YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Love.Destiny.S01E25.1080p.CM.mp4

999.5 MB N/A video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Mosquito Coast
6.6

The Mosquito Coast (1986) ~ IMDb – 6.6/10, Rotten Tomatoes – 74% ~ ဒီဇာတ်ကားထဲက Harrison Ford သရုပ်ဆောင်တဲ့ အယ်လီဖောက်စ် (Allie Fox) ဆိုတဲ့ ဇာတ်ကောင်ကို တီထွင်သူ၊ အလွယ်လမ်း မလိုက်သူ၊ အမေရိကနိုင်ငံကြီးရဲ့ ပုပ်ပွနေတဲ့ စနစ်နဲ့ လူမှုအဖွဲ့အစည်းကြီးကို ရွံရှာမုန်းတီးနေသူ တစ်ယောက် အဖြစ် ပုံဖော်ထားတယ်။ မော်စကီတို ကမ်းရိုးတန်း (Mosquito Coast) ဆိုတာ အယ်လီအတွက်တော့ အထဲမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေတဲ့ အမေရိကနိုင်ငံကြီးထဲကနေ သူတို့ ထွက်ပြေးမယ့် သုခဘုံကြီးတစ်ခုပဲ။ အဖေဖြစ်သူ အယ်လီကို ဘုရားလို ကိုးကွယ်ကြတဲ့ သား ၂ယောက်၊ သမီးအမြွှာလေး ၂ယောက်၊ ဇနီးမယားတစ်ယောက်ကတော့ ဘာမှ မတတ်နိုင်ဘဲ မော်စကီတိုကမ်းရိုးတန်းမကလို့ သေတွင်းထဲ ခေါ်သွားလည်း အယ်လီ့နောက်ကို လိုက်နေရမှာပါပဲ။ ဒါ့အပြင် ယောက်ျားရဲ့ စံနှုန်းနဲ့ သားသမီးတွေရဲ့ ဒုက္ခကြားမှာ လွန်ဆွဲနေမယ့် အမေဖြစ်သူ၊ အဖေ့စကား မြေ၀ယ်မကျ နားထောင်ရင်း အဖေ့ကြောင့် ရတဲ့ ဒုက္ခတွေကြားမှာ ဗျာများနေမယ့် အစ်ကိုကြီး ချာလီ (ဂျိုကာ သရုပ်ဆောင်ကြီး Joaquin Phoenix ရဲ့ အစ်ကိုဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပါတယ်) တို့ကို ကြည့်နေရင်းနဲ့ စိတ်မောလူမော ဖြစ်ရအုံးမှာပါ။ တီထွင်သူကြီး အယ်လီဖောက်စ်နဲ့ သူ့မိသားစုတို့ နဖူးတွေ့ ဒူးတွေ့ ကြုံရမယ့် မော်စကီတို ကမ်းရိုးတန်းဟာ သူတို့မိသားစုလေး အတွက် သုခဘုံဖြစ်မလား ငရဲတွင်းဖြစ်မလားဆိုတဲ့ ဖြစ်အင်ကို ဒီဇာတ်လမ်းမှာ ကြည့်ရှုကြရမှာပါ။ ဇာတ်ကားအပြီးမှာ ကျွန်တော်ကတော့ အယ်လီဖောက်စ်ကို ငါစွဲ အတ္တသမား တစ်ယောက်လို မြင်မိတာပါပဲ။ ဘယ်လို အတွေးအခေါ်တွေ၊ ဘယ်လို Message တွေ ရသွားမလဲ ဆိုတာကတော့ ကြည့်ရှုသူ ကိုယ်တိုင်ပဲ ဆုံးဖြတ်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 57Min Genre – Adventure, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

