YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Andante (2024) E04 WEB-DL 1080p [CM].mp4

1.05 GB N/A video/mp4 61 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vampire's Kiss
5.9

Vampire's Kiss (1988) ~ IMDb - 6.1/10, Rotten Tomatoes - 63% ~ မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။ တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ နောက်နေ့ ဂျက်ကီနဲ့ပဲ ပြတိုက်ကို အတူလျှောက်လည်ကြတော့ ပီတာဟာ ကောင်မလေးကို ပလစ်သွားခဲ့တယ်။ နောက်တော့ ရေချယ်ဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာ ဆုံတယ်။ အိမ်ခေါ်သွားပြီး ပလူးကြတော့ ရေချယ်ဟာ ပီတာရဲ့ လည်ပင်းသွေးကို အငမ်းမရစုပ်ယူပါတော့တယ်။ နောက်နေ့မနက်မှာ ပီတာဟာ မနက်စာလေး ကော်ဖီလေးနဲ့ ရေချယ်ကို ဧည့်ခံနေပေမဲ့ ရေချယ်ဟာ ရှိမနေဘူး... ပီတာဟာ တကယ်ပဲ Vampire ရဲ့ သားကောင်ဖြစ်သွားတာလား... ထင်ယောင်ထင်မှား ဖြစ်တာပဲလား... ဆိုတာတော့ ကြည့်ရှုခံစား အဖြေထုတ်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 835MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy
5.9 1988 103 mins
Vampire's Kiss
The Wedding Wish

~ IMDb rating - 6.2/10 ~ ဒီတစ်ခါ မိတ်ဆက်​ပေးမယ့်ကား​လေးက​တော့ 2023 မှာထွက်ရှိထားတဲ့ အသက် 35 နှစ်အမီ မင်္ဂလာ​ဆောင်ချင်တဲ့ ဂျန်နီနယူးလပ်ရဲ့ ​ကောင်​လေးရှာပုံ​တော်ဖွင့်တာ​လေးကို ဟာသဆန်ဆန် ​ရိုက်ပြထားထားတဲ့ Comedy, Romance ကား The Wedding Wish ​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အသက် ၃၅ နှစ်ပြည့်​မွေး​နေ့မှာ အပြီးပြည့်စုံဆုံး ​အမျိုးသားနဲ့ အ​ကောင်းဆုံး မင်္ဂလာပွဲကိုကျင်းပရမယ်လို့ ​ဗေဒင်ဆရာက ​​ဟောကိန်းထုတ်လိုက်တာ​ကြောင့် ဂျန်နီတစ်​ယောက် ၃၅ နှစ်ပြည့်ခါနီးထဲက စိတ်​တွေလှုပ်ရှားပြီး ခန်းမ​တွေ ဘိုကင်လုပ် မိတ်ကပ်​အဖွဲ့​တွေ ငှားထား​ပေမယ့် သူ့မှာ မရှိ​သေးတာက သူ့ကိုလက်ထပ်မယ့် သတို့သား​လောင်းပါ။ သတို့သားရှာပုံ​တော်ဖွင့်ရင်း ကြုံ​တွေ့ရမယ့် ဟာသ​တွေ၊ သူငယ်ချင်း​တွေရဲ့ ကူညီမှု​တွေနဲ့ ဂျန်နီ​တစ်​ယောက် သတို့သား​​လောင်းကို​တွေ့သွားလား... ဟောကိန်းကမှန်သွားလား... ဒါမှမဟုတ် ဂျန်နီ​တစ်​ယောက် ​​​ဟောကိန်းကမဖြစ်နိုင်ဘူးဆိုတာကို လက်ခံလိုက်ရလားဆိုတာ​တွေကို ဟာသဆန်ဆန် ရိုက်ပြထားတဲ့ကား​ကောင်း​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 790MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 25Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Drama
0 2023 85 mins
The Wedding Wish
[18+] Madrid, 1987
6.5

