YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love the Way You are E03 CM.mp4

250.73 MB N/A video/mp4 492 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Incredible Melting Man
4.4

1977 ကထဲကထွက်ရှိထားတဲ့ horror & sci-fi ရုပ်ရှင်ဖြစ်ပြီး IMDb ကတော့ 4.2/10 ပါ 20ရာစုအတွင်းမှာ လူတွေဟာအာကာသထဲကိုစတင်ခြေဆန့်ခဲ့ကြပြီးအဲ့နှစ်‌တွေမှာထုတ်လုပ်ခဲ့ကြတဲ့အာကာသနဲ့ပတ်သက်တဲ့ဇာတ်လမ်းတွေအများကြီးထဲကတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းမှာတော့ စနေဂြိုလ်ကိုအာကာသယာဥ်တစ်စင်းလွှတ်တင်လိုက်ရာကနေမထင်မှတ်ထားတဲ့ဖြစ်ရပ်ဆန်းတစ်ခုကြောင့်အာကာသယာဉ်မှူးတစ်ယောက်ဟာအရည်ပျော်နေတဲ့လူအဖြစ်ကိုပြောင်းသွားခဲ့ပြီးသူဘာတွေဆက်လုပ်မလဲ၊ဘာတွေဖြစ်သွားမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ သွေးသံရဲရဲနဲ့ရွံစရာဇာတ်ဝင်ခန်းတွေလည်းပါတာကြောင့်သည်းခြေမခိုင်တဲ့သူတွေမကြည့်သင့်ပါဘူး File size…(2.0 GB)/(933 MB)/(460 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror , Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Drama • Mystery
4.4 1977 84 mins
The Incredible Melting Man
[18+] Bitter Moon
7.1

Bitter Moon (1992) ~ IMDb - 7.2/10, Rotten Tomatoes - 63% ~ ခေတ်လိုအပ်ချက်အရရော လူ့လိုအပ်ချက်အရရော Erotic ကားတွေကို ရိုက်ခဲ့ကြတဲ့ အထဲမှာ ထိတ်ထိတ်ကြဲဒါရိုက်တာတွေလည်း မကင်းခဲ့ပါဘူး။ မင်းသားမင်းသမီးတွေကတော့ ပိုမကင်းပေါ့။ အရှေ့တိုင်း အနောက်တိုင်းအပါအဝင် နာမည်ကြီးစီနီမာတော်တော်များများက ဒါရိုက်တာတွေထဲ ဒီလိုကားတွေရိုက်ခဲ့တဲ့သူတွေ မနည်းပါဘူး။ ဒီတစ်ခါကားကို ရိုက်တဲ့သူက ရိုမန်ပိုလန်စကီးပါ။ ရိုမန်ပိုလန်စကီးနာမည်ကို ဂိတော်တော်များများလည်း ရင်းနှီးပြီးသားပါပဲ။ သူ့မရင်းနှီးတောင် သူရိုက်ခဲ့တဲ့ကားတွေကိုတော့ ရင်းနှီးကြမှာပါပဲ။ The Pianist, Rosemary's Baby, Chinatown စသဖြင့် မာစတာ့ မာစတာပိစ်တွေကားတွေကို ရိုက်ခဲ့တဲ့ ဆရာကြီးပါပဲ။ ဒီဘဲက အော်စကာ၊ ဗြိတိန်အကယ်ဒမီ၊ ဆီဇာ၊ ရွှေကမ္ဘာလုံး၊ ရွှေဝက်ဝံ၊ Palme d'Or စသဖြင့် ထိပ်တန်းတကာထိပ်တန်းဆုကြီးတွေနဲ့ အမြဲ မျက်မှန်းတန်းမိနေတဲ့ လူဆိုလည်းမမှားဘူး။ ဒီတော့ သူ့စကေးကိုတော့ သွားရှုပ်လို့မရဘူးပေါ့။ ဒီဘိုးအေကြီးက ဟိုးဟောလိဝုဒ်ရွှေခေတ်ကတည်းကရှိခဲ့တဲ့သူဖြစ်သလို ဒီနှစ် ၂၀၂၃မှာလည်း ကားအသစ်ထွက်ဖို့ရှိသေးပြန်တာပါပဲ။ ဒီကားကလည်း သူကိုယ်တိုင်ရိုက်ထားတဲ့ Erotic ဆန်ဆန်ကားဆိုတော့ ဇာတ်ကတော့ ကြမ်းပါတယ်။ ဒါပေမဲ့လည်း သူ့ကားကိုမျှော်မှန်းထားမယ့်လူတွေအတွက် စံတင်လောက်စရာမဖြစ်ခဲ့လို့လားမသိ ရိတ်တင်ကတော့ မကောင်းသွားရှာပါဘူး။ အဲဒီလိုဆိုရင်တောင် Erotic ဆန်ဆန်ကားကိုမှ ဇာတ်အိမ်အလန်းစားကြီးနဲ့ ကြည့်ချင်ကြတဲ့လူတွေအတွက် ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဆိုမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 2H 19Min Genre - Drama, Romance, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Thriller
7.1 1992 139 mins
[18+] Bitter Moon
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
Older Gods
5.1

