YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Endures E03 720p WEB-DL CM.mp4

256.22 MB 720p video/mp4 228 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Scooby-Doo! and the Legend of the Vampire
7.2

Old but Gold ဆိုသလိုပဲ 2003 ခုနှစ်ကထွက်ရှိခဲ့တဲ့ classic Scooby-Dooကားလေးကို ပြန်ကြည့်လိုက်ကြရအောင်.. ဇာတ်လမ်းအကျဥ်း ဒီတစ်ခါမှာတော့ စကူဘီတို့အုပ်စု သြစတေးလျကို အပန်းဖြေခရီးထွက်တာနဲ့ ဇာတ်လမ်းစထားပါတယ်.. ကမ်းခြေမှာ အေးဆေးငြိမ့်နေရင်းကနေ ထုံးစံအတိုင်းပဲ ဗယ်လ်မာတစ်ယောက် လမ်းညွှန်စာအုပ်ကြီးကိုင်ပြီး သြစတေးလျရဲ့ ရေဝေးကုန်ခေါင်ဒေသတွေကို သွားစူးစမ်းဖို့ မဲဆွယ်ပါတော့တယ်... ထူးဆန်းတာက အဲဒီလိုခေါင်တဲ့နေရာကြီးမှာ ရော့ခ်ဂီတပြိုင်ပွဲကြီး ရှိနေတာပါပဲ.. သူတို့ရောက်သွားတော့ ပဟေဠိတစ်ခုက အသင့်စောင့်နေပါပြီ.. ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင်ကြီး ရာဝီရာဟူးနဲ့ နောက်လိုက်သွေးစုပ်ဖုတ်ကောင် ၃ကောင်က ပြိုင်ပွဲဝင်တွေကို ပြန်ပေးဆွဲနေပါတယ်.. အဲဒီနောက်လိုက်၃ကောင်ဆိုတာ မနှစ်ကပြိုင်ပွဲအပြီး ပျောက်သွားခဲ့တဲ့ လေပြင်း‌ရော့ခ်ကာအဖွဲ့ပါပဲ.. ရာဝီရာဟူးက သူတို့၃ယောက်ကိုဖမ်းပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်အောင် ပြောင်းလိုက်တာလို့ နယ်ခံတွေက ယုံကြတာပေါ့.. ဒါပေမယ့် ပြိုင်ပွဲမတိုင်ခင်ရက်မှာပဲ စကူဘီဒူးတို့အုပ်စု ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားခဲ့တဲ့အခါ... သွေးစုပ်ဖုတ်ကောင်လို့ အသံကြားရုံနဲ့တင် တုန်တက်နေတဲ့ ရှက်ဂီနဲ့ စကူဘီဒူးတို့၂ယောက်နဲ့တင် ပြည့်စုံနေပြီမလို့ အများကြီးမညွှန်းတော့ပါဘူး.. ငယ်ဘဝကို Nostalgia ပြန်ဖြစ်ရင်း ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ကြပါဦး... File size…(1.36GB)  / (`660MB) / (408MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre... Animation / Adventure / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal

Action • Adventure • Comedy • Family • Science Fiction
7.2 2003 72 mins
Scooby-Doo! and the Legend of the Vampire
Manual of Love 2 (2007) Manuale d’amore 2
5.5

