YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Love.Catcher.E04.720p(CM).mp4

1.02 GB 720p video/mp4 479 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Any Given Sunday
6.8

“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ စရိုက်ပျက်မှုတွေ၊သူတို့ရဲ့ အကျဘက်ကိုရောက်လာမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ၊အားကစားလောကထဲက ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေ စသဖြင့် ဘောလုံးလောကကြီးထဲက လူတွေအကြောင်းကို ချပြထားတယ်။ ခပ်ပေါ့ပေါ့အားကစားဇာတ်ကားတွေလဲ နိုင်ခြင်း၊ရှုံးခြင်းကို အဓိကပြထားတာမဟုတ်ဘဲ လူတွေ၊ဘဝတွေကို အဓိကထားပြထားတာမျိုးပေါ့။ အကောင်းဆုံး(အမေရိကန်)ဘောလုံးဇာတ်ကားလို့ ညွှန်းကြတဲ့အပြင် IMDB လဲ 6.9 အထိ ရထားတာမို့ အချိန်ပေးကြည့်ရတာ တန်မယ့်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ File size…(2.3 GB)/(2.0 GB)/(1 GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

Drama • History • Thriller • War
6.8 1999 162 mins
Any Given Sunday
Kisaragi Station
6.7

ဂျပန်မှာရှိတဲ့ ဒဏ္ဍာရီသရဲပုံပြင်တွေအများကြီးကမှ ၂၀၀၄ ခုနှစ်မှာ အင်တာနက်ပေါ်စတင်ရောက်ရှိ နာမည်ကြီးလာခဲ့တဲ့ ကီဆာရာဂီ ဘူတာရုံအကြောင်းကို ပြန်လည်စိတ်ကူးပုံဖော်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါရစေ ကီဆာရာဂီဘူတာရုံဆိုတာ အပြင်မှာမရှိတဲ့ ဘူတာရုံတစ်ခု ဟာဆာမီ ဆိုတဲ့အကောင့်နာမည်တစ်ခုကနေ စတင်ဝေမျှရင်း နာမည်ကြီးလာတဲ့ ဒဏ္ဍာရီတစ်ပုဒ် ဇာတ်လမ်းအစမှာပေါ့ 'ဆုဆုမီ'ဆိုတဲ့ ကော်လိပ်ကျောင်းသူဟာ သူမရဲ့ သုတေသနစာတမ်းအတွက် ကီဆာရာဂီဘူတာမှပြန်လည်ရောက်ရှိလာသူ ကျောင်းဆရာမ 'ဟယာမာ'ကို အင်တာဗျူးဖို့ ရောက်လာခဲ့တယ် 'ဟယာမာ'ဟာ တူမလေးဖြစ်တဲ့ 'ရင်'နဲ့အတူ နေထိုင်လျက်ရှိတယ် သူမရဲ့ အဖြစ်အပျက်ကို လုံးစေ့ပတ်စေ့ သေချာပြောပြပြီးချိန်မှာ ဆုဆုမီတစ်ယောက် စမ်းသပ်ရင်း ကီဆာရာဂီဘူတာသို့ ရောက်ရှိသွားတဲ့အခါ... သည်းထိတ်ရင်ဖိုရပြီး လှည့်ကွက်တွေပါတဲ့အပြင် အမှန်အကန် လန့်ရမယ့် ဇာတ်လမ်းလေးတစ်ဖြစ်လဲ IMDb 6.3အထိ ရရှိထားတာမို့ မကောင်းမှာမပူရဘူးနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mugiwara Ya ပါ ) File Size__( 1.7GB) / ( 984MB) Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:35:00 Type__Drama, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Drama • Romance
6.7 2022 82 mins
Kisaragi Station
Jerry And Marge Go Large
6.9

