YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lotus.Leaf.Roof.S01E20.720p.CM.mp4

257.83 MB N/A video/mp4 56 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Huesera: The Bone Woman
5.8

Rotten Tomatoes ရော၊ Metacritic ရော ထိပ်ဆုံးရောက်နေတဲ့ စပိန် ဘော်ဒီဟော်ရာ ဒရာမာကားပါ။ A24 ကထုတ်တဲ့ကားမဟုတ်ပေမဲ့ A24 ဖန်တွေ ကြိုက်လောက်တဲ့ A24 ကားတွေလို ကားမျိုး‌ပေါ့။ Horror ဆိုပေမဲ့ မှောင်ခန်းမည်းခန်းက မပါသလောက်ဖြစ်ပြီး Midsommar လို လင်းလင်းကျင်းကျင်းနဲ့ လန့်ရမယ့် အခန်းတွေက ပိုများပါတယ်။ ဟော်ရာကားနဲ့မလိုက်မဖက် စစချင်းမှာတင် ကလေးမွေးတော့မယ့် မိခင်တစ်ယောက်ရဲ့ ကလေးအတွက် ပြင်နေဆင်နေခြင်းတွေကနေမှ တငွေ့ငွေ့ချင်း ပဟေဠိဆန်ဆန်သွားထားတဲ့ ခပ်ဆန်းဆန်းကားပါပဲ။ ခြောက်တာလှန့်တာ သိပ်မပါဘဲနဲ့ကို ဘာတွေဖြစ်နေလဲ အဖြေဝင်ရှာရင်း သိချင်စိတ်နဲ့ စိုးထိတ်ရမယ့် ဟော်ရာကားဆို ပိုမှန်ပါလိမ့်မယ်။ Body Horror ကားပီပီသသတော့ အသည်းယားစရာ အခြေအနေတွေပါပေမဲ့ အရမ်းဆိုးဆိုးကြီးတော့ မဟုတ်ပြန်ပါဘူး။ ခေါင်းစားရတဲ့ ဇာတ်ကားအဆန်းကြီးတွေကို ကြိုက်တတ်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 930MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 37Min Genre - Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

5.8 2023 93 mins
Huesera: The Bone Woman
Jeepers Creepers: Reborn
5.7

ဒီတစ်ခါတော့ Horrorကြိုက်နှစ်သက်သူများအတွက် ဇာတ်ကားလေးတစ်ကားညွှန်းပေးပါရစေ Jeepers Creepersကြိုက်နှစ်သက်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးဆိုရင်လဲမမှားပါဘူး ဇာတ်လမ်းလေးကိုအမြည်းပေးရရင် ချေ့စ်နဲ့လိန်းတို့က သမီးရည်းစားစုံတွဲတွေပေါ့ ချေ့စ်က ဒီလောကကြီးမှာ ခရီပါရှိတယ်ဆိုတာယုံကြည်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကောင်မလေးလိန်းကတော့ ဒါဟာလူတွေလုပ်ကြံဖန်တီးပြီးပြောကြတာပါလို့ထင်နေသူပါ တစ်နေ့ချေ့စ်က လိန်းကို Horror Houndပွဲတော်ကိုခေါ်သွားခဲ့ရာမှ အဲ့ဒီနေရာမှာလိန်းရဲ့ခေါင်းထဲကိုမျှော်လင့်မထားတဲ့ သေခြင်းတရားအနိဌာရုံတွေရောက်လာပါတော့တယ် ဘာကြောင့်လိန်းရဲ့မှတ်ဉာဏ်ထဲမှာဒီလိုအနိဌာရုံတွေပေါ်လာတာလဲ ခရီပါဆိုတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးနဲ့ရောဘယ်လိုတွေပတ်သက်ဆက်နွယ်နေလဲ ၂၃နှစ်မှာတစ်ကြိမ်ပေါ်လာတတ်ပြီး လူတွေကိုအစုလိုက်အပြုံလိုက်သတ်တတ်တဲ့ခရီပါကရော တကယ်ရှိလားဆိုတာ.. ဒီဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့စောင့်မျှော်ကြည့်ရှုပေးကြပါဦး... File size…1.6GB / 761MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Sora

Drama
5.7 2022 88 mins
Jeepers Creepers: Reborn
To Be Killed by a High School Girl
4.8

Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။ DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။ တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။) ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ကိုယ့်လိုမျိုး ကြောင်သွားတဲ့သူများရှိကြမလားပဲ။ အထက်တန်းကျောင်းသူလေးသတ်တာခံချင်တယ်ဆိုတော့အဆန်းကြီးပေါ့ ဒီကောင်ကဆိုက်ကိုလား တဏှာရူးလား တစ်ခုခုဖြစ်ရမယ်ပေါ့။ နောက်မှသိရတာက အဓိကဇာတ်ကောင်ကျောင်းဆရာက Autassassinophilia ဆိုတဲ့ တခြားလူတစ်ယောက်ရဲ့သတ်တာခံရတဲ့အပေါ် ကာမသာယာမှုခံစားရခြင်းဆိုတဲ့ ရှားပါးတဲ့စိတ်ရောဂါခံစားနေရသူပါ။ တခြားမိန်းမချောလေးတွေနဲ့ဆိုအဲလိုစိတ်မပေါ်ဘဲ အထက်တန်းကျောင်းသူဆီမှာပဲ အသတ်ခံရချင်တဲ့သူဟာ သူ့ပစ်မှတ် တက်ရောက်နေတဲ့ အထက်တန်းကျောင်းမှာ ဆရာအဖြစ်ဝင်ရောက်လာပြီး အသတ်ခံရဖို့ကြိုးစားရင်း သူ့အကြံအစည်အောင်မြင်သွားမလား၊ရှုံးနိမ့်သွားမလားဆိုတာ... ဇာတ်လမ်းကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတာမလို့ ဂျပန်မချောချောလေးတွေကို မျက်စိအစာကျွေးရင်း ကြည့်ရှုခံစားပေးကြပါဦးဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 674MB | 289MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Drama
4.8 2022 110 mins
To Be Killed by a High School Girl
The Silent Twins
5.9

