YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lotus.Leaf.Roof.S01E02.720p.CM.mp4

257.64 MB 720p video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
It's a Wonderful Binge
5.1

Holiday Comedy အမျိုးအစား​လေးဖြစ်ပြီး Heavy မဟုတ်ပဲ ပေါ့​​ပေါ့ပါးပါး​ ကြည့်ရတာကြိုက်တယ့် ညိုကီတို့အတွက် Recommend ​ပေးပါတယ် ။ အရက် မူးယစ်​ဆေး ​သောက်စားတာ ဒုစရိုက်မှုတစ်ခုလို ဖြစ်​နေတဲ့ကမ္ဘာမှာ မူးမူး ကွဲကွဲ ပြဲပြဲ လုပ်ချင်တာလုပ်လို့ရတဲ့ The Binge ပွဲရိုးရာ ခရစ္စမတ်​နေ့မှာ​... ​ရှေးရိုးစွဲ အ​မေနဲ့ ​ထောင်​ပြေးဦး​လေးတို့ ရဲ့ သမီး တူမ Kimmi, မျိုးရိုးတစ်ခုလုံး ​​မွေးစားခံရတာနဲ့ တည်​ဆောက်ထားတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ Sarah, Sarah ကို လက်ထပ်ခွင့်​တောင်းဖို့ စီစဥ်ရင်း လက်စွပ်​ပျောက်သွားတဲ့ Hag, အ​ဖေနှစ်​ယောက်နဲ့ အ​မေတစ်​ယောက်တို့ရဲ့ သား Andrew တို့ရဲ့ကြုံ​တွေ့ရမယ့် ပြဿနာ​တွေကို ဟာသဆန်ဆန် ရိုက်ထားတာ​လေးကို ကြည့်ရင်း ရီရီ​မော​မောပဲ ဖြတ်သန်းရမှာ ​သေချာ​ပေါက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB နဲ့ Tissue တို့မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 870MB Quality - 1080p, 720p Format - mp4 Duration - 1H 38Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by DB & Tissue Encoded by Y

Action • Crime • Thriller
5.1 2022 99 mins
It's a Wonderful Binge
The Banshees of Inisherin
7.5

ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ပြည်တွင်းစစ်ပြီးဆုံးခဲ့တာပါ။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ကွမ်ဆိုတဲ့သူနဲ့ ပက်ဒရစ်ဆိုတဲ့သူဟာ အင်နီရှဲရင်ဆိုတဲ့ ကျွန်းကလေးပေါ်က ရွာလေးတစ်ခုမှာ အတူနေထိုင်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွမ်ဟာ ရုတ်တရက်ကြီး ပေါ့ဒရစ်ကို အပေါင်းအသင်းမလုပ်ချင်တော့ဘူးဆိုပြီးအဆက်အသွယ်ဖြတ်သွားပါတယ်။ ဘာကြောင့်မှန်းလည်းမသိတဲ့ ပေါ့ဒရစ်က ကွမ်နဲ့စာရှင်းရှင်းဖို့ ကြိုးစားရင်း ပြဿနာတွေပိုပိုရှုပ်လာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အရမ်းကို မုန်းတီးလာပေမဲ့ အပြင်လူနဲ့ အရေးကြုံရင်လည်း ကူညီတတ်ကြသလို တစ်ယောက်ရဲ့ တိရစ္ဆာန်လေးတွေကိုလည်း တစ်ယောက်က ချစ်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမုန်းတရားတွေကြောင့် ဘယ်လိုပျက်စီးရလဲဆိုတာကို Dark Comedyတွေရဲ့ ထုံးစံအတိုင်း ရယ်ရခက် ငိုရခက်နဲ့ ရိုက်ကူးပြသသွားတာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 710MB | 312MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Action • Crime
7.5 2022 114 mins
The Banshees of Inisherin
New Gods: Yang Jian
6.9

ဒီနေ့မှာဆိုရင် CM က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာ ရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေး တစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင် တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့ 《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲ မမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ 《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကို ဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ - “ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့ ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ် တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့ လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ် အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့ ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -” ❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ရင်ဆိုင်ကြရမလဲ ❐ အခက်အခဲတွေကို အတူတူကျော်လွှားနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ တရုတ်ကာတွန်းဇာတ်ကား ကောင်းလေး တစ်ကားပဲဖြစ်ပါတယ်ရှင် အခုပဲကြည့်ရှုလိုက်ရအောင်လားနော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Animation , Adventure , Fantasy Runtime : 2h 7min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama • Romance
6.9 2022 128 mins
New Gods: Yang Jian
Delta
5.6

