YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love.in.Lies.2023.S01E08.1080p.CM.mp4

1.14 GB 1080p video/mp4 43 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Good Night
8

Good Night 2023 ဒီတစ်ခေါက်မှာတော့ IMDb - 8.3/10 ထိရရှိထားတဲ့ တမီးလ် မိသားစုဒရမ်မာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Jai Bhim၊ Vikram Vedha ဇာတ်ကားတွေထဲက မင်းသား Manikandan နဲ့ မင်းသမီးချော Meetha တို့ကအတွဲညီညီသရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း မိုဟန်တို့အိမ်ဟာ မိသားစု‌ဝင်တွေအများကြီးနဲ့ သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုတစ်ခုပါ။ အချင်းချင်းစည်းလုံးကြပြီး တစ်ယောက် ပြဿနာတစ်ယောက်ဖြေရှင်းကြရင်းပေါ့။ သို့ပေမဲ့မိုဟန်မှာ မိသားစုဝင်တွေ သည်းမခံနိုင်လောက်အောင်ဆိုးတဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဟောက်တတ်တာပါပဲ။ အဲအကျင့်ကြောင့်လည်း စော်ငြင်းကောင်ဖြစ်နေရတဲ့သူပါ။ တစ်နေ့မှာ ယောက်ဖဖြစ်သူနဲ့ ရေပိုက်လိုက်ပြင်ရင်း အာနူးဆိုတဲ့သနားစရာကောင်မလေးနဲ့ တွေ့ဆုံပြီး၊ နှစ်ယောက်သားစုံမက်သွားကြတဲ့အခါ အာနူးခင်ဗျာ မိုဟန်ကိုသည်းခံနိုင်ပါဦးမလား၊ နှစ်ယောက်သား ဘယ်လိုနားလည်မှုယူကြမှာလဲ....သူတို့ခင်ဗျာညတိုင်း "Good Night " ဖြစ်နိုင်ပါဦးမလားဆိုတာ "Good Night"ဇာတ်ကားမှာပဲအဖြေရှာပြီး အပန်းဖြေကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ ThaikSan ~ Zwe ~ V~ BpL~ တို့ပဲဖြစ်ပါတယ်။ File size…2.39GB / 1.12GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ ThaikSan ~ Zwe ~ V~ BpL

Comedy • Drama
8 2023 144 mins
Good Night
The Fabelmans
7.8

The Fablemans ကိုအညွှန်းအရှည်ကြီးရေးမယ့်အစား ဒါရိုက်တာ "Steven Spielberg" ရဲ့ ဘဝဖြစ်ရပ်မှန်ပေါ် အခြေခံပြီး Steven Spielberg ကိုယ်တိုင်ရိုက်ကူးထားတဲ့ကားလို့ ပြောလိုက်တာနဲ့ ရုပ်ရှင်ချစ်သူတွေအားလုံးက ဒါကမဖြစ်မနေကြည့်ရမယ့်ကားလို့ သတ်မှတ်ကြမှာသေချာပါတယ်။ West Side Stories, Jaws, ET, Schindler's List, Catch me if You Can စသဖြင့် Steven Spielberg ရဲ့လက်ရာမွန်တွေက ရေးလို့မကုန်နိုင်အောင်များပြီးရုပ်ရှင်ချစ်သူအားလုံးနဲ့ ရင်းနှီးပြီးသားပါ။ ဒီပါရမီရှင်ဒါရိုက်တာကြီးရဲ့ ငယ်ဘဝက ဘယ်လိုရှိခဲ့လဲ။ သူ့ဖန်တီးမှုတွေကဘယ်ကလာပြီး ဘယ်သူတွေလွှမ်းမိုးခဲ့လဲ။ Steven Spielberg က ဒီဇာတ်လမ်းကို ၁၉၉၉ ခုနှစ်ထဲက "I'll be Home" ဆိုတဲ့နာမည်နဲ့ရေးခဲ့ပြီး ပရိသတ်တွေကိုသူ့ဘဝနဲ့မိတ်ဆက်ပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ဇာတ်လမ်းကိုပြောမယ်ဆိုရင် သူ့ဘဝထဲကအရင်းနှီးသူတွေအချစ်ရဆုံးသူတွေကိုချန်ထားရစ်လို့မရပါဘူး။ အထူးသဖြင့်သူ့အမေနဲ့အဖေပေါ့။ ဖြစ်ရပ်မှန်ပေါ်အခြေတည်ထားတဲ့ဒီဇာတ်လမ်းက သူ့အမေနဲ့အဖေကိုထိခိုက်နာကျင်ရစေနိုင်တာကြောင့် သူက ဒါကို အချိန်အကြာကြီးဆိုင်းငံ့ထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ Steven နေရာကသရုပ်ဆောင်တဲ့ Sammy ဆိုတဲ့ဇာတ်ကောင်လေးက သူ့မိသားစုပြသနာတွေကြားမှာ နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ သူ့ပါရမီကိုလဲဆက်လက်ပျိုးထောင်သွားပုံကိုတွေ့ရမှာပါ။ Steven ကလက်တွေ့ဘဝမှာ Sammy လောက် ရင့်ကျက်ခဲ့ရဲ့လားမသေချာပေမယ့် ဒီရုပ်ရှင်ကတော့ Steven တစ်ယောက် သူ့ဘဝကိုပရိသတ်ကိုချပြတဲ့ရုပ်ရှင်သက်သက်မဟုတ်ဘဲ သူ့ဘဝအဆိုးအကောင်းတွေနဲ့ငြိမ်းချမ်းမှုရယူပြီး သူ့မိဘတွေချစ်ခင်ရသူတွေကို ခွင့်လွှတ်နားလည်ခြင်းတွေ နွေးထွေးကြင်နာမှုတွေနဲ့ ပြန်လှည့်ကြည့်ထားတဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာအောင်မြင်မှုတစ်ခုပါပဲ။ အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 2.3GB | 1.3GB | 494MB Format… mp4 Duration….2h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Leonard Lin Encoder ..... August