Jerry And Marge Go Large (2022) ~ IMDb – 6.9/10, Rotten Tomatoes – 62% ~ အငြိမ်းစားဘဝဆိုတာ တော်တော်ကို ပျင်းစရာကောင်းတဲ့ ဘဝပါပဲ။ ဂျယ်ရီလို အလုပ်ကြိုးစားတဲ့ စံပြဝန်ထမ်းတစ်ယောက်အတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ ၄၂ နှစ်လုံးလုံး အလုပ်ကလွဲပြီး ဘဝရယ်လို့ မယ်မယ်ရရ မရှိခဲ့တဲ့သူပါ။ ကံကောင်းထောက်မလို့ ပါရမီဖြည့်ဖက် မာ့ဂ်ျနဲ့ သားသမီးနှစ်ယောက်တော့ ထွန်းကားခဲ့ပေမဲ့ အလုပ်ကလွဲပြီး ကျန်တာကို မတွေးတတ်တဲ့ သင်္ချာဉာဏ်ကြီးရှင် ဂျယ်ရီ အလုပ်က အငြိမ်းစားယူရတော့မယ်ဆိုတော့ အကြီးအကျယ်စိတ်ဆင်းရဲသွားရပါတယ်။ ဝီရိယအားကိုးတဲ့ ဉာဏ်ကြီးရှင် ဂျယ်ရီက ကံကိုအားကိုးတဲ့ ထီကို လုံးဝစိတ်မဝင်စားပါဘူး။ ထီထိုးရမှာတောင်ရှက်နေမိတတ်တဲ့လူမျိုးပါ။ ဒါပေမဲ့ အငြိမ်းစားယူထားတဲ့လူတွေရဲ့ ထုံးစံအတိုင်း စိတ်ဝင်စားစရာရှာဖို့ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း WinFall ထီမှာ ထိုးတိုင်းပေါက်နိုင်တဲ့ ဟာကွက်တစ်ခုကို ရှာတွေ့သွားပါတယ်။ ဇာတ်လမ်းကတော့ အဲဒီမှာပဲ စတာပေါ့ဗျာ။ သင်္ချာဉာဏ်ကြီးရှင်တစ်ယောက် ဘဝက ဂဏန်းတွေနဲ့ပဲ ဖွဲ့စည်းထားတာ မဟုတ်ဘူးဆိုတာကို သိလာပြီး ရှင်သန်ခြင်းဆိုတာကို ရှာတွေ့လာတာကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ရင်ထဲကိုနွေးထွေးသွားစေမယ့် ဇာတ်ကားမျိုးပါပဲ။ ဒီကားဟာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့အပြင်ကို ဂျယ်ရီနေရာက သရုပ်ဆောင်ထားတဲ့ မင်းသားကြီးကလည်း Breaking Bad မှာ Walter White အနေနဲ့ ကျွန်တော်တို့ အတော်လေးကို ကြိုက်ခဲ့ရတဲ့ မင်းသားကြီး Bryan Cranston ဆိုတော့ ဘယ်ပြောကောင်းမလဲ။ သူနဲ့တင် တန်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 740MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 36Min Genre – Biography, Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.9 2022 96 mins
Jerry And Marge Go Large
Cryo
4.7

Cryo (2022) ========= Cryo chamber ဆိုတာ လူကိုအေးခဲအောင်လုပ်ပြီး၊ မပုပ်မသိုးအောင် ထိန်းသိမ်းပြီး ကာလရှည်ကြာအိပ်စက်စေနိုင်တဲ့ အခန်းတွေပါ။ အဲ့အခန်းတွေ ထဲကနေ အင်ဂျင်နီယာ၊ ဇီဝဓာတုပညာရှင်၊ စစ်သား၊ စိတ်ပညာရှင်နဲ့ ဆရာဝန်တို့ ‌ နိုးထလာပြီး သူတို့ ဘယ်ရောက်နေလဲ၊ ဘယ်သူတွေလဲဆိုတာကိုတောင် မမှတ်မိကြဘဲ မှတ်ဉာဏ်တွေအကုန်နီးပါးပျောက်နေကြတာပေါ့။ နောက်ပြီး သူတို့ရောက်နေတဲ့ နေရာကလည်း အုတ်နံရံပတ်လည်ဝိုင်းနေတဲ့ မြေအောက်ခန်း ဖြစ်နေတယ်။ အပြင်ထွက်ဖို့လုပ်တော့လည်း လေထဲမှာ အဆိပ်တွေရှိတယ် ဆိုတော့ ဒီ cryo အခန်းတွေကို တီထွင်သူရဲ့အလာကိုမျှော်နေကြရင်း အချင်းချင်း တဖြည်းဖြည်းရင်းနှီးသွားကြတယ်။ အဲဒီနောက် survival mystery ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ရှင်သန်ဖို့အတွက် ရုန်းကန်ရတဲ့အပြင် cryo chambers တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် မှတ်ဉာဏ်တွေပျက်စီးပြီး ‌ထင်ယောင်ထင်မှားတွေမြင်ရကြားနေရတယ်။ ဒီလိုအဖြစ်ကနေ ရုန်းထွက်ဖို့ အဓိကသော့ချက်က မှတ်ဉာဏ်တွေပြန်ရမှ ဖြစ်မယ်ဆိုတာ သိသွားကြတဲ့အခါမှာ သူတို့ မှတ်ဉာဏ်တွေပြန်ရအောင် ဘယ်လိုလုပ်မလဲ။ ဘာလို့ cryo chamber တွေထဲမှာ အိပ်ခဲ့ကြတာလဲ ဆိုတဲ့အကြောင်းကို ဇာတ်ရှိန်မအေးတအေးလေးနဲ့ ကြည့်ရမှာဖြစ်တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)