IMDb Rating (6.2)/ Rotten Tomatoes (89%) ဝတ်လစ်စလစ်ခန်းများပါဝင်သဖြင့် အသက်မပြည့်သေးသူများကြည့်ရှုရန်မသင့်ပါ ၁၉၈၇... စပိန်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေပြင်းထန်နေခဲ့တဲ့နှစ်။ အာဏာရှင်လက်အောက်က လွတ်မြောက်ခါစ အချိန် ဆိုရှယ်လစ်ပါတီရအာဏာရနေတုန်း အလုပ်သမားသမဂ္ဂနဲ့ အာဏာလွန်‌ဆွဲ‌ပွဲတွေဖြစ်နေကြတဲ့အချိန် ဒီရုပ်ရှင်နာမည်ထဲက ၁၉၈၇ ဆိုတဲ့‌ခုနှစ်ဟာ အဲဒီလိုခေတ်မှာ နေထိုင်ရတဲ့လူတွေရဲ့ဘဝကိုပါ အရိပ်အယောင်ပြထားတယ်။ အဲဒီလို အာဏာရှင်ခေတ်မှာ ကြီးပြင်းခဲ့ရတဲ့ စာရေးဆရာကြီး မီဂူရယ်လ်နဲ့ ‌ခေတ်သစ်မှာမှမွေးဖွားတဲ့ အိန်ဂျလာ ဆုံခဲ့ကြတယ်။ အိန်ဂျလာက သူ့ကျောင်းမှာရေးဖို့စာတမ်းအတွက် မီဂူရယ်လ်လို ဝါရင့်စာရေးဆရာကြီးကို အင်တာဗျူးချင်ခဲ့တာ။ အဲဒီလိုနဲ့ သူတို့ဟာ စာရေးဆရာကြီးရဲ့ မိတ်ဆွေအိမ်ဆီလာခဲ့ကြတာပေါ့။ "‌ငါဟာ တောင်ပံတွေပြိုနေတဲ့ငှက်အို... မင်းတောင်ပံ‌တစ်စုံနဲ့ ငါပြန်နုပျိုပါ‌ရစေ" မီဂူရယ်လ်ဟာ တကယ့်မုန်းစရာလူ၊ စတွေ့ကတည်းက အတူအိပ်ဖို့ပဲတဂျီဂျီတောင်းဆိုနေခဲ့တယ်။ အကြောင်းပြချက်ကဘာလဲ။ ငါပြန်နုပျိုကြည့်ချင်လို့ပါတဲ့။ ဒီလိုနဲ့ ကံကြမ္မာဆန်းပြားပုံက သူတို့နှစ်ယောက် ရေချိုးခန်းတံခါးပိတ်ရင်း တံခါးညှပ်ပြီး ပိတ်မိသွားတော့တယ်။ အဲဒီအချိန်မှပဲ အင်တာဗျူးစရတာပေါ့။ ရေချိုးခန်းထဲကတစ်နေ့တာအချိန်မှာ နိုင်ငံရေးတွေ ငယ်ဘဝတွေ ရုပ်ရှင်အကြောင်း စာပေအကြောင်းတွေဆွေးနွေးရင်း သူတို့ကြားက Generation Gap ကို တဖြည်းဖြည်းမြင်လာရတယ်။ အစမှာမြင်ခဲ့ရတဲ့ ဘုကန့်လန့်လူအိုကြီးဟာ တစ်ခါတစ်လေကျ သိပ်သနားစရာကောင်းသွားပြီး တစ်ခါတစ်လေကျလည်း သိပ်ချစ်စရာကောင်းနေပြန်တယ်။ ဇာတ်လမ်းပြီးခါနီးမှာ အိန်ဂျလာကိုခေါ်ထိုင်ရင်း ရုပ်ရှင်ကြည့်မယ်ဆိုပြီး စိတ်ကူးယဉ်ပိတ်ကားပေါ် ဇာတ်လမ်းတစ်ခုလုံးကိုပုံဖော်ပြောပြနေပုံက သိပ်နူးညံ့ရိုးသားလွန်းတယ်။ ‌ပြောရင်းတန်းလန်း တံခါးဖွင့်ပေးမယ့်လူရောက်လာတော့ သူပြောလက်စဇာတ်လမ်းလေး ဘယ်လိုဇာတ်သိမ်းသွားလဲ အိန်ဂျလာကိုယ်တိုင်ကော ကြည့်နေတဲ့လူတွေပါ မသိရတော့ဘူး။ သူကတော့ အိန်ဂျလာကိုပြောပါတယ် "ငါတို့နောက်တစ်ခါတွေ့မှ ဆက်ကြည့်ကြမယ်လေ" တဲ့။ နောက်တစ်ခါဆိုတာရှိမရှိ သူတို့နှစ်ယောက်လုံးသိနေခဲ့ကြပါတယ်။ ဒီရုပ်ရှင်ဟာ အစပိုင်းမှာတော့အေးအေးလေးသွားပေမယ့် နောက်ပိုင်းမှာ ဇာတ်ထဲမျောသွားတဲ့ ရုပ်ရှင်မျိုးပါ။ ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေအများကြီးပါတဲ့အပြင် အနုပညာနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့လူတွေအတွက် ငြိမ့်ငြိမ့်လေးကြည့်ကောင်းမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(1.8 GB)/(580 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:45:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Thant Bo

Action • Thriller
6.5 2011 104 mins
[18+] Madrid, 1987
Section 8
6.7

ဒီတစ်ခေါက်မှာတော့ Section Eight ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု အကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Action/Adventure movie ကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Section eight ဇာတ်ကားကတော့ Mosul မှာ စစ်သားတစ်ယောက် ဖြစ်တဲ့ Jake တစ်ယောက် သူ့ရဲ့အရာရှိ Tom Mason နဲ့အတူတူ Taliban တွေလက် ထဲကနေ လက်မတင်လေးလွတ်မြောက်လာတဲ့ တိုက်ပွဲကနေ စတင်ရိုက်ကူး ထားပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာတော့ Jake တစ်ယောက် အိမ်ကိုပြန်လာ ပြီးတော့ ကားပြင်သမားတစ်ယောက်အဖြစ် သူ့ဦးလေးဖြစ်သူ အာလ်ရဲ့ ဆိုင်မှာ အလုပ်လုပ်ရင်း သူ့ဇနီးလေး Ash ရယ် သားလေး West ရယ်နဲ့ ဘဝကိုပျော် ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။ တစ်နေ့မှာတော့ သူ့ ဦးလေးကို လူရမ်းကားတစ်သိုက်က ဝင်နှောင့်ယှက်ပြီး ပိုက်ဆံအကြပ်ကိုင်တောင်းခံရတဲ့အချိန်မှာ ဂျိတ်တစ်ယောက် လူရမ်းကားတွေကို အနိုင်တိုက်နိုင်လိုက်ပေမဲ့ သူ့မိသားစုအသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက် သွားခဲ့ပါတယ်။ သူမထင်မှတ်ထားခဲ့တာအချိန်မှာပဲ လူရမ်းကားတွေက မကျေပွဲကို သူ့ဇနီးနဲ့သားလေးအပေါ် ပုံချသွားပြီး နှစ်ယောက်စလုံးကို သတ်သွားတဲ့အခါမှာတော့ ဂျိတ်တစ်ယောက် လူရမ်းကားတွေအပေါ် ဘယ်လိုလက်စားပြန်ချေမလဲ။ သူ့ဘဝကြီး ကျွန်းထိုးမှောက်ခုံဖြစ်ပြီးသွားတဲ့နောက်မှာ Section Eight ထဲကို ဘယ်လိုဝင်ရောက် သွားပြီး လုပ်ကြံသတ်ဖြတ်သူဖြစ်လာမလဲဆိုတာတွေကို Action ကားတစ်ကားရဲ့ အနှစ်သာရပြည့်ပြည့်ဝဝနဲ့ ကြည့်ရှုလို့ရမဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.58 GB) / (704 MB) / (430 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 18mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......June Encoder..........SWM