6.6 1986
The Mosquito Coast
100 Days of Sunshine

အန်ဒွန်း က နာမည်ကြီး ဘလော့ဂါ တစ်ယောက် ဖြစ်ပြီးတော့ သူ့မင်္ဂလာဆောင်ကို အကောင်းဆုံး ဖြစ်‌‌အောင် စီစဉ်ပြီးတော့ သူ့အမေနဲ့ ဖန်တွေကို ပျော်စေချင်တာပါ။ နက်မင်ကတော့ အလုပ်မရှိ အကိုင်မရှိ ဂိမ်းကစားနေတဲ့လူ ဖြစ်ပြီးတော့ သူ့ညီလေးဆီမှာ ခိုကပ်စားသောက်နေရတာပါ။ တစ်နေ့တော့ အန်ဒွန်းဆီမှာ ဦးနှောက်ကင်ဆာ ဖြစ်ပြီး နက်မင်ဆီမှာတော့ ကျောရိုးကင်ဆာ ဖြစ်လာခဲ့ပါတယ်။ တိုက်ဆိုင်လိုက်တဲ့ ကံကြမ္မာကတော့ သူတို့နှစ်ဗဘာက်ကို တစ်ဆေးရုံတည်းမှာ ဆုံဆည်းစေခဲ့ပါတယ်။ ဒီရောဂါကြောင့် စေ့စပ်ပွဲ ပျက်သွားတဲ့ အန်ဒွန်း က သူ့ညီလေးကို ဆိုင်ဖွင့်ပေးချင်တဲ့ နက်မင် ကို ဟန်ဆောင်လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ချိန်မှာတော့ ရောဂါသည် နှစ်ယောက်ရဲ့ ရက် ၁၀၀ မကျော်တဲ့ နောက်ဆုံးချိန်မှာ ဘယ်လိုအခိုက်အတန့်လေးတွေ ဖြစ်မလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.6GB | 619MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

Comedy • Drama
0 2018 99 mins
100 Days of Sunshine
Jonah

Jonah 2024 ဇာတ်ကားက လျှို့ဝှက်သည်းဖို ဇာတ်လမ်းပါ။ ဂြိုလ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုနိုင် ၊ မပြုနိုင်အပေါ် တခြား လျှို့ဝှတ်ထားတဲ့ ရှုထောင့်တွေကနေ စိတ်ဝင်တစား ဖြစ်လာအောင် ဖန်တီးထားတာပါ။ လူသားတွေရဲ့ သဘာဝ အရင်းအမြစ်တွေအပေါ် လျစ်လျူရှုမှု ၊ ဖျက်လိုဖျက်ဆီးလုပ်မှု တွေကို ထည့်ဝင်ပြီးတော့ ရိုက်ကူထားတာမို့ ဇာတ်လမ်းနဲ့ သိပ်မဆိုင်သလိုခံစားမိနိုင်ပေမယ့် စဥ်းစားရမယ့် ကိစ္စကိုယ်၌က အဲဒီလိုဖြစ်နေတာကြောင့် Mystery တွေရဲ့ ပုံစံအတိုင်း စဥ်းစားရကျပ်တာတွေ ခံစားရမှာပါ။ ဇာတ်လမ်းကျောရိုးကတော့ စိတ်ဝင်စားစရာဇာတ်လမ်းတွေ ရှာဖွေထုတ်လုပ်တတ်တဲ့ရိုက်ကူးရေးလုပ်ငန်းက ဂြိုလ်သားရဲ့ ပြန်ပေးဆွဲမှုကို ခံရတယ်လို့ ပြောလာတဲ့ သားအမိနှစ်ယောက်ရဲ့ အခြေအနေကို စုံစမ်းရင်းက သူ့ကိုယ်သူပါ ဂြိုလ်သားပြန်ပေး ဆွဲမှုဆိုတာမျိုးကြုံဖူးသလို ခံစားမိရင်း ကြုံရတဲ့ဒုက္ခတွေကို တင်ပြထားတာပါ။ File size…1.06GB / 408MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thy Santa