Manual of Love 2 (2007) Manuale d’amore 2 (or) Capitoli successivi အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။ အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။ ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ပျိုမြစ်တဲ့ ဗီးနပ်စ်ရှုံးအလှကလည်း မိန်းမောစရာပဲပေါ့။ ပထမဇာတ်လမ်းကတော့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရတဲ့ သွေးသားဆူကြွတဲ့အရွယ် လူငယ်လေးတစ်ယောက် ခြေတောက်ပြန်လည်သန်စွမ်းဖို့ ဆေးရုံတက်ရတဲ့အချိန် လုံးကြီးပေါက်လှ ကာယဆရာမ Monica Bellucci ရဲ့ အညှို့ဓာတ်ကို ပြားပြားဝပ် အရှုံးပေးလိုက်ရတဲ့ အဖြစ်‌ေပါ့ဗျာ။ မမ ကလည်း လက်ထပ်ရမယ့်သူရှိ၊ မောင်လေးကလည်း ရည်းစားငုတ်တုတ်နဲ့။ နှစ်ယောက်သား စိတ်ကစားတဲ့ တစ်ညတာ ဆားငန်ရေတွင်းလေးအကြောင်းပါပဲ။ ဒုတိယဇာတ်လမ်းလား။ သူကတော့ လင်မယားချစ်ကို ကျော်လွန်လို့ သားသမီးချစ်ပေါ့။ သားသမီးသာဆိုတယ်။ မမွေးရသေးပါဘူး။ ရဖို့ကြိုးစားနေတုန်းပါ။ ပန်းသေနေတဲ့ ခင်ပွန်းကိုမှ မပစ်နိုင် ချစ်နေရတဲ့ ဇနီးသည်ခင်မျာ ဆေးရုံပေါင်းများစွာကိုသွားလို့ ကလေးရဖို့အရေး လုံးပမ်းရပုံပါပဲ။ အတူနေရုံနဲ့ ကလေးမရနိုင်တဲ့အခါမှာ ဖခင်ရဲ့သုတ်သွေးနဲ့ မိခင်ရဲ့ မျိုးဉကိုပေါင်းစပ်ပြီး မိခင်ရဲ့ သားအိမ်ထဲ ထည့်သွင်းသန္ဓေအောင်ဖို့ ကြိုးစားကြပုံလေးပါ။ တတိယမြောက် ဇာတ်လမ်းလား။ အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြတာနဲ့ လူသားတွေက အားမရနိုင်ပါဘူး။ အမျိုးသားချင်းရော ချစ်လို့မရဘူးလား။ ရပါတယ်လေ။ ချစ်ခြင်းဆိုတာ အပြစ်ကင်းတာမျိုးပဲ။ ဒါပေမဲ့ ဘေးလူတွေရဲ့ အမြင်ကိုတော့ ရဲရဲကျော်ဖြတ်ဖို့ လိုသပေါ့လေ။ အမျိုးသားချင်း ချစ်မိရှာတဲ့ သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ကြံ့ကြံ့ခံလို့ လက်ထပ်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။ လေးခုမြောက်ဇာတ်လမ်းကတော့ ရိုးသလိုလိုဆန်း၊ ဆန်းသလိုလိုနဲ့ရိုးတာမျိုး။ စလာကတည်းက ယဉ်သကို ဆိုတာမျိုးပါပဲ။ အိမ်ထောင်သက် ရင့်နေပြီဖြစ်တဲ့ “ရင့်ကျက်တဲ့ ကိုကြီး” က ငယ်သေးပေမယ့် ပင်လယ်ကူးမယ့် ပုဇွန်ဆိတ်မလေးကို အကြည့်လေးတွေ ခ,လိုက်တာ ဒီဇာတ်လမ်း ဖြစ်တော့တာပါပဲ။ ကလေးလေးတစ်ယောက်ကိုပိုက်လာတဲ့ အမျိုးသမီးလေးတစ်ယောက်။ သူ့ဖခင်ကို သိပေမယ့် မြင်သာမြင်ရ ဖွင့်မပြောရဲတဲ့အဖြစ်ပါ။ သူ့သားလေးကို သူ့အဖိုးနဲ့ တွေ့ဆုံပေးချင်ပေမယ့် ဖခင်ဖြစ်သူကို မခေါ်ရဲတဲ့ ညငှက်မလေး Elsa Pataky ဟာ ရင့်ကျက်တဲ့ ကိုကြီးရဲ့ ရင်ခွင်ကို ခရီးသွားဟန်လွှဲ ဝင်ခိုသွားပါတယ်။ ထူးဆန်းတာက သူတို့ရဲ့ နောက်မီးလင်းတဲ့အဖြစ်ကို မိန်းမလုပ်သူက ပြုံးပြုံးလေး ခွင့်လွှတ်သတဲ့။ အဲဒီမှာတင် ကိုကြီးတစ်ယောက် ပေါက်ကွဲတော့တာပဲ။ သူ့မိန်းမနဲ့ အကြီးအကျယ် ပြဿနာရှင်းရမယ်ထင်ပေမဲ့ သူ့မိန်းမရဲ့ အပြုအမူဟာ သူ့ကို စိတ်ရှုပ်ထွေးသွားစေပါတယ်။ အစက တောင်းပန်ခြင်းနဲ့ အိမ်ထောင်ရေးဆက်မယ်စိတ်ကူးပေမဲ့ သူ့မိန်းမရဲ့ ခွင့်လွှတ်ခြင်းက သူ့အပေါ် ချစ်ခြင်းမရ‌ှိ ငွေကြေးတစ်ခုနဲ့ မှီခိုချင်တယ်ထင်ခဲ့ပြီး အိမ်ပေါ်က ဆင်းသွားပါတော့တယ်။ ပြီးတော့ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။ အီတလီစကားပြောများကို အင်္ဂလိပ်လိုပြန်၊ အင်္ဂလိပ်မှ မြန်မာလိုပြန်ရတဲ့အတွက် ဘာသာပြန်သူအနေနဲ့ အချိတ်အဆက်မိဖို့နဲ့ ပြေပြစ်ဖို့ အားထုတ်ခဲ့ရပါတယ်။ အီတလီစကားကို ကျွမ်းကျင်မှုမရှိပေမဲ့ တစ်ခုသိလိုက်တာက သူတို့ဟာ စကားတစ်ခွန်းပြောဖို့အတွက် အသံတွေ အများကြီး ထွက်ရတယ်ဆိုတာပဲ။ တစ်ခါတလေ တစ်ခွန်းတည်းကိုပဲ နှစ်ခါ နှစ်ခါ ပြောကြပြန်ရော။ ဒီတော့ စာတန်းထိုး တိုပေမဲ့ သူတို့ပြောနေတာ အကြာကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ချန်ခဲ့တာမရှိ အားလုံးကို ဘာသာပြန်ပေးထားတယ်ဆိုတာ သိစေချင်ပါတယ်နော်။ ဒီဇာတ်လမ်းတွေဟာ 18+ မဟုတ်ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့လည်း မတူမကြည့်သင့်ပါဘူး။ အမေရိကန်ကားတွေလို အပြောအဆို ယုတ်ရင့်နေတာမျိုးမဟုတ်ပေမဲ့၊ အဖော်အချွတ်တွေ မပါသလောက် ထည့်မထားပေမဲ့ လိင်စိတ်ကြွလာစေတဲ့ အကြောင်းအရာတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း တင်ဆက်ထားလို့ တစ်ယောက်တည်း အိပ်ယာထက်မှာ Feel ရမယ့် ပုံစံလေးပါ။ ရှင်းခနဲ ဗွင်းခနဲ မြင်ရပြီး အချိန်တိုအတွင်း ကြည့်ပြီးသွားမဲ့ဇာတ်လမ်းမဟုတ်လို့ ကြိုတင်သတိပေးပါရစေ။ အီတလီတို့ရဲ့ ရုပ်ရှင်မြင်ကွင်းဟာ နာမည်ကြီးသလို ကြီးသလောက်လည်း လှပလွန်းပါတယ်။ Cinematography အတွက် ဒါရိုက်တာတစ်ယောက် သပ်သပ်ထားတာနဲ့တင် အထင်ကြီးလောက်ပါတယ်လေ။ သူတို့ဟာ ချစ်ခြင်းကို တင်ဆက်ရာမှာ ဂုဏ်သတင်းမွှေးသလို ဇာတ်ကားနာမည်ကိုက အချစ်ကျမ်းစာ ဆိုတော့ …။ ကဲ ဘာလိုသေးလဲဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။) Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(1.5 GB) Quality…BluRay 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Action • Adventure • Science Fiction
5.5 1900 125 mins
Manual of Love 2 (2007) Manuale d’amore 2
Sneakers