Crime • Drama
4.7 2022 118 mins
Cryo
Dream Scenario
7.2

Dream Scenario (2023) ================= IMDb Rating – 7.2/10 ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ချန်ထားခဲ့တာတွေ၊ ဥပမာပြ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး Nick Cage ကလည်း သူ့ရဲ့ သရုပ်ဆောင်ဘဝကို PIG (2021) The Unbearable Weight Of Massive Talent (2022) နဲ့ Dream Scenario (2023) တို့လို ရုပ်ရှင်ကားကောင်း ၃ ကားနဲ့ ပိတ်ပြီး အနားယူချင်ကြောင်းပါ ပြောခဲ့ပါတယ်။ ဒီရုပ်ရှင်ရဲ့ ကျောရိုးကိုတော့ စိတ်ပညာရှင် Carl Jung ရဲ့ Collective Unconscious သီ ဝရီကို အခြေခံထားပါတယ်။ လူသားတွေဟာ မိမိကိုယ်ပိုင်အတွေ့အကြုံသိစိတ်မသိစိတ် ကနေမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံးရဲ့ လူသားမျိုးစိတ် အစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ ဘုံမသိစိတ်တွေ ရှိနေတယ်ဆိုတဲ့အယူအဆပါ။ ဒီဘုံမသိစိတ်ကြောင့်ပဲ ဘာသာရေးတွေရဲ့ အခြေခံအယူအဆတွေ ဆင်ဆင်တူတာတွေ၊ အိပ်မက်တွေရဲ့ ဖြစ်ပျက်တတ်ပုံတွေတူတာ တွေ၊ လူတွေ ‌အမှောင်ကြောက်တာ အမြင့်ကြောက်တာ စတဲ့အချက်မျိုးတွေ တူတာတွေ ဖြစ်လာတယ်ဆိုပါတယ်။ ဒီရုပ်ရှင်ဟာ နာမည်နဲ့လိုက်အောင် အိပ်မက်ကို အခြေခံထားတာဖြစ်ပါတယ်။ အဓိကဇာတ် ကောင် ပေါမက်သရူး (နစ်ကေ့) ဟာ ထူးခြားချက်ဘာမှမရှိတဲ့ ပျှမ်းမျှသာမန်လူစစ်စစ်တစ် ယောက်ပါ။ ဆင့်ကဲပြောင်းလဲမှုဗေဒကို သင်နေတဲ့ ပါမောက္ခတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ ကလေးတွေနဲ့ အေးအေးဆေးဆေးပဲ‌ နေထိုင်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတတော့ အသိ အမှတ်အပြုခံချင်စိတ် သူ့နယ်ပယ်မှာ အောင်မြင်ကျော်ကြားချင်စိတ်တွေရှိနေပါတယ်။ ဒီ သာမန်လူတစ်ယောက်ဟာ ရုတ်တရက်ကြီး လူပေါင်းများစွာရဲ့ အိပ်မက်ထဲမှာ ပါလာလို့ဆို ပြီးနာမည်ကြီးလာပါတယ်။ ဘာကြောင့်လဲဆိုတာ ဘယ်သူမှ ရှင်းမပြတတ်ပါဘူး။ အိပ်မက် တွေထဲမှာလည်း သူက ဘာမှမလုပ်ဘဲ ရပ်နေရုံ ဖြတ်လျှောက်ရုံဖြစ်နေတာကြောင့် လူတွေက သူ့ကို ရယ်စရာတစ်ခုလို၊ လူထူးဆန်းတစ်ယောက်လို ပေါ့ပေါ့ပါးပါး ချစ်ခင်ကြရုံနဲ့ နာမည်ကြီး လာပါတယ်။ လူစိတ်ဝင်စားခံလာရပါတယ်။ ရုပ်ရှင်နာမည် Dream Scenario ဆိုတဲ့အတိုင်း “မယုံနိုင်စရာကောင်းလိုက်အောင် အိပ်မက်ဆန်တဲ့ အောင်မြင်မှုမျိုး” ရလာတာပေါ့။ ဒါပေမဲ နောက်တော့ လူတွေရဲ့ အိပ်မက်တွေထဲမှာ ရုတ်တရက် ပေါဟာ အရမ်းအကြမ်းဖက်လာပါ တယ်။ အိပ်မက်မက်တဲ့လူတွေလည်း သူ့ကိုကြောက်လာကြပြီး အပြင်က သူ့ကိုပါ မုန်းတီးခံ လာရပါတယ်။ လူချစ်လူခင်များတဲ့ ဆယ်လီဘဝကို ဘာမှမလုပ်ရပါဘဲ ရောက်လာပြီး တစ် လောကလုံးဝိုင်းမုန်းတဲ့ ဆယ်လီဘဝကိုလည်း သူဘာမှ မလုပ်ရဘဲ ရောက်သွားတဲ့ကိစ္စကြီးက တကယ်ကို စားပါတယ်။ ရယ်ရခက် ငိုရခက်ကြီးကို ထိုင်ကြည့်နေရတာပါ။ ဒါကို သူဖြေရှင်း ဖို့ကြိုးစားရင်း ပိုပိုဆိုးလာတဲ့ဇာတ်ကြောင်းကို မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းထဲမှာတော့ ဆိုရှယ်မီဒီယာရဲ့ နာမည်ကြီးလွယ် နာမည်ပျက်လွယ်ပုံသဘောတရား တွေ၊ နာမည်ကြီးလာတဲ့အချက်မှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိပုံတွေ၊ လက်ရှိခေတ်ရဲ့ cancel culture လို့ခေါ်တဲ့ လူအများစု နေရာစုံမှာ ဝိုင်းကျဉ်တာကိုခံရရင် ဖြစ်တတ်တဲ့ပုံတွေကို သရော်ထားပုံ ရိုက်ကူးထားတာပါပဲ။ ကျန်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းချင်းကို ခံစားပုံကတော့ ကြည့်တဲ့သူရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ အယူအဆအပေါ်မူတည်တာမို့ ကိုယ်တိုင်ပဲကြည့် ကြည့်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(7.09 GB) / (4.85 GB) / (761 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 42Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….Mr.Anderson Encoder……….SWM / Ka Naung