0 2023
Jonah
Too Much Love

Too Much Love (2023) Netflix ကနေထုတ်ထားတဲ့ ၂၀၂၃ ခုနှစ်တုန်းကထွက်ရှိထားတဲ့ တူရကီကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဖောရက်ပြောခဲ့သလိုပဲ ဘဝဆိုတာ ချောကလက်ဗူးလေးလိုပဲ မင်းဘာရလာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ဘူးတဲ့ ဒါကိုကလဲ ဘဝရဲ့အဓိပ္ပာယ်နေမှာ။ ဒီဇာတ်ကားလေးမှာဆိုရင်လဲ လူငယ်တစ်ယောက်ပေတေလေလွင့်နေရာကနေ အချစ်နဲ့တွေ့ပြီး ဘဝကို ဘယ်လိုအနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Comedy ဆန်ဆန်လေးနဲ့ တင်ဆက်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်နေ့ကျရင် ဇတ်ညွှန်းရေးမယ် ရုပ်ရှင်တွေရိုက်မယ်ဆိုပြီး အိပ်မက်တွေရှိတဲ့ ဂျော့ခွန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ဘဝမှာအချစ်နဲ့ပထမဆုံး စတင်ထိတွေ့မိခဲ့တဲ့အချိန်ကစပြီး သူ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲသွားပါတယ်။ သူ့အချစ်အတွက် သူ့ဝါသနာနဲ့ ယှဉ်လာတဲ့အခါမှာ ဘယ်အရာကိုဦးစားပေးရမလဲဆိုတာ ဝေခွဲရခက်လာပါပြီ။ ဝါသနာကိုလဲ မစွန့်လွှတ်နိုင်သလို အချစ်ကိုလဲ မစွန့်လွှတ်နိုင်တဲ့ လူငယ်လေးတစ်ယောက် သူ့ဘယ်အရာတွေကိုဦးစားပေးပြီး ဘယ်အရာကိုလက်လွှတ်မှာလဲ နှစ်ခုလုံးကိုကော ပိုင်ဆိုင်နိုင်မလားဆိုတာကိုတော့ ဟာသဆန်ဆန်လေးနဲ့ တင်ဆက်ထားတာမို့ ကြည့်ရှုအားပေးလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.8GB | 988MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Too Much Love
Do the World Darts 1
5.8

The Gold Conveyors ရဲ့Sequel ၁၀ ကားထဲက ပထမဆုံးကားဖြစ်ပါတယ်။ ၁၀ ကားလုံးကိုစုစည်းပြီးရှာချင်ရင်တော့ဒီလင့်ကိုနိပ့်ပါ ဇာတ်လမ်းအကျဉ်းကတော့ မင်ခေတ် ရှန်းရှီးဒေသမှာ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းတစ်ခုရှိတယ်။ ဝမ်မိသားစုပို့ဆောင်ရေးလုပ်ငန်းရဲ့ ခေါင်းဆောင်ကြီးရဲ့သားဖြစ်သူ ဝမ်ကျန့်ဝေးဟာ ပို့ဆောင်ရေးလုပ်ငန်းကို ထျန်းရှဆိုတဲ့နာမည်နဲ့ မြို့တော်မှာသွားပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ချင်ခဲ့တယ်။ အဲဒါကြောင့် ဇာတိကနေ မြို့တော်ကိုတစ်ယောက်ထဲထွက်လာပြီး ထျန်းရှပို့ဆောင်ရေးလုပ်ငန်းကိုစတင်ဖို့ကြိုးစားပါတယ်။ ဖြစ်ချင်တော့ မြို့တော်ကဒိတ်ဒိတ်ကျဲ ရှန်သခင်မလေးနဲ့တွေ့ပြီးသူ့ရဲ့ ပထမဆုံးပစ္စည်းပို့တဲ့အလုပ်ကိုလက်ခံခဲ့တယ်။ ဒီပထမဆုံးပို့ဆောင်ရေးအလုပ်ကလဲ သူ့ရဲ့ထျန်းရှပို့ဆောင်ရေးရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။ လမ်းခရီးတစ်လျှောက်မှာ လုယက်သူတွေ တိုက်ခိုက်နှောက်ယှက်သူတွေအများကြီး ကြုံလာရတော့ သူပို့ပေးရမယ့် ပစ္စည်းဟာသာမန်မဟုတ်မှန်း တဖြည်းဖြည်းသတိထားမိလာခဲ့တယ်။ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူ့ရဲ့ပထမဆုံးအလုပ်ကို အောင်မြင်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ပါဦးနော်။

