YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Love and Joy.2021.S1E7.1080p.CM.mp4

585.62 MB N/A video/mp4 209 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Terminal
7.3

ဒါရိုက်တာကြီး Steven Spielberg  ရဲ့လက်ရာဖြစ်ပြီး မင်းသားတွမ်ဟန့်နဲ့ မင်းသမီးကက်သရင်းဇီတာဂျုံးတို့လို ဝါရင့်သရုပ်ဆောင်တွေနဲ့ ဒီရုပ်ရှင်က Life is waiting ပါတဲ့...။ ဇာတ်လမ်းကျောရိုးကတော့ ...အမေရိကားကိုတစ်ခါမှမရောက်ဖူးတဲ့ ခရာကိုရှားဆိုတဲ့ နိုင်ငံငယ်လေးက ခရီးသည်တစ်ယောက် အမေရိကားကို ရောက်တဲ့နေ့မှာပဲ ကံကဆိုးပြီး သူ့နိုင်ငံမှာပြသနာတက်နေလို့ အမေရိကန်ထဲကို ပြည်ဝင်ခွင့်ဆိုင်းငံ့ခံလိုက်ရပါတယ်... ဒီတော့ ဘာသာစကားက မကျွမ်းကျင်၊ တိုင်ပင်အကူအညီတောင်းရမယ့်သူက မရှိ၊ အမေရိကရဲ့အထာတွေကိုလည်း နားမလည်ဘဲ လေဆိပ်မှာတင် ယောင်ချာချာ ဖြစ်နေရတဲ့ အကြောင်းနဲ့ သူဘာကြောင့်အမေရိကန်ထဲကို ဝင်ဖို့ကြိုးစားနေရတာလဲဆိုတဲ့အကြောင်းကို ဟာသနှော၊ အသောခပ်များများနဲ့ ဝမ်းနည်းစရာလေးတွေလဲ ဖြစ်ပျက်၊ ချစ်ခြင်းတရားအကြောင်းလည်း ရောစွက်ပြီး ရသစုံအောင် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါပဲ။ ဒါကတော့ ဇာတ်ကြောင်းပါ…ဒါပေမယ့် ကျွန်တော်ကတော့အဲ့ဒီထက်ပိုပြီးစဉ်းစားမိနေပါတယ်။ ဇာတ်ကားထဲမှာ သရုပ်ဆောင်ထားတဲ့ Tom Hanks ရဲ့သရုပ်ဆောင်မှုတွေကောင်းလို့ ဟာသဇာတ်ကားလို့ယေဘုယျထင်ရပေမယ့် အဲ့ဒီထက်ပိုတဲ့ ရသတွေ..အမြင်တွေ..ရှိနေတယ်လို့ခံစားမိပါတယ်။ လေဆိပ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ဘဝတွေလို့စဉ်းစားလိုက်လို့ရပါတယ်… ပိတ်ပင်မှုတွေ..တိုက်ခိုက်မှုတွေ..နားမလည်မှုတွေ…ချောက်တွန်းချင်တဲ့သူတွေ…ကူညီချင်တဲ့လူတွေ… အမုန်းတွေ..မေတ္တာတွေ…တာဝန်တွေ..ကံကြမ္မာဆိုးတွေ…သူငယ်ချင်းတွေ…ကြည့်မရသူတွေ… ဒီလိုမျိုးတွေထဲမှာ Tom Hanks တစ်ယောက် ပျော်ရွှင်နိုင်အောင်ကြိုးစားတယ်..ရုန်းကန်တယ်။ သူရည်မှန်းထားတဲ့ ပန်းတိုင်ကို မဆုတ်မနှစ် သွားနေတဲ့လမ်းကြောင်းမှာ ဘာကြောင့်မှနောက်မတွန့်နေဘဲ ရိုးသားစွာ ကြိုးစားနေတဲ့ လူတစ်ယောက်အဖြစ် ဇာတ်လမ်းကျဉ်းကျဉ်းထဲမှာ ရအောင်ပုံဖော်ပြသွားပါတယ်။ အကြိုက်ဆုံးမင်းသားကို ဒီလိုဇာတ်လမ်းကောင်းမျိုးမှာ တွေ့ရတာ ကျွန်တော်အတွက်တော့ အချိုပေါ်သကာလောင်းထားတဲ့ ဇာတ်ကားလို့ပဲဆိုချင်ပါတယ်။ IMDb Rating (7.4/10) ထိရရှိထားပြီး သိမ်းထားချင်သူများအတွက် 4K နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ File size…(11 GB )/ (2.9 GB)/ (1.5 GB) Quality….WEB-DL 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:08:45 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

