YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lost You Forever S2 E16 720p WEB-DL CM.mp4

309.73 MB N/A video/mp4 59 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fantasy Magician
6.8

အေးချမ်းနေသလိုထင်ရတဲ့လောကကြီးမှာ လူသားတွေပဲနေထိုင်နေတာမဟုတ်ပါဘူး။ တစ်လျှောက်လုံးမှာ မိစ္ဆာကြီးငယ်တွေက လူယောင်ဆောင်ပြီး လူတွေကြားမှာရှင်သန်နေထိုင်နေခဲ့ကြပါတယ်။ ကောင်းတဲ့သူတွေရှိသလို ဆိုးသွမ်းတဲ့သူတွေလဲရှိပါတယ်။ ဒီအရာအားလုံးကိုစီစဉ်တကျဖြစ်အောင်ထိန်းသိမ်းပေးနေတာကတော့ လျို့ဝှက်ပြီးရပ်တည်နေတဲ့ဝုယင်ဂိုဏ်းဆိုတဲ့လျို့ဝှက်ဂိုဏ်းတစ်ခုပါ။ မိစ္ဆာမကြီးထျန်းရှဲဟာ မကောင်းဆိုးဝါးနတ်စွမ်းအင်ထိုက်ဆွေ့ကို အသုံးချပြီးမိစ္ဆာတိုင်းပြည်ကိုတည်ထောင်ဖို့ကြံစည်နေပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲထိုက်ဆွေ့ဟာဝူရင်းဆိုတဲ့ ကလေကချေတစ်ယောက်ရဲ့ကိုယ်ထဲကိုဝင်သွားပါတယ်။ ဝုယင်ဂိုဏ်းသားလေးဖုန်းရှောင်ရှောင်ကဝူရင်းကိုရှာတွေ့သွားပြီး ထိုက်ဆွေ့ကိုသူ့ကိုယ်ထဲကနေထုတ်ဖို့ကြံစည်ခဲ့ရာ ဝူရင်းက စိတ်ကူးပြောင်းသွားပြီး ထိုက်ဆွေ့ကိုထိန်းချုပ်ပြီး လောကကြီးကိုကယ်တင်မယ့် သူရဲကောင်းတစ်ယောက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ သာမန်လူသားဖြစ်တဲ့ဝူရင်းတစ်ယောက် ထိုက်ဆွေ့ရဲ့စွမ်းအားကိုထိန်းချုပ်နိုင်ပါ့မလား...... မိစ္ဆာခေါင်းဆောင်ကြီးထျန်းရှဲကိုရောဘယ်လိုအနိုင်ယူကြမလဲ...... ဝူရင်းနဲ့ဝုယင်ဂိုဏ်းသားဖုန်းရှောင်ရှောင်ကရောဘယ်လို ဇာတ်လမ်းတွေရှိခဲ့တာလဲဆိုတာ လှပဝေဆာတဲ့CGI Effect ကောင်းတွေနဲ့ စိတ်ဝင်တစ်စားကြည့်ရှုရမှာဖြစ်ပါတယ်။ ထိုက်ဆွေ့ကိုပုံဖော်ထားတာMCUရဲ့Venonနဲ့နည်းနည်းဆင်ပေမယ့် မတူညီတဲ့ဟန်နဲ့ဇာတ်လမ်းလေးမလို့ တစ်မျိုးတော့ကြည့်ကောင်းမှာသေချာပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Action • Drama
6.8 2020 84 mins
Fantasy Magician
After the Storm
7.2

