YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Like the Galaxy E34 CM.mp4

203.26 MB N/A video/mp4 1968 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Goonies
7.5

The Goonies (1985) Rt - 76% , IMDb - 7.7 Everything Everywhere All At Once မှာ အမျိုးသားဇာတ်ပို့ဆုအတွက် အော်စကာရသွားခဲ့တဲ့ မင်းသားကြီး Ke Huy Quan ငယ်စဉ်ကပါဝင်သရုပ်ဆောင်ထားခဲ့ပြီး ဒါရိုက်တာကြီး Steven Spielberg ရေးခဲ့တဲ့ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ မိသားစု စွန့်စားခန်း ဟာသကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပေါင်ငွေကိုဆက်ပြီးမသွင်းနိုင်တော့လို့ အိမ်ကိုအသိမ်းခံရတော့မဲ့ Goon Docks မှာနေကြတဲ့ "ဂူနီ" လို့ခေါ်တဲ့ မိုက်ကီ၊ ဘရန်း၊ မောက်ပ်၊ ချန့်ခ်၊ ဒေတာ တို့ သူငယ်ချင်းတစ်သိုက်က သူတို့နောက်ဆုံးအတူရှိနေရမဲ့နေ့လေးကို ကျင်းပဖို့အတွက် မိုက်ကီနဲ့ ဘရန်း ညီအစ်ကိုတို့ရဲ့အိမ်မှာစုပြီးရောက်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ မိုက်ကီတို့အိမ်ထပ်ခိုးပေါ်က မိုက်ကီအဖေ့ရဲ့ ပစ္စည်းတွေကိုမွှေနှောက်ကြရင်း နာမည်ကြီးပင်လယ်ဓားပြကြီး မျက်လုံးတစ်လုံး ဝီလီရဲ့ရတနာမြေပုံကိုတွေ့ရှိသွားပါတယ်။ ဒီလိုနဲ့သူငယ်ချင်းတစ်သိုက် အကိုကြီး ဘရန်းကို တစ်ပတ်ရိုက်ကာ အိမ်မှာထားပစ်ခဲ့ကြပြီး ရတနာမြေပုံထဲမှာပြောထားတဲ့နေရာကိုလိုက်ရှာပါတော့တယ်။ ဖြစ်ချင်တော့ ရတနာသိုက်ကိုညွှန်ပြထားတဲ့နေရာက နာမည်ကြီးရာဇဝတ်မိသားစုဖြစ်တဲ့ ဖရာတဲလိစ် မိသားစုပုန်းခိုရာနေရာဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ဖရာတဲလိစ် မိသားစုကို‌ရော၊ မျက်လုံးတစ်လုံး ဝီလီ လုပ်ထားပစ်ခဲ့တဲ့ ထောင်ခြောက်တွေကိုရော ရှောင်းတိမ်းရင်းနဲ့ ဂူနီ တစ်သိုက် ရတနာသိုက် ရှာပုံတော်ဖွင့်ကြပါ‌တော့တယ်။ ဂူနီ တစ်သိုက် ဝီလီထားပစ်ခဲ့တဲ့ ရတနာတွေကိုရနိုင်ပါ့မလား၊ ဖရာတဲလိစ်တွေကပဲ သူတို့ကိုမိသွားမလား၊ ရတနာတွေကရော တကယ်ရှိ‌နေမှာလား၊ နောက်ဆုံးမှာသူတို့ရဲ့ အိမ်တွေဆုံးရှုံးရမဲ့အခြေအနေက‌နေ ကယ်တင်ပေးနိုင်မလားဆိုတာကို ကလေးတစ်သိုက်ရဲ့ စွန့်စားခန်းအပြည့်နဲ့အတူ 1985 မှာထွက်ရှိခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်တာမလို့ အတိတ်ကိုသတိရရင်း ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးနဲ့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…  2.1GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre .....  Adventure , Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Drama
7.5 1985 114 mins
The Goonies
Sid is Dead
6.2