Comedy • Drama
7.3 2004 128 mins
The Terminal
The Crucible
6.6

ဒီဇာတ်လမ်းလေးကတော့ အယူသီးမှုကနေ ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကို ရိုက်ကူးထားတာပါ။ တွေးရင် တွေးနိုင်သလောက် ပညာရစေတဲ့ ဇာတ်လမ်းမျိုးလည်းဖြစ်တယ်။ တကယ်တော့ အပြင်လောကမှာရှိတဲ့စေတန်ထက် မိမိကိုယ်တွင်းစိတ်ယုတ်ကသာလျှင် စေတန်အစစ်အမှန်ပဲဖြစ်တယ်။ ၁၆ရာစုဝန်းကျင်ခန့်က ဆေလန်ပြည်နယ်မှာ စုန်းအတတ်ကျင့်သုံးတယ်ဆိုတဲ့ စွဲချက်နဲ့ လူ၂၀၀ကျော်ခန့် အစွပ်စွဲခံခဲ့ရပြီး အပြစ်မဲ့သူ ၁၉ယောက်သေဒဏ်ကျခံခဲ့ရပါတယ်။ The Crucibleရုပ်ရှင်ကတော့ ဒီဆေလန်ပြည်ဖြစ်စဥ်ကို ကျောရိုးယူပြီး ရိုက်ကူးထားတာပါ..။ ဇာတ်လမ်းအကျဥ်းကတော့ အက်ဘီဂေးဝီလီယမ်အပါအဝင် အမျိုးသမီးငယ်အများအပြားက အုပ်စုဖွဲ့ပြီး တဖက်သတ်ချစ်တဲ့ယောကျ်ားတွေရဲ့ အချစ်ကိုရဖို့ တောထဲမှာ ဂါထာတွေရွတ်ပြီး ကခုန်ကြတယ် ။ အဲဒီအချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီးပါးရစ်က တူမဖြစ်တဲ့အက်ဘီဂေးနဲ့ သမီးဖြစ်တဲ့ဘတ်တီတို့ကို တွေ့သွားခဲ့တယ်။ အသက်ငယ်သေးတဲ့ ဘတ်တီက ကြောက်အားလန့်အားနဲ့ မေ့လဲရာကနေ တစ်ရွာလုံးမှာ စုန်းပြုစားခံရတယ်ဆိုတဲ့ သတင်းပြန့်သွားခဲ့တယ်။ အက်ဘီက ဒီအခွင့်အရေးကို အသုံးချပြီး  အိမ်ထောင်သည်ဂျွန်ပရော့တာနဲ့ ပေါင်းဖက်ရဖို့ ကြိုးစားတော့တယ်။ အက်ဘီအပါအဝင် တခြားမိန်းမငယ်လေးတွေအားလုံး စေတန်လက်က လွတ်လာတာမို့ စေတန်နဲ့ပက်သက်သူတွေကို သိထားပါတယ်ဆိုရာကနေ...ဆေလန်ပြည်တစ်ပြည်လုံးက အက်ဘီရဲ့တပ်မက်မှုလောဘစိတ်တွေနဲ့ ကြိုးကိုင်မှုအောက်ကို ကျရောက်သွားခဲ့တယ်။ အမေရိကန်ပြဇာတ်ရေးဆရာ Arthur Millerက The Crucible ပြဇာတ်ဇာတ်လမ်းကို ၁၉၅၃ခုနှစ်မှာ ရေးသားထားပြီး ၁၉၉၆ခုနှစ်မှာ ဒါရိုက်တာ Nicholas Hytnerက ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ ဒီထဲမှာဆိုရင် ဒိုင်ယာလော့တွေကိုတော့ ၁၆ရာစုက Old Englishကိုပဲသုံးနှုန်းပြီးပြောထားတာတွေ့ရပါတယ်။ File size…(2.0 GB)/(1.3 GB)/(700 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:04:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Romance
6.6 1996 124 mins
The Crucible
We Own the Night
6.7

ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။ လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။ တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။ သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.9GB)  / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...  Drama / Crime / Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mash Island

Drama • History
6.7 2007 118 mins
We Own the Night
Runaway Bride
6.1

မင်းသားကြီး Richard Gere နဲ့  Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက် အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက် ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့ သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီး Ikeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။ သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက် အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။ မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရော ဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်‌ထွက်ပြေးနေရတာလဲ သူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ File Size :(2.3GB)(946 MB) and (304MB) Quality : Blu-Ray1080P, 720p Format…mp4 Duration…01:59:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Adventure • Fantasy
6.1 1999 116 mins
Runaway Bride
Executioners
6

မီရှယ်ယို...မက်ဂီချောင်...အန်နီတာမွိုင်တို့ပါဝင်တဲ့ အံ့ဖွယ်အမျိုးသမီးသုံးယောက်ပေါင်း လောင်းကျော် ဟောင်ကောင်ဂျက်မသုံးဖော်ရဲ့ ဒုတိယကားလေး လာပါပြီဗျာ။ ပထမကားကတော့ သုံးယောက်ဘယ်လိုမျိုးပေါင်းမိသွားလဲဆိုတာကို အသားပေးရိုက်ကူးထားပြီး အခုကားလေးမှာတော့ ပိုပြီးခိုင်မာလာတဲ့သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားများအကြောင်းကို အလေးပေးရိုက်ကူးထားတာမို့ ခံစားမှုရသတစ်မျိုးပေးဦးမှာဖြစ်ပါတယ်။ နှစ်ကားစလုံးကို ကြည့်နိုင်ရင်ပိုအရသာရှိပြီး တစ်ကားစီခွဲကြည့်ရင်လည်း အဆင်ပြေပါတယ်။ ကမ္ဘာကြီးရဲ့ဆုတ်ကပ်သင်္ကေတအဖြစ် အနုမြူဗုံးပေါက်ကွဲသွားတဲ့အချိန်ပေါ့။ အရာအားလုံးပျက်စီးသွားပြီး ပြည်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်ပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေကိုရအောင်ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို ပြည်သူတွေက တစ်ခနက်အားပေးထောက်ခံလာတဲ့အချိန် စစ်တပ်ကအရမ်းတုန်လှုပ်သွားပါတယ်။ အဲ့ဒါကြောင့် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်တဲ့အပြင် စွမ်းဆောင်မှုမရှိဘူးဆိုပြီး သမ္မတကိုဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ပြင်ဆင်ပါတော့တယ်။ ရေသန့်ကိစ္စနဲ့ အဓိကရုဏ်းဖြစ်လာကြပြီး အာဏာတစ်ခုအတွက်နဲ့အသေခံရတဲ့သူတွေများလာတဲ့အခါ.. ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်သုံးယောက်က ဘယ်လိုမျိုးလှလှပပ ဖြေရှင်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....။ ။ IMDb Rating(5.8) ထိပဲ ရရှိထားတယ်ဆိုပေမယ့် ဇာတ်လမ်းသဘောလန်းသလို ဇာတ်ကောင်တွေကိုလဲ မညှာမတာကိုင်တွယ်ထားတဲ့ ဒီဇာတ်ကားက ခေတ်မီမှုသိပ်မရှိသေးတဲ့ CGI သဘောတွေကို ဖယ်ကြည့်မယ်ဆိုရင် တော်တော်ကို မိုက်တဲ့ အက်ရှင်ဇာတ်ကားပါ။ File size…(2.5 GB) / (950 MB) Quality….HDRip Uncut Version 1080p /720p Format…mp4 Duration….01:41:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by JoJoVa