IMDb – 7.1 Rotten tomatoes – 80% မင်းသားကြီး Robert Redford နဲ့ Ben Kingsley တို့ရဲ့ 1992 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ထွက်ထားတာ အနှစ်သုံးဆယ်ကျော်ကြာခဲ့ပြီဆိုပေမဲ့လည်း ယနေ့ခေတ်ရဲ့ hacker ရုပ်ရှင်တွေကိုကြည့်နေရသလိုမျိူး ဖြစ်နေစေမဲ့ နည်းပညာဆိုင်ရာ Old but Gold ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ မာတင်နဲ့ ကော့စမိုဆိုတဲ့ လူငယ် ကွန်ပြူတာဟက်ကာလူငယ်လေးနှစ်ယောက်၊ လူငယ်သဘာဝလက်စွမ်းပြပြီး နောက်တဲ့သဘောနဲ့ ဘဏ်စနစ်တွေကို hack ပြီး ငွေတွေလွှဲနေကြရင်း ရဲတွေလာဖမ်းရာမှာ မာတင်ကတော့ ထွက်ပြေးလွတ်သွားခဲ့ပေမဲ့ ကော့စမိုကတော့ ထောင်ကျသွားပြီး ထောင်ထဲမှာသေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်အပြီး အနှစ်နှစ်ဆယ်အကြာမှာ မာတင်ကသူရဲ့နာမည်ကိုပြောင်းပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေးစနစ်ကို စမ်းသပ်ပေးတဲ့အဖွဲ့တစ်ခုတည်ထောင်ခဲ့ပါတယ်။ ‌တနေ့မှာတော့သူ့ဆီကို အစိုးရဘက်လွှတ်လိုက်တယ်ဆိုတဲ့ လူနှစ်ယောက်က သိပ္ပံပညာရှင်တယောက်တီထွင်ထားတဲ့ သေတ္တာလေးတစ်ခုကို ခိုးယူဖို့ခြိမ်းခြောက်အကြပ်ကိုင်ပြီး ခိုင်းစေလိုက်ပါတယ်။ ဒါပေမဲ့ အဲဒီသေတ္တာလေးကသာမာန်မဟုတ်ပဲ ကမ္ဘာပေါ်မှာရှိတဲ့ကုဒ်တိုင်းကိုချိုးဖောက်နိုင်တဲ့အရာဖြစ်နေတဲ့အခါမှ သူတို့ဘယ်လိုဇာတ်ရှုပ်ထဲကိုဝင်ပါမိပြီးသားဖြစ်နေမလဲ၊ ဘယ်လိုအန္တရာယ်တွေကိုကျော်လွှားရမလဲ၊ ဒီပြဿနာတွေရဲ့နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ အဲဒီ‌ခေတ်ကာလကအစိုးရအရှုပ်အရှင်းတွေကရော ဘယ်လိုတွေရှိနေမလဲ ဆိုတာကိုဆက်လက်ကြည့်ရှုပေးကြပါဦးဗျ။ File size…(2.2 GB)/(1.3 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama, Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Tun Myat Win