Even After the Worst Storms , The Sun Will Shine Again. Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။ ၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ မင်းသားအမေလည်းတူတယ်။ အစ်မရှိတာလည်းတူတယ်။ မတူတာက Still Walking မှာ သူက အဓိကဇာတ်ကောင်ရဲ့ အဖေကို အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ဆရာဝန်အိုကြီးအနေနဲ့ ပြထားတယ်။ အဆုံး Narrative မှာ သူ့အဖေဆုံးသွားတဲ့အကြောင်းလည်း ထည့်ပြောထားတယ်။ After The Storm မှာကျ သူ့အဖေက ဆုံးသွားပြီ။ သူ့အမေတစ်ကိုယ်တည်းနေရတဲ့ဘဝကို သေချာပြထားတယ်။ မတူတော့တာက အဓိကဇာတ်ကောင်ရဲ့အဖေက ပထမကားထဲကလို ဂုဏ်သရေရှိဆရာဝန်လည်းမဟုတ်တော့ဘူး။ အမြော်အမြင်ရှိတဲ့လူလည်း မဟုတ်တော့ဘူး။ မိန်းမကို အမြဲဒုက္ခပေးနေတဲ့ လောင်းကစားသမားအဖေဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကာရိုက်တာက ဒီကားထဲ လုံးဝပါမလာဘူး။ အဖေနဲ့တူတဲ့ မင်းသားရဲ့အမူအကျင့်တွေကိုပြရင်းတစ်ဖုံ , မရှိတော့တဲ့လူတစ်ယောက်အကြောင်းပြောရင်းတစ်မျိုး လူတောင်မပါတဲ့ ဒီကာရိုက်တာကို ကောင်းကောင်းကြီးတော့ အသက်သွင်းသွားတယ်။ မိန်းကာရိုက်တာဖြစ်တဲ့ Hiroshi Abeနဲ့ သူ့အမေနေရာက သရုပ်ဆောင်တဲ့ Kirin Kikiရဲ့ Chemistryကလည်း ဒီကားကိုရော ပိုအသက်ဝင်စေတဲ့ အချက်ဆိုတာကို ဖယ်ထားလို့မရဘူး။ Still Walking မှာကျ ဇာတ်က တစ်ရက်တည်းပဲတည်ထားပြီး မိဘအိမ်ကို အလည်သွားကြတဲ့ သားသမီးတွေအကြောင်းနဲ့ နာမည်နဲ့လိုက်အောင် အငြိမ်ပဲ ရိုက်ပြသွားပေမဲ့ After The Storm မှာကျ နာမည်နဲ့လိုက်အောင်ပဲ ဘဝထဲဖြတ်တိုက်လာတဲ့ မုန်တိုင်းတွေအကြောင်းကို ရိုက်ပြသွားတယ်။ မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့ အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေတွေမြိုးမြိုးမြက်မြက်ရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။‌ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။ တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။ သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။ အဲဒီညရဲ့ မုန်တိုင်းပြီးသွားတဲ့အခါ နေပြန်သာတတ်တယ်ဆိုပေမဲ့ သူ့ဘဝရဲ့မုန်တိုင်းက ပြီးသွားလား နေရောပြန်သာလား တငွေ့ငွေ့နဲ့ ပြသွားတဲ့ ရုပ်ရှင်ပေါ့။ Koreeda ကားပီပီသသပဲ ဇာတ်အိမ်ကတော့ ရိုးရိုးလေးပဲ။ Still Walking မှာ Koreedaဟာ ကျွန်တော်တို့ကို အိမ်ပြန်ရောက်သွားအောင် လုပ်နိုင်ခဲ့သလို After The Storm မှာလည်း Koreedaဟာ ကျွန်တော်တို့ဘဝက အဆုံးအရှုံးတွေဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး အဆုံးအရှုံးတွေဆီကနေ ပစ္စုပ္ပန်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ ဘယ်လိုမှော်အစွမ်းနဲ့များ လုပ်လိုက်သလဲမသိပေမဲ့ ဟိုတစ်စ ဒီတစ်စ ဇာတ်ကွက်ကလေးတွေကို ဒီတိုင်းကြည့်နေရင်းနဲ့ကို ဇာတ်ကားအဆုံးသီချင်းအလာမှာ လူက ငိုချင်စိတ်ပေါက်လာတယ်။ ငိုလို့မရဘဲ ငိုချင်စိတ်ပေါက်နေတဲ့ တော်တော်ဆိုးဆိုးခံစားချက်ကြီးရလိုက်တယ်ပေါ့ဗျာ။ ခဏလေးပေါပြီး ပျောက်သွားတဲ့ ခံစားချက်မဟုတ်ဘဲ ၂နာရီဆက်တိုက်လောက်ကို အဲဒီလိုကြီးဖြစ်နေတုန်းပဲ။ အာရုံသာတခြားစီမပြောင်းပစ်ရင် ဒီထက်လည်းပိုကြာနိုင်တာပဲ။ မုန်တိုင်းက ပြီးသွားတယ်။ ရုပ်ရှင်လည်းပြီးသွားတယ်။ နေတော့ ပြန်သာပါလိမ့်မယ်။ အပျက်အစီးတွေကတော့ ကျန်နေတုန်းပဲ။ ပြန်တည်ဆောက်ရမှာပေါ့လို့ ဝိုင်းပြောကြလည်း တစ်ချို့အပျက်အစီးတွေက ဟေရာကလိုက်စ်တပ်ရဲ့ မြစ်ရေပဲ။ After The Stormဟာ နေသာမယ့်ရက်တစ်နေ့ဆီ ဆက်လျှောက်နေကြသူတွေရဲ့ အပျက်အစီးတွေ ပွေ့ပိုက်ရင်း ရှင်သန်ခြင်းအကြောင်းပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 819MB | 414MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Comedy • Drama
7.2 2016 117 mins
After the Storm
Notes on a Scandal
7.1

