YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Love Endures E08 720p WEB-DL CM.mp4

238.17 MB N/A video/mp4 171 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kills on Wheels
7.2

IMDb Rating - 7.1/10 ၂၀၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟန်ဂေရီကားလေးဖြစ်ပါတယ်။ IMDb 7.1၊ Rotten Tomatoes 89% ရထားတာဆိုတဲ့ အထွေအထူးပြောနေစရာ မလိုတော့ပါဘူး။ ဇာတ်လမ်းကတော့ action, drama, comedy အမျိုး အစားဖြစ်ပါတယ်။ ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ ဆယ်ကျော်သက်လူငယ်နှစ်ဦးဟာ ဝှီးချဲစီးပြီး လူလိုက်သတ်နေတဲ့ ကြေးစားလူသတ်သမားတစ်ယောက်နဲ့ ပတ်သတ်မိရာကနေ သူတို့ဘဝဟာ ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာကို ဖိုက်တင်ခန်း ခပ်ကြမ်းကြမ်းတွေ၊ ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ကြားကမေတ္တာတရား၊ မသန်စွမ်းတစ်ယောက်ရဲ့ ဘဝကို ကြံကြံခံနေထိုင်ပုံကို ဂရုဏာဖြစ်ဖွယ်နဲ့ရော ရယ်စရာကောင်းအောင်ပါ ဖော်ပြထားပုံတို့နဲ့ ရသစုံစွာ ကြည့်ရှုရမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(1.68 GB) / (780 MB) / (480P) Quality............BluRay 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Zaw Myo Thu Encoder..........SWM

Action • Comedy • Thriller
7.2 2016 105 mins
Kills on Wheels
The Omen
7.4

~ IMDb - 7.5/10, RT - 86%, Meta - 62% ~ တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး သူ့နေရာအစားဝင်ပြီး သွန်းရဲ့ စည်းစိမ်တွေကို အသုံးချပြီး ဒီလောကကြီးကို စေတန်လိုချင်တဲ့ ပုံစံအတိုင်းဖန်ဆင်းပစ်ဖို့ ရောက်လာခဲ့တာပါ။ ဒီရုပ်ရှင်ဟာ ဒေမီယံရဲ့ နိဒါန်းကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အိုမန်ဟာ Horror ကားပေမဲ့ ထူးထူးခြားခြား စီနီမာတိုဂရပ်ဖီရော အသံပိုင်းရော အတော်လေးလက်ရာမြောက်ပြီး Best Music Oscar ဆုကိုပါ ရခဲ့ပါတယ်။ ဒီလိုရတယ်ဆိုပေမဲ့ ကြုံနေကျ သရဲကားတွေလို အသံကို ဇွတ်ဆက်တွေ သုံးထားတာမဟုတ်ဘဲ လိုအပ်တဲ့နေရာမှာပဲသုံးပြီး အဲဒီလိုသုံးတဲ့အခါမှာလည်း ကြက်သီးထစရာကောင်းအောင် သုံးခဲ့တာပါ။ ရုပ်ရှင်ရဲ့ Theme Song ဖြစ်တဲ့ Jerry Goldsmith ရေးစပ်ထားတဲ့ "Ave Satani" ဟာလည်း အတော်အောင်မြင်ခဲ့ပါတယ်။ အိုမန်ကို လန်ဒန်မှာအဓိကရိုက်ခဲ့ပြီး ရောမ အီတလီ ဂျေရုဆလင်နဲ့ အစ္စရေးတို့မှာပါ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ To Kill A Mockingbird, Roman Holiday, Cape Fear တို့နဲ့ နာမည်ကျော်ခဲ့တဲ့ ဂန္ထဝင်မင်းသားကြီး Gregory Peck ဟာ ဒီကားကို ပိုပြီးထူးခြားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သလို သူ့ရဲ့ မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lee Remick ဟာလည်း ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကာရိုက်တာတွေဟာ ဒေမီယံရဲ့နေရာလောက် မခက်ခဲခဲ့ဘူး။ ဒီကားရဲ့ ဇာတ်သိမ်းပိုင်းမှာ Harvey Spencer Stephens ရဲ့ Damien သရုပ်ဆောင်ပုံဟာ ဒီလိုကျောချမ်းစရာကောင်းလွန်းတဲ့ကားရဲ့ အံ့မခန်း နိဂုံးဖြစ်သလို ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Ending တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အိုမန်ဟာ Jumpscare တွေကို အလွန်အကျွံမသုံးဘဲ အတိုင်းအတာတစ်ခုလောက်အထိသာ သုံးထားပေမဲ့ သူ့ဇာတ်ဝင်ခန်းတွေက တစ်ခန်းဆိုတစ်ခန်းဆိုသလို ရင်ထိတ်စရာကောင်းတဲ့အပြင်ကို ပဟေဠိတွေချန်ခဲ့နိုင်တဲ့ အတော်ကောင်းတဲ့ Storytelling နဲ့ ချပြထားတာပါ။ အိုမန်ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတွေထဲ တစ်ခန်းဟာလည်း ကြောက်စရာအကောင်းဆုံး ရုပ်ရှင်အခန်းတစ်ရာမှာ နံပါတ် ၁၆ ချိတ်ခဲ့ပါတယ်။ Horror ကားလည်းဖြစ် Horror အငွေ့အသက်စစ်စစ်ကိုလည်းရနေရင်းမှ ဒီလောက်ကောင်းတဲ့ကားဆိုတာ အတော်ရှားပါလိမ့်မယ်။ (ဒီဇာတ်ကားအညွှန်းကို ရေးပေးထားသူကတော့ WiRa Aung ဖြစ်ပြီး ပြန်ဆိုပေးထားသူကတော့ 666 ဖြစ်ပါတယ်) Size - 2.33GB, 1.2GB, 650MB Quality - 1080p, 720p, 480p IMDb Rating - 7.5/10 Format - mp4 Duration - 1H 51Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Science Fiction
7.4 1976 111 mins
The Omen
Vikrant Rona
6.8