Crime • Drama • Mystery
6.7 2022 98 mins
Section 8
Wire Room
6.6

ရုပ်ရှင်​​​လောကက အနားယူထား​ပေမယ့် တစ်လတစ်ကား မှန်မှန်ထွက်​နေတဲ့ မင်းသားကြီး ဘရုစ်ဝီလီရဲ့ လစဉ်ထုတ် အက်ရှင်ကားသစ် အကြမ်းစားကြီးရပါပြီ။ မင်းသားကြီးက ​နောက်ပိုင်းကား​တွေမှာဆိုရင် ပိုစတာထဲ မျက်နှာ​လေးဝင်ပြပြီး မင်းသားငယ်​​လေး​တွေကို စင်တင် ​​ပေး​နေမှန်း ဘရုစ်ဝီလီကားမှန်သမျှ မလွတ်တမ်းကြည့်တဲ့ Hardcore fanကြီး​တွေဆိုရင် သိမှာပါ။ ဒီကားမှာလည်း မင်းသားကြီးက ဇာတ်ပို့​အဖြစ်ပဲ အားဖြည့်​ထားပါတယ်။ အထူး​​အေးဂျင့် ဂျပ်စတင်ရိုဆာဟာ နိုင်ငံ​တော်လုံခြုံ​ရေးဌာနက​နေ ဒုစရိုက်သမား အကြီးစား​တွေကို လျှို့ဝှက်ပြီး စောင့်ကြည့်ရတဲ့ ကင်း​ထောက်ခန်းမှာ တာဝန်ကျလာရင်း သူတို့​စောင့်ကြည့်ရမယ့်သူက လက်နက်နဲ့မူးယစ်​မှောင်ခို ​ခေါင်း​ဆောင် အက်ဒီဖလင်းပါ။ သူတို့အ​နေနဲ့ အက်ဒီကို ​ဖမ်းဆီးဖို့ စောင့်ကြည့်ရင်း သူမ​သေ​အောင်ပါ ကာကွယ်​ပေးရမှာပါ။ ဘာလို့လဲဆို​တော့ အက်ဒီဆီမှာFBIဘက်က အရမ်းလိုချင်​နေတဲ့ အကျင့်ပျက်ရဲဝန်ထမ်း​တွေရဲ့စာရင်း ရှိ​နေတာပါ။ ဒီလိုနဲ့ပဲ ပြဿနာ​​ပေါင်းစုံ တက်နေတဲ့ အက်ဒီဖလင်းကို ​အေးဂျင့်ရိုဆာ​တို့ဘက်က ကာကွယ်​​ပေးဖို့ လုပ်ရသလို တစ်ဖက်မူးယစ်ဂိုဏ်းနဲ့ အကျင့်ပျက်ရဲ​တွေကရှင်းပစ်ဖို့ ကြိုးစားလာတဲ့အခါ ..... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.29Gb | 676MB | 394MB Format… mp4 Duration….1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Action • Crime • Thriller
6.6 2022 97 mins
Wire Room
The Little Things
6.3

စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက် ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံ လိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီး ဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက် များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက် သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 7min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Thriller Source : 1080p.WebRip Translator – Littleneo Encoder – SWM

Comedy • Drama • Romance
6.3 2021 128 mins
The Little Things
Dolittle
6.6

#Unicode အားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်... Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့... တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်... ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland,Rami Malek , John Cena, Selena Gomaz စတဲ့ နာမည်ကြီးတွေ ပါဝင်ထားပါတယ် ကိုယ်တိုင်ကြည့်ရှုခံစားတော်မူပါကုန်။ Quality – 1080p, 720p  BluRay Duration – 1 hrs 42 mins Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Comedy Source : 1080p.BluRay Translator – Zuel Khant Thwin Encoder – San Win Maung

Drama • Sci-Fi & Fantasy
6.6 2020 101 mins
Dolittle
The Resurrection of Charles Manson
3.9