ဇာတ်လမ်း အကျဥ်း‌ပြောရင် အိမ်ထောင်ရေးကို ငြီးငွေ့နေတဲ့ ဆရာမနဲ့ လက်တည့်စမ်းချင် အသက်မပြည့်သေးတဲ့ကျောင်းသားကားပါ။ ဆရာမဟာ ငယ်ရွယ်လှပပေမယ့် အသက်ကြီးတဲ့ ယောကျာ်းနဲ့အိမ်ထောင်တစ်ခုတည်ဆောက်ထားသူဖြစ်ပြီး ကလေးတွေကို ထိန်းကျောင်းရင်း ဇနီးသည်တာဝန်၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကြားထဲနစ်မြှုပ်နေကာ ဘဝကိုငြီးငွေ့မှန်းမသိငြီးငွေ့နေရပါတယ်။ ဒီလိုနေထိုင်ရင်းနဲ့ပဲ စာသင်ကျောင်းတစ်ခုမှာ ဆရာမလုပ်ဖို့ရောက်ရှိသွားချိန် ၁၅နှစ်အရွယ်ကျောင်းသားလေးကြောင့် အနည်ထိုင်နေတဲ့ရင်ခုန်သံတွေ လှုပ်ခတ်လာပြီး အချစ်တွေတစ်ဖန်ဆန်းသစ်ခဲ့ရပါတယ်။ မဖြစ်သင့်မှန်းသိကြပေမယ့် သောက်လေငတ်မပြေနဲ့ ရှေ့ဆက်တိုးရင်းတိုးရင်းက... ဇာတ်လမ်းက ဒီတစ်ပုဒ်တည်းမဟုတ်သေးပါဘူး။ ဒီဖောက်ပြားမှုကို အခြေပြုပြီး ဆရာမအပေါ် ကူညီသယောင်ယောင်၊ အားပေးသယောင်ယောင်နဲ့တိတ်တဆိတ် မေတ္တာသက်ဝင်နေသူလည်းရှိပါသေးတယ်။ ကိုယ်ချစ်တဲ့သူကို အပိုင်သိမ်းဖို့ အကြံကြီးကြံရင်း၊ အချစ်ကြီးရင် အမျက်ကြီးပြီး မျက်ကန်းဘဝရောက်နိုင်တာကိုလည်း ရိုက်ကူးပြထားပါတယ်။ အချစ်ဟာ အသက်အရွယ်မရွေး၊ ကျားမမရွေးပေါက်ဖွားလာနိုင်သလို ပိုင်ဆိုင်လိုမှုတွေ၊ တပ်မက်မှုတဏှာတွေလည်း မျက်စိမရှိဘူးဆိုတာ ထုတ်ပြသွားတဲ့ဇာတ်ကားလေးပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 3.2GB, 920MB, 456MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 32mins Genre              : Drama, Romance, Crime Translated by Themes Encoded by Kinnov

Drama
7.1 2006 92 mins
Notes on a Scandal
Halloween Ends
6.2

ဟောလိုးဝင်းဆိုတဲ့ ရုပ်ရှင်တွေဟာ စုစုပေါင်း ၁၃ ကားတောင်ထွက်ရှိခဲ့တဲ့ ဂန္ဓဝင်ဟော်ရာကားတွေပဲဖြစ်ပါတယ်။ မျက်နှာဖုံးကြီးနဲ့ ဓားမြှောင်ရှည်တစ် ချောင်းနဲ့ မိုက်ကယ်မိုင်ယာစ်ရဲ့ ပုံရိပ်ဟာ ဟော်ရာကားတွေရဲ့ အထိမ်းအမှတ် တစ်ခုလို့တောင် ပြောလို့ရပါတယ်။ အခုလည်း ၂၀၂၂ ဟောလိုးဝင်းအတွက် တစ်ကားထွက်ရှိလာပါပြီ။ ဒီကားမှာတော့ မိုက်ကယ်မိုင်ယာစ်ရဲ့လက်က လွတ်ခဲ့တဲ့ မြေးအဘွားနှစ်ယောက်ရယ်၊ တစ်မြို့လုံးက မုန်းကြတဲ့ ကောင်လေးတစ်ယောက်ရယ်အကြောင်းကို အခြေခံထားပါတယ်။ လှည့်ကွက်နဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့ ပိုးစိုးပက်စက်တွေ လုပ်တာကို ကြည့် ချင်ရင်တော့ ဒီဟော်ရာရုပ်ရှင်က ကြည့်လို့အလွန်ကောင်းမှာပါပဲ။ ဒါရိုက်တာကလည်း ဟောလိုးဝင်း ၂၀၁၈ နဲ့ ၂၀၂၁ ရဲ့ ပရိုဂျူဆာပါပဲ။ ဒီတော့ အဆက်အစပ်လေးနဲ့ကြည့် ရမှာပေါ့။ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.43 GB) / (580 MB) / (320 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 51mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Mr.Anderson Encoder..........SWM

Comedy • Drama
6.2 2022 111 mins
Halloween Ends
Lamborghini: The Man Behind the Legend
5.9