The Silent Twins Black Panther ထဲ shuri အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Letitia Wrightရဲ့ကားပါ။ နာမည်အတိုင်း စကားမပြောတဲ့ အမွှာနှစ်ယောက်အကြောင်း ရုပ်ရှင်ပါပဲ။ သူတို့ဟာအပြင်မှာ တကယ်လည်းရှိခဲ့သလို ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ရပ်တွေကလည်း တကယ်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကလေးဘဝက ဘူလီအလုပ်ခံရရာကနေ စိတ်ဒဏ်ရာရပြီး သူတို့အချင်းချင်းကလွဲ ဘယ်သူ့ကိုမှစကားမပြောတော့တဲ့ အမွှာ၂ယောက်ရဲ့ ဒုက္ခသုက္ခ လူတောမတိုးခြင်းတွေနဲ့ သူတို့စိတ်ရောဂါပိုဆိုးလာတဲ့အဆင့်အဆင့်တွေ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းတွေပါပဲ။ စိတ်ရောဂါရှိနေပေမဲ့ တော်ကြတဲ့သူတွေဖြစ်ပြီး စာအုပ်တွေပါရေးသားခဲ့ပါသေးတယ်။ သို့ပေမဲ့ ကံအကြောင်းမလှတော့ ဆေးတွေ ရာဇဝတ်မှုတွေနဲ့ လမ်းမှားလိုက်မိပြီး ဆေးရုံမှာ အကျဉ်းချခံခဲ့ရတဲ့ တော်တော်သနားဖို့ကောင်းတဲ့ စိတ်ဝေဒနာရှင် လူမည်းညီအစ်မရဲ့ ဖြစ်ရပ်မှန်ကို ကျောရိုးပြုထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:53:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Action • Crime • Drama
5.9 2022 113 mins
The Silent Twins
Bel Ami
5.4

Bel Ami (2012) နှုတ်ခမ်းနီမလေးတို့ရဲ့အသည်းကျော် Twilight ဗမ်ပိုင်းယားမင်းသားအဖြစ်လူသိများပြီး လတ်‌တ‌လောမှာလည်း Batman ကာရိုက်တာအဖြစ်နဲ့ အားလုံးရဲ့အာရုံကိုဖမ်းစားထားနိုင်တဲ့ ရောဘတ်ပတ်တင်ဆန်ရဲ့ ရှေးခေတ်နောက်ခံ ဒရာမာကားဟောင်းလေး‌တစ်ခုကို တင်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာ ရောဘတ်ပတ်တင်ဆန်က ဂျော့ဂ်ျစ်ဒူရွိုင်ဆိုတဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ၂၆နှစ်အရွယ် ဆင်းရဲသားစစ်သားဟောင်းတစ်ဦးအဖြစ်ကနေ ပဲရစ်က လူကုံထဲအသိုင်းအဝိုင်းကြားကို တစ်စတစ်စဘယ်လိုတိုးဝင်မလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ပဲရစ်လူကုံထံအသိုင်းအဝိုင်းမှာ ယောက်ျားတွေထက် မိန်းမတွေက လည်လည်ဝယ်ဝယ်အချက်အချာကျနေတာဟာ ဂျော့ဂ်ျစ်တစ်ယောက်အတွက် သူရဲ့နှစ်လိုဖွယ် ညှို့ဓာတ်ကို ကောင်းကောင်းအသုံးချစရာဖြစ်လာခဲ့တယ်။ သူဟာ ခြစ်ကုပ်နေထိုင်ရတဲ့ မီးရထားဝန်ထမ်းဘဝကနေ စာနယ်ဇင်းအယ်ဒီတာ၊ အတင်းအဖျင်းတို့ရဲ့ဥက္ကဌ၊ နိုင်ငံရေးသမားဆိုတဲ့ ရာထူးဂုဏ်သိမ်တွေကို စာကောင်းကောင်းလည်း မတတ်ပါဘဲနဲ့ ဘယ်လိုရောက်လာခဲ့လဲ… ဘယ်သူတွေကို ဘယ်လိုအသုံးချပြီး ဘယ််သူတွေဆီက ဘယ်လိုသတင်းတွေကိုရယူခဲ့လဲ… ဘယ်လိုအတက်အကျတွေ ရင်ဆိုင်ခဲ့ရလဲ… ဘယ်အမျိုးသမီးကို တကယ်ချစ်လျက်နဲ့ ဘယ်သူတွေနားပဲဝဲခဲ့ရလဲ… အစရှိတာတွေကို စောင့်စားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခုထူးတာက ဒီကားထဲမှာ Cast ကြမ်းကြမ်းဆိုလို့ ရောဘတ်ပတ်တင်ဆန်တစ်ယောက်တည်းတင်မဟုတ်ဘဲ Kill Bill, Pulp Fiction တို့နဲ့ လူတိုင်းသိကြမယ့် Uma Thurman အပြင် Original Wednesday Addams နေရာကနေသရုပ်ဆောင်ခဲ့တဲ့ Christina Ricci ကိုပါ ရှူစားကြရဦးမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 555MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 55Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

