YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love.Marry.Kill.2023.720p.WEBRip.(CM).mp4

682.1 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spoiler Alert
7.3

"အချစ်"ဆိုတာ ဘယ်လိုအရာမျိုးလဲ။ စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။ ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်း မတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား "အချစ်"ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်း ကွဲပြားနိုင်ကြတယ်မဟုတ်လား။ မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့ "အချစ်" တစ်ခုတည်း‌ကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ်ချစ်တဲ့သူက "ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ"တဲ့။ ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရော ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်က စွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။ မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲ ကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင် Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။ စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonက မိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာ ဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။ ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့"အချစ်"အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။ ပရိသတ်ကြီးတို့ရဲ့ "အချစ်"အပေါ်ရှုမြင်ပုံခြင်းနဲ့ရော ထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦး‌နော်။ ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာက ဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့ တချို့‌ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။ File size…(1.23GB)  / (`981MB) / (479MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...  Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue

7.3 2022 110 mins
Spoiler Alert
Rescued by Ruby
7.5

K9 ဆိုတဲ့ အနံ့ခံခွေးတပ်ဖွဲ့ကို အရမ်းကိုဝင်ချင်နေတဲ့ ဒန်နီရယ် ဘယ်အိမ်ကမှာမမွေးစားနိုင်အောင်ဆိုးလို့ ဂေဟာမှာ သောင်တင်နေတဲ့ ရူဘီဆိုတဲ့ ခွေးမလေးအကြောင်းဖြစ်ရပ်မှန်ရိုက်ထားတဲ့ကားလေးပါပဲ ဟော့ဒေါဆိုရင် မနေနိုင်မထိုင်နိုင် အရမ်းကြိုက်တဲ့ ခွေးမလေးရူဘီဟာ သူ့ရဲ့သခင်အမှန်ကိုမတွေ့ရသေးခင်အထိ မွေးစားတဲ့အိမ်တွေမှာ စကားနားမထောင်ဘဲ လုပ်ချင်တာတွေလုပ်လို့ ဂေဟာမှာသောင်တင်နေတာပါ ဒန်နီရယ်ကလည်း K9ကိုဝင်ချင်လွန်းလို့ စာမေးပွဲ ၈ကြိမ်ဖြေပြီးတဲ့အထိ မအောင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ တစ်နေ့တော့ ဘယ်သူမှ မမွေးစားတဲ့ ရူဘီကို ဂေဟာက လက်စသတ်ဖို့လုပ်နေတုန်း အကြောင်းအရာတိုက်ဆိုင်ပြီး ဒန်နီရယ်တဲ့တွေ့သွားကြတဲ့အခါ ဘာတွေဖြစ်လာမလဲ ရူဘီ့ကို ဒန်နီရယ်က သူများတွေနဲ့မတူဘဲ လေ့ကျင့်ပေးနိုင်မလား ရူဘီကရောဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ ကြည်နူးမှုလေးနဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ တချို့ကားတွေလို့ ခွေးလိမ္မာလေးက အစစအရာရာလိမ္မာတာမဟုတ်ဘဲ ခက်ခက်ခဲခဲသင်ကြားပေးရတဲ့ကားဆိုတော့ ကြည့်ရတာတန်မှန်လို့ မျှော်လင့်ပါတယ် File size…(1.88 GB)/(904.61 MB )/(519.19 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Biography, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Drama • Thriller
7.5 2022 93 mins
Rescued by Ruby
Bhuvanavijayam

Bhuvana Vijayam(2023) IMDb-6.9/10 ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ် ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni

Horror • Science Fiction • Thriller
0 2023 118 mins
Bhuvanavijayam
The Kept Mistress Killer
5.5