High School Comedy ကားတွေကြိုက်တတ်တဲ့သူတွေအတွက် American High School Theme အပြည့်ဝခံစားရမဲ့ ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ အထက်တန်းကျောင်းသားဘဝဆိုတာ ထင်တာထက်ဖိအားတွေ အများကြီးရှိတာပါ။ ၁၀ တန်းပြီးမှသာ ၁၀ တန်းကဘာမှမဟုတ်ဘူးပြောကြပေမဲ့ ၁၀ တန်းတုန်းကတော့ တကယ့်ဖိအားတွေနဲ့နေခဲ့ရသလို အမှတ်တရတွေလဲများခဲ့ကြသူတွေချည်းပါပဲ။ ဒုက္ခဆိုတာ နောင်တချိန်ကျရင်တော့ ရယ်စရာတွေပါ ဆိုသလိုပေါ့။ ခုဇာတ်ကားလေးမှာလဲ အမေရိကန်ရဲ့ ပညာရေးပုံစံတွေကို သရော်ထားတာတွေ။ ကျောင်းသားတွေရဲ့ဘဝကို ကျောင်းကပဲဖျက်ဆီးနေတာတွေ ကျောင်းသားဘဝကြုံရ ဆုံရအလွဲတွေကို တခွီးခွီးရယ်ရအောင် တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆစ်ဒ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက် အရာရာကိုရင်မဆိုင်ရဲပဲ အမြဲရှောင်ပြေးပုန်းရှောင်နေခဲ့ပါတယ်။ သူ့ကိုယ်သူအထက်တန်းကျောင်းမှာ ရှင်သန်နိုင်ဖို့ စည်းကမ်းတွေပါ ထုတ်ထားပါတယ်။ ဒါပေမဲ့ တနေ့မှာတော့ သူသွားရှုပ်လို့မရတဲ့ လူတကာကို အနိုင်ကျင့်နေတဲ့ အကောင်ကြီးကြီးရဲ့ သားတစ်ကောင်ကို သွားရှုပ်မိပါတယ်။ အဲ့လိုရှုပ်မိရာမှ ဟိုကောင်ကကျောင်းနှစ်ပတ်နားလိုက်ရပါတယ်။ အဲဒီအအတ္ပက် သူ့မှာ အသက်ရှင်ဖို့ရာ နှစ်ပတ်ပဲကျန်တော့ရာမှ မသေခင်စာရင်းလုပ်မယ်ဆိုပြီး မလုပ်ခဲ့ရတာတွေအကုန် လျောက်လုပ်ခဲ့ရာကနေ ဘယ်လိုတွေတလွဲဖြစ်ပြီး ဘယ်လိုပြဿနာတွေတက်မလဲဆိုတာတော့ တခွီးခွီးနဲ့ ကြည့်ရှုလိုက်ကြပါဦး။ *** စကားလုံးအသုံးနှုန်းလေးတွေကြမ်းတာတော့ သတိချပ်စေချင်ပါတယ်*** အညွှန်း နဲ့ ဘာသာပြန်ကဗတာ့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Dram Quality…. 1080p | 720p | 480p File size… 1.4GB | 690MB | 337MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Drama
6.2 2023 90 mins
Sid is Dead
Hero

ဒီတစ်ခါ CMကနေဘာသာပြန်တင်ဆက်ပေးမှာကတော့ 2022ထွက် Comedy Movieသစ်လေး HERO ဖြစ်ပါတယ် ။ဒီကားလေးမှာဆိုရင်တော့ မင်းသား Zirui Wangက ယွီဖေး(ဖေးကျီး), မင်းသားSun Haoက စွမ်းဟောက်(ဟောက်ကျီ) , မင်းသမီးLiu Yu Qiaoက ရွှီယွမ်ယွမ် အနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမှတ်တရပြတိုက် စကားပြန် ယွီဖေး(ဖေးကျီး)နဲ့ စွမ်းဟောက်(ဟောက်ကျီ)တို့ သူငယ်ချင်းနှစ်ယောက်ဟာ ပြတိုက်မှ ာ ရတနာသိုက်မြေပုံလာရှာတဲ့ ရွှီတာ့လုံတို့ညီအစ်ကိုအဖွဲ့တွေ့ဆုံခဲ့ကြရာက စကားများကြပြီး ဗုံးပေါက်ကွဲသွားတယ်....ထိုအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် လကြတ်ချိန်နဲ့ တိုးပြီး မင်ခေတ်ကို သူငယ်ချင်း၂ယောက်အတူတူ အချိန်ခရီးသွားမိသွားကြတယ် .... ထိုအချိန် မင်ခေတ်မှာလည်း အရာရှိဝန်ကြီးများရဲ့ အာဏာလုပွဲတွေ ​ ပြင်းထန်နေပြီး ယွီဖေးနဲ့ စွမ်းဟောက်တို့ သူငယ်ချင်းနှစ်ယောက် ရောက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲ.... ၎င်းတို့ သူငယ်ချင်းနှစ်ယောက်ကို ချင်းယီးတပ်က လက်ပူးလက်ကြပ်မိသွားပြီး သတ်လိုက်တဲ့အခါမှာတော့ ဘယ်လိုအံ့အားသင့်ဖွယ်ဖြစ်ရပ်တွေ ဆက်ဖြစ်လာမလဲ..... အကြီးအကဲ ရွှီဝူချန်ရဲ့ သမီးချောလေး ရွှီယွမ်ယွမ်နဲ့ တွေ့ဆုံကြတဲ့အခါမှာ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းလေးတွေ ဖြစ်လာဦးမလဲ ရွှီတာ့လုံတို့ ညီအစ်ကိုတစ်စုပါ မင်ခေတ်ကို ရောက်ရှိလာတဲ့အခါမှာ ဘယ်လိုရယ်မောဖွယ်ရာဖြစ်ရပ်တွေ ဆက်ဖြစ်လာဦးမလဲ.... ရတနာသိုက်မြေပုံနဲ့ မှတ်တမ်းလွှာလည်း နောက်ဆုံးမည်သူ့လက်ထဲရောက်မလဲ..... အချိန်ခရီးသွားရာကနေ ၎င်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ်တွေ ဘယ်လိုပြောင်းလဲလာမလဲ... စရိုက်မတူတဲ့ သူငယ်ချင်းတစ်စု မင်ခေတ်မှ ာ ပြဿနာတွေ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ... စိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝလွန် ဟာသကားလေးကိုတော့ CMကနေ ကြည့်ရှုအားပေးပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 15min Genres : Drama , Comedy , Fantasy Subtitle : Myanmar Subtitle ( Hardsub ) Translated by Healer KE Encoded by LK