Fantasy • Horror • Mystery • Science Fiction
6 1993 101 mins
Executioners
Soul
8.2

ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ Animation တွေရဲ့ ရုပ်လုံးကြွပုံ အသေးစိတ်ကျပုံ လှပခမ်းနားပုံတွေကထည့်ပြောစရာမလိုလောက်အောင်ပါ။ တကယ့်ကို သဘာဝကျကျနဲ့ရယ်လဲရယ်ရပါတယ်။ ဒီလိုကားတွေ ဇာတ်ရှိန်တက်လာရင် ငိုရတာတွေလဲရှိပေမယ့် ဒီကားမှာတော့ ငိုရလောက်အောင် ဇာတ်နာပြထားတာတွေမပါပါဘူး။ ကြည်ကြည်နူးနူးပြုံးနေရင်းနဲ့ မျက်ရည်ဝိုင်းရနိုင်သလို လက်ရှိရနေတဲ့ဘဝကိုလဲ တန်ဖိုးထားတတ်လာပါလိမ့်မယ်။ :) ဒီနှစ်အတွက် ခရစ်စမတ်လက်ဆောင်တစ်ခုပါပဲ။ Imdb 8.3 နဲ့ Rotten Tomatoes 97% ကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ ထိပ်တန်းကားကောင်းတစ်ကားပါ။ File size…(2.3 GB) and (1.2 GB) Quality…WEB-DL 1080p & 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

BL • Drama
8.2 2020 101 mins
Soul
League of Gods: Zhou Destruction I
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။

Action • Adventure • Comedy • Drama • Fantasy • Animation
6 2023
League of Gods: Zhou Destruction I
HER: Chapter 1
8.8

Her – Chapter 1 (2023) =================== IMDb 8.8/10 တောင်ပိုင်း တက်သစ်စ မင်းသမီးချောလေး ရူဟနီရှာမာရဲ့ မှုခင်း ရုံကားသစ် Her Chapter 1 ကြည်၊ တောက်၊ ရှင်း ဗားရှင်း ထွက်ရှိလို့လာပါပြီ။ အာချာနာဆိုတဲ့ ဒုရဲအုပ်မလေးဟာ ကိစ္စတစ်ကြောင့် တာဝန် ၆ လ ရပ်ဆိုင်းခံရတာနေ အလုပ်ပြန်ဝင်တဲ့အချိန်မှာပဲ စစချင်းကြုံရတဲ့အမှုက ရှုပ်ထွေးတဲ့ နှစ်လောင်းပြိုင်လူသဝာ်မှုတစ်ခုဖြစ်နေပါတယ်။ အဲဒီအမှုက ရည်ရွယ်ချက်ရှိရှိကျူးလွန်တဲ့အမှုလား၊ ခရီးသွားဟန်လွှဲဖြစ်သွားတဲ့အမှုလား၊ အာချာနာကရော အတိတ်မှာဘာတွေကြုံခဲ့ရတာလဲဆိုတာကို တောင်ပိုင်းမှုခင်းကားတွေရဲ့ထုံးစံ စိတ်ဝင်စားဖို့ကောင်းအောင်မြင်တွေ့ရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V, ToMo, Dee နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )

8.8 2023 110 mins
HER: Chapter 1
The Book of the Nine Cauldrons: The Treasure of Yu the Great
5.8