The Kept Mistress Killer (2023) The Kept Mistress Killer ကဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇာတ်ကားလား။ ပြောရရင်တော့မဟုတ်ပါဘူးခင်ဗျ။ ‘Next-Door Nightmare,’ ‘Escaping My Stalker,’စတဲ့ မှုခင်းဖြစ်ရပ်ဇာတ်ကားတွေကိုဇာတ်ညွှန်းရေးသားတဲ့ စတီဗင်ရာမန်ရဲ့နောက်ဆုံးထွက်လက်ရာလေးပါ။ ဇာတ်ညွန်းရေးတဲ့သူက တကယ်ဖြစ်ရပ်မှန်မှုခင်းနဲ့တူအောင်၊ မှုခင်းရဲ့သဘောသဘာဝ၊လူတွေရဲ့စိတ်ခံစားချက်ကို ကြည့်ရှုသူရဲ့စိတ်ထဲ ရသမြောက်အောင် ထည့်သွင်းပေးဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒီဇာတ်လမ်းလေးမှာဆိုရင်လည်း ကတ်သရင်းဆိုတဲ့အမျိုးသမီးတစ်ယောက်က ကုမ္ပဏီတစ်ခုမှာအလုပ်လျှောက်တာ၊CEOကသဘောကျပြီးချက်ချင်းတန်းခန့်ပါလေရော။ လုပ်ကလုပ်မယ်တောင်မကြံသေးဘူး သူဌေးအရင်မိန်းမအသတ်ခံရလိုပြဿနာတွေတက်ပါလေရော။ လူတိုင်းကလူသတ်တရားခံဖြစ်နိုင်နေတော့ တရားခံဘယ်သူလဲဟေ့ဆိုပြီး ခေါင်းစားရတဲ့ဇာတ်လမ်းလေးပါပဲဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။

Drama
5.5 2023 90 mins
The Kept Mistress Killer
The Seven Deadly Sins: Grudge of Edinburgh Part 1
5.5

The Seven Deadly Sins: Grudge of Edinburgh Part 1 (2022) ========================================= ဟုတ်ပါတယ်။ Seven Deadly Sins fanတွေကြားမှာ အရမ်းပွဲထသွားခဲ့တဲ့ 2022တုန်းက Movie ပါ။ ဒါရိုက်တာနဲ့ စတူဒီယိုအပြောင်းအလဲကြောင့် fan တွေကြားမှာ Game Trailer လားလို့တောင် မေးယူရတဲ့အထိ Animation style ကြီးတစ်ခုလုံး ဝက်ဝက်ကွဲဖုန်ထသွားတဲ့ကားပါ။ Seven Deadly Sins က plot ပိုင်းကြောင့် Manga မှာအတန်အသင့်အောင်မြင်ပြီး ဖန်အသင့်အ တင့်လည်းရှိတဲ့ Anime series တစ်ခုပါ။ Grudge of Edinburghရဲ့ Animation style က 2D Japan Anime ကြည့်နေကျလူတွေရဲ့ မျက်စိထဲမှာတော့ နည်း နည်းတစ်မျိုးဖြစ်နေမယ်ဆိုပေမဲ့ အရင် 2Dလို့ စိတ်ထဲမထားဘဲ တခြားအသစ် တစ်ခုအနေနဲ့ မြင်ကြည့်ရင် အဆင်ပြေမယ်ထင်ပါတယ်။ SDSကို မကြည့်ဖူး သူတွေအနေနဲ့လည်း ဒီမူဗီကို ကြည့်လို့ရပါတယ်။ အောက်မှာဇာတ်ညွှန်းလာပါပြီ။ Timeline ကတော့ ဒုစရိုက်(၇)ပါးရဲ့ခေါင်းဆောင် နဂါးဒေါသဒုစရိုက် Meliodasနဲ့ နတ်ဘုရားမမျိုးနွယ် တတိယမြောက် မင်းသမီး Elizabeth တို့ရဲ့သား Tristan Liones ခေတ်ပါ။ တစ်နေ့တော့ ဘုရင်မ Elizabeth ကျိန်စာအတိုက်ခံပြီး အဲ့ကျိန် စာကို ပယ်ဖျက်ဖို့ Tristanက အာရုံခံမိတဲ့အတိုင်း အရှေ့ဘက်ယွန်းယွန်းကို ခရီး ထွက်ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ လိုက်ဖမ်းခံရလို့ ထွက်ပြေးနေတဲ့ ဘီလူးတွေ၊ နတ် သူငယ်တွေနဲ့တွေ့ပြီး ကယ်ပေးလိုက်ရာကနေ သူတို့ရဲ့ဦးတည်ရာကလည်း အရှေ့ ဘက်ဖြစ်နေလေတော့ အတူတူခရီးထွက်လာလိုက်ကြပါတယ်။ Part(1), Part (2) နှစ်ကားထွက်ထားပြီး နှစ်ကားလုံးတင်ဆက်ပေးသွားပါမယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.1 GB) / (587 MB) Quality…………WEB-DL 1080p / 720p Duration………52Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator……Ngwe Zin Encoder……….Zin Phyo Aung