2019 တုန်းက Ford vs Ferrari ရုပ်ရှင်ထွက်လာပြီးတဲ့ နောက် မှာတော့ အခု Lamborghini ထပ်မံထွက်ရှိလာပါပြီမို့ တင်ဆက် ပေးလိုက်ပါပြီ။ လန်ဘိုဂီနီဆိုပြီးဖြစ်အောင် ပြုလုပ်ခဲ့တဲ့ ဖရူချို လန်ဘိုဂီနီဟာဆိုရင် ၁၉၁၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ စစ်ထဲလိုက်ခဲ့ပြီး စက်ပြင်ပညာကိုသင်ယူခဲ့ရပါတယ်။ ဖရူချိုဟာ မိရိုးဖလာအလုပ်ဖြစ်တဲ့ စိုက်ပျိုးရေးကို မလုပ်ကိုင်လိုပဲ ထွန်စက်တွေကို ထုတ်လုပ်ချင်ခဲ့တာပါ။ ဒီလိုနဲ့ သူငယ်ချင်းဖြစ်သူ မက်သယ်အိုနဲ့ ကြိုးစားကြရင်း အခက်အခဲတွေ ကြားထဲမှ ထွန်စက်ထုတ်လုပ်တဲ့ လုပ်ငန်းကို ၁၉၄၈ ခုနှစ်မှာ စတင်နိုင်ခဲ့ပါတယ်။ သူထုတ်နိုင်ခဲ့တာက တစ်ခြားထွန်စက်တွေထက်စွမ်းရည်နှစ်ဆသာပြီး ဈေးပိုသက်သာတဲ့ထွန်စက်ပါ၊ နာမည်ကလည်း လန်ဘိုဂီနီဆိုတဲ့နာမည်နဲ့ပါ။ ပထမဆုံးထွန်စက်ပေါ်မှာတပ်ဆင်မယ့် လန်ဘိုဂီနီဆိုတဲ့ တံဆိပ်ပြားလေးရဖို့ အတွက် သူပေးဆပ်လိုက်ရတာကလည်း တန်ဖိုးကြီးပါတယ်။ ဖရူချိုဟာ ထွန်စက်တွေ၊ လေအေးပေးစက်တွေ၊ အပူပေးစက်တွေ ထုတ်လုပ်တဲ့လောကမှာ ကျင်လည်ရင်း ဖယ်ရာရီကားတွေတစ်စီးပြီးတစ်စီး သူဝယ်စီးထားနိုင်ခဲ့သလို၊ ကမ္ဘာကျော် လန်ဘိုဂီနီကားတွေထွက်လာဖို့ဆိုတာကလည်း ဖယ်ရာရီကား ကုမ္ပဏီကြောင့်ဆိုရင်မမှားပါဘူး၊ ဘာကြောင့်လဲဆိုတာတော့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းထဲမှာပဲ ကိုယ်တိုင်ခံစားကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin နဲ့ SWMမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) Ferruccio Lamborghini ဟာ 28 April 1916မှာ မွေးပြီး၊ 20 February 1993 မှာကွယ်လွန်ခဲ့ပါတယ်။ သူရဲ့အဖေကို သူပြောခဲ့တဲ့စကားအတိုင်းပဲ လူသေပေမဲ့ နာမည်မသေအောင် သူလုပ်နိုင်ခဲ့ပါတယ်။ File Size..........(1.4 GB) / (565 MB) / (330 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Leonard Lin Encoder..........SWM

Comedy • Romance
5.9 2022 97 mins
Lamborghini: The Man Behind the Legend
My Mighty Princess
6.8