Action • Crime • Mystery • Thriller
7.8 2022 151 mins
The Fabelmans
Dobaaraa
5.5

အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ အားလုံးရဲ့အချစ်တော် တာ့ပ်ဆီးပန်းနုရဲ့ ဇာတ်ကားသစ်လေးပဲ ဖြစ်ပါတယ် ဇာတ်ကားလေးက အပြိုင်ကမ္ဘာပုံစံမျိုး ဆန်းဆန်းပြားပြားလေး ရိုက်ကူးထားတာပဲဖြစ်ပါတယ် အန်တာရာ (တာ့ပ်ဆီး) က လက်ရှိအချိန်ကာလမှာနေပြီး အတိတ်က အာနေးဆိုတဲ့ကောင်လေးနဲ့ တီဗွီထဲကနေတစ်ဆင့် ဆက်သွယ်မိသွားပါတယ် အတိတ်က အာနေးဆိုတဲ့ကောင်လေးဟာ ဘေးအိမ်က လင်မယားနှစ်ယောက်ရန်ဖြစ်နေတဲ့နေရာဆီ သွားရင်း ကားတိုက်ခံရပြီး သေဆုံးသွားတာဖြစ်ပါတယ် အဲဒီကောင်လေး အာနေး နေခဲ့တဲ့အိမ်မှာပဲ အန်တာရာတို့ မိသားစုက ပြောင်းလာတာဖြစ်ပြီး အာနေးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အားလုံးကို အန်တာရာက သိထားတာမို့လို့ အာနေးမသေအောင် အနာဂတ်ကနေ ကူညီပါတော့တယ် အဲဒီလိုနဲ့ သူ အာနေးကို ကူညီနိုင်ပါ့မလား အနာဂတ်ကနေ အတိတ်ကို ဘယ်လိုအကူအညီပေးမှာလဲ ကံကြမ္မာကိုပြောင်းလဲအောင်လုပ်လိုက်ရင် သူတို့ကရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ တာ့ပ်ဆီးရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် File size…1.34Gb / 630MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Sora & BpL & Thet Ko & OeliuJ

Comedy • Family • Romance
5.5 2022 135 mins
Dobaaraa
[18+] Bewitching Attraction
4.3

Bewitching Attraction (2006) CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ မဲပြာပုဆိုး ဇာတ်လမ်းထပ်နေတဲ့ ကိုရီးယားအမှောင်ကားတွေကို ကြည့်ရတာ စိတ်ကုန်နေတဲ့သူတွေအတွက် အရင်ခေတ် ၂၀၀၆ တုန်းက ထွက်ရှိခဲ့တဲ့ old but gold လေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းကတော့ ပရော်ဖက်ဆာ မမကြီးရဲ့ ဘဲများနဲ့အရှုပ်တော်ပုံလေးပဲဖြစ်ပါတယ် ပရော်ဖက်ဆာမမကြီးက လှလဲလှတယ် ပညာလဲတတ်တယ် ကောက်ကြောင်းလေးကလည်း လှသလို ပွင့်လင်းတတ်တဲ့ အလှပဂေးတစ်ယောက်ပါ မမကြီးရဲ့ဘဝမှာ လုပ်ဖော်ကိုင်ဖက် ဘာညာ ခင်လို့တွဲတာ စသည်ဖြင့် ငယ်ငယ်တုန်းက ကျောင်းသူဘဝမှာတင် ညီအကို နှစ်ယောက်ကို ပြိုင်တွဲပစ်တာတို့ ဘာတို့ လုံးဝကို သိပ်ကြမ်းတဲ့ မမပါ မမတစ်ယောက် နောက်ဆုံးသူ့အရှုပ်တွေက နောက်ကိုအရိပ်လိုလိုက်တာတဲ့အခါမှာတော့ ဘာတွေဘယ်လိုဖြစ်ကုန်မလဲဆိုတာ ရှုစားကြပါဦး ညိုကီတို့ File size…2GB  / 596MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