ဒီရုပ်ရှင်ဟာ ဒယ်လ်တာလို့အမည်ရတဲ့ မြစ်ဝှမ်းမှာရှိတဲ့ တံငါသည်တွေနဲ့ ပိုင်နက်ကျူးကျော် ငါးခိုးဖမ်းသမားတွေအကြားက ပဋိပက္ခကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ အိုဆိုဟာ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို တည်ထောင်ထားပြီး ဒယ်လ်တာမြစ်ကို ဖလော်ရီယန်တွေရဲ့ အလွန်အကျွံငါးဖမ်းခြင်းကနေ ကယ်တင်‌ဖို့ကြိုးစားနေသူတစ်‌ယောက်ပါ။ တစ်ဖက်က ငါးခိုးဖမ်းတဲ့ ဖလော်ရီယန်တွေဘက်မှာတော့ ဒယ်လ်တာဒေသမှာကြီးပြင်းလာခဲ့တဲ့ အီလီယာဆိုတဲ့သူရှိပါတယ်။ အိုဆိုတို့အဖွဲ့ဟာ ဒယ်လ်တာမြစ်အတွင်း ရှော့ရိုက်ပြီး အများအပြားဖမ်းဆီးခံထားရတဲ့ ငါးအသေကောင်တွေကိုရှာတွေ့လာရမှ နောက်ကွယ်ကတရားခံကို လိုက်လံဖော်ထုတ်ရင်းကနေ တံငါသည်တွေနဲ့ ငါးခိုးဖမ်းသူတွေအကြား မထင်မှတ်ထားတဲ့ ပဋိပက္ခတွေဆက်လက်ဖြစ်ပွားလာပြီး ကာအူဆိုနဲ့ အီလီယာတို့နှစ်ဦး မြူတွေအုံ့မှိုင်းနေတဲ့ ဒယ်လ်တာဒေသမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်အိမ်ပိုင်းမှာ အားနည်းတယ်လို့ဆိုနိုင်ပေမယ့် စီနီမက်တစ်ရိုက်ချက်တွေကိုတော့ အားထည့်ထားပါတယ်။ အထူးသဖြင့် မြူအုံ့မှိုင်းနေတဲ့ မြစ်ဝှမ်းဒေသကို ဒရုန်းရိုက်ချက်တွေ၊ အေးစက်ထိုင်းမှိုင်းတဲ့ကာလာတွေနဲ့ ရိုက်ကူးပုံဖော်ထားတဲ့အပြင် အီတလီရုပ်ရှင်ဖြစ်တာကြောင့် အသစ်အဆန်းကိုစမ်းကြည့်ချင်တဲ့သူတစ်‌ယောက်ဆိုရင်တော့ သေချာပေါက်ကြည့်ရှုသင့်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

