YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Story in Yilan 2022 WEB-DL 480p CM.mp4

483.69 MB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chupa
6.5

ချူပါကာဘရာ ရဲ့ အဓိပ္ပာယ်ဟာ "ဆိတ်သွေးစုပ်သူ"လို့ဆိုလိုပါတယ်။ အမေရိကန် ဒဏ္ဍာရီထဲမှာဆိုရင်တော့ ဆိတ်တွေရဲ့သွေးကို သောက်သုံးတဲ့ ဝက်ဝံငယ်လေးအရွယ်လောက်ရှိပြီး ခွေးနဲ့သဏ္ဌာန်တူကာပျံနိုင်တဲ့ သားရိုင်းသတ္တဝါတစ်မျိုးပါတဲ့။ အဲဒီအကောင်မျိုးတွေဆီမှာ ထူးခြားတဲ့စွမ်းရည်တွေရှိလို့ လူတွေက ဒီအကောင်တွေကိုရှာဖွေကြတယ်..အထူးသဖြင့် ဒဏ်ရာတွေကို အလွယ်တကူပြန်ပျောက်စေတဲ့စွမ်းရည်ကြောင့်ပဲ... နှစ်အတော်ကြာသည့်တိုင် ရှာဖွေနိုင်ခြင်းမရှိလို့ ဒီမျိုးစိတ်ဟာ မျိုးတုံးပြီး ဒဏ္ဍာရီ ဆန်ဆန် သာ ကျန်ခဲ့ပါတယ်..သို့သော်ဒီအထဲမှာ လက်မလျှော့တဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်.. နောက်ဆုံးမှာ ရှားပါးမျိုးစိတ် သားအမိ(၂)ကောင်ကိုတွေ့ပြီးတဲ့နောက်မှာတော့ ... သူတို့တစ်ဖွဲ့လုံးဟာ အသည်းအသန် လိုက်ဖမ်းပြီးတဲ့နောက် မမျှော်လင့်တဲ့ဖြစ်ရပ်တွေ အားလုံးဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတော့တယ်... File Size :(2.2GB) and (899MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:35:00 Genre : Action, Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Science Fiction • Thriller
6.5 2023 98 mins
Chupa
Center Stage
7.3

တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ သတ်သေခဲ့ပါတယ်။ ၈နှစ်ကာလအတွင်း ရုပ်ရှင်၃၀ကျော်ရိုက်ကူးခဲ့ပြီး သရုပ်ဆောင်စွမ်းရည်လည်း တော်တော်ကောင်းခဲ့တဲ့သူပါ။ သူ့လက်တွေ့ဘဝမှာတော့ သူဟာ သူ့အပြစ်လို့ပြောမရတဲ့ အိမ်ထောင်ရေးအရှုပ်အရှင်းတွေ များခဲ့တဲ့သူဖြစ်ပြီး လူတကာရဲ့အမြင်မှာတော့ ဒီအရှုပ်အရှင်းတွေဟာ သူ့အပြစ်လိုလိုဖြစ်နေခဲ့ပါတယ်။ လူတွေရဲ့ကြောက်စရာကောင်းတဲ့ အတင်းအဖျင်းတွေကို သေရမှာထက်ပိုကြောက်ခဲ့တဲ့ ရွမ်လင်းယုဟာ သူ့ရဲ့အောင်မြင်နေတဲ့ဘဝကို ကျောခိုင်းပြီး သတ်သေသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့အကြောင်းတွေ သူတို့ခေတ်က မင်းသမီးတွေ ဒါရိုက်တာတွေအကြောင်းတွေကို ဒီရုပ်ရှင်ရဲ့ ဝိုင်းတော်သားတွေက ဝိုင်းဆွေးနွေးခဲ့ကြသလို ဇာတ်အိမ်မှာလည်း ၁၉၃၀ဝန်းကျင်က တရုတ်ပြည်ရုပ်ရှင်လောကက အခြေအနေတွေ လူတွေ ရုပ်ရှင်တွေအကြောင်း ပြထားခဲ့ပါတယ်။ Center Stageဟာ မက်ဂီချောင်ရဲ့ အလှည့်အပြောင်းအတွက် အရေးပါတဲ့ ရုပ်ရှင်လည်းဖြစ်ခဲ့ပါတယ်။ မက်ဂီကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ထဲရွမ်လင်းယုနဲ့ သူက ကံကြမ္မာချင်းတောင် ဆင်တယ်ပြောလို့ရတယ်ပြောပါတယ်။ ဘာလို့ဆို ရွမ်လင်းယုဟာ နည်းနည်းနှောင်းပြီးမှ ဇာတ်ကောင်းဇာတ်လေးတွေရခဲ့သလို မက်ဂီကိုယ်တိုင်လည်း ဝေါင်ကာဝေးကား၂ကားနဲ့ ဒီကားမတိုင်ခင် အစောပိုင်းကာလတွေမှာ ပေါ့ပေါ့ပါးပါးကားတွေပဲ ရိုက်ခဲ့တာ ဖြစ်လို့ပါပဲ။ As tears go by နဲ့ Days of Being Wild ဝေါင်ကာဝေးကား၂ကားက သူ့ဇာတ်ကောင်တွေကလည်း အရမ်းဝန်ပိတဲ့ဇာတ်ကောင်တွေမဟုတ်ခဲ့တာမို့ ပြောချင်ရင် ဒီကားကနေမှ သူ သူ့သရုပ်ဆောင်အစွမ်းကို ပေါ်လွင့်မယ့် ဇာတ်ကောင်းစရခဲ့တယ်လို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဒီရုပ်ရှင်နဲ့ မက်ဂီချောင်ဟာ ဘာလင်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ သရုပ်ဆောင်ဆုရခဲ့ပါတယ်။ တခြားလူသိများတဲ့ မင်းသားတွေအနေနဲ့ ဘစ်တိုနီလို့ ဟောင်ကောင်ရုပ်ရှင်လောကမှာ လူသိများတဲ့ တိုနီလျောင်ခဖိုင်နဲ့ တိုနီလျောင်ချူဝေရဲ့မိန်းမ ကာရီနာလောင်တို့ပါပါတယ်။ တိုနီလျောင်နှစ်ယောက်ဖြစ်နေလို့ ခဖိုင်ကို ဘစ်တိုနီလို့ နာမည်ပေးထားကြတာပါပဲ။ ရုပ်ရှင်ပွဲတော်အများစုမှာ best actress ဆုတွေရခဲ့ပြီး ရုပ်ရှင်ပွဲတော် ၂ခုမှာတော့ Best Cinematography ,Best Art Direction , Best Original Film Score ,Best Original Film Song ဆုတွေရခဲ့ပါတယ်။ နာမည်ကျော်ဝေဖန်ရေးဆရာတစ်ယောက်ဆို ၁၉၉၀ခုနှစ်ရဲ့ တစ်ကမ္ဘာလုံးမှာ ထွက်ခဲ့သမျှထဲ သူ့အကြိုက်ဆုံးကားလို့ ဆိုခဲ့ဖူးပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(1.5GB) Quality__720p IMDb Rating__7.5/10 Format__mp4 Duration__02:06:00 Type__Biography, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Fantasy • Mystery • Thriller
7.3 1991 154 mins
Center Stage
(18+) Cinderella's Hot Night
5.8

