ်.. ဆိုပြီး ငိုကြွေး ပါတော့တယ်။ သူနေ့ရာမှာ ကိုယ်လည်း ဝင်ခံစားကြည့်မိပြီး လူ ၁၂၀၀ ကျော်တောင် ကယ်နိုင်မှတော့ နောက်ထပ် ၁၀ ယောက် ၁၅ ယောက် ထပ်ကယ်နိုင်လည်း ကယ်ဖို့ကိုပဲ​ ကြိုးစားမိတော့မှာပါပဲ။ သူ့ရဲ့ ယူကျုံးမရခြင်းဟာ ကိုယ့်ကိုလည်း သင်ခန်းစာတွေ အများကြီး ပေးသွားပါတယ်။ အသက်တွေ ကယ်နိုင်လျက်နဲ့ အတ္တ နဲ့ ကိုယ့်အတွက်ကို သာယာ ဖို့ သုံးဖြုန်းမိခဲ့တဲ့ Oskar ကို ကြည့်ရင် ကိုယ်လည်း တစ်ကျပ် တစ်ပြားကအစ အကျိုးရှိရှိ လေးနက်စွာ နဲ့ အတ္တဟိတ ပရဟိတ မျှတစွာနဲ့ လူဖြစ်ရကျိုးနပ်အောင်၊ လူပိီသအောင် သုံးတတ်ရမှာပါလား ဆိုတာကို ကွက်ကွက်ကွင်းကွင်း ခံစားသင်ယူမိစေပါတော့တယ်။ Oskar နေရာကနေပြီး သူ့ရဲ့ နောက်ဆုံးအချိန်တွေကို ကျွန်မ ဝင်ခံစားကြည့်မိပါတယ်။ အသက်တွေ ထောင်ချီ ကယ်တင်နိုင်ခဲ့တဲ့ သူရဲ့ ကုသိုလ်ပါရမီဟာ ဆန်းကျယ်လိုက်တာ၊ သေခါနီးမှာ ပီတိ တွေ ဘယ်လောက် ဖြစ်ရပြီး လူဖြစ်ရကျိုးနပ်၊ လူပီသပြီး သေပျော်ရမှာပဲ လို့ကို တွေးပြီး သင်ယူမိပါတယ်။ Goeth ကတော့ နောက်ဆုံး ကြိုးပေးချိန်အထိ Hail ဟစ်တလာ အော်ပြီး ခေါင်းမာမာနဲ့ သေသွားတာကို ပြသွားပါသေးတယ်။ သေချိန်အထိ ခေါင်းမာသွားခွင့်သာရှိပြီး မိုက်မဲခြင်းကနေ ရုန်းမထွက်လိုက်နိုင်အောင်ကို လူသတ်ကွင်းမှာတင် ရှင်သန်ရတဲ့ ဘဝ မျိုးဟာလည်း ဝဋ်ကြွေးကြီးတာပဲ လို့ သံဝေဂ ရမိပါတယ်။ ကိုယ်တွေလည်း လူသာ မသတ်တာ၊ နောင်တ ရသင့်တဲ့အချိန် မရ၊ ပြုပြင်သင့်တဲ့ အခွင့်အရေးရှိလည်း ခေါင်းမာမာနဲ့ “ငါ” ဆိုတဲ့ မာန်ပိုက်ပြီး မိုက်မဲနေတာတွေ ဘယ်လောက်တောင် များလိုက်သလဲ… တစ်ကားလုံး ဟာကွက်မကျန် အကုန်ကောင်းပြီး နဲ့ ဇာတ်သိမ်းခါနီးရောက်တော့ မျက်ရည်ဖြိုင်ဖြိုင်ကျပြီး ဝမ်းသာ ဝမ်းနည်း တွေ အများကြီး ဖြစ်ရပါတယ်။ နောက်ဆုံး ရုပ်ရှင်ပြီးလို့ ဇာတ်သိမ်းတော့ ဒီရုပ်ရှင် ကောင်းလိုက်တာ၊ ငါ ဒီနေ့ ကြည့်ရတာ တန်လိုက်တာ၊ ဒါရိုက်တာ ဘယ်သူများပါလိမ့်၊ Steven Spielberg လက်ရာများလားလို့ စာတန်းထိုးကို စောင့်ကြည့်ခါမှ ဒါရိုက်တာက Steven Spielberg ဖြစ်နေတာ တွေ့လိုက်ရတော့ ဝမ်းတွေသာ ကျေနပ်အားရလိုက်တာ ပြောမနေပါနဲ့တော့… အားလုံးအတွက် ခွန်အား၊ သတ္တိ နဲ့ ပညာ တွေ အများကြီး ရစေတဲ့ ရုပ်ရှင်ကားကောင်းလေးမို့ အခုလို မျှဝေလိုက်ရပါတယ်။ ရသ ထက် တစ်ဘဝ စာကို နောင်တကင်းကင်းနဲ့ နေနိုင်အောင် သင်ပေးတဲ့ ကမ္ဘာမှာ ကျန်ရစ်မယ့် ရုပ်ရှင်မျိုးမို့ ကြည့်ဖြစ်အောင် ကြည့်သင့်တယ်လို့ လည်း ပြောချင်ပါတယ်။ မေတ္တာဖြင့် Eliza Pru