5.4 2012 102 mins
Bel Ami
Dolphin Tale 2
6.4

Dolphin Tale 2 (2014) ================= IMDb Rating – 6.4/10 2011ကထွက်ခဲ့တဲ့ Dolphin Tale 1 ရဲ့အဆက်ဖြစ်ပါတယ်။ ဆော်ရာနဲ့ ဝင်းတားစတွေ့ပြီး 3နှစ်တောင်ကြာခဲ့ပါပြီ။ ကလေးသရုပ်ဆောင်တွေဖြစ် ကြတဲ့ ဆော်ရာနဲ့ဟေဇယ်တို့လည်း မြီးကောင်ပေါက်ရုပ်လေးဖြစ်လာတဲ့ အပြင် ဝင်းတားလေးလည်း ပိုထွားလာပါပြီ။ ဒီထဲမှာတော့ ဝင်းတားရဲ့ သူငယ်ချင်းအသစ်လေးဖြစ်တဲ့ လင်းပိုင်ပေါက်စလေးကိုပါ မြင်တွေ့ရမှာ ပါ။ ဒါဖြင့် ဖလော်ရီဒါပြည်နယ်က Clearwater Marine Aquarium ကို အလည်တစ်ခေါက် ထပ်သွားကြပါစို့။ လင်းပိုင်ပုံပြင်လေးကတော့ ဒီကား မှာပဲ အဆုံးသတ်ခဲ့ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2.28 GB) / (1.12 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator……Ngwe Zin Encoder……….SWM

6.4 2014 107 mins
Dolphin Tale 2
Suraapanam
7.1

Surapanam (ရိုးသားကြိုးစား အရက်သမားသူခိုးလေး) ဒီတစ်ခေါက်မှာတော့ Surapanam ဆိုတဲ့ IMDb 7.1/10 တောင်ရထားတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာတော့ အဖေလုပ်သူက အကြွေးတွေပတ်လည်ဝိုင်းပြီးတော့ အမေလုပ်သူကလည်း သူ့ကို ဘော်ဒါဆောင်မှာထားပြီး တစ်လတစ်ခါတောင် သူ့ကို လာမတွေ့လို့ ဘယ်သူကမှ သူ့ကို မချစ်ဘူးလို့ ထင်နေတဲ့ ကောင်လေးရှီဗာ။ ကျောင်းပြီးလို့ အလုပ်လုပ်ရမယ့်အရွယ်ရောက်တော့လည်း ဘောစိကြီးတစ်ယောက်အတွက် ပစ္စည်းတွေကို လိုက်ခိုးပေးနေတဲ့ အလုပ်ကို လုပ်နေပါတော့တယ်။ တစ်ရက်မှာ သူ့သူငယ်ချင်းတစ်ယောက်နဲ့ အကြားအမြင်မေးတဲ့ဆီကို လိုက်သွားခဲ့တဲ့နောက်မှာ အဲဒီက ရသေ့ကြီးက သူ့ဘဝက ပြောင်းလဲသွားတော့မယ်လို့ ပြောလိုက်ပေမဲ့ဒီလို ကိစ္စပိုင်းမှာ အယုံအကြည်မရှိတဲ့ ရှီဗား ချစ်ရသူလေးနဲ့ အတူတူ အိမ်မက်တွေမက်နေရင်းနဲ့ တစ်နေ့မှာတော့ သူ့ရဲ့ဘောစိလုပ်သူဟာ ရှေးဟောင်းရုပ်ထုတစ်ခုကို ခိုးခိုင်းပါတော့တယ်။ အဲဒီရှေးဟောင်းရုပ်ထုဟာဆိုရင်တော့ ကုဋေပေါင်းဆယ်ချီပြီးတော့ တန်တာဖြစ်ပြီးတော့ သူ့အတွက် တစ်ကုဋေဝေစုရမယ်လည်း ဆိုရော … ရှီဗာနဲ့ အပေါင်းအပါများ ဒီရုပ်ထုကို ဘယ်လိုပုံစံတွေနဲ့ ခိုးကြမလဲ …… အကြားအမြင်ရသေ့ကြီးပြောသလိုရော သူ့ဘဝက ချက်ချင်းကြီး ပြောင်းလဲသွားမှာလား …. ချစ်ရသူနဲ့အတူတူ လေထဲတိုက်အိမ်ဆောက်ချင်နေတဲ့ သူ့အိမ်မက်တွေရော ပြည့်သွားမလား… |ဆိုတာတွေကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရင်းမောရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Romance • Drama • Thriller
7.1 2022
Suraapanam
Pain Hustlers
6.5