7.2 2023
Dream Scenario
A Weekend to Forget

ဇာတ်လမ်းအကျဥ်းလေးကတော့ ငယ်သူချင်းတစ်စုဟာ မတွေ့ရတာကြာနေပြီဖြစ်လို့ စနေတနင်္ဂနွေပိတ်ရက်မှာ ဖာဒီရဲ့အိမ်မှာစုပြီးပါတီပွဲကျင်းပဖို့အတွက်ထွက်လာကြပါတယ် ငယ်သူငယ်ချင်းတွေအကြာကြီးနေမှပြန်ပြီးတွေ့ရမှာဖြစ်လို့ပျော်ပျော်ရွှင်ရွှင်နဲ့ပါတီကျင်းပရင်း နောင်အနာဂတ်မှာ သူငယ်ချင်းတွေစုပြီး လုပ်ငန်းအတူတူလုပ်ဖို့လည်းဆွေးနွေးတိုင်ပင်ကြဖို့စီစဥ်ထားပါတယ် ဒါပေမဲ့ တကယ့်လက်တွေမှာထင်ထားသလိုမဖြစ်ခဲ့ဘဲ အပျော်ကနေအပျက်ဖြစ်ခဲ့ပါတယ် ငယ်ကတည်းကရန်စရှိခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကတောက်ကဆအပြင် ထင်မှတ်မထားတဲ့ပြဿနာလေးတွေရှိလာပြီး နောက်ဆုံး လူသတ်မှုဖြစ်သွားတဲ့အဆင့်ထိဖြစ်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီလူသတ်မှုမှာ တရားခံကဘယ်သူလဲ ဘာကြောင့်သတ်ရတာလဲဆိုတာ အဖြေရှာရပါတော့တယ် တရားခံကိုဒီလူလိုလို ဟိုလူလိုလိုနဲ့ သံသယဝင်စရာကောင်းအောင်ရိုက်ပြထားပြီး တကယ့်တရားခံအစစ်ကရောဘယ်သူလဲဆိုတာကို ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်နိုင်ပါတယ် File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