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ တောင်ပိုင်း ကန်နန်းဒါးဘက်က နာမည်ကြီးမင်းသား ဆလ်မန်းခန်းရဲ့ Dabangg 3 ဇာတ်ကားထဲမှာ ဗီလိန်နေရာက သရုပ်ဆောင်သွားတဲ့ မင်းသား ကစ်ချားဆူဒီပါးနဲ့ ဆက်ဆီကျကျမမလှလှဂျက်စီတို့ရဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးက တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်.... ကာနတကမြို့နယ်အတွင်းက ကမာရုတူးဆိုတဲ့ရွာလေးကနေ ဇာတ်လမ်းကိုအစပြုထားတယ်.... အဲ့ဒီရွာက တောအုပ်ကြီးအလယ်မှာ တည်ရှိနေတဲ့ရွာဖြစ်သလို ဖြစ်ရပ်ဆန်းကြယ်မှုတွေနဲ့ နတ်ဆိုးတွေသောင်းကျန်းနေတယ်လို့လည်း နာမည်ကြီးတယ်... အဲ့ဒီရွာအတွင်းမှာရှိတဲ့ ဘိုးဘွားပိုင်အိမ်မှာ မိသားစုတစ်စု မင်္ဂလာပွဲလာကျင်းပကြပါတယ် အထမမြောက်နိုင်ခဲ့ဘဲ အိမ်ထဲမှာ အရာရှိတစ်ယောက်ရဲ့ခေါင်းပြတ်နေတဲ့အလောင်းကိုတွေ့ရှိခဲ့ပါတယ် ကလေးသူငယ်တွေဟာလည်း အသတ်ခံနေနေရပါတယ်..... ဆိုတော့ ဒီရွာက တကယ်ပဲ့ ကျိန်စာသင့်နေတာလား.... နတ်ဆိုးတွေ သောင်းကျန်းနေတာလား.... အဖြစ်မှန်က ဘာများလဲ.....။ File size…2.7GB  / 2.4GB / 1.07GB Quality…4k HEVC WEB DL / 1080p True WEBDL AAC5.1CH / 720p Format…mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Yunni & Kevin & Kham Mon & BpL & Jerrica

Action
6.8 2022 147 mins
Vikrant Rona
Turning Red
7.5

ဘဝမှာ အရှက်တတ်ဆုံး အကြောက်တတ်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ အပျို/လူပျိုဖော်ဝင်စ ၁၃/၁၄ အရွယ်ကို ညွှန်ပြရမှာပါပဲ။ အဲဒီလိုပဲ လူကြီးအဖြစ်ချင်ဆုံးအရွယ်ဆိုရင်လည်း ၁၃/၁၄ ဝန်းကျင်အရွယ်လေးတွေပဲ ဖြစ်မှာပါ။ ဒီကားလေးမှာတော့ လီမေလင်းဆိုတဲ့ ၁၃ နှစ်အရွယ် ကောင်မလေးတစ်ယောက် .... တရုတ်မိသားစုကပေါက်ဖွားလာတော့ တရုတ်ရိုးရာတွေအားလုံးကို နားလည်ထားပြီး ကိုယ်တိုင်လည်း ဘုံကျောင်းကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်နေသူပါ။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်ကလေးပီပီပဲ မြတ်နိုးတန်ဖိုးထားရတဲ့ အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေ ရှိလာပါတော့တယ်။ အဲ့ဒီအချိန် ရှေးရိုးဆန်တဲ့မိခင်ဖြစ်သူနဲ့ ကောင်မလေးရဲ့ ခေတ်ဆန်တဲ့ အတွေးအခေါ်တွေ ဘယ်လို အတိုက်အခံဖြစ်ကြမှာလဲဆိုတာတွေ ‌လီမေလင်းလေးရဲ့ အကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town အဖွဲ့က concert ကျင်းပမှာဆိုတော့ သူ့ခမျာ သွားရဖို့အရေး ကြိုးပမ်းအားထုတ်ရင်းနဲ့ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူစင်စစ်က‌နေ ပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တော့ ဘာတွေ ဆက်လက်ကြုံတွေ့ရမလဲဆိုတာတွေ ရှုစားရမှာပါ။ ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေး ဆိုပေမဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံတွေ့ရတဲ့ ပထမဆုံးဓမ္မတာလာတဲ့အချိန်တွေ ကိုယ့်ကိုယ် လူကြီးလို့ သတ်မှတ်ချိန်မှာ မိဘတွေက ကလေးလို သတ်မှတ်နေသေးလို့ ကတောက်ကဆဖြစ်ရတာလေးတွေ ဆယ်ကျော်သက်သားသမီး‌တွေနဲ့ မိဘတွေကြား ရှိတတ်တဲ့ပြဿနာလေးတွေအပြင် သူငယ်ချင်းတွေကြားထဲ ထားရှိကြတဲ့ ဖြူစင်တဲ့အချစ်မေတ္တာကိုပါ ခံစားရမှာဆိုတော့ ဆက်ဆက်ကြည့်ရှုသင့်တဲ့ movie လေး ဖြစ်ပါတယ်။ File size…1Gb / 2.6Gb / 5GB    Quality…720p WEB DL  / 1080p Web Dl AAC5.1Ch / 4k HEVC True Web DL Format…mp4 / mkv Duration….1h 40mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii & Myo Myo Htet & Allean & Eliza