The Resurrection of Charles Manson (2023) ~ Rotten Tomatoes - 78% ~ ဒီကားလေးကို တကယ့်အဖြစ်အပျက်အပေါ်မှာ အခြေခံပြီးရိုက်ထားတယ်လို့ပြောလို့ရပါတယ်။ ဘာလို့‌ဆို ချားလ်မေဆန်ဆိုတဲ့သူက ၁၉၆၀ခုနှစ်၀န်းကျင်က အပြင်မှာတကယ်ရှိခဲ့တဲ့သူဖြစ်ပြီး ဇာတ်ကားထဲကအကြောင်းအရာတချို့ကလည်း တကယ်ဖြစ်ပျက်ခဲ့တာတွေ ပါ၀င်တာကြောင့်မလို့ပါ။ ဒီချားလ်မေဆန်ဆိုတဲ့ပုဂ္ဂိုလ်က နှယ်နှယ်ရရတော့မဟုတ်ပါဘူး ဘာသာရေးဂိုဏ်းအဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်လိုက်တွေက ဂျီးဆပ်ပြန်၀င်စားတယ်လို့တောင်ယုံကြည်ကြတဲ့သူပါ။ သွေးပျက်စရာကတော့ သူ့နောက်လိုက်တချို့က အဲဒီခေတ်က နာမည်ကြီးမင်းသမီး Sharon Tate နဲ့ မိတ်ဆွေတချို့ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာပါ။ ဓါးနဲ့ဆယ့်ခြောက်ချက်လောက်အထိုးခံခဲ့ရတဲ့အပြင် ကြိုးနဲ့ပါ ကြိုးဆွဲချပြီးအသတ်ခံခဲ့ရတဲ့မင်းသမီးဟာ သေဆုံးချိန်မှာ အသက်(၂၆)နှစ်ပဲ ရှိပါသေးတယ်။ ဒီကားထဲမှာတော့ ချားလ်မေဆန်ကို အသက်ပြန်သွင်းဖို့ သူ့‌ရဲ့နောက်လိုက်အပေါင်းအပါတွေ ကြိုးစားတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ အားလုံးသိကြတဲ့ မင်းသားကြီး Frank Grillo ပါဝင်ထားပြီး လတ်တလောမှထွက်ရှိထားတဲ့ ဒီ Thriller ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 785MB Quality - 1080p, 720p Format - mp4 Duration - 1H 20Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

Drama
3.9 2023 78 mins
The Resurrection of Charles Manson
Beyond the Neon
5.7

Beyond the Neon (2022) ================== IMDb Rating – 5.7/10 ဒီဇာတ်လမ်းမှာ ဂျိုဝီဆိုတဲ့ Youtuber တစ်ယောက်နဲ့ သူ့အဖွဲ့သားတွေက လူမှုရေးစမ်းသပ်တဲ့ဗီဒီယိုတွေ ရိုက်ကူးရင်းနဲ့ လပ်ဗီးဂတ်စ်က ဟိုတယ် တစ်ခုမှာ ပြည့်တန်ဆာမလေးနဲ့ အမေးအမြန်းလုပ်ထားတဲ့ဗီဒီယိုတစ်ခုက ရေပန်းစားသွားတယ်။ အဲ့ဗီဒီယိုကြောင့် (၇)နှစ်လောက်ခွဲခွာနေရတဲ့ အမ ဖြစ်သူ ထရေစီ နဲ့ အဲ့ပြည့်တန်ဆာမလေးတို့ကို အတူပြန်ဆုံစည်းပေးဖို့ ကြိုးစားကြတဲ့အကြောင်းရိုက်ကူးကြမယ်ဆိုပြီး လုံးဝခက်ခက်ခဲခဲနဲ့ အန္တ ရာယ်တွေကြားမှာ နီယွန်မီးရောင်တွေရဲ့နောက်ကွယ်အထိပါ သတင်းအစ အနတွေကို ဘယ်လိုကြိုးစားရှာဖွေကြမလဲ…ဘာတွေ ကြုံတွေ့ကြမလဲ ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းက လပ်ဗီးဂတ်စ် ဖျော်ဖြေရေးလောကတစ်ခွင်က လိင်ကုန် ကူးခံရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ လိင် ကုန်ကူးခံရမှုကနေ လွတ်မြောက်လာတဲ့နစ်နာသူတွေရဲ့ အင်တာဗျူး အစစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ လိင်ကုန်ကူးတဲ့ဖျော်ဖြေရေး လောကကြီးမှာ ခေတ်သစ်ကျေးကျွန်စနစ်လိုမျိုးဖြစ်ပျက်နေတဲ့ ပုံစံကြီးက ဒီလို ဒီလိုတွေလည်း ရှိတယ်ဆိုတာကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်း လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Orika ဖြစ်ပါတယ်) File Size……….(1.56 GB) / (586 MB) / (344 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 27Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Mystery, Thriller Translator…….Orika Encoder……….SWM