0 2023
A Weekend to Forget
Excalibur
7.3

Excalibur (1981) IMDb Rating (7.3) / Rotten Tomatoes (72%) ဒါရိုက်တာကြီး Sir John Boorman ရဲ့ နာမည်ကျော် Fantasy ရုပ်ရှင်ကားကြီးပါ…နာမည်ကြီးမင်းသားမင်းသမီးတွေကိုလဲ ငယ်ငယ်တုန်းကရုပ်တွေနဲ့ရှုစားကြရပါမယ်။ ဇာတ်လမ်းကတော့…. မှော်ဝင်ဓားတစ်လက်ရယ်၊ အချိန်ကာလအားလုံးထဲက အကြီးမြတ်ဆုံး မှော်ဆရာတစ်ယောက်ရယ်၊ ထီးဆောင်းမင်းတွေထဲကမှ ဘုန်းကံအကြီးဆုံးမင်းမြတ်တစ်ပါးရယ်၊ သူတို့သုံးခုပါဝင်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဘုရင်မင်းမြတ် အာသာ၊ အကြီးမြတ်ဆုံးမှော်ဆရာ မာလင်၊ ဓားဘုရင် မှော်ဝင်ဓားတို့ဟာ သမိုင်းကြောင်းတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဝါးအစည်းပြေသလို ပြန့်ကျဲနေတဲ့ ပဒေသရာဇ်မင်းတွေကို စုစည်းပြီး အင်ပါယာထူထောင်၊ ဧကရာဇ်နိုင်ငံတော်ကြီးကို အုပ်စိုးကာ ငြိမ်းချမ်းရေးအရယူနိုင်ခဲ့တဲ့ မင်းမြတ် အာသာ။ နဂါးမီးတောက်ထဲကို ကိုယ်တိုင်ဝင်ပြီး ဖန်တီးမှု ဖန်ဆင်းမှုတွေကို အံ့မခန်း လုပ်ဆောင်နိုင်တဲ့ မှော်ဆရာကြီး မာလင်။ ထိုက်တန်သူသာ ကိုင်ဆောင်အသုံးပြုခွင့်ရတဲ့၊ ကိုင်ဆောင်သူကို စွမ်းအင်တွေပေးတဲ့ ဓားဘုရင် မှော်ဝင်ဓား။ သူတို့လို ခေသူမဟုတ်တွေတောင်မှပဲ ရှုံးနိမ့်ချိန်ဆိုတာ ရှိပါတယ်။ ပလ္လင်ပေါ်ကတောင် မထနိုင်တော့တဲ့ ဘုရင်ကြီး အာသာ၊ မှော်ဆရာမရဲ့ ထောင်ချောက်မိပြီး တစ်သက်တာ အကျဉ်းကျသွားတဲ့ မှော်ဆရာ မာလင်၊ အကြီးမြတ်ဆုံး စစ်သည်တော်နဲ့ ယှဉ်ပြိုင်အပြီးမှာ ကျိုးပဲ့သွားတဲ့ မှော်ဝင်ဓား၊ သူတို့ရဲ့ဇာတ်လမ်းအဖုံဖုံကို ကြည့်ရှုကြပါဦးစို့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.3 1981
Excalibur
[18+] Zack and Miri Make a Porno
6.5