အကြည့်တွေ အချိုးစားတွေ မြင်ရယုံနဲ့ တဖြုတ်ဖြုတ်ကြွေစေမဲ့ အလှနတ်သမီးတွေ ဖြစ်တဲ့ Blair Williams, Sarah Hunter, Karlie Montana တို့အပြင် အခြား စွဲမက်စရာ မော်ဒယ်တွေ အပြိုင်အစွမ်းပြထားတဲ့ စင်ဒရဲလားရဲ့ ကြွက်တွေ ရွှေဖရုံသီးတွေ ရထားတွေ မပါတဲ့ ခေတ်သစ် ဇာတ်လမ်းလေးလာပါပြီ ဖန်တျာတေအောင် ကြည့်ခဲ့ဖူးတဲ့ စင်ဒရဲလားနဲ့ အခုစင်ဒရဲလား လုံးဝမတူပါဘူးနော် စင်ဒရဲလား နောက်ခံကျောရိုးကိုယူထားတဲ့ အသွင်သစ် စင်ဒရဲလားဖြစ်ပါတယ် စင်ဒီတစ်ယောက် မိဘတွေဆုံးသွားပြီးနောက် ဘဝကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်နေရရှာပါတယ် သူမက ကောလိပ်တက်နေရင် ကျူရှင်လခအတွက် လုံးပန်းနေရပါတယ် သူမက အလုပ်သင်အနေနဲ့ ယူနီဗာဆယ် လို့ခေါ်တဲ့ နိုင်ငံအသီးသီးနဲ့ချိတ်ဆက်ထားတဲ့ သွင်းကုန်ကုမ္ပဏီမှာ အလုပ်ရပါတယ် ကျူရှင်စရိတ်တွေရော အဆောင်ခတွေရော မတက်နိုင်တဲ့အဆုံး အဆောင်က နှင်ချခံရပေမဲ့ ကံအားလျာ်စွာပဲ သူဌေးရဲ့ အိမ်ကအခန်းလွတ်မှာ နေခွင့်ရခဲ့ပါတယ် သူ့မှာ အရမ်းဆိုးတဲ့ သမီးနှစ်ယောက်လည်းရှိနေပါတယ်......... တစ်နေ့မှာတော့ သူမတို့ ကုမ္ပဏီရဲ့ ပါတနာ အိမ်ရှေ့စံမင်းသားရဲ့ နှစ်သစ်ကြိုဆိုပွဲကြီးကျင်းပမှာမှာဖြစ်ပြီး စင်ဒီအရမ်းတက်ချင်ပေမဲ့ မိန်းမဆိုးလေးနှစ်ယောက်နဲ့ သူတို့မိခင်ကြီးက အတင်းအကြပ်တာတဲ့အခါ... ရှေ့ဆက် ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေက အရမ်းရင်ခုန်စရာကောင်းလှတာဖြစ်ပြီး လူကြီးကြိုက် အသားပေး ရိုက်ကူးတာတာဖြစ်လို့ DS ဖန်တွေအတွက် တင်ဆက်လိုက်ပါတယ် File Size - 1.5GB / 790MB Quality - 1080p WEBRIP / 720p Subtitle - Myanmar Subtilte (Hard Sub) Translator - Dark Master Encoder - X Cross