9 1993 195 mins
Schindler’s List
Holy Night: Demon Hunters
6.5

Holy Night: Demon Hunters (2025) ********************************* IMDb… 6.5 အကုန်လုံး စောင့်မျှော်နေကြတဲ့ Holy night : Demon Hunters ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလို့လာပါပြီ။ Cast တွေအနေနဲ့ကတော့ အားလုံး သိကြတဲ့ Ma Dong-seok, Seo Hyun, Lee David, Kyung Soo-jinနဲ့ Jung Ji-so တို့ ပါဝင်ထားကြပြီး နတ်ဆိုး၊ နတ်ဆိုးကို ကိုးကွယ်ကြတဲ့ အစွန်းရောက်သူတွေနဲ့ အားပြိုင်ကြမဲ့ သဘာဝလွန်စွမ်းအားရှင် နတ်ဆိုးမုဆိုး ၃ဦးအဖွဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ Fantasy Horror movie အမျိုးအစားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း- ဘာအူ, ရှာရွန်နဲ့ ဂင်ဂွန်းဆိုတဲ့သူ ၃ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Holy Night အဖွဲ့ဟာ နတ်ဆိုးကိုးကွယ်တဲ့ ဂိုဏ်းတွေကို တိုက်ခိုက်နှိမ်နင်းကြတဲ့ အဖွဲ့ဖြစ်တယ်။ ဘာအူရဲ့ ထူးခြားတဲ့ စွမ်းရည်ကတော့ အားကောင်းတဲ့ ကာယခွန်အားပဲဖြစ်ပြီး ရှာရွန်ကတော့ နတ်ဆိုးတွေကို ခွဲခြားသိမြင်ကာ အပနှင်နိုင်စွမ်းရှိပြီး ဂင်ဂွန်းကတော့ ဘာအူနဲ့ ရှာရွန်တို့ကို နောက်ကနေ လိုက်လံကူညီပေးတဲ့သူပေါ့။ တစ်နေ့ စိတ်ရောဂါကုဆရာဝန် ဂျောင်ဝန်းဟာ Holy Night အဖွဲ့ဆီ ရောက်လာပြီး သူ့ရဲ့ ညီမဖြစ်သူ အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ဝင်ပူး‌နေတဲ့အတွက် ညီမဖြစ်သူကို ကယ်တင်ပေးဖို့ Holy Night အဖွဲ့ကို လာ‌ရောက် အကူအညီတောင်းခံတဲ့အခါမှာတော့… Holy Night အဖွဲ့က အွန်ဆောရဲ့ ခန္ဓာကိုယ်ထဲမှာ ပူးကပ်နေတဲ့ နတ်ဆိုးကို ဘယ်လိုနည်းလမ်းတွေသုံးပြီး ဘယ်လိုနှင်ထုတ်သွားမလဲဆိုတာကိုတော့ မာဒုံဆော့ရဲ့ ဇာတ်ကားတွေ ထုံးစံအတိုင်း တိုက်ရည်ခိုက်ရည်ကောင်းကောင်း၊ အပနှင်နည်းမျိုးစုံနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှုရပြီး ပရိသတ် စိတ်ကျေနပ်ရမဲ့ကားတစ်ကားဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri မှ ရေးသားထားပေးပါတယ်။) File Size : 1.26GB/ 600MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:32:13 Genre : Action, Horror, Fantasy, Supernatural Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo, Treasure Htet & Stary Encoded by Tiff

Drama • Thriller
6.5 2025 92 mins
Holy Night: Demon Hunters