Crime • Thriller
7.5 2022 100 mins
Turning Red
Eternals
6.9

မာဗယ်ရဲ့ စူပါဟီးရိုးအသစ်တွေ လာပါပြီ။ မူလပထမအစမှာ.... ဧကဖြစ်တည်မှု ၆ ခု မတိုင်ခင်၊ ဖန်ဆင်းမှုကြီးမတိုင်ခင် ဖန်ဆင်းရှင်များ ရှိခဲ့ပါတယ်။ မဟာဖန်ဆင်းရှင် အာရစ်ရှမ်ဟာ ပထမဆုံးသော နေကို ဖန်ဆင်းပြီး စကြဝဠာကို အလင်းပေးခဲ့တယ်ပေါ့။ အဲ့လိုနဲ့ သက်ရှိတွေ စတင်ဖြစ်ပေါ်လာပြီး ဟန်ချက်ညီစွာ သာယာဝ ပြောခဲ့ကြတယ်။ အဲ့ဒီလိုပဲ အာကာသရဲ့ နက်ရှိင်းတဲ့နေရာတွေဆီမှာလည်း ဒီးဗီးယန့်ဆိုတဲ့ ထူးခြားတဲ့ မျိုးစိတ်တွေ ဖြစ်ပေါ်လာပြီးအသိဉာဏ်ရှိ သက်ရှိတွေကို စားသုံးလာကြတဲ့အခါ စကြဝဠာကြီးလည်း ကစင့်ကလျားဖြစ်ကုန်ပါတော့တယ်။ ဒီလိုဖြစ်ပျက်နေတဲ့ သဘာဝတရားကို ပုံမှန်ဖြစ်စေဖို့ အာရစ်ရှမ်ဟာ အိုလမ်ပီယာဂြိုလ်မှ မသေမျိုးသူရဲကောင်းတွေဖြစ်တဲ့ အီတာနယ်တွေကို စေလွှတ်ပြီး ဒီးဗီးယန့်တွေကို ရှင်းလင်းစေခဲ့တယ်။ မဟာအီတာနယ် အာဂျက်ဦးဆောင်တဲ့ အီတာနယ်တွေဟာ အာရစ်ရှမ်အပေါ်ကို စွဲစွဲမြဲမြဲသစ္စာရှိခဲ့ပေမဲ့ တာဝန်တစ်ခုနဲ့တွေ့လာတဲ့အခါ အရာရာ ပြောင်းလဲသွားပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။) File Size - (4.22 GB) / (2.89 GB) / (1.5 GB) / (300 MB) / (500 MB) Quality – WebDL - (4K HEVC) / (1080p) /   (720p) / (HEVC Small File) / (480p) Duration - 2hr 36min Subtitle – Myanmar Hardsub Format – MKV / MP4 Genre : Action, Adventure, Fantasy Translator – Mr.Anderson Encoder – San Win Maung / Nyein Saeya Aung

Adventure • Fantasy • Mystery
6.9 2021 156 mins
Eternals
Aisha
6.4

အိုင်ရှာဟာ နိုင်ဂျီးရီးယားနိုင်ငံ ဘယ်နင်မြို့မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ ပညာရေးဆုံးခန်းမတိုင်သေးဘဲ ကောလပ်တက်နေဆဲဖြစ်သော်ငြားလည်း လူမှုရေးကိစ္စ အရှုပ်အရှင်းတွေကြား အသက်အန္တရာယ်ပါ စိုးရိမ်လာရတဲ့အတွက် အိုင်ရှာခမျာ တစ်ဖက်နိုင်ငံဖြစ်တဲ့ အိုင်ယာလန် နိုင်ငံထဲကို ခိုးဝင်ထွက်ပြေးခဲ့ရပါတယ်။ ဒီလိုနဲ့ အိုင်ယာလန်နိုင်ငံရဲ့ ဥပဒေအရှုပ်အထွေးတွေ၊ လူဖြူတွေရဲ့ ဖိနှိပ်မှုတွေကြားက ဝမ်းစာကို ရအောင်ဖြည့်ရင်း အမေဖြစ်သူဆီ ရသလို ပြန်ထောက်ပံ့ကာ နိုင်ငံခိုလှုံခွင့်အောင်ဖို့နဲ့ အမေ့ကိုပါ ဒီဘက်နိုင်ငံထဲ ရအောင်ခေါ်မယ်ဆိုတဲ့ မျှော်လင့်ချက်လေးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း အသက်ဆက်နေရပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တစ်ခြား ပိုပိုဆိုးလာတဲ့ အခြေအနေတွေကြားက လုံခြုံရေးဝန်ထမ်းလေး ကော်နာဟီလီနဲ့ တွေ့ကာ ချစ်ခြင်းမေတ္တာ ဆိုတာကို ထိတွေ့မိစ ပြုလာတဲ့နောက်မှာတော့..။ ဒီဇာတ်လမ်းရဲ့ Castတွေအနေနဲ့ကတော့ Black Pantherထဲက Shuriအဖြစ်နဲ့ လူသိများတဲ့ Letitia Wrightအပါအဝင် Josh I’m Connorတို့၊ Ruth McCabeတို့လို Award winnerတွေ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ File size…(1.31GB) / (671MB) / (320MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO

Thriller
6.4 2022
Aisha
The Warrant: Breaker’s Law
5.5

MDB 5.5/10 April 18ရက်နေ့ကမှ စတင်ထွက်ရှိလာခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် အက်ရှင် costume drama အမျိုးအစားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Dermot Mulroney, Neal McDonough, Bruce Boxleitner, Amy Hargreavesတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဓိက ဇာတ်ဆောင်ဖြစ်သူ ဂျွန်ဘရိတ်ကာက သူ့ဖမ်းမိထားတဲ့ ဒက်ဒ်အိုင်းဆိုတဲ့ လူကို နိုင်ငံကိုဖြတ်ပြီး ပို့ပေးရမှာဖြစ်တယ်။ ဒါပေမယ့်အဲ့မြို့ကလေးကိုရောက်သွားတဲ့အခါမှာ အဲ့မြို့မှာ သောင်းကျန်း ဆူပူပြီး မြို့ထဲက ရှိသမျှ လူတိုင်းကို သတ်ဖြတ်ရမ်းကားနေတဲ့ ဂိုဏ်းတစ်ခိုင်းကို သူတို့ကနေပြီးတော့ ဘယ်လိုတွေရင်ဆိုင်ပြီး‌တော့ကာကွယ်သွားမလဲဆိုတာကိုရိုက်ပြသွားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန် ကောင်းဘွိုင်းခေတ်မှာ ဇာတ်အိမ်တည်ထားတာမို့ အဲ့ခေတ်ကဇာတ်လမ်းကို ကြည့်ရတာကို ကြိုက်နှစ်သက်တဲ့သူတွေအနေနဲ့‌ဆို အရမ်းကိုနှစ်သက်မှာပဲဖြစ်ပါတယ်။ File size…(1.5 GB)/(930 MB)/(470 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Thriller, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Comedy • Romance
5.5 2023
The Warrant: Breaker’s Law
The World of Kanako
6.5

The World of Kanako (2014) ===================== IMDb Rating – 6.5/10 ဂျပန်ကားတွေဟာ အေးချမ်းရင်လည်း ကမ်းကုန်အောင် အေးချမ်း တတ်သလို ရက်စက်ရင်လည်းကမ်းကုန်အောင် ရက်စက်တတ်တာ အားလုံးအသိပါပဲ။ ဒီကားကတော့ ဒုတိယအမျိုးအစားကားပါပဲ။ ဘယ်လိုရက်စက်လဲဆိုတော့ အပြအားဖြင့်တော့ တစ်ချို့သတ်ပြ ဖြတ်ပြရုံသက်သက်ကားတွေလို လူမကြည့်နိုင်လောက်အောင် အရမ်း ဆိုးဆိုးရွားရွားကြီးဖြစ်မနေပါဘူး။ ဒါပေမဲ့ ဘာလို့ ဘယ်လို ဘယ်ပုံ ဆိုတဲ့အကြောင်းရင်းတွေနဲ့ကို သေသေသပ်သပ်နဲ့ကို ရက်စက်နေတဲ့ ရုပ်ရှင်လို့တော့ ပြောရပါမယ်။ ပတ်ချန်းဝတ်ရဲ့ Oldboy ရဲ့ ရက်စက် မှုမျိုးလို့ပြောလို့ရပေမဲ့ အဲဒီလိုကြီးထပ်တူမဟုတ်နေသလို ဇာတ်ကောင် တစ်ကောင်တည်းမဟုတ်ဘဲ ပါတဲ့ဇာတ်ကောင်အများစုကိုက နည်းပေါင်း စုံနဲ့ရက်စက်နေတဲ့ ရုပ်ရှင်ပါပဲ။ ကြည့်ရတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို သူ့နည်းသူ့ဟန်နဲ့ အရသာရှိနေတဲ့ ရုပ်ရှင်လို့ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ ကားသိပ်မရှိပေမဲ့ ရိုက်သမျှတော့ ဒီလိုကားတွေဆို တော့ သူပိုင်နိုင်တဲ့လိုင်းလို့ပဲပြောရပါမယ်။ ဂျပန်ရုပ်ရှင်ပရိသတ်ဆိုရင် ဒီကားကိုကြည့်သင့်တဲ့ အကြောင်းရင်းက နောက်ထပ်၂ခုတောင်ရှိပါတယ်။ တစ်ချက်ကတော့ Koji Yakushoဆိုတဲ့ ဂျပန်မင်းသားကြီးပါပဲ။ Under the Open Skyကားမှာ တော်တော်များများသိပြီးလောက်သလို Memoirs Of A Geisha , Tampopo , Cure တိုလို မာစတာပိစ်ကားတွေမှာ သရုပ် ဆောင်ဖူးပါတယ်။ အာရှရုပ်ရှင်ဆုပေးပွဲမှာ 2019 မှာ Excellence in Asian Cinema Award ဆုကိုရထားတဲ့ ဂျပန်မင်းသားကြီးပါ။ ဒီဆုကို ရထားတဲ့သူ လက်ရှိမှာ ၇ယောက်ပဲရှိပြီး မင်းသား၃ယောက် မင်းသမီး ၄ယောက်ပဲရထားပါတယ်။ ကျန်တဲ့မင်းသား၂ယောက်ကတော့ အီဗြောင် ဟွန်း၊ koreeda လက်စွဲ Hiroshi Abeတို့ပါပဲ။ နောက်အကြောင်းရင်းက တော့ ခုနောက်ပိုင်းဂျပန်ရုပ်ရှင်အသစ်တွေမှာ တွေ့ရတာများတဲ့ ဂျပန်ကား သစ်ပရိသတ်တွေ ကြိုက်ကြတဲ့ Nana Komatsuပါပဲ။ My Tomorrow, Your Yesterday ,The Last 10 Years , After the Rainတို့မှာ သရုပ် ဆောင်ဖူးပါတယ်။ သူလည်း ဂျပန်ရဲ့ လက်ရှိနာမည်အကြီးဆုံးမင်းသမီး ထဲပါပါတယ်။ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းမှာမှ ဂန္တဝင် မင်းသားနဲ့ နာမည်ကျော်မင်းသမီးကို တွဲမြင်ရမှာဆိုတော့ အာရှစီနီမာကို ကြိုက်တဲ့လူတွေ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ပါပဲ။ အနည်းဆုံးတော့ ဒီ ကားကြည့်လိုက်ရင်Koji Yakushoဟာ ဘာလို့ Excellence in Asian Cinema Awardဆုရထားလဲတော့ ကောင်းကောင်းကြီး သဘောပေါက် သွားကြမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(3.0 GB) / (871 MB) / (474 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 58Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Mystery, Thriller Translator…….WiRa Aung Encoder……….ZinPhyoAung