5.7 2022
Beyond the Neon
A Tourist’s Guide to Love
5.7

A Tourist’s Guide to Love (2023) ~ Rotten Tomatoes – 71% ~ ဒီဇာတ်ကားကတော့ American နဲ့ Asian ဒရာမာနှစ်မျိုးလုံးကို ပေါင်းစပ်တင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ တစ်ချိန်က She’s All That ဇာတ်ကားနဲ့ နာမည်‌ကျော်ခဲ့ဖူးပြီး အခုလက်ရှိမှာတော့ Producer Writer အဖြစ်နဲ့ပါ လုပ်ကိုင်နေတဲ့ Racheal Leigh Cook ကနေ ဇာတ်ဆောင်မင်းသမင်းအဖြစ်ပါဝင်ထားပါတယ်။ တစ်ဖက်မှာ​တော့ ဗီယက်နမ်သွေးပါတဲ့ အမေရိကန်မင်းသား Scotty Ly က ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမန်ဒါရိုင်လေ ဆိုတဲ့ အမျိုးသမီးလေးဟာ မကြာခင်ကမှ အူကြောင်ကြောင်ရည်းစားနဲ့ မထင်မှတ်ဘဲလမ်းခွဲခဲ့ရပါတယ်။ ဒီအခါမှာ သူဟာ စိတ်ထွက်ပေါက်လည်းရ၊ အလုပ်အတွက်ပါ ခွင်တည့်တယ်ဆိုပြီး ဗီယက်နမ်မှာ ခရီးသွားလုပ်ငန်းအကြောင်း သွားစုံစမ်းဖို့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီယက်နမ်ရောက်တဲ့အခါ ဆင်းဆိုတဲ့ သူက သူ့ရဲ့ခရီးသွားအကြံပေးအနေနဲ့ စောင့်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဆင်းက အမန်ဒါတကယ်သွားစုံစမ်းရမယ့် ကုမ္ပဏီအတွက် အလုပ်လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ပဲ တဖြေးဖြေးနဲ့ ဆင်းနဲ့ အမန်ဒါတို့ ဗီယက်နမ်ကို လည်ပတ်ရင်းနဲ့ အချင်းချင်း ချစ်သက်ဝင်လာကြပါတော့တယ်။ အဲဒီအခါမှာ အမန်ဒါတစ်ယောက် သူ့ကုမ္ပဏီအတွက်ပဲ ယုတ္တိကျကျ ဆုံးဖြတ်ချက်တွေချနိုင်မှာလား… ဆင်းရဲ့ ချောမောမှုတွေကြားမှာ မျောပြီး နှလုံးသားစေရာနောက် လိုက်သွားမလား… ဘာတွေ ဘယ်လိုဆက်ဖြစ်လာမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရင်ခုန်စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ America မှာ ဖြစ်လေ့ရှိတဲ့ RS ပြဿနာတွေ လူတွေရဲ့အခက်အခဲကို ပြသပေးနိုင်တဲ့အပြင် အာရှရဲ့ ယဉ်ကျေးမှုအမွေအနှစ်များလှတဲ့ ဗီယက်နမ်နိုင်ငံရဲ့ သဘာဝအလှတရား၊ ရှေးဟောင်းအမွေအနှစ်တွေကိုပါထည့်ရိုက်ကူးထားပြီး ပီပြင်အောင် ပေါင်းစပ်သရုပ်ဖော်ထားနိုင်တဲ့ဇာတ်ကားဖြစ်လို့ ရိုချင် ရယ်ချင်တဲ့သူတွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 765MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 34Min Genre – Adventure, Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
5.7 2023
A Tourist’s Guide to Love
Apocalypse Evil

Apocalypse Evil ဆိုတဲ့ Horror,Thriller ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ အယ်လီနာတို့ မိသားစုလေးက အဖေ အမေ သမီးတစ်ယောက်နဲ့ အရမ်းပျော်ရွှင်ရတဲ့ မိသားစုလေးဖြစ်ပြီး အပန်းဖြေခရီးတွေလည်း မကြာခဏအတူတူထွက်ဖြစ်ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့မိသားစုကို ကံကြမ္မာဆိုးကြီးတစ်ခုက ဝင်ရောက်လာပြီး အဖေဖြစ်သူသေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ အမေဖြစ်သူ အယ်လီနာနဲ့ သမီးဖြစ်သူစီလီယာတို့ နှစ်ယောက်တည်း အကြွေးတွေဗလပွနဲ့ ကျန်ခဲ့ပါတော့တယ်။ဒါပေမယ့်လည်း အယ်လီနာက အလုပ်ကြိုးစားပြီး သမီးလေးမျက်နှာမငယ်အောင် ကြိုးစားပေးခဲ့ပါတယ်။တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ အတူအပြင်ထွက်ပြီးပျော်ပါးဖို့သမီးဆီမှာ ခွင့်တောင်းပြီး အယ်လီနာ အိမ်ကထွက်လာခဲ့ပါတယ်။စီလီယာ အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ အချိန်ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုမျိုး သမီးဖြစ်သူကပါ မတော်တဆဖြစ်ပြီး ဆုံးသွားပါတော့တယ်။အိမ်ပြန်ရောက်‌လို့ စီလီယာသေဆုံး နေတာကိုတွေ့လိုက်ရတဲ့အခါ သူ့ယောက်ျားရဲ့ အလုပ်ကလူသေတွေကို အသက် ပြန်သွင်းနိုင်တဲ့ နည်းလမ်းကိုသိသွားပြီး စီလီယာ့ကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလိုအသက်ပြန်ရှင်အောင် လုပ်ပေးတဲ့နည်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့အခါမှာတော့ ဘယ်လိုမျိုးကြောက်မက်ဖွယ်ရာတွေနဲ့ ကြုံတွေ့လာရမလဲ ဆိုတာကိုတော့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့ဗျ။ File size…761MB / 359MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 9m Genre ….. Horror,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Fantasy
0 2023
Apocalypse Evil
Violett
5.5