5.5 2022
The Seven Deadly Sins: Grudge of Edinburgh Part 1
Vengeance
6.5

Vengeance (2009) ~ IMDb – 6.5/10, Rotten Tomatoes – 68% ~ Directed by “Johnnie To” ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။ အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ Simon Yam တို့ကိုထည့်သုံးထားပေမဲ့ အဓိကဇာတ်ကောင်ကတော့ ပြင်သစ်လူမျိုး အဆိုတော်သရုပ်ဆောင် Johnny Hallyday ဖြစ်နေတယ်။ သူ့သမီးနဲ့သမက်ရော မြေးနှစ်ယောက်လုံးကိုရော တရုတ်လူသတ်သမားတွေက သတ်သွားလို့ မကာအိုကို လာပြီး သတ်တဲ့တရားခံကိုရှာပြီး လက်စားချေဖို့ အန်သိုနီဝေါင်တို့ အုပ်ကို သူပိုင်သမျှအကုန်ပေးပြီး ငှားလိုက်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ လက်စားချေတဲ့ဇာတ်ပေါ့။ နာမည်နဲ့တော့ ကွက်တိပါပဲ။ ဒီကားက ဂျွန်နီတိုရဲ့ အကောင်းဆုံး ၇ကားစာရင်းလောက်တော့ ဝင်လိမ့်မယ်။ အန်သိုနီဝေါင်ပါခဲ့ဖူးတဲ့ Exiled က အရသာမျိုးခပ်ဆင်ဆင်ပဲထပ်ရတယ်။ အဲဒီကလိုပဲ အသတ်အဖြတ်တွေကြားက ကကျိုးကကြောင်အဖြစ်တွေလည်း ပါတယ်။ ကကျိုးကကြောင်ဆိုတာက ဒီဂိုဏ်းစတားတွေက အဘိုးကြီးမိသားစုကို သတ်သွားတဲ့ အုပ်ကို လိုက်သတ်တယ်။ ၂ဖက်စလုံးထိခိုက်ပြီး ပြန်လာရတယ်။ သူတို့နားနေတုန်း သူတို့ဘော့စ်က သူတို့ဆီဖုန်းဆက်ပြီး သူ့လူတွေကို လူတစ်အုပ်က တိုက်နေကြောင်းအထိနာနေကြောင်းပြောပြီး သွားကူခိုင်းတယ်။ နောက်ဆုံးပြောသွားတာက တရုတ်လေးကောင်နဲ့ နိုင်ငံခြားသားတစ်ကောင်ပါတဲ့အုပ်တဲ့။ သူတို့ကိုပဲပြောနေတာ။ ဒီတော့ သူတို့က နေရာမေးပြီး သွားသတ်ပစ်လိုက်ရော။ စားတော့စားတယ်။ ဒါပေမဲ့ ဒီလိုကကျိုးကကြောင်တွေက ဂျွန်နီတို့ ဂိုဏ်းစတားကားတွေမှာ ကျွန်တော်တို့မြင်နေကျပဲ။ နောက် ဂိုဏ်းစတားတွေရဲ့ သတ္တိတွေ သစ္စာတွေလည်းပါတယ်။ ပြင်သစ်အဘိုးကြီးက ခေါင်းမှာကျည်ဝင်နေတော့ သူအပ်ထားတဲ့အလုပ်ကို သူမေ့နေတာတောင် သူတို့လက်ခံထားတဲ့အလုပ်အတွက် သူတို့သေနိုင်မှန်းသိပေမဲ့ ရဲရဲကြီး အသေခံသွားတဲ့ ဂိုဏ်းစတားတွေအကြောင်းပေါ့။ ဂျွန်နီတိုရဲ့ ထုံးစံအတိုင်း ပုံမှန်အက်ရှင် ဒါရိုက်တာတွေပြနေကျမဟုတ်တဲ့ ဇာတ်ကွန့်တွေ ကကျိုးကကြောင်အဖြစ်တွေနဲ့ ကြည့်ရမယ့် ဂိုဏ်းစတားအက်ရှင်ကားပဲ။ ဂျွန်နီတို့ရုပ်ရှင်တွေကို ကြိုက်ရင်တော့ Vengeance (2009) ကတော့ လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ ရုပ်ရှင်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 985MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 48Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery
6.5 2009 108 mins
Vengeance
Shifting Gears
6.3