Visual Effects ကောင်းကောင်းနဲ့ သိုင်းကားကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် သိုင်းကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ သိုင်းပညာရှင်တွေအုပ်စိုးတဲ့လောကတစ်ခုကို ယွီဟွမ်ဆိုတဲ့ သိုင်းလောကထွဋ်ခေါင်တစ်ယောက်က သူ့ရဲ့ကောင်းကင်ခွင်းရဲဒင်းသိုင်းနဲ့အုပ်စိုးခဲ့တယ်။ ယွီဟွမ်မရှိတော့တဲ့နောက်ပိုင်းမှာ လောကကြီးက ပဋိပက္ခတွေနဲ့ယှဉ်ပြိုင်မှုတွေနဲ့ပြန်ပြည့်နေခဲ့တယ်။ တစ်နေ့မှာတော့ ယွီဟွမ်းရဲ့အမွေရတနာသိုက်ကို ဖွင့်တဲ့သော့ဟာ ပေါ်ထွက်လာခဲ့တယ်။ ရတနာကိုအပိုင်စီးချင်တဲ့ ချင်းဟူကျွန်းဂိုဏ်းသားတွေဟာ သော့ကိုအပိုင်စီးဖို့ကြိုးစားနေရင်း သော့ဟာ ထိန်ချင်းရှန်းရဲ့လက်ထဲကိုရောက်လာခဲ့တယ်။ အဲဒီသော့အတွက်ကြောင့် ထိန်ချင်းရှန်းတို့ ဂိုဏ်းဟာကပ်ဘေးကြီးဆိုက်လာပါတယ်။ ဂိုဏ်းကြီး(၉)ဂိုဏ်းဟာ ယွီဟွမ်ရတနာကိုရဖို့အတွက် ရောက်လာကြပြီး ရတနာသိုက်ကိုဖွင့်ဖို့ကြိုးစားကြပါတယ်။ အဲဒီအချိန်မှာပဲ ထိန်ချင်းရှန်းဟာ သူ့ရဲ့ဂိုဏ်းသားတွေအတွက် လက်စားချေဖို့လမ်းကိုစတင်လိုက်ပါတယ်။

5.8 2023
The Book of the Nine Cauldrons: The Treasure of Yu the Great
Slyth: The Hunt Saga

Sltyth : The Hunt Saga (2024) Romance နဲ့Drama series တွေပဲအရိုက်များတဲ့ ချစ်ခြင်းဖန်ဆင်းသောလှေ ဇာတ်ကားထဲက Queen mookda Narinrak ကို အရင်တွေ့နေကျ နဲ့ကွဲထွက်နေတဲ့ ဖိုက်တာမလေးအဖြစ် Luke နဲ့အတူ မြင်တွေ့ရမယ့် Slyth : The Hunt Saga ရုပ်ရှင်သစ်လေး ထွက်ရှိလို့လာပါပြီ။ ဇာတ်လမ်းတွဲမှာပဲ မြင်တွေ့နေကျဖြစ်တဲ့ Mookdaရဲ့movieသစ်မှာရော သူတို့ဘယ်လိုလိုက်ဖက်ညီညီနဲ့ သရုပ်ဆောင်သွားမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ ကမ္ဘာ့အကြီးဆုံးတောမီးလောင်ကျွမ်းမှုကြောင့် တမဟုတ်ချင်းညစ်ညမ်းသွားတဲ့လေထုဟာ အသက်ရှင်ဖို့ လေထုကိုမှီတွယ်နေရတဲ့ လူသားမျိုးနွယ်တွေအတွက် အိပ်မက်ဆိုး ကပ်‌ဘေးဆိုး ဖြစ်လာပါတော့တယ်။ ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်မယ့်တစ်ခုတည်းသောအရာက ဒဏ္ဍာရီလာ Slythဆိုတဲ့ဂြိုဟ်သားတွေရဲ့ ရောဂါမှန်သမျှကုစားနိုင်တဲ့ မသေမျိုးသွေး တစ်ကမ္ဘာလုံးက Slythတွေရဲ့သွေးကိုလိုချင်လာတဲ့အတွက် နေရင်းထိုင်ရင်း အမဲလိုက်ခံရဖို့ဖြစ်လာတဲ့ ဒီဂြိုဟ်သားတွေက လူသားတွေပြုသမျှနုနေမှာမဟုတ်တဲ့အခါ… အမဲလိုက်ပွဲတစ်ခုမှာ ရှုံးနိမ့်တဲ့သူက သားကောင်ဖြစ်ရမှာဆိုတော့ ရှင်သန်ရပ်တည်ဖို့ လူသားတွေနဲ့Slythတွေ ဘယ်လိုအားပြိုင်သွားမလဲဆိုတာ အားလုံးအတူတူရှုစားလိုက်ရအောင်ပါ။ အညွှန်း ကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary Christ, Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Action, Scif-fi, Thriller Quality…. 1080p | 720p File size… 1.7GB | 857MB Format… mp4 Duration…. 1hr 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ, Char Ou Encoder ….. Aaron