0 1992
Sneakers
Dick
6.2

IMDb Rating (6.2) / Rotten Tomatoes (72%) ကမ္ဘာ့နိုင်ငံရေးအကြောင်းတီးမိခေါက်မိရှိသူဆိုရင်တော့ အမေရိကန်နိုင်ငံက Watergate Scandal ဆိုတဲ့ ကိစ္စကိုသိကြမှာပါ။ သမ္မတ နစ်ဆင်လက်ထက်က နိုင်ငံရေးအရှုပ်တော်ပုံတစ်ခုပေါ့။ သတင်းထောက်လောကမှာဆိုရင်လည်း ဒီကိစ္စက အတုယူမှတ်သားဖွယ်သတင်းတင်ဆက်မှုတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီ Dick ဆိုတဲ့ဇာတ်ကားကတော့ အဲဒီအဖြစ်အပျက်ကို Parody ဆန်ဆန် သရော်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်ကဖြစ်တဲ့အတွက် လက်ရှိအချိန်မှာနာမည်ကြီးနေတဲ့ Deadpool မင်းသားရဲ့ ငယ်ဘဝသရုပ်ဆောင်ပုံတွေကိုတွေ့ရမှာပါ။ Dick မှာဆိုရင် စပိုင်ဒါမန်းမင်းသမီးလို့နာမည်ကြီးတဲ့ Kristen Dunst၊ အော်စကာစာရင်းဝင်မင်းသမီး Michelle Williams တို့အဓိကပါဝင်ထားကြပါတယ်။ ဆယ်ကျော်သက်ကောင်မလေး ၂ ယောက်ဟာ မအူမလည်နဲ့ အမေရိကန်သမ္မတကြီးဆီရောက်သွားပြီးတော့ သမ္မတကြီးရဲ့ လျှို့ဝှက်ချက်တွေကို အမှတ်မထင်ရခဲ့ကြပြီး သူတို့ရဲ့ ဆယ်ကျော်သက်စိတ်တွေကြောင့်ပဲ ဒီအရှုပ်တော်ပုံကြီးပေါ်ပေါက်ခဲ့ရတယ်ဆိုပြီး တကယ့်အဖြစ်အပျက်ကို ဟာသဆန်ဆန်ပြန်လည်ပုံဖော်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ရိုးအီနေတဲ့ နိုင်ငံရေးအရှုပ်တော်ပုံဇာတ်လမ်းကို နောက်ထပ် ဗားရှင်းတစ်မျိုးနဲ့ဟာသဆန်ဆန်ကြည့်ချင်ရင်တော့ Dick ကိုကြည့်ပါလို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mugiwara Ya မှ တင်ဆက်ထားပါတယ်။)

6.2 1999 94 mins
Dick
The Day of the Jackal
7.8

The Day of the Jackal (1973) ~ IMDb – 7.8/10, Rotten Tomatoes – 90% ~ ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ သူကတော့ ခေသူမဟုတ်ဘူးပေါ့ဗျာ။ လုပ်ကြံရခက်ခဲတဲ့ နိုင်ငံတော်အဆင့်ခေါင်းဆောင်တွေကို လုပ်ကြံပြီး ခြေရာဖျောက်သွားတတ်တဲ့သူကြီး။ သူကိုယ်တိုင်ဆင်းလာပြီး ပြင်သစ်သမ္မတကို လူ့လောကထဲက မောင်းထုတ်ဖို့ ကြံစည်အားထုတ်သွားတဲ့ ဇာတ်လမ်းကောင်းပါပဲ။ ပြင်သစ်အစိုးရအဖွဲ့နဲ့ OAS အဖွဲ့တို့ကလည်း အပြန်အလှန် နှစ်ဖက်ချွန်သူလျှိုတွေနဲ့ တစ်ယောက်ခြေလှမ်း တစ်ယောက်စောင့်ကြည့်နေကြချိန်ပါ။ ဒီမှာတင် လုပ်ကြံရေးသမား အမည်ဝှက် ဂျက်ကယ်လ် (သဲကန္တာရမြေခွေး) က ပြင်သစ်အစိုးရတစ်ဖွဲ့လုံးနဲ့တစ်ယောက် ဉာဏ်ပြိုင်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပုံတွေကို ၂ နာရီခွဲနီးပါး အားရပါးရ ကြည့်ရှုရပါမယ်။ သိပ်ကိုကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့တဲ့ ဇာတ်လမ်းပါ။ ခရမ်းချဉ်သီးပုပ် ၉၀ % ရထားတာကိုသာ ကြည့်ပေတော့။ ပရိသတ်ကလည်း ကြိုက်တဲ့ရုပ်ရှင်ပဲ။ IMDb 7.8 အထိ ရထားတဲ့ 1973 ခုနှစ်က ဟောင်းပေမဲ့ ကောင်းနေဆဲဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1GB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 23Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Romance
7.8 1973 143 mins
The Day of the Jackal
Frybread Face and Me
7.3