ဂျက်စ်ဆိုတဲ့ အမျိုးသမီးလေးက ကားပြင်တဲ့နေရာမှာ ကျွမ်းကျင်ပြီး ရှေးဟောင်းဂန္ဒဝင်ကားတွေကို ပြန် Modify လုပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့လူတစ်ယောက်ပါ။ ဖအေဖြစ်သူ ဖွင့်ထားတဲ့ ဝပ်ရှော့လေးမှာ လုပ်ကိုင်နေတာပေါ့။ တစ်ရက်ကျ သူတို့ဝပ်ရှော့နေရာက အပြိုင်အဆိုင်များလာတဲ့အတွက် မြေပိုင်ရှင်က ဈေးပိုတောင်းလာတဲ့အခါ သားအဖနှစ်ယောက် အကျပ်အတည်း ဖြစ်တာပေါ့။ ဒီလိုနဲ့ လူအများရှေ့ရောက်ရင် ချွေးစီးတွေပြန်ပြီး လူကြောက်တတ်တဲ့ ဂျက်စ်တစ်ယောက် ဝပ်ရှော့လေးကို ကယ်တင်ဖို့အတွက် ကားတွေကို ပြန်မွမ်းမံပြင်ဆင်ရတဲ့ အစီအစဉ်တစ်ခုကို ဝင်ပြိုင်ပါတော့တယ်။ ဖြစ်ချင်တော့ ပြိုင်ပွဲဝင်ထဲကတစ်ယောက်က ရည်းစားဟောင်း ဖြစ်နေတဲ့အပြင် အဖေနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့သမိုင်းကြောင်းလေးကလည်း ရှိခဲ့တော့ ဘုနဲ့ဘောက် နှစ်ယောက်သား ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း အခက်အခဲတွေကို ကျော်ဖြတ်ကာ ဝပ်ရှော့လေးကို ကယ်တင်သွားနိုင်မလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် အချစ်ဟာသ ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

Thriller • TV Movie
6.3 2024 84 mins
Shifting Gears
Re-LOVE

Re-Love (2022) ************** ဒီကားလေးမှာတော့ Breathlessဆိုတဲ့ရုပ်ရှင်ကိုရိုက်ကူးတဲ့ ဒါရိုက်တာမင်းသားကြီး Yang Ik Joon နဲ့ … The Uncanny Counter ထဲက မင်းသားကြီး Yoo Joon Sang တို့အပြင်… Im Seon Woo, Kim Sae Byeok, Kim Joon Han နဲ့ Chung Ye Jin တို့ကို… အဓိကသရုပ်ဆောင်တွေအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင်။ ဒါရိုက်တာ Kim In Seon နဲ့အတူ ဒီရုပ်ရှင်ထဲ မင်းသားတွေအဖြစ်ပါဝင်တဲ့… Yang Ik Joon နဲ့ Yoo Joon Sang တို့က ဒါရိုက်တာတွေအနေနဲ့ မတူညီတဲ့… အချစ်ဇာတ်လမ်းသုံးမျိုးကို ရိုက်ကူးပြသထားတဲ့ Melodrama, Romance ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————— ပထမဇာတ်လမ်းလေးမှာတော့ ရုပ်ရှင်ဒါရိုက်တာ ဆောအူ နဲ့ အီဂျွန် တို့ဟာ… သူတို့ရဲ့ အတွေ့အကြုံတွေကို ဇာတ်ညွှန်းအဖြစ်ပြောင်းလဲပြီး တွဲဖက်ရိုက်ကူးနေကြပါတယ်။ နားလည်မှုရှိတဲ့ချစ်ခြင်းတရားနဲ့ ခွဲခွာခြင်းသဘောကို…. သူတို့နှစ်ယောက်ရဲ့ ရှုထောင့်မှတစ်ဆင့် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ဒုတိယဇာတ်လမ်းလေးမှာတော့ ဟာနာက မတွေ့တာကြာတဲ့အဖေဖြစ်သူဆုံးသွားပြီးနောက်.. အဖေဖြစ်သူအိမ်ကိုရှင်းဖို့သွားရာကနေ ဘယ်လိုအမှတ်တရတွေက… သူနဲ့အတူတူပါလာမလဲဆိုတာကိုကြည့်ရမှာပါ။ နောက်ဆုံးဇာတ်လမ်းကတော့ အနေဝေးတဲ့ချစ်သူနှစ်ယောက်ကြား… အတိတ်ကပုံရိပ်တွေပြန်သတိရလွမ်းဆွတ်တာကို သီချင်းစာသားတွေနဲ့တူတူစီးမြောထားတာကိုတွေ့ရမှာပါ.. မတူညီတဲ့ အချစ်ဇာတ်လမ်းလေးတွေအတိုင်း လိုက်ပါစီးမြောရင်း ကြည့်ရှုလိုက်ကြပါဦးရှင်။ ဇာတ်လမ်းအညွှန်းကို Lucien မှရေးသားထားပါတယ် File size… 1.32 GB / 638 MB Quality…WEB-DL 1080p 720p Genres: Romance, Drama, Melodrama Duration: 1 hr 35 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Lucien Encoded By Heather Oo