အမေရိကန် Horror စာရေးဆရာ H.P Lovecraftရဲ့ vibe မျိုးကို ခံစားချင်သူတွေအတွက် ကားကောင်းလေးပါ…။ အကြောင်းအရာကဘယ်လိုလဲဆိုတော့ စကြဝဠာကြီးနဲ့ ချိန်ဆနှိုင်းယှဥ်ကြည့်ရင် လူသားတွေဆိုတာ သိမ်နုပ်သေးငယ်လွန်းလို့ အရာသွင်းစရာတောင်မလိုအပ်ပါဘူး….။ လူသားတွေဆိုတာ အဖိုးမတန်လို့ သေမထူးနေမထူးတွေပေါ့…။ ဒီ့အပြင် လောကကြီးမှာ လက်ရှိဘုရားတွေထက် ရှေးကျတဲ့ Godတွေ၊ Cosmic beingsတွေ၊ တိတ္ထိတွေဆိုတာလည်း ရှိပါသေးတယ်…။ လူသားတွေဆိုတာ သူတို့ဆီက ကောင်းချီးပြုခံရဖို့အတွဥ် ယဇ်ကောင်သက်သက်ပါ….။ ဒီလိုဆိုရင် အသက်ရှင်နေလို့၊ အလုပ်လုပ်နေလို့ ဘာထူးနေဦးမလဲ….။ ကိုယ်ချစ်တဲ့သူတွေနားနေလို့၊ ကြိုးစားရုန်းကန်နေလို့ဘာများ ထူးခြားသွားနေဦးမှာလဲ….။ ဒီလို Horror vibe မျိုးရမယ့်ကားလေးပါ…. ဇာတ်လမ်းအကျဥ်းကတော့ ခရစ်တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဆီကနေ အထုပ်တစ်ထုပ်ရရှိခဲ့ပါတယ်…။ ထိုအထုပ်ထဲမှာ ဒီတိတ္ထိတွေအကြောင်းလေ့လာထားတာတွေ…၊ သက်သေတွေအစုံပါပဲ….။ ဒါတွေကို ဖြည်ထုတ်ကြည့်ရင်းကနေ ခရစ်တစ်ယောက် သူကိုယ်တိုင် အန္တရာယ်တောထဲ တိုးဝင်မှန်းမသိ တိုးဝင်မိသွားတဲ့အခါမှာတော့….။ File size…950MB / 336MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.1 2023
Older Gods
Quiz Lady
6.8

Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေး တစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများ မင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh, Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့ Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်.. ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲ သူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာ ငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့် မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီး သူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့ သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာ ကတော့ မင်းသမီးရဲ့ Character development, သူ့အစ်မရဲ့ အစ်မတစ်ယောက်ရဲ့ ချစ်ချင်းမေတ္တာတွေ ရုပ်သံအစီအစဥ်တွေရဲ့ နောက်ကွယ်မှာ ဘယ်လိုတွေ ရှိမလဲ ဆိုတာတွေကို ဟာသဆန်ဆန် ပျော်ရွှင်ဖွယ်ကောင်းအောင် ရိုက်ပြထားပါတယ်. စိတ်ညစ်နေတဲ့ သူငယ်ချင်းတို့ ကြည့်လိုက်မယ်ဆိုရင် ဇာတ်ကားအဆုံးမှာ ပျော်ပြီး ကျန်နေစေရမယ်လို့ အာမခံလိုက်ပါတယ်….. File size…1.94GB / 797MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.8 2023
Quiz Lady
Carrie
7.4

Carrie (1976) ~ IMDb – 7.4/10, Rotten Tomatoes – 93% ~ Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းဟာ စာအုပ်ထက်သာတယ်လို့ ချီးကျူးဖူးပါတယ်။ Carrie ဟာ စာအုပ်အနေနဲ့တင်အောင်မြင်ခဲ့တာမဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာလည်းအောင်မြင်မှုတွေ ရခဲ့ပြီး Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလို့ သတ်မှတ်ခံခဲ့ရပါတယ်။ Carrie (1976) ရိုက်တဲ့ဒါရိုက်တာကို နာမည်သာ မသိရင်မသိမယ် သူ့ကားတွေတော့ အားလုံးသိကြမှာဖြစ်သလို သူ့ကားတွေဟာ အကောင်းတကာ့ အကောင်းဆုံးကားတွေဆိုတာလည်း ငြင်းမရပါဘူး။ ဂန္ထဝင် ဒါရိုက်တာကြီး Brian De Palma ပါပဲ။ Al Pacino ရဲ့ အကောင်းစားတွေထဲက တစ်ကားဖြစ်တဲ့ Scarface, ကယ်ဗင်ကော်စနာ ရှောင်ကွန်နရီ ရောဘတ်ဒီနဲရိုးတို့ ပါဝင်ထားတဲ့ The Untouchables, ဂျွန်ထရာဗိုတာရဲ့ အကောင်းဆုံးတွေထဲက Blow Out, ဒါ့အပြင် Mission: Impossible, Dressed to Kill, Carlito’s Way တို့လို ကားကောင်းတွေလည်း ရိုက်ခဲ့ပါတယ်။ ရိုက်ခဲ့သလောက် အကုန်ကောင်းခဲ့တဲ့ ဒါရိုက်တာကြီးပါပဲ။ သရုပ်ဆောင်တွေကတော့ Sissy Spacek နဲ့ ဂျွန်ထရာဗိုတာတို့ကို သုံးထားပါတယ်။ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် အကုန်ပါဖက်ဖြစ်နေတယ်ပြောရပါမယ်။ နောက် ဒီကားနဲ့ အော်စကာမှာ Spacek က Best Actress ဆန်ခါတင်ဝင်ခဲ့သလို Laurie က Best Supporting Actress ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဇာတ်ကတော့ ကင်းရဲ့ ရေးတတ်တဲ့ပုံစံအတိုင်း Supernatural Horror ဇာတ်ပါပဲ။ ကင်းပရိသတ်တွေတော့ ကျိန်းသေ အကြိုက်တွေ့မယ့် ဟော်ရာဇာတ်လို့ပြောရပါမယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် လုံးဝ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ Carrie (2013) နဲ့လည်း ကွဲလွဲတာတွေ အများကြီးရှိပေမဲ့ Bright Burn ဆန်ဆန် Carrie မဟုတ်ဘဲ အရာဝတ္ထုတွေကို စိတ်နဲ့စေစားနိုင်တဲ့ အစွမ်းရှိတဲ့၊ ဘာသာရေးအစွန်းရောက် အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့၊ လူရာဝင်အောင်ကြိုးစားနေတဲ့ အပယ်ခံ ဆယ်ကျော်သက်လေး Carrie ကိုတွေ့ရတဲ့အတွက် 1976 Version က သဘောကျစရာအကောင်းဆုံးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.15GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.4 1976
Carrie
[18+] Drive-Away Dolls
5.9