Frybread Face and Me (2023) ~ IMDb – 7.3/10, Rotten Tomatoes – 100% ~ Coming of Age အမျိုးအစားဆိုတော့ ကလေးတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရ ခဏပေါင်းများစွာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့ မြင်ရလိမ့်မယ်။ တခြား CoA ကားတွေနဲ့မတူဘဲ ပိုထူးတာက ဒီရုပ်ရှင်က အမေရိကန်တိုင်းရင်းသား အင်းဒီယန်းတွေရဲ့ ဓလေ့ကို ထင်ဟပ်စေတာပဲဖြစ်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်ကို ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ ဒါရိုက်တာ ကိုယ်တိုင်ကလည်း အမေရိကန်တိုင်းရင်းသားတစ်ယောက်ပဲ။ ဒီဇာတ်လမ်းကလည်း သူ့ငယ်ဘဝကို သူကိုယ်တိုင် ပြန်ပြောင်းပြောပြနေတာပဲ။ မြို့ပေါ်မှာ ကြီးလာတဲ့ကလေးကို အမေရိကန် အနောက်တောင်ဘက်က နာဗာဂျိုတိုင်းရင်းသားမျိုးနွယ်တွေနေတဲ့ဆီက သူ့အဘွားဆီ တစ်နွေပို့ပြီး အဲဒီမှာ ကျင်လည်ခိုင်းရာက အဲဒီကလေးကြုံရတဲ့ မှတ်မိနေတဲ့ အဖြစ်တွေကို ကျွန်တော်တို့ မြင်ရလိမ့်မယ်။ ရုပ်ရှင်တစ်ကားဆိုတာထက် ငယ်သူငယ်ချင်းတစ်ယောက် သူ့ငယ်ဘဝကို ပြန်ပြောင်းပြောပြနေတဲ့ ဖီလင်မျိုးလည်း ရလိမ့်မယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ငယ်ဘဝကိုနားထောင်ရင်း ကိုယ့်ငယ်ဘဝကိုပါ သတိရလာသလိုမျိုး ဖီလင်မျိုးလည်းပေးနိုင်တယ်။ တော်တော်လှပတဲ့ Coming of Age ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့မသိတဲ့ လူမျိုးစုတစ်ခုရဲ့ ဘဝနေနည်းနဲ့ ခံယူချက်တွေကိုပါ မြင်ရလိမ့်မယ်။ ဒီလိုလှပလို့လဲ IMDb – 7.3/10 နဲ့ RT – 100% အပြည့်ရထားတယ်။ လွမ်းစရာကောင်းတဲ့ဘဝကို ပြန်ပြောင်းသတိရချင်ရင် ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကားပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 710MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 23Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

7.3 2023 82 mins
Frybread Face and Me
Ghost Babe

ဒီဇာတ်လမ်းဟာ ၂၀၂၃ထွက် သည်းထိပ်ရင်ဖိုရုပ်ရှင်တစ်ကားပါ။ ရတ်ဒ်မန်း၊ တေလာနဲ့ ​ရှောင် သူငယ်ချင်းသုံး​ယောက်ဟာ စိတ်တူ ကိုယ်တူ ​ရေလွှာ​လှိုင်းစီးသမား​တွေဖြစ်သလို အိမ်လခမ​ပေးနိုင်ဘဲ မွဲ​နေကြသူ​တွေပါ။ ဒါ​ပေမဲ့ ကံ​ကောင်းချင်​တော့ ​တေလာရဲ့အဘိုး ဆုံးပါးပြီး​နောက် ​​သေတမ်းစာအရ အိမ်တစ်လုံးအ​မွေရခဲ့ပါတယ်။ ဒါ​ပေမဲ့ အဲဒီအိမ်မှာ လွန်ခဲ့တဲ့နှစ်၁၀၀ခန့်ကသေသွားတဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်​ယောက်ရဲ့ မကျွတ်မလွတ်ဘဲရှိ​နေတာ​ကြောင့် အဲဒီသရဲမ ကျွတ်ဖို့အတွက် ကြိုးပမ်း​ပေးရပါ​တော့တယ်။ File size…1.67GB / 862MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 20m Genre ….. Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Horror
0 2023
Ghost Babe
A Mother’s Nightmare
5.8

A Mother’s Nightmare (2012) “မိခင်သောက” IMDb – 5.8/10 ဒီကားကတော့ Flashမင်းသား ဂရန့်ဂတ်စတင်ရဲ့ The Flash ဇာတ်လမ်းတွဲ မရိုက်ခင် ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ teen thrillerရုပ်ရှင်ပါ။ ဒီကားထဲမှာတော့ ကျွန်တော်တို့ရဲ့ အမြန်ကောင်က ခရစ်ဆိုတဲ့ စာတော်ပြီး ရိုးသားကြိုးစားတဲ့ လူလိမ္မာလေးပေါ့။ ဒီလူလိမ္မာလေးက စော်ပစ်ကောင်လေးဖြစ်သွားလို့ ကြေကွဲလူငယ်လေး လုပ်နေတုန်းမှာပဲ သူတို့ကျောင်းကို ဗန်နက်ဆာဆိုတဲ့ ရေလည်ဟော့တဲ့ ခပ်မိုက်မိုက် စော်လေးတစ်ဗွေပြောင်းလာပါတယ်။ ပုံမှန်ဆို ခရစ်တို့လို လူရိုး စာဂျပိုးလေးတွေကို ဗန်နက်ဆာလို ခါးသေးရင်ချီ ခပ်ဟော့ဟော့ မိန်းမလှလေးက စာရင်းထဲတောင် ထည့်မှာမဟုတ်ပေမဲ့ ဗန်နက်ဆာကတော့ ခရစ်ကို ကြွေသွားပြီး ရေလာမြောင်းပေးလုပ်ရင်းနဲ့ ခဏအတွင်းမှာပဲ တွဲဖြစ်ခဲ့ကြပါတယ်။ လူလိမ္မာလေးဖြစ်ခဲ့တဲ့ ခရစ်တစ်ယောက် ဗန်နက်ဆာအတွက်နဲ့ အတန်းတွေပျက်၊ စာမေးပွဲတွေကျ အမေဖြစ်သူကို ကလန်ကဆန်တွေလုပ်တတ်လာပြီး ဗန်နက်ဆာရဲ့ အစွဲအလန်းကြီးမှု လွှမ်းမိုးမှုတွေမှာ တဖြည်းဖြည်း ပိတ်မိလာပါတယ်။ ဒီလိုနဲ့ ပျက်စီးစပြုလာတဲ့ခရစ်ဟာ သူသိထားတဲ့ ဗန်နက်ဆာရဲ့အကြောင်းတွေက အလိမ်အညာတွေဖြစ်ပြီး ဗန်နက်ဆာရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို သိလာချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတစ်မျိုးတစ်ဖုံ ပြောင်းလဲသွားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်) Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.5GB | 803MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