ဂေါင်းကြီးတို့ လောကဓံတရားတွေ ရိုက်ခတ်လာလို့ စားဝတ်နေရေးမပြေလည်တော့ရင် အောကားရိုက်စားဖို့ တွေးဖူးကြလား??? ဒီဇာတ်ကားကတော့ ဂေါင်းကြီးတို့အကြိုက်ဖြစ်မယ့် ခွီလည်းခွီရ စိတ်လည်းကြွမယ့် ၁၈ ယောက်ပြည့်မှ ကြည့်လို့ရမယ့် ကားလေးဖြစ်ပါတယ်နော်။ တကားလုံးမှာ ပြောတဲ့စကားတွေက ထိမိလွန်းလို့ သောက်ရမ်းခွီနေရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်း ဇက်ခ်နှင့် မီရီဟာ အထက်တန်းကတည်းက ခင်မင်လာတဲ့ သူငယ်ချင်းတွေဖြစ်ပြီးတော့ အိမ်ငှားခ မတတ်နိုင်တဲ့အတွက် တိုက်ခန်းတစ်ခုကို နှစ်ယောက်စုငှားပြီးတော့ အိမ်ငှားခကို တစ်ယောက်တစ်လစီ ပေးကြပါတယ်။ မီရီကတော့ အရင်လက အိမ်ငှားခကို သူပေးပြီးပြီဖြစ်တဲ့အတွက် ဒီလမှာတော့ ဇက်ခ်ပေးရမယ့်အလှည့်ရောက်လာပါတယ်။ ဒါပေမဲ့ ဇက်ခ်က သူ့လစာကို မတု ဝယ်လိုက်လို့ အိမ်ငှားခပေးစရာ မရှိတော့တဲ့အပြင် မီတာခ ရေဖိုးပါ မဆောင်ထားတဲ့အတွက် အဲဒီညမှာပဲ မီးပျက် ရေမလာ ဖြစ်ပြီး လကုန်ကျရင်လည်း တိုက်ခန်းက ထွက်ပေးရမယ့်အနေအထားရောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဇက်ခ်က မီရီကို သူ့ရဲ့ အောကားရိုက်စားမယ့်အကြံကို ပြောပြပါတော့တယ်။ ဇက်ခ်ရဲ့ အလုပ်ကသူငယ်ချင်းကလည်း တီဗွီဝယ်မယ့်ပိုက်ဆံကို ခဏချေးပေးလိုက်တော့ သူတို့ရဲ့ အောကားရိုက်မယ့် အကြံလေး စတင် အကောင်အထည်ပေါ်လာပြီး သရုပ်ဆောင်တွေ ထပ်ခေါ်ကာ Star Wars တို့လို နာမည်ကြီး ဇာတ်လမ်းတွေကို Parody porn အနေနဲ့ ရိုက်ကူးကြပါတယ်။ ဒီတော့ ကြားထဲမှာ ဘယ်လိုတွေ သောက်တလွဲဖြစ်ဦးမလဲ၊ သူတို့ရိုက်မယ့်ကားက ပေါက်ပါ့မလား၊ ဇက်ခ်နှင့် မီရီကရော ဘယ်လို chemistry လေးတွေ အစပျိုးလာမလဲဆိုတာကို ရသစုံ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (2.1 GB)/(1.1 GB) Quality…. Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Comedy, Romance Subtitle…. Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Matteo

Comedy • Drama
6.5 2008
[18+] Zack and Miri Make a Porno
Downtown Owl

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဟာသဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်သုံးယောက်ပါပါတယ်.ပထမဇာတ်ဆောင်ဖြစ်တဲ့ဂျူလီယာရေဘီယာဟာ အောင်းလ်မြို့ကို အထက်တန်းကျောင်းဆရာမအဖြစ်ပြောင်းရွေ့လာခဲ့ပါတယ်….သူမရဲ့ယောက်ျားဖြစ်သူ ပါရဂူအတန်းတက်နေလို့ အချိန်ပိုရ‌အောင် ပြောင်း‌လာတာပါ။သူမဟာပထမနှစ်ဝက်ပဲသင်ဖို့ရည်ရွယ်ထားတာဖြစ်ပြီး ‌နောက်နှစ်ရောက်ရင်အိမ်ပြန်ပြီးကလေးယူဖို့စီစဉ်ထားပါတယ်….အောင်းလ်မြို့ကိုရောက်ရှိလာတဲ့ ဆရာမအသစ်ဖြစ်တဲ့အလျောက် သူမကနာမည်ကြီးလာပါတယ်…. နောက်တစ်ယောက်‌ကတော့ ထိုမြို့ကအထက်တန်းကျောင်းသား မစ်ခ်ျပါ…မစ်ခ်ျကဝါသနာမပါတဲ့ဘောလုံးကိုကစားရင်း သူသဘောကျနေတဲ့ကောင်မလေးက ဆရာတစ်ယောက်နဲ့ဖောက်ပြန်နေလို့ စိတ်ညစ်နေရသူပါ…. နောက်တစ်‌ယောက်ကတော့ ဟော်ရေစ့်ဆိုတဲ့အဖိုးကြီးပါ….ဒီတော့ အောင်းလ်မြို့ကိုပြောင်းရွှေ့လာတဲ့ဆရာမအသစ် ဂျူလီယာရေဘီယာနဲ့ မစ်ခ်ျတဲ့ဟော်ရေစ့်တို့နဲ့တွေ့ဆုံခဲ့ပါတယ်….အချိန်ကြာလာတဲ့အခါ ဂျူလီယာဟာ အောင်းလ်မြို့ရဲ့လူနေမှုစံနှုန်းတွေကိုသိမြင်လာတဲ့အခါမှာတော့…. ဒီဇာတ်ကားဟာ အဆိုပါဇာတ်ကောင်သုံးယောက်ကိုအကြောင်းပြုရင်း ရိုက်ကူးထားပါတယ်…..တင်ဆက်ပြသပုံတွေ…နောက်ခံသီချင်းတွေကောင်းမွန်တဲ့အတွက် ကြည့်ပျော်တယ်လို့ပြောလို့ရပါတယ်…ခံစားကြည့်ကြပါခင်ဗျာ File size…(1.3 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