5.6 2022
Delta
Saw III Saw 3
6.2

Saw Collection ============== CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director’s cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။ Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ အောင်မြင်သွားခဲ့ပါတယ်။ Saw ဟာ ဘယ်လိုရုပ်ရှင်တွေလဲဆိုတာကိုတော့….(လူသာမန်ရဲ့ အညွှန်း နဲ့ညွှန်းခဲ့ချင်ပါတယ်။) ဆိုးဆိုးရွားရွား လူသတ်ပြတဲ့ဇာတ်ကွက်တွေ၊ သွေးထွက်သံယို ရာဇဝတ်မှုတွေကို အိပ်မက်ထဲအထိ သယ်ပိုးယူဆောင်ကာ လန့်နိုးတတ်သူတွေအတွက် SAW Series ကို လုံးဝ ရှောင်သင့်တယ်။ ကြည့်မိရင် ကာလတစ်ခုစာအထိ ရက်စက်တဲ့လူသတ်ပုံတွေကို မေ့နိုင်မှာမဟုတ်လို့ ဒီလိုဆိုရခြင်းပါ။ Horror ရုပ်ရှင်တွေကို စွဲကြည့်တတ်သူတွေကတော့ SAW ကို လုံးဝ လက်မလွှတ်ကြ။ ● Jigsaw ဆိုပြီး ရဲတွေက အမည်သညာပေးထားတဲ့ ကွင်းဆက်လူသတ်သမားရဲ့ ထူးခြားတဲ့စီမံမှုတွေကြား Jigsaw ရွေးချယ်ထားတဲ့လူတွေဟာ ရှင်သန်မှုအတွက် ပါဝင်ကစားကြရတယ်။ ကစားကွင်းနယ်မြေကို Jigsaw က ရွေးချယ်ထားတာဖြစ်ပြီး ပါဝင်ကစားသူတွေဟာလည်း နိုးလာတာနဲ့ သူ့ကစားကွင်းထဲကို ရောက်နေကြရတာ ဖြစ်တယ်။ ထူးခြားတာက ဒီကစားပွဲမှာ ရှုံးရင် အသက်တွေ ပေးအပ်ကြရတာ။ Jigsaw ဟာ သူ ရွေးချယ်လိုက်တဲ့လူတွေကို မေ့မြောနေတဲ့အချိန်မှာကတည်းက သတ်ဖြတ်ပစ်လိုက်လို့ရပေမယ့် မသတ်ဘူး။ သူ့ရည်ရွယ်ချက်က ကိုယ့်အသက်ရှင်သန်မှုအတွက် ကိုယ်တိုင် ပါဝင်ပြီး ရွေးချယ်ဆုံးဖြတ်ကြစေလိုတာပဲ။ သူက တိကျတဲ့အချိန်တွေ သတ်မှတ်ပေးတယ်။ ရွေးချယ်ခွင့်တွေ ပေးတယ်။ လိုအပ်တဲ့တန်ဆာပလာတွေ ပေးတယ်။ ပေးထားချက်တွေကို ကိုယ် တတ်စွမ်းသမျှနဲ့ ဆောင်ရွက်ရင် အသက်ရှင်မယ်။ (တချို့သော ခန္ဓာကိုယ်အစိတ်အပိုင်းတွေတော့ ဆုံးရှုံးကောင်း ဆုံးရှုံးမယ်။) ပါဝင်ကစားရတဲ့သူတွေကလည်း အဆက်အစပ်မဲ့သူတွေ မဟုတ်ကြ။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ဘဝမှာ ပတ်သက်ဖူးသူတွေကို ကွင်းတစ်ခုထဲ ချထားပေးသလို သူက ရွေးချယ်ထားတာ။ လူဖြစ်မှုနဲ့ပတ်သက်ပြီး Jigsaw ခံယူထားတာက ” ကိုယ့်ရှင်သန်မှုကို တန်ဖိုးထား တွယ်တာမှ လူဟာ ရှင်သန်နေထိုင်သင့်တယ် ” ဆိုတာပဲ။ ဒီ့အပြင် Jigsaw ဖော်ပြလိုတဲ့တခြားသောအရာတွေ ရှိသေးတယ်။ အထူးသဖြင့် ကလဲ့စားချေလိုမှုနဲ့ ခွင့်လွှတ်မှုပေါ့။ နောက် မိသားစုဘဝနဲ့ ရွေးချယ်ထားတဲ့အလုပ်ပေါ် တန်ဖိုးထားမှု။ Jigsaw ဆိုတဲ့ ကွင်းဆက်လူသတ်သမား ဖြစ်ပေါ်လာရခြင်းအကြောင်းကလည်း စိတ္တဇလူသတ်သမားတွေဖြစ်ပေါ်လာတတ်တဲ့အကြောင်းရင်းတွေအတိုင်းပါပဲ။ သို့သော် Jigsaw ရဲ့ ကြိုတင်စီမံမှုတွေကကျ တခြားလူသတ်သမားတွေထက် အဆင့်မြင့်တယ်။ မြင်နေကျ သာမန်သတ်ဖြတ်မှုပုံစံတွေလည်း မဟုတ်။ ရက်စက်လွန်းတဲ့သတ်ဖြတ်မှုပုံစံတွေဆိုတာကိုတော့ ပုံတွေ ကြည့်ရုံနဲ့တင် ခန့်မှန်းလို့ ရပါလိမ့်မယ်။ ● ကမ္ဘာပေါ်မှာ သမ္မာကျမ်းစာ စာအုပ်တွေပြီးရင် ရောင်းအကောင်းဆုံးဖြစ်တဲ့စာအုပ်တွေက ဖြစ်ရပ်မှန် ရာဇဝတ်မှုတွေအကြောင်းကို ပုံတွေနဲ့တကွ သေသေချာချာ ဖော်ပြ ရေးသားထားတဲ့စာအုပ်တွေပါတဲ့။ ဒီရုပ်ရှင်ဟာ အဲဒီလို လူတွေ အကြိုက်ဆုံးရုပ်ရှင်တွေထဲက တစ်ခုလို့ ဆိုကြတယ်။ တချို့လူတွေမှာ ဒီလိုအကြောင်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခု ရှိတယ်။ ဒီလိုရက်ရက်စက်စက် ပြကွက်တွေ၊ ရေးသားချက်တွေကို လူတွေက ဘာလို့ကြိုက်ကြတာလဲ တဲ့။ စိတ်ပညာရှုထောင့်အရတော့ လူမှာ အမြဲဒွန်တွဲနေလေ့ရှိတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်မျိုးအရ ဒီလိုကားတွေကို