5.8 2012
A Mother’s Nightmare
Hypnotic Duel
5.8

CM ရဲ့ ပရိသတ်တို့အတွက် အိပ်ငွေ့ချခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာရုပ်ရှင်လေးဖြစ်တဲ့ Hypnotic Duel ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- စိတ်ကျန်းမာရေးလောကမှာ အိပ်ငွေချခြင်းပညာနဲ့ နာမည်ကြီးတဲ့ ပါမောက္ခယဲ့ယွမ်တုန်းဟာ ရုပ်ရှင်မင်းသမီးအန်းယာရဲ့ အကူအညီတောင်းမှုကြောင့် ရုပ်ရှင်အဖွဲ့ကို ဇာတ်ညွှန်းပြင်ပေးဖို့လက်ခံလိုက်ပါတယ်။ လက်ထောက်ဖြစ်သူ လျိုစွမ်းနဲ့အတူ ဝေးလံလှတဲ့ တောင်ပေါ်က အပန်းဖြေစံအိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ ဇာတ်ညွှန်းဆွေးနွေးဖို့လာရောက်ကြတဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပြီး ပိုပြီးတော့ အံ့အားသင့်စေတာက ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာ ယဲ့ယွမ်တုန်းနဲ့ တစ်ထပ်တည်းကျနေပါသတဲ့။ အပေါ်ယံမှာတော့ အားနာနာပြောဆိုနေကြပေမဲ့ အားလုံးက အတိတ်က အကြောင်းတွေကို ဖော်နေသလို ဖြစ်နေပါတယ်။ ဒီလို အကွက်ချစီစဉ်မှုရဲ့ နောက်ကွယ်က အဖြစ်မှန်က ဘာတွေဖြစ်မလဲ…… ဘယ်သူကရော အိပ်ငွေ့ချပညာနဲ့ ဒီအရာတွေကို ထိန်းချုပ်နေတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။

5.8 2024
Hypnotic Duel
Marked for Death
5.9

ဒီကားလေးဟာဆိုရင်တော့ မင်းသားကြီး Steven Seagal ရဲ့ ၁၉၉၀ ကထွက်ရှိထားတဲ့ action ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းရဲ့အစမှာတော့ မင်းသားက မစ်ရှင်တစ်လုပ်နေတုန်းမှာ သူ့လုပ်ဖော်ကိုင်ဖက်က သေနတ်မှန်သွားရာကနေ ဒီအလုပ်ကို ဆက်မလုပ်ဘဲအနားယူဖို့ဖြစ်လာပါ တော့တယ် အဲဒီလိုနဲ့ သူ့ရဲ့မွေးရပ်မြေကို ပြန်သွားရာက သူတို့မြို့မှာ မူးယစ်ဂိုဏ်းတွေက သောင်းကျန်းနေတဲ့အချိန်နဲ့ တိုးပါတော့တယ် မင်းသားကြီးကရော အနားယူနေတဲ့ အတိုင်းပဲနေမှာလား ဘယ်လိုပြသနာတွေကရော ဘယ်လိုလာရှာမလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာတွေကို ဖိုက်တင်ခန်းမိုက်မိုက်လေးနဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်း တစ်ကားမို့ စိတ်ဝင်စားဖွယ် ရင်ခုန်စရာကြည့်ရှုရမယ့်ကားလေးတစ်ကား ဖြစ်ပါတယ် File size…(1.7 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:33:00 Genre… Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kaung Myat