Horror ပရိသတ်ကြီးကို ဒီတစ်ခါ မိတ်ဆက်ပေးချင်တာက Violett ဆိုတဲ့ ဇာတ်ကားလေးပါ။ ဒီကားက တခြား Horror ကားတွေလို ပြူးပြူးပြဲပြဲ ခြောက်ပြတာမျိုး မဟုတ်ဘဲ ခြောက်ခြားစရာ ကောင်းတဲ့ ဆက်တင်၊ အလင်းအမှောင်နဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေက creepy ဖြစ်တဲ့ဘက်ကို ပိုသွားတဲ့ ကားမျိုးပါ။ ဇာတ်ကားအဆုံးမှာ တချို့ Horror type တွေလို cliff hanger မဟုတ်ဘဲ Good Closure ဖြစ်လို့ ပြီးဆုံးချိန်မှာ ဇာတ်ကားကို နားလည်သွားတဲ့ ခံစားချက်မျိုး ရမှာပါ။ ဇာတ်ကားကို ကြည့်နေရင်း ဒီဇာတ်ဝင်ခန်းပြီးရင် ဘာဆက်ဖြစ်မှာလဲဆိုတဲ့ မွန်းကြပ်တဲ့ ခံစားချက်မျိုးကို ပေးနိုင်တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းက မြို့ငယ်လေး တစ်မြို့မှာ ကလေးတွေ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာ စိတ်ရောဂါရှင် မိခင်တစ်ယောက်ဖြစ်တဲ့ ဆွန်ညာအနေနဲ့ သူ့ရဲ့ ၁၁ အရွယ် သမီးလေးကို ဘယ်အချိန်မှာ ဘယ်အရာက လာခေါ်မလဲဆိုပြီး ကြောက်ရွံ့နေမှုကနေ စပါတယ်။ သူ့အနေနဲ့ တခြားသူတွေ မမြင်တဲ့အရာတွေကို မြင်တဲ့အခါ အမှန်တကယ် ဖြစ်နေတာလား… သူ့ရဲ့ စိတ်ကူးယဉ် စိတ်ကူးထဲက အရာတွေပဲလားဆိုတာ သူကိုယ်တိုင် ဝေခွဲမရ ဖြစ်နေပြီးတော့ သူ့ရဲ့ ခင်ပွန်း ဆရာဝန်ကိုယ်တိုင်ကတောင် သူ့ကို မကူညီနိုင်တဲ့အခါ… ဘယ်လိုအရာတွေကို သူတွေ့ရမလဲ။ သူ့ရဲ့ သမီးငယ်လေးကရော ဘယ်လို အန္တရာယ်မျိုး ကြုံဆုံခဲ့ရတာလဲဆိုတာ…။ File size…1.69GB / 819MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024
Violett
Apartment 7A
5.8