No Country for Old Men ရုပ်ရှင်နဲ့ အော်စကာ ၄ ဆုရခဲ့တဲ့ ဒါရိုက်တာ Ethan Coen ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဧည့်သည်သရုပ်ဆောင်အဖြစ် Pedro Pascal နဲ့ Matt Damon တို့ ပါဝင်ပေးထားပြီး အဓိကသရုပ်ဆောင် နေရာမှာတော့ Once Upon a Time… in Hollywood ထဲက Margaret Qualley နဲ့ Miracle Workers စီးရီးထဲက Geraldine Viswanathan တို့ ပါဝင်ထားပါတယ်။ အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်း **************** လက်စ်ဘီယံစုံတွဲနှစ်ယောက်ဟာ အပျော်ခရီးထွက်ဖို့အတွက် တစ်လမ်းသွား ကားတစ်စီးငှားပြီး ယူလာပါတယ်။ တစ်လမ်းသွား ကားဆိုတာက ကားတစ်စီးကို လူတစ်ယောက် ဆီကိုပို့ဖို့ရှိရင် အဲဒီနေရာကို မောင်းသွားပြီး ယူပေးမယ်ဆိုရင် အခမဲ့ ငှားမောင်းခွင့်ရှိတာမျိုးပါ။ ဒါပေမဲ့ သူတို့ငှားမိတဲ့ ကားထဲမှာ အရေးကြီးပစ္စည်းတွေ ပါလာတဲ့အတွက် လူမိုက်နှစ်ယောက်က သူတို့နောက်ကိုလိုက်ရှာပါတော့တယ်။ အရေးကြီးတဲ့ပစ္စည်းဆိုတာ လူတစ်ယောက်ရဲ့ ခေါင်းကြီးနဲ့ ရွှေပန်းအတုတွေ ပြည့်နေတဲ့ သေတ္တာတစ်လုံးပါပဲ။ လူမိုက်တစ်စုက ဘာလို့ ရွှေပန်းသေတ္တာကို အသေအလဲ လိုက်ယူနေတာလဲ၊ လက်စ်ဘီယံနှစ်ယောက်နဲ့ ရွှေပန်းတု တစ်သေတ္တာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ တစ်ခွီးခွီးနဲ့ ကြည့်ရမဲ့ ဇာတ်လမ်းမျိုးပါ။ File size… 1.59GB /657MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 24m Genre ….. Action , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama • Comedy
5.9 2024 84 mins
[18+] Drive-Away Dolls
Longing