တချို့တွေ ကြိုက်ကြတာလို့ ဆိုတယ်။ လူဟာ သူတော်စင်လုပ်မလား၊ မကောင်းဆိုးဝါးလုပ်မလားဆိုတာကို ကိုယ်တိုင် ဆုံးဖြတ်ကြရတာပဲ။ သူတော်စင်ဘက် ယိမ်းသူက မကောင်းဆိုးဝါးကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ၊ မကောင်းဆိုးဝါးဘက် ယိမ်းသူက သူတော်စင်ကို ချိုးနှိမ်အုပ်ချုပ်ရာမှာ အောင်မြင်သူ။ တချို့တွေကတော့ သူ ဖြတ်သန်းနေရတဲ့ဘဝအခြေအနေအရ ဟိုဘက် ယိမ်းလိုက် ဒီဘက် ယိမ်းလိုက်ဖြစ်နေကြသူတွေ။ လူတွေဟာ ကိုယ်တိုင် လက်တွေ့ မလုပ်ရဲတာတွေကို စိတ်ကူးနဲ့ပဲ ပုံဖော်ကြရတယ်။ ကိုယ့်အပေါ် တစ်ခုခု မတရားကျူးလွန်ခဲ့သူကို လက်တွေ့ မှာ ပေါ်ပေါ်ထင်ထင် မသတ်ရဲကြပေမယ့် စိတ်ကူးနဲ့ နေ့စဉ် သတ်ဖြတ်နေသူတွေ၊ ဝဇီကံနဲ့ သတ်ဖြတ်နေသူတွေ မနည်းလှဘူး။ ဒီလူတွေကပဲ ဘဝမှာ ခံခဲ့ရတဲ့မတရားမှုတွေ၊ အဆင်မပြေမှုတွေကို ဖြေဖျောက်ဖို့အတွက် သူတို့လိုတွေးတဲ့တခြားစိတ်ကူးတွေကို ရှာဖွေကြတယ်။ နွားရိုင်းသတ်ပွဲလို သွေးထွက်သံယို ပွဲတော်တွေကို နှစ်သက်ကြတယ်။ လူချင်း ထိုးသတ်ကြတဲ့ပွဲတော်တွေဆီ သွားကြတယ်။ နောက်တော့ စာပေထဲက ရက်စက်မှုတွေဆီ ရောက်တယ်။ ရုပ်ရှင်ကတော့ ကိုယ့်စိတ်ကူးနဲ့ကို ရိုက်စရာမလိုတော့ဘူး။ (စာပေက ကိုယ့်ဘာသာ ပြန်ရိုက်နေရသေးတာကိုး။) ဒါရိုက်တာက ပြထားတဲ့အတိုင်း ရက်စက်မှုတွေကို လိုက်ပါခံစားရုံ၊ ရင်ထိတ်ရုံ၊ ကျေနပ်ရုံပဲ။ ဒီတော့ Horror ကြိုက်တယ်ဆိုရင် . . . Jigsaw က စောင့်နေကြောင်း ဆိုပါရစေလား။ -လူသာမန်- Saw ဇာတ်ကားများအားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/saw-collection/ ကြည့်ပါ။ Saw 3 (2006) အခုကားကတော့ Saw Franchise ရဲ့ တတိယမြောက်ကား။ ရှေ့နှစ်ကားရဲ့ Spoiler ပါနိုင်လို့ ရှေ့နှစ်ကားမကြည့်ရသေးရင် ဆက်မဖတ်ပါနဲ့တော့။ ဒီကားတွေက Spoiler ထိလို့ရှိရင် ကြည့်ရတဲ့ အရသာပျက်သွားတတ်တယ်။ Saw ရဲ့ ပထမကားကတော့ ရေချိုးခန်းတခုထဲမှာ နိုးလာတဲ့ လူနှစ်ယောက်နဲ့ စတင်ထားပြီး ကျနော်တို့ရဲ့ Jigsaw ကြီးစတင်ပွဲဦးထွက်လာတာလည်းဖြစ်တယ်။ အဲနောက်မှာတော့ Saw ll မှာ Jigsawက နာမည်ကြီးလာတဲ့အပြင် သူစမ်းသပ်တာခံရတဲ့သူတွေအရေအတွက်ကလည်း ပိုပြီး ကြီးမားလာခဲ့တယ်။ ပိုပြီးကြမ်းလာတာကတော့ ရဲတွေကိုပါမရှောင် သူ့ရဲ့ စမ်းသပ်မှုမှာထည့်လာတာပဲ။ အခု တတိယမြောက်ကားမှာတော့ ဒုတိယကားကနေ တိုက်ရိုက်အဆက်အနေနဲ့ ထွက်လာခဲ့တယ်။ ဒုတိယကားမှာ အဖမ်းခံခဲ့ရတဲ့သူကရော ဒီကားမှာ ဘယ်လောက်ထိအရေးပါမလဲ။ အခုကားမှာတော့ အစမှာ သံကြိုးတွေနဲ့ တုပ်နှောင်ထားခံရတဲ့သူတယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပေမယ့် ဗုံးပေါက်ကွဲမှုကနေ မလွတ်မြောက်ခဲ့ဘူး။ ပိုပြီး ထူးဆန်းတာက လွတ်မြောက်မယ့်လမ်းမထားတာပါပဲ။ Jigsaw ရဲ့ပုံစံတွေကနေ သွေဖယ်လာနေခဲ့တယ်။ အဲဒီအမှုကိုစုံစမ်းနေတဲ့ စုံထောက်တယောက်လည်း Jigsaw ရဲ့ ကစားပွဲထဲရောက်သွားခဲ့ရပြန်တယ်။ အဲနောက်မှာတော့ ဆရာဝန်တယောက်ဖြစ်တဲ့ လင်း ကို Jigsaw ဖမ်းခေါ်သွားခဲ့တယ်။ ဒုတိယကားမှာ Jigsaw က ကင်ဆာဝေဒနာနဲ့သေခါနီး ဖြစ်နေခဲ့တာကို သိကြပြီးပြီ။ အခု ဆရာဝန်ကိုရော ဘာလို့ ခေါ်လာခဲ့ရတာလဲ။ အဲလိုပဲ ဆရာဝန်ကိုသူ့အနားခေါ်ထားတုန်းမှာပဲ နောက်ထပ်စမ်းသပ်မှုတခုကလည်း ဆက်သွားနေခဲ့တယ်။အဲဒီစမ်းသပ်မှုကရော ဘာအတွက်လဲ။ Jigsaw ကရော ဘာတွေစီစဉ်ထားမှာလဲဆိုတာကို စိတ်ဝင်တစားကြည့်ရင်း လူတွေကိုပြောင်းလဲလို့ရနိုင်ပါ့မလား။ တကယ့်အသိတရားရနိုင်မယ့်လူတွေရော ရှိပါ့မလား။ ကိုယ့်ခံယူချက်နဲ့ကိုယ်သွားနေတဲ့လူတွေအကြောင်းကို တွေးတောနေရမယ့် တတိယကားပဲ ဖြစ်ပါတယ်။