Apartment 7A (2024) နာမည်ကျော် Classic Horror တစ်ကားဖြစ်တဲ့ Rosemary’s Baby (1968) ရဲ့ Prequel ဖြစ်ပြီး Rosemary’s Baby Franchise ရဲ့ တတိယကားပါပဲ။ ပါရာမောင့်ရဲ့ မူပိုင်ရုပ်ရှင်ဖြစ်တဲ့အားလျော်စွာ ပါရာမောင့်ကပဲ သံယောဇဉ်ကြီးစွာနဲ့ ထုတ်ပေးထားတာပါ။ ပရိုဂျူဆာထဲတော့ John Krasinski နဲ့ Michael Bay ပါပါတယ်။ ၂၀၀၈မှာတုန်းက Michael Bay နဲ့ ပရိုဂျူဆာတစ်အုပ်ဟာ Rosemary’s Baby (1968) ကို Remake ပြန်ရိုက်ဖို့လုပ်ခဲ့ကြပေမဲ့ နောက်နှစ်မှာပဲ အစီအစဉ်ပျက်သွားပါတယ်။ ဒီကားကိုတော့ အဲဒီ Remake ကို ထုတ်ဖို့လုပ်ခဲ့ကြတဲ့ ပရိုဂျူဆာတွေကပဲ ထုတ်ပေးထားတာပါ။ ပိုအဆင်ပြေသွားတယ်ပြောရမှာပဲ။ ဒါရိုက်တာ ရိုမန်ပိုလန်စကီးရဲ့ Rosemary’s Baby (1968) ကိုတော့ အဲဒီထက်ပိုကောင်းအောင် ဘယ်လိုမှ ရိုက်လို့မရလောက်တော့လို့ပါ။ Rosemary’s Baby ထဲ ရို့စ်မေရီနဲ့ အဝတ်လျှော်ခန်းထဲ တွေ့ခဲ့တဲ့ တယ်ရီဆိုတဲ့ဇာတ်ကောင်အကြောင်းကို အကျယ်ချဲ့ရိုက်ထားတယ်။ Rosemary’s Baby မှာတော့ တယ်ရီက ရို့စ်မေရီနဲ့ တစ်ခါပဲ တွေ့လိုက်ရပြီး နောက်တစ်ခါမှ တိုက်ပေါ်ကခုန်ချပြီး သတ်သေသွားတဲ့ တယ်ရီဆိုတဲ့ အမျိုးသမီးရဲ့အကြောင်းပေါ့။ Story by ကို Skylar James လို့ရေးထားတော့ ဒါက စာအုပ်ထဲမပါတဲ့ ကိုယ်တိုင်စိတ်ကူးထားတဲ့ နောက်ကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ ရို့စ်မေရီမတိုင်ခင် ဒီအိမ်ကြီးထဲကလူတွေက ဘာတွေလုပ်ခဲ့လဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ပြထားပေမဲ့ မူရင်း ရို့စ်မေရီရဲ့ ဇာတ်ကြောင်းနဲ့တော့ မသွေဖီသွားပါဘူး။ ဒီမှာ ချီးကျူးရမှာက သူက ရို့စ်မေရီလို Psychological Horror / Mystery ဘက်သွားမယ်ဆို သွေဖီသွားနိုင်တယ်။ ဒီတော့ သူက အတိုင်းအတာတစ်ခုအထိတော့ ဘာဖြစ်မလဲ ကျွန်တော်တို့မှန်းမိပြီးသားဇာတ်ကို Psychological Thriller ပုံစံနဲ့ ပြန်တင်ပြသွားတယ်။ ဒါပေမဲ့ မူရင်းပုံစံနဲ့လည်း တော်တော်ဆင်နေတုန်းပဲ။ အဆုံးသတ်ကို ကျွန်တော်တို့သိပြီးသားပဲ။ ဒီတော့ ဒီလိုအဆုံးသတ်ဖြစ်လာဖို့ ဘယ်လိုဖန်လာမလဲဆိုတာကို ဇာတ်ကောင်ရဲ့ စိတ်အတက်အကျတွေနဲ့ ဆွဲခေါ်သွားလိမ့်မယ်။ ထင်တော့မထင်ထားဘူးလို့ ပြောရမလိုပဲ။ ဒီဇာတ်က ဘယ်လိုအဆုံးသတ်သွားမလဲ ပမာဏတစ်ခုအထိတော့ သိနေပေမဲ့ ထင်တော့မထင်ထားတဲ့ပုံစံနဲ့အဆုံးသတ်သွားတယ်။ ဆိုးတာက ဒီဇာတ်အတိုင်းသာဆို ရို့စ်မေရီဇာတ်ကောင်ပေါ် တော်တော်လေး သက်ရောက်မှုများနေတာပါပဲ။ ဘာလို့ဆို ကြည့်ပြီးရင် သိပါလိမ့်မယ်။ 1968 ဇာတ်ကားမကြည့်ရသေးဘဲ ဒါကို အရင်ကြည့်ဖို့တော့ အားမပေးချင်ပါဘူး။ ရို့စ်မေရီကို ကြည့်ထားရင်တော့ ဘယ်လိုများချိတ်ပြမလဲ စောင့်ကြည့်ရတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘရုတ်ဝေးကနေ ဆုရထားတဲ့ Dianne Wiest တို့၊ One Day မင်းသား Jim Sturgess တို့၊ Ozark ဇာတ်လမ်းတွဲထဲက Julia Garner တို့ ပါဝင်သရုပ်ဆောင်ထားတယ်။ Rosemary’s Baby ကိုကြည့်ပြီးတဲ့လူတွေအတွက်တော့ စိတ်ဝင်စားဖို့ကောင်းမယ့် ရုပ်ရှင်ဖြစ်သလို Rosemary’s Baby ကို ကြိုက်တဲ့လူတွေကတော့ ကြည့်ကိုကြည့်သင့်တယ်လို့ မြင်တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.3GB, 1.45GB, 735MB Quality – 4K HEVC, 1080p HEVC, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 44Min Genre – Psychological Horror, Psychological Thriller, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

5.8 2024 106 mins
Apartment 7A
Pet Sematary
6.6

စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ သင်္ချိုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသင်္ချိုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ တစ်ခေါက်ကြည့်ပြီးသားကိုဘာသာပြန်တာတောင် ဘာသာပြန်ရင်းနဲ့ ကြောက်လာတဲ့ အမျိုးအစားမျိုးမို့ ဟော်ရာနှစ်သက်သူတွေ စိတ်ချလက်ချ ကြောက်လို့ရပါတယ်။ File size…(3.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