5.9 1990
Marked for Death
One Night Stand
5.8

ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါ ကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေကြတယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ရင်းဘဝအမောတွေဖြေဖျောက်နိုင်ဖို့ တင်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ကြော်ငြာကုမ္ပဏီမှာလက်ထောက် ဒါရိုက်တာရာထူးကနေ ဒါရိုက်တာရာထူးကိုလိုချင်လို့အလုပ်ကြိုးစားနေတဲ့ လင်သာ့ချုံ၊ ဘေးပတ်ပတ်လည်မိန်းကလေးတွေ ဝိုင်းရံနေတဲ့ခန့်ညားချောမောတဲ့ဓါတ်ပုံဆရာ ဖန့်သာ၊ တက္ကစီမောင်းရင်းမိန်းမနဲ့ကလေးကိုရှာကျွေးနေတဲ့ လျိုရှောင်သောင်း၊ ငယ်စဉ်တည်းကသူဌေးသား လွီဖန့်ဖန့် ၊ သူတို့လေးယောက်ကတော့ ကျောင်းနေဖက်သူငယ်ချင်းဆိုးဖော်ဆိုးဖက်တွေဖြစ်ကြတာပေါ့။ တနေ့မှာ ဖန့်ဖန့်ကတော့လင်သာ့ချုံရှိရာဆီလာပြီး မတွေ့ကြာတဲ့သူငယ်ချင်းတွေနဲ့ စုံစည်းချင်တယ်လို့ပြောတယ်။ သို့ပေမဲ့သာ့ချုံက သူလိုချင်တဲ့ဒါရိုက်တာရာထူးကို မက်မောနေတာကြောင့် ငြင်းဆိုခဲ့တာကြောင့်ဖန့်ဖန့်တစ်ယောက် သူ့အမေသေဆုံးသွားပြီး သူ့မှာနှလုံးရောဂါကြောင့် ဘယ်လောက်မှမခံတော့ကြောင်းဇာတ်လမ်းဆင်ခဲ့ရာမှာ သာ့ချုံလည်းသနားသွားပြီး တစ်နေ့တာသူငယ်ချင်းတွေနဲ့ အလုပ်လုပ်ရင်းလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့သူငယ်ချင်းလေးယောက်သား စကားဝိုင်းမှာ တစ်ယောက်တစ်မျိုးစီကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီပြောရင်း အဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးကြဖို့ သဘောတူခဲ့ကြတယ်။ ဒီလိုနဲ့သမီးလေးရှိတဲ့ရှောင်းသားကတော့ သူ့သမီးဆန္ဒဖြစ်တဲ့ ဝက်ဝံလေးမွေးဖို့၊ဓါတ်ပုံဆရာ ဖန့်သာကတော့ သူ့အချစ်ဦးနဲ့တွေ့ဖို့၊ရုံးမှာစိတ်ကျဉ်းကျပ်လာတိုင်း လမ်းဘေးခေါက်ဆွဲဆိုင်လေးမှာ ခေါက်ဆွဲစားချင်တဲ့ သာ့ချုံ၊ငယ်စဉ်ကချမ်းသာပေမဲ့ သူများကဘောင်းဘီခွကြားထဲကနေ ဝပ်သွားဖြတ်လျှောက်ခိုင်းတာကြောင့် လက်စားပြန်ချေချင်တဲ့ ဖန့်ဖန့်။ ဒီဆန္ဒလေးခုကို အကုန်အတူတူဖြည့်ဆည်းပေးကြတဲ့ အချိန်မှာဘယ်လိုတွေဖြည့်ဆည်းပေးကြမလဲ။ ဘယ်လိုတွေများသူငယ်ချင်းတွေစုပြီး ကယက်ထကြမလဲဆိုတာတွေနှင့်အတူ ဒီဇာတ်ကားလေးထဲမှာကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံကြတဲ့ခံစားချက်မြင်ကွင်းလေးတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်း ဆိုပေမဲ့လည်း ရင်ထဲမှာတခုခုစွဲကျန်သွားစေရုံတင်မက One Night Stand ဆိုသည့်အတိုင်းတစ်ညတာပျော်ပါးကြပုံတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

5.8 2024
One Night Stand
Twilight Gangsters
6.5

Twilight Gangsters (2010) **************************** ဒီဇာတ်ကားလေးကတော့ လောကဓံကို ရင်ဆိုင်အန်တုပြီး ဆိုးအတူကောင်းအတူ အမြဲအတူတူ ရှိလာတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပြီး တကယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ နာမွန်းဟီး၊ ဂင်ဆူမီ၊ ဂင်ဟယ်အို့တို့က အဓိကဇာတ်လိုက်တွေအဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း- ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကို အထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။ အဲဒါနဲ့ ခရီးစဥ်ပက်‌ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့ အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့ ‌ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ…။ ဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင် အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့ သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Htoo Htoo Aung မှ ရေးသားပေးထားပါတယ်။) File size…2.95GB / 1.17GB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Comedy, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Htoo Htoo Aung