Drama • History
6.2 2006
Saw III Saw 3
Alibi.com 2
6.5

Alibi.com ဆိုတာဘာလဲသိပါသလား။Alibi.com ဆိုတာ သင့်ရဲ့ပြဿနာတွေအကုန်လုံးကိုဖြေရှင်းပေးနိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ ကိုယ့်မှာဘယ်လိုပြဿနာမျိုးတွေရှိရှိ အလီဘိုင် အတုလုပ်ပြီး လိမ်ညာပေးပြီးတော့ အကုန်လုံးကိုဖြေရှင်းပေးနိုင်ပါတယ်။ အဲ့ဒီ အလီဘိုင်ကုမ္ပဏီရဲ့ပထမဆုံးဇာတ်ကားကိုတော့ ၂၀၁၇ မှာထွက်ရှိခဲ့ပြီး အခု ၂၀၁၃ မှာတော့ဒုတိယမြောက်ကားထွက်လာခဲ့ပါပြီ။ ပထမကားကတည်းကဝက်ဝက်ကွဲရယ်ရလို့ Rating ကောင်းကောင်းနဲ့ အားပေးမှုတွေအများကြီးရခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ အခုဒုတိယမြောက်ကားမှာလည်း IMDb Rating 6.5 နဲ့ပွဲထွက်လာပြီး အရင်ဇာတ်ရှိန်ကိုမကျအောင်ထိန်းထားနိုင်ဆဲဖြစ်ပါတယ်။ဒုတိယကားလေးမှာတော့ Alibi.com ကြောင့်ရည်းစားဖြစ်သူနဲ့ ဆက်ဆံရေးပြတ်ဆဲတော့မလိုဖြစ်သွားခဲ့တဲ့ တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဂရက်ကကုမ္ပဏီကိုပိတ်သိမ်းပြီးတော့ ချစ်ရသူနဲ့ပဲအတူတူနေနေပါတော့တယ်။ဒါပေမယ့် သူတို့နှစ်ယောက်လက်ထပ် တော့မဲ့အခါမှာတော့ အလီဘိုင်မဖြစ်မနေလုပ်ရမဲ့ ကိစ္စတွေပေါ်ပေါက်လာပြီး အရင်လိုအလီဘိုင်တွေ ပြန်လုပ်တဲ့အခါမှာတော့ဘယ်လိုအခွီတွေထပ်တွေ့ရဦးမလဲ ဆိုတာတော့ကိုယ်တိုင်ပဲကြည့်လိုက်ကြဖို့ Recommend ပေးလိုက်ပါတယ်။ File size…1.73GB / 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 28m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 88 mins
Alibi.com 2
More than Blue
6.1

ဒီဇာတ်ကားလေးကြည့်မယ်ဆိုရင်အရင်ဆုံးမျက်ရည်ခိုင်စေချင်မိပါတယ် ရှယ်ငိုရမယ့်ကားပါ အရင်ဆုံးအကြမ်းမျဉ်းအနေနဲ့ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာ 2009 ခုနှစ်မှာ ထွက်ရှိပြီးအရမ်းအောင်မြင်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင် More Than Blue ရဲ့ Remake ကားလေးဖြစ်ပြီး same title အနေနဲ့ပဲပြန်လည်ထွက်ရှိလာပါတယ် Chinese Box Office မှာ တလဝန်းကျင်ကို ထိပ်ဆုံးကရပ်တည်ခဲ့ပြီး 153 million ဝင်ငွေရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုနည်းနည်းပေးလိုက်ရအောင် အလွမ်းအဆွေးသီချင်းတွေ နားထောင်ဖူးကြလား… ဒီဇာတ်လမ်းထဲမှာလည်း အဆိုတော်တစ်ယောက်က နာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်း ကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင် သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို သိလိုက်ရတယ်… အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာ မိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့…. သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီး တစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်… မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကို ထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင်းသိလာမှာပါ…

Horror • Mystery
6.1 2018 106 mins
More than Blue
Getting Even with Dad

Getting Even with Dad (1994) IMDb – 4.9/10 Home Aloneရုပ်ရှင်တွေမှာ လူကြီးတွေကို ပညာပြခဲ့တဲ့ ကောင်ဆိုးလေးက ဒီရုပ်ရှင်မှာလည်း လူကြီးတွေထက် နှာတစ်ဖျားသာပြီး ဘယ်လိုတွေပညာပြမလဲကြည့်ရမှာပါ။ အမေဖြစ်သူ ကင်ဆာနဲ့ဆုံးပြီး အဒေါ်နဲ့နေတဲ့ တင်မီလေးတစ်ယောက် အဒေါ်ဖြစ်သူ ယောကျ်ားယူသွားလို့ အဒေါ်ရဲ့ ဟန်းနီးမွန်းခရီးမှာလိုက်ရင်း ပြဿနာရှာတဲ့အတွက် အဒေါ့်ယောကျ်ားငြိုငြင်မှုနဲ့အတူ ငယ်ငယ်ကတည်းက ပစ်ထားခဲ့တဲ့ အဖေဖြစ်သူရဲ့တိုက်ခန်းမှာ သွားနေရာကစပါတယ်။ အဖေဖြစ်သူကလည်း သူ ငယ်စဉ်ကတည်းက ထောင်နဲ့ ကူးချည်သန်းချည်လုပ်နေသူဖြစ်တဲ့အတွက် ကလေးဘ၀ကတည်းက အတူနေဖူးတာမရှိ။ ဒီမှာပဲ အဖေဖြစ်သူနဲ့ အတူနေရတဲ့ တစ်ပတ်တာကာလအတွင်း သားဖတွေကြား သံယောဇဉ်တွေနဲ့ အဖေဖြစ်သူလုပ်ထားတဲ့ ရာဇဝတ်မှုကို ဘယ်လိုတွေဝင်နှောင့်မလဲဆိုတာ ကြည့်ရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Crime, Family Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