Drama
null 2022
Hero
A Ghost Story
7.1

IMDb - 6.9/10_____Rotten - 91% ဇာတ်ကားနာမည်လေးကြည့်လိုက်ရုံနဲ့သရဲကားဆိုပြီးပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်သရဲကားတော့သရဲကားပါပဲ။ ဒါပေမယ့်သရဲဖက်ကနေရိုက်ပြထားတဲ့သရဲကားလေးပါဗျာ။ နာမည်လေးအတိုင်းပါပဲသရဲတစ်ကောင်ရဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော်တို့သေဆုံးသွားရင်ဘာတွေဖြစ်သွားမလဲ။ ဘယ်ကိုရောက်သွားမလဲ။ ဒီမေးခွန်းတွေဟာတော်တော်များများယခုထိငြင်းခုံနေကြဆဲပါ။ ဘာသာအမျိုးအမျိုးမှာပါရှိပြီးဖြစ်ပေမယ့်ဒီမေးခွန်းကိုတစ်ခါလောက်ဖြစ်ဖြစ်တော့လူတိုင်းတွေးဖူးကြမှာပါပဲ။ ဒီကားလေးဟာတကယ်ကိုရိုးရိုးရှင်းရှင်းလေးရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဓူဝလုပ်ရှားနေတဲ့ပုံကိုကင်မရာချထားပြီးရိုက်ထားသလိုပါပဲ။ တကယ်ကိုရိုးရိုးရှင်းရှင်းရိုက်ပြထားတာမို့ပရိသတ်အများစုအတွက်ပျင်းစရာဖြစ်နိုင်ပါလိမ့်မယ်။ ရိုးရှင်းလွန်းလို့သရဲတောင်ရိုးရိုးလေးပဲပြထားတာပါ။ ဒါပေမယ့်သည်းခံပြီးဆက်ကြည့်မယ်ဆိုရင်တော့ဖြင့်ဇာတ်ကားလေးအပြီးမှာတစ်ခုခုတော့စဉ်းစားစရာကျန်မယ်လို့ထင်ပါတယ်။ သရဲကားကြောက်တဲ့သူတွေအတွက်Horrorကားထက်Mystryပုံစံဇာတ်ကားမျိုးပါ။ ကြောက်ဖို့မကောင်းသလိုတွေးစရာတွေပဲပေးမယ့်ကားလေးပါ။ ကျွန်တော်တို့ကြုံတွေ့နေရတဲ့လူနေမှုပုံစံတွေပြီးတော့သေပြီးသွားရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အမြင်လေးတွေ။ သေဆုံးသွားသူနဲ့ကျန်ရစ်သူကြားသံယောဇဉ်ချည်နှောင်မှုတွေ၊ဒါတွေကိုလက်တွေ့ကျကျကိုယ်ပိုင်အတွေးအခေါ်တရပ်နဲ့ရိုက်ပြထားတဲ့ကားလေးဖြစ်ပါတယ်။ ပြောခဲ့တဲ့အတိုင်းလက်တွေ့ကျပြလွန်းလို့ပျင်းကောင်းပျင်းသွားနိုင်စရာတော့ရှိပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ အိမ်တစ်အိမ်ကိုပြောင်းလာတဲ့စုံတွဲတစ်တွဲကနေစတာပါပဲ။ သူတို့နှစ်ယောက်ကတကယ်ကိုချစ်ကြတဲ့သူတွေပါ။ တနေ့မှာတော့ကောင်လေးဟာကားတိုက်မှုဖြစ်ပြီးကွယ်လွန်သွားပါတယ်။ အဲဒီလိုနဲ့အထီးကျန်ရစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်တည်းရှိတဲ့အိမ်လေးကို ကောင်လေးရဲ့ဝိညာဉ်ပြန်ရောက်လာပါတော့တယ်။ ကောင်လေးအနေနဲ့သူ့အမျိုးသမီးကိုပြန်ဆက်သွယ်ဖို့ကြိုးစားရှာပါတယ်။ အမြဲတမ်းသူ့ဘေးမှာရှိနေပေးတယ်။ သူလုပ်သမျှကိုကြည့်နေပေးတယ်။ အဲဒီအပိုင်းတွေကြည့်ရင်းကိုယ့်ကိုဘယ်သူများကြည့်နေမလဲဆိုပြီးကလိကလိဖြစ်နေပါလိမ့်မယ်။ တကယ်လည်းကိုယ့်ဘေးပတ်ဝန်ကျင်မှာသွားလာလှုပ်ရှားနေသူတွေရှိနေနိုင်တာပါပဲ။ ဇာတ်လမ်းလေးကရိုးရိုးလေးဆိုပေမယ့်လူတွေတွေးတတ်ပုံစံတွေ၊လူ့သဘာဝတွေ၊အတွေးအခေါ်တချို့ကိုပါထည့်သွင်းပြထားပါတယ်။ စဉ်းစားစရာအပြည့်နဲ့ရိုးရိုးရှင်းရှင်းကားလေးတစ်ကားပါပဲ။ နိုင်ငံတကာမှာလည်းဝေဖန်မှုအမျိုးမျိုးရရှိထားပြီးRatingအနေနဲ့လည်း7.7ထိရရှိထားတဲ့အပြင်ဆု၂ဆုပါရရှိထားပြီးပါပြီ။ တစ်ခုတော့ရှိပါတယ်Horrorကားမဟုတ်တဲ့အတွက်Horrorကြိုက်တဲ့ပရိသတ်တွေအတွက်တော့စိတ်ကျေနပ်စရာဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမယ့်တစ်ခုခုတွေးစရာတော့ရလိမ့်မယ်လို့ပြောပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ သူရဇာနည်အောင်ပါ) File Size : (650 MB) Quality : 720p Bluray Running Time : 1hr 32min Format : Mp4 Genre :Drama, Fantasy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encode by Thanhtike Zaw