Horror • Thriller • Action
6.5 2014 118 mins
The World of Kanako
Believer 2
8.8

Believer 2 (2023) (အညွှန်း) ==================== 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ Believer ရဲ့ sequel ထွက်ရှိလာပါပြီ။ စုံထောက် Won Ho အပူတပြင်းလိုက်ရှာနေတဲ့ အာရှရဲ့အကြီးဆုံး မူးယစ်ဆေးဂိုဏ်းခေါင်းဆောင် ဆရာ အီက ဘယ်သူဖြစ်နေမှာလဲ .. ပျောက်ဆုံးနေတဲ့ Seo Young Rak ကရော ဘယ်ကိုရောက်သွားတာလဲ။ ဘရိုင်ယန့်ကို ဆရာအီအဖြစ်ဖမ်းဆီးခဲ့ပေမယ့် ဆရာ အီ မဟုတ်တဲ့ ဘရိုင်ယန်က Big Knife နဲ့လက်တွဲပြီး တကယ့်ဆရာ အီအစစ်နဲ့တွေ့ရဖို့ကြိုးစားလာတဲ့အခါ ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ဒီတစ်ခေါက်မှာတော့ main cast အနေနဲ့ မမ Han Hyo Joo က “Big Knife” အဖြစ်ကြမ်းပြဦးမှာဖြစ်သလို Seo Young Rak နေရာမှာ အရင် cast ဟောင်း Ryu Joon Yeol အစား Oh Seung Hoon က ပါဝင်သွားမှာပဲဖြစ်ပါတယ်။ သွေးထွက်သံယိုဇာတ်ဝင်ခန်းတွေလည်းပါဝင်သလို မမ Han Hyo Joo ရဲ့ ကွဲပြားတဲ့ဇာတ်ရုပ်ကိုမြင်ရဦးမှာမို့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ာထာတာကတော့ Laii, Thant Sin ,Thae, Kaung တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime , Thriller Quality…. 1080p | 720p File size… 1.4GB | 593MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laii, Thant Sin ,Thae, Kaung Encoder ….. Aaron