5.8 2007
Do the World Darts 1
Always I Am

Always I Am ( 2023 )==================Always I Am ကို ကိုရီးယား Art House ရုပ်ရှင်လို့ပြောရင်လည်း ကောင်း‌ကောင်းကြီးရလောက်တယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ အမြင်ရများတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အဓိကထားသုံးထားပေမဲ့ လူကြိုက်နည်းတဲ့ ရုပ်ရှင်ဖြစ်မယ်လို့တော့ ထင်ရတာပဲ။ ဒါလည်းမသေချာပါဘူး၊ Little Forsestလိုကားမျိုးတွေကို လူအများစု ကြိုက်တတ်ကြတော့ ဒီရုပ်ရှင်ကိုလည်း ကြိုက်ရင်လည်း ကြိုက်ကြမှာပဲ။ အဲဒီထက်တော့ နည်းနည်းလေး ပိုအေးစက်တယ်။ သေချာတာတစ်ခုကတော့ Always I Am ဟာ ဟုန်းဆန်းဆူပရိသတ်တွေတော့ ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်မျိုးပဲ။ဇာတ်ကတော့ ခက်ခဲတဲ့လက်တွေ့ကနေ မေ့ထားခဲ့တဲ့ တစ်ချိန်တစ်ခါဆီက လွတ်လပ်မှုတွေကို ပြန်ရှာကြတဲ့ လူတွေအကြောင်းလို့ပြောရမယ်။ အဆိုတော်တို့ ရုံးအလုပ်သမားတို့ ဘာတို့လို ဆိုးလ်လို မြို့ကြီးပြကြီးမှာ မွန်းကျပ်လာရာကနေ နယ်ဘက်ကျေးဘက်ကို စိတ်ပြေလက်ပျောက် ခဏခရီးထွက်သွားကြရင်း တစ်ချိန်ကမေ့ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိကြတဲ့အကြောင်းအရာကို ရိုက်ပြထားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံရော ပြောပြချင်တဲ့အမြင်ရော တော်တော်လေးကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်အဖွင့်မှာရေးထားတာက ” တကယ့်မရှိလို့မဖြစ်တဲ့အရာတွေဟာ မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေပဲ”တဲ့။ Always I Am ဟာ အဲဒီအရာတွေအကြောင်းပေါ့။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ W ပါ )File size_(2.3GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Drama, Music Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

0 2023 113 mins
Always I Am
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Daybreakers
6.5

Daybreakers (2009) IMDB: 6.4 Rotten Tomatoes: 69% Metacritic: 57% Daybreakers (2009) ကတော့ ဗန်ပိုင်းယားကားကိုမှ ခပ်ဆန်းဆန်းလေးရိုက်ထားတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ မင်းသားတွေကလည်း တော်တော်လေးပြီးပြည့်စုံတာမလို့ ကြည့်ရတန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်ညွှန်း : အနာဂတ်မှာ လူသားတွေကပ်ဆိုက်လာတာကြောင့် လူတွေဟာဗန်ပိုင်းယားအဖြစ်သို့ ဆေးထိုးပြီးပြောင်းလဲခဲ့ပါတယ်။ သွေးသောက်၊ အသက်ရှည်တာကလွဲရင် ကျန်တာလူနဲ့အတူတူပဲဖြစ်ပါတယ်။ ဗန်ပိုင်းယားကြီးစိုးတဲ့ ကမ္ဘာထဲ လူသားတွေဟာ ပုန်းပြီးနေထိုင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လူသားတွေမျိုးသုန်းလာတာနဲ့အမျှ သွေးဟာလည်းရှားပါးလာပါတယ်။ အဲဒါကြောင့် သွေးအစားထိုးလုပ်ဖို့အတွက် ဒေါက်တာအက်ဒ်ဝေါ့ဒ် ဦးဆောင်တဲ့ အဖွဲ့ဟာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။ တစ်ရက် အက်ဒ်ဝေါ့ဒ်တစ်ယောက် ညဘက်ကားမောင်းပြီး ပြန်နေတုန်း လူသားတွေမောင်းလာတဲ့ ကားတစ်စီးကိုဝင်တိုက်ခဲ့ပါတယ်။ အဲကစလို့ အက်ဒ်ဝေါ့ဒ်ရဲ့ဘဝဟာလည်း တစ်စစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။ ဘာတွေပြောင်းလဲပြီး ဘာတွေဆက်ဖြစ်မယ်ဆိုတာကိုတော့ခံစားကြည့်လိုက်ကြပါ။ အက်ဒ်ဝေါ့ဒ်အဖြစ် အချစ်တော်မင်းသား (ယောက်ခမကြီး) Ethan Hawke လိုင်ယွန်နယ်အဖြစ် မင်းသားကြီး Willem Dafoe မစ္စတာဘရွန်လေအဖြစ် မင်းသား Sam Neill တို့က အားဖြည့်သရုပ်ဆောင်ထားကြပါတယ်။ File size… 4.2 GB / 1.3 GB / 615 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mkv / mp4 Duration…. 1h 38m Genre ….. Action / Horror / Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.5 2009
Daybreakers
Je Jatt Vigad Gya
5.4