Crime • Drama
7.1 2017 93 mins
A Ghost Story
Dear Nathan: Hello Salma
7.1

Dear Nathan Hello Salma (2018) IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်.. မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေ ဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ် ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ

Comedy • Drama
7.1 2018
Dear Nathan: Hello Salma
Stigmatized Properties
5

Stigmatized property ဒီကားကတော့ အဆောင် တိုက်ခန်းရှာနေတဲ့သူတွေကြည့်ရင် အခန်းငှားဖို့တွေဝေတွန့်ဆုတ်စေမဲ့ သရဲကားပါ။ ဂျပန်မှာဆိုရင် အခန်းငှားတဲ့အခါ ဒီအခန်းမှာ အရင်က လူသေထားဖူးရင် ပုံမှန်မဟုတ်တဲ့အဖြစ်အပျက်တွေဖြစ်တတ်ရင် အခိုက်ရှိတဲ့အခန်း Stigmatized propertyဖြစ်ကြောင်း ဖော်ပြပေးရပါတယ်။ ဒီမှာဆိုရင်တော့ သရဲရှိမရှိ ကိုယ်မေးမှပြောပြကြမှာဖြစ်ပြီး အထူးတလည်သတိပေးကြမှာမဟုတ်လို့ ဘုံမတူတဲ့ မိတ်ဆွေတွေနဲ့ကြုံရနိုင်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ရာမမဲ လို့ခေါ်တဲ့ ဟာသတင်ဆက်သူက ရုပ်သံလွှင့်လောကထဲမှာ ၁၀နှစ်ရှိပြီဖြစ်ပေမဲ့ ခုထိမအောင်မြင်သေးပါဘူး။ တစ်ခါရယ်ရင် ၁၇၄စက္ကန့် အသက်ပိုရှည်တယ်ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူတွေကို ရယ်အောင်လုပ်ပေးပေမဲ့ သူ့ဟာသတွေကို လူကြိုက်မများပါဘူး။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းရဲ့ ၂ယောက်တစ်ဖွဲ့လေးလည်း ဖျက်လိုက်ရပြီး ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။ အဲဒီအချိန်မှာ လူသေဖူးတဲ့ ခိုက်တဲ့အခန်းတွေမှာ နေထိုင်ပြီး အဖြစ်အပျက်တွေကို ထုတ်လွှင့်ပေးဖို့ အကြံတစ်ခုရလာပါတယ်။ သရဲရှိလောက်တဲ့အခန်းကိုငှားပြီး စတင်နေထိုင်တဲ့အခါ တကယ်ကိုပဲ သရဲက အကောင်အထည်ပြလာတာကြောင့် သူ့အစီအစဉ်လည်း နာမည်ကြီးလာပါတယ်။ ဒီလိုနဲ့တစ်ခန်းပြီးတစ်ခန်း ပြောင်းနေရင်းနဲ့ သရဲတွေက ကြမ်းသထက်ကြမ်းလာပြီး လူပါခိုက်လာတဲ့အခါမှာတော့ … ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:50:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Animation • Comedy • Family
5 2020 111 mins
Stigmatized Properties
[18+] A Chinese Torture Chamber Story
5.9