Mighty Princess - အားကြီးတဲ့မင်းသမီးလေး..... မင်းသမီး Shin Min Ah ကိုဆိုရင်တော့မသိသူမရှိသလောက်ပဲဖြစ်ကြမျာပေါ့နော်။ ဒီတစ်ခါကားလေးကတော့ မင်းသမီးရှင်မင်းအာငယ်စဥ်ကရိုက်ကူးခဲ့တဲ့ Action Fantasy ကားကောင်းလေးပဲဖြစ်ပါတယ်။ ဂန်ဆိုဟီးဟာ သာမန်ထက်ပိုပြီး အားမတန်တဆကြီးနေတဲ့အတွက် လူတွေရဲ့အမြင်မှာ နုနယ်ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်လို့ မထင်ချင်စရာဖြစ်နေပါတယ်။ ကိုယ့်ဘက်ကကြိတ်ကြိုက်ရတဲ့ ကောင်လေးတစ်ယောက်ရှိလာချိန်မှာတော့ ဆိုဟီးတစ်ယောက် သူ့ကိုသာမန်ထက်ပိုပြီး အားကြီးနေစေတဲ့ မိသားစုအမွေအနှစ်ကို စွန့်ပစ်ဖို့ဖြစ်လာပါတော့တယ်။ ကိုယ်ခံပညာကိုဆက်မကျင့်တော့တဲ့ဆိုဟီးအတွက် ဘယ်လိုအခက်အခဲတွေကြုံလာမှာလဲ?... ..သဘောကျရတဲ့ crush လေးနဲ့ရောအဆင်ပြေသွားမှာလား...? ဆိုဟီးကို ကိုယ်ခံပညာပြန်လေ့လာအောင်ဆွယ်ဖို့ ရုတ်တရက်ရောက်ချလာတဲ့ ငယ်သူငယ်ချင်းလေးကရော ဘယ်လိုလျှို့ဝျက်ချက်တွေရှိနေမှာလဲ? ကိုယ်ခံပညာတွေရဲ့နောက်ကွယ်မှာ ဘယ်လိုနက်နဲတဲ့ဇာတ်ကြောင်းတွေရှိနေသေးဦးမလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီကားလေးမှာ recommend ပေးချင်တာလေးတွေကတော့ ဇာတ်ဝင်တေးလေးတွေ နောက်ခံတီးလုံးလေးတွေအရမ်းကောင်းတဲ့အပြင် ဇာတ်အိမ်လေးက တမူထူးခြားနေတာလေးပါပဲ။ တရုတ်ကိုယ်ခံပညာကို ကျောရိုးခံထားတဲ့ ဇာတ်ကြောင်းမို့လို့ Kdrama fan တွေရေ တရုတ်ရာဇဝင်ကားကြိုက်တဲ့လူတွေရော မလွတ်တမ်းကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။ File Size : (2.2GB) (1.02 GB) and (417MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Action ,Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wut Yi Encoded by Phyo Pyae

Comedy • Family • Fantasy • Romance
6.8 2008 122 mins
My Mighty Princess
Spiderhead
5.8

IMDb Rating 6.2/10 Thor မင်းသား Christ Hemsworth ဦးဆောင်ပါ၀င်ထားပြီး၊ Miles Teller လည်း ပါဝင်တဲ့ Netflix ရဲ့ရုပ်ရှင် အသစ်လေးထွက်လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ သေဒဏ်ချခံထားရပြီး ဘ၀ဆုံးနေတဲ့ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် စပိုက်ဒါဟက်ဆိုတဲ့ ဆေးဝါးထိန်းချုပ်ရေးပရိုဂရမ် တစ်ခုမှာ စေတနာ့၀န်ထမ်းလုပ်ကြပါတယ် ။ ဒီပရိုဂရမ်ကို ဦးဆောင်တဲ့ သူကတော့ စတိဗ် အက်ဘနက်စ်ကိ( Chris Hemsworth ) ပါ ။ ဒီအကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ် လေ့လာရင်း N-40 ဆိုတဲ့ ပီယ ဆေးဝါးအသစ်ကို ဆန်းသစ်တီထွင်ကြပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီစပိုက်ဒါဟက်အကျဉ်းထောင်နဲ့ ကျွန်းကြီးမှာ မထင်မှတ်ထားစရာတွေကလည်း အများကြီး စောင့်မျှော်လို့နေသေးတာမို့ ဆက်လက်အားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Mr.Anderson, Chit Tee တို့ဖြစ်ပါတယ်။) File Size..........(1.05 GB) / (576 MB) / (319 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 46mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator.......Thiha Yan Naing, Mr.Anderson, Chit Tee Encoder..........SWM

Drama • Thriller
5.8 2022 106 mins
Spiderhead
The Hundred-Foot Journey
7.3

The Hundred-Foot Journey(2014) ******************************* အစားအသောက်တွေက ကျွန်နော်တို့ဘဝရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေလား... ဒါမှမဟုတ် ကျွန်နော်တို့ဘဝတွေကို နီးစပ်စေခဲ့တဲ့ အကြောင်းတရားများလား... ပေ ၁၀၀ သာ အကျယ်ရှိတဲ့ လမ်းတစ်ဖက်တစ်ချက်က မတူညီတဲ့ ယဉ်ကျေးမှု၊ စရိုက်တွေက ပေါင်းစပ်စေခဲ့တာကရော ဘာတွေများလဲ.... ဒီဇာတ်ကားမှာ ပြင်သစ်နယ်မြို့လေးရဲ့ အလှအပတွေနဲ့ အစားအသောက်တွေကို တဝကြီး ကြည့်ရမှာဖြစ်ပါတယ်... ပြင်သစ်က စိန့်အန်တိုနင်မြို့ကလေးကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးမှာ ပြင်သစ်အစားအသောက်တွေနဲ့ မီချယ်လင်းစတားရရှိဖို့အတွက်ကလွဲ တခြားဘာမှ မျှော်လင့် မထားတော့တဲ့ မာနကြီးအဖွားအိုကြီးနဲ့ စိတ်ဆတ်တဲ့ အဖိုးအိုကြီးကြားက ပေတစ်ရာသာလှမ်းတဲ့ လမ်းကလေးက ဘယ်လိုမျိုးနီးစပ်သွားမှာလဲ ငယ်စဉ်ကတည်းက အရသာကောင်းကောင်းခံတတ်တဲ့ ကလေးတစ်ယောက် စာဖိုးမှုးဖြစ်လာတဲ့အခါ ဥရောပကိုရောက်လာတဲ့အခါ အနောက်တိုင်းအစားအစာတွေနဲ့ ဘယ်လိုမျိုးနီးစပ်သွားမလဲ.... ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်လှတဲ့အတွက် အချက်အပြုတ်တွေစိတ်မဝင်စားရင်တောင်မှ ကြည့်သင့်တဲ့ကားလေးဖြစ်ပါကြောင်း....... File Size :(2.2GB) and (865MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…02:02:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wunna Encoded by Phyo Pyae