Drama
5.8 2017 80 mins
(18+) Cinderella's Hot Night
Fractured
6.7

ဒီဇာတ်လမ်းလေးကတော့ Mystery/ Thriller ကြိုက်တဲ့ ပရိသတ်ကြီးအတွက်တော့ အကြိုက်တွေ့စေဦးမှာပါ။ ဇာတ်လမ်းလေးကတော့ မိသားစုသုံးယောက် ခရီးထွက်လာချိန်မှာ သမီးဖြစ်သူက ထိခိုက်ဒဏ်ရာရသွားပါတယ်။ ဆေးရုံကိုအပြေးမောင်းလာခဲ့ပေမယ့် ဆေးရုံရဲ့အခြေအနေက ထူးဆန်းနေပါတယ်။ သူနာပြုတွေရဲ့ထူးဆန်းတဲ့အမူအရာတွေ၊ ဆေးရုံကိုရောက်လာတဲ့လူနာတွေ စတာတွေကြောင့် ဖခင်ဖြစ်သူက စိတ်ပူခဲ့ပေမယ့် သမီးဇောနဲ့ လက်ရှိဆေးရုံမှာပဲကုသခဲ့ပါတယ်။ ဒါပေမယ့်ဇနီးသည်ဖြစ်သူနဲ့ သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာတော့ ဖခင်ဖြစ်သူဘာဆက်လုပ်မလဲ?ဆေးရုံကရောဘာလဲ? ဘာကြောင့် ပျောက်ဆုံးသွားရတာလဲ? ရှေ့ဆက်လာတဲ့ မိနစ်နဲ့အမျှ စိတ်ဝင်စားဖို့ကောင်းကောင်းလာတဲ့ ဒီကားလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ Imdb Rating 6.3/10 Rotten Tomatoes 63% ရရှိထားပါတယ် File Size : ( 937 MB , 352 MB) Quality :  WEB-DL 720p Running Time : 1 hr 39 min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

Comedy • Drama • Sci-Fi & Fantasy
6.7 2019 101 mins
Fractured
That’s My Boy
5.5

ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။ လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး အရွယ်ရောက်လာချိန်မှာတော့ သူ့သားက သူ့ရင်ကိုစုံကန်ပြီး ထွက်သွားခဲ့ပါတော့တယ်။ ဒီလိုနဲ့ နှစ်တွေကြာသွားပြီး ဒွန်နီတစ်ယောက် မဖြစ်မနေ သူ့သားနဲ့ ပြန်တွေ့ရဖို့ အကြောင်းဖန်လာခဲ့ချိန်မှာတော့ ပြတ်သွားတဲ့ရေစက်ကို ပြန်ဆက်ဖို့ သားဆီအရောက်လှမ်းခဲ့ပါတော့တယ်။ ဖြစ်ချင်တော့ သူ့ကို အမုန်းကြီးမုန်းနေတဲ့ သားက မကြာခင် မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ကို အဖေတစ်ယောက်အဖြစ် အသိအမှတ်မပြုတာမို့ သားနဲ့အဆင်ပြေဖို့အရေး စစ်ဆင်ရေးစခဲ့ရပါတော့တယ်။ ဒွန်နီက သူ့သားဆီ နှစ်တွေကြာသွားပြီးမှ ဘာလို့ သွားရှာခဲ့တာလဲ။ သူ့သားကရော သူ့ကို အဖေအဖြစ် အသိအမှတ်ပြုပါ့မလား။ သူသွားရှာရတဲ့ ရည်ရွယ်ချက်ကရော‌ အောင်မြင်နိုင်ပါ့မလား။ သူ့သားရဲ့ သတို့သမီး မိသားစုကရော သူ့ကို အသိအမှတ်ပြု ရင်းနှီးသွားနိုင်မှာလား ဆိုတာတွေကို ဟာသနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဖော်ချွတ်အခန်းတွေနဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေ ပါတာမို့ ထုံးစံအတိုင်း မိသားစုနဲ့မကြည့်သင့်ပါ၊ တစ်ယောက်တည်းကြည့်ရင်လည်း တချို့နေရာတွေမှာ အသံတိုးပြီး ကြည့်ကြပါလို့) ဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။ Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