ဂေါ်ဖီထုပ်ကလေးဆိုတဲ့ ခြေသေးမမိန်မပျိုလေးဟာ ဆေးဆရာယန်နေဝူ ဆီမှာအိမ်တော်ထိန်းအဖြစ်တာဝန်ထမ်းနေပါတယ်။ ဒါပေမယ့် ယန်က သူ့အပေါ်တိမ်းညွတ်နေပြီးတစ်ချိန်မှာ ကိုယ်လုပ်တော်အဖြစ်မြှောက်စားဖို့အထိ ဆန္ဒရှိနေပါတယ်။ ယန်ရဲ့ဇနီးဖြစ်သူနဲ့အောက်ရုံးတရားသူကြီးရဲ့ သားနဲ့ဖောက်ပြန်နေတဲ့ ဇာတ်လမ်းကိုဂေါ်ဖီထုပ်ကလေး အမှတ်မထင်မြင်သွားတဲ့နောက်မှာတော့ သူ့ရဲ့ဇာတ်လမ်းပေါ်လာမှာစိုးရိမ်စိတ်နဲ့ဂေါ်ဖီထုပ်ကလေးကို ယောက်ျားပေးစားပြီးအဝေးပို့လိုက်ရုံမကပဲ ဆက်လက်ဒုက္ခပေးဖို့အကြံဆိုးတွေကြံပါတော့တယ်။ အဲ့ဒါကတော့ သူပေးစားလိုက်တဲ့ဂေါ်ဖီထုပ်ကလေးရဲ့ယောက်ျားကိုတစ်ဖက်လှည့်နဲ့လုပ်ကြံပြီး အဲ့ဒီအမှုကိုဂေါ်ဖီထုပ်ကလေးနဲ့ခင်ပွန်းသည် ယန်နေဝူတို့အပေါ်ပုံချလိုက်တာပါပဲ။ဒီအမှုကိုစစ်တဲ့တရားသူကြီးကိုယ်တိုင်က ဘက်လိုက်တဲ့သူဖြစ်တဲ့အတွက်တရားခွင်မှာ အဲ့ဒီအချိန်က တရားဝင်ပြဌာန်းထားတဲ့ ရက်စက်ကြမ်းတမ်းလွန်းတဲ့နှိပ်စက်နည်းအမျိုးမျိုးနဲ့စစ်မေးတော့မှာဖြစ်ပါတယ်။ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ် ၁၉၉၀ လွန်နှစ်များဆီက ဂန္ဓဝင်ဇာတ်ကားတစ်ကားပါ။ ဇာတ်ကားနာမည်နဲ့တွဲမသိရင်တောင် ဂရုထဲမှာ လာမေးကြတဲ့ လေပေါ်မှာဝဲပျံပြီးကိုယ်ဖော့ပညာနဲ့ဂျိန်းကြတဲ့ ဟောင်ကောင်ကတုံးကြီး Elvis Tsui ရဲ့နာမည်ကျော်ဇာတ်ဝင်ခန်းကို သိကြမှာပါ။ ဇာတ်ကားနာမည်နဲ့လိုက်အောင်အလွန်ရက်စက်ပြီး စိတ်မသက်သာဖွယ် ညှင်းပန်းနှိပ်စက်နည်းပေါင်းစုံနဲ့ကြံကြံဖန်ဖန်ပေါက်ပေါက်ရှာရှာလို့ပြောရမယ့် လိင်ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ဒါပေမယ့်လည်း Dark comedy ဆန်ဆန်မြူးမြူးသွက်သွက်နဲ့ပေါ့ပါးတဲ့တင်ဆက်ပုံအရ ကြည့်ရတာပျော်စရာကောင်းပြီး entertaining ဖြစ်တဲ့ကားပါ။ File size…(880 Mb)/(520 Mb) Quality….Webrip 720p/480p Format…mp4 Duration….01:28:00 Genre…Drama Thriller Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

5.9 1994
[18+] A Chinese Torture Chamber Story
Once and for all / Odata Pentru Totdeauna

“Once and for all” လို့အဓိပ္ပါယ်ရတဲ့ရိုမေးနီးယန်းဇာတ်ကား‌တစ်ကားဖြစ်ပြီးအရမ်းအောင်မြင်နေတဲ့ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့လူတွေမသိတဲ့အခြားတစ်ဖက်ကဘဝအကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပါ အဲလက်စ်ဟာအပြင်ပန်းမှာတော့လူတိုင်းအားကျရလောက်အောင်အောင်မြင်ကျော်ကြားနေပေမဲ့တကယ်တမ်းသူ့ဘဝကတော့ထင်သလောက်မကောင်းခဲ့ပါဘူး ဂုဏ်သတင်းအပြင်ငွေတွေပါအများကြီးရှာနိုင်နေပေမဲ့စိတ်ကျရောဂါနဲ့စိတ်‌ခြောက်ခြားတာဟာသူ့ဘဝကြီးကိုတစ်စတစ်စတိုက်စားနေပါတော့တယ် အဲလက်စ်တစ်ယောက်ကုသလို့မရနိုင်တဲ့စိတ်ဝေဒနာကြောင့်စိတ်ဓာတ်တွေအောက်ဆုံးထိထိုးကျပြီးသူတစ်ယောက်ထဲထွက်သွားဖို့စီစဉ်ထားရာကနေ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပါတော့တယ် သူ့ဘဝမှာအရေးကြီးတာတွေကိုသတိရသွားတာကြောင့်သူ့ရဲ့စိတ်‌ဝေဒနာကိုဘာပဲလုပ်ရလုပ်ရကုသဖို့ဆုံးဖြတ်လိုက်တဲ့အဲလက်စ်တစ်ယောက် ကြုံတွေ့လာတဲ့ဖြစ်ရပ်တွေကိုကျော်လွှားနိုင်ပါ့မလား သူ့စိတ်ကပဲသူ့ကိုအနိုင်ယူသွားမလား ဆိုတာကိုကြည့်ရှုရမဲ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့နဲ့ဘဝဟာလုံးဝအဆုံးသတ်မဟုတ်သေးဘူးဆိုတာကိုမီးမောင်းထိုးပြထားပြီးကြုံရင်ကြုံသလိုဟာသလေးတွေပါထည့်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ File size…(1.1 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

0 2022
Once and for all / Odata Pentru Totdeauna
To End All War: Oppenheimer & the Atomic Bomb
7.5