0 2022
Re-LOVE
Maniacs: Field of Screams (2010)

2001 : Maniacs : Field of Screams (2010) 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ 2001 : Maniacs ဆိုတဲ့ဇာတ်ကားရဲ့ ဒုတိယမြောက်ထွက်ရှိလာတဲ့ Field of Screams ဆိုတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပထမဇာတ်ကားအတိုင်း ဒီတစ်ကားမှာလည်း သွေးသံတရဲရဲနဲ့ မကြည့်ရက်စရာ killing scene တွေနဲ့ ဇာတ်ကားကို စိတ်၀င်စားဖို့ကောင်းအောင် ဆွဲဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့အရင်က သောင်းကျန်းခဲ့သမျှ ဟိုးလေးတကျော်ကျော်ဖြစ်ပြီးတဲ့နောက် ဒီတစ်နှစ် နှစ်ပတ်လည်ရောက်တဲ့အချိန်မှာ သူတို့ဆီကို လာတဲ့သူမရှိတော့တဲ့အတွက် သူတို့က တကူးတက ‘က’ ကားကြီး ပျော်ပျော်စီးပြီး လူသတ်ဖို့ လိုက်ရှာကြပါတော့တယ်။ ဒီတစ်ခေါက်ရော ဘယ်နှယောက်က သူတို့ထောင်ချောက်ထဲ၀င်လာမလဲ၊ ဒီတစ်ခေါက်ရော ဘယ်နှယောက်အသက်ပျောက်ပြီး ဘယ်နှယောက်လွတ်မြောက်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရဦးမှာပါ။ အမေရိကန်ပြည်တွင်းစစ်အတွင်း တောင်ပိုင်းနဲ့မြောက်ပိုင်းတိုက်ခိုက်ခဲ့စဉ်က စစ်ရှုံးသွားခဲ့တဲ့ တောင်ပိုင်းသားတွေရဲ့ မပြီးဆုံးနိုင်တဲ့ အညိုးအတေးနဲ့ အစွဲတွေက ဒီဇာတ်ကားမှာရော ဆက်ပြီးကြီးထွားနေဦးမလား။ အပြစ်မဲ့တဲ့သူတွေ ဘယ်နှယောက်လောက် အသက်ဆုံးရှုံးနေရဦးမလဲ…. ဇာတ်ကားဆို သွေးသံတရဲရဲနဲ့ သတ်မှဖြတ်မှ ကြိုက်တဲ့သူတွေအတွက် ဆက်လက် တင်ဆက်ပေးလိုက်ပါပြီ။ (အသတ်အဖြတ်၊ အပြောအဆို ၊ ခပ်ကြမ်းကြမ်းပြကွက်တွေကြောင့် R-Rated ဇာတ်ကားတွေဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။)