5.5 2012
That’s My Boy
Next Day Air

ဒီတစ်ခါမှာတော့ Next Day Air ဆိုတဲ့ အက်ရှင်ဟာသကားလေယကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ဂွတ်ချ်ရယ် ဘရိုဒီရယ် ဟက်စီဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ဒုစရိုက်မှုတွေလုပ်ကြပါတယ် ဒါပေမဲ့ သူတို့ဟာ ဒုစရိုက်မှုတွေလုပ်တယ်ဆိုပေမဲ့ ပေါက်ကရလုပ်တတ်တဲ့ တလွဲဥာဏ်ကြီးရှင်ဒုစရိုက်သမားတွေပါ လီယိုဆိုတဲ့ကောင်လေးကတော့ ဆေးခြောက်သုံး ပစ္စည်းလိုက်ပို့ပေးရတဲ့ကောင်လေးပါ တနေ့မှာ လီယိုတစ်ယောက်ဆေးကွဲနေတုန်း အရေးကြီးတဲ့ ကိုကိန်းတွေပါတဲ့ ပစ္စည်းပုံးကို အခန်းမှားပို့မိပါတော့တယ် မှားပြီးပို့မိတဲ့အခန်းကလည်း ဂွတ်ချ်နဲ့ဘရိုဒီတို့ရှိနေတဲ့အခန်းဆိုတော့ သူတို့အတွက် ရွှေထုပ်ကြီးပြုတ်ကျလာသလိုပဲပေါ့ သူတို့ဟာ အဲ့ဒီကိုကိန်းအထုပ်တွေကိုရောင်းဖို့ ကြိုးစားပါတော့တယ် တစ်ဖက်မှာလည်း အဲ့ကိုကိန်းထုပ်တွေကိုပို့တဲ့သူဟာ အကြီးစားမူးယစ်ဆေးရောင်းချသူ လူမိုက်ကြီး ဘွန်ဒေဂါ ဖြစ်နေတာကြောင့် သူ့ရဲ့ပစ္စည်းကိုပြန်လိုက်ရှာပါတယ် အဲ့တော့ ပေါက်ကရတွေ တလွဲတွေလုပ်တတ်တဲ့ ဂွတ်ချ်နဲ့ဘရိုဒီတို့နှစ်ယောက်က အဲ့ကိုကိန်းထုပ်တွေကိုရောင်းချနိုင်မလား ဘွန်ဒေဂါတို့အုပ်စုကပဲ ပြန်ပြီး ရယူနိုင်မလား ဒါမှမဟုတ် သူတို့ ဒုစရိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ပစ္စည်းပို့တဲ့ကောင်လေးလီယိုကပဲ ကြားညပ်သွားမလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာ အက်ရှင်ကားဆိုပေမဲ့ ဟာသနှောပြီးရိုက်ထားတာဖြစ်တဲ့အတွက် အရမ်းအပျင်းပြေစေပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2009
Next Day Air
Fuoshen: The Burning Man
5.8

လူငယ်လေးလျိုဟန်စွင့်ဟာ ကျိုဟယ်မြို့ ခရိုင်လုံခြုံရေးစခန်း စခန်းမှူးသွမ့်လင်ရဲ့ မွေးစားသားဖြစ်ပါတယ်။ မကောင်းသူပယ် ကောင်းသူကယ်တဲ့ သူရဲကောင်းလေးဖြစ်ချင်တဲ့ လျိုဟန်စွင့်ဟာ ရောဂါတစ်မျိုးကြောင့် သွမ့်လင်ရဲ့ ချုပ်နှောင်ခြင်းကို ခံထားရပါတယ်။ လမုန့်စားပွဲညမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားကြတဲ့ ပိုင်ထင်တောင်အမှုက စတေးသူများအဖွဲ့မှ ကလေး ၁၀ ယောက်ဟာ စက္ကူရုပ်လေးတွေ အဖြစ်နဲ့ မိဘတွေဆီကို ပြန်လာကြပြီး ဖျော်ဖြေပွဲလာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ လျိုဟန်စွင့်၊ တုစွိုက်နဲ့ စွန်းရှောင်ချို့တို့ ၃ ယောက်ဟာလည်း ပိုင်ထင်တောင်ကို သွားရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပိုင်ထင်တောင်မှာပုန်းခိုနေတဲ့ မှော်ဂူသောက်မှ နတ်မယ်တော်လေး ရှောင်ပိုင်နဲ့ တွေ့ခဲ့ပြီး အချင်းချင်းတိုက်ခိုက်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ရဲ့ အစွမ်းကို ပေါင်းစည်းပြီး စက္ကူရုပ်လေးတွေကို အသက်ဆက်ပေးလို့ရကြောင်း သိရှိသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အစွမ်းကို တည်ငြိမ်အောင် လေ့ကျင့်ကြပါတော့တယ်။ သူတို့ အစွမ်းတွေပေါင်းစည်းလိုက်ခြင်းက ကောင်းကျိုးလား ဆိုးကျိုးဖြစ်မလား…… လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုကို ကြိုးကိုင်သူက ဘယ်သူဖြစ်မလဲ…… နောက်ကွယ်က အကြံအစည်ကြီးကိုရော တားဆီးနိုင်ပါ့မလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Fuoshen: The Burning Man
Freud’s Last Session
6