Pain Hustlers (2023) “ဆရာဝန်ဆိုတာလည်း လူတိုင်းလိုပဲ လောဘကြီးပြီး တဏှာရူးတာပါပဲ” တဲ့။ ဒီသဘောတရားကိုလက်ကိုင်ထားပြီး မီလီယံဖြစ်သွားခဲ့တဲ့ ဆေးကုမ္ပဏီတွေအကြောင်း ပြသထားတာပါ။ ဆေးကုမ္ပဏီတွေရဲ့အမြတ်ဟာ ဆေးတွေရောင်းရရင် အရမ်းကိုကြီးပါတယ်၊ ဝန်ထမ်းတွေအတွက်ကော်မရှင်ကလည်း အရမ်းကိုများပါတယ်။ ဒီတော့ ဆရာဝန်တွေ သူတို့ဆေးတွေကို ညွှန်းပေးဖို့ စည်းရုံးရပါတယ်။ အပြိုင်တွေများလွန်းတဲ့အခါ ရိုးရိုးစည်းရုံးရမဲ့အစား မက်လုံးပေးတာတွေ လာဘ်ထိုးတာတွေ မြူဆွယ်တာတွေ ပါလာပါတော့တယ်။တကယ်တော့ ဆရာဝန်တွေကို ဆေးညွှန်းပေးဖို့ လာဘ်ထိုးခွင့်မရှိပါဘူး။ လာဘ်ထိုးရင် အရေးယူခံရပါတယ်။ ဒါဆို လာဘ်မထိုးဘဲ ဆေးဝါးမိတ်ဆက်ပွဲတွေမှာ ရှင်းလင်းပြောကြားပေးဖို့ ဖိတ်ပြီး ဉာဏ်ပူဇော်ခပေးလိုက်ရင်ရော။ ဒီလိုပွဲတွေကို ရိုးရိုးမလုပ်ဘဲ ကမ်းခြေတွေ ဟိုတယ်တွေမှာ အစားကောင်းအသောက်ကောင်းတွေ၊ ဆော် ဘဲ အလန်းလေးတွေနဲ့ လုပ်ပေးလိုက်ရင်တော့ လာဘ်ထိုးတာမဟုတ်တော့ဘူးပေါ့။ ဒီနည်းနဲ့ မီလီယံနာဖြစ်လာတဲ့ ဆေးကုမ္ပဏီတစ်ခုရဲ့လက်ချက်ကြောင့် သူတို့ထုတ်တဲ့ ဘိန်းပါတဲ့ဆေးတွေစွဲပြီး ဆေးလွန်ပြီး လူသေမှုတွေအထိ ဖြစ်လာတဲ့အကြောင်းကို ပြသထားတာပါ။ ဒါဟာ အမေရိကန်ရဲ့ ဖြစ်ရပ်မှန် ဆေးဝါးလောက အရှုပ်တော်ပုံအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်အသစ်ဖြစ်ပါတယ်။ ခရစ်အီဗန် နဲ့ အမ်မလီဘလန့်တို့ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဘယ်ဖြစ်ရပ်မှန်လဲဆိုတော့ အမေရိကန်ရဲ့ ဘိန်းစွဲကပ်ဘေးလို့ခေါ်တဲ့ Opioid Crisis ကာလ (၁၉၉၉-၂၀၁၆) အတွင်းကို အခြေခံထားတာပါ။ လူပေါင်း ၄၅၀၀၀၀ လောက် ဘိန်းပါတဲ့ဆေးဝါးတွေကြောင့် သေဆုံးခဲ့ရတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒီကာလမှာ လမ်းပေါ်က မူးယစ်ဆေးတွေအပြင် ဘိန်းပါတဲ့ဆေးတွေကို မဆင်မခြင်ညွှန်းခဲ့တဲ့ ဆရာဝန်တွေကြောင့်လည်းဖြစ်ခဲ့တာပါ။ အဲဒီအမှုအခင်းနောက်ပိုင်းမှာ ဆေးဝါးမသမာမှုတွေ အနည်းငယ်လျော့နည်းသွားပေမဲ့ သဘောတရားကတော့ ဒီနေ့ခေတ်အထိ တစ်ကမ္ဘာလုံးမှာ ပြန့်နှံနေတုန်းပါပဲ။ အခုချိန်ထိ ကမ္ဘာအနှံ့က ဆရာဝန်တွေဟာ ဆေးပေးဖို့ ရွေးချယ်တဲ့အခါ ဆေးဘရန်းပေါင်းများစွာထဲက သူတို့လက်စွဲဘရန်းတွေကိုပဲ သီးသီးသန့်သန့်ညွှန်းနေကြတတ်တုန်းပါပဲ။ အချို့ဆရာဝန်တွေဟာ ကျင့်ဝတ်အတိုင်း သင့်တော်တဲ့ ဆေးကိုရွေးပေမဲ့ အချို့ကတော့ အခွင့်အရေးပေးတာများတဲ့ ဈေးပိုကြီးတဲ့ဆေးတွေကိုပဲ လက်စွဲထားပြီး ညွှန်းနေကြတုန်းပါပဲ။ ဆရာဝန်တစ်ယောက်ဟာ Vitamin-C လို အားဆေးလေးကိုတောင် ဘရန်းတစ်ခုတည်းပဲ စွဲစွဲမြဲမြဲညွှန်းပေးရင် အားဆေးကုမ္ပဏီက နောက်ဆုံးပေါ် အိုင်ဖုန်းတွေ ထွက်တိုင်းလက်ဆောင်ပေးတဲ့အထိ စွမ်းပါတယ်။ အခြားဆေးတွေဆိုရင် တွေးကြည့်လို့ရမှာပါ။ ဆေးကုမ္ပဏီဝန်ထမ်းကို ငယ်ငယ်ချောချောလေးတွေ ရွေးခန့်တာကလည်း… (အရည်အချင်းနဲ့ သွက်သက်လက်လက်ရှိလို့ရွေးရင်းတိုက်ဆိုင်သွားတာ ပြောတာပါ)။ ဆိုတော့က ဒီရုပ်ရှင်ကိုတော့ Crime, Drama, Dark Comedy ကောင်းတစ်ခုပါလို့ပဲ ညွှန်းချင်ပါတယ်။ ကြည့်ရင်း တရားပေါက်လာဖို့ တင်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 875MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 2Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