Documentary
0 2001 86 mins
Maniacs: Field of Screams (2010)
Ocean’s Twelve
6.5

Ocean’s Twelve (2004) IMDb Rating (6.5) / Rotten Tomatoes (55 %) George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို့လို နာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား… 2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ ဆုတံဆိပ် ၄ ခုနဲ့ စံကာတင်စာရင်း ၁၀ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် လျော့သွားတာကိုတော့ သတိထားမိမယ် ထင်ပါတယ်ခင်ဗျ။ ဒါပေမယ့်လည်း ဒီလို အလှည့်အပတ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်သူတွေအတွက်ကတော့ Mr.Bean ရဲ့ ဝက်ဝံရုပ်ပါပဲဗျာ…. LA က ကာစီနိုတွေကို တစ်ညတည်းနဲ့ ဖြောင်ခဲ့အပြီးမှာတော့ Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့ဟာ ပြဿနာအကြီးစားကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပါပြီ။ အဲဒါကတော့ LA သမိုင်းမှာ အကြီးစားလုယက်မှုအဖြစ် တမ်းဝင်သွားခဲ့ပေမယ့်လည်း သူတို့အဖွဲ့သားတွေဟာ ခိုးလာတဲ့ ပိုက်ဆံတော်တော်များများကို သုံးဖြုန်းပစ်လိုက်မိပါပြီ။ ကာစီနိုသူဌေး Terry Benedict (Andy Garcia) က သူ့ငွေတွေ ဆုံးရှုံးသွားတဲ့အတွက် ဒေါသူပုန်ထလို့ မပြီးနိုင် သေးပါဘူးခင်ဗျ။ ဒီတော့ကာ Ocean အဖွဲ့ကို သူ့ပိုက်ဆံတွေအပြင် နောက်ထပ် million နည်းနည်းလောက် ထပ်ဆောင်းပေးဖို့ တောင်းဆိုလို့လာပြန်ပါတယ်။ ပြောရရင်တော့ ပေးမလား Jail မလားပေါ့ဗျာ။ ဒီမှာတင် အကုန် အကြပ်ရိုက်ကုန်ကြပြီ။ ခြူးကလည်း တစ်ပြားမှ ပြန်မထုတ်နိုင်ဆိုတော့ တစ်ဖွဲ့လုံး နောက်ထပ်ဂွင်ဖန်ရင်ကောဆိုတဲ့ စိတ်တွေရောက်သွားကြပါတယ်။ ဒီတစ်ခါကတော့…. ဟဲ ဟဲ ဟဲ ဥရောပတစ်ခွင် ဗြန်းဗြန်းဆင်ပေါ့ဗျာ…။ (ရုပ်ရှင်အညွှန်းကို KAT & BROS Facebook Page မှကူးယူဖော်ပြပါသည်။) Ocean’s ဇာတ်ကားအားလုံးကို https://channelmyanmar.to/?s=ocean%27s နဲ့ CM App https://www.cmapp.tv/?share=EE6FEB606C26455 မှာဒေါင်းလို့ရပါတယ်။