Freud’s Last Session (2023) ~ IMDb – 6/10, RT – 45%, Meta – 49% ~ စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က 12 Angry Men တို့ The Man from Earth တို့လို တစ်ကားလုံး အခန်းတစ်ခန်းတည်း စကားထိုင်ပြောနေရင်းနဲ့ကို ပြီးသွားတဲ့ ရုပ်ရှင်မျိုးပဲ။ ဗုံးကြဲမယ့်ကြေညာချက်ထွက်လာလို့ ဗုံးခိုကျင်းကို သွားရှောင်တာတို့ သူတို့အတိတ်က အဖြစ်တွေကို Flashback ပြန်ပြတာတို့တော့ နည်းနည်းပါတယ်။ အဲဒါကလွဲ တစ်ကားလုံးစကားများရင်းနဲ့ကိုပြီးသွားတော့ ဒီလိုကားမျိုးကို ကြိုက်တဲ့လူတွေအတွက်ပဲ အဆင်ပြေလိမ့်မယ်။ တစ်ခုရှိတာက သူတို့ပြောနေတဲ့ အဓိက Topic က ဘုရားသခင်ကို ဦးတည်နေတာပေမဲ့ တကယ်တမ်း သူတို့ဆွဲထည့်ရတော့ နတ်ဘုရားတွေ ဘာတွေအထိပါပါလာသလို လူးဝစ်က ခရစ်ယာန်ဖြစ်နေလို့သာ ဒီ Topic က ဘုရားသခင်ကို ယုံခြင်းမယုံခြင်းဘက်သွားနေပေမဲ့ စကားလုံးအများစုကတော့ ဘာသာတရားအားလုံးနဲ့ ချိတ်ဆက်လို့ရနေတာများတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့၂နာရီလုံး သူတို့ဒီအကြောင်းပြောနေကြပေမဲ့ တကယ်တမ်း အဖြေမထွက်သွားသလို ဖရွိုက်ကိုယ်တိုင်လည်း သမိုင်းရဲ့အကြီးကျယ်ဆုံး ပဟေဠိကို အဖြေထွက်မယ်ထင်နေခဲ့တဲ့ ငမိုက်သားတွေလို့ သူ့ကိုယ်သူပြန်ပြောသွားခဲ့တယ်။ ဒါပေမဲ့လည်း ဘာသာတရားတွေနဲ့ ပတ်သက်တဲ့ အမြင်တွေကို ပြောသွားတာတော့ ဘယ်သူ့အတွက်ပဲဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းနေလောက်မယ်။ ဒါအပြင်တော့ လူးဝစ်ရဲ့ နာနီယာရဲ့ ဖြစ်တည်ခြင်းကို စေ့ဆော်ပေးခဲ့တယ်လို့ ယူဆရတဲ့ ဇာတ်ဝင်ခန်းတွေ၊ သူ့သမီးနဲ့သူနဲ့ကြားက ဆက်ဆံရေး၊ ဖရွိုက်နဲ့ ဂျာမန်အသိုင်းအဝိုင်းရဲ့ဆက်ဆံရေး၊ သူ့သမီးရဲ့ စိတ်ရောဂါ၊ နောက် လူးဝစ်ဘက်ကဆို Lord of the Rings စာရေးဆရာ J. R. R. Tolkien နဲ့ လူးဝစ်တို့ရဲ့ စာပေဆွေးနွေးတဲ့အဖွဲ့ The Inklings အကြောင်းတို့ J. R. R. Tolkien အကြောင်းနည်းနည်းတို့ ထည့်သွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း Tolkien ကို ဉာဏ်ကြီးရှင်ဆိုပြီး ချီးးကျူးသွားခဲ့တယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိကအမြင်အရ သဘောအကျဆုံးအချက်ကတော့ ဆစ်ဂမန်ဖရွိုက်ဆိုတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စိတ်ပညာရှင်ကြီးကို သာမန်လူထက်ပိုတာဆိုလို့ စိတ်ပိုင်းဆိုင်ရာသီအိုရီတွေကိုသိနေပြီး ကောင်းကောင်းပြောတတ်ဆိုတတ်တာကလွဲလို့ သာမန်လူတစ်ယောက်ပဲ ဖြစ်နေတယ်ဆိုတဲ့ ပုံစံနဲ့ပြသွားတာကိုပါပဲ။ ဖရွိုက် ခံတွင်းကင်ဆာကျွမ်းနေတဲ့ နောက်ဆုံးအချိန်မို့ သူ့စိတ်က ပိုပြီးမြင်သာနေတာလားတော့ မပြောတတ်ဘူး။ ဘာပြောပြော ဖရွိုက်ကို ခင်ဗျားတို့ ကျွန်တော်တို့လို ကြောက်တတ် ဒွိဟဖြစ်တတ် အတ္တကြီးတတ်တဲ့ လူတစ်ယောက်အနေနဲ့ပဲပြသွားတယ်။ ဖရွိုက်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အမှားတွေရှိတဲ့ အားနည်းချက်တွေရှိတဲ့ လူထဲကလူလို့ပဲ ပြောသွားခဲ့တာပါပဲ။ ဒီရုပ်ရှင်ကို လက်ရှိဟောလိဝုဒ်ရဲ့ ခေါင်းဆောင်မင်းသားနေရာက သရုပ်ဆောင်ကြသူတွေထဲ သမ္ဘာအရင့်ဆုံး အခုထိလည်း အစွမ်းပြနေတုန်းဖြစ်တဲ့ Anthony Hopkins နဲ့ ဒီမှာတော့ လူသိသိပ်မများပေမဲ့ သရုပ်ဆောင်တော်တော်ကောင်းတဲ့ Matthew Goode က အဓိကသရုပ်ဆောင်ထားတယ်။ မက်သရူးဟာ Leap Year, The Imitation Game, Watchmen တို့လို ရုပ်ရှင်တွေမှာ သရုပ်ဆောင်ဖူးပြီး မနှစ်ကတော့ The Offer ထဲက Bob Evans ဇာတ်ကောင်နဲ့ ကျွန်တော်တို့ သိပ်ကြိုက်ခဲ့ရတဲ့ဘဲပေါ့။ Armand Nicholi ရဲ့ Question of God ကို အခြေတည်ထားတဲ့ ပြဇာတ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖရွိုက်ကို စိတ်ပညာကို ဘာသာရေးတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့လည်း ဇာတ်ဟာ ဘယ်မှမရောက်သလို တုံးတိကြီးဖြစ်နေတဲ့အပြင် သူပြောခဲ့သလို သူတို့ဆွေးနွေးခန်းကလည်း ဘယ်ကိုမှမရောက်သွားတော့ ရုပ်ရှင်တစ်ကားအနေနဲ့တော့ ဇာတ်အိမ်တော်တော်ချာတယ်ပြောရမှာပါပဲ။ ဒါကြောင့်လည်း ဝေဖန်ရေးသမားတွေတော့ သဘောမကျခဲ့ကြဘူး။ ဘာနေနေ ဒီရုပ်ရှင်ဟာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း ဖစ်ရှင်တစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 880MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6 2023 109 mins
Freud’s Last Session
Indigo
5.5