IMDb -7.5, RT – 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။ Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimerကို အကြိုက်တွေ့တဲ့ လူတွေအတွက် ဒီdocumentaryက ဆက်စပ်နေပြီး Biopicထဲမှာ မပါခဲ့တဲ့ အကြောင်းရာတွေကိုပါ ယခုဇာတ်လမ်းထဲမှာ ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အော့ပန်ဟိုင်းမား၊ မက်စ် ဘွန်း၊ ဟိုက်ဆင်ဘက်၊ လက်စလီ ရစ်ချတ် ဂရို့ဖ်၊ ဂျင်း တက်လော့၊ ချဗလီရေး၊ ဘိုးရစ်ပက်ရှက်၊ အက်ဒ်ဝေါ့ တယ်လာနဲ့ လူးဝစ်စ် စထရောစ်လိုမျိုး အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့လူတွေရဲ့ ပုံရိပ်တွေ၊ သမိုင်းဝင် ဗီဒီယိုမှတ်တမ်းတွေကိုပါ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် Oppenheimerကို ကြည့်ရှု့ပြီးတော့ တကယ့်အပြင်က footagesတွေကို ကြည့်ရှု့ချင်တဲ့လူတွေအတွက် ဒီ documentaryက အကိုက်ပါပဲ။ ” အခု ငါဟာ သေခြင်းဖြစ်လာပြီ၊ ကမ္ဘာတွေကို ဖျက်စီးသူ ” ၊ အဆိုပါ quoteရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝအစကနေ အလယ်၊ အလယ်ကနေ အဏုမြူတီထွင်ခဲ့တဲ့ ဘဝ အတက်ဘက်၊ ကွန်မြူနစ်အဖြစ် စွပ်စွဲခံရတဲ့ ဘဝ အကျဘက်နဲ့ ဘဝ နေဝင်ချိန်အထိ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဘဝ ဇာတ်လမ်းကို ခံစားချက်ပေါ်အောင် သရုပ်ဖော်ပြထားနိုင်တဲ့ Documentary တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အဏုမြူဗုံးရဲ့ အလုပ်လုပ်ပုံပါ ပါဝင်ပါသေးတယ်။ အဏုမြူဗုံး အလုပ်လုပ်ပုံကို နားလည်ရလွယ်မယ့် စကားလုံးတွေနဲ့ ရွေးချယ်ပြီး တင်ဆက်ပေးထားတဲ့အတွက် ဒီdocumentaryက သာမန် documentaryတွေထက် ထူးခြားနေမှာဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်က Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.6 GB)/(870 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Documentary, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

7.5 2023
To End All War: Oppenheimer & the Atomic Bomb
You’ll Never Find Me
5.9

၂၀၂၃ ခုနှစ်မှာထွက်ရှိထားတဲ့ Australian ရုပ်ရှင် You’ll Never Find Me နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Indianna Bell နဲ့ Josiah Allen တို့က ရိုက်ကူးပေးထားပြီး Horror ၊ Thriller နဲ့ Mystery အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ တစ်ကားလုံးမှာ ဇာတ်ကောင်နှစ်ဦးတည်းသာပါဝင်ပြီး Brendan Rock နဲ့ Jordan Cowan တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။ နေရာတစ်ခုတည်းမှာ ဇာတ်ကောင်နှစ်ခုကြားလွန်ဆွဲနေတဲ့သံသယတွေ၊ ခြောက်ခြားမှုတွေကို စိတ်လှုပ်ရှားစရာဖြစ်အောင် ရိုက်ကူးတင်ဆက်ထားပြီး ကုန်ကျစရိတ်အနည်းဆုံး အသုံးပြုထားတဲ့ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** နောက်တွဲလူနေယာဉ်တစ်ခုပေါ်မှာနေထိုင်တဲ့ လူတစ်ယောက်ဆီကို မုန်တိုင်းသည်းနေတဲ့အချိန်မှာ အမျိုးသမီးတစ်ဦးကတံခါးလာခေါက်ပြီး အကူအညီ တောင်းရာကနေ ဇာတ်လမ်းကိုစတင်ထားပါတယ်။ မုန်တိုင်းကပိုသည်းလာတာနဲ့အမျှ နောက်တွဲယာဉ်ပေါ်က လူနှစ်ဦးဟာ အန္တရာယ်ကိုခံစားမိလာပြီး သံသယစိတ်တွေနဲ့ တစ်ဦးကိုတစ်ဦး ကြောက်ရွံ့လာကြပါတယ်။ တကယ်တမ်း ဘယ်သူကဘယ်သူ့ကိုကြောက်ရမလဲဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ File size…1.11GB / 415MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Horror • Science Fiction • Action
5.9 2023
You’ll Never Find Me
Virgin Territory