Thriller • Crime • Mystery
8.8 2023
Believer 2
The Boys in the Boat
7.1

The Boys in the Boat (2023) ~ IMDb – 7.1/10, Rotten Tomatoes – 57% ~ George Clooney ရိုက်ထားတဲ့ လှေခတ်တဲ့အကြောင်း ဖြစ်ရပ်မှန် အားကစားရုပ်ရှင်ပေါ့။ လှေခတ်ပြိုင်တဲ့ အားကစားက ခုတော့ ဒီမှာသိပ်မတွင်ကျယ်တော့ပေမဲ့ ရှေးရှေးက ရန်ကုန်တက္ကသိုလ်နောက်ခံ ဝတ္ထုတွေမှာတော့ လှေလှော်ခတ်တဲ့အားကစားဟာ တက္ကသိုလ်ရဲ့ အကျော်ကြားဆုံးအားကစားတစ်ခုအသွင်နဲ့ သရုပ်ဖော်ခဲ့ကြဖူးတယ်။ အခုထိလည်း ရှိတော့ရှိသေးပါတယ်။ အနောက်နိုင်ငံတွေဘက်ကြည့်ရင်လည်း လှေခတ်တဲ့အားကစားက တက္ကသိုလ်တွေမှာ တော်တော်အရေးပါတယ်။ လက်ရှိ လှေလှော်ပြိုင်ပွဲတွေဆို ၁၇ရာစုလောက်ကတည်းက လန်ဒန် သိမ်းမြစ်မှာ စခဲ့ပြီး ၁၈ရာစုမှာ ကျောင်းတွေအထိ ပျံ့နှံ့လာခဲ့တယ်။ ဒီရုပ်ရှင်ဆိုလည်း အမေရိကန်တက္ကသိုလ်ကျောင်းသားတွေရဲ့ လှေလှော်အသင်းက အိုလံပစ်မှာ ဝင်ပြိုင်ခဲ့တဲ့အကြောင်း ဖြစ်ရပ်မှန်ပေါ့။ ဆိုပေမဲ့လို့ သူတို့ရိုက်ပြဖို့ ရွေးလိုက်တဲ့အဖွဲ့က အတွေ့အကြုံဘာမှမရှိ၊ လှေခတ်တဲ့အကြောင်း ဘာမှမသိတဲ့ အဖွဲ့။ မိခင်အဖွဲ့ကလည်း အဲဒီခေတ်အနေနဲ့ တက္ကသိုလ်ကြီးတွေက အဖွဲ့ကြီးမဟုတ်ဘူး။ နယ်ဘက်လို ဘက်က ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက ဂျူနီယာကောင်လေးတွေအကြောင်း။ ဝါရှင်တန်တက္ကသိုလ်ရဲ့ လှေလှော်အသင်းက လူသစ်စုဖို့ လူရွေးပွဲလုပ်တယ်။ လာတဲ့လူတွေတော့ အများကြီးပဲ။ အဲဒီထဲကနေမှ သူတို့က ၈ယောက်လှေလှော်အသင်းအတွက်လိုတဲ့ ရှစ်ယောက်ကိုပဲရွေးမှာ။ သူတို့ထဲက တချို့ဆို ပိုက်ဆံပေး နေစရာပေးတယ်ဆိုလို့ အဲဒါကိုမက်ပြီး ရောက်လာကြတာ။ လှေလှော်တဲ့အားကစားကို ချစ်ဖို့မပြောနဲ့ သေချာတောင်သိကြသေးတာမဟုတ်ဘူး။ ဆိုတော့ လှေလှော်အားကစားအကြောင်း နကန်းတစ်လုံးမှ မသိသေးတဲ့ဇာတ်ကောင်တွေနဲ့အတူတူ လှေလှော်တဲ့အားကစားအကြောင်းကြည့်ရင်း သူတို့ဒီအားကစားကိုချစ်လာပုံကို ကြည့်ရမှာဆိုတော့လည်း အားကစားဒရာမာတစ်ကားအနေနဲ့ ကြည့်ရတာ တော်တော်တော့ အဆင်ပြေတယ်။ ဆိုခဲ့သလို လှေခတ်တဲ့အကြောင်း ဘာမှတောင်မသိခဲ့တဲ့ကောင်လေးတွေကို လှေလှော်အသင်းနည်းပြက သေချာသင်ပေးရင်း ဒီအားကစားကို ချစ်တတ်လာအောင်ပါ သင်ပေးတာကို မြင်ရလိမ့်မယ်။ ရှစ်ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် တစ်ချက်တောင် ရစ်သမ်မလွတ်သွားဘဲ တစ်သားတည်းဖြစ်အောင်လှေခတ်နိုင်တဲ့အခါကျ လှေခတ်တာက အားကစားတစ်ခုဆိုတာထက် ကဗျာတစ်ပုဒ်သီရသလိုဖြစ်သွားလိမ့်မယ်တဲ့။ လူ၈ယောက် တစ်ယောက်နဲ့တစ်ယောက် မတိမ်းမစောင်း ဟန်ချက်ညီနေဖို့က တော်တော်ခက်လိမ့်မယ်။ ဒါကြောင့် နည်းပြက ၈ယောက်လှေလှော်တာက ကမ္ဘာ့အခက်ဆုံးအားကစားလို့ဆိုခဲ့တယ်။ ဒီလိုခက်ခဲတဲ့အားကစားနဲ့ ဘာမှမသိတဲ့ကလေးတွေကို 1936 Summer Olympics ကို ဝင်ပြိုင်နိုင်အောင် နည်းပြတစ်ယောက်ရဲ့ အားထုတ်မှုတွေကိုလည်း မြင်ရလိမ့်မယ်။ နောက်ထပ်တော့ အားကစားကားဆိုတဲ့အတိုင်း အားကစားစိတ်ဓာတ်အကြောင်း အားကစားသမားတွေရဲ့ စိတ်ဓာတ်အကြောင်းတွေကိုလည်း ပါးပါးလေးပြတယ်။ သရုပ်ဆောင်တွေကတော့ လောက်လောက်လားလားဆိုလို့ Joel Edgerton နဲ့ Callum Turner တို့ပဲပါမယ်။ သူတို့လည်းထူးထူးခြားခြားတော့ ကောင်းတယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ရှာရှားပါးပါး လှေလှော်အသင်းတွေ တက္ကသိုလ်တွေနဲ့ လှေလှော်အားကစားအကြောင်းကို ကြည့်ရမှာဖြစ်ပြီး အိုလံပစ်အထိပါ သမိုင်းဝင်ခဲ့တဲ့ ပွဲစဉ်တွေကို ပြန်ရိုက်ပြထားတာဆိုတော့လည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတစ်ခုဖြစ်နေတယ်။ ဂျော့ကလူးနေးရဲ့ ဒါရိုက်တင်းစကေးကတော့ ထူးပြီးလည်းကောင်းမနေသလို ထူးပြီးလည်းညံ့မနေတော့ ကြည့်ကောင်းတဲ့ကားတစ်ကားအဖြစ်တော့ ရှိနေတယ်။ အမှန်ဆို ဒီရုပ်ရှင်ကို ၂၀၁၁ကတည်းက ဝင်းစတိန်းကုမ္ပဏီက ရိုက်ဖို့ကြံခဲ့ဖူးတယ်။ စာရေးဆရာဆီက ရိုက်ခွင့်လည်း ဝယ်ထားခဲ့တယ်။ စာအုပ်က ၂၀၁၃မှ ထွက်တာဆိုတော့ မရေးခင်ကတည်းက ရိုက်ခွင့်ကြိုဝယ်ထားသလား မထုတ်ခင်ဝယ်ထားသလားတော့ မသိပါဘူး။ စစတော့ Kenneth Branagh ကို ဒါရိုက်တာလုပ်ခိုင်းဖို့လုပ်ခဲ့တယ်။ အကြောင်းကြောင်းနဲ့ မရိုက်ဖြစ်ရင်း မတ်လ ၂၀၂၀မှာတော့ ဂျော့ကလူးနေးရိုက်ဖို့ ကြေညာခဲ့ပြီး ၂၀၂၄ ဇန်နဝါရီမှာ ဒစ်ဂျစ်တယ်အနေနဲ့ထွက်လာခဲ့ပါတယ်။ သေချာတာကတော့ Kenneth ဗားရှင်းဆို ပိုကောင်းမှာဖြစ်လို့ နှမြောတော့ နှမြောစရာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.4GB, 2.3GB, 1.2GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 3Min Genre – Biography, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2023 124 mins
The Boys in the Boat
Tuesday