6.6 1989
Pet Sematary
Serpent’s Path
6.2

Serpent’s Path (2024) IMDb Rating (6.2) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ ခိရိုရှိကူရိုဆာဝါဟာ ဟော်ရာကားရိုက်ဖို့ သူ့ပရိသတ်ကို ခြောက်ပြစရာမလိုတော့တဲ့ အနေကို ရောက်နေပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်။ Seperent’s Path (1998)နဲ့ Eyes of the Spider (1998)ကို ခိရိုရှိက သူ့ရဲ့နာမည်ကျော် Cureကို ရိုက်ပြီး နောက်နှစ်မှာ ရိုက်ခဲ့တယ်။ ထူးတာက ဒီ၂ကားမှာ အဓိကဇာတ်ကောင်က အတူတူပဲ။ ဇာတ်နောက်ခံအကြောင်းအရာလည်း အတူတူပဲ။ ဒါပေမဲ့ ဇာတ်လမ်းကတော့ လုံးဝကွဲပြားခဲ့တယ်။ ဒီလိုမျိုး အခြေခံတူတဲ့၂ကားကို တစ်နှစ်တည်း ထုတ်လိုက်တာက တော်တော်ထူးခြားသလို သတ္တိလည်းမသေးဘူးလို့ ပြောရမှာပဲ။ အဲဒီထက်ပိုသတ္တိကောင်းတာက ဒီနှစ်မှာ Seperent’s Pathကို ပြင်သစ်သရုပ်ဆောင်တွေပါ ထည့်သုံးပြီး ပြင်သစ်စကားပြောနဲ့ သူ့ကားကို သူ့ဘာသာသူပြန်ရိုက်ခဲ့တာပါပဲ။ မကြည့်ခင်ကတော့ သူ့မှာပြင်စရာတစ်ခုခုရှိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဇာတ်၂ခုမှာ အသစ်မှာ ပိုရှင်းလင်းသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ဒီပိုရှင်းလင်းသွားတဲ့အချက်ကိုလည်း ကျွန်တော်တော့ သိပ်သဘောကျလှတယ်မဟုတ်ဘူး။ သူ့ဟန်ပျက်ပါတယ်။ ဒါပေမဲ့ ခိရိုရှိအနေနဲ့ မရိုက်ဘဲပျောက်နေတဲ့နှစ်တွေရှိခဲ့သလို ဒီနှစ်မှာတော့ တစ်နှစ်တည်း သုံးကားတောင်ထွက်ဖို့ရှိတော့ ( Chimeနဲ့ အခုကားကတော့ ထွက်ပြီးပြီ) အပြစ်ပြောရလည်း ခက်ပါတယ်။ ဘာလို့ဆို ထွက်ပြီးတဲ့ ဒီကားနဲ့ Chimeကတော့ သာမန်လူတစ်ယောက်ကနေ မူမမှန်တဲ့အခြေအနေတစ်ခုကို ဘယ်လိုရွေ့သွားနိုင်လဲပြထားတဲ့ ကားတွေဖြစ်နေတော့ ဒီလိုပုံစံမျိုးကိုသူပြန်ရိုက်ကြည့်ချင်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ 98ကားရဲ့ ကွဲပြားတဲ့ အသိရခက်ခြင်းအရသာကို ပေးစွမ်းနိုင်တဲ့ အဓိကအချက်တွေထဲ Sho Aikawaရဲ့ နိဂျိမဇာတ်ကောင်က တော်တော်လေး အေးစက်ပြီး အသိရခက်နေတာကြောင့်လည်း ပါလိမ့်မယ်။ ၂၀၂၄ကားမှာတော့ ဇာတ်ကောင်က ဒီလိုဇာတ်ကောင်အဖြစ်ကနေ ပိုပြီး သာမန်ဆန်တဲ့လူတစ်ယောက်အဖြစ်ကို လျောဆင်းသွားတယ်။ သူ့နောက်ပိုင်းကားတွေအရတော့ ခိရိုရှိကတော့ ဒါကိုလိုချင်တာဖြစ်နိုင်ပေမဲ့ ပရိသတ်အနေနဲ့ ကျွန်တော်တော့ မလိုချင်လှဘူး။ ပြောရရင် ၉၈ကားမှာတော့ ခိရိုရှိဟာ ဇာတ်ကောင်ရဲ့အသိရခက်မှုနဲ့ အေးစက်မှုကို အသုံးချသွားပေမဲ့ ၂၀၂၄ကားမှာတော့ ခိရိုရှိဟာ ဒီနှစ်တွေထဲ သူရိုက်ခဲ့တဲ့ပုံစံတွေအတိုင်း ဘာမှမထူးခြားတော့တဲ့ သာမန်လူတစ်ယောက်ကနေ ရွေ့သွားတဲ့ အရွေ့ကိုပဲ တင်ပြသွားတယ်။ ဆိုတော့ သူ့ဟော်ရာတွေဟာ ဟော်ရာအဖြစ်ရိုက်ပြထားတာမဟုတ်တဲ့ လောကကြီးက ဟော်ရာတွေကိုပဲ တင်ပြတဲ့ အဆင့်ကိုရောက်သွားတယ်လို့ မြင်တာပါပဲ။ နောက်ထွက်မယ့် Cloud (2024 )လည်း ဒီလိုပဲလာဦးမယ် ထင်ပါတယ်။ ဇာတ်အိမ်ကတော့ တော်တော်လေးကျဉ်းသလို အဖြစ်အပျက် ငါးခုထက်မပိုတာမို့ ကားအရသာမပျက်စေဘဲ ဇာတ်အိမ်ကို ပြောပြဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပြောနိုင်တာက psychological horror ဖန်ဆိုရင်တော့ ၉၈ကားကိုကြည့်သင့်ပြီး ခိရိုရှိကူရိုဆာဝါ ဖန်ဆိုရင်တော့ ၉၈ကားကြည့်ပြီးလည်း ၂၄ကားကို ဆက်ကြည့်သင့်ပါတယ်။ သူ့အရွေ့ကို ကျွန်တော်တို့ မြင်ရမှာပါပဲ။ တစ်ချက်ရှိတာက ၂၄ကားမှာ ဇာတ်ကောင်သာ ပိုသာမန်ဆန်သွားတာမဟုတ်ဘဲ Serpent’s Path ဆိုတဲ့ အဓိပ္ပာယ်ကိုပါ သူ့ဘာသာ အဓိပ္ပာယ်ပြန်ဖွင့်ပေးသွားခဲ့တယ်။ ၉၈ကားမှာတော့ မဖြေထားတဲ့အမေးတွေက များပေမဲ့ ခေါင်းစားနေစရာတော့ မလိုပါဘူး။ အနုပညာဖန်တီးမှုတွေတိုင်းက ဖန်တီးသူတည်ဆောက်ထားတဲ့ အပေါ်ယံမျက်နှာပြင်ကြောတွေပါပဲ။ သူ့အနက်ကို ခံစားသူက ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်သွားချင်သလို သွားခွင့်ရှိတဲ့ အရာတွေပါပဲ။ အငြင်းပွားစရာတော့ မရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(1.5 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….01:54:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wira Aung

Drama
6.2 2024
Serpent’s Path