Indigo (2023) ဒီကားလေးကတော့ MIDb 5.5 ထိရရှိထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Horror/Thriller အမျိုးအစား အင်ဒိုဇာတ်ကားကောင်းလေးပါ တစ်ခြားအပနှင်ကားတွေနဲ့ နည်းနည်းလေးကွဲထွက်ပြီးတော့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့တည်ဆောက်ထားတာပါ ဇာတ်ကားထဲမှာ ဇိုရာဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သူ့ညီမလေးတို့ဟာ သူတို့မိဘတွေဆုံးသွားလို့ အိမ်ကြီးထဲမှာ နှစ်ယောက်ထဲနေကြရတယ် သူတို့ညီမနှစ်ယောက်လုံးမှာ အင်ဒီဂိုဆိုတဲ့ သူများတွေမမြင်ရ မကြားရတဲ့ ပရလောကသားတွေကိုမြင်ရကြားရတဲ့အစွမ်းကိုပိုင်ဆိုင်ထားကြတယ် တကယ့်ကိုစွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင်က သူတို့ညီမနှစ်ယောက်ထဲက တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလိုချင်လို့ လိုက်သောင်းကျန်းနေတာကို သူတို့တွေ ဘယ်လိုသည်းထိပ်ရင်ဖို ခုခံကာကွယ်ကြလဲဆိုတာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ် ဒါရိုက်တာ Rocky Soraya ရိုက်ကူးထားပြီးတော့ Main cast အဖြစ် အင်ဒို မင်းသမီးချောလေး Amada Manopo သရုပ်ဆောင်ထားပါတယ် မင်းသမီးလေးချောချက်ကလဲ သူနဲ့တင်ကြည့်ရတန်နေပါပြီ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးဖြစ်ပြီး အာရှပရလောကကားတွေကြိုက်တဲ့သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 1.15GB | 647MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Saii Thurein Lynn Encoder ….. Aaron

Action • Drama • History
5.5 2023
Indigo
Alfie

IMDb 6.2 ရရှိထားပါတယ်။ Comedy / Romance အမျိုးအစားလေးပါ။ ဇာတ်အိမ်ကတော့ အယ်လ်ဖီဆိုတဲ့ ဒရိုက်ဘာတစ်ယောက်ကိုတည်ထားတာ။ အယ်လ်ဖီက လီမိုကားမောင်းတဲ့ ဒရိုက်ဘာတစ်ယောက်။ သူ့ရုပ်ရည်က စွဲဆောင်မှုရှိတဲ့အထဲပါတယ်ပေါ့။ စော်ကြည်ဘဲပေါ့။ အယ်လ်ဖီရဲ့အားသာချက်က တော်ကီကောင်းပြီး မိန်းမတွေကိုညှို့ယူဆွဲဆောင်ရမလဲဆိုတာကို ကောင်းကောင်းသိတာ။ စော်ကြည်ဘဲအယ်လ်ဖီက လီမိုကားဒရိုက်ဘာလုပ်ပြီး၀န်ဆောင်မှုပေးရတဲ့ အထက်တန်းလွှာအသိုင်းအဝိုင်းထဲက မိန်းမတွေနဲ့ငြိတယ်ပေါ့။ ဒီလို၀မ်းနိုက်စတန်းတွေနဲ့ စားချင်တိုင်းစားနိုင်နေတဲ့အယ်လ်ဖီရဲ့ မကောင်းတဲ့အကျင့်က မိန်းကလေးတစ်ယောက်ကို စိတ်ရှိသလိုအသုံးချပြီးရင် တာ၀န်ယူမှုတာ၀န်ခံမှုကျ မရှိတာပဲ။ သူက သူ့ရဲ့မကောင်းတဲ့လုပ်ရပ်တွေကို ဆင်ခြေဆင်လက်ပေါင်းစုံနဲ့ အပြစ်လွတ်အောင် အကြောင်းပြပြီး ရှောင်ပြေးနေကျ။ ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချေးသင့်ဆိုတဲ့စကားအတိုင်း အယ်လ်ဖီက သူ့ရပ်တွေရဲ့ ကြောက်စရာအကျိူးဆက်တွေကို တဖြည်းဖြည်းခံစားလာ‌ရတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ဇာတ်လိုက် အယ်လ်ဖီကိုယ်တိုင်က ‌ဇာတ်ကြောင်းပြော‌တဲ့‌‌သူနေရာကနေလည်း သရုပ်ဆောင်ထားတာကြောင့် သူက ဇာတ်၀င်ခန်းတွေမှာ ပရိတ်သတ်ကြည့်ပြီး စကားလှမ်းလှမ်းပြောတဲ့ပုံစံက ရုပ်ရှင်ကိုနည်းနည်းဆန်းသွားစေတယ်လို့ဆိုရမယ်။ ရုပ်ရှင်ကပေါ့ပေါ့ပါးပါးပါပဲ လိင်ကိစ္စ၊ ဖိုမသဘာ၀ ဟာသလေးတွေနဲ့ရောပြီး မက်ဆေ့ခ်ျလေးတွေကိုပေးသွားတာမလို့ အေးဆေးကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးပါ။ အဖော်အချွတ်ခန်းတွေပါ၀င်တာကိုတော့ သတိချပ်ပေးပါ။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Comedy, Romance , Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2004
Alfie
The Birds
7.6