Drama
6.5 2004 125 mins
Ocean’s Twelve
Death Before the Wedding
5

ဒီရုပ်ရှင်ဇာတ်ကားလေးဟာ 2025မှာထွက်ထားတဲ့ ပိုလန်ဟာသမိသားစု ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငယ်မြို့ငယ်လေးတစ်မြို့မှာနေတဲ့ Mirek ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့ဘဝကို နို့ထွက်ထုတ်ကုန်လုပ်ငန်းမှာ မြုပ်နှံထားသူပါ။ သူဟာအပြောကြမ်းပေမဲ့ သူ့မိသားစု ၊ မြို့ငယ်လေးနဲ့ သူ့စက်ရုံလေးကို ကာကွယ်ပေးချင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်းသူဟာအရာရာကိုသူ့ပုခုံးပေါ် တင်ထားပြီး လူတိုင်းကသူမရှိရင်မဖြစ်ဘူးလို့တွေးထင် ထားတဲ့သူဖြစ်တဲ့အပြင် လုပ်ငန်း၊မိသားစု တွေမှာ အမျိုးသားတွေ ကသာဦးဆောင်သင့်တယ်လို့ အတွေးရှိတဲ့သူဖြစ်ပါတယ်။ တစ်နေ့မှာ သူ့စက်ရုံရဲ့ CEOက နို့ထွက်ထုတ်ကုန်လုပ်ငန်းကို ကိုယ်ကျိုးအတွက်ပိတ်ချဖို့ သူတို့မြို့လေးကိုရောက်လာခဲ့ပါတယ်။ အဲ့အချိန်ကနေစပြီး Mirek ဟာ စက်ရုံနဲ့မြို့လေးကိုကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ပဲ Mirek နဲ့ သူ့မိသားစုဟာဘယ်လိုပြဿနာလေးတွေ ရင်ဆိုင်ရမလဲ…….. သူရဲ့ အတွေးတွေဟာလည်းပြောင်းလဲသွားမလား………. သူ့ရဲ့စက်ရုံနဲ့မြို့လေးကိုရောကယ်တင်နိုင်ခဲ့မှာလားဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။ ဒီကားလေးမှာ မိသားစုဆက်ဆံရေးတွေ နဲ့ လူတွေကိုခွဲခြားဆက်ဆံ တာတွေကို ဟာသကားဖြစ်တဲ့အလျောက် ရယ်မောပျော်ရွှင်စွာဖြင့် ကြည့်ရှူနိုင်မှာဖြစ်ပါတယ်။ File size… (2.14 GB) / (1.07 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 46m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Drama
5 2025 106 mins
Death Before the Wedding
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years
You Are the Apple of My Eye
7.4

You Are the Apple of My Eye (2025) ********************************** IMDb… 7.4 နောက်ဆုံးတော့ TWICE အဖွဲ့ဝင် Dahyun ရဲ့ Acting Debut Movie လေး ထွက်ရှိလာပါပြီ။ တွဲဖက်မင်းသားအနေနဲ့လည်း အားလုံးသိပြီးသား မင်းသား Jinyoung က ပါဝင် သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ဂူဂျင်အူ (Jinyoung) ကတော့ အိပ်မက်လည်းမရှိ စာလည်းမလုပ်ဘဲ အပျော်အပါးပဲမက်နေတဲ့ ကျောင်းသားလေးပါ။ အိုဆွန်းအာ (Dahyun) ကတော့ စံပြကျောင်းသူလေးဖြစ်ပြီး လှပချောမောတဲ့ ရုပ်ရည်ကြောင့်လည်း ကျောင်းသားအများစုရဲ့ ဝိုင်းသဘောကျခြင်းကို ခံနေရသူ‌လေးပေါ့။ တစ်နေ့မှာ ဂျင်အူက အတန်းချိန်အတွင်း သူငယ်ချင်းကို လိုက်စနေရင်းက ဆရာမိသွားလို့ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီပြစ်ဒဏ်ကတော့ တခြားမဟုတ်ဘဲ စံပြကျောင်းသူ ဆွန်းအာရဲ့ ရှေ့ခုံကို ပြောင်းထိုင်ပြီး စာကြိုးကြိုးစားစားလုပ်ဖို့ပါပဲ။ ဒီလိုနဲ့ဆွန်းအာက ဂျင်အူကို စာလုပ်ဖို့ ကူညီပေးရင်း အကျင့်စရိုက်ရော ကျောင်းအဆင့်ပါ ပြောင်းပြန်ဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်‌ဆံရေးက တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါမှာတော့… ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ထိုင်ဝမ်ရုပ်ရှင်ကို remake ရိုက်ကူးထားတာဖြစ်ပြီး နူးနူးညံ့ညံ့ လှလှပပ အချစ်ဦးဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူများအတွက် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်ရှင်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။) File Size : 1.26GB/ 700MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:58 Genre : Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo, Treasure Htet & Stary Encoded by Tiff