War • Action • History • Drama
0 2023
Downtown Owl
The Man from U.N.C.L.E.
7.3

The Man From U.N.C.L.E (2015) IMDb Rating (7.3) / Rotten Tomatoes (68%) Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့…. စစ်အေးခေတ် Cold War ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်…ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကို အသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။

7.3 2015
The Man from U.N.C.L.E.
City of Wind
6.7

ဒီတစ်ခါတော့ထူးထူးခြားခြားလေးဖြစ်သွားအောင် မွန်ဂိုးလီးယား ရုပ်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ မွန်ဂိုးလီးယားဆိုတာနတ်တွေ ဘိုးဘေးဝိညာဉ်တွေကိုအယုံ အကြည်ရှိကြတဲ့နိုင်ငံတစ်ခုဖြစ်ပြီး နတ်ဝင်သည်တွေဆိုတာလည်း နေရာတော်တော်များများမှာရှိပါတယ်။ အခုတင်ဆက်ပေးမဲ့ IMDb Rating 6.7 အထိရရှိထားတဲ့ Ser Ser Salhi (City Of Wind) လို့ခေါ်တဲ့ဇာတ်ကားလေးထဲမှာလည်း ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးတစ်ယောက်နဲ့သူ့ရဲ့စိတ်ဝင်စားစရာ ကောင်းတဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးတင်ဆက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇဲလို့ခေါ်တဲ့အသက် ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးက အဖိုးဝိညာဉ်လို့ ခေါ်တဲ့ ဝိညာဉ်ကိုအကူအညီတောင်းလာတဲ့အခါမှာဆင့်ခေါ်ပေးရတာ ဖြစ်ပြီး သူ့မိသားစုအပြင်အိမ်နီးနားချင်းတွေတော်တော်များများက အဲ့လိုအရာတွေကိုယုံကြည်ကြပါတယ်။ တခြားအချိန်တွေမှာတော့ ဇဲကသာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နတ်ဝင်သည်အလုပ်ကြောင့် ကျောင်းမှာစနောက်ခြင်းကိုအမြဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ဇဲရဲ့ကမ္ဘာကြီးကို ပြောင်းလဲသွားစေမဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။အဲ့ဒါကတော့မာရာလာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တွေဆိုတော့ မကြာခင်မှာပဲ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိသွားကြ ပါတော့တယ်။ဒါပေမယ့်မာရာလာနဲ့တွေ့ပြီးကတည်းကဇဲရဲ့နတ်ခေါ်တဲ့ အာရုံတွေက အရင်လိုမကောင်းတော့ပဲအားနည်းနေခဲ့ပါတော့တယ်။ တစ်ဖက်မှာ ကြည့်ပြန်ရင်ကျတော့လည်း သူ့ဘ၀ကအရင်နဲ့လုံး၀ မတူအောင် ပျော်စရာကောင်းလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လူငယ်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ဇဲရဲ့ စိတ်ဝင်စားစရာဘ၀အကြောင်းအပြင် မွန်ဂိုးလီးယားရိုးရာတွေကိုပါ တွေ့ရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.99GB / 809MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2023 104 mins
City of Wind
Sarfira
7.9