4.3 2006 104 mins
[18+] Bewitching Attraction
Still Walking
7.9

Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating – 7.9/10 ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။ Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ အောက်က ရေခဲတုံးကြီးတစ်ခုလုံးကို ကိုယ်အသိနဲ့ကိုယ် ခံစားလို့ရအောင် ပြသသွားတယ်။ မရစရာလည်းမရှိပါဘူး။ ဇာတိ ဇရာ ဗျာဓိ မရဏ နဲ့ မကင်းတဲ့သူတွေပဲမို့လား။ Still Walkingဟာ တော်တော်ရိုးရှင်းပါတယ်။ သူ့ဇာတ်အိမ်ရဲ့ အချိန်ကလည်း တစ်နေ့အတိပဲ။ ‌သူ့နာမည်ကိုဖတ်ရင် ဒီဇာတ်အိမ် ဘယ်လိုလာမှာလဲ တွေးမိ ကောင်းတွေးမိလိမ့်မယ်။ ဒါပေမဲ့ Still Walkingက ဒီအတွေးအတိုင်း သိသာ မြင်သာစွာကြီး ပုံဖော်မသွားဘူး။ အစမှာ အိမ်ပြန်ရောက်ရတဲ့ အရသာမျိူးတောင် ရတယ်။ သူ့ခေါင်းစဉ်နဲ့ သူ့ဇာတ်ကို ချိတ်သွားပေးတဲ့အရာက ဂျိမ်းဂျွိုက်ပြောဖူးတဲ့ လင်းပွင့်မှု(Epiphany)လို့ခေါ်တဲ့ စိတ်သန္တာန်မှာ ရုတ်တရုတ် တစ်စုံတရာကို လင်းပွင့်သိရှိလိုက်မှုတစ်ခုနဲ့ပါပဲ။ ချစ်သောနေ့တွေ ချစ်သောလူတွေ ချစ်သောအရာတွေ ဒီလိုပဲ လွင့်ပြယ်သွားတယ်။ ကျွန်တော်တို့ကတော့ ဆက်လျှောက်နေရဦးမယ်။ စာကြွင်း – Koreedaဟာ 2000ခုနှစ်နောက်ပိုင်း အော်စကာဆန်ခါတင်၀င်ခဲ့တဲ့ ဂျပန်ရုပ်ရှင် ၃ကားထဲက တစ်ကားဖြစ်တဲ့ shopliftersရဲ့ ဒါရိုက်တာဖြစ်ပြီး Like Father Like son, Nobody Knows, After The Storm, Still Walking, Our Little sisterစတဲ့ ဂျပန်လူနေမှုဘ၀ ဂျပန်မိသားစုနဲ့ ဘ၀တွေကို ထင်ဟပ်တဲ့ မာစတာပိစ်ကားတွေ မနည်းရိုက်ကူးထားတဲ့သူပါ။ ဒီနှစ်လည်း ဆောင်းကန်ဟို၊ ဘဲ့ဒိုနာ၊ IUတို့နဲ့ Brokerဆိုတဲ့ ကိုရီးယားရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့ပါတယ်။ Brokerနဲ့ ဆောင်းကန်ဟိုဟာ ကိန်းမှာ မင်းသားဆု ရသွားခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(1.45 GB) / (712 MB) / (480 MB) Quality…………BluRay 1080p / 720p / 480P Duration………1Hr 55mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….WiRa Aung Encoder……….SWM

Crime • Drama • Thriller
7.9 2008
Still Walking
Ahista Ahista
7

အိန္ဒိယဒရမ်မာကား ကောင်းကောင်းလေး ကြည့်ချင်ရင်တော့ ဒီကားကိုကြည့်ကြည့်ဖို့ ညွှန်းချင်ပါတယ် ဒီထဲမှာ မင်းသားက လက်ထပ်မှတ်ပုံတင်ရုံးမှာ အသိသက်သေအဖြစ် အလုပ်လုပ်တဲ့သူတစ်ယောက်ပေါ့ ဒီအလုပ်နဲ့ပဲ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး ရှေ့အနာဂတ်အတွက် ရည်မှန်းချက်ကြီးကြီးမားမား မရှိတဲ့သူပေါ့ တစ်နေ့ ကောင်မလေးတစ်ယောက် လက်ထပ်မှတ်ပုံတင်ဖို့ ရုံးရှေ့မှာ သူ့ရဲ့ချစ်သူကို စောင့်ရင်းနဲ့ တစ်ယောက်တည်း ရပ်နေတာကို သူတွေ့လိုက်ရတယ် ဒါပေမယ့် အဲဒီကောင်မလေးရဲ့ချစ်သူက ညဘက်ရောက်တဲ့အထိ ပေါ်မလာတော့ သူကပဲ နေစရာနေရာရဖို့ အကူအညီပေးခဲ့ရတာပေါ့ အဲဒီလိုနဲ့ ကောင်မလေးရဲ့ချစ်သူက တစ်ရက်လည်း ပေါ်မလာ နှစ်ရက်လည်း ပေါ်မလာနဲ့ အချိန်တော်တော်ကြာတာတောင် ပေါ်မလာခဲ့ဘူး သူကပဲ ကောင်မလေး နေဖို့ထိုင်ဖို့နဲ့ အကူအညီအားလုံးကို ကူညီပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ကောင်မလေးကို သံယောဇဉ်တွယ်လာခဲ့တယ် ကောင်မလေးကို သူချစ်လာခဲ့တယ် ကောင်မလေးနဲ့တွေ့မှ သူဟာ အနာဂတ်အတွက် ရည်မှန်းချက်အကြီးကြီး ရှိလာခဲ့တယ် ဘဝကို လေးလေးနက်နက် ဖြတ်သန်းလာချင်ခဲ့တယ် သူများတွေ အိမ်ထောင်ရေးအတွက် အကူအညီပေးခဲ့တဲ့ သူဟာ သူ့အိမ်ထောင်ရေးအလှည့်ကျတော့ လောကကြီးက ပြန်ပြီးကူညီပါ့မလား ကောင်မလေးရဲ့ချစ်သူကရော ပြန်လာဦးမှာလား သူ့အနေနဲ့ ကောင်မလေးရဲ့အချစ်ကို ရပါ့မလား သူ့ရဲ့ရည်မှန်းချက်တွေကို ကောင်မလေးနဲ့အတူ ဖန်တီးခွင့်ရပါ့မလားဆိုတာ ဒီကားလေးထဲမှာ ဆွတ်ပျံ့ကြည်နူးဖွယ် အချစ်ရသလေးကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်