Horror • Comedy
0 1994
Getting Even with Dad
You and Me / Ikaw At Ako
6.8

You and Me (2023) ဒီဇာတ်ကားလေးမှာ လူ့ဘဝရဲ့ဆည်းဆာနေဝင်ချိန်ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြတဲ့ အဖိုးနဲ့အဖွားတို့ရဲ့ လက်ရှိဆည်းဆာအချိန်ကာလ၊ သူတို့နှစ်ဦးရဲ့ သက်လတ်ပိုင်းအရွယ်မှာ မိသားစုဘဝတစ်ခု တည်မြဲနိုင်ဖို့အတွက် အချင်းချင်း သည်းခံအားတင်းရင်း ရင်ဆိုင်ဖြတ်ကျော်မှုတွေ၊ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်နဲ့ နားလည်ပေးမှုနဲ့ ဆက်လက်ညှိနှိုင်းလိုခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ဘဝအခက်အခဲစိန်ခေါ်ချက်ကို သရုပ်ဖော်ပြသထားပါတယ်။ ဒါ့အပြင် နွေရာသီတောတွင်းစခန်းချသင်တန်းကာလအတွင်းမှာ ဆုံတွေ့ကြတဲ့ ကလေးငယ်လေးနှစ်ဦးရဲ့ တစ်ဦးကိုတစ်ဦး တွယ်နှောင်ရစ်မိကြတဲ့ သံယောဇဉ်တွေကိုလည်း ဖော်ကျူးပြသထားပါတယ်။ သက်လတ်ပိုင်းအရွယ်မှာ ချစ်ရသူလက်တွဲဖော်ဆီကနေ ရယူချင်တဲ့ နားလည်ပေးမှုနဲ့ အချစ်၊ တစ်ဦးချင်းစီရဲ့ မညီမျှတဲ့ နားလည်သည်းခံပေးနိုင်မှုအတိုင်းအတာ၊ ချစ်နေကြဆဲဆိုပေမယ့်လဲ အတူတူ ဆက်မရှိနိုင်ကြတော့တဲ့ ချစ်သူနှစ်ဦးရဲ့ အချိန်တွေ၊ အတက်အကျ ခံစားချက်မျိုးစုံကို ပြန်ပြောင်းသတိရတွေးမိပုံနဲ့ ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ ဘဝနေဝင်ချိန် လက်တွဲဖော်အချစ်၊ ပိုင်ဆိုင်လိုစိတ်များတဲ့ လူငယ်သက်လတ်ပိုင်း အချစ်နဲ့ ကလေးငယ်ဘဝ သူငယ်ချင်းသံယောဇဉ်ကြီးမားကြပုံ စတဲ့ မတူညီတဲ့ ချစ်ခြင်းမေတ္တာပုံစံများကို အရွယ်သုံးမျိုးနဲ့ ဖော်ကျူးပြသထားတဲ့အတွက် မလွတ်တမ်းကြည့်ရှုခံစားသင့်တဲ့ ဖိလစ်ပိုင်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ်… Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 580MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

6.8 2023
You and Me / Ikaw At Ako
Respati
6.5

Respati (2024) IMDb Rating (6.5) သူတို့ဆီမှာရုံတင်နေစဉ်ကတည်းက တစ်တော့မှာနာမည်ကြီးနေခဲ့တဲ့ အင်ဒိုသရဲကားလေးရပါပြီ။ Assembly စီနေကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ သရဲတွေကိုမြင်နေရတဲ့ကျောင်းသားလေးတစ်ယောက်ဆီကို သရဲစုံတွဲလေထဲမှာမျောပြီးရွေ့လာတဲ့အခန်းကိုကြည့်ဖူးသူတွေမှတ်မိကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရတ်စ်ပါတီဟာ မိဘမဲ့ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူနေထိုင်ပါတယ်။ သူ့မိဘနှစ်ပါးသေဆုံးခဲ့ရမှုအပေါ်အပြစ်မကင်းသလိုခံစားချက်နဲ့အခုချိန်ထိ အိမ်မက်ဆိုးတွေနဲ့အတူ အိပ်မပျော်ရောဂါကိုပါခံစားနေရတဲ့သူဟာ တစ်စတစ်စနဲ့ တစ်ပါးသူတွေရဲ့အိမ်မက်တွေထဲကိုဝင်ရောက်နိုင်စွမ်းရှိတာကိုသိစပြုလာချိန် သူ့ဘေးပတ်ဝန်းကျင်မှာ ရက်စက်ပြီး တရားခံမပေါ်တဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။ အဲ့ဒီအချိန်မှာပဲသူခံစားနေရတဲ့ ဝေဒနာတွေကိုနားလည်တဲ့ သူ့လိုပဲ နာမ်လောကနဲ့အဆက်အသွယ်ရှိတဲ့ကျောင်းသူလေးတစ်ယောက် သူတို့ကျောင်းကိုပြောင်းလာတဲ့အချိန်မှာတော့ ရတ်စ်ပါတီ၊ သူ့သူငယ်ချင်းတာတာနဲ့ ကျောင်းသူသစ်လေး ၀ူလန်တို့သုံးယောက်ဟာ သူတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ထူးခြားဆန်းကြယ်တဲ့အဖြစ်တွေကို အဖြေရှာဖို့ကြိုးစားရင်း ထင်ထားတာထက်ကြောက်မက်ဖွယ်ကောင်းနေတဲ့ ရန်သူတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Indo horror တို့ထုံးစံဇာတ်လမ်းဇာတ်အိမ်ကောင်း၊ လှည့်ကွက်ကောင်းတွေနဲ့ ပရိသတ်စိတ်မပျက်စေရမယ့်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(1.6 GB) / (815 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:53:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