6.5 2023
Pain Hustlers
Christmas Island
7

ခရစ္စမတ်လည်းနီးလာပြီဆိုတော့ ခရစ္စမတ်ဇာတ်ကားလေးဖြစ်တဲ့ Christmas Island ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းလေးကတော့ ကိတ်ဂါဘရီယယ်ဆိုတဲ့ လေယာဉ်မှူးမလေးတစ်ယောက် သူဌေးမိသားစု​ဖြစ်တဲ့ ရှာ့ဘ်မိသားစုရဲ့ အားလပ်ရက်ခရီးကို တာဝန်ယူပို့ဆောင်ပေးရတဲ့အချိန်မှာအတ္တလန်တစ်သမုဒ္ဒရာမှာ မုန်တိုင်းပြင်းထန်စွာတိုက်ခတ်နေတာကြောင့် ဘယ်လိုမှ ပျံသန်းလို့မရဘဲ နီးစပ်ရာနေရာကို အရေးပေါ်ဆင်းသက်ရပါ​တော့တယ်။ ဆင်းသက်လိုက်တဲ့မြို့နာမည်က ခရစ္စမတ်ကျွန်းတဲ့ ခရစ္စမတ်ကျွန်းမှာ ရှိနေတဲ့အချိန်မှာ မြို့တော်ဝန်တို့အိမ်မှာတည်းခိုရပြီး အဲ့မှာနေရင်း ခရစ္စမတ်ကျွန်းမှာရှိတဲ့ ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အခမ်းအနားတွေကို တက်ရောက်ရင်း အဲ့မှာနေရင်း အဲ့ကမိသားစုနဲ့လည်း ခင်မင်ရင်းနှီးအသားကျသွားပါတယ် မြို့တော်ဝန်ရဲ့မောင်ဖြစ်သူ အိုလီဗာနဲ့ကိတ်ဟာလည်း ရက်တိုတိုအတွင်းမှာပဲ အနေနီးပြီး ရင်ခုန်သံတွေနိုးကြားလာတဲ့အခါ… ဒီဇာတ်ကားလေးဟာ ခရစ္စမတ်အားလပ်ရက်မိသားစုခရီးစဥ်အကြောင်းကိုပျော်ပျော်ပါးပါးရိုက်ကူးထားတာမလို့ အိမ်ကမိသားစုတွေနဲ့အတူ အပျင်းပြေကြည့်လို့ကောင်းမယ့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်….. File size…(1.6 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

7 2023
Christmas Island
Alicia in Terrorland

မိဘနှစ်ပါးလုံး ကွယ်လွန်သွားပြီးနောက် ခိုကိုးရာမဲ့ဖြစ်နေတဲ့ Alice ဟာ သူမရဲ့အဖွားဖြစ်သူ Beth ရှိတဲ့ Wonderland က မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာတဲ့အိမ်ကြီးမှာ ပြောင်းနေဖို့ အကြောင်းဖန်လာတယ်။ ခမ်းနားကြီးကျယ်တဲ့ တောအုပ်ထဲက အိမ်ကြီးကိုကြည့်ပြီး အံ့ဩဘနန်းဖြစ်နေပေမဲ့ မကြာခင်မှာပဲ Alice တစ်ယောက် အိမ်ကြီးထဲမှာ ထူးဆန်းတာတွေကို စပြီးမြင်ယောင်လာတယ်။ အဖွားဖြစ်သူကတော့ အိမ်နားက တောအုပ်ဆီကို မသွားဖို့မှာထားပေမဲ့ အိပ်မက်သယောင်ယောင်နဲ့ ယုန်လေးတစ်ကောင်နောက်လိုက်ရင်း တောအုပ်ထဲကိုဝင်သွားပြီး ယုန်တွင်းပေါက်ကနေတစ်ဆင့် တခြားကမ္ဘာက Wonderland ကို ရောက်သွားသောအခါ… Alice တစ်ယောက် သူရောက်သွားတဲ့ Wonderland မှာ ဘာတွေကြုံတွေ့ရမှာလဲ။ Wonderland ကနေရော ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကိုတော့ Alice in Wonderland ကိုမှ Horror Vibe ရနိုင်မဲ့ Alice in Terrorland ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(820 Mb)/(350 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:17:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