Drama
7 2006
Ahista Ahista
[18+] Haseena
4.3

Haseena (2018) မိန်းမလှလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဟဆီနားတဲ့။ သူဟာ လူကုံထံတွေ လုပ်ငန်းရှင်တွေကိုပစ်မှတ်ထားပြီး သူမရဲ့အလှနဲ့ဖမ်းစားတယ်။ ပြီးရင် သူတို့ပိုင်ဆိုင်သမျှကို လုယက်တတ်တဲ့ ကြောင်ဆိုးမလေးပေါ့။ ပြီးတော့ ရာဟူလ် ရိုဟစ် နဲ့ ရာဂျန်းဆိုတဲ့ သုံးယောက်ပေါင်းလောင်းကျော် သူငယ်ချင်းသုံးယောက်ရှိတယ်။ သူဋ္ဌေးသားလေးတွေပေါ့။ ဂိုအာခရီးစဉ်ကို ကဲဖို့သွားနေတုန်း ဟဆီနားဟာ သူတို့ကို မျက်စိကျသွားပါတော့တယ်။ ဒီလိုနဲ့ ဒီသူဋ္ဌေးသားလေးတွေရဲ့ဘဝဟာ ဘယ်လိုတွေ ရိုလာကိုစတာစီးရတော့မလဲဆိုတာကိုတော့ ၁၈အပေါင်းအခန်းလေးတွေနဲ့ ရှုစားတော်မူကြပါဦးနော်။ ဒီတော့ လူငယ်တွေလည်း လှတာချည်း မက်မနေကြပါနဲ့..မုန့်ကိုမြင်တာတော့ မြင်ပါ တုတ်ကိုလည်း တွေ့အောင်ရှာပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။

Romance • Drama
4.3 2018
[18+] Haseena
My Name Is Shruthi
8.7

My Name Is Shruthi (2023) “ကျွန်မက ရှရူသီ” IMDb-8.7/10 တောင်ပိုင်းမင်းသမီးချော ဟန်ဆီကာအဓိကပါဝင်တင်ဆက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကားကောင်းလေးတကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်ကြီးလို့ အသားရေပျက်စီး ယိုယွင်းလာတာကိုမလိုချင်ကြတဲ့ ငွေကြေးချမ်းသာတဲ့လူတွေက နုပျိုမှုအတွက် အရေပြားအစားထိုးကုသကြတယ်။ တရားဝင်မဟုတ်တဲ့အတွက်ကြောင့် အရေပြားအစားထိုးကုသဖို့အတွက် မှောင်ခိုကူးတဲ့ မာဖီးယားဂိုဏ်းရှိတယ်။ အဲဒီမာဖီးယားဂိုဏ်းရဲ့ခေါင်းဆောင်ကဝန်ကြီးဖြစ်ဖို့အသည်းအသန်ကြိုးစားနေတဲ့ လွှတ်တော်အမတ်တယောက်။ သူတို့ဂိုဏ်းက အသားရေလှပတဲ့ အမျိုးသမီးငယ်လေးတွေကိုဖမ်းပြီး အရေပြားအစားထိုးမှုအတွက် အတင်းအဓမ္မလုပ်ဆောင်စေပါတယ်။ ဒီလိုအရှုပ်အထွေးတွေကြားထဲမှာ နယ်မြို့လေးကနေ ဟိုက်ဒရာဘတ်ကိုတက်ပြီး အလုပ်လာလုပ်တဲ့ ရှရူသီဆိုတဲ့ အမျိုးသမီးလေးတစ်ယောက် ဘယ်လိုတွေပါဝင်ပတ်သက်သွားမိမလဲ။ ရဲတပ်ဖွဲ့ကရော ဒီမိန်းကလေးတွေပျောက်တဲ့အမှုကို ဖော်ထုတ်အရေးယူနိုင်မှာလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023
My Name Is Shruthi
The Uninvited
6.3