Longing ( 2024 ) အစ္စရေးဒါရိုက်တာ Savi Gabizonရဲ့ ရုပ်ရှင်ပါ။ အစ္စရေးဒါရိုက်တာဆိုတာ ထည့်ပြောရတာကတော့ ဒီရုပ်ရှင်က အမေရိကန်ရုပ်ရှင်တွေနဲ့ကွဲပြားတယ်ဆိုတဲ့အချက်ကြောင့်ပါပဲ။ သရုပ်ဆောင်တွေကတော့ Richard Gereနဲ့ Diane Kruger။ တော့စတားကြီးနဲ့ နာမည်ကြီးမင်းသမီးပေါ့။ ပြောရရင် ဒီကားက ရစ်ချက်ဂီရိရဲ့ ဒီအရွယ်နဲ့တော်တော်လေးလိုက်ဖက်တယ်။ ဇာတ်ကြောင်းကလည်း ရိုးရိုးလေးပဲ ဒါပေမဲ့ တော်တော်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပြောရရင် တစ်ဘက်တစ်လမ်းကနေ Shuji Iwaiရိုက်တဲ့ဇာတ်လမ်းတွေရဲ့ အငွေ့အသက်မျိုးကိုတောင် ဖမ်းမိတယ်။ တစ်ကိုယ်တည်းနေတဲ့ အသက်၆၀ လူကြီးတစ်ယောက်ကို သူ့မှာ ကလေးရှိကြောင်း သူ့ရည်းစားဟောင်းက လာပြောတယ်။ ဒါပေမဲ့ လာပြောတဲ့အချိန်က အဲဒီကလေးသေပြီးတဲ့အချိန်။ ဒီလိုနဲ့ အဲဒီလူကြီးက သူ့ကလေးရဲ့ နာရေးပွဲကိုသွားရင်း သူ့ကလေးရှင်သန်ဖြတ်သန်းခဲ့ဖူးတဲ့ သမိုင်းကို ခြေရာကောက်ရင်း မရှိတော့တဲ့ လူတစ်ယောက်ရဲ့ ဘဝကို ချစ်တဲ့စိတ်နဲ့ ပြန်လည်ခံစားကြည့်တဲ့အကြောင်းပါပဲ။ ဒီရုပ်ရှင်ဟာ Ratingတွေတော့ မကောင်းပါဘူး။ ဒါပေမဲ့လည်း သူ့အကြောင်းအရာရော အငွေ့အသက်ရော ပေးနိုင်တဲ့ခံစားချက်ရောက အသိအမှတ်ပြုဖို့တန်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ရှင်သန်ခြင်းတို့ ချစ်ခြင်းတို့ဆိုတာ ရိုးရှင်းတယ်ထင်ရပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်လာမယ့်အရာတွေမဟုတ်ဘူး။ အဓိပ္ပာယ်မရှိဘူးလို့ထင်ရရင်တောင်ရှင်သန်ကြည့်လိုက်ဖို့ အချစ်ဟာ ဝေဝါးလွန်းနေရင်‌တောင် ချစ်ကြည့်လိုက်ဖို့ကလွဲ ကျွန်တော်တို့အတွက် ဘာမှနားလည်စရာမရှိခဲ့ဘူး။ ဒီရုပ်ရှင်ထဲက ရစ်ချက်ဂီရိဟာ သူ့သား ထိုင်ခဲ့ဖူးတဲ့နေရာတွေမှာ လိုက်ထိုင်ကြည့်ခဲ့တယ်။ သူမြင်တောင်မမြင်ဖူး သိတောင်မသိလိုက်ရတဲ့ သားရဲ့ အငွေ့အသက်ကို အဲဒီနေရာတွေကနေ သူရချင်မှလည်းရမယ်။ သူ့သားနေခဲ့တဲ့ဘဝကို ဖြတ်သန်းကြည့်ပေမဲ့လည်း သူ့သားကို သူနားလည်ချင်မှလည်း နားလည်မယ်။ ဒါပေမဲ့ ဒီတိုင်းပဲ ခံစားကြည့်လိုက်တာပါပဲ။ အဲဒီအဘိုးကြီး အဲဒီနေရာတွေမှာ လိုက်ထိုင်နေတဲ့ အခြင်းအရာမျိုးကို ဖြတ်သန်းဖူးတဲ့လူတွေကိုတော့ ဒီရုပ်ရှင်ကို တော်တော်လေး သဘောကျလောက်မှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size…1.29GB | 616MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