Horror
7.4 2025 102 mins
You Are the Apple of My Eye
Jigel
6

Jigel (2025) “ဖောက်ထွင်းဆရာလေး” ပေါ့ပေါ့ပါးပါး တေလဂူး အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ‌နန်ဒူဟာ ဘယ်လိုမီးခံသေတ္တာမဆို ရအောင်ဖွင့်နိုင်တဲ့ ပညာရှင်ဖြစ်ပြီး သူ့ရဲ့ တုနှိုင်းမမီတဲ့ လုပ်ရည်ကိုင်ရည်ကြောင့် မြေအောက်လောကသားတွေ ခေါ်ခိုင်းတာခံရတဲ့သူပါ တစ်ရက်မှာတော့ သူ့အိပ်မက်ထဲ မကြာခဏဆိုသလို ရောက်လာတဲ့ ကောင်မလေးကို အပြင်မှာမတော်တဆ ဆုံခဲ့ပါတယ် ဒီကောင်မလေးကလည်း သူ့နည်းတူ ဉာဏ်များတဲ့ကောင်မလေးဖြစ်ပြီး သူတို့နှစ်ယောက်ပေါင်းလို့ ဘယ်လိုစွန့်စားခန်းတွေ ဖွင့်သွားမှာလဲ အန္တရာယ်တွေနဲ့ကြုံလာရတဲ့အခါ နှစ်ယောက်အတူ ဘယ်လိုရုန်းထွက်ကြမလဲ ကြည့်ရမယ့်ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Adventure • Action • Drama
6 2025 140 mins
Jigel
The Bhootnii
6.1

The Bhootnii 2025 (ချစ်ခြင်းကိုတောင့်တနေတဲ့ အချစ်သရဲမလေး) နာမည်ကြီးမင်းသားကြီး ဆန်ဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးထွက်ရှိလို့လာပါပြီ။ စိန့်ဗင်ဆင့်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ထုံးတမ်းဓလေ့ပွဲတစ်ခုရှိပါတယ်။ အဲဒီဓလေ့ပွဲကတော့ သူတို့ကျောင်းဝင်းထဲမှာရှိတဲ့ အပျိုစင်သစ်ပင်ဆိုတဲ့ သစ်ပင်ကြီးကို နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ ပူဇော်လေ့ရှိတဲ့ ဓလေ့ပဲဖြစ်ပါတယ်။အဲဒီလို အပျိုစင်သစ်ပင်ကြီးကို ပူဇော်ရင် အချစ်စစ်နဲ့တွေ့ရမယ်ဆိုတဲ့ အယူရှိကြပါတယ်။ သို့ပေမဲ့လည်း အဲဒီသစ်ပင်ကြီးမှာ သရဲမတစ်ယောက်ရှိနေပြီး အဲဒီသရဲမဟာ ချစ်သူများနေ့မှာပဲ ပေါ်လာတတ်ပါတယ်။ အဲဒီလို သရဲမက ပေါ်လာပြီဆိုရင်လည်း ယောက်ျားလေးတွေ တစ်ယောက်မဟုတ် တစ်ယောက် သတ်သေတာမျိုးက နှစ်စဉ်နှစ်တိုင်းကြုံတွေ့လာရပါတယ်။ အဲဒီအကြောင်းကို ကျောင်းသူလေးတစ်ယောက်က သတိထားမိသွားရာကနေတဆင့် ကျောင်းမှ တာဝန်ရှိသူများက ဒီဖြစ်ရပ်ကို တားဆီးနိုင်ဖို့ လုပ်ကြတဲ့အခါမှာတော့ ……… ကျောင်းမှ တာဝန်ရှိသူများမှ ဒီကျောင်းရဲ့ ကျောင်းသားဟောင်းဖြစ်တဲ့ ဘာဘာလို့ခေါ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ ဖြေရှင်းပေးတဲ့သူကို ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ခေါ်လိုက်ရာကနေ အပျိုစင်သစ်ပင်မှာရှိတဲ့ သရဲမက ဘယ်လိုအကြောင်းတွေကြောင့် ဒီသစ်ပင်ကြီးမှာရှိနေရတာလဲ …….. ဒီသရဲမရဲ့ ဘဝ ဇာတ်ကြောင်းကရော ဘာလဲ …… ဘာဘာ တစ်ယောက်ရော အပျိုစင်သစ်ပင်ပေါ်က သရဲကို နှိမ်နင်းပေးလိုက်နိုင်မှာလား …… ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမဲ့ သရဲကားဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.1 2025 130 mins
The Bhootnii