The Uninvited (2009) ================= IMDb – 6.3/10 ဒါရိုက်တာ Charles Guard နဲ့ Thomas Guard တို့ရိုက်ကူးထားတဲ့ The Uninvited ဆိုတဲ့ဇာတ်ကားလေးကတော့ Horror, Drama အမျိုးအစားကြိုက်နှစ်သက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ မထင်ထားတဲ့ plot twist တွေနဲ့ ဇာတ်ကားတစ်လျှောက်လုံး ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်နာ ဟာ မီးလောင်မှုအတွင်း မိခင်ဖြစ်သူကိုဆုံးရှုံးရပြီး စိတ္တဇဖြစ်သွားတာကြောင့် စိတ်ကျန်းမာရေးဆေးရုံကို အပို့ခံလိုက်ရပါတယ်။ ဆယ်လကြာတဲ့အထိ မီးလောင်မှုတုန်းကဖြစ်ခဲ့တာတွေကို မမှတ်မိခဲ့ပါဘူး။ ဒါပေမယ်လည်း ဆရာ၀န်က အန်နာ ကိုဆေးရုံကဆင်းခွင့်ပြုလိုက်ပါတော့တယ်။ အန်နာ အိမ်ပြန်ရောက်တော့ ရေချယ် လို့ခေါ်တဲ့ သူ့အမေရဲ့ သူနာပြုဖြစ်ခဲ့တဲ့သူဟာ သူ့ရဲ့မိထွေးဖြစ်နေပါပြီ။ အဲဒီနောက်မှာတော့ အန်နာ ဟာ သူ့ရဲ့အရမ်းချစ်ရတဲ့ အစ်မဖြစ်သူ အဲလက် နဲ့တွေ့ပြီးစကားတွေပြောရင်း ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယရှိလာပါတော့တယ်။ မိထွေးဖြစ်တာကြောင့်မလို့ အန်နာ တို့ညီအစ်မဟာ ရေချယ် နဲ့လုံး၀မတည့်တဲ့အပြင် တိုက်ဆိုင်မှုတွေကြောင့်မလို့ ရေချယ် ကသူတို့အမေကိုသတ်တာဆိုပြီး သံသယစိတ်ကပိုကြီးထွားလာပါတယ်။ ဒီလိုနဲ့ အန်နာ နဲ့ အဲလက် တို့ညီအစ်မနှစ်ယောက် သူတို့အမေကိုသတ်တဲ့ တရားခံကိုဖော်ထုတ်ပုံကို စိတ်လှုပ်ရှား တုန်လှုပ်ဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thiha Kyaw ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Fantasy, Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thiha Kyaw (Theo Kat)

Drama • Action
6.3 2009
The Uninvited
The Celebration

IMDb 8.1 / Rotten Tomatoes 91% / Meta score 82% အထိရရှိခဲ့ပြီး ဆုပေါင်း ၂၈ ခုထိအပိုင်သိမ်းခဲ့တဲ့ Drama/Thriller ရှေးရုပ်ရှင်တစ်ခုပါ။ ဇာတ်လမ်းအကျဉ်းကတော့ အဖေကြီးရဲ့ အသက် ၆၀ နှစ်ပြည့်မွေးနေ့ကို စံအိမ်ကြီးတစ်ခုမှကျင်းပဖို့အတွက် သားသမီး မြေးမြစ်တွေအပြင် အသိမိတ်ဆွေတွေပါ လူစုံတက်စုံ ရောက်ချလာကြပါတယ်။အဲဒီည ညစာစားပွဲမှာ သားဖြစ်သူထဲက တစ်ဦးက အဖေကြီးနဲ့ သားသမီးတွေကြားက ရုပ်ဆိုးအကြီးတန်တဲ့လျှို့ဝှက်ချက်တွေကို လူပုံလယ်မှာ ညစာစားပွဲအတွက် မိန့်ခွန်းပြောရင်း ငယ်ကျိုးငယ်နာတွေ အကုန်ဖော်ပစ်လိုက်ပါတော့တယ်။ ဇာတ်အိမ်ကတော့ များများစားစားထပ်မရှင်းပြတော့ပါဘူး။ ဒီရုပ်ရှင်က Dogme ရုပ်ရှင်ပါ။ Dogme 95 ဆိုတာက 1995 ခုနှစ်တုန်းက ဒိန်းမတ်ဒါရိုက်တာတွေ တည်ထောင်ခဲ့တဲ့ ရုပ်ရှင်ဖန်တီးရေးလှုပ်ရှားမှုတစ်ခုပါ။ Dogme ရဲ့ နည်းစနစ်ကတော့ ရုပ်ရှင်တစ်ခုကို အထူးပြုလုပ်ချက်တွေ၊ နည်းပညာတွေမသုံးဘဲ ရိုးရာစံတွေနဲ့အညီပဲရိုက်တာပါ။ ဥပမာအနေနဲ့ပြောရရင် ဒီရုပ်ရှင်ထဲကအသံတွေက အာတီဖီရှယ် လူလုပ်အသံတွေမပါဘဲ အသံအားလုံးကို ရိုက်ကွင်းမှာပဲတန်းသွင်းပါတယ်။ ကင်မရာကိုင်တဲ့နေရာမှာလည်း ဘာစက်ပစ္စည်းကိရိယာအကူအညီကိုမှမယူဘဲ တစ်ကားလုံး ကင်မရာကို လက်နဲ့ပဲကိုင်ပြီးရိုက်ကူးတာပါ။ သရုပ်ဆောင်က ချော်လဲတဲ့အခန်းဆိုရင် ကင်မရာကို ကိုယ်တိုင်ကိုင်ပြီးချော်လဲပြရတယ်။ ရေမရောထားတဲ့ ရုပ်ရှင်စစ်စစ်ကိုမှကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သေချာပေါက်မြည်းစမ်းကြည့်ရမယ့်ရုပ်ရှင်ဖြစ်ကြောင်း အကြံပေးလိုက်ပါတယ်။ File size…(2.3 GB)/(2.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 1998 105 mins
The Celebration
Love in the Afternoon
7.1