0 2024
Slyth: The Hunt Saga
Liberation (aka) Before It Ends
7

ဒီရုပ်ရှင်ကတော့ သမိုင်းနောက်ခံပြု ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်ကားတစ်ကားဖြစ်ပြီး တချိန်က ဒန်းမတ်ရောက် ဂျာမန်ဒုက္ခသည်များ၏ အတွေ့အကြုံများကို တွေ့မြင်ခံစားရမှာ ဖြစ်ပါတယ်။ စစ်ပွဲကာလ ရှားပါးပြတ်လပ်မှုနှင့် နာဇီအစိုးရ၏ ဂျာမန်လူမျိုးများကို စွန့်ပစ်ခြင်း များကြောင့် လူပေါင်း မြောက်များစွာ သေဆုံးခဲ့ရပုံကို အခြေပြုရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်း Jacob ဟာ ကျေးလက်အထက်တန်းကျောင်းမှာ ယောက်ျားလေး ဘော်ဒါကျောင်းတစ်ခု၏ ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်ပါတယ်။ ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်ထားချိန် ၁၉၄၅ ခုနှစ် ဧပြီလမှာ စစ်ဘေးရှောင် ဂျာမန်ဒုက္ခသည် ၅၀၀ ကို ခေါ်ထားရန် အမိန့်ပေးခံရသောအခါမှာလည်း Jacob အနေနဲ့ မလွှဲမရှောင်သာဘဲ ကျောင်းရဲ့ အားကစားခန်းမကို ဒုက္ခသည်စခန်းအဖြစ် အသုံးပြုခွင့် ပေးခဲ့ရပါ‌တော့တယ်။ လွတ်လပ်ရေးတိုက်ပွဲကလည်း အရှိန် မြင့်နေချိန်မို့ ဒုက္ခသည်တွေကို ကူညီတဲ့သူတိုင်းကို သစ္စာဖေါက်လို့ အမည်တပ်ကြချိန် ဖြစ်ပါတယ်။ မကြာခင်ပဲ သူ့ကျောင်းမှာရှိတဲ့ ဂျာမန်လူမျိုးဒုက္ခသည်တွေက ဆုံဆို့နာရောဂါ ဖြစ်ပွားပြီး တဖြုတ်ဖြုတ် သေကြပါတော့တယ်။ ဒီအခါ ကျောင်းအုပ်ဆရာကြီး Jakob ၊ သူ့ရဲ့ ဇနီး Lis နဲ့ မိသားစုအနေနဲ့ ခိုကိုးရာမဲ့နေတဲ့ ဂျာမန်ဒုက္ခသည်တွေကို ကူညီသင့်သလား ဒါမှမဟုတ် ဒိန်းမတ် ဆန့်ကျင်ရေးမှာ အခိုင်အမာ ရပ်တည်သင့်လား ဆိုတဲ့ ဝိရောဓိတွေအကြားမှာ ဘယ်လို ရွေးချယ်ဆုံးဖြတ်လုပ်ကိုင်ခဲ့လဲ၊ သူတို့ရဲ့ ဒိန်းမတ် အသိုင်းအဝိုင်းကရော သူတို့လုပ်ရပ်တွေကို လက်ခံကြပါ့မလားဆိုတာ စိတ်ဝင်စားဖွယ်ရာ ရိုက်ကူးတင်ဆက်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Anyway “HUMANITY IS A CHOICE.” File size…(1.2 GB)/(670 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ladybug

Drama • Romance • Action
7 2023
Liberation (aka) Before It Ends
Superman/Batman: Apocalypse
7.2