0 2023
Alicia in Terrorland
House of Flying Daggers
7.6

House of Flying Daggers (2004) IMDb Rating (7.5) / Rotten Tomatoes (87%) Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။ မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ ဇာတ်လမ်းကတော့ …… ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် နှိပ်စက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူပြည်သားတွေဟာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဧကရာဇ်နဲ့တကွ အစိုးရကို တော်လှန်ပုန်ကန်လာကြတဲ့ ခေတ်ပျက်ကာလကို အခြေတည်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဓားပျံအိမ်တော် ဆိုတဲ့ တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ သမိုင်းမှာ တကယ်ရှိခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကာလက ပေါ်ပေါက်ခဲ့တဲ့ မြေအောက်အဖွဲ့အစည်း အမျိုးမျိုးကို ကိုယ်စားပြုနေပါတယ်လေ။ စီရင်စုရဲမတ်အရာရှိမင်းနှစ်ယောက်ဖြစ်တဲ့ ချင် နဲ့ လျို တို့ဟာ ဓားပျံအိမ်တော် မြေအောက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အဲဒီအချိန် လုပ်ကြံခံခေါင်းဆောင်ရဲ့ မျက်မမြင်သမီးလေး ရှောင်မေ က ပန်းနီဆောင်ကြာမြိုင်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ ဒီတော့ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်အသစ်ကို လုပ်ကြံဖို့ အမိန့်ပေးခံရတဲ့ ရဲမတ်အရာရှိမင်းနှစ်ယောက်က အကွက်ချကြံစည်ပြီး ရှောင်မေ‌ ကိုအယုံသွင်းလို့ ဓားပျံအဖွဲ့ဆီ ဆက်သွယ်နိုင်အောင် ကူညီပေးနေကြတာပေါ့။ အကြံသမား ရဲမတ်အရာရှိမင်း လျို နဲ့ ချင် တို့ဟာ ကွက်ကျော်မြင်တတ်တဲ့ အရည်အချင်းရှိ အရာရှိတွေဖြစ်သလို ရှောင်မေ ဟာလည်း ဉာဏ်ထက်သ‌လောက် ဉာဏ်များလွန်းလှတဲ့ အလှပဂေးမလေးပါ။ ဒီလိုနဲ့ အသွင်ယူအရာရှိ ချင် နဲ့ ရှောင်မေ တို့က ဓားပျံဌာနချုပ်ရှိရာ မြောက်အရပ်ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ အရာရှိ လျို ကတော့ တိတ်တဆိတ် လိုက်ပါကူညီလျှက်ပေါ့။ ဒါပေမဲ့ ဂျင်ပေါ်က ထုံးတွေဖြစ်ကြသူတွေ ဖြစ်တာနဲ့အညီ အပြန်အလှန်လှည့်ကွက်တွေ၊ အသုံးချစတေးမှုတွေကြားမှာ လှပသလောက် နာကျင်ဖွယ် လွမ်းမောဖွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်တည်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.6 2004
House of Flying Daggers
Saturday Night

SNL ဆိုတဲ့ Saturday Night Live ကို မသိတဲ့လူဆိုတာ ခပ်ရှားရှားပါပဲ။ comedy တွေ sarcasm တွေနဲ့ ရောနှောပြီး လူတွေ စိတ်ဝင်စားအောင် တင်ဆက်နိုင်တဲ့ SNL ဟာ အမေရိကရဲ့ ထိပ်တန်းရှိုးတွေထဲက တစ်ခုပါ။ SNL ဖြစ်မလာခင်က ဒီရှိုးဟာ Saturday Night လို့ အမည်တွင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ SNL ရှိုး ထုတ်လုပ်သူနဲ့ ဖန်တီးသူဖြစ်တဲ့ Lorne Michaels ရဲ့ အဓိက ညတစ်ညဖြစ်တဲ့ 1975 ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပထမဆုံးသော Saturday Night show မတင်ဆက်ခင် နာရီပိုင်းအလိုက အခိုက်အတန့်တွေကို ရိုက်ကူးတင်ဆက်ထားတာပါ။ လူမသိသူမသိ အသက် ၂၀ ကျော်လူငယ်အဖွဲ့က NBC လို ရုပ်သံမှာ တိုက်ရိုက်တင်ဆက်မှာကို ဘယ်သူကမှ အထင်မကြီးသလို အမှောင့်အဖျက်များစွာလည်း ကြုံခဲ့ရပါတယ်။ ရှိုးစတော့မဲ့ 25 မိနစ်အလိုထိ ကမောက်ကမတွေဖြစ်၊ သရုပ်ဆောင်တွေက တစ်ယောက်တစ်ပေါက်၊ လူရွှင်တော်တွေက ရန်တွေဖြစ်၊ ရတဲ့ဇာတ်ကောင်ကို သဘောမကျလို့ ပုန်ကန်သူက ထပုန်ကန်နဲ့ ပွဲပျက်လုနီးပါး ဖြစ်ခဲ့တဲ့ အခြေအနေကနေ Saturday Night ဆိုတဲ့ ရှိုးကို Lorne Michaels တစ်ယောက် ဘယ်လိုဖြစ်မြောက်စေခဲ့လဲဆိုတာတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။ ပထမဆုံးရှိုးမှာ ပါဝင်ခဲ့တဲ့ လူတွေအဖြစ် Willem Dafoe, JK Simmons, Gabriel LaBelle, Dylan O’Brien, Cory Michael Smith, Ella Hunt အစရှိတဲ့ အနုပညာရှင် များစွာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Act Molemy