လူဆိုတာ မလုပ်ရဘူးဆိုတာကို ပိုလို့လုပ်ချင်တတ်တဲ့ အကျင့်နဲ့ သတ္တဝါမျိုးပါ…..အဲဒီလို သတ္တဝါမျိုးကိုမှ ဘာကိုမှမမြင်တော့လောက်အောင် ကန်းစေမဲ့ အချစ်မျိုးထည့်ဖြည့်ပေးလိုက်ရင် မိုးပေါ်က သိကြားမင်းမကလို့ တဖက်၅၀၀စီရှိတဲ့ နတ်သမီးတွေ တောင်းပန်ခယလည်း နောက်ပြန်လှည့်တော့မှာမဟုတ်ပါဘူး….. အချစ်ဆိုတဲ့ စကားလုံးလေးက အင်မတန်ရိုးရှင်းပါတယ်…..ဖွင့်ဆိုရတဲ့ အဓိပ္ပာယ်တွေကတော့ ဆန်းကြယ်လွန်းတာမှ အနန္တစကြာဝဠာဆိုတာ တကယ်ရှိနေပါလားဆိုတာထက်ကို ပိုဆန်းကြယ်လွန်းပါတယ်…..ဒီအရာကို တခြားလူလုပ်ရင်မကြိုက်ပေမဲ့ ကိုယ့်မျက်စိထဲ ချစ်စရာကောင်းတယ်လို့ထင်တဲ့လူလုပ်နေရင်တော့ စိတ်ဝင်စားစရာ သည်းခံချင်စရာလေးဖြစ်သွားတဲ့အထိကို လူ့စိတ်ကိုပြောင်းလဲစေတာလည်း အချစ်ပါပဲ…….တခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်ကို မြင်တဲ့အချိန်ကနေစပြီး အသက်ဆုံးသွားတဲ့အချိန်ထိ ကိုယ့်ဘေးမှာ မပူမပင်မကြောင့်မကျဘဲ ထားချင်တာလည်း အချစ်ပါပဲ…..ဒါပေမဲ့ ကိုယ်အင်မတန်မုန်းတီးပါတဲ့ဆိုတဲ့အရာကို ကိုယ်အင်မတန်ချစ်ပါတယ်ဆိုတဲ့သူ လုပ်လို့ အသက်ဆုံးရှုံးတဲ့အထိ တုံ့ပြန်တတ်တာလည်း အချစ်ပါပဲ…..ပြောရရင်ကုန်မှာကိုမဟုတ်ပါဘူး အနန္တစကြာဝဠာဆိုတာ အချစ်ရဲ့ အဓိပ္ပာယ်ရှင်းတမ်းနဲ့ယှဉ်ရင် မြူမှုန်တဝက်သာသာရယ်ရှိတာပါ….. ဒီဇာတ်ကားလေးကတော့ ပလေးဘွိုင်းလို့ သိနေလျက်နဲ့ ကိုယ့်အဖေစုံထောက်ကြီးကလည်း စုံစမ်းနေလျက်နဲ့ကို စုံလုံးကန်း ချစ်မိသွားတဲ့ အကြောင်းလေးကို ဟာသလေးနှော အပြောကောင်းကောင်းလေးတွေပေါင်းထည့်ပြီး တင်ဆက်ရိုက်ပြထားတာပါ……ဒီခေတ်ရဲ့ ချစ်စကားတွေနဲ့ အရင်ခေတ်က ချစ်စကားတွေ ဒီခေတ်လူငယ်တွေနဲ့ အရင်ခေတ်လူငယ်တွေ ဘယ်လိုကွားခြားကြမလဲ ဘယ်လိုအယူအဆတွေကွဲလွဲခဲ့ကြလဲ အချစ်ကိုဘယ်လိုခံစားကြလဲဆိုတာ မျက်ဝါးထင်ထင်တွေ့ရမှာမို့ ကြည့်သင့်ကြည့်ထိုက်တဲ့ ကားလေးတစ်ကားလို့ဆိုရင်မှားမယ်မထင်ပါဘူး…… File size…(2.7 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby

Drama • History • Thriller
7.1 1957 130 mins
Love in the Afternoon
Midnight Inn
5.8

သည်းထိတ်ရင်ဖိုရုပ်ရှင်တွေမှ ကြိုက်တတ်တဲ့ ပရိသတ်ကြီးတို့အတွက် Midnight Inn ဆိုတဲ့ တရုတ်သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… စန်းကန်းတည်းခိုခန်းဟာ လူသေရော လူရှင်ရော တည်းခိုဖို့ လက်ခံတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အရှေ့ခြံမှာ မီးဖြူထွန်းပြီး ဖြတ်သွားဖြတ်လာခရီးသည်တွေကို ကြိုဆိုပြီး အနောက်ခြံမှာ မီးနီထွန်းပြီး မသင်္ဂြိုလ်ရသေးတဲ့ လူသေတွေကို လက်ခံပါတယ်။ ဒီစန်းကန်းတည်းခိုခန်းအတွက် ကြောက်စရာ ကောလာဟလတွေလည်း အများကြီး ရှိခဲ့တာပေါ့။ မိုးသည်းတဲ့ ညတစ်ညမှာ စန်းကန်းတည်းခိုခန်းမှာ ဆိုက်ရှန်ရှန်းရဲ့ အလောင်းကို လာရှာတဲ့ လူ ၂ ယောက် ရောက်လာပါတယ်။ ဂုဏ်သရေနဲ့ပြည့်ဝတဲ့ သူဌေးကတော်နဲ့ နာမည်ကြီးပြဇာတ်က ဇာတ်ဆောင်မင်းသားကြီးတစ်ယောက်ပေါ့။ သူတို့နှစ်ယောက်ကနေပြီး ဆိုက်ရှန်ရှန်းရဲ့ အတိတ်က အကြောင်းတွေကို ပြန်ပြောပြတဲ့အခါ…… လွန်ခဲ့တဲ့ ၁၀ နှစ်က အန်းမိသားစုမှာ ဖြစ်ခဲ့တဲ့ ၂ လောင်းပြိုင် လူသတ်မှုရဲ့ တရားခံက ဘယ်သူဖြစ်မလဲ…… ဆိုက်ရှန်ရှန်းက တကယ်ပဲ သူတို့ပြောသလို ရက်စက်ယုတ်မာတဲ့ လူတစ်ယောက်လား…… လူ့စိတ်ကို တကယ်ခြောက်လှန့်နေတဲ့အရာက ဘာဖြစ်မလဲ…… ဆိုတာကို ရုပ်ရှင်ထဲမှာ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ တင်ဆက်ပေးထားတာမလို့ ဆက်ကြည့်လိုက်ရအောင်နော်။