6.5 2010 107 mins
Twilight Gangsters
Hot Frosty
5.8

Christmasမှာ ကြည့်ဖို့ Christmasကားလေးတွေရှာနေရင်တော့ 2024မှာထွက်ထားတဲ့ rating5.8ရှိတဲ့ Hot Frosty ဆိုတဲ့ ကားလေးရှိနေတယ်နော်။ ဒီကားလေးကတော့ Hope Spring မြို့လေးမှာမှော်ဆန်ဆန်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတဲ့ကားလည်းဖြစ်ပါတယ်။ Kathy ဆိုတဲ့မိန်းကလေးတစ်ယောက်ကသူရဲ့ယောကျာ်းဆုံးပါး သွားပြီးကတည်းက ကိုယ့်ဟာကိုယ်တောင်ဂရုမစိုက်နိုင်တော့ဘဲ အလုပ်တွေသာဖိလုပ်နေခဲ့ပါတယ်။ တစ်ခုသောညမှာတော့ သူမက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ နှင်းလူသားရုပ်တစ်ရုပ်ကို သူမရဲ့လည်စည်းအနီလေးစည်းပေးပြီးအိမ်ပြန်သွားခဲ့ပါတယ်။ အဲ့ညအချိန်မှာပဲ နှင်းလူသားရုပ်ဟာ မှော်ဆန်ဆန်နဲ့ အသက်ဝင် ရှင်သန်လာခဲ့ပါတယ်။ နောက်တစ်နေ့မနက်မှာ နှင်းလူသားနဲ့ Kathyတို့တွေ့ကြတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ…. ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ…. နှင်းလူသားကလဲအရည်ပျော်သွားမှာလား…. Hot Spring မြို့ရဲ့ရိုးသားနွေးထွေးမှုတွေရယ် ရဲအရာရှိHunterရဲ့မြို့ကို ကြိုးစားပြီးကာကွယ်ပေးချင်တဲ့စိတ်ထားတွေရယ် အချစ်နဲ့မထိတွေ့ ရတာကြာပြီဖြစ်တဲ့Kathyတို့ရဲ့အကြောင်းတွေကို စောင်ထဲကွေးပြီး ကြည့်လိုကောင်းမဲ့ကားဖြစ်တဲ့အပြင် မိသားစုနဲ့ပါကြည့်လို့ရမယ့် ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.48GB) / (801MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre …..Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.8 2024 90 mins
Hot Frosty
The End of the Tour
7.2

Now You See Me, The Social Network, Vivarium စတဲ့ဇာတ်ကားကောင်းတွေ အများကြီးထွက်ထားတဲ့ ကျွန်တော်တို့ရဲ့ DC Universe က Lex Luther တစ်ဖြစ်လဲ မင်းသားချော Jesse Eisenberg နဲ့အတူ How I Met Your Mother ထဲက လူရိုးကြီးမာရှယ်အဖြစ် ပရိတ်သတ်သိထားတဲ့ Jason Segel တို့နှစ်ယောက် အဓိကသရုပ်ဆောင်ထားတဲ့ကားဆိုတော့ ထွေထွေထူးထူး ပြောစရာမလိုဘူးထင်ပါတယ် 1996 ခုနှစ်တုန်းက ဆုတွေတစ်သီကြီးရခဲ့တဲ့ The Infinite Jest ဝတ္ထုရဲ့စာရေးဆရာ David Foster Wallace ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပဲ နာမည်အရမ်းကြီးနေတဲ့ ဝတ္ထုရေးဆရာကို သူ့ရဲ့စာအုပ်မိတ်ဆက်ပွဲလုပ်တဲ့ ငါးရက်တာခရီးစဉ်မှာ စာရေးဆရာပေါက်စ David Lipsky က အင်တာဗျူးလုပ်တဲ့အကြောင်းပါ David Lipsky ကိုယ်တိုင်ကလည်း နာမည်ကြီးစာရေးဆရာတစ်ယောက်ဆိုပေမယ့် ဒီအင်တာဗျူးလုပ်တဲ့အချိန်မှာတော့ စာအုပ်တစ်အုပ်ပဲ ထုတ်ရသေးတဲ့အချိန်ပေါ့ ဒီဇာတ်ကားထဲမှာ အဓိကမြင်တွေ့ရတာက David Foster Wallace တစ်ယောက်ရဲ့ စိတ်နေစိတ်ထား အတွေးအခေါ်နဲ့ အနုပညာကို တန်ဖိုးထားတာတွေပေါ့ David ရဲ့စာအုပ်တွေကို ဖတ်လိုက်လို့ရှိရင် ကိုယ်တိုင် David Foster ဖြစ်သွားတယ်လို့ပြောကြတယ် ဒီဇာတ်ကားမှာလည်း အဲ့လိုခံစားမှုမျိုးကိုပေးနိုင်စွမ်းရှိအောင် ဒါရိုက်တာက အားထုတ်ထားတဲ့ပုံပါပဲ David က သူ့ရဲ့စာပေအနုပညာတွေက ပရိတ်သတ်အတွက် အဆိပ်အတောက်ဖြစ်နေမှာ ဂျင်းဖြစ်နေမှာမျိုးတွေ သိပ်ကြောက်ပါတယ် အဲ့အတွက်ကြောင့်လည်း သူတော်တော်စိတ်ဖိစီးတဲ့ဒါဏ်ကို ခံစားရတယ် ဒါက ကျွန်တော်တို့ဆီက စာရေးဆရာဆိုတဲ့လူတွေ အနုပညာရှင်ဆိုတဲ့လူတွေနဲ့ မတူတဲ့အချက်ပေါ့ စာပေအနုပညာကို ချစ်မြတ်နိုးတယ်ဆိုရင် ဒီဇာတ်ကားက ကြည့်ကိုကြည့်သင့်တဲ့ကားပါ File size… 1.6 GB / 766 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Biography / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aries

Drama • Family
7.2 2015 106 mins
The End of the Tour