Classic Films တွေကြိုက်တဲ့သူဆို Alfred Hitchcock ကို သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားက England က Sir ဘွဲ့ရထားတဲ့ directior တစ်ယောက်ဖြစ်သလို Film လောကမှာ influential အဖြစ်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Alfred Hitchcockရဲ့ လက်ရာဖြစ်ပါတယ်။ ‌ ထပ်ဆင့်အနေနဲ့ နာမည်ကြီး စာရေးဆရာမ Daphne Du Maurier ရဲ့ ‘The Birds’ အမည်ရ ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာဖြစ်ပါတယ်။ 1963 က ထွက်တာဆိုပေမည့် ခုထိ မဟောင်းသွားဘဲ ကောင်းနေဆဲပါပဲ။ IMDb မှာ 7.6 ရရှိထားပါတယ်။ ဇာတ်လမ်းအကြောင်းတော့ အများကြီးပြောမနေတော့ပါဘူး။ ဒီတိုင်း ဘာမှမသိထားဘဲ ကြည့်လိုက်တာ ပိုကောင်းမယ် ယူဆပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by BB

7.6 1963
The Birds
Katak: The Brave Beluga
6.1

ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။ အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre… Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali

6.1 2023
Katak: The Brave Beluga
A Tale of Two Sisters
7.2

A Tale Of Two Sisters (2003) IMDb: 7.1/10 Genre: Drama/Horror/Mystery မွန်ဂိုယောင်းပါဝင်ထားပြီးနာမည်ကြီးတဲ့ ဒီရုပ်ရှင်ကသရဲကားဆိုပေမဲ့ သာမန်ကြည့်နေကျ သရဲကားပုံစံတွေနဲ့ကွဲထွက်နေပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲမှာ ဟင်ကနဲ ဟာကနဲဖြစ်နေမယ့် ရုပ်ရှင်မျိုးပါ။ ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေခံစားရမယ့်အပြင် တကယ်ကိုစိတ်ထဲမှာစွဲကျန်နေမဲ့ သရဲကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ရက်ရှည်ဆေးကုပြီး အဖေနဲ့မိထွေးရှိတဲ့ အိမ်ကိုပြန်လာတဲ့ ဆူယွန်းနဲ့ဆူမီတို့ညီအစ်မ၊ သူတို့အိမ်ပြန်လာပြီးနောက်ပိုင်းမှာ အရာရာကအရင်လိုမဟုတ်နေတော့ပဲ အိမ်ကြီးမှာလည်း ထူးဆန်မှုတွေဖြစ်လာပါတော့တယ်။ ပြောင်းလဲမှုတွေက ဘယ်လိုမျိုးပြောင်းလဲမှုမျိုးလဲ ထူးဆန်းတဲ့အရာတွေကရော ဘာတွေဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းအစကနေအဆုံးထိပဟေဠိဆန်ဆန်ကြည့်ရှုခံစားရမှာဖြစ်ပြီး ဝမ်းနည်းမှုကြောက်ရွံ့မှုစတဲ့ခံစားချက်များစွာကို ခံစားရမှာဖြစ်ပြီး ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးပေးထားတာကြောင့် ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size… 2.2 GB / 809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

7.2 2003 115 mins
A Tale of Two Sisters
Kill Bill: Vol. 2
8

Kill Bill : Vol. 1 (2003) & Kill Bill : Vol. 2 (2004) IMDb Rating (8.2) / IMDb Rating (8.0) ဒီဖက်ခေတ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ ၄ ကားမြောက်ရုပ်ရှင်ဖြစ်ပြီး Volume 1/2 အဖြစ် ၂ ပိုင်းခွဲ ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့…. အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြို့ကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ်ထပ်ပွဲတစ်ခုမှာ ကိုယ်ဝန်ဆောင် သတို့သမီးတစ်ယောက်အပါအဝင် လူကိုးဦး၊ (သတို့သမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တို့ဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ သူတို့ကို သတ်ခဲ့တဲ့သူတွေက “မရဏမြွေပွေး” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲ့တစ်ခုကဖြစ်ပြီး သူတို့တစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတို့ရဲ့ အဖွဲ့ဝင်ဟောင်းလည်းဖြစ်၊ အဖွဲ့ခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံး…ချစ်သူဟောင်းလည်းဖြစ်တဲ့ “သူတို့သမီး”(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။ “သတို့သမီး”ဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ “ကိုမာ”(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။ အဲဒီအခါမှာတော့ သတို့သမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တို့ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်။ ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (20014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။ Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ချက်က Uma Thurman ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ The Bride@Black Mamba@Beatrix Kiddo ပါ။ Kill Bill ရဲ့ Main Character ဖြစ်တဲ့ ဒီဇာတ်ကောင်ဟာ Empire Film Magazine က ရွေးချယ်ခဲ့တဲ့The 100 Greatest Movie Characters ထဲမှာ Harry Portter…Bane…Captain Kirk….Neo….Wolverine….Bilbo Baggins….V..တို့ရဲ့အထက်မှာ အဆင့် ၂၃ နေရာကို ရရှိခဲ့ပါတယ်။ အက်ရှင်ခပ်ကြမ်းကြမ်းတွေကို ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် စွဲလန်းသွားစေလောက်မယ့် ဇာတ်ဝင်ခန်းတွေအများအပြားပါဝင်ပြီး IMDb 8.2/10….RT 85%…Roger Ebert 4/4 စတဲ့ Rating မြင့် ဂန္ဓဝင်ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ရပါတယ် ခင်ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Kaung Thant Sin မှ တင်ဆက်ထားပါတယ်။)