Horror • Mystery • Thriller • Crime
5.8 2024
Midnight Inn
Stop! Thieves
5.9

ဒီတစ်ခေါက်မှာတော့ အားလုံးအတွက် ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… Alibaba အကြောင်းကြားဖူးမယ်ထင်ပါရဲ့… ဒီကားထဲမှာ ချန်အစ်ကိုကြီးလည်း ဒီလိုပဲ သူ့ညီအစ်ကိုတွေနဲ့အတူ အိမ်တွေက ရှေးဟောင်းပစ္စည်းတွေကို ခိုးပြီး ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ပါတယ်… ဟုတ်ပါတယ်… သူခိုးကြီးပါ… ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆို ငွေအရမ်းမက်တဲ့ ရှောင်းချန်က သူ့ညီ ဖက်တီးနဲ့ ချွဲ့ဇီ ကိုခေါ်ပြီး တစ်အိမ်တက်ဆင်း ပစ္စည်းတွေခိုးပြီး ပြန်ရောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. ပစ္စည်းခိုးတာကို လူမိရင်တော့ ပြေးတာပေါ့,,, တိုက်တိုက်ဆိုင်ဆိုင် သူတို့ ခိုးတာ လူမိလို့ တစ်ပတ်ရိုက်ပြေးချိန်မှာပဲ… ကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တယ်.. အဲ့ကားပေါ်မှာ သူတို့တွေ့ခဲ့တဲ့ သူက သူဌေးတစ်ယောက်ရဲ့ ဦးလေးဖြစ်ပြီး ပြန်ပေးဆွဲခံရတာတဲ့… ဒီဦးလေးကို ကယ်ထုတ်ပေးနိုင်ရင် ဆုကြေးရမယ်ဆိုလို့… မှန်းထားတဲ့အတိုင်းပါပဲ ငတက်ပြား ညီအစ်ကို ၃ ယောက်ရဲ့ ကယ်ဆယ်ရေးခရီး စခဲ့တာပေါ့… ကဲ ဦးလေးကို ကယ်ထုတ်ပေးနိုင်မှာလား… ဒီညီအစ်ကိုတွေက ဘာလို့ ဒီလောက်တောင် ငွေမက်တာလဲ… ဘယ်လို အလှည့်အပြောင်းတွေရှိဦးမလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်လိုက်ရအောင်နော်…

5.9 2019
Stop! Thieves
Herstory
6.8

Herstory (2018) ***************** IMDb….. 6.8 ဒီရုပ်ရှင်ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေကြောင့် လိင်ကျွန်ဖြစ်ခဲ့ရတဲ့ နစ်နာသူ ကိုရီးယားအမျိုးသမီး ၁၀ဦးဟာ ဂျပန်တရားရုံးအထိသွားပြီး ဂျပန်အစိုးရကို တရားစွဲခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2018 Eleven Best Films of the Year, Best Actress Award နဲ့ Best Supporting Actress Award အပါအဝင် ဆုပေါင်းများစွာ ရရှိထားတဲ့ ဇာတ်လမ်းလည်း ဖြစ်ပါသေးတယ်။ Castတွေအဖြစ်လည်း တကယ့် မင်းသမီးကြီးတွေဖြစ်ကြတဲ့ Kim Hee Ae, Kim Hae Sook, Ye Soo Jung, Moon Sook, Lee Yong Nyeo နဲ့ မင်းသား Kim Jun Han တို့အပြင် ဝါရင့်သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ မွန်းဂျောင်ဆု (Kim Hee Ae) ဟာ ဘူဆန်မှာ ခရီးသွားအေဂျင်စီတစ်ခု ပိုင်ဆိုင်ထားပြီး အရည်အချင်းရှိတဲ့ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဘယ်ဂျောင်ဂီ (Kim Hae Sook) ကတော့ မွန်းဂျောင်ဆုရဲ့အိမ်မှာ အိမ်အကူအဖြစ် ၁၆နှစ်ကြာလုပ်လာခဲ့တဲ့သူပါ။ တစ်နေ့မှာတော့ အရင်က လိင်ကျွန်အမျိုးသမီးဖြစ်ခဲ့ဖူးတဲ့ အဘွားတစ်ယောက်ဟာ သူမရဲ့ ကြောက်စရာအတွေ့အကြုံတွေကို ရုပ်သံလိုင်းကနေတစ်ဆင့် ထုတ်ဖော်ပြောပြလိုက်တဲ့အချိန်မှာပဲ အိမ်အကူ အဘွားဘယ်ဂျောင်ဂီဟာ ရုတ်တရက် အလုပ်ထွက်ပြီး ပျောက်သွားပါတယ်။ အဲဒါကြောင့် မွန်းဂျောင်ဆုက အိမ်အကူအဘွားကို လိုက်ရှာရာကနေ ပြန်တွေ့တဲ့အချိန်မှာ သိလိုက်ရတာကတော့ အဘွားကလည်း လိင်ကျွန်အမျိုးသမီး ဖြစ်ခဲ့ဖူးတယ်ဆိုတာပါပဲ။ ဒါကြောင့် မွန်းဂျောင်ဆုဟာ သူ့ရဲ့ စီးပွားရေးကို ဘေးချိတ်ထားပြီး ဂျပန်စစ်သားတွေကြောင့် နစ်နာခဲ့ရတဲ့ အဘွားတွေကို လိုက်ရှာပြီး အကူအညီပေးအပ်ရေးစင်တာကို ဖွင့်လှစ်ခဲ့ပါတော့တယ်။ ‌ဒါ့အပြင် နစ်နာသူ အဘွားတွေရဲ့ စိတ်ကို ကုသပေးနိုင်တဲ့အရာက ဂျပန်အစိုးရရဲ့ တရားဝင်တောင်းပန်စာနဲ့ လျော်ကြေးငွေဆိုတာကို သိလိုက်ရတဲ့အချိန်မှာပဲ ရှေ့နေတွေနဲ့တိုင်ပင်ပြီး တရားစွဲဖို့ကိုလည်း ပြင်ဆင်ပါတော့တယ်။ တရားခွင်ပေါင်းများစွာကိုဖြတ်ကျော်ပြီးနောက် မွန်းဂျောင်ဆုဟာ အဘွားတွေအတွက် တရားမျှတမှုနဲ့ စိတ်အေးချမ်းမှုကို ရှာဖွေပေးသွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Toe Toe Aung ပဲ ဖြစ်ပါတယ်။) File Size : 1.47GB/ 700MB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:09 Genre : Law, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by Tiff