Comedy
0 2024
Saturday Night
Woman in the Dunes
8.5

Woman in the Dunes (1964) ~ IMDb – 8.5/10, Rotten Tomatoes – 100% ~ One of the Best Japanese Films of All Time လို့ သတ်မှတ်ခံခဲ့ရတဲ့ Woman in the Dunes ဟာ Kōbō Abe ရဲ့ နာမည်ကျော်ဝတ္တုကို ပြန်ရိုက်ထားတဲ့ Japanese New Wave ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Hiroshi Teshigahara ရဲ့ နာမည်အကျော်ဆုံးရုပ်ရှင်လည်းဟုတ်တယ်။‌ နောက်ထပ်နာမည်ကျော်အနေနဲ့တော့ The Face of Another (1966) ကိုလည်း သူရိုက်ခဲ့ဖူးတယ်။ ဒီ၂ကားဟာ ဂျပန်ရုပ်ရှင်လောကရဲ့ အကောင်းဆုံးတွေထဲ မပါမဖြစ်တွေလို့တောင် ပြောလို့ရတယ်။ ဇာတ်ကတော့ ဘာမှမပါသလောက်တော်တော်ရိုးရှင်းတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဇာတ်အိမ်တည်ထားရာနေရာနဲ့ ဇာတ်လမ်းဇာတ်အိမ်က မတွေးစဖူးလောက်အောင် ထူးခြားတယ်။ အင်းဆက်တွေကို ဝါသနာအရ လေ့လာစုဆောင်းတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်။ အဲဒီကျောင်းဆရာက သဲပြင်အတိနဲ့ နေရာတစ်နေရာကို ရောက်လာပြီး အဲဒီနေရာက အင်းဆက်တွေကို လာလေ့လာတယ်။ ဒီလိုနဲ့အိမ်ပြန်ရမယ့်အချိန်မှာ ဘတ်စ်ကားချိန်မမီတော့လို့ သဲသောင်ရွာလေးမှာပဲ တစ်ညအိပ်လိုက်ရတယ်။ ဆန်းတာက အဲဒီရွာက သူတည်းတဲ့အိမ်က သဲပေါ်မှာဆောက်ထားတာမဟုတ်ဘဲ သဲကျင်းကြီးထဲ ဆောက်ထားတာ။ ကြိုးလှေကားနဲ့ သဲကျင်းကြီးထဲဆင်းပြီး အိမ်ထဲဝင်ရသလို အိမ်ထဲမှာလည်း တအိအိပြုတ်ကျနေတဲ့ သဲတွေရဲ့ ရိုက်ခတ်မှုကိုခံရတယ်။ ဒီလိုနဲ့ သဲကျင်းကြီးထဲ အဲဒီလူရယ် အိမ်ရှင်မိန်းမရယ် နှစ်ယောက်သား တစ်ညအိပ်ခဲ့ကြတယ်။ ညဘက်မှာ အိမ်ရှင်မိန်းမက သဲတွေကို ဂေါ်ပြားနဲ့ကျုံးပြီး ခြင်းထဲထည့်တယ်။ ကျင်းပေါ်က ရွာခံတွေက ကြိုးနဲ့ပုံးကိုဆွဲတင်ပြီး သဲတွေခပ်ထုတ်ပေးတယ်။ သဲတွေထပ်များလာပြီး သဲကျင်းထဲ အိမ်မမြုပ်သွားအောင် သူတို့တွေနိစ္စဓူဝလုပ်နေရတဲ့လုပ်ရင်တစ်ခုပေါ့။ တောင်ကုန်းကြီးပေါ်ကနေ ကျောက်တုံးကြီးကိုတွန်းချလိုက် ပြန်တွန်းတင်လိုက်လုပ်နေရတဲ့ စစ္စီဖစ်ရဲ့ဒဏ္ဍာရီလိုပေါ့။ မနက်မိုးလင်းတော့ အိမ်ရှင်မိန်းမက ဘာအဝတ်မှမပါဘဲ အိပ်နေတယ်။ ဒီမိန်းမကိုကြည့်နေရတဲ့ သူလည်း အမျိုးအမည်မသိတဲ့ဝေဒနာကိုသိမ်းပြီး အိမ်ပြန်ခရီးစဖို့ပြင်တယ်။ ဒါပေမဲ့ သဲကျင်းထဲ သူဆင်းလာခဲ့တဲ့ ကြိုးလှေကားက မရှိတော့ဘူး။ သဲကျင်းပေါ်တက်ဖို့ကြိုးစားပေမဲ့ သဲတွေဆိုတော့ တက်ဖို့လုပ်လိုက် ပြုတ်ကျလိုက်နဲ့ သူဘယ်လိုမှတက်မရဘူး။ ဒီလိုနဲ့ သူနဲ့အဲဒီမိန်းမ အဲဒီသဲကျင်းကြီးထဲ ဘယ်လောက်ကြာအောင် ဘယ်လိုပိတ်မိနေမလဲ။ သူကရော လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုပြထားတယ်။ ဇာတ်ကတော့ ဒါပဲပေမဲ့ ဒီသဲကျင်းနဲ့ ဒီသဲကျင်းနဲ့လူရဲ့ အဖြစ်သနစ်တွေဟာ ကျွန်တော်တို့နေထိုင်နေတဲ့ ရုပ်ဝတ္တုလောကကြီးနဲ့ ကျွန်တော်တို့ရဲ့အဖြစ်ကို နိမိတ်ပုံယူထားတယ်လည်း ဆိုကြတယ်။ ဒါလည်းပမာတစ်ခုပေါ့။ အဓိပ္ပာယ်ကတော့ ကောက်ချင်သလိုကောက်ရမှာပါပဲ။ ဘာအဓိပ္ပာယ်မှမကောက်လည်းပဲ အလိုလိုတစ်ခုခုတော့ရောက်လာမှာပါပဲ။ Woman in the Dunes ဟာ သူ့ခေတ်သူအခါအနေနဲ့ရော အခုရောက်နေတဲ့ ခေတ်အဆက်ဆက်အထိရော ဂျပန်ရုပ်ရှင်အနေနဲ့ရော ကမ္ဘာ့ရုပ်ရှင်အနေနဲ့ရော ထူးခြားတဲ့ရုပ်ရှင်ဖြစ်နေတုန်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.65GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Satire, Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.5 1964 147 mins
Woman in the Dunes
Brutal Heat Brutální vedro
4.4