Mystery • Thriller
8 2004 136 mins
Kill Bill: Vol. 2
Drishyam 2 Hindi Version
8.2

Drishyam 2 (2022) IMDb Rating (8.2) / Rotten Tomatoes (70%) ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Drishyam (2015) ရဲ့အဆက် Drishyam-2 လာပါပြီ။ ရုံတင်ငွေ ကုဋေ 300ကျော် ရခဲ့တဲ့ အဂျေးရဲ့ 2022 စံချိန်တင်၀င်ငွေရတဲ့ကားပါ ဒီတစ်ခေါက်မှာဗီဂျေးရင်ဆိုင်ရမယ့်လူကတော့ စစ်တုရင်ကိုတောင်စိတ်နဲ့ဆော့ပြီး အနိုင်ယူတဲ့အထိဉာဏ်ပြေးလွန်းတဲ့ ပြည်နယ်ညွှန်ကြားရေးမှူးတစ်ယောက်ပါ ဇာတ်လမ်းအညွှန်းကတော့ Drishyam မှာဖြစ်ပျက်ခဲ့တာတွေအပြီး 7 နှစ်အကြာ ဗီဂျေးဟာ ရုပ်ရှင်ရုံပိုင်ရှင်ဖြစ်လာပြီး သူတို့ဖြစ်ရပ်ကို ပြန်ရိုက်ဖို့အတွက် အိမ်၀န်းရဲ့တစ်စိတ်တစ်ပိုင်းကိုရောင်းပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ် သို့ပေမယ့် တစ်နှစ်ကြာသည်ထိရုပ်ရှင်ကအကောင်အထည်ပေါ်မလာခဲ့ပါဘူး သူ့ဇာတ်လမ်းကိုလူအများကသဘောကျကြပေမယ့် ဇာတ်သိမ်းကိုတော့ အားမရကြပါဘူး လက်တွေ့ဘ၀မှာလည်း ၇ နှစ်ကြာသည်ထိ သားဖြစ်သူအတွက် အခဲမကျေနိုင်ဖြစ်နေတဲ့ မီရာဟာ အိန္ဒိယကိုပြန်ရောက်နေခဲ့ပါတယ် သူ့သားရဲ့ ဝိဉာဉ်အေးချမ်းဖို့အတွက်အလောင်းနေရာကိုမေးခဲ့ပေမယ့် ဗီဂျေးကမပြောပြခဲ့တော့ ထက်မြတ်တဲ့ရဲအရာရှိဖြစ်ခဲ့ဖူးတဲ့မီရာဟာ သားအတွက် တရားမျှတမှုဘယ်လိုရအောင်ပြန်ရှာမလဲ ဗီဂျေးကရော ဘယ်လိုမျိုးဉာဏ်လျင်လျင်နဲ့ ကျော်လွှားဖြေရှင်းပြဦးမလဲ ဒီတစ်ခါသူ့ရင်ဆိုင်ရမယ့်ဖြစ်ရပ်ကနေရော အများသဘောကျကျေနပ်မယ့် ဇာတ်သိမ်းမျိုးရနိုင်မလား ကြည့်ရှူခံစားကြည့်ပါဦး။ Drishyam ဇာတ်ကားက သိပ်ကောင်းပေမယ့် မူရင်းတော့ မဟုတ်ခဲ့ဘဲ တောင်ပိုင်းက မလာယမ်စကားပြောရုပ်ရှင်ကို Remake ပြန်ရိုက်ထားတာဖြစ်ပါတယ်။ မူရင်း Malayalam Version ဖြစ်တဲ့ Drishyam (2013 ) က ၂၀၁၃ မှာ စတင်ထွက်ရှိခဲ့ပြီး တောင်ပိုင်းရဲ့နာမည်ကျော် မင်းသားကြီး မိုဟာလာနဲ့ရိုက်ကူးခဲ့ပေမယ့် လူသိပ်မသိခဲ့ဘဲ ဘောလိဝုဒ်က အဂျေးနဲ့ရိုက်မှပဲ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ မူရင်း Malayalam Version က ၂၀၂၁ ခုနှစ်မှာ Drishyam 2 ကိုဆက်ရိုက်ခဲ့ပြီး ဘောလိဝုဒ်ကလဲ Drishyam 2 (2022) ဆိုပြီး ထပ် Remake ခဲ့ပါတယ်။ ဆိုတော့ Hindi Version နဲ့ ၂ ကားရှိပြီး Malayalam Version နဲ့ ၂ ကားရှိပါတယ်။ ဘယ်မင်းသားကိုကြိုက်လဲပေါ်မူတည်ပြီး ကြည့်လို့ရပါတယ်။ Version ၂ ခုစလုံးက ဇာတ်လမ်းသွားလာအကုန်တူတာမလို့ ၄ ကားလုံးကြည့်ဖို့ မလိုအပ်ပါဘူး။

Thriller • Drama
8.2 2022 140 mins
Drishyam 2 Hindi Version