Adventure • Action • Science Fiction • Thriller
6.8 2018 121 mins
Herstory
Handle Me with Care
7.1

Handle Me with Care (2008) IMDb ~~~ 7.1 ‘ကွဲကြေလွယ်သည်၊ သတိနှင့် ကိုယ်တွယ်ပါ’ ဒါကို ဖန်ပုလင်းတွေ၊ ဖန်ခွက်တွေထည့်ထားတဲ့ စက္ကူဘူးတွေမှာ ရေးထားကြတာကို မြင်ဖူးကြမှာပါ။ ပစ္စည်းတွေကိုကျ မကျိုးပဲ့ရအောင် သတိနဲ့ကိုင်တွယ်ဖို့ သတိပေးတတ်ကြတဲ့ ကျွန်တော်တို့လူတွေဟာ အချင်းချင်းကိုတော့ အကြင်နာတရားနဲ့ ဆက်ဆံဖို့ မေ့လျော့နေကြပါတယ်။ ဒီဇာတ်ကားက ဒါကို ဖော်ပြထားတာပါပဲ။ ခွမ်ဆိုတဲ့ကောင်လေးမှာ မွေးကတည်းက လက်တစ်ဖက်အပိုပါလာတယ်။ သာမန်လူတွေနဲ့မတူဘဲ လက်သုံးဖက်ရှိတဲ့လူဖြစ်နေတာပါ။ အဲဒီလိုလူတစ်ယောက်က လူမှု့အသိုင်းအဝိုင်းမှာ လွယ်လွယ်ကူကူရှင်သန်နိုင်မယ်လို့ ထင်ပါသလား။ သေချာပေါက် ကဲ့ရဲ့ခံရ၊ လှောင်ပြောင်ခံရ၊ သူ့ကို ကျိန်စာသင့်နေတဲ့လူဆိုပြီး သနားစရာကြည့်ကြတာတွေကို အမြဲကြုံနေရတာပါ။ ပထမဆုံး သူ့အမေဆုံးတယ်။ ပြီးတော့ သူဝတ်ဖို့အင်္ကျီကို အမြဲချုပ်ပေးနေကျ အပ်ချုပ်ဆရာလည်း ဆုံးသွားတဲ့အခါ ခွမ်တစ်ယောက် ခံနိုင်ရည်အားကုန်ဆုံးပြီးတော့ သူ့လက်အပိုတစ်ဖက်ကိုဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လက်ဖြတ်ပြီးတော့ရော သူ့ဘဝက သာမန်လူတွေလို လွယ်ကူသွားပါ့မလား… သာမန်လူဖြစ်တာကကောင်းတာလား၊ ထူးခြားတဲ့လူဖြစ်တာက ကောင်းတာလား… ဒီဇာတ်ကားကနေ သိလိုက်ရတာက လူ့အသိုင်းအဝန်းကိုယ်တိုင်ကိုက လူတွေကို စိတ်ဒါဏ််ရာအပေးနိုင်ဆုံးနေရာဆိုတာပါပဲ။ဇာတ်ကားကောင်းလေးမလို့ ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ (အညွှန်းကိုတော့ Yee Waiက ရေးသားပေးထားပါတယ်) File Size ~~~880 MB/ 2.26 GB Quality ~~~WEB-DL 1080p/ 720p Duration ~~~02:04:29 Format ~~~mp4 Genre~~~Romance, Drama Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Yee Wai Encoded by ~~~ Treasure Htet

War • History • Adventure
7.1 2008
Handle Me with Care