Je Jatt Vigarh Gya (2024)”တုံးတိုက်ကျားကိုက်” ===================================== ပေါလိဝုဒ် ရုပ်ရှင်လောကထဲမှာ တော်တော်လေးနာမည်ကြီးတဲ့ မင်းသား ဂျေးရန်ဒဝါရဲ့ အသစ်ထွက်ရှိထားတဲ့ ပန်ချာပီစကားပြော ရုပ်ရှင်ကို ပရိသတ်တွေအတွက် CM Bollywood Team ကနေ ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့.. ဂျေးရန်ဒဝါသရုပ်ဆောင်ထားတဲ့ဇာတ်ကောင် ဇာတ်လိုက်ဖြစ်သူ ဒလေဟာ ဟုတ်လည်းမခံ၊ မဟုတ်လည်းမခံတဲ့ တစ်ရွာလုံးနဲ့မတည့်တဲ့ ဆတ်ဆတ်ကြဲ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့မျက်စိထဲ အချိုးမပြေသမျှ ဝင်ဝင်ဆုံးမတတ်လို့ သူတို့ရွာမှာဆိုရင် သူထိုးတာမခံဖူးတဲ့ယောက်ျားလေးတွေကို တစ်ရွာလုံးက နှိမ်ကြတဲ့အထိပါပဲ။ အဲဒီလို အိန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေရဲ့ ဝိသေသတွေနဲ့ပြည့်စုံနေတဲ့ ဒလေဟာ သူတပါးကို ကူညီရင်း အင်မတန်မှအကျင့်ပျက်ခြစားနေတဲ့ ဆေးရုံကြီးတစ်ခုဖွင့်ထားတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ ငြိသွားတဲ့အခါ ကြမ်းပုံရမ်းပုံတွေကို ပရိသတ်တွေ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.4 2024 132 mins
Je Jatt Vigad Gya
Blood: The Last Vampire

အဟောင်းထဲက အကောင်းလေးတစ်ခု ပြန်လည်တင်ဆက်ပေးပါဦးမယ်။ ဒီ သွေးစုပ်ဖုတ်ကောင် Anime လေးက ၂၀၀၀ ခုနှစ်ကတည်းက Production IG ကနေ ထုတ်လုပ်ပေးထားတာပါ။ ၂၀၀၉ ခုနှစ်မှာဆိုရင်လည်း ဟောလိဝုဒ်ကနေ နာမည်ကျော် ကိုရီးယားမင်းသမီး Jun Ji-hyun ကို ဇာတ်ဆောင်ထားပြီး Live Action ပြန်ရိုက်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအရ ဇာတ်အိမ်တည်ထားတာတော့ ဒုတိယကမ္ဘာစစ်အပြီးလောက် ဂျပန်မှာ အမေရိကန်တွေ အခြေစိုက်စခန်းတွေ ချနေဆဲကာလလိုမျိုးပေါ့။ အဲဒီမှာ လူတွေရဲ့သွေးသားကို စားသုံးပြီး အဆုံးစီရင်သွားသလို သတ်ဖြတ်နေကြတဲ့ လင်းနို့ပုံသဏ္ဍာန် နတ်ဆိုးတွေဆိုတာ ရှိကြတယ်။ ဒီလို မကောင်းဆိုးဝါးတွေကို တိတ်တဆိတ်နဲ့ စုံစမ်းထောက်လှမ်းပြီး သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလည်း ရှိနေတယ်။ Saya ဆိုတာ ဒီအဖွဲ့အစည်းက အဓိကသတ်ဖြတ်ရေးသမား ကင်ဒိုဓားတစ်ချောင်းနဲ့ အကုန်ခုတ်ဖြတ်နေတဲ့ ကောင်မလေး။ နောက်ကျ အခြေစိုက်စခန်းနားမှာ အကောင်တွေသောင်းကျန်းနေတယ်ဆိုပြီး သတင်းရတာနဲ့ ကျောင်းတစ်ခုမှာ အထက်တန်းကျောင်းသူအဖြစ် အသွင်ယူထောက်လှမ်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 757 MB / 319 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 48m Genre ….. Action / Animation / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Horror
0 2000 48 mins
Blood: The Last Vampire
A Little Princess
7.6