0 2024
Longing
Morrison
6.5

Morrison (2024) *************** Morrison သည် ပြင်သစ်နိုင်ငံက ထုတ်လုပ်သူနဲ့ပူးတွဲ တင်ဆက်ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပါတယ်… Mystery ဆန်ဆန် ဂီတကို နောက်ခံပြု ရိုက်ကူးတဲ့အပြင် လွန်ခဲ့တဲ့နှစ် ၄၀ ကျော်က ထိုင်းနိုင်ငံရဲ့လူတွေ ဂီတအပေါ်မှာ ဘယ်လိုခံစားကြသလဲဆိုတာကိုပါ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– အမေရိကန်အဖေနဲ့ထိုင်းမိခင်မှ မွေးဖွားလာသူ ဂျင်မီ(လတ်)ဟာ ငယ်စဉ်က နာမည်ကြီး အဆိုတော်ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ အင်ဂျင်နီယာအဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သူလည်း ဖြစ်ပါတယ်…သူ့မိခင်ဆုံးပါးသွားချိန်မှာ မွေးရပ်မြေကို ပြန်ပြီး မိခင်ရဲ့နာရေးကို တက်ရောက်ခဲ့ပါတယ်…အဲဒီနောက် သူဟာ ဟိုတယ်အဟောင်းတစ်ခုကို ပြန်လည်မွမ်းမံဖို့ အလုပ်လက်ခံလိုက်ပါတယ်…အဲဒီဟိုတယ်ကို သူရောက်သွားချိန်မှာတော့ ထူးဆန်းလွန်းတဲ့ ခံစားချက်တွေ ဖြစ်လာခဲ့ပါတယ်…ဟိုတယ်ဟာ ဟိုတယ်တစ်ခုရဲ့အင်္ဂါရပ်တွေနဲ့ မပြည့်စုံသလို ဆန်းကြယ်မှုတွေလည်း ပြည့်နှက်နေခဲ့ပါတယ်…ဟိုတယ်ကို မွမ်းမံပေးဖို့လာတဲ့ဂျင်မီ(လတ်)တစ်ယောက် ဟိုတယ်ကို ပြီးစီးအောင် ပြင်ဆင်ပေးနိုင်ပါ့မလား…သူကြုံတွေ့ခံစားနေရတဲ့ ထူးဆန်းအံ့ဖွယ်အဖြစ်အပျက်တွေကရော တကယ်ပဲလားဆိုတာ အဖြေရှာရင်း ခံစားကြည့်ရှုအပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအညွှန်းကို Dao Phyo မှရေးသားပေးထားပါတယ် File Size : 1.49GB / 674MB Quality : WEB-DL 1080p /720p Genre : Drama Duration : 1hr 46mins Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Heather Oo

Thriller • Drama
6.5 2024 106 mins
Morrison
Jurassic Park III
5.9

Jurassic Park 3 ကို ဒါရိုက်တာJoe Johnston ကရိုက်ကူးထားပြီး 2001 ခုနှစ်တွင် ရုံတင်ခဲ့ပါသည်။ IMDb 5.9 နှင့် RT 50% သာရရှိထားသော်လည်းGoogle user 86% က Like ပေးထားကြသည်။ ပထမဦးဆုံးဇာတ်ကားမှ ဒေါက်တာအလန်ဂရန့်(သတ္တရုပ်ကြွင်းပညာရှင်) လည်း ပြန်လည်ပါဝင်လာခဲ့သည်။ ဒုတိယဇာတ်ကားတွင် တိုင်ရန်နိုဆောရပ်စ်အမျိုးအစားဒိုင်နိုဆောများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကိုရိုက်ကူးထားပြီး ဤဇာတ်ကားတွင်မူ လူသားမိဘများက သားပျောက်ရှာပုံတော်ဖွင့်ခဲ့ပုံကို ရိုက်ကူးထားသည်။ ယနေ့အချိန်ထိ ဒိုင်နိုဆောတို့၏ပြင်ပအရောင်အသွေးများကို တိတိကျကျမဖော်ပြနိုင်ကြသေးပေ။ ပတ်ဝန်းကျင်အရောင်ကိုလိုက်၍ အရောင်ပြောင်းနိုင်ကြသည်ဟူ၍သာ ယေဘုယျလက်ခံထားကြသည်။ ဤဇာတ်ကားတွင် ဒိုင်နိုဆောများ၏ အရောင်ကိုပြောင်းလဲရိုက်ကူးထားရုံမျှမကဘဲ အသားစားဒိုင်နိုဆောများထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်သော စပိုင်နိုဆောရပ်စ်နှင့် ဒိုင်နိုဆောခေတ် ငှက်များကိုပါ ထည့်သွင်းရိုက်ကူးထား သောကြောင့် ရင်သပ်ရှုမောဖွယ်ကောင်းလှပါသည်။ အသက်၁၃နှစ်အရွယ်အဲရစ်သည် အမေ၏မိတ်ဆွေ ဘန် နှင့်အတူ မော်တော်ဘုတ်ဆွဲ လေထီးစီး၍ ဆော်နာကျွန်းရှိဒိုင်နိုဆောများကို ကင်မရာဖြင့်ရိုက်ကူးရန်ကြိုးစားခဲ့ကြရင်းဆော်နာကျွန်းပေါ်သို့ လေထီးဖြင့် ပြုတ်ကျသွားခဲ့သည်။ အဲရစ်၏မိဘများ ဖြစ်ကြသော မစ္စတာကာဘီနှင့် အမန်ဒါတို့က အဲရစ်ကိုရှာဖွေရန်ဆုံး ဖြတ်ခဲ့ကြပြီး ဒေါက်တာအလန်ဂရန့်ကို မလိမ့်တပတ်လုပ် ခေါ်ဆောင်ကာ ဆော်နာကျွန်းသို့ခရီးနှင်ခဲ့ကြသည်။ အဲရစ်နှင့်ဘန်ကို ရှာတွေ့နိုင်ပါ့မလား ဆော်နာကျွန်းပေါ်က ပြန်ထွက်နိုင်ကြပါ့မလား ဆိုတာကိုတော့ ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားကြပါစို့လား… မှတ်ချက်။ ။Jurassic Park သုံးကားလုံး မိသားစုနှင့်ကြည့်လျှင်ပိုကောင်းပါသည်။ File Size : 3.7 GB / 1.2 GB Quality : BluRay 1080p / 720p Running Time : 1h 44min Genre : Animation, Adventure,Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Encoded by Thit San Khant