Action • Crime
7.3 2014 122 mins
The Hundred-Foot Journey
Deep in the Forest

DEEP IN THE FOREST (2021) ရုပ်ရှင်အကြောင်းမပြောခင် IMDb Ratingအကြောင်း အရင်စချင်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဇာတ်ကွက် သိပ်ကောင်းတဲ့ ရုပ်ရှင်မို့ပါပဲ။ IMDb Ratingတွေဟာ တော်တော်မယုံရတဲ့ထဲပါပါတယ်။ ဥပမာ ထိပ်ဆုံးကားတွေထဲ ထပ်ခါတလဲလဲရိုက်နေတဲ့ လင်းနို့လူသားကားကို မူးနောက်နေအောင်ရိုက်တတ်တဲ့ လူက ရိုက်ထားတဲ့ကားလည်း ပါပါတယ်။ အခန်းလေးထဲတင် စကားများပြီး ပြီးသွားတဲ့ အဖြူအမဲကားလည်းပါပါတယ်။ အဲဒီထက်ပိုဆိုးတာကတော့ ဘာဇာတ်အိမ်မှရေရေရာရာမရှိတဲ့ ရိုက်တာတောင် လက်မငြိမ်တဲ့ တရုတ်ကားတွေ ၊ ကြာခိုတာကို နစ်နာရီလောက်ရိုက်ပြသွားတဲ့ တရုတ်ကားတွေ ၊ မိသားစုတစ်ခုထဲက မထူးမဆန်းဟာတွေကို ရိုက်ပြပြီး ပြီးသွားတဲ့ ဂျပန်ကားတွေက rating 8တွေအထိနေရတာပါပဲ ။ Ratingအတိုင်း ယုံရတာ mcuရုပ်ရှင်တွေနဲ့ ကုလားကားတွေလောက်ပဲရှိပါတယ်။ rating များပြီး တကယ်လည်းကောင်းတဲ့ကားတွေပါပဲ။ ဒီတော့ပြောချင်တာက ဒီရုပ်ရှင်ရဲ့ ratingကို မယုံကြပါနဲ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်ဟာ အင်မတန်ဆန်းပြားတဲ့ ဇာတ်အိမ်ပါပဲ။ ဒီမိုကရေစီနဲ့ နာမည်ကြီးတဲ့ အမေရိကန်ကြီး ဖက်ဆစ်ဆန်သွားတဲ့အကြောင်းပေါ့။ ကားစစမှာ အမေရိကန်အစိုးရက ဂျာမန်တွေသုံးတဲ့နည်းသုံးပြီး အစိုးရကိုဆန့်ကျင်တဲ့သူတွေကို ဖြိုခွင်းဖို့လုပ်တယ်။ ကိုယ့်လွှတ်တော်အဆောက်အဦးကို ကိုယ့်ဘာသာဗုံးခွဲပြီး အစိုးရကိုဆန့်ကျင်တဲ့လူတွေလုပ်ပါတယ်ဆိုပြီး လိုက်ဖမ်းတာပေါ့။ ဒီလိုနဲ့ အစိုးရကို ဆန့်ကျင်တဲ့လူတွေက တောခိုသွားတယ်။ ကားနာမည်ကိုက တောကြီးမျက်မည်းတဲ့လေ။ တောကြီးမျက်မည်းကနေ မတရားတဲ့ အစိုးရကိုဆန့်ကျင်တဲ့သူတွေရဲ့ အဖြစ်သနစ်ကို ရိုက်ပြထားပါတယ်။ ထူးတာက ဒီကားက အမေရိကန်ရဲ့မရှိသေးတဲ့ ဒုတိယအကြိမ်မြောက် ပြည်တွင်းစစ်ကာလမှာ ဇာတ်အိမ်တည်ထားတာပါ။ ဒီလိုဆန်းဆန်းပြားပြား အိုင်ဒီယာနဲ့ရိုက်ပြီး တောတွင်းက လူ့သဘောမနောတွေကို သေချာပုံဖော်ထားတဲ့ ရုပ်ရှင်ကိုကျ rating နည်းနေပြီး အပေါ်က ဘာမှန်းမသိတဲ့ကားတွေမှာကျ များနေတဲ့ ratingကိုမယုံကြည်ဘဲ ခေတ်ကာလအခြေအနေကိုလည်း ထပ်ဟပ်မှုရှိတဲ့ တကယ့်ကားကောင်းကို လက်လွတ်မခံဘဲကြည့်ကြစေချင်ပါတယ်။ File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__4.1/10 Format__mp4 Duration__01:10:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Michael The Archangel Encoded by Dean Winchester