Sarfira 2024 အိပ်မက်များနဲ့ကျွန်တော် IMDb -7.9/10 မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Romance • Fantasy • Horror
7.9 2024 155 mins
Sarfira
The Park Maniac

The Park Maniac (2024) ဟာ True Crime, Crime, and Drama အမျိုးအစား Brazilian Portuguese စကားပြောဇာတ်ကားဖြစ်ပါတယ်။ Brazil နိုင်ငံ São Paulo မြို့မှာ 1998 ခုနှစ်ဝန်းကျင်က အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ‌စော်ကားမှု၊ လူသတ်မှုတွေအမြောက်အများ ကျူးလွန်ခဲ့တဲ့ Francisco de Assis Pereira ဆိုသူရဲ့အကြောင်း‌ကို နောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း The Worker’s သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Elena ဆိုတဲ့ကောင်မလေးဟာ အလုပ်ဝင်ဖြစ်တာမကြာ‌သေးတာကြောင့် အလွန်ရုန်းကန်နေရတဲ့အချိန်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ The Park Maniac ဖြစ်လာမယ့် Francisco ဟာ Rollerblader တစ်ဖြစ်လဲ Delivery သမားတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေပြီး အလွန်နာမည်ကြီးချင်သူလည်းဖြစ်နေပြန်ပါတယ်။ တစ်နေ့မှာတော့ Francisco ဟာ သူနာမည်ကြီးလာဖို့အတွက် အကြံဆိုးတစ်ခုကို စတင်အကောင်အထည်ဖော်ပါတော့တယ်။ အဲဒါကတော့ မိန်းကလေးတွေကို အလုပ်အတွက် ဓာတ်ပုံရိုက်ခံရင် ငွေရမယ်လို့ လှည့်ဖြားပြီး လိင်ပိုင်းဆိုင်ရာစော်ကားတာ၊ သတ်ဖြတ်တာတွေပါ။ ဒီလိုနဲ့ Elena ဟာ အဲဒီလူသတ်‌မှုတွေ ဖြစ်လာတာကို သိရှိသွားပြီးနောက် နည်းမျိုးစုံနဲ့ လူသတ်သမားကို ဖော်ထုတ်ဖို့ ကြိုးပမ်းရင်း သေဆုံးမှုတွေဆက်တိုက်ဖြစ်လာတဲ့အခါ Elena က São Paulo တစ်မြို့လုံးကို ခြိမ်း‌ခြောက်နေတဲ့လူသတ်သမားကို ဘယ်လိုမျိုးစုံစမ်းဖော်ထုတ်မလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ် File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama, Crime, Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vivien

0 2024
The Park Maniac
Silent Murmur
5.5

Silent Murmur (2025) ဟာဆိုရင် social-thriller ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်မှုပညာပေးကို ဦးစားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ Emilyဟာ တတ်ကြွပြီးပျော်ပျော်နေတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Ryanဆိုတဲ့ Gym trainerလေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ Ryan ကိုအစကတော့ သဝန်တိုတတ် ချစ်တတ်တဲ့သူလိုပဲ မြင်ခဲ့ရာကနေ Ryanရဲ့ အမှောင်ခြမ်းကို Emilyတစ်ယောက်မြင်လာရတဲ့အခါမှာ နောက်ကျသွားခဲ့ပါပြီ။ အချစ်ကြောင့် Ryanပြောင်းလဲနိုင်မယ်ထင်ခဲ့ပေမယ့် မပြောင်းလဲတဲ့အခါ Emilyတစ်ယောက်ဘယ်လိုဆက်လုပ်သွားမလဲ။ Emilyရဲ့အဖွားဖြစ်သူ Helenကရော Emilyအတွက် နောင်တတွေကိုဖြေဖျောက်နိုင်မလား။ တိတ်တဆိတ်ခံစားနေရတဲ့တီးတိုးသံတွေ ကြားကြရပါ့မလားဆိုတာကို Emilyအဖွားဖြစ်သူ Helenရဲ့ ဇာတ်ကြောင်းပြန် ပူဆွေးမှုနဲ့အတူ လိုက်ပါခံစားရမှာဖြစ်လို အတူတူကြည့်ရှုလိုက်ရအောင်။ File Size… (915 MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration…1h 12m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki

Comedy • Drama
5.5 2025 75 mins
Silent Murmur