Superman Batman: Apocalypse 2010 ကမို့ ကြာခဲ့ပါပြီ… သို့သော် Superman နဲ့ Supergirl ရဲ့ Super Action တွေဟာ ခုအချိန်ထိ မဟောင်းသေးပါဘူး။ Sir Bat က Action နည်းတယ်လို့ပြောလို့ရပေမယ့် သူ့လုပ်ကွက်တွေကလဲ ခုချိန်ထိ အရမ်းကို Batman ဆန်နေဆဲပါ။ Batman ဆန်နေမှတော့ ကြည့်လို့ကောင်းပြီရယ်ပေါ့။ အကောင်းဆုံး ဇာတ်ကားတစ်ကားလို့မပြောပေမယ့် အစကနေ ပြီး အဆုံးထိ ပေါ့ပေါ့ပါးပါးလေး သူခေါ်သွားပါလိမ့်မယ်။ DC Trinity ရဲ့ ချစ်စရာ အမူအကျင့်လေးတွေကို Supergirl ရဲ့ အပြစ်ကင်းစစ် ချစ်စရာကောင်းမှု နဲ့ အတူ ကြည့်ရမှာပါ။ BatFan တွေ ကြိုက်ကြသလို Superman Fan တွေလဲ အားရကြပါတယ်… DC ဟာ Animation မှာ နာမည်ရှိပါတယ်…. အဲ့လိုဖြစ်စေတဲ့ Animations များစွာထဲမှာ ဒီ Animation လေး အပါအဝင်ပါပဲ… ဒီ Animation Movie လေးကို ဘာသာပြန်ပေးထားတာကတော့ Han Minn ဖြစ်ပြီး Review ကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။ File size… 1.6 GB / 701 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 18m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Han Minn

7.2 2010 79 mins
Superman/Batman: Apocalypse
Helen
7.7

Helen (2019)”ဟယ်လန်” =================== ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေက ဘာမှတရားဝင်မပြောထားပေမဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တွေအပေါ်မှာအခြေခံရိုက်ကူးထားတာလို့ ပရိသတ်တွေကဆိုကြပါတယ်။ ဇာတ်လမ်းကတော့.. အဖေတစ်ခု သမီးတစ်ခုဘဝမှာနေရင်း သူနာပြုဘွဲ့ရထားပြီး ကနေဒါကိုအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ ဟယ်လန်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက်။ သူဟာ ကနေဒါကိုမသွားနိုင်ခင် ကြက်ကြော်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေရင်း ရုတ်တရက် ခြေရာလက်ရာမရှိပျောက်ဆုံးသွားတဲ့အခါမှာတော့..။ တိုက်ပွဲတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ ဟယ်လန်ရဲ့ ရုန်းကန်မှုတွေ၊ ဖခင်ဖြစ်သူရဲ့ ပူပင်သောကတွေ၊ ဗျာများရပုံတွေကို အချိတ်အဆက်မိမိနဲ့ မွန်းကျပ်စရာကောင်းလောက်အောင် ပုံဖော်ပြထားတာမလို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်ကြတဲ့ပရိသတ်တွေအတွက် အချိန်ပေးရတာတကယ်တန်စေမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.7 2019 117 mins
Helen
Snow Tea and Love 2: With a Bit of Luck

IMDB Rating – “3.8/10 Snow, Tea and Love 2: With a Little Luck (2024) က ထောင်က နေပြီး လွတ်အောင်လုပ်ဖို့ ကြိုးစားနေတဲ့ စနိုး၊ လက်ဖက်ရည် နဲ့ အချစ် တို့ဟာ time travel လုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ရှာတွေ့လိုက်တော့ Dacia ရဲ့ အေဒီ ၈၅ ခုနှစ်မှာ ကျန်ခဲ့ရပြီး ဧကရာဇ် နာဗာ က သူတို့ကို ဖမ်းဖို့ လိုက်နေတဲ့ အခြေအနေကို ရင်ဆိုင်ရတဲ့ comedy ရုပ်ရှင်ပါ။ ရိုးရိုးရှင်းရှင်း ပြောရရင် time travel adventure လုပ်နေတဲ့ အဆင်မပြေတဲ့ မိတ်ဆွေသုံးယောက်ရဲ့ ဇာတ်လမ်းဖြစ်ပြီး သူတို့ရဲ့ ဟာသတွေက အရမ်း ရယ်စရာကောင်းဖို့ကတော့ မဖြစ်နိုင်ပါဘူး။ Romanian comedy ဆိုတော့ ဟာသလုပ်တဲ့စတိုင်က မတူပေမယ့် IMDB rating 3.8/10 မှာ ကြည့်ရင် ကြည့်သူ‌တွေအတွက် entertainment value က သိပ်မရှိဘူးလို့ထင်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပြီး အဓိက ဇာတ်ကောင်တွေရဲ့ ချိတ်ဆက်မှုတွေက အားနည်းတဲ့တော့ ကြည့်ရတာတစ်မျိူးတော့ ခံစားရစေမှာပါ။ File size…(1.4 GB)/(756 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVy Noe