Horror • Mystery • Thriller
0 2022 77 mins
Deep in the Forest
Christmas in Paradise
4.6

Christmas in Paradise (2022) ===================== ခရစ်စမတ်စ်လဲမကြာခင်ကျရောက်တော့မှာဖြစ်လို့ မိသားစု တွေနဲ့ အတူတူကြည့်နိုင်မယ့် ခရစ်စမတ်စ်ရုပ်ရှင်ကားလေး တစ်ကားအကြောင်းကိုပြောပြပေးချင်ပါတယ်။ ဂျိုအန်နာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ မကြာခင်ကျရောက် တော့မယ့် ခရစ်စမတ်စ်မှာ သူ့ခင်ပွန်း၊ သူ့ချစ်သမီးလေးတို့နဲ့အတူ မိသားစုသုံးယောက်တည်းပဲ အိမ်မှာနေရင်းသာသာယာယာ၊ ငြိမ်း ငြိမ်းချမ်းချမ်းလေးနဲ့ဖြတ်သန်းဖို့စိတ်ကူးထားသူပါ။ ဒါပေမယ့်လဲ သူ့ညီမဖြစ်သူ ကယ်ရိုလိုင်းဆီကနေဝင်လာတဲ့ဖုန်းက သူ့အတွက် ကံဆိုးမှုတွေသယ်လာခဲ့ပါတယ်။ ဒါကတော့ သူတို့တွေရဲ့ဖခင်ဖြစ်သူ ဂျိမ်းစ်ခရစ်စမတ်စ်တစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အကြောင်းပါ။ ဂျိမ်းစ်ဟာ အရင်ကလဲ သူတို့ညီအစ်မတွေကိုထားသွားခဲ့ဖူးတဲ့ ရာဇဝင် ရှိနေတော့ ဒီတစ်ခေါက်လဲထပ်ပြီးထားသွားလေသလား၊ ဒါမှမဟုတ် အကြောင်းတစ်စုံတစ်ရာများဖြစ်နေလေသလား။ ဂျိမ်းစ်တစ်ယောက် ဘယ်တွေမှာရောက်နေပြီးတော့ အရင်က ဘာကြောင့် ဂျိုအန်နာတို့ ညီအစ်မတွေကိုထားသွားခဲ့ရတာလဲ။ အခုကရော ဘာအကြောင်းကြောင့် ပျောက်ဆုံးနေတာလဲ။ ဂျိုအန်နာတို့တွေကရော သူတို့ရဲ့ဖေဖေခရစ်စမတ်စ် ကြီးကို ခရစ်စမတ်စ်မတိုင်ခင်ရှာတွေ့ပြီးတော့ သူတို့မူလကရည်ရွယ်ထားတဲ့ ခရစ်စမတ်စ်အိပ်မက်လေးတွေကို အကောင်အထည်ဖော်နိုင်ပါ့မလား။ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာပဲဆက်လက် ကြည့်ရှုလိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.82 GB) / (750 MB) / (450 MB) Quality…………Web-DL 1080p / 720p / 480p Duration………2Hr 09mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Fiona Gillen Encoder……….SWM

Animation • Family • Horror • Mystery
4.6 2022
Christmas in Paradise
Crescent Gang
6.2