6.5 2024
Respati
Bookworm

Imdb 6.2 RT 90% Lord of the Rings ရုပ်ရှင်မှာ Frodo အဖြစ် လူသိများတဲ့ မင်းသား Elijah Wood ရဲ့၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မီးလ်ဒရစ်ဆိုတဲ့ အရွယ်နဲ့ မလိုက်အောင် တော်တဲ့ ၁၁ နှစ်အရွယ် စာကြမ်းပိုးမလေးဟာ သူ့အမေ မမျှော်လင့်ဘဲ ကိုမာဝင်သွားပြီးနောက် သူတစ်ခါမှ မတွေ့ဖူးတဲ့ အဖေ ဆိုသူနဲ့ တွေ့ကြပါတယ်။ သူ့အဖေဆိုသူက မအောင်မြင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ဖြစ်ပြီး မီးလ်ဒရစ်နဲ့လည်း ဘာဆိုဘာမှ မတူဘဲ သားအဖနှစ်ယောက် တွေ့တွေ့ချင်း အစေးမကပ်ဖြစ်ကြပါတယ်။ ဒါပေမဲ့ မီးလ်ဒရစ်မှာ သူ့အမေရဲ့ ဆေးရုံစားရိတ်အတွက် ပိုက်ဆံ ၅၀၀၀၀ တန်အကြံတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူတို့နယ်တစ်ဝိုက်မှာ နာမည်ကြီးနေတဲ့ ကျားသစ်နက်ကြီးရဲ့ ဓာတ်ပုံမှတ်တမ်းကို အရယူပေးနိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုမှ စတွေ့ရတဲ့ သူ့အဖေရဲ့ အကူအညီနဲ့ သားအဖနှစ်ယောက် တောနက်ထဲကိုကျားသစ်နက်ရှာပုံတော် ထွက်လာပါတော့တယ်။ သားအဖ နှစ်ယောက်ကြားက ကြည်နူးဖွယ် မေတ္တာဖွဲ့ ဇာတ်လမ်းလေးကို တောနက် စွန့်စားခန်းတွေနဲ့ ရောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(918 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… family, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Marco

Drama
0 2024
Bookworm
Philanthropy Filantropica
8.4

Philanthropy (2002) Filantropica IMDb Rating (8.4) / Rotten Tomatoes (90%) ယခုရုပ်ရှင်ကတော့ ရိုမေနီးယန်းရုပ်ရှင် လောက မှာ classic တစ်ခုအဖြစ်သတ်မှတ်ခံထားရတဲ့ ရုပ် ရှင်တစ်ခုဖြစ်ပြီး Dark Humor အမျိုးအစားဖြစ် ပါတယ်။ ဇာတ်လမ်းအကျဉ်းက တော့ ကျောင်းဆရာတစ်‌‌ ယောက်ဖြစ်တဲ့ Ovidiu တစ်ယောက် ကျောင်းသား တစ်ယောက်ရဲ့ အစ်မဖြစ်သူ မော်ဒယ်ကောင်‌‌မလေး ကိုကြွေမိသွားရာမှာ ကောင်မလေးအထင်ကြီးဖို့ အလွယ်နည်းနဲ့ပိုက်ဆံရှာရာမှာ ခွင်ကြီးတစ်ခုကို ချိတ်မိရာ ကနေစပါတယ်။ သို့ပေမယ့် ‌‌Ovidiu တစ် ယောက် ကိုယ်တိုင်ခြေလှမ်းတွေကိုကောင်းကောင်း မဖုံးတတ်တဲ့အခါ ပြသနာ တွေကပိုရှုပ်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yan Ni ဖြစ်ပါတယ်။) File size…(1.8 GB) / (950 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:49:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Yan Ni