A24 က ဖြန့်ချိတဲ့ fantasy ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၅ နှစ်အရွယ် ဝှီးချဲလ်ပေါ်က ရောဂါသည်မလေး Tuesday ဟာ အမေဖြစ်သူနဲ့ ရှုပ်ထွေးတဲ့ မတင်မကျ ဆက်ဆံရေးရှိသူပါ တနေ့မှာတော့ Tuesday ရှိရာအခန်းကို လူအရွယ်ရှိတဲ့ ကြက်တူရွေးအကြီးကြီးတစ်ကောင် ရောက်လာပါတယ် တကယ်တော့ အဲဒီ လူစကားပြောတဲ့ ကြက်တူရွေးက Tuesday ကို အဆုံးသတ်ဖို့လာတဲ့ သေမင်းဆိုတာ သိလိုက်ရတဲ့နောက် အဆင်သင့်မဖြစ်သေးတဲ့ အမေဖြစ်သူကို နားချနိုင်ဖို့ Tuesday က သေမင်းကြက်တူရွေးကို ခေတ္တဆိုင်းငံ့ခိုင်းထားပါတယ် ဒီကနေ ဘာတွေဆက်ဖြစ်လာဦးမှာလဲဆိုတာ အချစ်၊ ဘဝနှင့် သေခြင်းတို့ကို မေးခွန်းထုတ်ထားတဲ့ ဒီရုပ်ရှင်လေးထဲမှာပဲ ပရိသတ်ကြီးကပဲ ဆက်လက်ခံစားပေးပါဦး File size…(1.2 GB)/(705 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre… Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Thriller
0 2024
Tuesday
Buried Alive and Survived

ဒီဇတ်ကားရဲ့ ဇတ်လမ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ Toxic relationship ထဲရောက်ခဲ့ရပြီး ယောကျာ်းကထောင်ကျသွားလို့ ခြေယာဖျောက်နေတဲ့ single mother တစ်ယောက်က တစ်နေ့ကျတော့ သူ့ယောကျာ်းကလွတ်လာတဲ့အခါမှာ သူ့ယောကျာ်းပြန်လာပြီးသူတို့ကိုလာရှာပါတယ် သူ့ယောကျာ်းက လူကောင်းဖြစ်သွားပြီးလို့ သူ့ကိုယ်သူပြောနေပေမယ့် ကောင်းမလာတာကိုတော့ သူမကသိနေခဲ့ပါတယ် အဲ့တာကြောင့် သူ့ယောကျာ်းဟောင်းဆီကနေထွက်ပြေးဖို့ကြံရင်း သူတို့သားအမိလွတ်မြောက်မလားကြည့်ရမယ့်ဇတ်ကားတစ်ကားပဲဖြစ်ပါတယ် Toxic relationship ကိုကြုံဖူးတဲ့သူတွေ မြင်ဖူးတဲ့သူတွေနားလည်နိုင်မယ့်ဇတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Zin Lin Khant

0 2024
Buried Alive and Survived
My Little Eye
5.5

My Little Eye (2002) IMDb Rating (5.5) / Rotten Tomatoes (70%) Awards – 3 wins and 4 nominations ဒီကားကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ Slasher Horror/ Thriller အမျိုးအစားကားလေးပါ။ ဇာတ်လမ်းအစကတော့ လူငါးယောက်ကို လူသူအလှမ်းဝေးတဲ့နေရာမှာရှိတဲ့ အိမ်အိုကြီးထဲ ခြောက်လနေနိုင်ရင် ဒေါ်လာတစ်သိန်းစီပေးမယ်ဆိုပြီး ကမ်းလှမ်းတာကနေစထားတယ်။ အိမ်အနှံ့မှာလဲ ၀က်ဘ်ဆိုဒ်ဇာတ်လမ်းအတွက်ဆိုပြီး ရေချိုးခန်းပါမချန် ‌‌‌‌‌‌‌‌‌‌‌‌‌‌ကင်မရာတွေတပ်ဆင်ထားတယ်။ ခြောက်လလောက်နေပြီးမှ နောက်ဆုံးအပတ်ရောက်တဲ့အခါမှာ ထိတ်လန့်စရာတွေနဲ့ သူတို့ရဲ့အတိတ်ကဖြစ်ရပ်တွေက ခြောက်လှန့်ဖို့ရောက်ရှိလာပါတယ်။ အကုန်လုံးကတော့ ပိုက်ဆံမပေးချင်လို့ ကုမ္ပဏီကဇာတ်လမ်းထွင်တာလို့ ကောက်ချက်ချထားပေမဲ့ တကယ်ရောဟုတ်ပါ့မလား အချင်းချင်းကြားထဲမှာကတောက်ကဆတွေဖြစ်လာပြီး စိတ်၀မ်းကွဲလာကြတဲ့အခါ နောက်ဆုံးရက်အထိ အတူတောင့်ခံနိုင်ကြပါ့မလား စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတချို့နဲ့ လိင်ဆက်ဆံခန်းတချို့ပါ၀င်လို့ သတိချပ်ကြည့်ရှုစေလိုပါတယ်။) (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။) File size…(2.6 GB) / (1.7 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery, Thriller Duration….01:36:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Soe Thiri Swe