Virgin Territory (2007) Genre – Adventure, Comedy, Romance နာမည်ကျော် Star Wars ရုပ်ရှင်တွေမှာ Darth Vader မဖြစ်ခင်ဘဝ Anakin Skywalker နေရာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသား Hayden Christensen ငယ်ရွယ်နုပျိုစဉ်တုန်းက ကောင်မလေးတသိုက်နဲ့ ပျော်ပိုက်ကြတဲ့ အချစ်ဟာသ စွန့်စားခန်းကားလေး ဖြစ်ပါတယ်။ အပေါ်ပိုင်း ဗလာကျင်းမှုတွေ တော်တော်များများ ပါဝင်တာရယ် လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ ပါဝင်တာကြောင့် မိသားစုနဲ့ ကြည့်ရှုဖို့ဆို အထူးသတိချပ်စေလိုပါတယ်။ MCU မှာ Abomination လုပ်တဲ့ မင်းသားကြီး Tim Roth လည်း ဗီလိန်နေရာပါ ပါဝင်ထားပါသေးတယ်။ ကျန်တာတော့ နာမည်မသိပေမဲ့ အတော်ကိုချောမောလှပကြတဲ့ မင်းသမီးတွေ အုပ်လိုက်ပါပါတယ် ဆက်စီလည်းဆန်ပါတယ်။ ဇာတ်လမ်းကတော့ ရှေးခေတ် အီတလီကို ပလိပ်ရောဂါတွေ ဖြစ်နေတဲ့အချိန်အရ အခြေခံထားပါတယ်။ လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်း လူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီး လိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေ အပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကို ပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။ သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရ ရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်း လူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။ ဒီမှာတင် သူဌေးမလေးကလည်း ရုရှားမြို့စားမလာခင် လူဆိုးသူဌေးကြီးကို မယူချင်တာကြောင့် သူငယ်ချင်းတွေနဲ့အတူ နယ်ဖက်ကို ထွက်ပြေးလာပြီး လိုရန်ဇို စားဘဲကြီး လုပ်နေတဲ့ သီလရှင်ကျောင်းကို ရောက်သွားတဲ့အခါမှာတော့…..။ Rating ပိုင်းအရ အဲဒီလောက် မဟုတ်ပေမဲ့လည်း မင်းသမီးချောလေးတွေအုပ်လိုက်ကြီးကို သွားရည်တမြားမြားနဲ့ ကျောင်းသားဟာသကားလိုမျိုး ကြည့်ရတဲ့ ဖီလင်တစ်ခုတော့ ပေးပါလိမ့်မယ်။ File size… 2.1 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
0 2007 93 mins
Virgin Territory
Consumed
5

သည်းထိပ်ရင်ဖိုချစ်သူတွေအတွက် အပျင်းပြေကြည့်လို့ကောင်းမဲ့ Horror ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Consumed ဖြစ်ပြီးတော့တောကြီး မျက်မည်းထဲက မကောင်းဆိုးဝါးတွေနဲ့ဆက်နွယ်နေတဲ့ Horror ဇာတ်ကားပုံစံလေးပဲဖြစ်ပါတယ်။ အရမ်းကြီးမကြမ်းပေမဲ့ သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့ အခြေအနေမှာရှိပါတယ်။ ဘက်သ်က ကင်ဆာရောဂါဝေဒနာခံစားခဲ့ရတဲ့အမျိုးသမီး တစ်ယောက်ဖြစ်ပြီး အခုအချိန်မှာတော့အဲ့ဒီကင်ဆာကို တွန်းလှန်နိုင်ခဲ့တာ ၁ နှစ်ပြည့်ခဲ့ပါပြီ။အဲ့ဒီအထိန်းအမှတ်နဲ့ သူကင်ဆာရောဂါဝေဒနာဖြစ်နေတုန်းစိတ်ပင်ပန်းလူပင်ပန်း ဖြစ်ခဲ့ကြတဲ့ ဘက်သ်ရော ယောက်ျားဖြစ်သူဂျေးတို့နှစ်ယောက် စလုံးစိတ်ပြေလက်ပျောက်ဖြစ်အောင်တောတွင်းစခန်းချခရီး ထွက်ခဲ့ကြပါတော့တယ်။အဲ့ဒီတောထဲမှာသူတို့ကိုစောင့်ကြိုနေတဲ့ ထိတ်လန့်စရာမကောင်းဆိုးဝါးသားရဲကြီးရှိနေခဲ့တာကိုတော့ ဘက်သ်တို့စောစောစီးစီးကြိုမသိခဲ့ကြပါဘူး။ တစ်ညမှာတော့ ညဖက်တဲထိုးပြီးအိပ်နေရင်းနဲ့မှအဲ့ဒီအရာကြီးနဲ့ ကြုံတွေ့ခဲ့ရပြီး ဖိနပ်ကျွတ်မတတ်ထွက်ပြေးခဲ့ရပါတော့တယ်။ ဒီလိုနဲ့သူတို့ဆက်သွားရမဲ့လမ်းကြောင်းလည်းပျောက် စခန်းချ ပစ္စည်းတွေလည်းမရှိတော့ပဲနဲ့ ကင်ဆာရောဂါကိုအနိုင်ယူနိုင်ခဲ့တဲ့ ဘက်သ်တို့လင်မယားနှစ်ယောက် ဒီမကောင်းဆိုးဝါးကြီးကိုရော အတူအနိုင်ယူနိုင်ပါ့မလားဆိုတာကိုထိတ်လန့်စရာကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.64GB / 821MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 89 mins
Consumed
Gangster High
6.6