Drama
8.4 2002 110 mins
Philanthropy Filantropica
Terrifier 3
7

နာမည်ကျော် ဟော်ရာ အခုတ်အထစ် ရုပ်ရှင်တွဲဖြစ်တဲ့ သုံးကားမြောက် Terrifier လာပါပြီ။ ဒါရိုက်တာကတော့ အရင်နှစ်ကားကို ရိုက်ခဲ့တဲ့ Damien Leoneပါပဲ။ ဒုတိယကားရဲ့ အကြီးအကျယ်အောင်မြင်မှုကြောင့် ရုပ်ရှင် ကုမ္ပဏီကြီးတွေက ငွေထုတ်ပေးဖို့ ကမ်းလှမ်းပေမဲ့ ဒါရိုက်တာက လက်မခံခဲ့ပါဘူး။ သူ့အပြောအရတော့ ရုပ်ရှင်ကုမ္ပဏီကြီးတွေနဲ့ သာဆိုရင် ပထမဆုံး ဇာတ်ဝင်ခန်းကိုတောင် သူ့ကိုရိုက်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဘာလို့လဲဆိုတာတော့ ရုပ်ရှင်ကြည့်ရင် တွေ့ပါလိမ့်မယ်။ သူရိုက်ချင်တာတွေကို တစ်ပြားသားမှ မလျှော့ဘဲ ရိုက်ဖို့ သူ့ပိုက်ဆံနဲ့သူ ထုတ်ရိုက်တဲ့ ဒါရိုက်တာပါပဲ။ အရင် စူပါဟီးရိုးကားတွေ ရုံတင်ကားတွေလို ကတ်ကြေးကို ဂရုမစိုက်ရတဲ့ ဒါရိုက်တာပါပဲ။ ပိုက်ဆံသက်သာအောင် အထူးပြု လုပ်ချက်တွေကိုပါ ကိုယ်တိုင်ဖန်တီးတတ်တဲ့သူလည်း ဖြစ်လို့ပါပဲ။ အသည်းငယ်သူတွေ နှလုံးမကောင်းသူတွေ မကြည့်ဖို့ သတိပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဒီဇာတ်လမ်းကတော့ ဒုတိယရုပ်ရှင်အပြီး ၅ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားတာပါ။ ဆီရန်နာတစ်ယောက် စိတ်ကျန်းမာရေး ဆေးရုံတွေ ဆက်တိုက်တက်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပြီး ပြန်လာချိန် သူ့ရဲ့အဒေါ် ဂျက်စ်ရဲ့အိမ်မှာ ခဏနေဖို့ ဆုံးဖြတ် လိုက်ပါတယ်။ သူ့ရဲ့မောင်လေး ဂျိုနသန်ကလည်း ကျောင်းမှာ အဆောင်နေနေတာပါ။ ခရစ္စမတ်ကာလမှာ မိသားစုတွေ စုံဖို့ စီစဉ်နေကြချိန်မှာပဲ လူပြက်အာ့ထ် နဲ့ သူ့ရဲ့အပေါင်းအပါတို့ ပြန်ပေါ်လာပြီး လူတွေကို တစ်ယောက်ပြီးတစ်ယောက် လိုက်လုပ်ရင်းနဲ့ ဆီရန်နာကို ဖျက်ဆီးဖို့ ကြိုးစားကြပါတော့တယ်။ File size…2.88GB / 1.11GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 5m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7 2024 125 mins
Terrifier 3
2nd Miracle in Cell No. 7
7.8

2nd Miracle in Cell No. 7 (2024) IMDb Rating (7.8) Miracle in Cell No. 7 ဟာ မူရင်းကတော့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး တော်တော်လေးအောင်မြင်မှုကြီးခဲ့တယ်။ မူရင်းကတော့ ကိုရီးယားက လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး တူရကီကား အိန္ဒိယကား အင်ဒိုကား ဖိလစ်ပိုင်ကားစသဖြင့် မျိုးစုံရိုက်ခဲ့တယ်။ မူရင်းကနေ နည်းနည်းစီတော့ ကွဲထွက်ကြပါတယ်။ တူရကီကားမှာတော့ ဇာတ်သိမ်းကောင်းအောင်ပြောင်းပေးထားခဲ့ပြီး အခု အင်ဒိုကားကတော့ ၂၀၁၉တုန်းကတော့ မူရင်းကားနဲ့ခပ်ဆင်ဆင်အတိုင်းပဲ ထုတ်ခဲ့ပြီး ၂၀၂၄မှာတော့ အစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတဲ့ ကျပ်မပြည့်တဲ့ ကလေးမလေးရဲ့အဖေသေသွားပြီးတဲ့နောက် ကလေးမလေးဘဝက ဆက်ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရယ်။ ထောင်သားတွေနဲ့ အဲဒီကလေးမလေးရဲ့ ရှေ့ဆက်ဆံရေးတွေရယ်။ နောက် ကလေးမလေးအဖေနဲ့ အမေရဲ့ အတိတ်အကြောင်းရယ်ကို ပြထားတယ်။ မူရင်းကိုရီးယားကားမှာတော့ ထောင်မှူးက မွေးစားခဲ့ပြီး နောက်ဆုံးမှာ ရှေ့နေဖြစ်လာတာကို တစ်ဖြတ်ပြသွားပေမဲ့ ကြားထဲက အဖြစ်အပျက်တွေကိုတော့ မပြခဲ့ဘူးဆိုတော့ အင်ဒိုဗားရှင်းက မူရင်း ကိုရီးယားကားရဲ့အဆုံးသတ်အတိုင်းဖြစ်မလာခင် ကြားက အခြေအနေတွေကို ရိုက်ပြထားတယ်ပြောလို့ရတယ်။ နာမည်ကြီးပြီးသားကားရဲ့ နောက်ဆက်တွဲအဖြစ်အပျက်တွေကိုမူရင်းကားကို သစ္စာမဖောက်ဘဲ ရိုက်ထားတာဆိုတော့ 2nd Miracle in Cell No. 7ဟာ ပထမ Miracle in Cell No. 7လို အားလုံးကို မျက်ရည်ထပ်ခြူဦးမယ့်ရုပ်ရှင်ပါပဲ။ အားလုံးကြိုက်ကြမယ့် ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Family Duration….02:27:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

7.8 2024 147 mins
2nd Miracle in Cell No. 7