ယဉ်ကျေးမှုထွန်းကားပြီး ဆန်းကြယ်လှပတဲ့အိန္ဒိယပြည်မှာနေလာခဲ့တဲ့ ကပ္ပတိန်ခရူးတို့သားအဖဟာ ပထမကမ္ဘာစစ်ဖြစ်ချိန်မှာ အဖေဖြစ်သူ ကပ္ပတိန်ခရူးက စစ်ထွက်ရမှာမို့ သမီးဆာရာခရူးကို နယူးယောက်က စည်းကမ်းတင်းကြပ်တဲ့ဘော်ဒါကျောင်းတစ်ခုမှာ ထားခဲ့တယ်။ အမြဲတမ်း စိတ်ကူးယဉ်မှုတွေနဲ့‌ပြည့်နှက်နေတဲ့ ဆာရာခရူးဟာ လက်တွေ့ဆန်ကာ တင်းကြပ်လွန်းတဲ့ ကျောင်းစည်းကမ်းတွေနဲ့ အံ၀င်ခွင်ကျမဖြစ်ပေမဲ့ စွန့်စားခန်းတွေ စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ပြည့်နေတဲ့ သူ့ရဲ့ပုံပြင်တွေကို ပြောပြတတ်တာကြောင့် လူချစ်လူခင်ပေါများလာခဲ့ပြီး မင်းသမီးလေးဖြစ်လာခဲ့တယ်။ ဒါပေမဲ့ အဖေဖြစ်သူ တိုက်ပွဲမှာကျဆုံးသွားချိန်မှာ ဆာရာလေးရဲ့ဘ၀ဟာ ဂျွန်းထိုးမှောက်ခုံဖြစ်သွားရပြီး မင်းသမီးလေးဘ၀ကနေ အစေခံမလေးဘ၀ကို ချက်ချင်းရောက်ရှိသွားခဲ့တယ်။ နာမည်ကြီးစာအုပ်ကို ခေတ်အဆက်ဆက် ပြန်လည်အသက်သွင်းလာခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ကလေးတွေ ကြည့်သင့်ကြည့်ထိုက်တဲ့ဇာတ်ကားမျိုးဖြစ်တဲ့အပြင် လူကြီးတွေကိုပါ စီးမျောသွားအောင် ဆွဲဆောင်နိုင်တာမို့လို့ ကြည့်ရှုခံစားဖို့တိုက်တွန်းလိုက်ပါတယ်။ File size…(1.8 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Comedy • Romance • Fantasy • Drama • Science Fiction
7.6 1995 97 mins
A Little Princess
Mazaka
5.1