Gangster High (2006) ******************** CM ပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ 2006 ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Gangster High ဆိုတဲ့ ကျောင်းသားအက်ရှင်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Hospital Playlist ထဲက မင်းသားကြီး Jung Kyung-Hoက ဆန်းဟိုအဖြစ် အဓိကပါဝင်သရုပ်ဆောင်ထားပြီး ကျောင်းသားဖိုက်တာဇာတ်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ မင်းသား Lee Tae-Sungက ဂျယ်ဂူအဖြစ် ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဆန်းဟိုတို့ သူငယ်ချင်းတစ်စုဟာ ကျောင်းမှာ“တိုက်ဂါး”ဆိုတဲ့ နာမည်နဲ့ ဘောလုံးအသင်း ဖွဲ့ထားပါတယ်။ ကျောင်းမှာအငယ်တွေကို အနိုင်ကျင့်တဲ့ စီနီယာကျောင်းသားတွေပါ တိုက်ဂါးအဖွဲ့ဝင် ဖြစ်လာတဲ့နောက်ပိုင်းမှာတော့ အခြားကျောင်းသားတွေရဲ့အမြင် စတင်ပြောင်းလဲလာခဲ့ပါတယ် .. ဒီလိုနဲ့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က အခြားကျောင်းက ဂိုဏ်းခေါင်းဆောင်ရဲ့ ရည်းစားဟောင်းကို စပြီးမေတ္တာသက်ဝင်မိရာက တိုက်ဂါးအဖွဲ့ဟာ ဂိုဏ်းစတားတိုက်ပွဲကြားထဲကို ရောက်ရှိသွားခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းတစ်သိုက် ဘယ်လိုဒုက္ခတွေရောက်ပြီး ပြဿနာပေါင်းစုံကို ဖြေရှင်းကြမလဲဆိုတာ ကားလေးထဲမှာ ကြည့်ရှုခံစားကြပါဦးနော် .. (အညွှန်းကို Zuri Htoo မှ ရေးသားပေးထားပါတယ်။) File size…1.97GB / 773MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Action, Crime, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet & Zuri Htoo Encoded by AHtet

Drama • Romance
6.6 2006
Gangster High
Possession: Kerasukan
5.5

Drama ၊ Thriller အမျိုးအစားဖြစ်တဲ့ အင်ဒိုနီးရှားသရဲကား Possession: Kerasukan. က သရဲကားဆိုတာထက် တကယ်တော့ အဆိပ်အတောက်ဖြစ်စေတဲ့အိမ်ထောင်ရေးပုံစံကို အဓိကမီးမောင်းထိုးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒီလိုအိမ်ထောင်ရေးပုံစံထဲမှာပိတ်မိနေတဲ့ အမျိုးသမီးတွေရဲ့ အကူအညီတောင်းဆိုသံတွေကိုကိုယ်စားပြုပြီး အိမ်ထောင် ဘက်ချင်းကျူးလွန်တဲ့မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ဆက်တိုက်အယုံအကြည်ကင်းမဲ့မှုတွေက ဘာလဲဆိုတာ ပြသထားပါတယ်။ ရေတပ်မှာတာဝန်ထမ်းဆောင်နေရာကနေပြန်လာတဲ့ဖာရစ္စကို အိမ်ရောက်ရောက်ချင်း မိန်းမဖြစ်တဲ့ရတ်နာက ကွာရှင်းဖို့ ပြောလာခဲ့ပါတယ်။ ရုတ်တရက်အံ့အားသင့်သွားတဲ့ ဖာရစ္စ တစ်ယောက် ရတ်နာက တခြားယောကျ်ားတစ်ယောက်နဲ့ ဖောက်ပြန်နေတာလို့တပ်အပ်စွပ်စွဲပြီး လိုက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူပိုသိလာရတာကတော့ မိန်းမကဖောက်ပြန်တာထက် ပိုကြောက်စရာကောင်းတဲ့သဘာဝလွန်ကိစ္စတွေရှိနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။ File size…933GB / 591MB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 94 mins
Possession: Kerasukan
Freedom Libre
5.8

Freedom (2024) IMDb Rating (5.8) ဒီရုပ်ရှင်က ပြင်သစ်ရဲ့ အကြမ်းမဖက်တဲ့ နာမည်ကျော်ဓားပြကြီး ဘရူနိုဆူလက်အကြောင်းဖြစ်ရပ်မှန်ကို အခြေခံပြီး စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ပြင်သစ်ရုပ်ရှင်။ 1970နဲ့ 1980ကြားကာလမှာ ကျည်တစ်ချက်မဖောက်ဘဲ စူပါမားကတ်တွေနဲ့ လက်ဝတ်ရတနာဆိုင်တွေကို လုယက်ခဲ့တဲ့ လွပ်လပ်မှုကိုမြတ်နိုးသူ ဓားပြလူချောကြီးတစ်ယောက်ပေါ့။ လုယက်ရလာတာတွေကို ဆင်းရဲသားတွေဆီခွဲဝေပေးတတ်လို့ ခေတ်သစ်ရော်ဘင်ဟုလို့လည်း သမုတ်ကြသေးတယ်။ ရှစ်လအတွင်း စူပါမားကတ်၁၈ခုကို တစ်ခါမှအဖမ်းမခံရဘဲ အောင်အောင်မြင်မြင်နဲ့ လုယက်နိုင်ခဲ့သူ။ ဒီဇာတ်လမ်းမှာတော့ ဆူလက်ရဲ့ ဘ၀ခံယူချက်၊ ပြစ်ဒဏ်နဲ့ အချစ်ကြားက ရှင်သန်ပုံကို ရှုမြင်ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.8 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama, Romance, Thriller Duration….01:51:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

5.8 2024 110 mins
Freedom Libre