Drama • Science Fiction
5.9 2001 92 mins
Jurassic Park III

Kutsal Damacana 5: Zombi (2025) (ကာသလွန်ရေဘူး ၅ ဇွန်ဘီ) ဇာတ်လမ်းအကျဉ်း ကွတ်စတယ် ဒါမာကာနာဟာ ပဋိပက္ခဇာတ်ကားအသစ်ဖြစ်ပြီး ဇွန်ဘီ ဇာတ်လမ်းနဲ့ ပျော်ရွှင်ဖွယ် ကောလာဟလများ ပါဝင်ပါတယ်။ နာမည်ကြီး မင်းသမီ၊ ဇာတ်ဆောင်တွေနဲ့ရိုက်ကူးထားတာပြီး ဟာသနဲ့ စွန့်စားမှုတွေ ပေါင်းစပ်ထားပါတယ်။ ဟာသနှင့် ကြောက်ရွံမှုကို ပေါင်းစပ်ထားတာကြောင့် လူကြိုက်လည်းအတော်လေးကိုမှ များပါတယ်။ ဇာတ်လမ်းမှာ ဇွမ်ဘီတွေက ကြီးပြင်းလာပြီး ပန်းခြံမြိုလေးတစ်ခုမှာ ဖျက်ဆီးနေကြပါတယ်။ ဇာတ်ဆောင်နဲ့ သူ့သူငယ်ချင်းတွေ ကြိုးစားကာ ကာကွယ်ကြရရင်း ဟာသအပြည့်နဲ့ စွန့်စားမှုတွေကြောင့် ကြောက်စရာမကောင်းပဲ ဟာ,သနဲ့ရယ်စရာတွေအလွန်ပဲပါဝင်နေပါတယ်။ လက်ရှိ လူကြိုက်များတဲ့ ဟာသဇာတ်ကားတစ်ခုဖြစ်ပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်အပန်းဖြေဖိုအတွက်ကြည့်ဖို သင့်တော်ပါတယ်။ ကြောက်စရာနည်းပြီး ဟာသကြိုက်တတ်တဲ့ သူတွေအကြိုက်ဖြစ်လို ကြည့်ကြည့်ဖိုကိုတိုက်တွန်းချင်ပါတယ်ဗျ။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ Brian, Cym, Yunni, V, Honey တိုမှတင်ဆက်ပေးထားပါတယ်ခင်ဗျာ။

0 2025 97 mins
Kutsal Damacana 5: Zombi!