Mazaka (2025) “အဖေတစ်ခု သားတစ်ခု” အသစ်ထွက် တေလဂူး မိသားစုဟာသကားလေးကို တင်ဆက်လိုက်ပါတယ် ရာမာနာဟာ သူ့သားလေးကိုမွေးမွေးချင်းမှာပဲ ဇနီးသည်ကို ဆုံးရှုးလိုက်ရလို သားလေးအရွယ်ရောက်တဲ့အထိ သားအဖနှစ်ယောက်တည်း အတူနေခဲ့ရတယ် သားဖြစ်သူက မိသားစုဆိုတဲ့အရာကို တောင့်တလာတဲ့အခါမှာ မိန်းမပေးစားဖို လိုက်ရှာပေမဲ့ အမျိုးသမီးမရှိတဲ့အိမ်ကို ဘယ်သမီးရှင်မှ သမီးမပေးနိုင်တာမို သူကိုယ်တိုင် အရင်အိမ်ထောင်ပြုဖို ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေ ဖြစ်လာမှာလဲဆိုတာ ပေါ့ပေါ့ပါးပါး ရယ်မောရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Cym ~ Zwe ~ Yunni တိုမှ ဖြစ်ပါတယ်ခင်ဗျာ

Mystery • Horror • Thriller
5.1 2025 128 mins
Mazaka
Final Destination Bloodlines
7

IMDb Rating (7.0) / Rotten Tomatoes (92%) လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက စပြီး စိတ်ဒဏ်ရာ မျိုးစုံပေးခဲ့တဲ့ “သေခြင်းဆိုးဖြင့်သေကြသူများ” ရုပ်ရှင် ၆ ကားမြောက်ထွက်လာပါပြီ။ ဒါရိုက်တာကတော့ Zach Lipovsky & Adam Stein တို့ပါပဲ။ FD ရုပ်ရှင်တွေရဲ့ အမာခံ ဇာတ်ကောင်ကြီး Tony Todd (Nov 2024 တွင် ကွယ်လွန်) လည်း နောက်ဆုံးအနေနဲ့ ပါဝင်ထားပါတယ်။ အရင်ရုပ်ရှင်တွေကြောင့် သံချောင်းတွေ၊ သစ်လုံးတွေ၊ ရိုလာကိုစတာတွေ တွေ့တိုင်း လန့်နေရအပြီးမှာ ဒီရုပ်ရှင်ကြည့်ပြီးရင်ရော ဘာတွေလန့်ရမလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း +++++++++++++ ဒီ ရုပ်ရှင်ထဲမှာ ပထမဆုံး အမြင်ကြိုရခဲ့တဲ့ အိုင်းရစ်ကတော့ ရုပ်ရှင် ၆ ကားလုံးမှာ အစောဆုံး အမြင်ကြိုရတဲ့သူ ဖြစ်ပါတယ်။ 1968 မှာ ဖြစ်ခဲ့တဲ့အဖြစ်ကို အခြေခံပြီးတော့ ပြီးခဲ့တဲ့ရုပ်ရှင်တွေနဲ့ ဆက်စပ်ခဲ့သလို နောက်ဆုံး ဖြစ်စဉ်အထိ ဆွဲခေါ်သွားခဲ့တာပါပဲ။ အိုင်းရစ်ဆိုတဲ့ မိန်းခလေးဟာ ကပ်ဆိုးကြီးတစ်ခုကို ကြိုမြင်ပြီး ၁၉၆၈ မှာ ရှောင်ရှားနိုင်ခဲ့လို့ လူရာနဲ့ချီပြီးအသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ သေမင်းဟာ အမြဲအကြွေးဆပ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အဲဒီ ရာနဲ့ချီတဲ့လူတွေကို လိုက်ရှင်းသလို အစကတည်းက ရှိမလာရမဲ့ အဲဒီလူတွေရဲ့ မျိုးဆက်တွေကိုပါ ဆက်တိုက်လိုက်ရှင်းနေတာပါပဲ။ အခုဇာတ်လမ်းမှာတော့ အိုင်းရစ်ရဲ့ သားသမီးနဲ့ မြေးတွေဆီကို အလှည့်ကျလာပြီဖြစ်လို့ ဘယ်သူတွေ ရှောပြီး ဘယ်သူတွေ လွတ်ကြမလဲ ဆက်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။ File Size… (4.18GB)/(1.58 GB) /(977 MB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Drama
7 2025 110 mins
Final Destination Bloodlines