5.5 2002 95 mins
My Little Eye
Legend of BuShenshan
5.9

အချစ်ဖန်တက်စီဟာသကားကောင်းလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင် ကမ္ဘာကြီးစတင်ဖြစ်ပေါ်လာစဉ်အချိန်တုန်းက လူသားတွေနဲ့မိစ္ဆာမျိုးနွယ်တွေဟာ အတူတွဲနေထိုင်ကြတယ်။ မိစ္ဆာမျိုးနွယ်တွေကအသက်ရှည်ပေမယ့် မေတ္တာခေါင်းပါးကြတယ်။ မိစ္ဆာတွေဟာ နတ်ဖြစ်ဖို့အတွက် နှစ်ရာချီကြိုးစားပြီးကျင့်ကြံကြရတယ်။ အဲဒီလိုမှ နတ်နဲ့မိစ္ဆာတွေကြား ငြိမ်းချမ်းမှုတည်မြဲစေပါတယ်လို့ဆိုတယ်။ ပုရှန်းတောင်ကမိစ္ဆာမလေးပင်းချင်ဟာ နတ်ဖြစ်နိုင်ဖို့အတွက် ချစ်ခြင်းမေတ္တာကိုလိုက်ရှာရတဲ့အချိန်မှာ မိစ္ဆာနှိမ်နင်သူကောင်လေးနဲ့တွေ့ဆုံခဲ့ရပါတယ်။ ဒီလိုနဲ့ဆန့်ကျင်ဘက်အခြေနေတွေကြားက သူတို့နှစ်ယောက်ကြားမှာအချစ်ပန်းတွေပွင့်လာနိုင်မလား…… သူတို့ရဲ့မေတ္တာခရီးကရောဖြောင့်ဖြူးနိုင်ပါ့မလား…… ဘယ်လိုအခက်အခဲတွေကြုံရမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေနှောပြီးကြည့်ရမှာဖြစ်တဲ့အတွက် CM Chinese fanတွေအဖို့ စိတ်အမောတွေဖြေဖျောက်ဖို့ ကားကောင်းလေးတစ်ကားပဲဖြစ်လို့ ကြည့်ရှုအားပေးဖို့တိုက်တွန်းချင်ပါတယ်

Fantasy • Comedy • Family
5.9 2022
Legend of BuShenshan
Bob Trevino Likes It
7.8

မိဘဆိုတာ ကိုယ်မွေးလာကတည်းက လက်ရှိအရွယ် ရောက်သည်အထိ ပြုစုပျိုးထောင်ကျွေးမွေးလာခဲ့ပေမဲ့ လေးစားချစ်ခင်ရတဲ့ မိဘတွေဆိုတာရှိသလို ငရဲပေးတဲ့ မိဘတွေလည်းရှိပါတယ်။ကိုယ့်ဖက်က ဘယ်လောက်ပဲ ကောင်းအောင်နေပြီး ချစ်ခင်နေပေမဲ့ ကိုယ့်အပေါ်မှာ ဆိုးသွမ်းတဲ့ အနိုင်ကျင့်တဲ့ မိဘတွေလည်းရှိနေတယ် ဆိုတာကတော့ ကြုံတွေ့ဖူးသူတွေမှသိနိုင်မဲ့ ငြင်းလို့ မရတဲ့ခါးသီးတဲ့အမှန်တရားပါပဲ။အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကလည်း အဲ့လိုမျိုးမိဘဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ သမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဘ၀အပေါ်မှာ အခြေခံပြီး ဒရာမာဆန်ဆန်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကား လေးပဲဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Bob Trevino Likes It ဖြစ်ပြီး လက်ရှိ IMDb Rating 7.9 အထိရရှိထားတဲ့အတွက် တကယ်ကောင်းတဲ့ဇာတ်ကားလေးဆိုတာကတော့ ငြင်းမရပါဘူး။အဓိကဇာတ်ဆောင်တွေအနေနဲ့လည်း Nope တို့ Euphoria တို့လိုနာမည်ကြီး ရုပ်ရှင် ဇာတ်လမ်း တွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Barbie Ferreira နဲ့ မျက်နှာချိုချိုနဲ့မင်းသားကြီး John Leguizamo တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ လီလီဆိုတဲ့ ကောင်မလေးဖြစ်ပြီး သူ့အမေက ငယ်စဉ်ကတည်းက ထွက်ပြေးသွားခဲ့တဲ့အတွက် အဖေဖြစ်သူနဲ့သာ ကျန်ခဲ့ ရသူဖြစ်ပါတယ်။သူ့အဖေကလည်း အသက်ကြီးကာမှ သူငယ်ပြန်ပြီး အားနေဆော်ကြောင်နေတဲ့အတွက် သူ့ကို စိတ်ထဲတောင်မရှိဘူးလို့ထင်ရပါတယ်။ ဒီလိုနဲ့ ဆော်ကိစ္စမှာပဲ လီလီနဲ့ပြဿနာထတက်ခဲ့ပြီး ကလေး တစ်ယောက်လိုစိတ်ကောက်ကာ လီလီ့ကိုအဆက်အသွယ် ဖြတ်လိုက်ပါတော့တယ်။ငယ်စဉ်ကတည်းက မိဘမေတ္တာ အပြည့်အ၀မရခဲ့တဲ့ လီလီလည်း အဖေဖြစ်သူမခေါ်မပြော နိုင်ဖြစ်နေတာကို စိတ်ညစ်ပြီး Facebook မှာ လျှောက်မွှေ နှောက်နေခဲ့ရင်းနဲ့မှ သူ့အဖေနဲ့နာမည်ချွတ်စွပ်တူနေတဲ့ ဇာတ်ကားနာမည်ထဲကအတိုင်း ဘော့ဘ်ထရက်ဗီနိုဆိုတဲ့ လူတစ်ယောက်ကိုသွားတွေ့ခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ပဲ သူနဲ့အမျိုးတော်နေမလားလို့ သွားမေးကြည့်ရင်းနဲ့မှ ရင်းနှီး သွားခဲ့ပြီး မိဘမေတ္တာဆာငတ်နေတဲ့လီလီအတွက် တစ်မူ ထူးခြားတဲ့ခင်မင်မှုတစ်ခုအစပျိုးခဲ့ပုံကို စိတ်ဝင်စားစရာ ဒရာမာဆန်ဆန်ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.52 GB) / (816 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Animation • Family • Adventure • Romance
7.8 2024 102 mins
Bob Trevino Likes It