CM ပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ရသတစ်မျိုးလေးပေးစွမ်းမယ့် Crescent Gangဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကျဉ်းကိုပြောပြရမယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေရဲ့ ဥပ‌ဒေအရ ကလေးငယ်တွေရဲ့ အဖေအမေ‌တွေ သေဆုံးသွားတဲ့အခါ ကျန်တဲ့အဖိုးအဖွား ဆွေမျိုးတွေကစောင့်ရှောက်‌ဖို့ မသင့်တော်ဘူးဆိုရင် မြို့နယ်တရားရုံးကနေ အဲ့ကလေးတွေကို စောင့်ရှောက်ရေးအိမ်တွေ ဂေဟာတွေကိုပို့ပေးလေ့ရှိပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ကလေးတွေကလည်း အဲ့လိုစောင့်ရှောက်ရေးအိမ်မှာ နေနေကြတဲ့ကလေးတွေပေါ့။ တစ်နေ့မှာ Crescent လမ်းက ကလေးစောင့်ရှောက်ရေး အိမ်ကို လစ်ဘာတီဆိုတဲ့ကောင်မလေးတစ်ယောက်အသစ်ရောက်လာပါတယ်။ သူရောက်လာပြီးမကြာဘူး အိမ်ပိုင်ရှင်ကအိမ်ကိုရောင်းထုတ်လိုက်လို့ အဲ့မှာရှိတဲ့ ကလေးတွေအကုန်တကွဲတပြားဖြစ်ကုန်တော့မယ့် အ‌ခြေအနေကိုရောက်လို့လာပါ တော့တယ်။ လစ်ဘာတီက အိမ်သန့်ရှင်းရေးလုပ်ရင်း လွန်ခဲ့တဲ့ 25 နှစ်ကျော်လောက်က အဲ့အိမ်မှာနေခဲ့တဲ့ ကရီနာဆိုတဲ့ကောင်မလေးရေးထားတဲ့စာကိုရှာတွေ့သွားပြီး သူတို့ကလေးတစ်သိုက် စာထဲမှာရေးထားတဲ့အတိုင်း ကရီနာကိုလိုက်ရှာပါတော့တယ်။ ဒီကလေးတစ်သိုက် ကရီနာကိုရှာတွေ့သွားမှာလား အိမ်ပြောင်းပြီးတကွဲတပြားတွေဖြစ်ကုန် ကြမှာလား ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးလေးခံစားကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.41GB / 609MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 22m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror
6.2 2023 82 mins
Crescent Gang
Big Mommas: Like Father, Like Son
4.4

Big Mommas: Like Father, Like Son (2011) =============================== Big Momma’s House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma’s House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့‌နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်…အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.84 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.4 2011
Big Mommas: Like Father, Like Son
Crypto Man
6.5

Crypto Man (2025) ****************** IMDb….. 6.5 2022 ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Luna Coin Crash အမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ Crypto Man ဆိုတဲ့ ဒီဂျစ်တယ် ငွေကြေး ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့ မင်းသား Song Jae Rim ရဲ့ နောက်ဆုံးဇာတ်ကားဆိုလည်း ဟုတ်ပါတယ်။ လက်တွေ့ ဘဝမှာလည်း မင်းသားဟာ ဒီဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့အပြင် သတင်းဆောင်းပါးတွေပါ ရှာဖွေလေ့လာပြီး ဇာတ်ကားအတွက် လိုအပ်တဲ့ ဇာတ်ညွှန်း ပြင်ဆင်မှုတွေကိုပါ ဆွေးနွေးလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဇာတ်လမ်းအညွှန်း- ဉာဏ်ကြီးရှင် အဖြစ် အများက သတ်မှတ်ထားတဲ့ ဒိုဟျွန်းဟာ ချီးကျူးခံရတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ရာအတွက် ဘယ်နည်းနဲ့မဆို အောင်မြင်အောင် ကြိုးစားနေထိုင်ပါတယ်။ အောင်မြင်မှု သရဖူဆောင်းရမယ်ဆိုတဲ့ ရည်မှန်းချက် ကြီးမားတဲ့ ဒိုဟျွန်းတစ်ယောက် တစ်နေ့မှာတော့ စွန့်ဦး တီထွင် လူငယ်တွေ အတွက် နိုင်ငံတော်ကနေ ထောက်ပံ့ကြေးရရှိခဲ့ပြီး အဲဒီထောက်ပံ့ကြေးဟာ လုပ်ငန်းတည်ထောင်လိုသူတွေနဲ့ လုပ်ငန်းဒေဝါလီခံသွားရတဲ့ သူတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးဆိုတာကို သိသွားတဲ့ နောက်မှာတော့ ဒိုဟျွန်းက သူ့လုပ်ငန်းကို တမင်တကာ ထပ်ခါတလဲလဲ အရှုံးပေါ်အောင် လုပ်ပါတော့တယ်။ အဲဒီ နောက်မှာတော့ ရင်းနှီးမြှုပ်နှံသူ ကယ်ဗင်ရဲ့ အကူအညီနဲ့ MOMMY COIN ဆိုတဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ကိုပါ တီထွင်သွားနိုင်ပါတော့တယ်။ အချီကြီး အောင်မြင်သွားပေမဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဒိုဟျွန်းတစ်ယောက် အဆုံးထိ အောင်မြင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ရှုစားပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားထားပေးပါတယ်။) File Size : 900MB/ 410MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:42:02 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Stary, Miri & Treasure Htet Encoded by Tiff

Comedy • Drama • Adventure
6.5 2025 110 mins
Crypto Man