0 2024
Snow Tea and Love 2: With a Bit of Luck
Lycoris Radiata
5.9

CM တရုတ်ဖန်လေးတွေအတွက် ဒီနေ့ တစ်မူထူးခြားတဲ့ ဇာတ်ကားကောင်းလေးကို မိတ်ဆက်ဘာသာပြန်ပေးလိုက်ပါတယ်… အားလုံး hotel deluna ထဲက သစ်ပင်ခြောက်ကြီးကို မှတ်မိကြလား… မှတ်မိတယ်ဆို တရုတ်ဗားရှင်း သစ်ပင်ခြောက်ကြီးကပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေးလာပါပြီ… တရုတ်ကားအတော်များများမှာပါတဲ့ ဝမ်ချွမ် ( ခံစားချက်မဲ့မြစ်) ကို တစ်မူထူးခြားတင်ဆက်ထားတဲ့ကားပေါ့… ဒီကားလေးထဲမှာ လူ့ပြည်ရဲ့ အပြစ်တွေကို စီရင်ဖို့အတွက် ဝမ်ချွမ်ဆီ ရောက်လာကြရတယ်… နောက်တော့ မုန့်ဖော်( မုန့်အဖွား) ရဲ့ အဆုံးအဖြတ်အရ အပြစ်ပေးခံရတယ်… တရားမျှတစွာ စီရင်ပေးနိုင်ဖို့ ဥပဒေထက်မှာ ခံစားချက်ကိုမေ့ထားရသလို သွေးအေးရတယ်… ဒါပေမယ့် မန်ရှူးဟာ ဝမ်ချွမ်ရဲ့ ထိန်းသိမ်းသူဆိုပေမယ့် အမှတ်မထင်ကိစ္စတစ်ခုနဲ့ ရှားဟွား ဆိုတဲ့ ပန်းနတ်သားငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ပြီး ဘဝမှာ တစ်ခါမှမခံစားဖူးတဲ့ အနွေးဓာတ်ကို ခံစားမိခဲ့တယ်… ဘာလို့ ဒီလိုဖြစ်တယ်ဆိုတာ မသိပေမယ့် သူ့မသိစိတ်ကနေ ဝမ်ချွမ်ကသေဆုံးနေတဲ့ သစ်ပင်ကြီးကို ရှားဟွားက ကူညီပြီး ပန်းပွင့်လာအောင် အပင်အသက်ပြန်ဝင်လာအောင်လုပ်ပေးနိုင်မယ် ယုံကြည်ပြီး ဝမ်ချွမ်ကိုခေါ်လာခဲ့တယ်… ကဲ ဒီလောက်ဆိုရင် ဘယ်လို စိတ်ဝင်စားဖွယ် ပလော့နဲ့ ရိုက်ကူးထားတယ်ဆိုတာ သဘောပေါက်ကြမှာပါ… နောက်ပြီး မင်းသားရူပါတော့မသိပေမယ့် မင်းသမီးရူပါက အကိတ်တလိုင်းမို့ ဒါနဲ့တင်တန်နေပါပြီလို့ ပြောပြီး ဇာတ်လမ်းလေး ပရိုမိုရှင်း ဆင်းလိုက်ပါတယ်.

Drama
5.9 2022
Lycoris Radiata