Brutal Heat (2023) IMDb Rating (4.4) လူသားတွေဟာ အခက်အခဲဒုက္ခတွေနဲ့တွေ့ကြုံလာရရင် သိမ်မွေ့နူးညံ့တယ်ဆိုတဲ့ အပြုအမူတွေမရှိတော့ဘဲ အဆင်ပြေပြေရှင်သန်နိုင်ဖို့အတွက် သင့်၏ မသင့်၏ မစဉ်းစားနေတော့ဘဲ ဦးနှောက်ကနေ ပေါ်လာတဲ့အတိုင်း ထင်ရာစိုင်းလုပ်တတ်လေ့ရှိပါတယ်။ ဒါကို ဒီ “Burning Heat” ဆိုတဲ့ ကားထဲမှာ တွေ့ရမှာပါဒီရုပ်ရှင်ကားထဲမှာဆိုရင်တော့ နေအပိုင်းအစတစ်ခုဟာ ကမ္ဘာဂြိုလ်နားနီးကပ်လာပြီးတော့ လှည့်ပတ်နေတာကြောင့် ကမ္ဘာကြီးဟာ ပုံမှန်ထက်အများကြီးပူလောင်လျက်ရှိပါတယ်။ ဒါကြောင့် ကမ္ဘာမြေပေါ်မှာနေထိုင်ကြတဲ့လူတွေဟာလည်း ဒီပူလောင်တဲ့ဒုက္ခကနေ ခဏတာဖြစ်ဖြစ်ကင်းဝေးဖို့ဆိုပြီး စိတ်ထဲထင်တာတွေအကုန် ဘာမှမစဉ်းစားဘဲ လုပ်လာကြပါတယ်။ အဲဒီထဲကမှ ဗင်းဆန့်ဆိုတဲ့လူငယ်လေးဟာ ရာသီပူလောင်လို့ စိတ်ညစ်ရသလို ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေတာကြောင့် တစ်နေ့မှာ သူ့သူငယ်ချင်း တွေ ပါတီစုဖွဲ့လုပ်နေတဲ့ အဝေးက သစ်သားအိမ်လေးဆီကို စိတ်ထွက်ပေါက်အဖြစ်နဲ့ ခရီးစထွက်လာခဲ့ပါတယ်။ ဒီခရီးလမ်းတလျှောက်မှာပဲ လူအမျိုးမျိုးကိုတွေ့ကြုံလာရပြီး ဘယ်လိုအခက်အခဲတွေ ကြုံတွေ့လာရမလဲဆိုတာနဲ့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုအဖြေရှာကြည့်လိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Fiona Spalko ဖြစ်ပါတယ်။) File size…(1.6 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:13:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Fiona Spalko

4.4 2023 73 mins
Brutal Heat Brutální vedro
Over the Border
6.5

Over the Border (2006) ************************** “Over the Border” (မူရင်းနာမည်: Gukgyeongui namjjok) ဆိုတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးလာရတဲ့ မိသားစုတစ်စုရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စိတ်ထိခိုက်ဖွယ်ရာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Ahn Pan-seok ရိုက်ကူးပြီး‌တော့ သရုပ်ဆောင်‌တွေအနေနဲ့ ချာဆွန်းဝမ်၊ ဂျိုယီဂျင်းနဲ့ ရှင်းဟယ်ဂျင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း *************** မြောက်ကိုရီးယားက ပြည်နယ်သံစုံတီးဝိုင်းမှာ Horn တီးမှုတ်တဲ့ ဂင်ဆွန်းဟို (ချာဆွန်းဝမ်) ဟာ သူ့မိသားစုနဲ့အတူ ငြိမ်းချမ်းစွာ နေထိုင်ရင်း ချစ်ရတဲ့ ယွန်းဟွာ (ဂျိုယီဂျင်း) နဲ့ အနာဂတ်ကို ပုံဖော်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာရှိတဲ့ ဆွန်းဟိုရဲ့အဘိုးဖြစ်သူနဲ့ စာအဆက်အသွယ်လုပ်တာကို မြောက်ကိုရီးယား လျှို့ဝှက်ဝန်ဆောင်မှုဌာနက သိရှိသွားတဲ့အခါ သူတို့မိသားစုဟာ အဘိုးရှိရာ တောင်ကိုရီးယားကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ တောင်ကိုရီးယားကို ခက်ခက်ခဲခဲ ရောက်ရှိလာပြီးနောက် အဘိုးဖြစ်သူက ဆုံးပါးသွားခဲ့ရာ ဆွန်းဟိုတို့ မိသားစုဟာလည်းအရာအားလုံးကို အစကနေ ပြန်လည်တည်ဆောက်ရပါတော့တယ်။ မြောက်ကိုရီးယားမှာ ချန်ထားခဲ့ရတဲ့ ချစ်သူယွန်းဟွာကိုလည်း တောင်ကိုရီးယားကို ခေါ်ဆောင်လာဖို့ ကြိုးစားပုံ၊ မိသားစုဝင်တွေကြားက ပဋိပက္ခတွေနဲ့ ကိုရီးယားနိုင်ငံ နှစ်ခြမ်းကွဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လူမှုရေးရှုထောင့်ကနေ ပုံဖော်ပြသထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ “Over the Border” ဟာ ဒရာမာဆန်ပြီး စိတ်ခံစားမှု ပြင်းထန်တဲ့ ဇာတ်ကားကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 2.77 GB/ 922 MB Quality – WEB-DL 1080p/ 720p Duration – 1h 49m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet

Comedy • Drama
6.5 2006 109 mins
Over the Border